← Chapters

အခန်း (၁၅၃၆-၁၅၃၈)

Vol. 79 Ch. 1536-1538

အခန်း (၁၅၃၆-၁၅၃၈)

Vol. 79 Ch. 1536-1538

အခန်း (၁၅၃၆) - Blind Box

[ ဒီနေရာမှာ လူတွေအများကြီး ဝိုင်းအုံကြည့်နေကြတဲ့ ကွန်တိန်နာတွေ၊ မီးခံသေတ္တာတွေ ဆိုတာကလေ 'Blind Box'လို့ ခေါ်တဲ့ လောင်းကစားသဘောဆန်ဆန် အရောင်းအဝယ် တစ်မျိုးပါပဲ။

သဘောတရားကတော့ ရှင်းပါတယ်... ရောင်းတဲ့လူက သေတ္တာကို ပိတ်ထားမယ်၊ အထဲမှာ ဘာပါမှန်း ဝယ်တဲ့လူက မမြင်ရဘူး။ ကိုယ့်ကံကို ကိုယ်ယုံပြီး ဈေးဖြတ် ဝယ်ရတာမျိုးပေါ့။

ကံကောင်းရင်တော့ တန်ဖိုးကြီး ရတနာတွေ၊ ရှေးဟောင်းပစ္စည်းတွေ ပါလာပြီး ချက်ချင်း သူဌေး ဖြစ်သွားနိုင်သလို... ကံဆိုးရင်တော့ အထဲမှာ အမှိုက်တွေချည်းပဲ ပါလာပြီး ဒေဝါလီ ခံသွားရနိုင်ပါတယ်။

အတိုချုပ်ပြောရရင်တော့ 'ကံကိုယုံပြီး ပုံအောရတဲ့ ဈေးဝယ်နည်း' တစ်မျိုးပါပဲနော်။”]

ယွီဖုန်းရှန်းက ခေါင်းညိတ်လိုက်၏။

"ဒီလက်ရေးမူက နေမဝင်အင်ပါယာရဲ့ သူခိုးဂိုဏ်းတစ်ဖွဲ့ ခိုးသွားတာလေ... မကြာသေးခင်ကမှ ကျန်းကောကို ရောက်လာတာ... စုံစမ်းကြည့်လိုက်တော့ ဒီ မှောင်ခိုဈေးထဲမှာ ရှိနေဖို့ သေချာသလောက် ရှိတယ်... အဲဒါကြောင့် ကျန်းကောက ရှေးဟောင်းပစ္စည်း ကျွမ်းကျင်သူတွေကို ကြိုငှားပြီး တိတ်တဆိတ် ရှာခိုင်းထားတာလေ... ကံဆိုးတာက ဒီလူတွေ အကုန်လုံးက အသုံးမကျတဲ့ အမှိုက်တွေ ဖြစ်နေတာပဲ... ဘာတစ်ခုမှ ရှာမတွေ့ကြဘူး..."

ယဲ့ဖန် ကြားလိုက်ရသည့်အခါ ပြုံးလိုက်မိသည်။

"ဒါဆိုရင်လည်း ဖြည်းဖြည်းချင်း ရှာကြတာပေါ့... အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်..."

ပြောပြီးသည်နှင့် သူသည် ရတနာ လမ်းညွှန်မှုအတိုင်း ဆက်သွားရန် ပြင်လိုက်၏။

"ရှင်က ဘယ်သွားမလို့လဲ..."

ယဲ့ဖန် ထွက်သွားတော့မည်ကို မြင်လိုက်ရသောအခါ ယွီဖုန်းရှန်း စပ်စုချင်စိတ် ဖြစ်ပေါ်လာ၏။

"ကျွန်တော် လျှောက်ကြည့်ဦးမလို့..."

"ဒါဆို ကျွန်မလည်း လိုက်ခဲ့မယ်လေ... ဟိုလူတွေကိုပဲ ဆက်ရှာခိုင်းထားလိုက်ပါ့မယ်... ကျွန်မ ရှိနေလည်း ဘာမှ ထူးတာမှ မဟုတ်တာ..."

ယွီဖုန်းရှန်း ချက်ချင်း နောက်မှ လိုက်လာတော့၏။

ယဲ့ဖန် ဘာမှ မပြောနိုင်တော့ဘဲ သူမကို အလိုက်ခံလိုက်ရသည်။

စနစ်၏ လမ်းညွှန်မှုအောက်တွင် သူသည် ဆိုင်ခန်းတစ်ခု ရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွား၏။

ဤဆိုင်ခန်းက အနည်းငယ် ထူးခြားသည်။ မည်သည့် ပစ္စည်းမှ ခင်းကျင်းမထားဘဲ၊ မီးခံသေတ္တာ (Safety Deposit Box) တစ်ဒါဇင်ကျော်လောက်သာ ချထားလေသည်။

ယဲ့ဖန် မေးမြန်းကြည့်လိုက်သောအခါ ဤဆိုင်သည် မီးခံသေတ္တာများကို ရောင်းချခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

သေတ္တာတစ်လုံးလျှင် ယွမ် (၅) သန်း ဈေးပေါက်သည်။ အတွင်းထဲတွင် ဘာရှိလဲ ဆိုတာကိုတော့ ရောင်းသူကိုယ်တိုင်လည်း မသိပေ။

ယဲ့ဖန်သည် စကင်န်ဖတ်ခြင်း စနစ် (Scanning System) ကို တိတ်တဆိတ် ဖွင့်လိုက်ပြီး စနစ်က ညွှန်ပြနေသော သေတ္တာကို အမြန် ရှာတွေ့သွားလေသည်။

"ပစ္စည်းအချက်အလက်: ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ

[ခုနှစ်: ထန်မင်းဆက်]

[ခန့်မှန်းတန်ဖိုး: ယွမ် ၂၆၀ သန်း]

အသေးစိတ်..."

စနစ်မှ ပြသသော အချက်အလက်များကို မြင်လိုက်ရသောအခါ သူ့မျက်နှာထား ထူးဆန်းသွားလေသည်။

ဒါ ယွီဖုန်းရှန်း ရှာနေတဲ့ ပစ္စည်း မဟုတ်ဘူးလား။

'ကံကောင်းသူတွေက ပူစရာ မလိုဘူး... ကံမပါသူတွေကတော့ ရင်ကွဲရမယ့် ကိန်းပဲ...'

သူ သေတ္တာကို ဝယ်ရန် ပြင်လိုက်စဉ်မှာပင် တစ်ယောက်ယောက်က သူ့ထက် ဦးသွားလေသည်။

"ဆိုင်ရှင်...ငါ ဒီသေတ္တာကို လိုချင်တယ်..."

ယဲ့ဖန် မော့ကြည့်လိုက်ရာ စကားပြောသူမှာ အသက် (၅၀) အရွယ်ခန့်၊ ဝက်ခေါင်း၊ နားရွက်ကားကားနှင့် ဗိုက်ရွှဲရွှဲ လူကြီး တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အထင်ရှားဆုံး အချက်မှာ သူ့ပါးစပ်ထဲမှ ရွှေသွားကြီးများ၊ လည်ပင်းမှ ရွှေဆွဲကြိုးကြီးနှင့် လက်ချောင်း (၁၀) ချောင်းစလုံးတွင် ဝတ်ဆင်ထားသော ရွှေလက်စွပ်ကြီးများ ဖြစ်သည်။

ကြည့်ရသည်မှာ ဇာတ်နိမ့် သူဌေးသစ် (Nouveau Riche) တစ်ယောက် ဖြစ်ပုံရသည်။ သူ ချမ်းသာကြောင်းကို လူတွေ မသိမှာ စိုးရိမ်နေသည့် ပုံစံမျိုးပင်။

ထိုလူကြီးသည် နုနယ်သော မိန်းကလေးတစ်ယောက်ကို ရင်ခွင်ထဲတွင် ပိုက်ထားလေသည်။ သူမ၏ ခြေလက်များသည် သေးသွယ်လွန်းသဖြင့် ဒီလူကြီး ပိသတ်လိုက်လျှင် သေသွားရှာတော့မည်ဟုပင် စိုးရိမ်စရာ ကောင်းလှသည်။

ထိုအချိန်တွင် ဆိုင်ရှင်သည် လှိုက်လှဲစွာဖြင့် ထိုလူကြီးရှေ့သို့ ရောက်လာပြီ ဖြစ်လေ၏။

"လူကြီးမင်း... ဒီက မီးခံသေတ္တာတွေက တစ်လုံးကို ယွမ် (၅) သန်း ကျသင့်ပါတယ်... ပြီးတော့ ဒီနေရာမှာတင် ငွေချေရမှာပါ..."

"(၅) သန်းလေးများ... မင်းက ဘယ်သူ့ကို အထင်လာသေးနေတာလဲ..."

သူဌေးသစ်ကြီးသည် လည်ချောင်းသံကြီးဖြင့် အော်ဟစ်လိုက်၏။

ထို့နောက် ဘဏ်ကတ် တစ်ကတ်ကို ထုတ်ကာ ငွေချေရန် ပြင်လိုက်လေသည်။

သူ့ရင်ခွင်ထဲမှ မိန်းကလေးက မကျေမနပ် ဖြစ်သွား၏။

"ဒီသေတ္တာအစုတ်ကြီးက ဘာများ ပျော်စရာကောင်းလို့လဲ... (၅) သန်းတောင် ပေးရတယ်တဲ့လား... (၅) သန်းဆိုရင် အလှကုန်တွေ၊ ဒေါက်ဖိနပ်တွေ၊ အိတ်တွေ ဘယ်လောက်တောင် ဝယ်လို့ ရမလဲ..."

ထိုအခါ၊ သူဌေးသစ်ကြီးသည် သူမ၏ ပါးကို မြတ်နိုးစွာ နမ်းလိုက်၏။

"အပျော်သဘောလေကွာ... သဲလေးကလည်း စိတ်မပူပါနဲ့... Blind Boxကို ဖွင့်ပြီးရင် အိတ်တွေ၊ အလှကုန်တွေ ဝယ်ပေးပါ့မယ်... ကိုယ် မင်းကို ဆိုးဆိုးရွားရွား မဆက်ဆံပါဘူးလို့ အာမခံပါတယ်..."

"အဲဒါမှပေါ့..."

မိန်းကလေး ပြုံးသွားပြီး ထိုလူကြီး၏ ပါးကို ပြန်နမ်းလိုက်လေသည်။

ယဲ့ဖန်သည် ဘေးမှနေ၍ အကဲခတ်နေခဲ့ရာ၊ ဤသူဌေးသစ်ကြီးသည် Blind Boxထဲတွင် ဘာရှိမှန်း သိနေသောကြောင့် ရုတ်တရက် ဝင်နှောင့်ယှက်သည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် သေချာကြည့်ပြီးနောက် သူ အတွေးလွန်သွားမှန်း သိလိုက်ရသည်။

ဒီလူက မတော်တဆ ရွေးလိုက်တာ ဖြစ်ပုံရသည်။

ဒါက နိုင်ငံတော်အဆင့် ရတနာ ဖြစ်သည်။ သူ တစ်နည်းနည်းဖြင့် တားဆီးမှ ရမည်။

သူဌေးသစ်ကြီးသည် ဘဏ်ကတ်ကို ထုတ်လိုက်ပြီ ဖြစ်သည်။

ငွေချေလိုက်သည်နှင့် ဒီသေတ္တာက သူ့ပစ္စည်း ဖြစ်သွားပေတော့မည်။

ယဲ့ဖန် ရုတ်တရက် အကြံတစ်ခု ရသွားပြီး ယွီဖုန်းရှန်း၏ နားနားသို့ကပ်ကာ တီးတိုး ပြောလိုက်လေသည်။

ယွီဖုန်းရှန်းသည် ကြားလိုက်ရသောအခါ ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး ဘေးမှ လိုက်ကျီချန်းကို ညွှန်ကြားလိုက်လေသည်။

သူတို့သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။ မကောင်းကြံတော့မည့် ပုံစံမျိုးပင်။

ယဲ့ဖန်သည် တုံ့ဆိုင်းမနေတော့ဘဲ အခြား သေတ္တာတစ်လုံးနားသို့ အမြန်လျှောက်သွားပြီး အော်ဟစ်လိုက်လေသည်။

"ဆိုင်ရှင်... ကျွန်တော် ဒီသေတ္တာကို လိုချင်တယ်..."

သူ့အသံက အလွန် ကျယ်လောင်သဖြင့် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွား၏။

သူဌေးသစ်ကြီး၏ အကြည့်များပင် ရောက်ရှိလာလေသည်။

ဆိုင်ရှင် ဘာမှ မပြောရသေးခင်မှာပင် လိုက်ကျီချန်း ပြေးဝင်လာ၏။

"ငါ ဒီသေတ္တာကို လိုချင်တယ်..."

ယဲ့ဖန်သည် သေတ္တာကို မကျေမနပ် ပုတ်လိုက်၏။

"ဘယ်က ကောင်စုတ်လေးလဲကွ... စည်းကမ်း မသိဘူးလား... ငါ အရင် တွေ့တာလေ..."

လိုက်ကျီချန်းလည်း ဒေါသထွက်သွား၏။

"မင်း အရင်တွေ့တာနဲ့ မင်းပစ္စည်း ဖြစ်ရောလား... မင်း ပိုက်ဆံ ပေးပြီးပြီလား..."

ယဲ့ဖန် ဆိုင်ရှင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။

"ဆိုင်ရှင်... မြန်မြန်လုပ်... ကျွန်တော် အခုပဲ ငွေချေမယ်... (၅) သန်း မဟုတ်လား..."

ပြောပြောဆိုဆိုနှင့် ဘဏ်ကတ်ကို ထုတ်လိုက်၏။

လိုက်ကျီချန်းကလည်း ဆိုင်ရှင်ကို စိတ်မရှည်စွာ လှမ်းပြောလိုက်၏။

"ဆိုင်ရှင်... ကျွန်တော် ဒီသေတ္တာကို လိုချင်တယ်... (၆) သန်း ပေးမယ်..."

"မင်း ငါ့ကို တမင် လိုက်နှောင့်ယှက်နေတာလား..."

ယဲ့ဖန် ဒေါသ ပိုထွက်လာ၏။

"ငါ့မှာ ပိုက်ဆံက အပေါဆုံးပဲကွ... (၇) သန်း..."

"(၈) သန်း..."

လိုက်ကျီချန်းက ချက်ချင်း ဈေးတိုးလိုက်၏။

ထိုအချိန်တွင် ယွီဖုန်းရှန်းလည်း ဇာတ်ကောင်နေရာ ဝင်ယူလိုက်ပြီး အော်ဟစ်လိုက်၏။

"(၁၀) သန်း... ဒီသေတ္တာကို ငါ လိုချင်တယ်..."

"ဝိုး..."

သုံးယောက်သား ဈေးပြိုင်ခေါ်နေမှုသည် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားလိုက်လေသည်။

အားလုံးက သေတ္တာကို စပ်စုချင်စိတ်ဖြင့် ကြည့်နေကြသည်။

ဒီသေတ္တာထဲမှာ ဘာတွေများ ပါနေ၍ သူတို့သုံးယောက် မျက်နှာနီမြန်းမတတ် လုနေကြရတာလဲ မသိပေ။

မူလက (၅) သန်းတန် သေတ္တာက မျက်တောင်တစ်ခတ်အတွင်း (၁၀) သန်း ဖြစ်သွားခဲ့၏။

ရတနာ တစ်ခုခုများ ပါနေလို့လား။

"ဒီအမျိုးသမီးကို ရင်းနှီးသလိုပဲ... ငါ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ..."

"မင်းက သူတောင် မသိဘူးလား... ဇာမဏီသုံးကောင်ဂိုဏ်းရဲ့ ခေါင်းဆောင် ယွီဖုန်းရှန်းလေ..."

"ဟာ... ဟုတ်ပြီ... အခုမှ သတိရတော့တယ်... သူက မှောင်ခိုဈေးကို လာလည်လိမ့်မယ်လို့ မထင်ထားဘူး..."

"ဇာမဏီသုံးကောင်ဂိုဏ်းက သတင်းအရမ်းမြန်တာ... ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင်က ဒီသေတ္တာကို စိတ်ဝင်စားနေတယ်ဆိုမှတော့... သေချာပေါက် ရတနာတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်..."

"ဟုတ်တယ်... နှမြောစရာပဲကွာ... ငါ့မှာ ပိုက်ဆံ အဲဒီလောက် မရှိလို့... မဟုတ်ရင် ငါလည်း ဝင်လုချင်ပါသေးတယ်..."

လူအများ၏ ပြောစကားများ သူဌေးသစ်ကြီး၏ နားထဲသို့ ဝင်ရောက်သွားသောအခါ သူ့မျက်လုံးများ အရောင်တောက်လာလေသည်။ သူသည် သူကြည့်နေသော သေတ္တာကို ချက်ချင်း စွန့်ပစ်လိုက်ပြီး ယဲ့ဖန်တို့ရှိရာသို့ လျှောက်လာခဲ့တော့၏။

"ဒီသေတ္တာက ဘာများ ထူးခြားလို့လဲ... ပြောပြကြပါဦး..."

သူသည် သုံးယောက်သားကို စူးစမ်းလိုသော အကြည့်ဖြင့် ကြည့်လိုက်၏။

"ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ..."

ယဲ့ဖန် မကျေမနပ် မျက်စောင်းထိုးလိုက်၏။

"ဟဲဟဲ... အကျိုးအမြတ်ရှိတဲ့ စီးပွားရေးဆိုရင် ငါနဲ့ ဆိုင်တာပေါ့..."

သူဌေးသစ်ကြီး ပြောပြောဆိုဆိုနှင့် လက်ထဲမှ ဘဏ်ကတ်ကို ဝှေ့ယမ်းပြလိုက်၏။

"(၁၅) သန်း... ဒီသေတ္တာကို ငါ ယူမယ်..."

"အလိုလေး..."

အားလုံး အသက်ရှူမှားသွားကြသည်။

ဒီဝက်ကြီးက တကယ် ချမ်းသာလွန်းတာပဲ။ ချက်ချင်း (၅) သန်း တိုးပေးလိုက်တယ်တဲ့။

သူတို့ကို ပိုပြီး အံ့သြစေသည်က ဒီလူ့ရဲ့ သတ္တိပင်။ ဇာမဏီသုံးကောင်ဂိုဏ်း ခေါင်းဆေင်၏ ပစ္စည်းကိုတောင် ဝင်လုရဲသေးတယ်။

သူက မသိနားမလည်လို့ပဲ ဖြစ်ရမည်... ဒါမှမဟုတ် သူ့မှာ ယုံကြည်မှု တစ်ခုခု ရှိနေ၍ ဖြစ်ရမည်။

ယဲ့ဖန်တို့ သုံးယောက် ပြုံးလိုက်ကြသည်။

သို့သော် ယွီဖုန်းရှန်းက ဟန်ဆောင်ပြီး သူဌေးသစ်ကြီးကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"မိတ်ဆွေ... ရှင် ကျွန်မ ဘယ်သူလဲ ဆိုတာ သိရဲ့လား... ကျွန်မ ပစ္စည်းကိုတောင် လာလုရဲတယ်ပေါ့... အသက်မရှင်ချင်တော့ဘူးလား..."

သူဌေးသစ်ကြီးက မထီမဲ့မြင် ပြန်ကြည့်လိုက်၏။

"ဇာမဏီသုံးကောင်ဂိုဏ်း မဟုတ်လား... အဆင့်မရှိတဲ့ ဂိုဏ်းလေးပါကွာ... မင်းတို့ကိုယ်မင်း တကယ်ပဲ နံပါတ်တစ်လို့ ထင်နေတာလား... မင်း ငါ့ကို ထိရဲရင် ထိကြည့်လိုက်... မနက်ဖြန် နေထွက်တာ မမြင်ရစေနဲ့မယ်..."

ထိုအခါမှာ၊ ယွီဖုန်းရှန်းသည် သူ့ကို ကြောက်သွားသလို ဟန်ဆောင်လိုက်ပြီး လက်ညှိုးထိုးကာ ပြောလိုက်၏။

"ကောင်းပြီ... ရှင် နိုင်သွားပြီ..."

ပြောပြီးသည်နှင့် သူမသည် ဘေးသို့ ဆုတ်ပေးလိုက်လေသည်။

အခန်း (၁၅၃၇) - ပိုက်ဆံရှိတိုင်း မင်းက ဘာကောင်မို့လို့လဲ...

ဇာမဏီသုံးကောင်ဂိုဏ်း ခေါင်းဆောင်ကို မောင်းထုတ်နိုင်လိုက်သဖြင့် သူဌေးသစ်ကြီးမှာ ပို၍ မောက်မာလာလေသည်။ သူသည် ယဲ့ဖန်နှင့် လိုက်ကျီချန်းကို မထီမဲ့မြင် ကြည့်လိုက်၏။

"ဇာမဏီသုံးကောင်ဂိုဏ်း ခေါင်းဆောင်တောင် ငါ့ကိုကြောက်ပြီး လစ်ပြေးသွားပြီ... မင်းတို့က ငါနဲ့ ယှဉ်ချင်သေးတာလား..."

ယဲ့ဖန်နှင့် လိုက်ကျီချန်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။

"ထားလိုက်ပါတော့ကွာ... ငါပဲ ကံဆိုးတယ်လို့ သဘောထားလိုက်ပါ့မယ်... ဒီသေတ္တာကို ခင်ဗျားပဲ ယူလိုက်ပါတော့..."

"အနိုင်ကျင့်လိုက်တာ... ပိုက်ဆံရှိတိုင်း ဘာဖြစ်လဲကွ..."

နှစ်ယောက်သား မကျေမနပ်ဖြင့် နောက်ဆုတ်သွားကြလေသည်။

ပြိုင်ဘက် (၃) ယောက်စလုံးကို ခြိမ်းခြောက် မောင်းထုတ်နိုင်လိုက်သဖြင့် သူဌေးသစ်ကြီး အလွန် ကျေနပ်နေတော့၏။

ဆိုင်ရှင်က သူ စိတ်ပြောင်းသွားမည် စိုးသဖြင့် အလျင်အမြန်ပင် ငွေရှင်းပေးလိုက်လေသည်။

သူဌေးသစ်ကြီးသည် အချိန်မဆွဲဘဲ ယွမ် (၁၅) သန်းကို ချက်ချင်း လွှဲပေးလိုက်၏။

ထို့နောက် ဝန်ထမ်းတစ်ဦးက လျှပ်စစ်ပုဆိန်၊ လွှစက်များနှင့် ရောက်လာပြီး မီးခံသေတ္တာကို ဖောက်ပေးလေသည်။

"ဂရုစိုက်လုပ်ကြနော်... အတွင်းထဲက ရတနာ ထိခိုက်သွားရင် မင်းတို့တစ်မိသားစုလုံး မွဲပြာကျသွားအောင် လုပ်ပစ်မယ်..."

သူဌေးသစ်ကြီးသည် ဝန်ထမ်းနှစ်ယောက်ကို အာဏာရှင်ဆန်ဆန် အမိန့်ပေးလိုက်၏။

ယဲ့ဖန်သည် သူ့ကို လှည့်ပင် မကြည့်တော့ဘဲ၊ သူ့ရှေ့မှ သေတ္တာကို (၅) သန်းဖြင့် ဝယ်လိုက်လေသည်။

ငွေချေပြီးခါစ ရှိသေးသည်၊ သူဌေးသစ်ကြီး၏ စူးရှသော အော်သံ ထွက်ပေါ်လာတော့၏။

"ဒါ... ဒါ ဘာသောက်ရူးတွေလဲကွ..."

လှည့်ကြည့်လိုက်ရာ သူဌေးသစ်ကြီးသည် ဖွင့်ထားသော သေတ္တာထဲမှ စာရွက်စာတမ်း ဖိုင်တွဲအချို့ကို ဆွဲထုတ်နေသည်ကို တွေ့လိုက်ရသည်။

တစ်ရွက်ချင်းစီ စစ်ဆေးကြည့်လိုက်ရာ အားလုံးက သက်တမ်းကုန်သွားသော စာရွက်စာတမ်း အဟောင်းများသာ ဖြစ်နေလေသည်။ တန်ဖိုး တစ်ပြားမှ မရှိ။

သူဌေးသစ်ကြီး ဒေါသအကြီးအကျယ် ထွက်သွားပြီး သေတ္တာကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်ရာ လူအများ ဝိုင်းရယ်ကြတော့၏။

"ခွေးကောင်တွေ... မင်းတို့ ငါ့ကို ဝိုင်းကစားကြတာလား..."

သူ့ဒေါသကို ဖြေဖျောက်စရာ နေရာမရှိသဖြင့် ယဲ့ဖန်တို့ သုံးယောက်ကို လှည့်မဲလိုက်တော့၏။

သူ အခုမှ သဘောပေါက်သွား၏။ ဒီကောင် (၃) ကောင် သူ့ကို တမင်သက်သက် ထောင်ချောက်ဆင်ပြီး ကစားသွားကြတာပဲ။

သူ ချက်ချင်းပင် ယဲ့ဖန်ကို ရန်မူရန် ပြင်လိုက်၏။

လိုက်ကျီချန်း၏ တုံ့ပြန်မှုက မြန်ဆန်လှသည်။ သူသည် ပြေးဝင်သွားပြီး သူဌေးသစ်ကြီးကို ခြေထောက်ဖြင့် ဆောင့်ကန်ပစ်လိုက်၏။

"ချီးပဲ... မင်းက ငါ့ကို လာရူးချင်နေတာလား..."

"ခုနက အားလုံး မြင်တဲ့အတိုင်းပဲ...ကျုပ်တို့ (၃) ယောက် ဈေးပြိုင်ခေါ်နေတာကို သူက ကြားထဲကနေ ဝင်လုသွားတာလေ... အခုကျမှ ရှုံးသွားတော့ ကျုပ်တို့ကို လာအပြစ်တင်နေတယ်... တကယ်လို့သာ အတွင်းထဲမှာ ရတနာ ပါလာရင်ကော သူက ကျုပ်တို့ကို တစ်ပြားလောက် ခွဲပေးမှာမို့လို့လား..."

လိုက်ကျီချန်း၏ စကားကို ကြားသောအခါ လူအများက ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

"ဟုတ်တယ်... Blind Box ကစားမှတော့ အကုန်ဆုံးရှုံးနိုင်တယ် ဆိုတာ လက်ခံထားရမှာပေါ့..."

"ဒီဝက်ကြီးက ရှုံးတာကို လက်မခံနိုင်ဘူး... ရွံစရာ ကောင်းလိုက်တာ..."

"သူ့ကို ဘယ်သူမှ ဝယ်ပါလို့ အတင်းမတောင်းဆိုခဲ့ဘူးလေ... သူ့ဘာသာသူ ပိုက်ဆံဂုဏ်မောက်ပြီး ဝင်လုတာ... အခုမှ လာပြီး စာရင်းရှင်းချင်နေတယ်... မျက်နှာပြောင်လိုက်တာ..."

"ဒီလိုလူမျိုးကို မောင်းထုတ်ပစ်လိုက်... စိတ်ပျက်စရာ ကောင်းတယ်..."

သူဌေးသစ်ကြီးသည် လူထု၏ ဝိုင်းဝန်း ရှုတ်ချမှုကို ခံလိုက်ရပြီး လိုက်ကျီချန်းတို့ကိုလည်း မယှဉ်နိုင်မှန်း သိလိုက်သဖြင့် ဆက်ပြီး ရမ်းကားမနေရဲတော့ပေ။

သူသည် ယဲ့ဖန်ကို အရှက်ပြေ ကြည့်လိုက်ပြီး၊ ယဲ့ဖန် ဝယ်ထားသော (၅) သန်းတန် သေတ္တာကို လက်ညှိုးထိုးလိုက်၏။

"မင်း ကံ ဘယ်လောက်ကောင်းလဲ ငါ ကြည့်ချင်သေးတယ်..."

"(၅) သန်းပေးပြီး ဒီလိုအမှိုက်ကို ဝယ်တယ်တဲ့လား... နောက်ထပ် စာရွက်အဟောင်းတွေပဲ ထွက်လာမှာပေါ့ကွ..."

ထိုသို့ လှောင်ပြောင်သည်ကို ကြားလိုက်ရသောအခါ ယဲ့ဖန်၏ နံပါတ်တစ် ပရိတ်သတ်ကြီး လိုက်ကျီချန်း ဒေါသထွက်သွားပြီး ပညာပေးရန် ပြင်လိုက်၏။

ယဲ့ဖန်က သူ့ကို လှမ်းဆွဲထားလိုက်၏။

"ဒေါသ မထွက်ပါနဲ့ဦး..."

"ဒီသေတ္တာထဲမှာ ပစ္စည်းကောင်း ပါလာနိုင်တယ်လို့ ငါ ထင်တယ်..."

"အဲဒီအချိန်ကျရင်... ဟိုသူဌေးသစ်ကြီးရဲ့ မျက်နှာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာ စောင့်ကြည့်ရတာ ပိုပျော်ဖို့ ကောင်းမှာ..."

လိုက်ကျီချန်း သံသယ ဝင်သွား၏။

ယွီဖုန်းရှန်းပင် အံ့အားသင့်သွား၏။

"ရှင်... ရှင် အတည်ပြောနေတာလား..."

ယဲ့ဖန် ခေါင်းညိတ်လိုက်၏။

"ဗေဒင်ဆရာက ပြောတယ်... ကျွန်တော်က ကံအရမ်းကောင်းတဲ့ လူတဲ့... ထီထိုးရင် ထီပေါက်မယ်... ကျောက်စိမ်းကစားရင်လည်း အမြဲ အကွက်ဆိုက်မယ်တဲ့..."

"ကျွန်တော့် အာရုံခံစားမှုက မမှားနိုင်ပါဘူး..."

ယဲ့ဖန်၏ အဖြေကြောင့် ယွီဖုန်းရှန်းနှင့် လိုက်ကျီချန်းတို့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

သူဌေးသစ်ကြီးကတော့ ကမ္ဘာ့အရယ်ရဆုံး ဟာသ တစ်ခုကို ကြားလိုက်ရသလို သူ့ကောင်မလေးကို ဖက်ပြီး အူတက်အောင် ရယ်မောနေတော့၏။

"၂၁ ရာစု ရောက်နေပြီကွ... ဗေဒင်ယုံတဲ့လူ ရှိသေးတာလား... ငါ့တစ်သက် ကြားဖူးသမျှထဲမှာ ဒါ အရယ်ရဆုံး ဟာသပဲ..."

"ဆက်ကြည့်စရာ မလိုတော့ဘူး... ဒီသေတ္တာထဲမှာ ဘာမှ ရှိမှာ မဟုတ်ဘူး..."

"တစ်ခုခု ပါလာရင် ငါ ခေါင်းနဲ့ ဂျွမ်းထိုးပြီး မစင်စားပြမယ်..."

သူ့ရင်ခွင်ထဲမှ မိန်းကလေးလည်း တခွီခွီ ရယ်မောနေလေသည်။

ယဲ့ဖန် လုံးဝ ဂရုမစိုက်ပေ။

သူသည် ဝန်ထမ်းများရှိရာသို့ လျှောက်သွားလိုက်၏။

"ကျွန်တော့်ကို ဒီသေတ္တာ ဖွင့်ပေးပါ..."

"သတိထားပြီး ဖွင့်နော်..."

"အတွင်းထဲက ဘယ်အရာကိုမှ မထိခိုက်စေနဲ့..."

"မဟုတ်ရင် ကျွန်တော်တို့ အများကြီး နစ်နာသွားလိမ့်မယ်..."

သူ့လေသံက ယုံကြည်မှု အပြည့် ရှိနေ၏။

ဒီတစ်ခေါက်တော့ သူဌေးသစ်ကြီးတင်မက၊ ဘေးမှ ကြည့်နေသူများပါ တီးတိုး ဝေဖန်ကုန်ကြသည်။

"ဒီကောင်က ဘယ်က ယုံကြည်မှုတွေ ရနေတာလဲ..."

"ပြောလိုက်တာမှ ပိုင်နိုင်နေတာပဲ... နားမလည်တဲ့သူဆိုရင် သူ့မှာ ဓာတ်မှန်မျက်လုံး (X-ray vision) ရှိပြီး အတွင်းထဲကို မြင်နေရတယ်လို့ ထင်သွားလောက်တယ်... တန်ဖိုးကြီးပစ္စည်း ပါလာမယ်ဆိုတာ (၁၀၀) ရာခိုင်နှုန်း သေချာနေတဲ့ ပုံစံမျိုးနဲ့..."

"ခုနက သူ့ပုံစံကိုကြည့်ပြီး ငါက သူ့ကို ပညာရှင်တစ်ယောက်လို့ ထင်နေတာ... အခုတော့ ငါ အထင်လွဲသွားပြီ ထင်တယ်..."

ယဲ့ဖန် ဂရုမစိုက်ဘဲ ဝန်ထမ်းများ အလုပ်လုပ်နေပုံကိုသာ ကြည့်နေလိုက်၏။

သေတ္တာပွင့်သွားသောအခါ သူသည် အေးဆေးတည်ငြိမ်စွာ လျှောက်သွားပြီး ရှုပ်ပွနေသော စာရွက်အဟောင်းများကို ဖယ်ရှားလိုက်၏။

ထို့နောက် စာရွက်အဟောင်းများကြားတွင် ညှပ်နေသော သာမန် စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်လေသည်။

"ဗေဒင်ဆရာက ငါ့ကို မလိမ်ဘူးပဲ..."

"ငါ့ အာရုံခံစားမှုက တကယ် တိကျတာပဲ..."

မှားယွင်းမှု မရှိကြောင်း သေချာသွားသောအခါ ယဲ့ဖန် ပြုံးလိုက်လေသည်။

လိုက်ကျီချန်း ခေါင်းကုတ်လိုက်၏။

"ဒါ ဘာကြီးလဲ..."

ယွီဖုန်းရှန်းလည်း နားမလည်နိုင် ဖြစ်နေ၏။

"ရှင် ဆိုလိုတာက... ဒီစာအုပ်က (၅) သန်း တန်တယ် ပေါ့..."

သူတို့စကားကို ကြားသောအခါ ဒီလူတွေက ရှေးဟောင်းပစ္စည်းအကြောင်း နကန်းတစ်လုံးမှ မသိကြောင်း ယဲ့ဖန် နားလည်လိုက်၏။

သူ ရှင်းပြရန် ပြင်လိုက်စဉ်မှာပင်၊ လူအုပ်ထဲမှ အာမေဋိတ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

"ဒါ... ဒီစာရွက်သား... ပြီးတော့ အထဲက စာသားတွေ..."

"အထက်ကောင်းကင်ဘုံက သက်ပြင်းချတယ်... မြေကြီးက ငြိမ်းချမ်းမှုကို ပြန်ပေးဆပ်တယ်... လူသားရဲ့ စစ်မှန်တဲ့ သဘာဝကို မှီခိုရတယ်... ပါရမီရှင် ဖခင်ကြီး ၃ ဦး... အလိုဟာ (Aloha)... သူတော်ကောင်းတွေအားလုံး ရိုးသားကြတယ်... ပညာရှိတွေအားလုံး ချီးမွမ်းသီဆိုကြတယ်... သစ္စာရှိသူတွေအားလုံး... သန့်ရှင်းသော အလင်းရောင်ကြောင့် မကောင်းမှုမှ ကယ်တင်ခြင်း ခံရတယ်..."

"ဒါ... ဒါ ဟို သွမ့်ဟွမ်ကနေ နေမဝင်အင်ပါယာ ခိုးသွားတဲ့... 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' မဟုတ်ဘူးလား..."

စကားဆုံးသည်နှင့် တပြိုင်နက်၊ ယွီဖုန်းရှန်းကို သတင်းပို့ခဲ့သော အဘိုးအို တစ်ဦးသည် တုန်လှုပ်ချောက်ခြားသော မျက်နှာထားဖြင့် ယဲ့ဖန်ဆီသို့ ပြေးလာလေသည်။

တစ်ချိန်တည်းမှာပင် ဆူညံနေသော လူအုပ်ကြီးသည် ခလုတ်ပိတ်လိုက်သလို တိတ်ဆိတ်သွားကြသည်။

အားလုံး၏ အကြည့်များသည် ထိုအဘိုးအိုနှင့် ယဲ့ဖန်ထံသို့ တစ်ပြိုင်နက် ရောက်ရှိသွားကြတော့၏။

[ ၁။အလိုဟာ (Aloha)

ဒီစကားလုံးကို မြင်ရင် ဟာဝိုင်ယီ ကမ်းခြေက "အလိုဟာ" နှုတ်ဆက်စကားလို့ ထင်စရာရှိတယ်။ တကယ်က မဟုတ်ဘူးဗျ။ ယေရှုခရစ်တော် အသုံးပြုခဲ့တဲ့ အာရမိတ်/ဆီးရီးယား (Aramaic/Syriac) ဘာသာစကားမှာ ဘုရားသခင်ကို "Alaha" လို့ ခေါ်တယ်။ အဲဒါကို တရုတ်ပြည် ရောက်သွားတဲ့အခါ အသံဖလှယ်ပြီး "အလိုဟာ" ဆိုပြီး ဖြစ်သွားတာ။ အလွယ်ပြောရရင် "ဘုရားသခင်" ကို ခေါ်တာပေါ့ နော်။

၂။ တာ့ချင် (Great Qin)

တရုတ်ရှေးဟောင်းသမိုင်းမှာ ရောမအင်ပါယာကြီးကို "တာ့ချင်" (Da Qin) လို့ ခေါ်ကြတယ်။ အဲဒီခေတ်တုန်းက ရောမဖက်ကနေ တရုတ်ပြည်ကို ခရစ်ယာန်သာသနာ (Nestorian Christianity) ရောက်လာတော့ တရုတ်တွေက အဲဒီဘာသာကို "တာ့ချင်ဘာသာ" (Jingjiao) လို့ ခေါ်ခဲ့ကြတယ်။ ဒါကြောင့် ဒီဂါထာက "တာ့ချင် သုံးပါးသီလ ကျမ်းစာ" ဖြစ်နေတာပါ။

၃။ ပါရမီရှင် ဖခင်ကြီး ၃ ဦး

ဒါက ခရစ်ယာန်ဘာသာရဲ့ "သုံးပါးတစ်ဆူ" (Trinity) သဘောတရားကို တရုတ်စကားလုံးတွေနဲ့ ပြန်ထားတာ ဖြစ်ဖို့များတယ်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ တရုတ်လို ဘာသာပြန်တဲ့အခါကျတော့ နားလည်လွယ်အောင် "ပါရမီရှင် ဖခင်ကြီး" ဘာညာ ဆိုပြီး သုံးနှုန်းထားပုံရပါတယ်။

၄။ နေမဝင်အင်ပါယာ

ဒါကတော့ ဗြိတိသျှအင်ပါယာ (အင်္ဂလိပ်) တွေကို ပြောတာပါ။ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဖြစ်ရပ်တစ်ခုက၊ တရုတ်ပြည်က သွမ့်ဟွမ် (Dunhuang) လိုဏ်ဂူတွေထဲမှာ သိမ်းထားတဲ့ ရှေးဟောင်းကျမ်းစာမူတွေကို ဗြိတိသျှတွေ၊ ပြင်သစ်တွေက လာပြီး ယူသွားဖူးပါတယ်။ ဇာတ်လမ်းထဲမှာ အဲဒီအချက်ကို ယူသုံးပြီး "နေမဝင်အင်ပါယာက ခိုးသွားတဲ့ ကျမ်းစာ" ဆိုပြီး ရေးထားတာပါ။

အတိုချုပ် ပြောရရင်တော့ -

ဒီဂါထာက အနောက်တိုင်းက လာတဲ့ ဘာသာရေး ဆုတောင်းစာ တစ်ခုကို တရုတ်တွေ နားလည်အောင် တရုတ်ဝေါဟာရတွေနဲ့ ဖလှယ်ထားတဲ့ "ရှေးဟောင်း ကျမ်းစာမူ" တစ်ခုပါပဲ။ ]

အခန်း (၁၅၃၈) - ဒီလောက် စိတ်ကူးယဉ်တတ်မှတော့... ဇာတ်ညွှန်းရေးဆရာ လုပ်လိုက်ပါလား...

~ယွီဖုန်းရှန်းသည် ထိုအဘိုးအိုကို ကောင်းကောင်း မှတ်မိသဖြင့် အံ့အားသင့်သွား၏။

"ဆရာကြီးကျောက်... ရှင် ဘာပြောလိုက်တယ်..."

"ဒီပစ္စည်းက 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ဟုတ်လား..."

"သေချာရဲ့လား..."

အဘိုးအိုသည် သူမကို ချက်ချင်း ပြန်မဖြေဘဲ ယဲ့ဖန်ရှေ့သို့ လျှောက်သွားကာ လက်ရေးမူလိပ်ကို အပေါ်မှအောက် အသေအချာ စစ်ဆေးကြည့်ရှုလိုက်လေသည်။

ယွီဖုန်းရှန်းနှင့် ဘေးမှလူများ စိတ်မရှည်တော့မည့် အချိန်ကျမှ သူသည် ပေါင်ကို ဖြောင်းခနဲ ရိုက်လိုက်ပြန်သည်။

"မမှားနိုင်ဘူး... ဒါ အစစ်ပဲ..."

"ကျုပ်က သွမ့်ဟွမ် ယဉ်ကျေးမှုကို အထူးပြု လေ့လာခဲ့တာ... အထူးသဖြင့် ပန်းချီနဲ့ လက်ရေးမူတွေကိုပေါ့... ကျုပ်ရဲ့ နှစ်ပေါင်း (၆၀) သက်တမ်းရှိတဲ့ ဂုဏ်သိက္ခာနဲ့ အာမခံရဲတယ်... ဒီပစ္စည်းက 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' အစစ်ပဲ..."

"ပြည်တွင်းက သွမ့်ဟွမ် ယဉ်ကျေးမှု သုတေသီတွေသာ ဒီအကြောင်း သိသွားရင်... လောကကြီးတစ်ခုလုံး တုန်လှုပ်သွားကြမှာ သေချာတယ်..."

"'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' တဲ့... ဒီပစ္စည်းက အနည်းဆုံး ယွမ် သန်း (၂၀၀) တန်တယ်..."

ရောက်ရှိနေသူ အများစုမှာ မှောင်ခိုဈေးမှ ဖောက်သည်များ သို့မဟုတ် ကုန်သည်များသာ ဖြစ်ကြသည်။ သူတို့သည် ရှေးဟောင်းပစ္စည်းများအကြောင်း၊ 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' အကြောင်း ဘာမှ နားမလည်ကြပေ။ သို့သော် အဘိုးအို၏ နောက်ဆုံးစကားကို ကြားလိုက်ရသောအခါ အားလုံး မျက်လုံးပြူးသွားကြတော့၏။

"သန်း (၂၀၀) ဟုတ်လား..."

"အားလားလား... စာအုပ်အစုတ်ကြီးက အဲဒီလောက် ဈေးကြီးတယ်လား..."

"ငါသာ ဘဏ်ကို (၃၆၅) ရက်လုံး မနားတမ်း ဓားပြတိုက်ရင်တောင်မှ အဲဒီလောက် ငွေရဖို့ (၂) နှစ်၊ (၃) နှစ်လောက် ကြာဦးမှာ..."

"ဆရာကြီး... နောက်နေတာ မဟုတ်ပါဘူးနော်..."

"အမှန်အတိုင်း ပြောရရင်... သူ့ဘေးမှာ ဇာမဏီသုံးကောင်ဂိုဏ်း ခေါင်းဆောင် ယွီဖုန်းရှန်း ရပ်မနေရင်... ပြီးတော့ ဟို လူကောင်ကြီးကလည်း ကြောက်စရာ ကောင်းမနေရင်... ငါ အခုပဲ ဝင်လုပစ်လိုက်ပြီ..."

"ပိုပြီး တုန်လှုပ်စရာကောင်းတာက... ဒီကောင်လေးက သန်း (၂၀၀) တန် ပစ္စည်းကို (၅) သန်းတည်းနဲ့ ရလိုက်တာပဲ... ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ..."

"အဟင့်၊ ငါလည်း ဗေဒင်ဆရာ သွားရှာပြီး ယတြာချေရမလား မသိဘူး..."

ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့၏။

လိုက်ကျီချန်းပင်လျှင် ယဲ့ဖန်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။

"မစ္စတာယဲ့... ရိုးရိုးသားသား ပြောစမ်းပါ... ခင်ဗျားမှာ အထူးစွမ်းရည် တစ်ခုခု ရှိနေတာမလား..."

"ရုပ်ရှင်တွေထဲကလိုလေ... ပစ္စည်းတွေကို ဖောက်ထွင်းမြင်နိုင်တဲ့ မျက်လုံးမျိုး..."

"မဟုတ်ရင်... ခင်ဗျားက သိုင်းပညာ တော်ရုံတင်မကဘူး... Blind Box ကစားတာတောင် ဒီလောက်ထိ ကံကောင်းနေရတာလဲ..."

ယဲ့ဖန် ပြုံးလိုက်၏။

"ခင်ဗျားက တော်တော် စိတ်ကူးယဉ်တတ်တာပဲ... ဒီလောက် စိတ်ကူးယဉ်တတ်မှတော့ ဇာတ်ညွှန်းရေးဆရာ လုပ်လိုက်ပါလား..."

"အထူးစွမ်းရည် ဟုတ်လား... ခင်ဗျား ပြောသလိုဆိုရင်... ကျွန်တော်က ရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသား ဖြစ်နေပြီး... ဇာတ်လိုက်အော်ရာ (Main Character Halo) ရှိနေတယ်လို့ ပြောလိုက်ပါလား..."

လိုက်ကျီချန်း ရှက်သွားပြီး ခေါင်းကုတ်လိုက်၏။

"အဟမ်း... ကျွန်တော်က လျှောက်ပြောကြည့်တာပါ..."

"ဒါပေမဲ့ ဒါက တုန်လှုပ်စရာ ကောင်းလွန်းတယ်ဗျာ..."

"ကျွန်တော်တို့ သူဌေးက လူတွေအများကြီး လွှတ်ထားတာ... ပြင်ဆင်မှုတွေ အများကြီး လုပ်ထားတာတောင်... အချိန်အကြာကြီး ရှာမတွေ့ခဲ့ဘူး... ခင်ဗျားကျတော့..."

ယွီဖုန်းရှန်း ဘာမှ မပြောသော်လည်း သူမ၏ အကြည့်များက လိုက်ကျီချန်းနှင့် ထပ်တူကျနေ၏။

ယဲ့ဖန် ထပ်မရှင်းပြတော့ဘဲ 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ကို သိမ်းဆည်းလိုက်၏။

ထို့နောက် ဟို ဝက်ခေါင်း သူဌေးသစ်ကြီးဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"ခုနက လူတစ်ယောက် ပြောသွားတာ ကြားလိုက်သလိုပဲ... ကျွန်တော့် သေတ္တာထဲမှာ ပစ္စည်းကောင်း ပါလာရင်... ဂျွမ်းထိုးပြီး မစင်စားပြမယ် ဆိုလား..."

"အဲဒီလူ..သူ့ကတိသူ တည်ပါ့မလား မသိဘူး..."

သူ့စကားဆုံးသည်နှင့် ဘေးပတ်ဝန်းကျင်မှ လူများ၊ အထူးသဖြင့် သေတ္တာဖွင့်ပေးခဲ့သော ဝန်ထမ်းများက ထိုသူဌေးသစ်ကြီးဘက်သို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

"ဟုတ်တယ်... ကျွန်တော်တို့လည်း ကြားလိုက်တယ်..."

"သူ ပြောတာ... ဒီကောင်လေးက သူ့တစ်သက် ကြုံဖူးသမျှထဲမှာ အရယ်ရဆုံး ဟာသပဲတဲ့... သေတ္တာထဲမှာ ပစ္စည်းကောင်း ပါလာရင် ဂျွမ်းထိုးပြီး မစင်စားပြမယ် ဆိုပဲ..."

"အခုတော့ ပစ္စည်းကောင်းတင် မကတော့ဘူး... တန်ဖိုးဖြတ်မရတဲ့ 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ကြီး ထွက်လာပြီလေ... ကတိအတိုင်း လုပ်ပြသင့်တာပေါ့..."

"ပမာဏ အများကြီး မစားခိုင်းပါဘူး... ဒီကျမ်းစာရဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ရင်... တစ်ပေါင်လောက် စားပြတာ မများလွန်းပါဘူးနော်..."

သူဌေးသစ်ကြီး မျက်နှာပျက်သွား၏။ မျက်နှာတစ်ခုလုံး နီရဲနေပြီ ဖြစ်သည်။

သို့သော် ခဏအကြာတွင် သူ ဆင်ခြေတစ်ခု ရသွားပုံရသည်။ လည်ပင်းကို ဆန့်ထုတ်ပြီး ပြန်အော်လိုက်၏။

"ပေါက်ကရတွေ လာမပြောနဲ့..."

"ငါ ဘယ်တုန်းက ပြောလို့လဲ..."

"သက်သေပြလေ... သက်သေမပြနိုင်ရင် ငါ့ကို အသရေဖျက်မှုနဲ့ တရားစွဲမယ်..."

သူက သက်သေပြခိုင်းရုံသာမက တရားပါ ပြန်စွဲမည်ဟု ခြိမ်းခြောက်လိုက်သဖြင့် လူအများ ရွံရှာသွားကြသည်။

"ကိုယ့်စကား ကိုယ်တောင် တာဝန်မယူရဲဘူး... ထွီ..."

"ရွံစရာ ကောင်းလိုက်တာ... ငါ့ကိုယ်ငါ အရှက်မရှိဘူး ထင်နေတာ... ဒီကောင်က ငါ့ထက် ဆိုးနေပါလား..."

"ငါလည်း ထောက်ခံတယ်... ငါလို လူယုတ်မာတောင် သူ့လောက် အောက်တန်းမကျဘူး..."

"ဒီလို အမှိုက်ကောင်က မှောင်ခိုဈေးထဲ ဘယ်လို ဝင်လာလဲ မသိဘူး... ငါတို့ မှောင်ခိုဈေးရဲ့ သိက္ခာကို ချနေတာပဲ..."

ယဲ့ဖန် ဘာမှ မပြောတော့ဘဲ လိုက်ကျီချန်းဘက်သို့ လှည့်လိုက်၏။

"ခင်ဗျား ဒေါသတွေ ထွက်နေတယ် မဟုတ်လား..."

"အခု... အဲဒီ ဒေါသတွေကို ထွက်ပေါက်ပေးလိုက်တော့..."

လိုက်ကျီချန်း သဘောပေါက်လိုက်၏။

"စိတ်ချပါ..."

သူသည် အကြောလျှော့လိုက်ပြီး မကောင်းဆိုးဝါး အပြုံးကြီးဖြင့် သူဌေးသစ်ကြီးဆီသို့ လျှောက်သွားလိုက်၏။

"ဘာ... ဘာလုပ်မလို့လဲ... မင်း ငါ့ကို ဆံပင် တစ်မွှေးတည်း ထိရဲရင် ထိကြည့်လိုက်... မင်း နောင်တရသွားစေရမယ်..."

သူဌေးသစ်ကြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်၏။

"ငါ့အစ်မက ကျန်းကော စစ်ဒေသက တပ်ရင်းမှူး ကတော်ကွ..."

"ငါ့ကို မထိခင် သေသေချာချာ စဉ်းစားနော်..."

ထိုစကားကို ကြားလိုက်သောအခါ ဘေးမှ လူအများ အံ့အားသင့်သွားကြသည်။ လှောင်ပြောင်နေသော အမူအရာများ ချက်ချင်း ပျောက်ကွယ်သွား၏။

လိုက်ကျီချန်းပင်လျှင် တွန့်ဆုတ်သွားပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်၏။

အခုမှ ယဲ့ဖန် သဘောပေါက်သွား၏။ ဒီကောင် ဘာလို့ ယွီဖုန်းရှန်းကို အဆင့်မရှိဘူး ပြောရဲတာလဲ ဆိုတာကို။

သို့သော် သူ၏ နောက်ခံက ဒီလောက်ပဲ ရှိသည်ကို သိလိုက်ရသောအခါ ယဲ့ဖန် ပြုံးလိုက်မိသည်။ သူသည် လိုက်ကျီချန်းကို လက်ယပ်ခေါ်လိုက်ပြီး နားနားကပ်ကာ စကားအနည်းငယ် ပြောလိုက်၏။

တဆက်တည်း၌ ၊ လိုက်ကျီချန်း မျက်လုံးများ အရောင်တောက်သွား၏။

ထို့နောက် ယွီဖုန်းရှန်း၏ နားမလည်နိုင်သော အကြည့်အောက်တွင် သူသည် သူဌေးသစ်ကြီးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်၏။

သူဌေးသစ်ကြီး ဘာမှ ဆက်မပြောနိုင်ခင်မှာပင်၊ လိုက်ကျီချန်းက သူ့ကို ဝက်သေကောင်တစ်ကောင်လို ဆွဲမလိုက်ပြီး ရွေ့လျားအိမ်သာ (Mobile Toilet) ဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့၏။

"မလုပ်နဲ့... မလုပ်ပါနဲ့..."

"ဂလု... ဂလု..."

"ချီးပဲ... မလုပ်နဲ့... အွတ်..."

မကြာမီ အိမ်သာထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။

အသံကို နားထောင်ကြည့်ရုံဖြင့် ထိုသူဌေးသစ်ကြီး ဖြစ်ကြောင်း သိသာလှသည်။

ထို့အပြင် သူ့လည်ချောင်းထဲတွင် တစ်ခုခု ပိတ်ဆို့နေသလို ဖြစ်နေပြီး၊ အော်သံများက စေးကပ်ကပ် ဖြစ်နေလေသည်…။

All Chapters