← Chapters

အခန်း (၁၅၃၉-၁၅၄၁)

Vol. 79 Ch. 1539-1541

အခန်း (၁၅၃၉-၁၅၄၁)

Vol. 79 Ch. 1539-1541

အခန်း (၁၅၃၉) - ဘယ် မိန်းမပျိုလေးကများ ခံနိုင်ရည် ရှိမှာလဲ...

~ပတ်ဝန်းကျင်မှ လူများသည် အိမ်သာထဲမှ အော်သံများကို ကြားသောအခါ ကြက်သီးမွေးညှင်းများ ထကုန်ကြသည်။

ယဲ့ဖန်ကို ကြည့်သော အကြည့်များတွင် အားကျမှုအပြင် ကြောက်ရွံ့မှုများပါ ရောနှော ပါဝင်လာ၏။

ဒီလူက တကယ့်ကို ရက်စက်လွန်းတယ်။

နောက်ခံတောင့်တင်းသည်ဟု ကြွေးကြော်ထားသော သူဌေးသစ်ကြီးကိုတောင် ဂျွမ်းထိုးပြီး မစင်စားခိုင်းသည်အထိ ရက်စက်တတ်သူ မဟုတ်ပါလော။

ဘယ်သူမှ သူ့လောက် မရက်စက်နိုင်တော့ပေ။

ယွီဖုန်းရှန်း တစ်ယောက်တည်းသာ စပ်စုချင်သော မျက်နှာထား ဖြစ်နေ၏။

လူတိုင်းက ယဲ့ဖန်ကို လေးစားသမှုဖြင့် ကြည့်ကာ တီးတိုး ပြောဆိုနေကြသည်ကို မြင်သောအခါ၊ သူမသည် ယဲ့ဖန်အနားသို့ တိုးကပ်သွားလေသည်။

"ရှင် ခုနက လိုက်ကျီချန်းကို ဘာပြောလိုက်တာလဲ..."

"ကျွန်မတို့လို လူမိုက်တွေက အစိုးရအရာရှိတွေနဲ့ စစ်သားတွေကို အကြောက်ဆုံးပဲ..."

"လိုက်ကျီချန်းက ရိုင်းစိုင်းပေမယ့် ဦးနှောက်မရှိတဲ့လူတော့ မဟုတ်ဘူး... သူသာ ရာနှုန်းပြည့် ယုံကြည်မှု မရှိရင်... စစ်တပ်နဲ့ ပတ်သက်တဲ့လူကို ဘယ်တော့မှ ထိရဲမှာ မဟုတ်ဘူး..."

ယဲ့ဖန်သည် သူမ၏ မျက်လုံးများထဲမှ စပ်စုချင်စိတ်ကို ခံစားမိသလို၊ သူမ အနားကပ်လာသောအခါ သူမကိုယ်သင်းနံ့လေးကိုလည်း ရှူရှိုက်လိုက်ရသည်။

သူ မျက်လုံးများကို မှေးစင်းပြီး သူမ၏ အမူအရာကို အကဲခတ်လိုက်၏။

ပြီးတော့ ပြုံးလိုက်၏။

"ခင်ဗျား သိချင်လို့လား..."

ယွီဖုန်းရှန်း အလိုလို ခေါင်းညိတ်လိုက်မိသည်။

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွား၏။

"ဒါ လျှို့ဝှက်ချက်..."

ယဲ့ဖန် ဒီလို ရစ်လိမ့်မည်ဟု ယွီဖုန်းရှန်း ထင်မထားခဲ့သဖြင့် ကြောင်အသွား၏။

သို့သော် သူမသည် ဇာမဏီသုံးကောင်ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည်လေ။ ဘယ်လို အခြေအနေမျိုးကို မကြုံဖူးဘဲ ရှိပါ့မလဲ။ ခဏအကြာတွင် သူမ ပြန်လည် တည်ငြိမ်သွား၏။

"မပြောချင်လည်း နေပေါ့..."

သူမ၏ လေသံထဲတွင် မူနွဲ့နွဲ့နိုင်သော အရိပ်အယောင်လေးများ ပါဝင်နေသည်ကို ယဲ့ဖန် ခံစားလိုက်ရသည်။

သူ ထပ်ပြုံးလိုက်ပြန်သည်။

"ကျွန်တော် ဆိုလိုတာက... ခင်ဗျား ပိုပေးမှ ရမယ်လို့..."

"ဘာပဲဖြစ်ဖြစ် ဒါက လျှို့ဝှက်ချက်လေ... ဒီလောက် လွယ်လွယ်နဲ့ ပြောပြလို့ ဘယ်ဖြစ်မလဲ..."

ယဲ့ဖန်က သူမကို ထောင်ချောက်ဆင်နေမှန်း ယွီဖုန်းရှန်း မထင်ထားခဲ့ပေ။ သူမ ခဏမျှ ဆွံ့အသွားပြန်သည်။

အချိန်အနည်းငယ် ကြာမှ သူမ သတိပြန်ဝင်လာပြီး ယဲ့ဖန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။

"ကျွန်မ ရှင့်အကြောင်း သိပ်မသိပေမယ့်... တစ်ခုတော့ ရဲရဲကြီး ပြောရဲတယ်..."

"ရှင် ဖျက်ဆီးခဲ့တဲ့ မိန်းကလေး အရေအတွက်က မနည်းလောက်ဘူး..."

"ရှင့်ရဲ့ အင်အား၊ ခွန်အားတွေနဲ့... လက်တစ်ဖျစ်တီးလိုက်ရုံနဲ့ ထွက်လာတဲ့ ဉာဏ်နီဉာဏ်နက်တွေကြောင့်... ဘယ် အတွေ့အကြုံမရှိတဲ့ မိန်းမပျိုလေးကများ ခံနိုင်ရည် ရှိမှာလဲ..."

ယဲ့ဖန် ဂရုမစိုက်ဘဲ ပြုံးနေလိုက်၏။

"ခင်ဗျား ပြောတာကို ချီးကျူးစကားလို့ပဲ သဘောထားလိုက်ပါ့မယ်..."

ယွီဖုန်းရှန်းသည် သူ့တုံ့ပြန်မှုကို အံ့သြပုံမရပေ။ သူမသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပုံမှန်အနေအထားသို့ ပြန်ရောက်သွား၏။

"ကဲ... ပြော... အဖြေအတွက် ရှင် ကျွန်မဆီက ဘာလိုချင်တာလဲ..."

တကယ်တမ်းတွင် "လျှို့ဝှက်ချက်မို့လို့ လွယ်လွယ် မပြောပြနိုင်ဘူး" ဆိုသော စကားမှာ ယဲ့ဖန်က သူမကို စနောက်လိုက်ခြင်းသာ ဖြစ်သည်။

အခု ယွီဖုန်းရှန်းက အတည်ယူပြီး မေးလာသောအခါ သူ ဘာတောင်းရမှန်း မသိ ဖြစ်သွား၏။

သို့သော် ယွီဖုန်းရှန်းထံမှ မတော်တဆ တွေ့ရှိခဲ့သော ထူးဆန်းသည့် အရာတစ်ခုကို ပြန်သတိရသွားပြီး ချက်ချင်း အကြံရသွားလေသည်။

သူသည် ယွီဖုန်းရှန်း၏ ဝမ်းဗိုက်အောက်ပိုင်းကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ခင်ဗျား ဝမ်းဗိုက်အောက်ပိုင်းက ကြောက်စရာကောင်းတဲ့ အမာရွတ်ကြီးက..."

"ဘယ်လို ဖြစ်တာလဲ..."

ထိုစကားကို ကြားသောအခါ ယွီဖုန်းရှန်း သိသိသာသာ တွန့်ဆုတ်သွား၏။

ထို့နောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရသည်။ သူမသည် ယဲ့ဖန် လက်ထဲမှ 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်၏။

"ကျွန်မ ပြောပြလို့ ရပါတယ်... ဒါပေမဲ့ ရှင် ကတိတစ်ခု ပေးရမယ်... လျှို့ဝှက်ထားပေးရမယ်..."

"ရှင်နဲ့ ကျွန်မက လွဲရင် တတိယလူ မသိစေရဘူး..."

သူမ အလေးအနက်ထား ပြောနေသည်ကို မြင်သောအခါ ယဲ့ဖန် ခေါင်းညိတ်လိုက်၏။

"စိတ်ချပါ... ကျွန်တော်က နှုတ်လုံတယ်လို့ နာမည်ကြီးပြီးသားပါ..."

ယွီဖုန်းရှန်းသည် ယဲ့ဖန်ကို ယုံကြည်လိုက်၏။

ခဏမျှ စဉ်းစားပြီးနောက် တိုတိုတုတ်တုတ် ပြောပြလိုက်၏။

"ငယ်ငယ်တုန်းက... ကျွန်မ တော်တော် ရက်စက်တဲ့ လိုက်လံသတ်ဖြတ်မှု တစ်ခုကို ကြုံခဲ့ရဖူးတယ်..."

"အဲဒီတုန်းက ကျွန်မ ကီလိုမီတာ ထောင်ချီအောင် ထွက်ပြေးခဲ့ရတယ်... အသက်ဘေးနဲ့ နီးတဲ့အခြေအနေကို အကြိမ်ကြိမ် ကြုံခဲ့ရတယ်..."

"ဒီအမာရွတ်က အဲဒီတုန်းက ရခဲ့တာပဲ..."

"ငယ်ငယ်လေးတုန်းက ရခဲ့တဲ့ အမာရွတ် ဟုတ်လား..."

ယဲ့ဖန် အနည်းငယ် အံ့သြသွား၏။

ငယ်ရွယ်စဉ်တွင် လူ့ခန္ဓာကိုယ်၏ ကြီးထွားမှုနှင့် ဇီဝဖြစ်စဉ် မြန်ဆန်မှုတို့ကြောင့် ဒဏ်ရာအများစုသည် အမာရွတ်ကျန်ခဲ့ရန် ခဲယဉ်းသည်ကို သူ သိထားသည်။

ဒဏ်ရာပြင်းထန်လျှင်တောင်မှ ခန္ဓာကိုယ် ကြီးထွားလာသည်နှင့်အမျှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတတ်သည်။

သို့သော် ယွီဖုန်းရှန်း၏ ဝမ်းဗိုက်ပေါ်မှ အမာရွတ်သည် နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ထင်ရှားနေဆဲ ဖြစ်သည်။

ထိုစဉ်က သူမ မည်မျှ ပြင်းထန်သော ဒဏ်ရာ ရခဲ့မည်ကို မှန်းဆကြည့်ရုံဖြင့် သိနိုင်သည်။

ယွီဖုန်းရှန်းသည် ဆက်ပြောလိုစိတ် မရှိတော့ကြောင်း တွေ့ရသဖြင့် ယဲ့ဖန်လည်း ဆက်မမေးတော့ဘဲ ကတိအတိုင်း ရှင်းပြလိုက်၏။

"ကျွန်တော် လိုက်ကျီချန်းကို ပြောလိုက်တာက... ဟို ဝက်ခေါင်း သူဌေးက အစကနေ အဆုံးထိ မှားနေတဲ့သူ ဖြစ်တယ် ဆိုတဲ့ အကြောင်းပါ..."

"ပြီးတော့... သူ့ပိုင်ဆိုင်မှုတွေရဲ့ ဇာစ်မြစ်က သန့်ရှင်းဖို့ မလွယ်ဘူး... စစ်ဆေးခံရရင် ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး..."

"ဒါကြောင့် သူ့နောက်မှာ ဘယ်လို အင်အားကြီးတဲ့သူပဲ ရှိရှိ... သူက ပြန်လှန်ရဲမှာ မဟုတ်ဘူး..."

"နောက်တစ်ခုက... ကျွန်တော့်မှာ 'ဖုန်း'ဆိုတဲ့ မျိုးရိုးနာမည် ရှိတဲ့ တပည့် တစ်ယောက် ရှိတယ်လို့ ပြောလိုက်တယ်... ကျန်းကော စစ်ဒေသက 'ဖုန်း' မိသားစုလေ..."

"ဟို သူဌေးသစ်ရဲ့ နောက်ခံလူက သေချင်နေရင်တောင်မှ... ပြဿနာ လာမရှာရဲပါဘူး..."

ထိုအခါမှ၊ ယွီဖုန်းရှန်း သဘောပေါက်သွား၏။

"ဒါကြောင့် သူ့မျက်လုံးတွေ အရောင်တောက်သွားတာကိုး..."

"ဒီအချက် (၂) ချက်နဲ့တင် သူ စိတ်ကြိုက် အနိုင်ကျင့်လို့ ရပြီလေ..."

ယဲ့ဖန် ခေါင်းညိတ်ပြီး ဆက်ပြောရန် ပြင်လိုက်စဉ်...

ရုတ်တရက်... မှောင်ခိုဈေး၏ အခြားတစ်ဖက်မှ ရွှေရောင်ဆံပင်၊ မျက်လုံးပြာနှင့် လူတစ်ယောက် လျှောက်လာနေသည်ကို သူ သတိထားမိလိုက်၏။

ထိုလူ၏ အကြည့်သည် 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' အပေါ်တွင် စူးစိုက်နေ၏။

ရွှေရောင်ဆံပင်နှင့် လူသည် ခက်ထန်သော အရှိန်အဝါ ရှိပြီး မျက်လုံးများက သိမ်းငှက်တစ်ကောင်လို စူးရှနေ၏။

ကျမ်းစာအုပ်ကို ခဏမျှ ကြည့်ပြီးနောက် သူသည် ယဲ့ဖန်နှင့် ယွီဖုန်းရှန်းဘက်သို့ အကြည့် ရွှေ့လိုက်၏။

ထိုအကြည့်ထဲမှ အန္တရာယ် အငွေ့အသက်ကို ယဲ့ဖန် အလိုလို ခံစားမိလိုက်၏။

လိုက်ကျီချန်းလည်း အိမ်သာထဲမှ ပြန်ထွက်လာပြီ ဖြစ်သည်။

ယဲ့ဖန်သည် ယဉ်ကျေးမှု မရှိတော့ဘဲ ယွီဖုန်းရှန်း အနားသို့ အမြန်တိုးကပ်လိုက်ပြီး နားနားကပ်ကာ တီးတိုး ပြောလိုက်၏။

"ရတနာ ရှိရင် ရန်သူ ရှိတယ်တဲ့..."

"ကျွန်တော်တို့ ပစ်မှတ်ထား ခံနေရပြီ..."

"ခင်ဗျားလူတွေကို အမြန် လာခေါ်ခိုင်းလိုက်... ဒီနေရာကနေ အခုချက်ချင်း ထွက်ရအောင်..."

သူ… ယွီဖုန်းရှန်းနှင့် ကပ်သွားသောအခါ သူမ၏ ကိုယ်သင်းနံ့လေးက သူ့နှာခေါင်းထဲသို့ တိုးဝင်လာ၏။

သူ့ရင်ဘတ်သည် သူမ၏ ရင်ဘတ်နှင့် ထိမိလုနီးပါး ဖြစ်သွား၏။

ယဲ့ဖန်၏ ကိုယ်ငွေ့နှင့် ကြွက်သားများကို ခံစားလိုက်ရသောအခါ ယွီဖုန်းရှန်း၏ ဦးနှောက်က အချိန်မီ မတုံ့ပြန်နိုင်တော့ဘဲ အသက်ရှူပင် ရပ်တန့်သွားမိသည်။

သူမသည် ယဲ့ဖန်ကို တွန်းထုတ်ရန် လက်ကို အလိုလို မြှောက်လိုက်မိသည်။

သို့သော် ယဲ့ဖန်၏ စကားကို ကြားလိုက်ရသောအခါ မြှောက်ထားသော လက် ပြန်လည် အေးခဲသွား၏။

သူမ၏ လေသံမှာ အနည်းငယ် စိုးရိမ်စိတ် ဝင်သွား၏။

"သေချာလို့လား..."

ယဲ့ဖန်သည် သူမ ဘာကြောင့် ထိုသို့ တုံ့ပြန်သည်ကို မသိသော်လည်း ခေါင်းညိတ်ကာ အမြန် ပြန်ပြောလိုက်၏။

"သေချာတယ်... ကျွန်တော်က အန္တရာယ်ကို အာရုံခံနိုင်စွမ်း မြင့်တယ်..."

"ပြီးတော့... 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' က တကယ်ကို တန်ဖိုးဖြတ်မရတဲ့ ပစ္စည်းလေ... တချို့လူတွေအတွက်တော့ စွန့်စားရကျိုး နပ်တယ်..."

ယွီဖုန်းရှန်း ဘာမှ ဆက်မပြောတော့ပေ။

လိုက်ကျီချန်းကို မျက်ရိပ်ပြလိုက်ပြီးနောက် ယဲ့ဖန်ကို တိုးတိုးလေး ပြောလိုက်၏။

"ဒါဆို ကျွန်မတို့နောက်က လိုက်ခဲ့..."

"ကျွန်မတို့က ဒီနယ်မြေကို ကျွမ်းကျင်တယ်..."

ယဲ့ဖန် ခေါင်းညိတ်လိုက်၏။

လိုက်ကျီချန်း အပြေးရောက်လာပြီးနောက် သူတို့နှစ်ယောက်နှင့်အတူ ထွက်ခွာလာခဲ့လေသည်။

ထွက်ခွာစဉ်တွင် သူသည် ရွှေရောင်ဆံပင်နှင့်လူ၏ လှုပ်ရှားမှုကို သတိထား ကြည့်နေခဲ့သည်။

သူ ထင်ထားသည့်အတိုင်းပင်၊ သူတို့ မှောင်ခိုဈေးမှ ထွက်ခွာရန် ပြင်လိုက်သည်နှင့် တပြိုင်နက် ထိုနိုင်ငံခြားသားသည် ဖုန်းကို ကောက်ကိုင်ပြီး သတင်းစကား ပို့လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူတို့နောက်သို့ တိတ်တဆိတ် လိုက်ပါလာတော့၏။

အခန်း (၁၅၄၀) - ဒီမြေမှာ မင်းတို့လို နိုင်ငံခြားသားတွေက ဗိုလ်ကျလို့ ရမယ်ထင်နေလား...

~ယဲ့ဖန်သည် တစ်ဖက်လူ၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ အာရုံခံမိနေ၏။

သို့သော် သူ ထုတ်မပြောဘဲ ယွီဖုန်းရှန်းနှင့် လိုက်ကျီချန်းတို့၏ နောက်မှ ဖြည်းညင်းစွာ လိုက်ပါသွားလေသည်။

မှောင်ခိုဈေးမှ ထွက်လာပြီး မကြာမီတွင်ပင် ရင်းနှီးသော စနစ်အသိပေးသံ ထွက်ပေါ်လာ၏။

"ဂုဏ်ယူပါတယ်... ပိုင်ရှင်အနေနဲ့ ရတနာရှာဖွေမှု လမ်းညွှန်ချက်ကို ပြီးမြောက်အောင်မြင်ခဲ့ပါပြီ... ဆုလာဘ်: ဘာသာစကား (၈) မျိုး ကျွမ်းကျင်မှု..."

တစ်ချိန်တည်းမှာပင် ထူးဆန်းသော ခံစားမှု တစ်ခုက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

ဘာသာစကား (၈) မျိုးနှင့် ပတ်သက်သော ဗဟုသုတများစွာသည် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ သူ့ဦးနှောက်ထဲသို့ ဒလဟော စီးဝင်လာ၏။

ထူးဆန်းသော ခံစားမှု ပျောက်ကွယ်သွားသည့်အချိန်တွင် သူသည် ထိုနိုင်ငံ (၈) နိုင်ငံ၌ တစ်သက်လုံး နေထိုင်လာခဲ့သော ဘာသာစကား ပညာရှင် တစ်ဦးနှင့် မခြားနားတော့ပေ။

ယဲ့ဖန် မျက်လုံးများ အရောင်တောက်သွား၏။

နောက်ပိုင်းကျရင် သူ ကမ္ဘာပတ်ရမည့် အခွင့်အရေးများ များလာဖို့ ရှိသည်။

စနစ်၏ ဆုလာဘ်က တကယ်ကို အချိန်ကိုက်ပဲ။

သူ့စိတ်ထဲတွင် ကျေနပ်နေစဉ်၊ ရှေ့မှ လျှောက်နေသော လိုက်ကျီချန်းက တိုးတိုးလေး မေးလာ၏။

"မစ္စတာယဲ့... ခုနက ခင်ဗျားပြောတော့ ကျွန်တော်တို့ကို တစ်ယောက်ယောက်က ပစ်မှတ်ထားနေတယ်ဆို... အခြေအနေ အတိအကျက ဘယ်လိုလဲ..."

ယဲ့ဖန် အတွေးစကို ဖြတ်လိုက်၏။

"ခင်ဗျားတို့ ဟို ဝက်ခေါင်း သူဌေးကို ပညာပေးနေတုန်းက... လူအုပ်ထဲမှာ ရွှေရောင်ဆံပင်၊ မျက်လုံးပြာနဲ့ နိုင်ငံခြားသားတစ်ယောက် ရှိနေတယ်..."

"သူက 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ကို ကြည့်တဲ့ အကြည့်က မရိုးဘူး..."

"ပြီးတော့ သူ့ဆီကနေ အန္တရာယ် အငွေ့အသက်တွေ ထွက်နေတာ ကျွန်တော် ခံစားမိတယ်..."

"ရွှေရောင်ဆံပင်၊ မျက်လုံးပြာနဲ့ နိုင်ငံခြားသား ဟုတ်လား..."

လိုက်ကျီချန်း စဉ်းစားဟန် ပြုလိုက်၏။

"တကယ်လား..."

သို့သော် ယွီဖုန်းရှန်း၏ အကြည့်က ထူးဆန်းနေ၏။

ခဏမျှ စဉ်းစားပြီးနောက် သူမ ပြောလိုက်၏။

"မစ္စတာယဲ့ရဲ့ စွမ်းရည်ကို သံသယဝင်စရာ မလိုပါဘူး..."

"သူက ပစ်မှတ်ထားခံနေရတယ်လို့ ထင်နေမှတော့... တကယ် ဖြစ်ဖို့ (၉၀) ရာခိုင်နှုန်း သေချာတယ်..."

လိုက်ကျီချန်း သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်၏။

"ကျွန်တော်တို့ကို စောင့်နေတဲ့ ညီအစ်ကိုတွေကို ဆက်သွယ်ပြီးပါပြီ..."

ယွီဖုန်းရှန်း၏ မျက်နှာထား လေးနက်သွား၏။

ယဲ့ဖန်သည် ရှေ့မှ အမှောင်ထုကို ကြည့်ပြီး ခြေလှမ်း ရပ်တန့်လိုက်လေသည်။

"စစ်ကူတွေ ရောက်လာဖို့ ဘယ်လောက် ကြာဦးမလဲ..."

"နီးစပ်ရာ ညီအစ်ကိုတွေ အမြန်ဆုံး လာနေကြပါပြီ... (၁၀) မိနစ်လောက်ဆို ရောက်ပါလိမ့်မယ်..."

လိုက်ကျီချန်းက ပြန်ဖြေလိုက်၏။

ယဲ့ဖန် ခေါင်းခါလိုက်၏။

"နောက်ကျသွားပြီ..."

"နောက်ကျသွားပြီ ဟုတ်လား..."

လိုက်ကျီချန်း နားမလည် ဖြစ်နေဆဲ။

ထိုစဉ် ရှေ့မှ အမှောင်ထုထဲတွင် ခြေသံများ ထွက်ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် အရပ် (၂) မီတာကျော် မြင့်မားသော၊ မျက်နှာဖြူဖပ်ဖြူရော်၊ ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာ ပိုင်ရှင် တစ်ဦးသည် အမှောင်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။

ထိုလူနှင့်အတူ ဝမ်းဗိုက်ရွှဲရွှဲနှင့် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော ဝက်ခေါင်း သူဌေး တစ်ဦးလည်း ပါလာ၏။ သူက မျက်မှန်ကို စတိုင်လ်ကျကျ တပ်ဆင်ထားသည်။

လိုက်ကျီချန်းနှင့် ယွီဖုန်းရှန်းတို့ ယဲ့ဖန်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

"သူတို့လား..."

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်၏။

လိုက်ကျီချန်းနှင့် ယွီဖုန်းရှန်းတို့ ရှုပ်ထွေးသွားကြသည်။

သို့သော် ရှေ့မှ ရွှေရောင်ဆံပင်နှင့် လူက ပြုံးလျက် စကားစလိုက်လေသည်။

"နဂါးနိုင်ငံက မိတ်ဆွေတို့... စိတ်မလှုပ်ရှားကြပါနဲ့..."

"ကျွန်တော်က ခင်ဗျားတို့နဲ့ ရင်းရင်းနှီးနှီး စကားလာပြောတာပါ..."

သူက အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောလိုက်၏။

သန့်ပြန့်သော ဝတ်စားဆင်ယင်မှုနှင့် အပြုံးတို့ကြောင့် ကြည့်လိုက်လျှင် ဖော်ရွေမည့်ပုံ ပေါက်နေ၏။

သို့သော် ယဲ့ဖန်သည် သူ၏ အရိုးအဆစ်များ၊ လက်ဆစ်များမှ အသားမာများနှင့် မျက်လုံးများကို ကြည့်ရုံဖြင့် ဤလူသည် သိုးရေခြုံထားသော ဝံပုလွေ ဖြစ်ကြောင်း တန်းသိလိုက်၏။

နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး တိုက်ခိုက်မှု အတွေ့အကြုံ မရှိလျှင်၊ ဒီလို ခန္ဓာကိုယ်နှင့် မျက်လုံးမျိုး ရှိလာဖို့ မဖြစ်နိုင်ပေ။

သူ့ဘေးမှ ဗိုက်ရွှဲရွှဲ လူကြီးက စကားပြန် ဖြစ်ပုံရသည်။

ရွှေရောင်ဆံပင်နှင့် လူက အင်္ဂလိပ်လို ပြောပြီးတိုင်း၊ ထိုလူကြီးက တရုတ်လို ချက်ချင်း ဘာသာပြန်ပေးလေသည်။

လိုက်ကျီချန်း ကြားလိုက်ရသောအခါ ဒီကောင် မရိုးသားမှန်း သိလိုက်၏။

သူသည် မျက်လုံးများကို မှေးစင်းပြီး ထိုလူကို ကြည့်လိုက်၏။

"စကားပြောမယ် ဟုတ်လား... ငါတို့ကြားမှာ ပြောစရာ စကားရှိမယ် မထင်ပါဘူး..."

"ဘာလိုချင်တာလဲ... ရှင်းရှင်း ပြောလိုက်..."

ဝက်ခေါင်း စကားပြန်က ချက်ချင်း ဘာသာပြန်ပေးလိုက်၏။

ထိုလူက စိတ်ဆိုးပုံ မရပေ။ ရက်ရောဟန်ရှိသော အပြုံးကို ဆက်လက် ထိန်းသိမ်းထားသည်။

"မိတ်ဆွေတို့... ဒီလောက်ကြီး စိတ်မလှုပ်ရှားပါနဲ့..."

"ကျွန်တော်က မိတ်ဆွေနိုင်ငံ ဖြစ်တဲ့ နေမဝင်အင်ပါယာက လာတာပါ... ကျွန်တော့်ကို ဒွန်ဟာဗီးယား လို့ ခေါ်နိုင်ပါတယ်..."

"ဒီတစ်ခေါက် လာရှာရတာက... လူတိုင်း အကျိုးရှိမယ့် အရောင်းအဝယ်တစ်ခု လုပ်ချင်လို့ပါ..."

ယဲ့ဖန် ဘာမှ ဝင်မပြောသေးဘဲ နားထောင်နေလိုက်၏။

လိုက်ကျီချန်းက သူ့အစား မေးလိုက်၏။

"ဘာအရောင်းအဝယ်လဲ..."

ဒွန်ဟာဗီးယားက ပြုံးနေဆဲပင်။

သို့သော် ယခုအချိန်တွင် သူ့အကြည့်က ယဲ့ဖန်ဆီသို့၊ တိတိကျကျ ပြောရရင် ယဲ့ဖန် လက်ထဲမှ 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ဆီသို့ ရောက်သွားလေသည်။

"ကျွန်တော့် အလုပ်ရှင်က မိတ်ဆွေရဲ့ 'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ကို အရမ်း စိတ်ဝင်စားနေတယ်..."

"ကြားတာတော့... မိတ်ဆွေက ဒီကျမ်းစာကို မီးခံသေတ္တာထဲကနေ ယွမ် (၅) သန်းတည်းနဲ့ ရလိုက်တယ် ဆို... ကျွန်တော်တို့က (၁၅) သန်း ပေးပြီး ဝယ်ပါရစေ..."

"ဘယ်လို သဘောရလဲ..."

ဒီတစ်ခေါက်တော့ ယဲ့ဖန် ဘာမှ မပြောရသေးခင် လိုက်ကျီချန်း ဒေါသတကြီး ဆဲဆိုလိုက်တော့၏။

"(၁၅) သန်း ဟုတ်လား... ချီးပဲ..မင်းတို့ အိပ်မက်မက်နေကြတာလား..."

"ခုနကမှ မှောင်ခိုဈေးထဲက ပညာရှင်တွေက ပြောသွားတာ... ဒီကျမ်းစာက အနည်းဆုံး သန်း (၂၀၀) တန်တယ်တဲ့..."

"(၁၅) သန်းနဲ့ ဝယ်မယ် ဟုတ်လား... အလကား လာလုပါလားကွ..."

ဒွန်ဟာဗီးယားက လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး အားနာဟန်ဖြင့် ပြောလိုက်၏။

"တကယ်တော့... ကျွန်တော့် တပည့်တွေက ခင်ဗျားတို့ဆီကနေ ဓားပြတိုက်ယူဖို့ အကြံပေးကြတာပါ..."

"ဒါပေမဲ့ ကျွန်တော်က ယဉ်ကျေးသိမ်မွေ့တဲ့ လူတစ်ယောက်လေ... ခင်ဗျားတို့နဲ့ အေးအေးဆေးဆေး ဆွေးနွေးတာက ပိုကောင်းမယ် ထင်လို့ပါ..."

"ဆွေးနွေးလို့ အဆင်ပြေပြီး... အရောင်းအဝယ် အောင်မြင်သွားရင်တော့ အကောင်းဆုံးပေါ့..."

သူ့စကားဆုံးသည်နှင့် တပြိုင်နက်၊ သူ့စကားကို သက်သေပြသလို ပတ်ဝန်းကျင်မှ ခြေသံများ ထပ်မံ ထွက်ပေါ်လာလေသည်။

အရပ်ရှည်ရှည်၊ ရွှေရောင်ဆံပင်၊ မျက်လုံးပြာနှင့် ရက်စက်ကြမ်းကြုတ်ပုံရသော နိုင်ငံခြားသား (၁၂) ယောက်ခန့် အမှောင်ထဲမှ ထွက်ပေါ်လာကြသည်။

သူတို့သည် ယဲ့ဖန်၊ လိုက်ကျီချန်းနှင့် ယွီဖုန်းရှန်းတို့ကို စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းရံထားလိုက်ကြသည်။

သူတို့သုံးယောက်အတွက် ထွက်ပြေးစရာ လမ်းကြောင်းအားလုံး ပိတ်ဆို့ခံလိုက်ရပြီ ဖြစ်သည်။

လိုက်ကျီချန်းနှင့် ယွီဖုန်းရှန်းတို့၏ မျက်နှာထား လေးနက်သွားကြသည်။

ဒွန်ဟာဗီးယားကတော့ အားနာဟန် ဆက်လက် ပြသနေဆဲ။

"ကျွန်တော်က စကားပြောရတာ လွယ်ပေမယ့်... ကျွန်တော့် ညီအစ်ကိုတွေကတော့ သိပ် စိတ်ရှည်ကြတာ မဟုတ်ဘူး..."

"တစ်ဈေးတည်းပဲ... သန်း (၂၀)... ခင်ဗျားတို့ ဆုံးဖြတ်ကြပါ..."

"လက်ခံနိုင်ရင် အခုပဲ အရောင်းအဝယ် လုပ်ကြမယ်... ဒီညီအစ်ကိုတွေ ပြန်သွားအောင် ကျွန်တော် နည်းလမ်း ရှာပြီး ပြောပေးပါ့မယ်... တကယ်လို့ လက်မခံနိုင်ဘူး ဆိုရင်တော့... သူတို့ ဘာဆက်လုပ်မလဲ ဆိုတာ ကျွန်တော် အာမမခံနိုင်ဘူး..."

ယခုအချိန်မှာတော့ ဒီ နေမဝင်အင်ပါယာက ကောင် ဘာလုပ်ချင်နေလဲ ဆိုတာ ငအ တောင် သိနိုင်ပြီ ဖြစ်လေ၏။

ထိုစကားပြောနေစဉ် နိုင်ငံခြားသား၏ မျက်လုံးထဲမှ လှောင်ပြောင်သော အကြည့်ကို မြင်လိုက်ရသောအခါ လိုက်ကျီချန်း ဆက်ပြီး သည်းမခံနိုင်တော့ပေ။

သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ထိုလူဆီသို့ ပြေးဝင်သွားကာ လက်သီးဖြင့် ပစ်ထိုးလိုက်တော့၏။

"ချီးပဲ... ဒါ နဂါးနိုင်ငံရဲ့ ကျန်းကောကွ..."

"ငါတို့ နဂါးနိုင်ငံ၊ ဇာမဏီသုံးကောင်ဂိုဏ်းရဲ့ နယ်မြေ..."

“ဒီမြေမှာ မင်းတို့လို နိုင်ငံခြားသားတွေက ဗိုလ်ကျလို့ ရမယ် ထင်နေလား…”

အခန်း (၁၅၄၁) - မင်းတို့က အကောင်းပြောရင် နားမလည်ကြဘူးပဲ...

~လိုက်ကျီချန်းသည် ဇာမဏီသုံးကောင်ဂိုဏ်း၏ ထိပ်သီးတိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သလို၊ ယွီဖုန်းရှန်း၏ ယုံကြည်စိတ်ချရဆုံး လက်ရုံးတစ်ဆူလည်း ဖြစ်သည်။ သူ့ခွန်အားက သေချာပေါက် လျှော့တွက်လို့ မရပေ။

ဒေါသတကြီး တိုက်ခိုက်လိုက်သောအခါ မိုးကြိုးမုန်တိုင်းကဲ့သို့ ပြင်းထန်သော အရှိန်အဟုန် ပါဝင်နေ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ဒွန်ဟာဗီးယား ၏ ရှေ့သို့ ရောက်ရှိသွားလေသည်။

ဒွန်ဟာဗီးယား၏ ဘေးမှ စကားပြန်သည် လန့်ဖျပ်သွားပြီး အာမေဋိတ်သံ တစ်ချက်ပြုကာ နောက်သို့ ခြေလှမ်း (၂) လှမ်းမျှ ယိုင်နဲ့နဲ့ ဆုတ်သွားမိသည်။

တစ်ဖက်တွင် ဒွန်ဟာဗီးယား ကိုယ်တိုင်ကမူ အောင်နိုင်သူအလား ယုံကြည်မှု အပြည့် ရှိနေ၏။ သူသည် လိုက်ကျီချန်း၏ တိုက်ကွက်ကို မထီမဲ့မြင် ပြုကာ တုံ့ပြန်လိုက်၏။

သူ့လှုပ်ရှားမှုနှင့်အတူ မောက်မာပြီး သနားစရာကောင်းသော လေသံပါ ထွက်ပေါ်လာ၏။

"မင်းတို့ တရုတ်လူမျိုးတွေက..."

"အရည်အချင်းက မရှိဘဲနဲ့... စိတ်ချည်းပဲ ရှိကြတယ်..."

"ငါက အစကတော့ ကြင်ကြင်နာနာနဲ့ ဆက်ဆံမလို့ပါပဲ... မင်းတို့က အကောင်းပြောရင် နားမလည်ကြဘူးကိုး..."

ယဲ့ဖန်နှင့် ယွီဖုန်းရှန်းတို့ကို ဝိုင်းရံထားသော ရွှေရောင်ဆံပင်၊ မျက်လုံးပြာနှင့် လူအုပ်ကြီးကလည်း အလားတူ တွေးနေကြပုံရသည်။ သူတို့သည် လိုက်ကျီချန်းကို မထီမဲ့မြင် ကြည့်လိုက်ကြသည်။

"သေချင်တဲ့လူကို မြင်ဖူးပေမယ့်... ဒီလောက်ထိ သေချင်တဲ့လူကိုတော့ တစ်ခါမှ မမြင်ဖူးဘူး..."

"ဒီ နဂါးနိုင်ငံသား ပုကွပ်ကွပ်လေးက ငါတို့သူဌေးကို ဂိုဏ်းထဲမှာ 'မုန်တိုင်းကြွက်သားလူ' (Storm Muscle Man) လို့ ခေါ်ကြတာ မသိရှာဘူး ထင်တယ်..."

"သူဌေးရဲ့ (၂) မီတာနီးပါး မြင့်တဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဖောင်းကြွနေတဲ့ ကြွက်သားတွေကို ခဏထားလိုက်ဦး... သူ့ရဲ့ လျင်မြန်မှုနဲ့ ပေါက်ကွဲအားက နဂါးနိုင်ငံသားတွေ ယှဉ်နိုင်တဲ့ အရာ မဟုတ်ဘူး..."

"(၁.၈) မီတာတောင် မပြည့်တဲ့ မသန်မစွမ်းကောင်လေးက သူ့ကို လက်သီးနဲ့ ထိုးရဲတယ်တဲ့လား... သူဌေးသာ ပြန်ထိုးလိုက်ရင် အဲဒီကောင် နေရာမှာတင် ပွဲချင်းပြီး သေသွားမှာ..."

"နဂါးနိုင်ငံသားတွေက အရင်လိုပဲ မိုက်မဲနေတုန်းပါလား... လွန်ခဲ့တဲ့ နှစ်တစ်ရာက သမိုင်းမှတ်တမ်းတွေလိုပဲ... စစ်မှန်တဲ့ အင်အားဆိုတာ ဘာမှန်း နားမလည်ကြရှာဘူး..."

သို့သော် ထိုလူအုပ်ကြီးက လှောင်ပြောင်နေကြစဉ်မှာပင်၊ လိုက်ကျီချန်း၏ လက်သီးသည် ဒွန်ဟာဗီးယား မြှောက်ထားသော လက်မောင်းနှင့် ပထမဆုံးအကြိမ် ထိတွေ့သွားလေသည်။

ဒွန်ဟာဗီးယား၏ လက်မောင်းသည် နဂါးနိုင်ငံမှ သာမန်လူကြီးတစ်ယောက်၏ ပေါင်လုံးခန့် တုတ်ခိုင်သည်။

လိုက်ကျီချန်း၏ လက်သီးက မှန်ချပ်လောက် ကြီးမားနေလျှင်တောင်မှ...

ကလေးတစ်ယောက်က ကြွက်သားအဖုအထစ်နှင့် လူကြီးတစ်ယောက်၏ လက်မောင်းကို အားကုန်လွှဲထိုးလိုက်သလို ဖြစ်နေ၏။

ဒွန်ဟာဗီးယား မြင်လိုက်ရသောအခါ လှောင်ပြောင်လိုသော အပြုံးတစ်ခု ပြုံးပြရန် ပြင်လိုက်၏။

သို့သော် နောက်တစ်စက္ကန့်တွင်...

လိုက်ကျီချန်း၏ လက်သီးမှ ပေါက်ကွဲထွက်လာသော အားအင်ကြောင့် နှစ်ယောက်စလုံး ကြောင်အသွားကြသည်။

"ဂလု..."

အရိုးကျိုးသံ ကြွပ်ဆတ်ဆတ်လေး ချက်ချင်း ထွက်ပေါ်လာ၏။

ဒွန်ဟာဗီးယား၏ မျက်နှာပေါ်မှ မပီပြင်သေးသော အပြုံးသည် တောင့်ခဲသွားလေသည်။

သူ့မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်လာ၏။

သူ အလိုလို ကာကွယ်ရန် ကြိုးစားလိုက်၏။

သို့သော် လိုက်ကျီချန်း၏ နောက်ထပ် တိုက်ကွက်က အသင့်ရောက်ရှိနေပြီ ဖြစ်သည်။

ဘယ်ဝိုက်လက်သီး တစ်လုံးသည် သူ ကာကွယ်ရန် မပြင်ဆင်နိုင်သေးခင်မှာပင် သူ့ရင်ဘတ်ပေါ်သို့ ထောင့်ဖြတ် ကျရောက်သွားလေ၏။

"ဘုန်း..."

စစ်ဗုံတစ်လုံးကို အားကုန် ထုလိုက်သကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။

ဒွန်ဟာဗီးယား၏ နှလုံးသားဆီမှ ကြီးမားသော တုန်ခါမှု တစ်ခု ခံစားလိုက်ရ၏။ တောင်ကြီးတစ်လုံးပမာ ကြီးမားသော သူ့ခန္ဓာကိုယ်ကြီးသည် ထိန်းချုပ်မရနိုင်တော့ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်နဲ့နဲ့ ဆုတ်သွားမိသည်။

နောက်ဆုံးတွင် သူသည် မြေကြီးပေါ်သို့ 'ဘုန်း' ခနဲ လဲကျသွားတော့၏။

သူ့နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာလေသည်။

"အမလေး..."

ဘေးမှ ဝက်ခေါင်း စကားပြန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောင်အသွား၏။

နောက်ဆုတ်နေသော သူ့ခြေလှမ်းများ ရပ်တန့်သွား၏။

လိုက်ကျီချန်းကို ကြည့်လိုက်သောအခါ သူ တစ်ကိုယ်လုံး တုန်ရီလာလေသည်။

စောစောက ယုံကြည်မှု လွန်ကဲနေကြသော ရွှေရောင်ဆံပင်၊ မျက်လုံးပြာနှင့် လူများသည် ဒဏ္ဍာရီတစ်ခုကို မြင်လိုက်ရသလို မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။

"ဘာကြီးလဲကွ..."

"ငါ မျက်စိမှားနေတာလား..."

"ငါတို့ သူဌေးကို တရုတ်ပုကွပ်ကွပ်လေးက ထိုးလိုက်တာ လွင့်ထွက်သွားတယ်တဲ့လား... ပြီးတော့ တစ်ချက်တည်းနဲ့နော်..."

"ပြီးတော့ ခုနက အရိုးကျိုးသံ ကြားလိုက်သလိုပဲ... အဲဒီ တရုတ်ကောင်လေးက ငါတို့သူဌေးရဲ့ လက်မောင်းကို လက်သီးတစ်ချက်တည်းနဲ့ ရိုက်ချိုးလိုက်တာလား..."

"သူ လူမှ ဟုတ်သေးရဲ့လား..."

မြေကြီးပေါ်တွင် ထိုင်နေသော ဒွန်ဟာဗီးယား သတိပြန်ဝင်လာပြီး သူတို့ကို လှမ်းဆဲလိုက်မှ အားလုံး အသိပြန်ဝင်လာကြသည်။

" သူတောင်းစားတွေ ဘာရပ်ကြည့်နေတာလဲဟ..."

"ဝိုင်းတိုက်ကြလေ... သတ်ပစ်လိုက်..."

ထိုအခါမှ နိုင်ငံခြားသားများ လှုပ်ရှားလာကြသည်။ (၂) ယောက်၊ (၃) ယောက်ခန့်က ယဲ့ဖန်နှင့် ယွီဖုန်းရှန်းကို စောင့်ကြည့်နေပြီး၊ ကျန်လူများအားလုံးက လိုက်ကျီချန်းဆီသို့ ပြေးဝင်သွားကြသည်။

သူတို့အမြင်တွင် လိုက်ကျီချန်းသည် ယဲ့ဖန်တို့ အဖွဲ့၏ အဓိက တိုက်ခိုက်ရေးသမား ဖြစ်ပုံ ရသည်။

ယဲ့ဖန်သည် ဝင်မပါသေးဘဲ စိတ်ဝင်တစားဖြင့်သာ ကြည့်နေလိုက်၏။

လိုက်ကျီချန်းကတော့ ယဲ့ဖန်ဘေးတွင် ယွီဖုန်းရှန်း ရှိနေသည်ကို မြင်လိုက်ရသဖြင့် စိတ်အေးသွားပြီး၊ သူတို့ကို ဝိုင်းထားသော လူ (၃) ယောက်ကို ဂရုမစိုက်တော့ပေ။

သူသည် အိတ်ကပ်ထဲမှ ကြေးလက်အိတ် တစ်စုံကို ထုတ်ကာ တပ်ဆင်လိုက်၏။

ထို့နောက် ရက်စက်သော အပြုံးတစ်ခုဖြင့် သူ့ကို ဝိုင်းရံလာသော နိုင်ငံခြားသားများဆီသို့ ပြေးဝင်သွားလိုက်လေသည်။

"ခုနက မင်းတို့ ဘာတွေ အော်နေလဲ ဆိုတာ ငါ နားမလည်ပေမယ့်..."

"မင်းတို့ ရုပ်တွေကို ကြည့်ရတာ ငါ သိပ်ဘဝင်မကျဘူး..."

"ငါက နိုင်ငံခြားသားတွေကို မုန်းတယ်... ငါတို့နယ်မြေမှာ လာပြီး ဆရာလုပ်ချင်နေတဲ့ နိုင်ငံခြားသားတွေကို ပိုမုန်းတယ်..."

"ဒါကြောင့်... ဒီနေ့တော့ ငရဲကို သွားလိုက်ကြတော့..."

ထိုနိုင်ငံခြားသားများကသာ စစ်မှန်သော အင်အားဆိုတာ ဘာလဲ မသိကြသူများ ဖြစ်ကြောင်း ထင်ရှားနေ၏။

(၂) မိနစ်၊ (၃) မိနစ် မကြာလိုက်ပေ။ အားလုံး အော်ဟစ်ကာ မြေကြီးပေါ်သို့ လဲကျသွားကြသည်။

လိုက်ကျီချန်းကို ပြန်ကြည့်လိုက်ကြသောအခါ သူတို့၏ အကြည့်များတွင် လှောင်ပြောင်မှုများ မရှိတော့ဘဲ ကြောက်ရွံ့မှုများဖြင့်သာ အစားထိုး ဝင်ရောက်လာပြီ ဖြစ်လေ၏။

ယဲ့ဖန်နှင့် ယွီဖုန်းရှန်းကို ဝိုင်းထားသော လူ (၃) ယောက်ပင်လျှင် အနည်းငယ် ကြောက်လန့်နေသည့်ပုံ ပေါက်နေ၏။

သူတို့သည် ယဲ့ဖန်နှင့် ယွီဖုန်းရှန်းကို အာရုံမစိုက်တော့ဘဲ လိုက်ကျီချန်းကိုသာ ကြောက်ရွံ့တကြီး ကြည့်နေကြသည်။

လိုက်ကျီချန်း သူတို့ဆီ လာပြီး သတ်ပစ်မှာကို စိုးရိမ်နေသည့်ပုံပင်။

မလှမ်းမကမ်းတွင် လဲကျနေသော ဒွန်ဟာဗီးယားသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန် စိတ်ပျက်သွား၏။

သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေရာမှ မီးခိုးရောင် သန်းသွားလေသည်။

သူသည် သူ့တပည့်များကို ဆဲဆိုလိုက်၏။

လိုက်ကျီချန်းသည် နိုင်ငံခြားစကား နားမလည်သဖြင့် ဒွန်ဟာဗီးယား ဘာပြောနေလဲ ဆိုတာကို ဂရုမစိုက်ပေ။ လက်ထဲမှ ကြေးလက်သီးကွင်းကို ကစားရင်း ဒွန်ဟာဗီးယားရှိရာသို့ လျှောက်သွားလိုက်၏။

ယဲ့ဖန်နှင့် ယွီဖုန်းရှန်းကို ဝိုင်းထားသော လူ (၃) ယောက်ကို လုံးဝ ဂရုမစိုက်သည့် ပုံပင်။

သို့သော် ယဲ့ဖန်၏ မျက်နှာထားကတော့ မပြောင်းလဲပေ။

အဘယ်ကြောင့်ဆိုသော် ဒွန်ဟာဗီးယား ဆိုလိုရင်းကို သူ နားလည်လိုက်သောကြောင့် ဖြစ်သည်။

သူ့တပည့်တွေကို ဆဲဆိုပြီးနောက်၊ ဒွန်ဟာဗီးယားက သေနတ်သုံးဖို့ အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။

သူနှင့် ယွီဖုန်းရှန်းကို ဝိုင်းထားသော လူ (၃) ယောက်တွင် သေနတ် ပါလာ၏။

ဒီနိုင်ငံခြားသားတွေက တကယ့်ကို မိုက်ရူးရဲ ဆန်လွန်းသည်။

တရုတ်နိုင်ငံထဲမှာ ဓားပြတိုက်ရုံသာမက၊ တားမြစ်ထားသော သေနတ်တွေကိုပါ ယူလာရဲကြသေးသည်။

ဒွန်ဟာဗီးယား၏ အဆိုအရ...

သူတို့ ဒီကိစ္စကို လုပ်ဖို့ ပြင်ဆင်ကတည်းက အသေးစိတ် စီစဉ်ထားပြီး ဖြစ်သည်။

မှောင်ခိုဈေးနှင့် မဝေးသော ကမ်းခြေတွင် မှောင်ခိုသင်္ဘောတစ်စင်းက သူတို့ကို စောင့်နေ၏။

ယခုအချိန်မှာ သူက သူ့တပည့်တွေကို သေနတ် ထုတ်သုံးခိုင်းပြီး...

ယဲ့ဖန်၊ လိုက်ကျီချန်းနှင့် ယွီဖုန်းရှန်းတို့ကို အမြန်ဆုံး သတ်ပစ်မည်။

'ချင်မင်းဆက် သုံးပါးသီလ ကျမ်းစာ' ကို လုယူပြီးသည်နှင့်၊ မှောင်ခိုသင်္ဘောဆီ တန်းပြေးပြီး တရုတ်ရေပိုင်နက်ထဲကနေ အမြန်ဆုံး ထွက်ခွာသွားမည်။

ပြီးလျှင်တော့ ဝေးဝေးကို ထွက်ပြေးမည်ပေါ့။

ယဲ့ဖန်သည် ဒွန်ဟာဗီးယားဆီသို့ လျှောက်သွားနေသော လိုက်ကျီချန်းကို ကြည့်လိုက်၏။

သူနှင့် ယွီဖုန်းရှန်း ဘေးမှ ရွှေရောင်ဆံပင်၊ မျက်လုံးပြာနှင့် လူ (၃) ယောက်သည် အခွင့်ကောင်းကို စောင့်ပြီး ခါးကြားသို့ လက်နှိုက်လိုက်ကြသည်။

ထိုအခိုက်အတန့်၌၊ ယဲ့ဖန်၏ မျက်လုံးများ အေးစက်သွားပြီး ချက်ချင်းပင် လှုပ်ရှားလိုက်တော့၏။

All Chapters