← Chapters

ချင်းရှုမျှော်စင်

Vol. 15 Ch. 164

ချင်းရှုမျှော်စင်

Vol. 15 Ch. 164

တကယ်တော့ ချင်းရှုအပြုအမူက ကွေ့ယွမ်ဘုရားကျောင်းက ဘုန်းကြီးကိုလည်း အံ့အားသင့်သွားစေခဲ့သည်။ သူချင်းရှုကို ထူးဆန်းစွာတစ်ချက်ကြည့်လိုက်ပြီး မိုးကြိုးကျောက်တုံးကို ပစ်ပေးလိုက်၏။ ထို့နောက် တံဆိပ်ပြားများကိုယူကာ ကျောက်တုံးတောအုပ်ထဲ ပြန်၀င်သွားခဲ့သည်။

“ရပြီကွ!”

ကျောက်တုံးကိုကိုင်ကာ ချင်းရှု ကျန်းယန်ရှိရာ အရပ်ဆီ စိတ်လှုပ်ရှားစွာ ပျံသန်းလာခဲ့၏။

ထိုစဉ် ကျောက်တုံးတောအုပ်ထဲက ဘုန်းကြီးသူ့အပြုအမူကို သတိပြုမိသွားပြီး တောအုပ်ဗဟိုသို့သွားကာသတင်းပို့ခဲ့လေသည်။

ရှို့ယိဘုရားကျောင်းသည် လဲလှယ်ဖို့ အခုလိုလူတစ်ယောက်ထဲကိုသာ ပို့လိုက်မည်မဟုတ်ဘဲ နောက်တွင် သူ့ကိုကာကွယ်ပေးမည့်သူများပါလာနိုင်သေးမှန်း အစကတည်းက တွေးမိထားသောကြောင့် သိပ်တော့ အံ့ဩမနေကြပေ။

ကျန်းယန် လဲလှယ်နေသည့်တစ်ချိန်လုံး သတိအပြည့်ဖြင့် ရှိနေခဲ့၏။ ကွေ့ယွမ်ဘုရားကျောင်းကလူများ ချင်းရှုနောက်လိုက်မလာတာ သေချာမှသာ သူစိတ်အေးသွားခဲ့ရပြီး စစ်ထူမင်ယွဲ့တို့နှင့် ပြန်သွားပေါင်းခဲ့သည်။

“နေရာတစ်နေရာရှာတော့ ငါအမြန်လက်နက်သန့်စင်ဖို့လိုနေပြီ” ချင်းရှု စိတ်လှုပ်ရှားစွာပြောလိုက်၏။

“လက်နက်သန့်စင်ပြီးသွားတာနဲ့ ငါတို့ဘယ်သူ့ကိုမှကြောက်နေစရာမလိုတော့ဘူး”

ကျန်းယန်လည်းစိတ်လှုပ်ရှားနေခဲ့သည်။ သူလည်း ချင်းရှုသန့်စင်သော နတ်၀ိညာဥ်အ‌ဆင့်စွမ်းအားထုတ်‌ေပးနုိင်သည့် လက်နက်က ဘယ်လိုလက်နက်မျိုး ဖြစ်လာမလဲဆိုတာ သိချင်နေခဲ့၏။

ထို့နောက် သူတို့အရင်ကစခန်းချခဲ့သော ခံတပ်များထဲမှတစ်ခုဆီ ပြန်သွားခဲ့လိုက်ကြသည်။

“တာအိုပညာရှင် မင်းကလက်နက်သန့်စင်တဲ့နေရာမှာပဲ အာရုံစိုက်ထား ကျန်တာတွေကို ငါတို့တာ၀န်ထားလိုက်” ကျန်းယန် ပြောလိုက်၏။

ထို့နောက် သူစစ်ထူမင်ယွဲ့တို့အား ဤနေရာကို သေချာစောင့်ကြပ်ထားကြဖို့ ညွှန်ကြားလိုက်သည်။

လက်နက်သန့်စင်နေသည်ကို စောင့်ကြည့်နေရင်း သူအဆောင်အနည်းငယ်လည်း ထပ်လုပ်နေခဲ့သေး၏။

သူအဆောင်များကို ဆက်တိုက်မလုပ်ရခြင်းအကြောင်းအရင်းမှာ ကျားမိစ္ဆာ၏ စိတ်ကိုအနားရစေရန် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်။ အကယ်၍ သူသာ ကျားသွေးများကိုဆက်တိုက်ဖောက်ထုတ်၍ အဆောင်များရေးဆွဲနေခဲ့လျှင် ကျားမိစ္ဆာခန္ဓာကိုယ်က ခံနိုင်လျှင်တောင် သူ့စိတ်၀ိညာဥ်ကတော့ ကြေကွဲသွားနိုင်၏။

တကယ်တော့ ထိုကျားကြီးအတွက် သွေးနည်းနည်းလောက်ဆုံးရှုံးရခြင်းက ဘာမှ မဟုတ်ပေ။

သို့သော် ကျန်းယန် သွေးနည်းနည်းတောင်းတိုင်း ထိုကျားမိစ္ဆာကြီးက သူ့အသက်ကို ပေးရတော့မလို အကြောက်အကန်အမူအရာမျိုး ဖြစ်ဖြစ်သွားတတ်သည်။

ဤတစ်ကြိမ်လက်နက်သန့်စင်ခြင်းအတွက် အချိန်အတော်ယူလိုက်ရပြီး တစ်လတိတိကြာသွားခဲ့၏။

တကယ်တော့ လက်နက်တစ်ခုသန့်စင်ဖို့ တစ်လကြာခြင်းကို ကြာသည်ဟုတော့ ပြောမရပေ။ အထူးသဖြင့် စွမ်းအားကြီးရတနာတစ်ခုကို သန့်စင်သောအခါတွင်ဖြစ်သည်။

သို့သော် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲတွင်ဆိုလျှင်တော့ ထိုတစ်လက အတော်လေးကြာသောအချိန်ဟု ပြော၍ ရ၏။

ကံကောင်းစွာဖြင့် နောက်ဆုံးတွင် လက်နက်သန့်စင်ခြင်းက အောင်မြင်သွားခဲ့သည်။

“ကျန်းယန် လာ လာ တစ်ချက်လောက်စမ်းကြည့်” ချင်းရှု စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။

“ဒါကို အရင်ဆုံး မင်းအပိုင်ဖြစ်သွားအောင် အသိအမှတ်ပြုလိုက် ပြီးရင် ငါမင်းကို ဘယ်လိုသုံးရမလဲ သင်ပေးမယ်”

အခြားသူများတွင် လုံလောက်သော စိတ်ဝိညာဉ်စွမ်းအားမရှိသောကြောင့် ထိုလက်နက်သည် ကျန်းယန်တစ်ယောက်တည်းသာ အသုံးပြုနိုင်သော လက်နက်မျိုး ဖြစ်ပေသည်။

ကျန်းယန် သူ့ရှေ့ကလက်နက်ကိုတစ်ချက်ကြည့်လိုက်၏။ ထိုလက်နက်သည် မျှော်စင်ပုံသဏ္ဍာန်လက်နက်မျိုးဖြစ်ကာ မိုးကြိုးသလင်းကျောက်မှသန့်စင်ထားသော ပုတီးစေ့ကို မျှော်စင်ထိပ်ဖျားတွင်တင်ထားပြီး ထိုပုတီးစေ့တွင် မိုးကြိုးများက တဖြတ်ဖြတ်ပြေးနေသောကြောင့် သူ့ပုံစံက ထူးဆန်းနေခဲ့သည်။

ဤအရာကြီးတွင် တကယ်ကြီး နတ်ဝိညာဉ်အဆင့်တစ်ယောက်၏စွမ်းအားမျိုး ရှိနေခြင်းပေလော။

အရင်တုန်းကဆိုလျှင် သူသည် အဆင့်မြင့် စိတ်ဝိညာဉ်ရတနာများကိုသာ အသုံးပြုခဲ့သူဖြစ်ပြီး အခုလို အဆင့်နိမ့်ရတနာမျိုးကို တစ်ခါမှ အသုံးမပြုခဲ့ဖူးပေ။

ခေတ်သစ်လေးလိုအရာမျိုးကိုဆိုလျှင် သူ့မျက်လုံးထဲတွင် မှော်လက်နက်ဟုပင် မြင်မရပေ။

သွေးတစ်စက်ချကာ ထိုလက်နက်ကိုအသိအမှတ်ပြုပြီးနောက်တွင် ကျန်းယန် ချင်းရှုကိုကြည့်ကာ မေးလိုက်၏။

“ငါဘယ်လိုသုံးရမှာလဲ”

ချင်းရှု မျှော်စင်ကိုလက်ညှိုးထိုးပြလိုက်ကာ ရှင်းပြလိုက်သည်။

“ကြည့် ဒီအောက်ဆုံးအထပ်ကိုက မြေကမ္ဘာကောင်းကင်နဲ့မြေပြင်ရတနာကိုသုံးပြီး တည်ဆောက်ာထားတာ အဲ့တာက ဒီလက်နက်ရဲ့ အုတ်မြစ်ပဲ အပေါ်ကအထပ်တွေကိုတော့

သတ္တု သစ်သား ရေ မီး ဆိုတဲ့ ဒြပ်စင်လေးမျိုး ရတနာတွေနဲ့ တည်ဆောက်ထားတာ

မင်းစိတ်ဝိညာဉ်စွမ်းအားတွေကို ဒိီမျှော်စင်ထဲထည့်လိုက်ရင် အရင်ဆုံး အောက်ဆုံးအထပ်က အသက်၀င်လာလိမ့်မယ် အောက်ဆုံးအထပ်အသက်၀င်သွားရင် စိတ်ဝိညာဉ်စွမ်းအားနှစ်ဆထပ်ထည့်လိုက် ဒါဆို ဒုတိယအထပ်အသက်၀င်လာမယ် စွမ်းအားကလည်း နှစ်ဆဖြစ်လာလိမ့်မယ် … အထပ်တွေအားလုံးအသက်၀င်သွားရင် စွမ်းအားတွေအားလုံးက ထိပ်ဆုံးက မိုးကြိုးကျောက်တုံးထဲ၀င်သွားပြီးတော့ အားကောင်းလွန်းတဲ့ စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာလိမ့်မယ်”

ကျန်းယန် ချင်းရှုကိုတစ်ချက်ကြည့်ကာ ကြိတ်တွေးနေမိ၏။

ဤအရာကြီး၏ အလုပ်လုပ်ပုံက စွမ်းအားမြှင့်စက်ကြီးနှင့်တူမနေပါဘူးလော။

တစ်ထပ်ချင်းစီစွမ်းအားကိုတိုးပေးသွားပြီး နောက်ဆုံးတွင်မှ ဝုန်းကနဲ ပေါက်ကွဲထွက်လာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူ့စိတ်ဝိညာဉ်စွမ်းအားကို မျှော်စင်ထဲထည့်ဖို့ကြိုးစားခဲ့သော်လည်း မျှော်စင်က အသက်၀င်မလာခဲ့ပေ။

“ငါမင်းကိုပြောပါတယ် ဒီဟာကိုသုံးဖို့က စိတ်ကူးလို့မရအောင်များတဲ့ စိတ်ဝိညာဉ်စွမ်းအားပမာဏလိုပါတယ်လို့” ချင်းရှု ကျန်းယန်ကို သူမလုပ်နိုင်မှာ အနညး်ငယ်စိတ်ပူသွားဟန်ဖြင့် ပြောလိုက်၏။

အကယ်၍ ကျန်းယန်၏စိတ်ဝိညာဉ်စွမ်းအားကသာ မလုံလောက်ခဲ့ပါက သူ့လက်နက်ကိုအသုံးပြုနိုင်သော ဝိညာဉ်အခြေတည်အဆင့် ရှိတော့မည် မဟုတ်ပေ။

ကျန်းယန် မျက်မှောင်ကြုံ့လိုက်ကာ လက်နက်ထဲစိတ်ဝိညာဉ်စွမ်းအင်ပမာဏ ပိုထည့်လိုက်လေသည်။ သူ့စိတ်ဝိညာဉ်စွမ်းအင်များက လက်နက်ထဲ ကြမ်းတမ်းစွာ စီး၀င်သွားခဲ့ကြ၏။

လုံလောက်သော စိတ်ဝိညာဉ်စွမ်းအင်ပမာဏရရှိသွားသောအခါတွင်တော့ နောက်ဆုံးတွင် မျှော်စင်က တုန့်ပြန်လာခဲ့သည်။ မျှော်စင်ပေါ်က ကဗ္ဗည်းများ အသက်၀င်လာခဲ့၏။

“မင်းထိန်းထားနိုင်သေးလား” ချင်းရှု စိတ်ပူနေဟန်ဖြင့် မေးလိုက်သည်။

ကျန်းယန် မဖြေခဲ့ပေ။ စိတ်ဝိညာဉ်စွမ်းအားကိုသာ ထိန်းချုပ်၍ ဆက်ထည့်နေခဲ့၏။ ထို့နောက်တွင်တော့ တစ်ထပ်ပြီးတစ်ထပ်အသက်၀င်လာခဲ့ကာ နောက်ဆုံးတွင် မိုးကြိုးကျောက်တုံးက လင်းလက်လာခဲ့ပြီး အနီးရှိလူတိုင်း ကြောက်ရွံ့သွားလောက်မည့် အလွန်ကြီးမားသော စွမ်းအားကြီးတစ်ခု မျှော်စင်ထိပ်တွင်စုဝေးလာခဲ့လေသည်။

ထိုကဲ့သို့သော စွမ်းအားမျိုးက နတ်ဝိညာဉ်အဆင့်၏စွမ်းအားမှန်း သံသယရှိစရာပင် မလိုပေ။

“အလုပ်ဖြစ်တယ်ကွ!” ချင်းရှု စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။

“ငါပြောပါတယ် ငါ့လက်နက်မှာ ဘာပြဿနာမှမရှိပါဘူးလို့ အဲ့ဒီလူတွေက ဒါကိုသုံးဖို့အားနည်းလွန်းနေကြတာ ဟုတ်ပြီဟုတ်ပြီ စမ်းသပ်တာလည်း အောင်မြင်သွားပြီဆိုတော့ မင်းစိတ်ဝိညာဉ်စွမ်းအားကို ပြန်သိမ်းလိုက်တော့ ဖြုန်းတီးမပစ်နဲ့ ဒီလက်နက်ကိုသုံးရင် စိတ်ဝိညာဉ်စွမ်းအားက အတော်ကုန်တာကွ”

ကျန်းယန် ဖြည်းဖြည်းချင်း သူ့စိတ်ဝိညာဉ်စွမ်းအားများကို ပြန်သိမ်းလိုက်ကာ လေးလေးနက်နက်ပြောလိုက်သည်။

“ဒီလက်နက်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကုန်ကျမှု ပမာဏက တကယ်ကြောက်စရာပဲ ငါတောင် အများဆုံးမှ နှစ်ခါပဲ သုံးနိုင်လောက်မယ် ပြီးရင်တော့ ဆက်ထိန်းထားနိုင်တော့မှာမဟုတ်ဘူး”

“ဘာ!” ချင်းရှု အော်ပြောလိုက်မိကာ ကျန်းယန်ကိုမယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့၏။

မင်းအဲ့တာကို နောက်တစ်ကြိမ်သုံးနိုင်သေးတယ်လား!

သူကျန်းယန်ကိုအံ့ဩတုန်လှုပ်စွာ ကြည့်လိုက်ပြီး

“မင်းမှာ စိတ်ဝိညာဉ်စွမ်းအား ဘယ်လောက်တောင်ရှိနေတာလဲ”

ထိုလက်နက်၏စိတ်ဝိညာဉ်စွမ်းအင်ကုန်ကျမှုအကြောင်း သူ့ထက် ဘယ်သူမှမသိနိုင်ပေ။ ထို့ကြောင့်လည်း သူတုန်လှုပ်နေခဲ့ရခြင်း ဖြစ်သည်။

“အများကြီးမဟုတ်ပါဘူး သာမန်လူတွေထက် နည်းနည်းပိုရုံလောက်ပဲ” ကျန်းယန် ပြုံးကာ ဖြေလိုက်၏။

“ဒါက မင်းပြောတဲ့ နည်းနည်းဆိုတာလား” ချင်းရှု ဆွံ့အသွားခဲ့သည်။

ကျန်းယန်ကတော့ ရယ်မောလိုက်ပြီး လက်နက်ကိုသိမ်းလိုက်ကာ အတော်လေး ပျော်ရွှင်နေခဲ့မိ၏။

အခုလို ကြောက်စရာလက်နက်မျိုးနှင့်ဆိုလျှင် သူလေးနက်သော ကိစ္စရပ်များကို လုပ်နိုင်ချေပြီ။

ဘားရတ်ရိုင်ဖယ်က အတော်လေးကောင်းသောလက်နက်ဖြစ်သော်လည်း ထိုအရာကိုသုံးဖို့က တိကျသောအခြေအနေများ လိုအပ်ပေသည်။ ဤမျှော်စင်ကတော့ ထိုကဲ့သို့မဟုတ်ပေ။ စိတ်ဝိညာဉ်စွမ်းအင်ထည့်နိုင်သလောက် သုံး၍ ရပြီး သူ့တွင်ကန့်သတ်ချက်ဟူ၍လည်း မရှိပေ။

သူချင်းရှုကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။

“ဒီလက်နက်ကို မင်းကိုယ်တိုင်သုတေသနလုပ်ပြီး မင်းကိုယ်တိုင်သန့်စင်ထားတာ ဘာလို့ ချင်းရှုမျှော်စင်လို့မခေါ်ရမှာလဲ”

“ဒါ…ဒါက နည်းနည်းရှက်စရာကောင်းတယ်” ချင်းရှု ရှက်ရွံ့နေဟန်ဖြင့် လက်ဖဝါးချင်းပွတ်နေသော်လည်း သူ့မျက်နှာပေါ်ကအပြုံးကြီးကတော့ သူဘယ်လောက်ဂုဏ်ယူနေမှန်း ဖော်ပြနေခဲ့သည်။

ကျန်းယန် အားရပါးရရယ်မောလိုက်ကာ

“ငါတို့ဂိုဏ်းကိုပြန်ရောက်ရင် မင်းပိုအားကောင်းတဲ့ ချင်းရှုမျှော်စင်မျိုး ဖန်တီးနိုင်မှာသေချာတယ် အဲ့ဒီအချိန်ကျရင် ငါတို့က အဇူရာတိမ်ဂိုဏ်းထဲမှာပဲ ထိုင်နေရင်းနဲ့ပဲ နတ်ဝိညာဉ်အဆင့်တွေ တာအိုပေါင်းစည်းခြင်းအဆင့်တွေ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေကိုအမှုန့်ချေပစ်မယ် ငါပြောဖူးတာကို မမေ့နဲ့ တကယ်စွမ်းအားကြီးတဲ့လက်နက်ကိုသာ လီပေါင်းထောင်ချီက ရန်သူကိုလည်း သတ်ဖြတ်ပစ်နိုင်တယ် ငါတို့ပြန်ရောက်ရင် အဲ့ဒီအပိုင်းကို သေချာလေ့လာကြမယ်”

“အင်း” ချင်းရှု ခေါင်းညိတ်ပြလိုက်ပြီး သူ့စိတ်ထဲ စိတ်၀င်စားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ကျန်းယန် ချင်းရှုပုခုံးကိုပုတ်လိုက်ကာ အခြားသူများဘက်လှည့်ကြည့်လိုက်ပြီး

“အခုငါတို့မှာ ချင်းရှုမျှော်စင်ရှိနေပြီဆိုတော့ ငါတို့ကြီးမားတာတစ်ခုခုလုပ်ဖို့သွားကြရအောင် သွားကြစို့ ဗဟိုခန်းမကိုသွားပြီး ငါတို့အဲ့တာကိုဖွင့်နိုင်မလား ကြည့်ကြတာပေါ့”

သူကျိယန်ကို အဓိပ္ပာယ်ပါပါတစ်ချက်ကြည့်လိုက်ကာ ပြောလိုက်၏။

“ခန်းမထဲမှာ ကောင်းတဲ့အရာတွေရှိတာသေချာတယ် နင်ကအခုအကျိုးဆောင်ထားပေမယ့် နင့်အကျိုးဆောင်မှုက ခန်းမထဲက အရာတွေကိုလက်ခံဖို့ မလုံလောက်သေးဘူး

အဲ့ဒီအထဲက အရာတွေကိုလက်ခံဖို့က ငါတို့လူဖြစ်နေမှရမှာ ငါတို့နင့်ကိုယုံအောင် ဘယ်လိုလုပ်ရမလဲဆိုတာ နင်စဉ်းစားထားဖို့လိုတယ် နင်ကငါတို့ရဲ့ ယုံကြည်ရတဲ့ အဖွဲ့၀င်တစ်ယောက်ဖြစ်လာတာနဲ့ အထဲက အကျိုးအမြတ်တွေကို ယူခွင့်ရလာလိမ့်မယ် မဟုတ်ရင်တော့ နင့်အကျိုးအမြတ်ကိုယူဖို့ ငါတို့အခြားဂိုဏ်းကြီးတွေရဲ့ ခံတပ်ကြီးတွေကို တိုက်ခိုက်ပြီးတဲ့အချိန်ထိ စောင့်ပေတော့”

လတ်တလောတွင် သူကျိယန်ကို အပြည့်အ၀ မယုံကြည်သေးပေ။ နောက်ဆုံးတွင် သူမသည် တစ်ခါထွက်ပြေးခဲ့ဖူးသူ ဖြစ်လေရာ ရတနာများကိုရပြီးမှ နောက်တစ်ခါထွက်မပြေးဘူးဟု မည်သူကပြောနိုင်ပါမည်နည်း။

ခန်းမထဲက အရာများသည် အမတများ မိစ္ဆာများ သားရဲများ တစ္ဆေများ အလွန်အမင်းတောင့်တသော အရာများဖြစ်လေရာ ကောင်းကင်နှင့်မြေ‌ပြင်အောက်တွင် တန်ဖိုးအရှိဆုံး ရတနာများ ဖြစ်နေမှာ သေချာ၏။

ထိုကဲ့သို့သောအရာမျိုးကို မယုံကြည်ရသောလူတစ်ယောက်ထံ ပေးအပ်ဖို့ မည်သို့ဖြစ်ပါမည်နည်း။

All Chapters