← Chapters

သူ့စွမ်းအားကို ပြသတဲ့ချင်းရှုမျှော်စင်

Vol. 15 Ch. 166

သူ့စွမ်းအားကို ပြသတဲ့ချင်းရှုမျှော်စင်

Vol. 15 Ch. 166

ဂိုဏ်းကြီး ၉ ဂိုဏ်းမှလူများ ခန်းမကြီးကို ပျင်းရိစွာ စောင့်ကြပ်နေခဲ့ကြသည်။

သူတို့ရောက်ခါစကတော့ အလွန်စိတ်လှုပ်ရှားခဲ့ကြဖူး၏။

နောက်ဆုံးတွင် သူတို့၌ ထိုခန်းမကြီးကိုဖွင့်နိုင်သည့် အခွင့်အရေးရှိနေသည် မဟုတ်ပါလား။ အကယ်၍များ သူတို့ဖွင့်နိုင်သွားခဲ့လျှင် ခန်းမထဲက အရာများကို ရရှိနိုင်ကြပေလိမ့်မည်။

သို့သော် ခန်းမကြီးက အားနည်းချက်ဟူ၍ ဘာမှကို မရှိခဲ့ပေ။

သူတို့ ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့် ၃၆စုပေါင်းထားသော မှော်သိုင်းကွက်ကပင် အချည်းနှီးဖြစ်သွားခဲ့သောအခါတွင်တော့ သူတို့ခန်းမနှင့်ပတ်သက်ပြီး လက်သာလျှော့ခဲ့လိုက်ကြသည်။

ထိုအခါ ဤနေရာလို ဘယ်သူမှလည်းမလာ ဘာအရင်းအမြစ်မှလည်း မရှိသောနေရာမျိုးက သူတို့အတွက် အလွန်အမင်းပျင်းစရာကောင်းလာခဲ့၏။

အပျင်းပြေတိုက်ခိုက်စရာလူပေါ်လာဖို့ပင် မဖြစ်နိုင်ခဲ့ပေ။

ဘယ်သူက ဂိုဏ်းကြီး၉ဂိုဏ်းကို အပြစ်မပြုရဲကြသလို ထိုနေရာတွင် စောင့်ကြပ်နေသည်ကလည်း ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့် ၃၆ ယောက်ဖြစ်နေလေရာ ဘယ်သူက လာရဲပါတော့မည်နည်း။

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် အကြိမ်ကြိမ်သက်ပြင်းချလိုက်ပြီး

“တကယ်လို့ ဒီနေရာကသာ ဒီလောက်ပျင်းစရာကောင်းမယ်မှန်း သိနေရင် ငါမလာခဲ့ပါဘူးကွာ အခြားခံတပ်တစ်ခုခုကိုရွေးပြီးပဲ သွားတိုက်ခိုက်တော့မှာပေါ့ ဒီနေရာကြီးက ပျင်းစရာကောင်းလွန်းတယ်”

“ငါလည်းအဲ့တာပြောတာ” အခြားတစ်ယောက်လည်း ၀င်ထောက်ခံလိုက်သည်။

“အလွန်ဆုံးမှ သုံးလကျော်ပဲ စောင့်ရတော့မှာပါလေ ခံတပ်ကလူတွေအဆင်သင့်ဖြစ်တာနဲ့ ခန်းမဆီရောက်လာကြလိမ့်မယ် အဲ့ဒီအခါ ဒီနေရာကစည်ကားသွားလိမ့်မယ် ဂိုဏ်းကြီးကလူတွေ လက်ရည်စမ်းကြပြီး ငါတို့ဂိုဏ်း‌ေတွရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးကြလိမ့်မယ်”

“ငါတို့ဘာလို့အခု လက်ရည်မစမ်းရမှာလဲ”

“မကောင်းဘူးထင်တယ်နော် ငါတို့လက်ရည်စမ်းနေတုန်း အခြားဂိုဏ်းကကောင်တွေ ခိုး၀င်လာနိုင်တယ်”

သူတို့ငြင်းခုန်နေကြချိန်တွင် တစ်ယောက်ယောက်အဝေးကိုကြည့်ကာ ရုတ်တရက် ထပြောလိုက်၏။

“တစ်ယောက်ယောက်လာနေတယ်”

“အို့ အဲ့တာက မိန်းမတစ်ယောက်ဟ ဘယ်ဂိုဏ်းကလဲ သူကလှလိုက်တာ”

“ဘာလို့ သူ့ပုံစံကိုရင်းနှီးနေသလို ခံစားနေရပါလိမ့်”

“ဘာဂရုစိုက်စရာလိုလဲ ဒီနေရာမှာပျင်းနေတာကြာပြီ ပျော်စရာလေးတွေ သွားရှာလိုက်ကြရအောင်”

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် ရှေ့သို့ အတင်းတက်သွားခဲ့ပြီး အော်ပြောလိုက်သည်။

“ခန်းမနားကပ်လာရဲတယ်လား မင်းသေချင်နေတာပဲ”

အလွန်တရားပျင်းရိနေသောကြောင့် သူအရင်စတင်လှုပ်ရှားလိုက်ခြင်း ဖြစ်၏။

သို့သော် သူအနားကပ်လာသည်နှင့် ချင်းရှုနှင့်စစ်ထူမင်ယွဲ့တို့ဆီမှ မီးတောက်အဆောင်များထွက်လာခဲ့ပြီး မီးတောက်များက ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်ကို လွှမ်းခြုံသွားခဲ့လေသည်။

ထိုမီးတောက်များ မပျောက်ကွယ်သွားသေးခင်တွင် ချင်းရှုနှင့်စစ်ထူမင်ယွဲ့တို့ဆီမှ မိုးကြိုးအဆောင်နှစ်ခု ထပ်ထွက်လာခဲ့ပြန်၏။

“မကောင်းတော့ဘူး သူတို့က ငါတို့ကိုတိုက်ခိုက်ဖို့လာနေတာ အမြန်လှုပ်ရှားကြ”

အဆောင်လေးခုချက်ချင်းထွက်လာသည်ကိုမြင်သောအခါ ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် အခြေအနေကိုရိပ်စားမိသွားပြီး တိုက်ပွဲထဲ အမြန်၀င်ပူးပေါင်းလိုက်လေသည်။

ရန်သူများလှုပ်ရှားလာသည်ကိုတွေ့သောအခါ စစ်ထူမင်ယွဲ့နှင့်ချင်းရှုတို့ အဆောင်များကို မရပ်မနား တစ်ခုပြီးတစ်ခု ပစ်လွှတ်လေတော့၏။ မိုးကြိုးနှင့်မီးတောက်အဆောင်များက တစ်ခုပြီးတစ်ခု အစောင့်ကျင့်ကြံသူများ၏ ခေါင်းများအနီးတွင် ပေါက်ကွဲထွက်ကုန်ကြသည်။

ဒါဇင်နှင့်ချီသောအဆောင်များကို ကိုင်ဆောင်ထားသည့် လူနှစ်ယောက်က သူတို့ရှေ့က ၈ယောက် ၉ယောက်လောက်ရှိသော ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်များကို အဆက်မပြတ် ဖိနှိပ်နေခဲ့ကြ၏။

“ဘာလို့ အခြားဘက်ခြမ်းကစစ်ကူတွေရောက်မလာသေးတာလဲ သူတို့ဘာတွေစောင့်နေတာလဲဟ” ကျင့်ကြံသူတစ်ယောက် ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။

အကယ်၍ ထိုသူများမလှုပ်ရှားသေးလျှင် သူတို့ထိုအဆောင်များ၏အောက်တွင် သေပင် သေသွားနိုင်၏။

သာမန်မှော်သိုင်းကွက်များနှင့်မတူသည်မှာ အဆောင်များကိုအသက်သွင်းဖို့ ကောင်းကင်နှင့်မြေပြင်နိယာမများကို ထိန်းချုပ်စရာမလိုဘဲ စိတ်ဝိညာဉ်စွမ်းအားထည့်သွင်းရုံသာလိုသောကြောင့် အလွယ်တကူပင် လျင်မြန်စွာ အဆက်မပြတ်ပစ်လွှတ်နိုင်နေခဲ့သည်။

တိုက်ပွဲက အရှိန်မြင့်လာသောအခါ အခြားအရပ်မျက်နှာများမှ အစောင့်များလည်း ကူညီဖို့ ရောက်ရှိလာခဲ့ကြ၏။

ထိုစဉ် ရှို့ယိဘုရားကျောင်းမှလူတစ်ယောက် ချင်းရှုကို မှတ်မိသွားပြီး အော်ပြောလိုက်လေသည်။

“ချင်းရှု မင်းဘာတွေလုပ်နေတာလဲ ချက်ချင်း ရပ်လိုက်စမ်း”

ချင်းရှုမရပ်ခဲ့ဘဲ အဆောင်များကိုသာ တစ်ခုပြီးတစ်ခုဆက်တိုက်ပစ်လွှတ်နေခဲ့၏။

လူများကို အဆောင်များဖြင့်ပစ်ပေါက်ရခြင်းက ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာ သူသိရှိလာခဲ့သည်။

ရှို့ယိဘုရားကျောင်းကလူပါလာသောကြောင့် အခြားဂိုဏ်းကြီးများက အစောင့်များစိုးရိမ်သွားကြသော်လည်း သူတို့ဂိုဏ်းတူညီကိုချင်းပင် တားမရတာကို တွေ့သွားသောအခါမှ စိတ်အေးသွားခဲ့ကြ၏။ ဤကိစ္စတွင် ရှို့ယိဘုရားကျောင်းပါ၀င်နေတာ မဖြစ်နိုင်တော့ပေ။

ဝိညာဉ်အခြေတည်အဆင့်လေးနှစ်ယောက်က အခုလို ဖရိုဖရဲဖြစ်အောင်လာလုပ်နေသောကြောင့် အစောင့်များ စိတ်တိုလာခဲ့ကြသည်။

“အဆောင်လေးတွေနဲ့ လာရှုပ်နေတဲ့ကောင်တွေ မင်းတို့မောက်မာနိုင်အောင် အဆောင်ဘယ်လောက်ကျန်သေးလဲ ကြည့်ကြသေးတာပေါ့”

“မင်းတို့အဆောင်တွေကုန်သွားရင် မင်းတို့သေပြီပဲ”

“ချင်းရှု ငါမင်းကိုအပြစ်ပေးကိုပေးမယ် ငါ့ဆရာဆူရင်တောင် ငါဂရုမစိုက်ဘူးကွာ မင်းကိုလွှတ်မပေးနိုင်ဘူး”

ကျင့်ကြံသူ ၃၆ယောက် ဒေါသများပေါက်ကွဲကုန်ကြသည်။

သူတို့ပျင်းနေသော်လည်း လူတစ်ယောက်က သူတို့ကို အခုလိုအရုပ်လေးများလို လာကစားတာကိုတော့ မခံလိုကြပေ။

ချင်းရှုတို့ အဆောင်များဆက်ပစ်နေပြီး ရန်သူများကို ကျန်းယန်ခြုံခိုတိုက်ရန် ပြင်ဆင်ထားသော နေရာသို့ ခေါ်လာခဲ့၏။

သူတို့တွင်အဆောင် ၈၀ကျော်ရှိသော်လည်း ထိုအရာလောက်ဖြင့် ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့် ၃၆ ယောက်ကိုသတ်လို့ရမည်ဟု တွေးရလောက်အောင်ထိတော့ သူတို့မအပေ။

ထိုစဉ် ချင်းရှုတို့လက်ထဲက အဆောင်များနည်းပါးလာသည်ကိုမြင်ပြီး ကျင့်ကြံသူ၃၆ယောက်၏ အမူအရာများ ကြမ်းကြုတ်လာကြသည်။

“ပြေးလေ ဘာလို့မပြေးသေးတာလဲ”

“ပစ်စမ်းပါ မင်းတို့မှာအဆောင်ဘယ်လောက်ကျန်သေးလို့လဲ”

“ချင်းရှု ဒီနေရာမှာ ဒူးလာထောက်ပြီး မင်းအပြစ်ကိုခံယူစမ်း”

“ပြီးတော့ ကောင်မလေး အခုအညံ့ခံရင် ငါမင်းအသက်ကိုချမ်းသာပေးမယ်”

ကျန်းယန်နှင့်ချင်းရှုတို့ မျှားခေါ်လာချိန်တွင် ကျန်းယန်ကလည်း ချင်းရှုမျှော်စင်ကို အသက်သွင်းထားခဲ့ပြီးချေပြီ။

များပြားလွန်းသော စိတ်ဝိညာဉ်စွမ်းအင်များထည့်သွင်းပြီးသောအခါ နောက်ဆုံးတွင် မျှော်စင်ထိပ်က အလုံးလေးပေါ်၌ မိုးကြိုးများ ဖြတ်ပြေးလာခဲ့၏။

“လာလေရော့!”

ကျန်းယန် အော်ဟစ်လိုက်ကာ ချင်းရှုမျှော်စင်၏စွမ်းအားများဖြင့် ကျင့်ကြံသူ ၃၆ယောက်ကို ပစ်လွှတ်လိုက်လေသည်။

ရုတ်ချည်းဆိုသလို ကောင်းကင်ကြီးမှောင်မည်းသွားခဲ့ပြီး မီတာ ၄၀၀ ၅၀၀ ရှိသောဧရိယာကြီးတစ်ခုလုံး မိုးကြိုးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။

နတ်ဝိညာဉ်အဆင့်တစ်ယောက်၏စွမ်းအားက တိုက်ပွဲကွင်းပြင်ထဲတွင် ပေါ်ထွက်လာခဲ့ချေပြီ။

နတ်ဝိညာဉ်အဆင့်တစ်ယောက်က ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ထက် အများကြီးပိုပြီး သန်မာရခြင်းမှာ ထိုအဆင့်တွင် ကောင်းကင်နှင့်မြေပြင်နိယာမများကို ပိုပြီးထိန်းချုပ်နိုင်၍ ဖြစ်ပေသည်။ ပိုအရေးကြီးသည်မှာ ထိုအဆင့်ကျင့်ကြံသူများသည် ထိုနိယာမများကို တာအိုနှင့်ပေါင်းစပ်ပြီး ကမ္ဘာကြီးကို လိုသလိုပုံသွင်းနိုင်ကြ၍ ဖြစ်၏။

ထိုကဲ့သို့သော စွမ်းအားမျိုးက ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်တတ်နိုင်တာထက် အများကြီး ပိုပေသည်။

မောက်မာနေသော ဝိညာဉ်အခြေတည်အဆင့် ၃၆ယောက် သူတို့ရှေ့က မိုးကြိုးပင်လယ်ကြီးကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့ကြ၏။

ထိုကဲ့သို့သော‌ ကြောက်စရာစွမ်းအားကြီးမျိုးက တိုက်ပွဲကွင်းပြင်တွင် ဘယ်လိုထွက်ပေါ်လာခဲ့သလဲ သူတို့နားမလည်နိုင်ကြပေ။

ထိုစဉ် ရုတ်တရက်ဆိုသလို သူတို့သွေးများအေးစက်သွားပြီး မိုးကြိုးပင်လယ်ကြီးကို သွေးပျက်ဖွယ်အော်ဟစ်ကာ ခုခံရလေတော့သည်။

အလွန်ထူထဲသော မိုးကြိုးလုံးကြီးများက ကောင်းကင်ပေါ်မှ မိုးသီးမိုးပေါက်များလို ရွာကျနေခဲ့ပြီး ဝိညာဉ်အခြေတည်အဆင့်များ၏ ခေါင်းများကို ရိုက်ခတ်နေခဲ့၏။

ခန်းမကိုစောင့်ကြပ်ရန် တာ၀န်ပေးခံရသူများ ဖြစ်သောကြောင့် သူတို့တွင် မည်သည့်အကာအကွယ်ရတနာမှ ပါမလာခဲ့ပေ။ ထို့အပြင် သူတို့စိတ်ဝိညာဉ်စွမ်းအားများကလည်း အဆောင်များကို ခုခံခဲ့ရ၍ ကျဆင်းနေချိန် ဖြစ်နေခဲ့သည်။

ထိုသို့သောအချိန်မျိုးတွင် မိုးကြိုးများကို ခုခံရလေရာ သူတို့အတွက် သေခြင်းမှလွဲ ဘာမှမရှိတော့ပေ။

မိုးကြိုးပင်လယ်ဗဟိုရှိ ကျင့်ကြံသူများ မိုးကြိုးပင်လယ်ထဲက မိုးကြိုးများထံမှ ဘယ်လိုမှ မလွတ်မြောက်နိုင်ခဲ့ပေ။

အစွန်အဖျားမှလူများကတော့ မိုးကြိုးပင်လယ်ထဲမှ ထွက်နိုင်ဖို့ အသည်းအသန်ကြိုးစားနေကြပြီး အကယ်၍ သူတို့သာ ထိုနေရာကထွက်သွားနိုင်လျှင် အသက်ရှင်နိုင်သေး၏။

သို့သော်လည်း မိုးကြိုးပင်လယ်ကိုထုတ်လွှတ်ပြီးသည်နှင့် ကျန်းယန် ဘားရတ်ရိုင်ဖယ်ကိုကိုင်ကာ ထွက်ပြေးဖို့ ကြိုးစားနေသော ကျင့်ကြံသူများကို တစ်ကောင်ချင်း ပစ်ချလေဝောာ့သည်။

စာစဉ်ပြီး၏

All Chapters