← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄) - ကြောက်စရာ ရန်သူတော် ရောက်လာပြီ

~"ဆရာသခင်... အဲ့ဒီ ကြမ်းတမ်းတဲ့ စွမ်းအားတွေကိုသာ ရလိုက်ရင်... 'ထျန်းယွဲ့' ဂိုဏ်းချုပ်ကြီးကိုတောင် သေချာပေါက် အနိုင်ယူနိုင်မှာပါ"

အဘိုးအို စိတ်ဝင်စားလာသည်ကို သတိပြုမိသည်နှင့် ကောင်းကင်ဝံပုလွေက အားပါးတရ မြှောက်ပင့်လိုက်သည်။

ဒုတိယ အကြီးအကဲကလည်း

"ဝံပုလွေ ပြောတာ မှန်ပါတယ် ဆရာသခင်... ဒီစွမ်းအားကိုသာ ရခဲ့ရင်... အရင်က အရှက်တကွဲ ဖြစ်ခဲ့ရတာတွေကို လက်စားချေနိုင်သလို... 'ထျန်းယွဲ့' ဂိုဏ်းကိုတောင် မျိုးဖြုတ်ပစ်လို့ ရနိုင်ပါတယ်"

ဟု ထောက်ခံလိုက်လေသည်။

ပလ္လင်ပေါ်မှ အဘိုးအိုသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။ ဒေါသထွက်နေခြင်း မဟုတ်သော်လည်း သူ၏ ခမ်းနားထည်ဝါသော အရှိန်အဝါကြီးက ကြောက်မက်ဖွယ် ကောင်းလှ၏။ ဂူတစ်ခုလုံး တုန်ခါသွားမတတ် ခံစားလိုက်ရသည်။

အဘိုးအိုက အေးဆေးစွာ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ပေါင်းတိုက်တာတောင်မှ မနိုင်ဘူး ဆိုတော့... ဖုန်းဝူချန်တို့မှာ 'ကောင်းကင်ဘုံ လူသား' တတိယအလွှာကိုတောင် ခုခံနိုင်တဲ့ သိုင်းကွက်တွေ ရှိနေတာ သေချာတယ်... သူတို့မှာ နောက်ခံကောင်း ရှိလောက်တယ်..."

သူ စကားပြောလိုက်သည်နှင့် ဂူတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သူမျှ အသက်ပင် မရှူရဲကြတော့ချေ။

အဘိုးအိုသည် ပလ္လင်ပေါ်မှ ဆင်းလာပြီး ဆက်ပြောလိုက်သည်။

"ပါရမီရှင် စာရင်း ပြိုင်ပွဲတုန်းကလည်း... ဖုန်းဝူချန်က ပဉ္စမအဆင့် ဆေးပညာရှင် ဖြစ်ပေမဲ့... ဆဌမအဆင့် ဆေးပညာရှင် အကြီးအကဲ တစ်ယောက်ကို ဝိညာဉ်စွမ်းအားနဲ့ ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်ခဲ့တယ်... ဒီလူက သာမန် မဟုတ်ဘူးဆိုတာ ရှင်းနေပြီ..."

"ဒါဆို... ဆရာသခင်က ဘာလုပ်စေချင်တာလဲ..." ကောင်းကင်ဝံပုလွေက သတိထားပြီး မေးလိုက်ခြင်းပါ။

"ငါတို့က လုပ်ကြံသတ်ဖြတ်သူတွေလေ... အလုပ်ရှင် စိတ်ပျက်အောင် လုပ်လို့ မဖြစ်ဘူး။ ဒီလို ကြောက်စရာကောင်းတဲ့ ပါရမီရှင်မျိုးကို ငယ်တုန်းကတည်းက ရှင်းပစ်ရမယ်။ မင်းတို့ကလည်း သူ့ကို ပြစ်မှားမိထားပြီ ဆိုတော့... သူက လက်တုံ့ပြန်မှာ သေချာတယ်။ သူ အင်အားကြီးလာရင် ငါတို့ကိုပါ ခြိမ်းခြောက်လာနိုင်တယ်..."

အဘိုးအို၏ အသံတွင် အာဏာစက်များ လွှမ်းခြုံနေသည်။

"ကောင်းကင်ဝံပုလွေ... ဖုန်းဝူချန် ဘယ်မှာရှိလဲ ဆိုတာ မင်းတစ်ယောက်တည်း သိတာ... ဝူယင်းနဲ့ တခြားနှစ်ယောက်ကို ခေါ်ပြီး အခုချက်ချင်း ဝိညာဉ်ပြတ် တောင်ကြားကို သွား၊ ဖုန်းဝူချန်ကို သတ်ပြီး အဲ့ဒီ စွမ်းအားတွေကို ပြန်ယူလာခဲ့"

"အမိန့်အတိုင်းပါ"

ကောင်းကင်ဝံပုလွေ ဝမ်းသာသွားသည်။ နောက်ဆုံးတော့ သူ့ဆန္ဒ ပြည့်ဝတော့မည်။

'ဖုန်းဝူချန်... မင်း သေနေ့ စေ့ပြီ'

ကောင်းကင်ဝံပုလွေသည် အားပါးတရ ကျိန်ဆဲကာ မကြာမီမှာပင် ဝူယင်းနှင့် အခြားနှစ်ယောက်ကို ခေါ်ဆောင်ကာ ဝိညာဉ်ပြတ် တောင်ကြားသို့ အရှိန်ပြင်းပြင်း ထွက်ခွာသွားလေတော့သည်။

...

'ယဲ့' မိသားစု ခန်းမဆောင်၌မယူ...။

"ခေါင်းဆောင်ကြီး သတင်းရပါပြီ... 'ထျန်းယွဲ့' ဂိုဏ်းက နောက်တစ်လနေရင် ကျွန်တော်တို့ကို တိုက်ခိုက်တော့မယ်လို့ အမိန့်ထုတ်လိုက်ပါပြီ"

အစောင့်တစ်ဦး အပြေးဝင်လာပြီး သတင်းပို့လေသည်။

"တစ်လနေရင်.."

ယဲ့ရွှေဟန် မျက်နှာ ပျက်သွားသည်။ အကြီးအကဲများနှင့် ခေါင်းဆောင်ပိုင်းများလည်း စိုးရိမ်တကြီး ဖြစ်ကုန်ကြသည်။

"သူတို့က ကျွန်တော်တို့ကို အသုံးချပြီး 'ကောင်းကင်မီး တောင်ပေါ်စံအိမ်' ကို ရှင်းပစ်ချင်နေတာပါ... ကျွန်တော်တို့ကို တိုက်ရင် တောင်ပေါ်စံအိမ်က ဝင်ကူမယ် ဆိုတာ သူတို့ သိနေတယ်... ဒါကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ချင်နေကြတာပါ..."

"တောက်..ယုတ်မာလိုက်တဲ့ လူတွေ"

ပထမ အကြီးအကဲ ယဲ့ချင်းယွင် က ထိုင်ခုံလက်ရန်းကို ရိုက်ချကာ ဒေါသတကြီး ပြောလိုက်သည်။

"တိုက်ပွဲက ရှောင်လွှဲလို့ ရတော့မှာ မဟုတ်ဘူး... ခုချိန်ကို အသိမပေးနဲ့ဦး... သူ့ကို အေးအေးဆေးဆေး ကျင့်ကြံခိုင်းထားလိုက်... မင်း သွားတော့..."

ဟု ယဲ့ရွှေဟန်က လေးနက်စွာ အမိန့်ပေးလိုက်သည်။

ဒုတိယ အကြီးအကဲ ယဲ့ချင်းရွှေကလည်း ဒေါသကြောင့် မျက်နှာများ တုန်ရီနေသည်။

" 'ထျန်းယွဲ့' ဂိုဏ်းက လွန်လွန်းနေပြီ ငါတို့ 'ယဲ့' မိသားစုက သူတို့ကို ကြောက်မယ်များ ထင်နေလား"

"ယဲ့ကျုံး... 'ကောင်းကင်မီး တောင်ပေါ်စံအိမ်' ဆီ ချက်ချင်း သတင်းပို့လိုက်..."

"ဟုတ်ကဲ့"

ယဲ့ကျုံး အလျင်စလို..ထွက်ခွာသွားလေသည်။

ယဲ့ချင်းယွင်က

"ခေါင်းဆောင်ကြီး... ဘယ်လို ဗျူဟာ သုံးမလဲ..."ဟု ထုတ် မေးလိုက်သည်။

ယဲ့ရွှေဟန် ပြတ်သားစွာဖြင့်၊

"ဒါက 'ယဲ့' မိသားစုရဲ့ သေရေးရှင်ရေးပဲ... လူတိုင်းကို တိုက်ပွဲအတွက် အဆင်သင့် ပြင်ခိုင်းထား"

တိုက်ပွဲကို ရှောင်လွှဲမရတော့လျှင် ထိပ်တိုက် ရင်ဆိုင်ရုံမှတစ်ပါး အခြား မရှိ။

'ထျန်းယွဲ့' ဂိုဏ်းကို ကြောက်ပြီး ထွက်ပြေးရမည် ဆိုလျှင် 'ယဲ့' မိသားစု၏ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မည်နည်း။

ယဲ့ရွှေဟန်သည် အရှက်တကွဲ အသက်ရှင်ရခြင်းထက် တိုက်ပွဲဝင်ရင်း သေဆုံးသွားခြင်းကိုသာ ရွေးချယ်ပေလိမ့်မည်။

ထို့ပြင် 'ကောင်းကင်မီး တောင်ပေါ်စံအိမ်' သာ ပူးပေါင်းမည် ဆိုလျှင်... သူတို့ ရှုံးချင်မှ ရှုံးမည်ပင်။

" 'ထျန်းယွဲ့' ဂိုဏ်းက ရည်မှန်းချက် ကြီးလွန်းတယ်... ငါတို့ ရှုံးရင်တောင်မှ တခြား အင်အားစုတွေ 'ထျန်းယွဲ့' ဂိုဏ်းရဲ့ သရုပ်မှန်ကို သိသွားအောင် လုပ်ရမယ်"

ယဲ့ချင်းယွင်က လေးနက်စွာ ကြုံးဝါးလိုက်လေသည်။

...

ဝိညာဉ်ပြတ် တောင်ကြားအတွင်းမှာမူ...

ဖုန်းဝူချန်တို့အဖွဲ့သည် ပြင်ပလောကတွင် ဖြစ်ပျက်နေသော မုန်တိုင်းများကို မည်သို့မျှ မသိရှိကြဘဲ၊ သွေးကန်ထဲတွင် အသည်းအသန် ကျင့်ကြံနေကြလေသည်။

ရက်အနည်းငယ်ကြာ ကျင့်ကြံပြီးနောက်... သွေးကန်၏ ကြမ်းတမ်းသော စွမ်းအားများ သိသိသာသာ လျော့ပါးသွားခဲ့ပြီး၊ သူတို့၏ စွမ်းအားများလည်း အံ့မခန်း တိုးတက်လာခဲ့ကြသည်။

ညရောက်သောအခါ... ဖုန်းဝူချန်သည် ကျင့်ကြံခြင်းမှ နိုးထလာပြီး မီးဖိုတစ်ခု ဖိုလိုက်သည်။ ၎င်းသည် တိတ်ဆိတ်မှောင်မိုက်နေသော တောင်ကြားထဲတွင် တစ်ခုတည်းသော အလင်းရောင် ဖြစ်လေသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ... ရောက်လာကြပြီ..."

မျက်လုံးမှိတ် အနားယူနေသော ဖုန်းဝူချန် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

"လန်ယွဲ့... ချင်းချင်းတို့ကို ခေါ်ပြီး လုံခြုံတဲ့နေရာမှာ သွားပုန်းနေကြ... ပေတိုယန်... မင်း ငါနဲ့ နေခဲ့..."

"တစ်ယောက်ယောက် လာနေတယ်" နန်းကုန်းကျန့်လည်း သတိထားမိလိုက်သည်။

"အစ်ကိုဖုန်း... ဂရုစိုက်နော်..." မြောင်ချင်းချင်းက စိုးရိမ်တကြီး မှာလိုက်သည်။

"သွားကြ"

လန်ယွဲ့သည် မြောင်ချင်းချင်းတို့ကို ခေါ်ပြီး အတွင်းပိုင်းသို့ ထွက်ပြေးသွားကြလေသည်။

"ကောင်းကင်ဝံပုလွေရဲ့ အရှိန်အဝါပဲ ပြီးတော့ 'ကောင်းကင်ဘုံ လူသား' တတိယအလွှာ တစ်ယောက်နဲ့ ဒုတိယအလွှာ နှစ်ယောက် ပါလာတယ်"

ပေတိုယန် မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေက မကောင်းတော့။

‘စုစုပေါင်း လေးယောက်။ အားလုံးက 'ကောင်းကင်ဘုံ လူသား' အဆင့်တွေချည်းပဲ။ တကယ့်ကို ကြောက်စရာ ကောင်းတဲ့ လူစာရင်းပါလား’

"ဒီလို ညမှောင်မှောင်မှာဆိုရင်... 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း' က ပိုပြီး အစွမ်းထက်တယ်..."

ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်စွန်းတွင် အန္တရာယ်များသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး၊ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ အရောင် လက်သွားသည်။

"သူတို့နဲ့ ကစားကြည့်ရအောင်... အရှိန်အဝါကို ဖျောက်ထားကြ... သူတို့ကို အံ့ဩသွားအောင် လုပ်ပေးလိုက်မယ်လေ "

စကားဆုံးသည်နှင့် ဖုန်းဝူချန်နှင့် ပေတိုယန်တို့သည် အမှောင်ထုထဲတွင် ပျောက်ကွယ်သွားကြတော့သည်။ မီးဖိုလေး တစ်ခုတည်းသာ ကျန်ရစ်ခဲ့လေ၏။

"ဝှစ် ဝှစ် ဝှစ်"

မကြာမီမှာပင် ကောင်းကင်ဝံပုလွေ၊ ဝူယင်းနှင့် အခြားသူများ ရောက်ရှိလာကြသည်။ သို့သော် နောက်ကျသွားခဲ့လေ၏။.. မီးဖိုမှလွဲ၍ လူတစ်ယောက်မှ မရှိတော့ပါ။

"ငါတို့ နောက်ကျသွားပြီ... ဖုန်းဝူချန်တို့ ထွက်သွားကြပြီ"

ဟု တစ်ယောက်က အခြေအနေတွေကို သုံးသပ်လိုက်သည်။

"မဟုတ်ဘူး... သူတို့ အနီးအနားမှာ ရှိနေဦးမယ်... သတိထား"

ကောင်းကင်ဝံပုလွေက သတိပေးလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

ဝူယင်းက ဘာမှ မပြောဘဲ သွေးကန်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။ သွေးကန်မှ ထွက်ပေါ်နေသော ကြမ်းတမ်းသည့် စွမ်းအင်များကို အာရုံခံမိသောအခါ အံ့ဩသွားလေသည်။

"ဝံပုလွေ... မင်း လိမ်ပြောတာ မဟုတ်ဘူးပဲ... ဒီစွမ်းအားက တကယ် ကြောက်စရာ ကောင်းတာပဲ... ပြီးတော့ သားရဲတွေလည်း တကယ် မရှိဘူး..." ဟု ဝူယင်းက မျက်နှာသေဖြင့် မှတ်ချက်ချလိုက်သည်။

"မင်း ဘာစကား ပြောတာလဲ... ငါ့ကို မယုံဘူးလား..." ကောင်းကင်ဝံပုလွေ မျက်နှာပျက်သွားသည်။

"ငါ မယုံတာ မဟုတ်ဘူး... ဆရာသခင်က မယုံတာ... မင်းက လက်စားချေချင်စိတ် ပြင်းပြနေတော့... မင်းပြောတာတွေက အမှန်လား အမှားလား ဘယ်သူသိမှာလဲ..."

"ဆရာသခင်....."

ကောင်းကင်ဝံပုလွေ ကြောင်အမ်းသွားသည်။ ထို့နောက် မျက်နှာထားက ပို၍ ဆိုးရွားလာရ၏။

‘သူတို့ညီအစ်ကို သုံးယောက်လုံး အဖွဲ့အစည်းအတွက် နှစ်ပေါင်းများစွာ အသက်ပေးပြီး အလုပ်လုပ်ခဲ့ကြတာ... နောက်ဆုံးကျတော့ ယုံကြည်မှု မရခဲ့ဘူးပေါ့။’

'ငါတို့က သူတို့အတွက် အသုံးချခံ ဓားစာခံ သက်သက်ပါလား...'

ကောင်းကင်ဝံပုလွေ စိတ်ထဲတွင် ခါးသီးစွာ တွေးလိုက်မိသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော်လည်း ဒေါသကိုတော့ ထုတ်မပြရဲပေ။

ဝူယင်းက စွမ်းအားအနည်းငယ်ကို စုပ်ယူကြည့်လိုက်ရာ မျက်နှာထား ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားလာသည်။

"စိတ်မပူပါနဲ့... မင်းညီတွေအတွက် ငါ လက်စားချေပေးပါ့မယ်... ဖုန်းဝူချန်က ငါတို့ကို ရိပ်မိလို့ ပုန်းနေတာ နေမှာပါ... ဒီလောက် ကောင်းတဲ့ စွမ်းအားတွေကို သူတို့ အလွယ်တကူ စွန့်လွှတ်သွားမှာ မဟုတ်ဘူး... ဒီမှာ စောင့်နေရင် သူတို့ ထွက်လာမှာပဲ..."

ဝူယင်း စကားဆုံးသည်နှင့် ဖုန်းဝူချန်၏ အေးစက်သော အသံက အမှောင်ထုထဲမှ ထွက်ပေါ်လာလေတော့သည်။

"ဟားဟား…ကောင်းကင်ဝံပုလွေ... ငါ မင်းကို ဘယ်မှာ သွားရှာရမလဲ တွေးနေတာ... မင်းက ကိုယ့်သေတွင်း ကိုယ်တူးပြီး ရောက်လာတာပဲ"

အခန်း (၄၂၅) - အမှောင်ထုထဲမှ သရဲတစ္ဆေများ

~"ဖုန်းဝူချန်"

ကောင်းကင်ဝံပုလွေ၏ မျက်နှာထား ချက်ချင်း မည်းမှောင်သွားသည်။

"ဖုန်းဝူချန် ..မင်း တကယ် မထွက်သွားသေးဘူးပေါ့... အခုချက်ချင်း ထွက်ခဲ့စမ်း"

ကောင်းကင်ဝံပုလွေက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီလောက် ကောင်းတဲ့ စွမ်းအားတွေ ရှိနေတာကို... အကုန် မစုပ်ယူရသေးဘဲ ဘယ်လိုလုပ် ထွက်သွားရက်မှာလဲ... ပြီးတော့ ဒီလို ရတနာမျိုးကို မင်းတို့လက်ထဲ အပါခံနိုင်မလား..."

ဖုန်းဝူချန်၏ အသံက အေးစက်စွာ ထပ်မံ ထွက်ပေါ်လာပြန်၏။

"အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားနိုင်တယ်... ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ အဆင့်နဲ့ ဒီလောက်ထိ လုပ်နိုင်တာ မဆိုးဘူး... ဒါပေမဲ့ အလကားပါပဲ... ထွက်ခဲ့စမ်း... မင်းရဲ့ သေနေ့စေ့ပြီ"

ဝူယင်းက အေးစက်စွာ ပြောလိုက်ပြီး ပတ်ဝန်းကျင်ကို စူးရှသော မျက်လုံးများဖြင့် ရှာဖွေလိုက်သည်။ သို့သော် သူ၏ ကျင့်ကြံခြင်း အဆင့်နှင့်ပင် ဖုန်းဝူချန်၏ တည်နေရာ အတိအကျကို ရှာမတွေ့နိုင်ချေ။

"ဝှစ် ..ဝှစ်"

ရုတ်တရက် အမည်းရောင် အရိပ် တစ်ခုသည် ကောင်းကင်ဝံပုလွေတို့ အနီးမှ လျှပ်စီးလက်သကဲ့သို့ ဖြတ်သန်းသွားသည်။ ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်ကွယ်သွားလေသည်။

"ဟမ့်၊ ထွက်ပြေးချင်လို့လား"

ဝူယင်းက အခွင့်အရေးကို လက်လွတ်မခံဘဲ အရိပ်မည်းနောက်သို့ အရှိန်ပြင်းပြင်း လိုက်ပါသွားလိုက်၏။

"ဟင်... ပျောက်သွားပြန်ပြီ... ဘယ်လို ဖြစ်တာလဲ..."

ဝူယင်း အမှောင်ထုထဲ ရောက်သွားသောအခါ အရိပ်မည်းက သရဲတစ္ဆေတစ်ကောင်အလား ပျောက်ကွယ်သွားလေ၏။

ဝူယင်းလောက် မြန်တာတောင် မမီလိုက်ဘူး ဆိုတော့... ကျန်တဲ့လူတွေ ဆိုရင် ပြောမနေနဲ့တော့။

"ဒီကောင်လေးရဲ့ ကိုယ်ဖော့ပညာက တော်တော် ထူးဆန်းတာပဲ..." 'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာ တစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဝှစ် ဝှစ်"

နောက်တစ်ကြိမ် သူတို့၏ အနောက်ဘက်မှ အရိပ်မည်းတစ်ခု ဖြတ်သန်းသွားပြန်သည်။

"အနောက်မှာ"

ဝူယင်း အော်ဟစ်လိုက်ပြီး နောက်သို့ လှည့်ကာ အားကုန် လက်ဝါး ရိုက်ထုတ်လိုက်သည်။

"ဘုန်း"

"ဝီ... ဝီ..."

'ကောင်းကင်ဘုံ လူသား' တတိယအလွှာ၏ စွမ်းအားသည် ပြင်းထန်လှ၏။

လက်ဝါးချက် တစ်ချက်တည်းနှင့်ပင် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားပြီး၊ မြေပြင်ပေါ်တွင် ပေပေါင်းများစွာ ကျယ်သော တွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာသည်။

သို့သော်... သူ ဘယ်လောက်ပဲ မြန်မြန် တုံ့ပြန်ပါစေ၊ အရိပ်မည်းကို ထိအောင် မလုပ်နိုင်ခဲ့ပေ။

"လှည့်စားနေတာပဲ သတ္တိရှိရင် ထွက်ခဲ့လေကွာ" ကောင်းကင်ဝံပုလွေ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဝှစ်"

ကောင်းကင်ဝံပုလွေ၏ အသံဆုံးသည်နှင့် တပြိုင်နက် အမည်းရောင် အရိပ်တစ်ခုသည် သူ့ရှေ့တည့်တည့်တွင် သရဲတစ္ဆေတစ်ကောင်အလား တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဘွားခနဲ ပေါ်လာသည်။

ကောင်းကင်ဝံပုလွေ မျက်လုံးပြူးသွားသည်။

ဝူယင်းနှင့် ကျန်လူများလည်း လန့်ဖျပ်သွားကြသည်။ သူတို့တောင် သတိမထားမိလိုက်သည်အထိ လျင်မြန်လွန်းလှ၏။

ထိုအရိပ်မည်းမှာ ဖုန်းဝူချန်ပင် ဖြစ်၏။

"ဟွန့်"

ဖုန်းဝူချန်က မထီမဲ့မြင် နှာမှုတ်လိုက်ပြီး ကောင်းကင်ဝံပုလွေကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"သေပေတော့"

ဝူယင်းက သတ်ဖြတ်လိုစိတ် ပြင်းပြစွာဖြင့် ဖုန်းဝူချန်ဆီသို့ တိုးဝင်လာသည်။

ဖုန်းဝူချန်က ဝူယင်းကို တစ်ချက်ကြည့်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပြုံးလိုက်သည်။

တကယ်တော့ ဖုန်းဝူချန်က ဟန်ပြ တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်၏။ လက်ဝါးရိုက်ချက် တစ်ဝက်လောက်မှာတင် သူ၏ ပုံရိပ်က ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

ထိုအချိန်မှာပင်... ဝူယင်း ရှေ့တိုးလာသည်နှင့် တပြိုင်နက် နောက်ထပ် အရိပ်မည်းတစ်ခုက တိတ်တဆိတ် ပေါ်လာပြီး 'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာ တစ်ယောက်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။

"ဝှစ်"

"ခွပ်"

ထိုအရိပ်မည်းမှာ ပေတိုယန်ပင် ဖြစ်၏။ ဓားချက်တစ်ချက်တည်းဖြင့် တစ်ဖက်လူမှာ ဘာမှ ပြန်မလုပ်နိုင်လိုက်ဘဲ ခေါင်းပြတ်သွားရရှာသည်။ သွေးများ ပန်းထွက်လာသည်။

"ဘယ်သူလဲ"

နောက်ထပ် 'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာ တစ်ယောက် ကြောက်လွန်းလို့ နှလုံးခုန် ရပ်မတတ် ဖြစ်သွားသည်။

"ဟွမ်ပေါ်ရှန်"

ဝူယင်း အော်ဟစ်လိုက်ပြီး အမြန် လှည့်ကြည့်လိုက်သည်။ နောက်ထပ် လူတစ်ယောက် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

"နောက်တစ်ယောက် ရှိသေးတာပဲ .. ပေတိုယန်ပါလား"

မီးရောင်ဖျော့ဖျော့အောက်တွင် ကောင်းကင်ဝံပုလွေက ပေတိုယန်ကို မှတ်မိလိုက်သည်။

"တောက်… ယုတ်မာလိုက်တာ"

ဝူယင်း ဒေါသပေါက်ကွဲသွား၏။

ထိုအချိန်တွင် ကောင်းကင်ဝံပုလွေ အနောက်သို့ လှည့်ကြည့်လိုက်ရာ၊ ပျောက်ကွယ်သွားသော ဖုန်းဝူချန်က ပြန်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် အချိန်နှောင်းသွားလေ၏။

"ဘုန်း"

ဖုန်းဝူချန်က ညှာတာခြင်း ကင်းမဲ့စွာဖြင့် လက်ဝါး ရိုက်ချလိုက်ရာ ကောင်းကင်ဝံပုလွေ သွေးအန်ပြီး ပေတိုယန် ရှိရာဘက်သို့ လွင့်စင်သွားလေသည်။

"ဝေါ့…”

"မိုက်ရိုင်းလိုက်တာ ငါ့ကို အလစ်တိုက်ရဲတယ်ပေါ့"

ကောင်းကင်ဝံပုလွေ ဒေါသထွက်လွန်း၍ ရူးခါနေတော့၏။

ဖုန်းဝူချန်၏ လက်ဝါးချက်က ပြင်းထန်လွန်းသဖြင့် သူသည် မရှုမလှ ဒဏ်ရာ ရသွားခဲ့ရသည်။

ထို့နောက် ဖုန်းဝူချန်နှင့် ပေတိုယန်တို့ နှစ်ယောက်စလုံး ထပ်မံ ပျောက်ကွယ်သွားကြ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင်... တစ်ယောက်သေ၊ တစ်ယောက် ဒဏ်ရာရသွားခဲ့လေပြီ ဖြစ်၏။

ဖုန်းဝူချန်နှင့် ပေတိုယန်တို့သည် အမှောင်ထုကို အုပ်စိုးသူများအလား၊ မမြင်ရသော နေရာမှ နေ၍ တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်နေကြသည်။

"ဒါ ဘယ်လို ကိုယ်ဖော့သိုင်းမျိုးလဲကွ" ဝူယင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူက 'ကောင်းကင်ဘုံ လူသား' တတိယအလွှာ ဖြစ်ပါလျက်နှင့် ဘာမှ မလုပ်နိုင်ဘဲ အရူးလုပ်ခံနေရသဖြင့် ရူးမတတ် ဖြစ်နေလေ၏။

'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း' က အဲ့ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။ ဖုန်းဝူချန်တို့ကိုသာ မျက်စိနဲ့ မမြင်ရရင် သရဲခြောက်နေတယ်လို့တောင် ထင်မိမှာ သေချာသည်။

"မင်းတို့ ဘယ်သူတွေလဲ ဆိုတာ ငါ တော်တော် သိချင်လာပြီ... 'ကောင်းကင်ဘုံ'နယ်မြေက အင်အားကြီး ခြောက်ဖွဲ့ထဲက မဟုတ်တာတော့ သေချာတယ်..."

ဖုန်းဝူချန်၏ အေးစက်သော အသံက ထပ်မံ ထွက်ပေါ်လာခြင်း ဖြစ်၏။

"မင်း သိစရာ မလိုဘူး၊ သတ္တိရှိရင် ထွက်ခဲ့စမ်း" ဝူယင်းက ပြန်အော်လိုက်သည်။

"ဝှစ်"

သွေးရောင် အလင်းတန်း တစ်ခု ဖျတ်ခနဲ လက်သွားပြီး နောက်ထပ် ကျန်နေသော 'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာ တစ်ယောက် လဲကျသွားသည်။ လည်ပင်းကို လက်ဖြင့် အုပ်ကိုင်ထားရင်း အသက်ပျောက်သွားရှာသည်။

"ကဲ... အခု ပြောပြလို့ ရပြီလား..."

ဖုန်းဝူချန်က 'နဂါးနတ်ဘုရား ဓား' ပေါ်မှ သွေးစက်များကို တောက်ထုတ်လိုက်ပြီး ဝူယင်းကို ၊မေးလိုက်၏။

'လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း' ၏ အကူအညီဖြင့် ဖုန်းဝူချန်အတွက် 'ကောင်းကင်ဘုံ လူသား' ဒုတိယအလွှာကို သတ်ဖြတ်ရန်မှာ ထမင်းစား ရေသောက်သလောက် လွယ်ကူနေလေသည်။

သူတို့နှစ်ယောက်ခမျာ ဘာမှ ပြန်မလုပ်နိုင်လိုက်ဘဲ အလကား သေသွားရရှာသည်။

"အဆင့်မြင့်အဆင့် ဝိညာဉ်လက်နက် ဒုတိယအဆင့် ပုံသွင်းထားတာ"

ဝူယင်း အံ့ဩသွား၏။

သို့သော် ချက်ချင်းပင် ဒေါသက သူ့စိတ်ကို လွှမ်းမိုးသွားသည်။

"ဝါး...."

ဝူယင်းသည် မိုးခြိမ်းသံလို အော်ဟစ်လိုက်ပြီး သူ၏ စွမ်းအားများကို အကုန် ထုတ်ဖော်လိုက်သည်။ မျက်လုံးများ နီရဲလာပြီး မုန်တိုင်းတစ်ခုအလား ပြင်းထန်သော စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။

"ဝီ... ဝီ..."

ပေ ၆၀၊ ၇၀ ပတ်လည် အတွင်းရှိ မြေပြင်နှင့် လေထုသည် ပြင်းထန်စွာ တုန်ခါသွားပြီး လက်မောင်းလုံးခန့် ရှိသော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာ၏။

ကြောက်မက်ဖွယ် စွမ်းအားကြောင့် ဖုန်းဝူချန်နှင့် ပေတိုယန်တို့ နောက်ဆုတ်လိုက်ရသည်။

'ကောင်းကင်ဘုံ လူသား' တတိယအလွှာ၏ စွမ်းအားသည် သူတို့နှစ်ယောက် ခံနိုင်ရည်ရှိသည့် အတိုင်းအတာထက် ကျော်လွန်နေပေသည်။

ပေတိုယန်က "ဆေးဧကရာဇ်... ဘယ်လိုလုပ်မလဲ..." ဟု လေးနက်စွာ မေးလိုက်သည်။

"ပေါင်းတိုက်ကြမယ်"

ဖုန်းဝူချန်က အော်ဟစ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး 'ကိုးထပ် ချန်ခွင်း မျှော်စင်' ကြီး ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။

မှောင်မိုက်နေသော တောင်ကြားတစ်ခုလုံး ရွှေရောင်အလင်းတန်းများဖြင့် လင်းထိန်သွားသည်။

ရွှေရောင် အခင်းအကျင်း တစ်ခုက ဝူယင်းကို လွှမ်းခြုံသွားပြီး ဖိနှိပ်မှု စွမ်းအားများ သက်ရောက်သွားစေသည်။

"ငါ့စွမ်းအားတွေကို ဖိနှိပ်နိုင်တယ် ဟုတ်လား"

ဝူယင်း မျက်နှာပျက်သွားသည်။ သူ့စွမ်းအား အဆင့်ဝက်ခန့် ကျဆင်းသွားသည်ကို ခံစားလိုက်ရ၏။

"ငါ အရင်တိုက်မယ်"

ဖုန်းဝူချန်က အော်ဟစ်လိုက်ပြီး ချီလင် ချပ်ဝတ်တန်ဆာကို ဆင့်ခေါ်လိုက်သည်။ သူ့အရှိန်အဝါများ မိုးထိအောင် မြင့်တက်လာသည်။

"ဖုန်းဝူချန်ရဲ့ စွမ်းအားက ထပ်တိုးလာပြန်ပြီ"

အဝေးမှ ကြည့်နေသော ကောင်းကင်ဝံပုလွေသည် ကြောက်လွန်းသဖြင့် တုန်ရီနေမိသည်။ ဖုန်းဝူချန်ကို လူသားတစ်ယောက်အဖြစ် မမြင်နိုင်တော့ဘဲ ဘီလူးသရဲစီးနေသော မိစ္ဆာကောင်အဖြစ်သာ မြင်နေမိတော့သည်။

ဒီလို ကြောက်စရာကောင်းတဲ့ ပါရမီရှင်မျိုး လောကကြီးမှာ ရှိနေသေးတယ် ဆိုတာ သူ မယုံနိုင်အောင် ဖြစ်နေရ၏။

ပေတိုယန်သည် အခွင့်ကောင်းကို စောင့်ရန်အတွက် အခင်းအကျင်း အပြင်ဘက်သို့ ထွက်ခွာသွားသည်။

ဝူယင်းက ဖုန်းဝူချန်ကို စိမ်းစိမ်းကြည့်ပြီး အံကြိတ်ကာ ပြောလိုက်၏။

"မင်းရဲ့ စွမ်းအားတွေ ဒီလောက်ထိ တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး... ကောင်းကင်ကျားကို မင်း သတ်နိုင်ခဲ့တာ မဆန်းပါဘူး..."

"စကားများမနေနဲ့"

ဖုန်းဝူချန်က အေးစက်စွာ ဖြတ်ပြောလိုက်ပြီး အတောင်ပံများကို ခတ်ကာ အရှိန်မြှင့် တိုးဝင်သွားလိုက်သည်။

"ကောင်လေး ငါ့စွမ်းအားကို ဖိနှိပ်နိုင်ရုံနဲ့ ငါ့ကို သတ်နိုင်မယ်လို့ မထင်နဲ့ မင်း မေ့နေပုံရတယ်... ငါက လုပ်ကြံသတ်ဖြတ်သူ ဆိုတာကို"

ဝူယင်းက အေးစက်စွာ ပြောလိုက်ပြီး သွေးဆာနေသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်လေတော့သည်။

အခန်း (၄၂၆) - ဝူယင်းနှင့် ပြင်းထန်သော တိုက်ပွဲ

~"အရိပ်ခွဲ ကိုယ်ဖော့ပညာ"

ဝူယင်းသည် အသံနိမ့်နိမ့်ဖြင့် ရေရွတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ အမည်းရောင် အငွေ့အသက်များ ထွက်ပေါ်လာလေသည်။

"ဘုန်း"

သူသည် မြေကြီးကို ခြေဖြင့် ဆောင့်နင်းလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ ရပ်နေသည့် နေရာတွင် တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် အမည်းရောင် မျဉ်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး အမည်းရောင် အမြီးတန်းများ တရွတ်တိုက် ပါသွားသည်မှာ ကြည့်ရသည်မှာ အလွန် ထူးဆန်းလေသည်။

ဝူယင်း၏ ကိုယ်ဖော့ပညာသည် အလွန် ဆန်းကြယ်လှသည်။ ဖုန်းဝူချန်၏ အမြန်နှုန်းက ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြန်ဆန်သော်လည်း၊ ဝူယင်းသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖုန်းဝူချန်၏ ဘယ်ဘက်ခြမ်းသို့ ရောက်ရှိသွားလေသည်။

"နက်နဲခြင်း..အဆင့်မြင့် အဆင့် သိုင်းပညာပဲ ရှိတာတောင်မှ... ဒီလောက် မြန်တာလား" ပေတိုယန် မျက်ခုံးများ ကျုံ့လိုက်မိသည်။

လောလောဆယ် ပေတိုယန်က ဝင်တိုက်၍ မဖြစ်သေးပါ။ သူပါ ဝင်တိုက်လိုက်လျှင် သူ၏ စွမ်းအားလည်း အဖိနှိပ်ခံရမည် ဖြစ်ပြီး ဖုန်းဝူချန်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာ ရှိပေမည်။

ဖုန်းဝူချန် လှုပ်ရှားရန် မပြင်ရသေးခင်မှာပင် ဝူယင်းက ရောက်ရှိလာပြီး ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်သော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်လေသည်။

ဝူယင်း၏ အမြန်နှုန်းကြောင့် ဖုန်းဝူချန် စိတ်ထဲတွင် အံ့ဩသွားမိသည်။

အရေးကြီးသော အခိုက်အတန့်တွင် ဖုန်းဝူချန်သည် လေထဲ၌ ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး ဝူယင်း၏ လက်ဝါးချက်ကို သီသီလေး ရှောင်တိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ဓားဖြင့် ပြန်လည် ခုတ်ပိုင်းလိုက်သည်။

"ဒင်"

ဝူယင်းသည် လက်သီးကို ဆုပ်ကာ 'နဂါးနတ်ဘုရား ဓား' ကို ထိုးနှက်လိုက်သည်။ သတ္တုချင်း ထိခတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်သွားသည်။ ပြင်းထန်သော စွမ်းအားကြောင့် ဖုန်းဝူချန် လွင့်စင်ထွက်သွားရသည်။

'အဆင့်ကွာဟချက်က အရမ်းကြီးနေတယ်... ကိုးထပ် ချန်ခွင်း မျှော်စင်ရဲ့ ဖိနှိပ်မှုက သူ့စွမ်းအားကို သိပ်မထိန်းချုပ်နိုင်ဘူး'

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။

ဖုန်းဝူချန် ကိုယ်တိုင်က 'ကောင်းကင်ဘုံ လူသား' အဆင့်သို့ မရောက်ရှိသေးသဖြင့် 'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်သည်မှာ သဘာဝကျပေသည်။

"ဝှစ် ဝှစ် ဝှစ်"

ဖုန်းဝူချန် တွေးတောချိန်ပင် မရလိုက်၊ ဝူယင်းသည် ထူးဆန်းစွာဖြင့် သူ့ဆီသို့ တိုးဝင်လာပြန်သည်။ အမည်းရောင် အငွေ့အသက်များ လွှမ်းခြုံနေသော ပုံရိပ်ယောင်များက နေရာအနှံ့တွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။

ဖုန်းဝူချန် ပေါ့ဆ၍ မရတော့။ သူသည် ကိုယ်ဖော့ပညာကို ထုတ်သုံးလိုက်ပြီး အတောင်ပံများကို ခတ်ကာ အရှိန်မြှင့်လိုက်သည်။

"နဂါးနတ်ဘုရား အရိပ်”

"ဝီ... ဝီ..."

'နဂါးနတ်ဘုရား ဓား' ထဲသို့ စွမ်းအားများ စီးဝင်သွားပြီး ဓားသွားပေါ်တွင် သွေးရောင် အလင်းတန်းများ တောက်ပလာ၏။ ဓားစိတ်ဆန္ဒများ ပြန့်ကားသွားပြီး လေထုတစ်ခုလုံး တုန်ခါသွားလေသည်။

"မင်းရဲ့ စွမ်းအားက မဆိုးဘူး... ဒါပေမဲ့ သေချင်နေတာပဲ"

ဖုန်းဝူချန်က ထိပ်တိုက် ရင်ဆိုင်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ဝူယင်း၏ မျက်လုံးများတွင် အထင်သေးမှုများ ပေါ်လာသည်။

"ဖုန်းဝူချန်ဆီမှာ မြေကမ္ဘာအဆင့် သိုင်းပညာ ရှိတယ်နော်"

ဒဏ်ရာရနေသော ကောင်းကင်ဝံပုလွေက လှမ်းအော် သတိပေးလိုက်သည်။

"ငါ့မှာလည်း မြေကမ္ဘာအဆင့် သိုင်းပညာ ရှိတယ်ကွ၊ မင်းလို အသုံးမကျတဲ့ လူက လာသတိပေးစရာ မလိုဘူး"

ဝူယင်းက အေးစက်စွာ ပြန်အော်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် 'အစစ်အမှန်ယွမ်' စွမ်းအားများ စုစည်းလာပြီး ခန္ဓာကိုယ် ဘေးပတ်လည်ရှိ အမည်းရောင် အငွေ့အသက်များ ပိုမို သိပ်သည်းလာသည်။

"ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း ဓားသိုင်းပညာ ကောင်းကင်နဲ့ မြေကြီးက ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း"

ဖုန်းဝူချန်သည် နီးကပ်လာသောအခါ ကြမ်းကြုတ်စွာ အော်ဟစ်လိုက်ပြီး ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အားကုန် ခုတ်ချလိုက်၏။

အကွာအဝေး နီးကပ်နေသဖြင့် ဓားအလင်းတန်း၏ ဖိနှိပ်မှုနှင့် စွမ်းအားက ပိုမို ကြောက်စရာ ကောင်းနေသည်။

"ဟွန့်"

ဝူယင်းက မထီမဲ့မြင် နှာမှုတ်လိုက်သည်။ ဖုန်းဝူချန်၏ ဓားသိုင်းကွက်ကို သူ လုံးဝ မကြောက်ပေ။

"နက်နဲခြင်း အဆင့်မြင့်အဆင့် သိုင်းပညာ ကြယ်ခုနစ်ပွင့် ဝိညာဉ်စား လက်ဝါး"

ဝူယင်းသည် လေထဲ၌ လက်ဟန်တစ်ခု ရေးဆွဲလိုက်ပြီး ကျယ်လောင်စွာ မာန်သွင်းကာ လက်ဝါးချက် တစ်ခု ရိုက်ထုတ်လိုက်တော့သည်။

"ဘုန်း"

"ဝီ... ဝီ..."

'နဂါးနတ်ဘုရား ဓား' နှင့် ဝူယင်း၏ လက်ဝါးတို့ အနီးကပ် ထိပ်တိုက် တွေ့ဆုံလိုက်ကြ၏။ ပေါက်ကွဲသံကြီးက နားစည်ကွဲမတတ် ကျယ်လောင်လှ၏။ အားလှိုင်းများ ရိုက်ခတ်မှုကြောင့် လေထုသည် ပင်လယ်လှိုင်းများအလား လှုပ်ရှားသွားသည်။

"မြေကမ္ဘာအဆင့် ဓားသိုင်းပညာ ဆိုတာ တကယ်ပဲ စွမ်းအားကြီးတာပဲ... မဆိုးဘူး... ဒါပေမဲ့ အားနည်းလွန်းနေသေးတယ်"

ဝူယင်းက အေးစက်စွာ ပြောလိုက်သည်။ ဖုန်းဝူချန်၏ ဓားအလင်းတန်းသည် သူ့အတွက် ခြိမ်းခြောက်မှု မရှိပေ။

"ဘုန်း ဘုန်း"

"အား..ဝေါ့"

စွမ်းအားကြီး နှစ်ခု ပေါက်ကွဲသွားသောအခါ ဖုန်းဝူချန် သွေးအန်ကာ နောက်သို့ လွင့်စင်ထွက်သွားရသည်။

အားလှိုင်းများ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ မြေကြီးများ အလွှာလိုက် ကွာကျကုန်သည်။

ဖုန်းဝူချန်၏ ဓားအလင်းတန်းသည် ဝူယင်း၏ လက်ဝါးချက်ကို လုံးဝ မယှဉ်နိုင်ခဲ့ချေ။

တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံမှုတွင် ချီလင် ချပ်ဝတ်တန်ဆာ ရှိနေသည့်တိုင် ဖုန်းဝူချန်သည် ဝူယင်း၏ စွမ်းအားကို ခံနိုင်ရည် မရှိခဲ့ပေ။

ဖုန်းဝူချန် သုံးလိုက်သည်မှာ မြေကမ္ဘာအဆင့် သိုင်းပညာ ဖြစ်ပြီး၊ ဝူယင်း သုံးလိုက်သည်မှာ နက်နဲခြင်း သာ ဖြစ်သော်လည်း... ဝူယင်းက အသာစီး ရနေသည်။ အဆင့်ကွာဟချက်က ကြီးမားလွန်းသည်။

'အဆင့်တစ်ဆင့်လောက်သာ ဖိနှိပ်နိုင်ခဲ့ရင်... ငါ ဒီလောက် ဒဏ်ရာရမှာ မဟုတ်ဘူး'

ဖုန်းဝူချန် စိတ်ထဲတွင် တွေးလိုက်မိသည်။ သူ့ဒဏ်ရာက အတော်လေး ပြင်းထန်နေပြီ ဖြစ်ပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူလျော် ဖြစ်နေလေသည်။

"ဆေးဧကရာဇ်ရဲ့ စွမ်းအားက... 'ကောင်းကင်ဘုံ လူသား' တတိယအလွှာကို မယှဉ်နိုင်ဘူး"

အခင်းအကျင်း အပြင်ဘက်ရှိ ပေတိုယန် စိတ်ပူလာတော့သည်။

"ဝူယင်း …သတ်ပစ်လိုက်" ကောင်းကင်ဝံပုလွေက အော်ဟစ်အားပေးလိုက်သည်။

"ဝှစ်"

"အား..."

ပေတိုယန်သည် အဝေးမှနေ၍ လက်ညှိုးဖြင့် ထိုးလိုက်ရာ အဖြူရောင် စွမ်းအင်တန်းတစ်ခု ပြေးထွက်သွားပြီး ကောင်းကင်ဝံပုလွေ၏ ပခုံးကို ဖောက်ထွင်းသွားလေသည်။ နာကျင်မှုကြောင့် ကောင်းကင်ဝံပုလွေ အော်ဟစ်လိုက်ရသည်။

"မင်း ပါးစပ်ပိတ်နေရင် ဘယ်သူမှ အအလို့ မထင်ဘူး၊ နောက်တစ်ခွန်း ထပ်ပြောရင် ငါသတ်လိုက်မယ်" ပေတိုယန်က ခြိမ်းခြောက်လိုက်သည်။

"ကောင်လေး ငါ ဖုန်းဝူချန်ကို ရှင်းပြီးရင်... မင်းအလှည့်ပဲ"

ဝူယင်းက ပေတိုယန်ကို လှမ်းကြည့်ပြီး ကြိမ်းဝါးလိုက်သည်။

"လာစမ်းပါ... ဘယ်လောက် စွမ်းလဲ ကြည့်ရသေးတာပေါ့" ပေတိုယန်က ပြန်ပြောလိုက်သည်။

"ဖုန်းဝူချန်... မင်းမှာ ပိုကောင်းတဲ့ သိုင်းကွက်တွေ ရှိရင် ထုတ်သုံးလိုက်တော့" ဝူယင်းက မောက်မာစွာ ပြောလိုက်သည်။

"မင်းသဘောအတိုင်း ဖြစ်စေရမယ်"

ဖုန်းဝူချန် အော်ဟစ်လိုက်သည်။

သူ့အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် စွမ်းအားများကို ဓားထဲသို့ အကုန် စီးဝင်စေလိုက်သည်။ ဓားအလင်းတန်းများ တောက်ပလာပြီး ကောင်းကင်ကို ထိုးဖောက်မတတ် ဓားစိတ်ဆန္ဒများ ထွက်ပေါ်လာသည်။

ပိုမို ကြီးမားကျယ်ပြန့်သော ဓားစိတ်ဆန္ဒကို ခံစားလိုက်ရသောအခါ ဝူယင်း မျက်မှောင်ကြုတ်လိုက်မိသည်။

'ဒီကောင်လေးဆီမှာ ပိုပြင်းထန်တဲ့ ဓားသိုင်း ရှိသေးတာလား... မြေကမ္ဘာ အဆင့်မြင့်) များလား...'

“ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ.. နတ်ငို သရဲအော်သံ”

ဓားစိတ်ဆန္ဒ အမြင့်ဆုံးသို့ ရောက်သောအခါ ဖုန်းဝူချန်သည် ဒုတိယအကြိမ် အော်ဟစ်လိုက်ပြီး ဓားကို ဝှေ့ယမ်းလိုက်သည်။

"ဝှစ်"

"ဝီ..."

ပေပေါင်း ဒါဇင်များစွာ ရှည်လျားသော သွေးရောင် ဓားအလင်းတန်းကြီးသည် တောင်များကို ဖြိုဖျက်ပြီး ပင်လယ်များကို မှောက်လှန်ပစ်မည့် အရှိန်အဟုန်ဖြင့် ဝူယင်းဆီသို့ တိုးဝင်သွားလေသည်။ ဓားအလင်းတန်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် မြေကြီးများ ကွဲအက်ကုန်ပြီး စည်ပိုင်းလုံးခန့် ရှိသော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာသည်။

"မြေကမ္ဘာအဆင့် အဆင့်မြင့်) သိုင်းပညာက ဒီလောက်ထိ စွမ်းအားကြီးတာလား"

ဝူယင်း အကြီးအကျယ် တုန်လှုပ်သွားသည်။ ဒီသွေးရောင် ဓားအလင်းတန်းက စောစောက ဓားချက်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်ကြောင်း သူ အာရုံခံမိလိုက်သည်။

ဝူယင်းသည် ပေါ့ဆမနေရဲတော့ဘဲ သူ၏ စွမ်းအားများကို အကုန် ထုတ်ဖော်လိုက်သည်။ မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး လေထုတစ်ခုလုံး တုန်ခါသွားလေသည်။

ဝူယင်းသည် ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။ အထဲတွင် အလယ်အလတ် အဆင့် ဝိညာဉ်စွမ်းအင်များ ပါဝင်သည်။

"မြေကမ္ဘာအဆင့် အဆင့်နိမ့် သိုင်းပညာ ကောင်းကင် သတ်ဖြတ်ခြင်း သွေးဓား"

ဝူယင်းသည် လက်သင်္ကေတများ လျင်မြန်စွာ ပြုလုပ်လိုက်ပြီးနောက် အော်ဟစ်လိုက်ရာ... သူ့ခေါင်းပေါ်တွင် ပေ ၅၀၊ ၆၀ ခန့် ရှည်လျားသော အဖြူရောင် စွမ်းအင်ဓားကြီးတစ်လက် ဖြစ်ပေါ်လာသည်။

"ဝှစ်"

"ဝီ..."

ဝူယင်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအင်ဓားကြီးသည် ပေါက်ကွဲထွက်မတတ် စွမ်းအားများနှင့်အတူ ပြေးထွက်သွားလေသည်။ လေထုကို ခွင်းသွားသံက နားစည်ကွဲမတတ် ကျယ်လောင်လှ၏။

"ဘုန်း ဘုန်း ဘုန်း"

စွမ်းအားကြီး နှစ်ခု ထိပ်တိုက် တွေ့ဆုံလိုက်သောအခါ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး နှစ်ယောက်စလုံး သွေးအန်ကာ လွင့်စင်သွားကြသည်။ ကြောက်မက်ဖွယ် အားလှိုင်းများက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

ဖုန်းဝူချန်၏ ဒဏ်ရာများ ပိုမို ဆိုးရွားသွားပြီး မျက်နှာတစ်ခုလုံး စာရွက်တစ်ရွက်လို ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။

"မဖြစ်နိုင်ဘူး ဒါ ဘယ်လို ဓားသိုင်းမျိုးလဲ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ် ဟုတ်လား"

ဝူယင်း မယုံကြည်နိုင်စွာ အော်ဟစ်လိုက်မိသည်။ မျက်လုံးများ ပြူးကျယ်နေလေ၏။

လွင့်စင်ထွက်သွားရာမှ ဖုန်းဝူချန် အလျင်အမြန် အော်ဟစ် အမိန့်ပေးလိုက်တော့သည်။

"ပေတိုယန် အခုပဲ”

All Chapters