← Chapters

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း (၄၂၇) - ဝူယင်းကို သုတ်သင်ခြင်း

~ပြင်းထန်သော တိုက်ခိုက်မှုကြောင့် 'ကောင်းကင်ဘုံ လူသား' တတိယအလွှာ အဆင့်ရှိသော ဝူယင်းပင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

"ရုယီ ကောင်းကင်ကျောက်တုံး"

ပေတိုယန်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အဆင့်မြင့်အဆင့် ဝိညာဉ်လက်နက် တစ်ခုကို ဆင့်ခေါ်လိုက်သည်။ သူ၏ အရှိန်အဝါများ မိုးထိအောင် မြင့်တက်လာလေသည်။

"

ဖုန်းဝူချန်၏ အမိန့်သံကို ကြားသည်နှင့် ပေတိုယန်သည် အသင့်ပြင်ထားပြီးသား ဖြစ်သဖြင့် သူ၏ မိုးကြိုးအခြေပြု 'အစစ်အမှန်ယွမ်' စွမ်းအားများကို အကုန်ထုတ်သုံးကာ လက်ဝါးအားလှိုင်း တစ်ခု ပစ်လွှတ်လိုက်လေ၏

မြေကမ္ဘာအဆင့် အဆင့်နိမ့် သိုင်းပညာ ၊ ကမ္ဘာမြေ ဖြိုခွင်း မိုးကြိုးလက်ဝါး”

ပေပေါင်း ၄၀ ကျော်ကြီးမားသော မိုးကြိုး လက်ဝါးကြီးသည် ပေါက်ကွဲထွက်မတတ် စွမ်းအားများနှင့်အတူ ဝူယင်းဆီသို့ တိုးဝင်သွားလေသည်။

"ဟွန့် ..ဒီလောက် စွမ်းအားလေးနဲ့ ငါ့ကို နိုင်မယ် ထင်နေတာလား... အိပ်မက်မက်နေလိုက်"

ဝူယင်းက မထီမဲ့မြင် ပြုလိုက်သည်။ သူ ဒဏ်ရာရထားသည် ဆိုသော်လည်း၊ ပေတိုယန်လောက်ကိုတော့ အထင်မကြီးပေ။

"နက်နဲခြင်း အဆင့်မြင့်အဆင့် သိုင်းပညာ ၊ အမည်းရောင် လေပြင်း ဝိညာဉ်စား လက်ဝါး"

ဝူယင်းသည် အော်ဟစ်လိုက်ပြီး ညာဘက်လက်ဝါးကို ရိုက်ထုတ်လိုက်ရာ ကြောက်မက်ဖွယ် အဖြူရောင် လက်ဝါးရိပ်ကြီးတစ်ခု ပြေးထွက်သွားလေသည်။

"ပြန်လှည့်စမ်း"

ပေတိုယန်က လေထဲ၌ လက်ဟန်တစ်ခု ရေးဆွဲပြီး အော်ဟစ်လိုက်သည်။

"ကောင်းကင် ပြောင်းပြန်လှန်ခြင်း"

ဝူယင်း ပစ်လွှတ်လိုက်သော အဖြူရောင် လက်ဝါးရာကြီးသည် ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး ဝူယင်းဆီသို့ ပြန်လည် ဦးတည်လာလေသည်။

"ဘာ"

ဝူယင်း မျက်နှာပျက်သွားသည်။ သူ့လက်ဝါးရာက သူ့ဆီ ပြန်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။

"ကောင်လေး... မင်း မဆိုးဘူးပဲ ဒါပေမဲ့ အားနည်းလွန်းနေသေးတယ်"

ဝူယင်း၏ မျက်နှာမှာ သုန်မှုန်သွားသည်။ သို့သော် ပေတိုယန်ကို အရေးမစိုက်သေးပေ။

"ငါပါ ပါလာရင်ရော"

ဖုန်းဝူချန်၏ အေးစက်သော အသံ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ပုံရိပ်က ဝူယင်း၏ အပေါ်တည့်တည့်သို့ ရောက်ရှိလာသည်။

"ဒီကောင်လေး... တိုက်နိုင်သေးတာလား"

ဝူယင်း အကြီးအကျယ် တုန်လှုပ်သွားသည်။ ဖုန်းဝူချန် မတ်တတ်ရပ်နိုင်သေးသည်ကို သူ မယုံနိုင်အောင် ဖြစ်နေမိသည်။

"ထာဝရ နဂါးနတ်ဘုရား လက်သီး"

ဖုန်းဝူချန်သည် ဒဏ်ရာ ပြင်းထန်နေသည့်ကြားမှ အံကြိတ်ကာ 'အစစ်အမှန်ယွမ်' ကို လှည့်ပတ်ပြီး သိုင်းကွက်ကို ထုတ်သုံးလိုက်သည်။

ဖုန်းဝူချန်၏ လက်သီးများသည် မိုးစက်များအလား ရွာကျလာသည်။ တစ်ခဏအတွင်းမှာပင် လက်သီးချက်ပေါင်း ရာချီ ပစ်လွှတ်လိုက်သည်။ လက်သီးချက်တိုင်းတွင် ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများ ပါဝင်နေလေသည်။

"ဒါ ဘယ်လို သိုင်းကွက်မျိုးလဲ"

ဝူယင်း မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။ သူ့ဆီသို့ တိုးဝင်လာနေသော ရာပေါင်းများစွာသော စွမ်းအင်လက်သီးများကို ကြည့်ရင်း ထိတ်လန့်တကြား ဖြစ်သွားရသည်။

ဝူယင်းသည် စဉ်းစားချိန် မရတော့ဘဲ 'အစစ်အမှန်ယွမ်' ကို အမြန် လှည့်ပတ်ကာ လက်နှစ်ဖက်ကို ပူးလိုက်သည်။

"နက်နဲခြင်း အဆင့်မြင့်အဆင့် သိုင်းပညာ အကန့်အသတ်မဲ့ ရွှေခေါင်းလောင်း အစစ်အမှန်ယွမ် အကာအကွယ်လွှာ"

ဝူယင်းသည် ဆက်တိုက် အော်ဟစ်လိုက်သည်။ ပေပေါင်း ဆယ်ဂဏန်းခန့် ကြီးမားသော အဖြူရောင် စွမ်းအင်ခေါင်းလောင်းကြီးတစ်ခု သူ့ကို လွှမ်းခြုံသွားပြီးနောက်၊ 'အစစ်အမှန်ယွမ်' အကာအကွယ် တစ်ခု ထပ်မံ ဖန်တီးလိုက်သည်။ နှစ်ထပ် ကာကွယ်ရေး ဖြစ်၏။

"ဟွန့် အလကားပါပဲ"

ဖုန်းဝူချန်က ရက်စက်စွာ ပြုံးလိုက်သည်။

စကားဆုံးသည်နှင့် သူသည် လေတစ်ချက် ရှူသွင်းလိုက်ပြီး...

"နဂါးဟိန်းသံ"

"ဝေါင်း...."

ကမ္ဘာမြေကို တုန်ခါသွားစေမည့် နဂါးဟိန်းသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် အသံလှိုင်းများက ဝူယင်းကို ရိုက်ခတ်သွားရာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ခံစားလိုက်ရသည်။

"သွားပြီ"

ဝူယင်း၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် အကြောက်တရားများ ခြုံလွှမ်းလာသည်။

"အား..."

ကြောက်မက်ဖွယ် နဂါးဟိန်းသံကြောင့် ဝူယင်း နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် ဖြစ်သွားပြီး စိတ်အာရုံများ လွင့်ပါးကုန်သည်။ သူ ဖန်တီးထားသော နှစ်ထပ် ကာကွယ်ရေးသည်လည်း တစ်ခဏချင်း ပျက်စီးသွားတော့သည်။

ထိုအချိန်တွင်... ဝိညာဉ်ပြတ် တောင်ကြား အတွင်းပိုင်း၌ ပုန်းအောင်းနေကြသော သားရဲများသည် ကြောက်လွန်းသဖြင့် မြေကြီးပေါ်တွင် ဝပ်တွားကာ တုန်ရီနေကြလေသည်။ သွေးကြောထဲတွင် စီးဆင်းနေသော အကြောက်တရားကြောင့် သူတို့ ဘာမှ မလုပ်နိုင်ကြချေ။

"ဘုန်း ဘုန်း ဘုန်း"

"အဟွတ် အဟွတ်"

မမြင်နိုင်သော၊ လွှမ်းမိုးနိုင်စွမ်းရှိသော၊ ကြောက်မက်ဖွယ် ကောင်းသော လက်သီးချက်ပေါင်း ရာချီသည် ဝူယင်း၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက် ကျရောက်သွားသည်။ ထို့အပြင် ဝူယင်း ကိုယ်တိုင် ပစ်လွှတ်လိုက်သော လက်ဝါးချက်နှင့် ပေတိုယန်၏ လက်ဝါးချက်များပါ ပေါင်းစပ်သွားရာ... ဝူယင်းခမျာ သွေးများ ဆက်တိုက် အန်ထွက်လာပြီး အားလှိုင်းများကြားတွင် နစ်မြုပ်သွားတော့သည်။

အဝေးမှ ကြည့်နေသော ကောင်းကင်ဝံပုလွေသည် ကြောက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

"အောင်မြင်ပြီ"

ပေတိုယန် ဝမ်းသာသွားသည်။

"ပေတိုယန်... ကျန်တာ မင်းတာဝန်ပဲ"

ဖုန်းဝူချန်သည် ခက်ခက်ခဲခဲ ပြောလိုက်ပြီးနောက် လေပေါ်မှ ပြုတ်ကျလာလေသည်။

"ဆေးဧကရာဇ်"

ပေတိုယန် မျက်နှာပျက်သွားပြီး အမြန် ပျံသန်းသွားကာ ဖမ်းထိန်းလိုက်သည်။

ဖုန်းဝူချန်သည် ဒဏ်ရာ ပြင်းထန်နေသည့်ကြားမှ 'ထာဝရ နဂါးနတ်ဘုရား လက်သီး' ကို အတင်းအကျပ် ထုတ်သုံးလိုက်သဖြင့် 'အစစ်အမှန်ယွမ်' များ ကုန်ခမ်းသွားပြီး မတ်တတ်ရပ်နိုင်စွမ်းပင် မရှိတော့ပေ။

ပေတိုယန်သည် ဖုန်းဝူချန်ကို ပွေ့ချီလိုက်ပြီး ဒဏ်ရာကုဆေး တစ်လုံး တိုက်ကျွေးလိုက်၏။

ယခင် တိုက်ပွဲများတွင် ဖုန်းဝူချန် ဒဏ်ရာရခဲ့ဖူးသော်လည်း၊ ယခုတစ်ကြိမ်လောက် မပြင်းထန်ခဲ့ပေ။

အရင်တုန်းက ဘယ်လောက်ပဲ ဒဏ်ရာရရ၊ ဖုန်းဝူချန် တောင့်ခံနိုင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူ ဘယ်လိုမှ မတတ်နိုင်တော့။

ကြောက်မက်ဖွယ် အားလှိုင်းများသည် မိနစ်အနည်းငယ်ကြာသည်အထိ ဆက်လက် တုန်ခါနေပြီးမှ တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။

ဝူယင်း၏ ဝိုးတဝါး ပုံရိပ်က ပြန်ပေါ်လာသည်။

ဝူယင်း၏ ဒဏ်ရာများက အလွန် ပြင်းထန်လှ၏။ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေပြီး မျက်နှာမှာ သွေးဆုတ်ဖြူလျော်ကာ အသက်ကို မနည်း လုရှူနေရသည်။ လေပေါ်တွင် ရပ်နေနိုင်သေးသော်လည်း အချိန်မရွေး ပြုတ်ကျသွားနိုင်သည့် အနေအထားတွင် ရှိနေ၏။

'ထာဝရ နဂါးနတ်ဘုရား လက်သီး' နှင့် ဖုန်းဝူချန်၏ သန်မာသော ခန္ဓာကိုယ်တို့ ပေါင်းစပ်လိုက်သော စွမ်းအားသည် သဘာဝကျစွာပင် ကြမ်းတမ်းလှပေသည်။

ထို့အပြင် ပေတိုယန်၏ စွမ်းအားနှင့် ဝူယင်း၏ လက်ဝါးချက်တို့ပါ ပေါင်းစပ်သွားသေးသည်။ ကာကွယ်ရေး မရှိဘဲနှင့် ဝူယင်း အသက်ရှင်နေသေးသည်မှာ အံ့ဩစရာပင်။

ဒဏ်ရာ အပြင်းအထန် ရထားသော ဝူယင်းသည် မျက်လုံးများကို တစ်ဝက်လောက်သာ ဖွင့်ထားနိုင်ပြီး ဖုန်းဝူချန်ကို အမုန်းကြီး မုန်းကာ စိုက်ကြည့်နေလေ၏။

ဖုန်းဝူချန်တွင် ဤမျှ ကြောက်စရာ ကောင်းသော သိုင်းကွက် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိ။

"သူ အသက်ရှင်နေသေးတာပဲ"

ပေတိုယန် အံ့ဩသွားသည်။ စောစောက စွမ်းအား ဘယ်လောက် ပြင်းထန်လဲ ဆိုတာ သူ အသိဆုံးပင်။

"သူ့မှာ ပြန်တိုက်နိုင်တဲ့ အား မရှိတော့ပါဘူး... သတ်လိုက်တော့..."

ဖုန်းဝူချန်က အားယူပြီး ပြောလိုက်၏။

ထိုအခါ၊ ပေတိုယန် ခေါင်းညိတ်လိုက်ပြီး ဝူယင်းဆီသို့ ပျံသန်းသွားသည်။

"နောက်ဆုံး မှာချင်တာ ရှိသေးလား.. "ဟု ပေတိုယန်က ခံစားချက် ကင်းမဲ့သော လေသံဖြင့် မေးလိုက်၏။

"ငါ ပေါ့ဆမိလို့... မဟုတ်ရင်၊ မင်းတို့ကို ဘယ်တော့မှ မရှုံးဘူး"

ဝူယင်းက ခက်ခက်ခဲခဲ ပြောလိုက်သည်။

"မင်း မှားနေပြီ... မင်းက ငါတို့ကို ရှုံးတာ မဟုတ်ဘူး... ငါတို့လက်ချက်နဲ့ သေရမှာ"

ပေတိုယန်က ပြတ်သားစွာ ကြေညာလိုက်ပြီး ညာဘက်လက်ကို မြှောက်လိုက်၏။

ရုတ်ချည်းပင် လက်ချောင်းထိပ်များမှ စွမ်းအားများ ထွက်ပေါ်လာပြီး ဝူယင်း၏ နှလုံးသားကို ညှာတာခြင်း ကင်းမဲ့စွာ ထိုးဖောက်လိုက်၏။

ဒဏ်ရာ ပြင်းထန်နေသော ဝူယင်းသည် ရှောင်တိမ်းနိုင်စွမ်း မရှိသလို၊ ခုခံနိုင်စွမ်းလည်း မရှိတော့ပေ။

ဝူယင်း ..ပွဲချင်းပြီး သေဆုံးသွားလေသည်။

ပေတိုယန်သည် အောက်ဘက်ရှိ ဒဏ်ရာရနေသော ကောင်းကင်ဝံပုလွေကို လှမ်းကြည့်လိုက်ပြီး ချက်ချင်း ရောက်ရှိသွား၏။

"မင်းရော... မှာစရာ ရှိသေးလား..."

"ငါ သရဲ ဖြစ်ရင်တောင်... မင်းတို့ကို မကြေဘူး"

ကောင်းကင်ဝံပုလွေက အားကုန်ညှစ်ပြီး အော်ဟစ်လိုက်သည်။

"ဒုတ်"

ပေတိုယန်က တွေဝေမနေဘဲ ကောင်းကင်ဝံပုလွေ၏ နှလုံးသားကိုပါ ကျင်လည်စွာ ထိုးဖောက်ကာ ဇီဝိန်ခြွေလိုက်တော့သည်။

"အစ်ကိုဖုန်း"

တိုက်ပွဲ ပြီးသည်နှင့် မြောင်ချင်းချင်းနှင့် ကျန်လူများ ရောက်ရှိလာကြလေ၏။

ချီဟွမ်က"ဗိမာန်သခင်... ဒဏ်ရာ အဆင်ပြေရဲ့လားဗျာ..." ဟု စိုးရိမ်တကြီး မေးလိုက်၏။

ဖုန်းဝူချန်က ပြုံးပြီး၊

"ဘာမှ မဖြစ်ပါဘူး... မသေပါဘူး..."

"အရှင်သခင်ရဲ့ ဒဏ်ရာက ပြင်းထန်တယ်... ဒါပေမဲ့ ပြန်ကောင်းတာလည်း မြန်ပါတယ်ရှင်..."

လန်ယွဲ့က ဝင်ပြောလိုက်ခြင်းပါ။

"ကျွန်တော့်အတွက် စိတ်မပူပါနဲ့... တစ်ရက်လောက် နားလိုက်ရင် ပြန်ကောင်းသွားမှာပါ... သူတို့ရဲ့ သိုလှောင်လက်စွပ်တွေကို သွားစစ်ဆေးကြည့်ပါ... ကျင့်ကြံဖို့ ကောင်းတာတွေ ပါမလားလို့..."

"စိတ်ချ... ကျွန်တော် သွားကြည့်လိုက်မယ်"

လိန်မူချန်က ပထမဆုံး ပြေးထွက်သွားလေ၏။

"ပေတိုယန်... ကျေးဇူးပဲ... မင်းသာ မကူညီရင် ၊ သူတို့ကို သတ်ဖို့ မလွယ်ပါဘူး..." ဖုန်းဝူချန်က ချီးကျူးလိုက်သည်။

"ဝီ... ဝီ... ဝီ..."

ဖုန်းဝူချန် စကားဆုံးသည်နှင့် တပြိုင်နက် လေတိုးသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

မြင်ကွင်းထဲတွင် စပါးအုံးမြွေကြီးများအလား ကြည်လင်နေသော စွမ်းအင်တန်းကြီးများက ဖုန်းဝူချန်တို့ဆီသို့ အရှိန်ပြင်းပြင်း တိုးဝင်လာကြ၏။

လိန်မူချန် ပထမဆုံး အဆွဲခံလိုက်ရသည်။ ထို့နောက် မြောင်ချင်းချင်းနှင့် ချီဟွမ်တို့လည်း ဆက်တိုက် ပါသွားကြသည်။ အားလုံး အလစ်အငိုက် မိသွားကြခြင်း ဖြစ်၏။

ဖုန်းဝူချန်နှင့် ပေတိုယန်… မျက်နှာပျက်သွားကြ၏။

"နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး"

လန်ယွဲ့ ထိတ်လန့်တကြား အော်ဟစ်လိုက်ခြင်းပါ။

အခန်း (၄၂၈) - နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး

~"နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးလား..."

ဖုန်းဝူချန်နှင့် ပေတိုယန်တို့ အမူအရာ ခက်ထန်သွားကြ၏။

စပါးအုံးမြွေကြီးအလား ကြည်လင်နေသော သစ်ပင်အမြစ်တန်းကြီးများသည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် လှုပ်ရှားနေ၏။

ဒါ ဘယ်လို သတ္တဝါဆိုးကြီးမျိုးလဲ။

"နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက ပုံမှန်ဆို ဝိညာဉ်ပြတ် တောင်ကြားရဲ့ အပြင်ပိုင်းမှာပဲ ရှိတတ်တာပါ... ဘယ်တုန်းကမှ အတွင်းပိုင်းထိ ဝင်မလာဖူးဘူး..."

လန်ယွဲ့က စိတ်ရှုပ်ထွေးစွာဖြင့် ပြောပြလိုက်သည်။

"အား..."

လန်ယွဲ့ စကားပင် မဆုံးလိုက်၊ ပေတိုထျန်းယဲ့သည် ရုတ်တရက် ဆွဲယူခြင်း ခံလိုက်ရပြီး ထူးဆန်းသော အော်သံလေး တစ်ခုသာ ချန်ထားရစ်ခဲ့ကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားလေသည်။

'ကောင်းကင်ဘုံ'နယ်မြေ အရှေ့ပိုင်းမှ ကျင့်ကြံသူ အများအပြားသည် ဤသစ်ပင်နတ်ဆိုး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသလို၊ ဖန်ရှောင်ယွင် ကိုယ်တိုင်လည်း ၎င်းကို ကြောက်ရွံ့၍ ထွက်ပြေးခဲ့ရသည် မဟုတ်ပါလော။

ဖုန်းဝူချန်တို့ ရှိနေသော နေရာသည် သဲကန္တာရအလား ပြောင်တလင်းခါနေပြီး ပေ ၆၀၊ ၇၀ ပတ်လည် အတွင်း၌ မည်သည့် အပင်မှ မရှိချေ။

သို့ဆိုပါက၊ သစ်ပင်နတ်ဆိုးက မည်သည့် နေရာက ရောက်လာရသနည်း။

"ထျန်းယဲ့"

ပေတိုယန် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ…ဘာကိုမှ သတိမထားမိလိုက်ပါ။

"မြန်လွန်းတယ် ..လုံးဝ မမြင်ရဘူး"

ပေတိုယန်၏ မျက်နှာမှာ ညှိုးငယ်သွားသည်။ ရင်ထဲတွင် စိုးရိမ်စိတ်များ ခြုံလွှမ်းလာ၏။

ပေတိုယန်မှ မဟုတ်၊ ဆေးပညာရှင် ဖြစ်သော ဖုန်းဝူချန် ကိုယ်တိုင်ပင် ဘာမျှ သတိမထားမိလိုက်ချေ။

ထိုအချိန်မှာ၊ လန်ယွဲ့က စိုးရိမ်တကြီး သတိပေးလိုက်သည်။

"အရှင်သခင်... မြန်မြန် ကယ်မှ ဖြစ်မယ်.. နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက အရမ်း သွေးဆာပါတယ်... သူ လူဘယ်နှစ်ယောက် စားပြီးပြီလဲ မသိဘူး... အချိန်မမီရင် သူတို့ အကုန် သေကုန်ပါလိမ့်မယ်"

ရုတ်တရက် ကျရောက်လာသော ကပ်ဘေးကြောင့် ဖုန်းဝူချန် ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားရသည်။

သူ့ဒဏ်ရာက ပြင်းထန်လွန်းနေသဖြင့် ကယ်တင်ရန် စွမ်းအား မရှိတော့သလို၊ သစ်ပင်နတ်ဆိုး၏ အရိပ်အယောင်ကိုလည်း ရှာမတွေ့ချေ။

အားကုန်ထုတ်၍ ကယ်တင်ရန်မှာလည်း မဖြစ်နိုင်တော့။

ထိုအချိန်တွင် ဖုန်းဝူချန် ကိုယ်တိုင်လည်း ကြောက်ရွံ့လာမိသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် လူတစ်ဒါဇင်ကျော်ထဲမှ ဖုန်းဝူချန်၊ ပေတိုယန်၊ လန်ယွဲ့နှင့် နန်းကုန်းကျန့် လေးယောက်သာ ကျန်ရစ်တော့သည်။ ကျန်လူများ အားလုံး သစ်ပင်နတ်ဆိုး၏ ဖမ်းဆီးခြင်း ခံလိုက်ရလေ၏။

"အစ်ကိုဖုန်း…အစ်ကိုဖုန်း"

အဝေးမှ တောင်တန်းများဆီကနေ မြောင်ချင်းချင်း၏ ကြောက်လန့်တကြား အော်သံ ထွက်ပေါ်လာသည်။

"ချင်းချင်း…"

ဖုန်းဝူချန် စိုးရိမ်တကြီး ရေရွတ်လိုက်မိသည်။

ပေတိုယန်က စိတ်မရှည်တော့ဘဲ၊

"ဆေးဧကရာဇ်... ခင်ဗျား ဒီမှာပဲ နေပြီး ဒဏ်ရာ ကုလိုက်ဦး ကျွန်တော်နဲ့ နန်းကုန်းကျန့် သွားကြည့်လိုက်မယ်"

"နေဦး"

ဖုန်းဝူချန် လှမ်းတားလိုက်၏။ သစ်ပင်နတ်ဆိုးက အရမ်း ကြောက်စရာ ကောင်းမှန်း သူ သိသည်။ ပေတိုယန်တို့ သွားလျှင်လည်း ပြန်မလာနိုင်ဘဲ ဖြစ်သွားနိုင်၏။

"သစ်ပင်နတ်ဆိုးက လူသားတွေရဲ့ 'အစစ်အမှန်ယွမ်' စွမ်းအားကို စုပ်ယူနိုင်တယ်... သွားရင် သေလမ်းရှာတာနဲ့ အတူတူပဲ" လန်ယွဲ့က သတိပေးလိုက်သည်။

"ဒါဆို... ချီဟွမ်တို့ သေရတော့မှာလား..." နန်းကုန်းကျန့်က တုန်လှုပ်စွာ မေးလိုက်သည်။

သစ်ပင်နတ်ဆိုး ဘယ်မှာ ရှိမှန်း မသိဘဲ ဘယ်လို ကယ်တင်နိုင်မည်နည်း။

"နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး ၊ မင်း ငါ့သူငယ်ချင်းတွေကို ထိရဲရင်... ငါ မင်းကို ပြာကျအောင် လုပ်ပစ်မယ်၊ ငါ့မီးတောက်တွေက မင်းကို လောင်ကျွမ်းပစ်ဖို့ လုံလောက်တယ်"

ဖုန်းဝူချန်သည် အခြေအနေမဲ့နေသဖြင့် ခြိမ်းခြောက်ခြင်းကိုသာ ပြုလုပ်နိုင်တော့သည်။ သူသည် ပူ‌ပြင်း‌သော နဂါးမီးတောက်များကို ချက်ချင်း အသက်သွင်းလိုက်၏။

အစိမ်းရောင် မီးတောက်များက သူ၏ လက်ဝါးပေါ်တွင် ကခုန်နေပြီး ကြောက်မက်ဖွယ် အပူရှိန်များ ထွက်ပေါ်နေသည်။

သို့သော် ဖုန်းဝူချန်၏ ခြိမ်းခြောက်မှုက အရာမထင်ပေ။ သစ်ပင်နတ်ဆိုးက တုံ့ပြန်ခြင်း မရှိ။

ထိုအချိန်တွင် ဝိညာဉ်ပြတ် တောင်ကြား တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ မြောင်ချင်းချင်းတို့၏ အသံများလည်း ပျောက်ကွယ်သွားလေ၏။

ဖုန်းဝူချန်တို့ အဖွဲ့ ရင်တမမ ဖြစ်နေကြသည်။ သစ်ပင်နတ်ဆိုးက မြောင်ချင်းချင်းတို့ကို တစ်ခုခု လုပ်လိုက်ပြီလားဟု စိုးရိမ်နေကြသည်။

"ဆေးဧကရာဇ်... ဘယ်လိုလုပ်မလဲ..."

ဘာသံမှ မကြားရတော့သဖြင့် နန်းကုန်းကျန့် ထိတ်လန့်တကြား မေးလိုက်သည်။ ဒီလို ကြောက်စရာကောင်းတဲ့ သတ္တဝါမျိုး သူ တစ်ခါမှ မကြုံဖူး။

ဖုန်းဝူချန်လည်း အကြံအိုက်နေသည်။ သစ်ပင်နတ်ဆိုးက မမြင်ရသလို၊ အရှိန်အဝါလည်း မရှိ။ မရှိသကဲ့သို့ ဖြစ်နေသည်။

နတ်ဆိုးနဂါး၏ မှတ်ဉာဏ်နှင့် အတွေ့အကြုံများကို ရရှိထားသည့်တိုင်၊ ဤကဲ့သို့ အခြေအနေမျိုး ဖုန်းဝူချန် တစ်ခါမှ မကြုံဖူးခဲ့ပေ။

နတ်ဆိုးနဂါး၏ မှတ်ဉာဏ်ထဲတွင် နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး အကြောင်း မပါရှိချေ။

"ဒုန်း ဒုန်း ဒုန်း"

ဖုန်းဝူချန်တို့ တွေဝေနေစဉ်မှာပင်... ကြီးမားသော ခြေသံကြီးများ ထွက်ပေါ်လာသည်။ ခြေလှမ်း တစ်လှမ်းလှမ်းလိုက်တိုင်း မြေကြီးများ တုန်ခါသွားသည်။

"ဘာဖြစ်တာလဲ..." ပေတိုယန် ပတ်ဝန်းကျင်ကို သတိထားပြီး ကြည့်လိုက်သည်။

"သစ်ပင်နတ်ဆိုး လာနေပြီ"

လန်ယွဲ့ တစ်ကိုယ်လုံး တုန်ရီနေသည်။ သူမ၏ မျက်ဝန်းလှလှလေးများထဲတွင် အကြောက်တရားများ ခြုံလွှမ်းနေ၏။

"ငါ ဒီဝိညာဉ်ပြတ် တောင်ကြားမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာပြီ... လူသား တစ်ယောက်က ငါ့ကို လာခြိမ်းခြောက်တာ၊ ဒါ ပထမဆုံးပဲ ..ကောင်လေး... မင်း သတ္တိရှိသားပဲ"

အိုမင်းပြီး အက်ကွဲနေသော အသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဖုန်းဝူချန်တို့ လေးယောက် မျက်နှာပျက်သွားကြသည်။ အသံသာ ကြားရပြီး အကောင် မမြင်ရသေးပေ။

စကားဆုံးသည်နှင့် တပြိုင်နက်... ဧရာမ သစ်ပင်ကြီး တစ်ပင်သည် သူတို့၏ မျက်စိရှေ့မှောက်တွင် ဘွားခနဲ ပေါ်လာလေတော့သည်။

ပေပေါင်း ရာချီ မြင့်မားသော နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး…။

သူက ကိုယ်ဖျောက်နိုင်စွမ်း ရှိသော ရှေးဟောင်း သစ်ပင်ကြီး တစ်ပင် ဖြစ်နေသည်ကိုး။

ဖုန်းဝူချန်နှင့် ကျန်သုံးယောက် ပါးစပ်အဟောင်းသားဖြင့် မော့ကြည့်နေမိကြ၏။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး၏ အရွယ်အစားကို ကြည့်ရသည်မှာ... သူ၏ အမြစ်များနှင့် အကိုင်းအခက်များသည် ဝိညာဉ်ပြတ် တောင်ကြား တစ်ခုလုံးကို ဖြန့်ကျက်ထားနိုင်ပုံ ရ၏။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး၏ ရှေ့တွင် ဖုန်းဝူချန်တို့အဖွဲ့သည် ပုရွက်ဆိတ်လေးများအလား သေးငယ်သွားကြသည်။

ထို့အပြင်... နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် 'ကောင်းကင်ဘုံ လူသား' ပဉ္စမအလွှာ အဆင့်ရှိကြောင်း သိလိုက်ရ၏။

"ဒါ... ဒါ နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးလား.... ကြီးလိုက်တာ"

နန်းကုန်းကျန့် တုန်တုန်ရီရီ ပြောလိုက်သည်။

"ကောင်းကင်ဘုံ လူသား ပဉ္စမအလွှာ"

ချီဟွမ် မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး တံတွေးတစ်ချက် မျိုချလိုက်မိသည်။

ဖုန်းဝူချန် ကိုယ်တိုင်လည်း အံ့ဩတုန်လှုပ်နေမိသည်။ ဒီလောက် အရွယ် ကြီးမားသည့် ရှေးဟောင်း သစ်ပင်ကြီးမျိုး သူ တစ်ခါမှ မမြင်ဖူးခဲ့ပါ။

"လူသားတွေ... မင်းတို့က တော်တော် မောက်မာတာပဲ"

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး၏ ကြီးမားသော မျက်လုံးကြီးများက ဖုန်းဝူချန်ကို စိုက်ကြည့်နေသည်။ သူ၏ ပါးစပ်ပေါက်ကြီးက ဂူပေါက်ကြီး တစ်ခုအလား ဟပြဲကြီး ဖြစ်နေ၏။

"ငါ့သူငယ်ချင်းတွေ ဘယ်မှာလဲ"

ဟု ဖုန်းဝူချန်က ဒေါသတကြီး အော်မေးလိုက်တော့သည်။

မြောင်ချင်းချင်းတို့ ပျောက်ဆုံးနေခြင်းက ဖုန်းဝူချန်၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်နေသည်။ သူ့မျက်နှာကြီး ရှုံ့တွသွားပြီး သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာသည်။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး၏ သစ်ကိုင်းတစ်ချောင်းသည် ကြီးမားသော လက်တစ်ဖက်အသွင် ပြောင်းလဲသွားပြီး ဗိုက်ကို ပုတ်ပြလိုက်သည်။

"သူတို့အကုန်လုံး ငါ့ဗိုက်ထဲ ရောက်ကုန်ပြီ..."

"ဘာ"

ဖုန်းဝူချန်တို့ မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားကြသည်။

ကြောက်မက်ဖွယ် ဒေါသလှိုင်းလုံးကြီးက ဖုန်းဝူချန်၏ ရင်ထဲမှ ကန်ထွက်လာပြီး မျက်လုံးများ သွေးရောင် လွှမ်းသွားတော့သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီလာပြီး ကြမ်းတမ်းသော စွမ်းအားများ ဝရုန်းသုန်းကား သိပ်သည်းလာ၏။

"မင်းက သူတို့ကို စားလိုက်တယ် ..ဟုတ်လား"

ဖုန်းဝူချန် ရူးသွပ်မတတ် အော်ဟစ်လိုက်သည်။

"တောက် ၊ မင်းနဲ့ အသေချာ တိုက်မယ်ကွ"

ပေတိုယန်လည်း ဒေါသတကြီး ကြုံးဝါးလိုက်ပြီး နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးဆီသို့ မိုက်မဲစွာ ပြေးဝင်သွားသည်။

"အားလားလား…ကောင်းကင်ဘုံ လူသား ပထမအလွှာလောက်နဲ့ ငါ့ကို ယှဉ်ချင်နေတာလား..."

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက မထီမဲ့မြင် ပြုလိုက်သည်။

"ဝှစ်"

"ဘုန်း"

"အွတ်"

သစ်ကိုင်းတစ်ချောင်း ရိုက်ခတ်လိုက်သည်နှင့် ပေတိုယန် သွေးအန်ကာ လွင့်စင်သွားရသည်။

တစ်ချက်တည်းနှင့်... ပေတိုယန် ဒဏ်ရာအပြင်းအထန် ရသွားခဲ့လေ၏။

"ပေတိုယန်"

နန်းကုန်းကျန့်လည်း ဒေါသထွက်သွားပြီး နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။ စွမ်းအား နိမ့်သော်လည်း သူလည်း ဝင်တိုက်ရန် ပြင်လိုက်သည်။

"ရေဝိညာဉ် အတားအဆီး"

လန်ယွဲ့က ဖုန်းဝူချန်၏ ရှေ့တွင် ဝင်ရပ်လိုက်ပြီး အကာအကွယ်လွှာ ဖန်တီးပေးလိုက်သည်။ သေချင်သေပါစေ ၊ ကာကွယ်ပေးမည်ဟု ဆုံးဖြတ်ထားပုံ ရသည်။

"ဘုန်း"

"အွတ်"

သစ်ကိုင်းတစ်ချောင်း ထပ်မံ ရိုက်ခတ်လိုက်ပြန်ရာ နန်းကုန်းကျန့်လည်း သွေးအန်ပြီး လွင့်စင်သွားရပြန်သည်။

"ဒီလောက် စွမ်းအားလေးနဲ့ ငါ့ကို လာယှဉ်ချင်နေကြတယ်... ရယ်စရာ ကောင်းလိုက်တာ"

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက လှောင်ပြောင်လိုက်သည်။

သူ၏ ကြီးမားသော မျက်လုံးကြီးများက လန်ယွဲ့နှင့် ဖုန်းဝူချန်ဆီသို့ ရောက်ရှိလာသည်။

"မင်းတို့နှစ်ယောက်ပဲ ကျန်တော့တယ်"

"ဘုန်း"

"ဝေါ့"

စကားဆုံးသည်နှင့် သစ်ကိုင်းတစ်ချောင်း ထပ်မံ ရိုက်ခတ်လိုက်ရာ ရေဝိညာဉ် အတားအဆီးသည် ဖန်ခွက်ကွဲသလို ကွဲကြေသွားပြီး လန်ယွဲ့လည်း သွေးအန်ကာ လွင့်စင်သွားတော့သည်။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက ရက်စက်စွာဖြင့်၊

"ကောင်လေး မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့... မင်းကို သေချင်စိတ် ပေါက်သွားအောင် ငါ လုပ်ပေးမယ်"

"ဝူး...."

ဒေါသ အထွတ်အထိပ် ရောက်နေသော ဖုန်းဝူချန်သည် မိုးပေါ်သို့ မော့ကာ ကောင်းကင်နှင့် မြေကြီး တုန်ခါသွားစေမည့် နဂါးဟိန်းသံကြီး တစ်ခု အော်ဟစ်လိုက်လေသည်။

ဖုန်းဝူချန်၏ ခန္ဓာကိုယ် အပေါ်ယံတွင်... ရွှေရောင် နဂါးပုံရိပ်တစ်ခု ရုတ်တရက် ဖြစ်တည်လာတော့သည်။

အခန်း (၄၂၉) - ဖုန်းဝူချန်၏ အမျက်ဒေါသ

~"အူး..."

နဂါးဟိန်းသံသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေပြီး တောင်တန်းပေါင်း ထောင်ချီကို လှုပ်ခါသွားစေလေသည်။

ဖုန်းဝူချန်သည် အသိစိတ် လွတ်သွားပြီး ဒေါသများ ပေါက်ကွဲထွက်ပေါ်လာသည်။ မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။

သူ၏ နဖူးပေါ်ရှိ 'ရှေးဟောင်း ရွှေနဂါး တံဆိပ်' သည် ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပြီး ခမ်းနားထည်ဝါသော အရှိန်အဝါများ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေသည်။

"ဟင်... ထျန်းယွမ်ဘုံ နဝမအလွှာ အထွတ်အထိပ် စွမ်းအားလား... မဆိုးပါဘူး..."

ဒေါသထွက်နေသော ဖုန်းဝူချန်ထံမှ ပေါက်ကွဲထွက်ပေါ်လာသည့် စွမ်းအားများကို ခံစားမိလိုက်သောအခါ နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး အနည်းငယ် အံ့ဩသွားသည်။

သို့သော် အံ့ဩရုံသာ အံ့ဩခြင်း ဖြစ်၏။ 'ကောင်းကင်ဘုံ လူသား' အဆင့်ကိုပင် မျက်လုံးထဲ မထည့်သော သူက ထျန်းယွမ်ဘုံ အဆင့်လောက်ကို ဂရုစိုက်စရာလား။

"မင်းကို ငါ့ရဲ့ စွမ်းအား ဘယ်လောက်ကြီးလဲ ဆိုတာ ပြရသေးတာပေါ့..."

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက အေးစက်စွာ ပြောလိုက်ပြီး သစ်ကိုင်းသုံးချောင်းကို ပစ်လွှတ်လိုက်ကာ ပေတိုယန်၊ နန်းကုန်းကျန့်နှင့် လန်ယွဲ့တို့ကို ဖမ်းဆွဲလိုက်လေသည်။

ထို့နောက်... ဖုန်းဝူချန်၏ မျက်စိရှေ့မှောက်မှာပင် သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ပါးစပ်ထဲ ထည့်ကာ မျိုချလိုက်လေတော့သည်။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက သူတို့ကို တကယ် စားလိုက်လေ၏။

သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ကြည့်နေသော ဖုန်းဝူချန်သည် မျက်တောင်တစ်ချက် မခတ်ပေ။ သူ့သူငယ်ချင်းများ အစားခံလိုက်ရသည်ကို လက်ပိုက်ကြည့်နေရရုံမှတစ်ပါး အခြားမရှိ။

ဖုန်းဝူချန်မှလွဲ၍ ကျန်လူများအားလုံး နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး၏ အစာ ဖြစ်သွားခဲ့ရလေ၏။

ဖုန်းဝူချန် ဒေါသထွက်လွန်း၍ ဝိညာဉ်ခန္ဓာကိုယ်ပင် ကွဲထွက်မတတ် ဖြစ်သွားသည်။ သူ့ဒေါသက အတိုင်းအဆ မရှိတော့ပါ။

"ဝုန်း"

နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်၏ စိတ်ထဲ၌ ဉာဏ်အလင်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

"ဝီ..."

ဖုန်းဝူချန်၏ ခန္ဓာကိုယ် အတွင်းမှ ပြိုင်ဘက်ကင်းသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။ ထူးဆန်းသော သွေးအဆီအနှစ်များ ထွက်ပေါ်လာပြီး သွေးရောင် အလင်းတန်းများ စူးရှစွာ တောက်ပလာသည်။ မြေကြီးများ ပြင်းထန်စွာ တုန်ခါသွားသည်။

ထိုကြောက်မက်ဖွယ် စွမ်းအားကြောင့် ဖုန်းဝူချန်၏ အရှိန်အဝါသည် ထျန်းယွမ်ဘုံ နဝမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး တိုက်ခိုက်မှု စွမ်းရည်က တစ်ဆင့်လုံးလုံး မြင့်တက်သွားလေသည်။

ဤစွမ်းအားသည် နှစ်ပေါင်းသန်းချီ အိပ်ပျော်နေသော ရှေးဟောင်း စွမ်းအားတစ်ခု နိုးထလာသကဲ့သို့ ကြီးမားကျယ်ပြန့်လှသည်။

ဖုန်းဝူချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဒေါသက လွှမ်းမိုးထားပြီ ဖြစ်၏။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးသည် ဖုန်းဝူချန်ကို ကြည့်ရင်း တွေးလိုက်မိသည်။

'ဒီကောင်လေးရဲ့ ကိုယ်ထဲက ရှေးဟောင်း စွမ်းအားက တော်တော် ကြောက်စရာ ကောင်းတာပဲ... သာမန် မဟုတ်ဘူး...'

"ဘုန်း ဘုန်း ဘုန်း"

"ဝေါင်း... ဂါး..."

ဖုန်းဝူချန် စွမ်းအား ထုတ်ဖော်လိုက်သည့် ခဏမှာပင်... ဝိညာဉ်ပြတ် တောင်ကြား၏ နက်ရှိုင်းသော နေရာများဆီမှ သားရဲဟိန်းသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ ကောင်းကင်မှ ကြည့်လိုက်လျှင် သားရဲအုပ်ကြီး ရေလှိုင်းလုံးအလား တိုးဝင်လာနေသည်ကို တွေ့မြင်ရပေမည်။

သားရဲအုပ်ကြီး၏ ဟိန်းဟောက်သံများက တောင်ကြားတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။

ထျန်းယွမ်ဘုံနှင့် ကောင်းကင်ဘုံ လူသား အဆင့် သားရဲများ အများအပြား ပါဝင်ပြီး၊ ထိုအထဲတွင် 'ကောင်းကင်ဘုံ လူသား' နဝမအလွှာ အဆင့်ရှိသော သားရဲများပင် ပါဝင်လေသည်။

သားရဲကောင်ရေ (၅၀၀)၊ (၆၀၀) ခန့် ရှိမည်။ သူတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် မြေကြီးများ တုန်ခါပြီး တောင်များ ယိမ်းထိုးသွားရသည်။

"ဒါ... ဒါ..." နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ရာပေါင်းများစွာသော သားရဲများသည် ဒေါသတကြီး တိုးဝင်လာပြီး ဖုန်းဝူချန်၏ နောက်ကျောနှင့် ဘေးတစ်ဖက်တစ်ချက်တွင် နေရာယူလိုက်ကြသည်။ သူတို့၏ ကြီးမားသော ခန္ဓာကိုယ်ကြီးများနှင့် ရက်စက်သော မျက်လုံးများက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိုသားရဲများသည် ဖုန်းဝူချန်၏ လက်အောက်ငယ်သားများအလား အမိန့်နာခံရန် အသင့် ရှိနေကြသည်။

"မ... မဖြစ်နိုင်ဘူး... ဒီကောင်လေးက ဝိညာဉ်ပြတ် တောင်ကြားထဲက သားရဲတွေကို ဆင့်ခေါ်နိုင်တယ် ဟုတ်လား" နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး ပြောစရာ စကားမဲ့သွားသည်။

"အဲ့ဒီ သစ်ပင်နတ်ဆိုးကို တစ်စစီ ကိုက်ဖြတ်ပစ်လိုက်"

ဖုန်းဝူချန် ရုတ်တရက် အမိန့်ပေးလိုက်သည်။

ဖုန်းဝူချန်က သားရဲတွေကို အမိန့်ပေးလိုက်လေသည်။

မြောင်ချင်းချင်းတို့ကို စားလိုက်သည့်အတွက် ဖုန်းဝူချန်သည် နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးကို အသေကောင် အဖြစ်သာ မြင်နေတော့သည်။

"ဝေါင်း... ဂါး..."

ရာပေါင်းများစွာသော သားရဲများသည် တပြိုင်နက် ဟိန်းဟောက်လိုက်ကြသည်။ ဝိညာဉ်ပြတ် တောင်ကြား တစ်ခုလုံး တုန်ခါသွားပြီး မြေကြီးများ ကွဲအက်ကုန်ကြသည်။

ဒါသည် ဝိညာဉ်ပြတ် တောင်ကြား သမိုင်းတွင် အကြီးမားဆုံး လှုပ်ရှားမှုကြီး ဖြစ်ပေသည်။

ထိုသားရဲအုပ်ကြီးထဲတွင် နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးထက် စွမ်းအားမြင့်သော သားရဲ ၁၀ ကောင်ကျော် ပါဝင်ပြီး၊ စွမ်းအားတူ သားရဲ ဒါဇင်ပေါင်းများစွာ ပါဝင်လေသည်။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး ဘယ်လောက်ပဲ ကြီးမားပါစေ၊ ဒီလောက်များပြားပြီး စွမ်းအားကြီးတဲ့ သားရဲအုပ်ကြီးကို ရင်ဆိုင်ရရင် ထွက်ပြေးရုံမှတစ်ပါး အခြားမရှိ။

"ဘာ... ဘာဖြစ်တာလဲ"

"ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအားတွေ... သားရဲတွေ အကုန်လုံး ဒေါသထွက်နေကြသလိုပဲ"

"မဟန်ဘူး... သားရဲအော်သံတွေက ရာနဲ့ချီ ရှိမယ်"

"ကောင်းကင်ဘုံ လူသား နဝမအလွှာ သားရဲတွေတောင် ပါတယ် ပြဿနာကြီး တက်ပြီထင်တယ်... ငါတို့ ပြေးကြရအောင်"

"မဖြစ်ဘူး... ပြေးရင် ဂိုဏ်းချုပ်လေး သတ်တာ ခံရလိမ့်မယ်"

အထွက်ပေါက်များကို စောင့်ကြပ်နေသော ဂိုဏ်းသားများ ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။ သတ္တိနည်းသူ တချို့ကတော့ အမိန့်ကို ဂရုမစိုက်တော့ဘဲ ထွက်ပြေးကုန်ကြတော့၏။

"သောက်ရူးကောင်လေး မင်းက ဘယ်သူ့ကို လာခြိမ်းခြောက်နေတာလဲ" နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက ဆဲဆိုလိုက်သည်။

"မင်း သေရမယ် ငါ သူတို့အတွက် လက်စားချေမယ်"

ဖုန်းဝူချန် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

"ဝေါင်း...."

ရာပေါင်းများစွာသော သားရဲများသည် မုန်တိုင်းတစ်ခုအလား တိုးဝင်သွားကြသည်။ မြင်ကွင်းက အလွန် ခမ်းနားသလို၊ အလွန်လည်း ကြောက်စရာ ကောင်းလှသည်။

စဉ်းစားကြည့်ပါ... ရာပေါင်းများစွာသော သားရဲများ၏ ကိုက်ဖြတ်ခြင်းကို ခံရမည့် အဖြစ်က မည်မျှ… ဆိုးရွားလိုက်မည်နည်း။

"ဒီကောင်လေးက အတည်ကြီး လုပ်နေတာပဲ"

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး မျက်နှာပျက်သွားပြီး နောက်လှည့် ထွက်ပြေးရန် ပြင်လိုက်သည်။

သူက 'ကောင်းကင်ဘုံ လူသား' ပဉ္စမအလွှာ အဆင့် ရှိသော်လည်း၊ သူ့ထက် စွမ်းအားကြီးသော သားရဲများ ၊ ထို့အပြင်၊ သည်လောက် များပြားသော အရေအတွက်ကို ဘယ်လိုမှ မယှဉ်နိုင်ပါ။

သို့သော် နောက်ကျသွားလေ၏။ သားရဲအုပ်ကြီးက သူ့ကို ဝိုင်းရံပိတ်ဆို့ထားလိုက်ပြီ ဖြစ်၏။ သားရဲများ၏ မျက်လုံးများတွင် သွေးဆာမှုများ ခြုံလွှမ်းနေ၏။

အကြည့်တစ်ချက်တည်းနှင့်ပင် သတ်ဖြတ်နိုင်လောက်သည့် အနေအထားပင်။

"ကောင်လေး ..မင်းက ကျေးဇူးကန်းတဲ့ လူပဲ"

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။

ဖုန်းဝူချန်ကတော့ ဘာမှ နားမလည်သလို၊ ဂရုလည်း မစိုက်ပေ။

‘နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက စစချင်း မြောင်ချင်းချင်းတို့ကို ဖမ်းသွားတယ်... ပြီးတော့ ပေတိုယန်တို့ကို စားလိုက်တယ်... ဘယ်နေရာမှာ ကျေးဇူးရှိလို့လဲ။’

"ဝေါင်း..."

သားရဲများက တွေဝေမနေဘဲ ရှေ့တိုးလာကြသည်။ ပါးစပ်ပေါက်ကြီးများကို ဖွင့်ပြီး ကိုက်ဖြတ်ရန် ပြင်လိုက်ကြသည်။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး အလျင်အမြန် အော်ပြောလိုက်သည်။

"ကောင်လေး သူတို့ကို ရပ်ခိုင်းလိုက် မင်းသူငယ်ချင်းတွေ မသေသေးဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ ဖုန်းဝူချန် တုံ့ခနဲ ရပ်တန့်သွား၏။

"ဘာပြောလိုက်တယ်"

"မင်းသူငယ်ချင်းတွေ အသက်ရှင်နေသေးတယ် အသက်ရှင်နေသေးတယ်လို့ မြန်မြန် ရပ်ခိုင်းလိုက်"

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး ပျာပျာသလဲ အော်ပြောလိုက်သည်။

"ရပ်ကြတော့"

ဖုန်းဝူချန် အော်ဟစ် အမိန့်ပေးလိုက်သည်။

သားရဲအုပ်ကြီး ချက်ချင်း ရပ်တန့်သွားကြ၏။

ကိုက်ဖြတ်ရန် လက်မဝက်ခန့်သာ လိုတော့သော သားရဲကြီးများပင် ချက်ချင်း ရပ်တန့်သွားကြသည်။

ဖုန်းဝူချန်၏ အမိန့်ကို မည်သူမျှ မလွန်ဆန်ရဲကြပေ။

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး သက်ပြင်းချလိုက်နိုင်သည်။

"သူတို့ အသက်ရှင်နေသေးတယ် ဟုတ်လား..."

ဖုန်းဝူချန်၏ မျက်လုံးများက သွေးရောင် လွှမ်းနေဆဲပင်။

"ရှင်နေသေးတယ်" နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက မကျေမနပ် ပြန်ဖြေလိုက်သည်။

"ပြန်လွှတ်ပေးပါ" ဖုန်းဝူချန်က အမိန့်ပေးလိုက်သည်။

"ဟွန့် ငါက မင်းတို့ ရန်သူတွေ လက်ကနေ ကယ်ပေးခဲ့တာကို ကျေးဇူးမတင်တဲ့အပြင်... ငါ့ကို ခွေးတွေနဲ့ ဝိုင်းကိုက်ခိုင်းတယ်ပေါ့"

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးက ဒေါသတကြီး ဆဲဆိုလိုက်သည်။

"ငါ နားမလည်ဘူး အခုချက်ချင်း ပြန်မလွှတ်ရင်... ငါ မင်းကို သတ်ပစ်မယ်" ဖုန်းဝူချန်က ခြိမ်းခြောက်လိုက်သည်။

"ကောင်လေး... မင်းတို့နောက်ကို လူတွေ လိုက်နေတာ မသိဘူးလား... ငါသာ မကယ်ရင် မင်းတို့ လွတ်မယ် ထင်နေလား၊ ငါက တိတ်တဆိတ် ကူညီပေးခဲ့တာကွ"

"မတောင်းဆိုဘဲ ပေးတဲ့ အကူအညီ ဆိုတာ... နောက်ကွယ်မှာ အကြံအစည် ရှိလို့ပဲ"

ဖုန်းဝူချန်က ပြန်ပက်လိုက်သည်။ သူ နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးကို မယုံကြည်ပေ။

"မင်း…"

နှစ်တစ်ထောင် သစ်ပင်နတ်ဆိုး ဒေါသထွက်လွန်း၍ တုန်ရီနေသည်။

ဖုန်းဝူချန်က 'နဂါးနတ်ဘုရား ဓား' ကို ဝှေ့ယမ်းလိုက်ပြီး သတိပေးလိုက်သည်။

"ငါ့အချိန်ကို မဖြုန်းနဲ့... မသေချင်ရင် သူတို့ကို ပြန်လွှတ်ပေးရမယ် ၊ ဒါ နောက်ဆုံး သတိပေးတာပဲ”

All Chapters