လုချန်းကျီ လာလည်ခြင်း
Vol. 9 Ch. 92
နတ်ဖီးနစ်လျှို့ဝှက်ကျင့်စဉ် ၏ အထူး ပုံစံမှာ ထန်ထျန်း၏ မျှော်လင့်ချက်များကို အမှန်တကယ်ပင် ကျော်လွန်သွားခဲ့သည်။
တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်
တကယ်ကြီး ဥတစ်လုံး ထွက်လာတော့မလို့ ဖြစ်သွားတာကိုး။ အကယ်၍သာ သူက အမျိုးသမီးတစ်ဦး ဖြစ်နေပါက အမှန်တကယ်ပင် သက်ရှိ ဥတစ်လုံးကို မွေးဖွားမိလိမ့်မည်ဟု သူ ပြင်းပြင်းထန်ထန် သံသယဝင်မိသည်။
တော်သေးတာပေါ့... အဆိုးဆုံးကိစ္စက ဖြစ်မလာခဲ့ဘူး။
ထိုထူးဆန်းသော ဥကြီး၏ တည်ရှိပုံမှာ ကောင်းကင်တာအိုပင် စုံစမ်း၍ မရနိုင်ပေ။
၎င်း၏ အသုံးဝင်ပုံကလည်း ထန်ထျန်း၏ စိုးရိမ်ပူပန်မှုများကို အကုန်အစင် ပယ်ဖျက်ပေးလိုက်ပြီး အသက်လုံခြုံရေးအတွက် အခိုင်မာဆုံးသော အာမခံချက်ကို ရရှိသွားစေသည်။
ထန်ထျန်း စိတ် တွေ အလွန်တက်ကြွနေပြီး "သေချင်ဇောနဲ့ လျှောက်လုပ်ကြည့်ရမယ့်" ရူးသွပ်စရာ ကိစ္စတွေကို တစ်ပုံကြီး တွေးတောနေမိသည်။
သို့သော် တွေးပြီးနောက်တွင်တော့ သူ ပြန်လည် တည်ငြိမ်သွားခဲ့သည်။ သူက အာမခံချက်တစ်ခု လိုချင်ရုံသာ ဖြစ်ပြီး တကယ်ကြီး အပြင်ထွက်ပြီး အရူးထချင်နေခြင်း မဟုတ်ပေ။
မူလအစီအစဉ်အတိုင်း တည်ငြိမ်စွာ ရှေ့ဆက်သွားလျှင် ရပြီဖြစ်သည်။
ထန်ထျန်းက ယနေ့ ချင်းဟိုင် ပို့ပေးထားသော ကျင့်စဉ်များကို ထုတ်ယူလိုက်သည်။
သုံးစွဲမှုအမှတ် အနည်းငယ် ကျန်ရှိနေသေးသဖြင့် ကျင့်စဉ်များကို ဆက်လက် လေ့လာနိုင်သည်။ အစွမ်းထက်ခြင်း ဆိုသည်မှာ နည်းနည်းချင်း စုဆောင်းရာမှ လာသည် မဟုတ်ပါလား။
ထို့ပြင် နောက်ထပ် သုံးစွဲမှုအမှတ်များ ရရှိနိုင်မည့် လမ်းကြောင်းမှာလည်း ရှိနေပြီ ဖြစ်သည်။
တန်းယွမ် ကုန်သွယ်ရေးအသင်း၏ ရှယ်ယာခွဲဝေမှုတွင် သူ မည်သည့် စိုးရိမ်မှုမှ မရှိဘဲ ပါဝင်နိုင်ပြီ ဖြစ်ရာ အချိန်တန်လျှင် ချီယွမ်ကို ခေါ်သွားရုံပင်။
အမှောင်ထဲတွင် ပုန်းကွယ်ကာ လှိုင်းတံပိုးများ ထအောင် ဖန်တီးနေသည့် ထို နောက် ကွယ်မှ လက်တစ်စုံမှာ မည်သူနည်း၊ မည်သို့သော မိစ္ဆာကောင် ဖြစ်နေသနည်း ဆိုသည်ကိုလည်း သူ ဖော်ထုတ်ချင်နေမိသည်။
......
နောက်တစ်နေ့တွင် ထန်ထျန်းက ရှယ်ယာခွဲဝေမှုတွင် ပါဝင်မည့် သူ၏ ဆုံးဖြတ်ချက်ကို ချင်းဟိုင်အား အကြောင်းကြားလိုက်သည်။
စာရင်းပေးသွင်းခြင်း ကိစ္စများကိုတော့ ချင်းဟိုင်ကိုပင် လွှဲပေးလိုက်သည်။
ရှယ်ယာအစည်းအဝေး စတင်ရန် တစ်လကျော်မျှ လိုသေးသဖြင့် ထန်ထျန်းက ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ရေး လေ့ကျင့်မှုများတွင်သာ ဆက်လက် နစ်မြောနေခဲ့သည်။
သို့သော် ရက်အနည်းငယ်မျှ မကြာမီမှာပင် ခရမ်းရောင်ဝါးခြံဝင်းသို့ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်တစ်ဦး ရှိလာသည်။
သူမှာ လုချန်းကျီ ပင် ဖြစ်သည်။
ထန်ထျန်း အစီအရင်ကို ဖွင့်လိုက်ပြီး ရောက် လာသူမှာ သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ မှင်တက်သွားသည်။
ယခင်က တောင်ထိပ်ငါးခု ဆွေးနွေးပွဲတွင် နှစ်ဦးသား မျက်နှာပျက်ခဲ့ကြပြီးကတည်းက မည်သည့် ပတ်သက်မှုမှ မရှိခဲ့တော့ပေ။
ဤကောင်က ဘာလို့ ရုတ်တရက် လာလည်ရတာလဲ
"ဘာကိစ္စလဲ"
ထန်ထျန်းက အိမ်ထဲသို့ ဖိတ်ခေါ်မည့် အမူအရာမပြဘဲ တည့်တည့်ပင် မေးလိုက်သည်။
လုချန်းကျီကတော့ ဂရုမစိုက်ဘဲ ပြုံးလျက် "ဂိုဏ်းချုပ်လေး က လွှတ်လိုက်လို့ပါ။
ဂိုဏ်းရဲ့ ပင်မတောင်ထိပ်မှာ အချို့သော တိုးချဲ့တည်ဆောက်ရေး အစီအစဉ်တွေ ရှိလို့ မင်းနဲ့ လာဆွေးနွေးချင်နေ တာ"
ထန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဤကာလအတွင်း သူက သုံးစွဲမှုအမှတ်များ ရရန်အတွက် ဂိုဏ်း၏ တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သည်မှာ အမှန်ပင်။
သို့သော် ပင်မတောင်ထိပ် နှင့် ပတ်သက်၍မူ တစ်ခါမှ မထိတွေ့ခဲ့ဖူးပေ။
လုချန်းကျီနှင့် ထျန်းယန်ရှန်း တို့မှာ အလွန်ချမ်းသာကြသဖြင့် သူတို့အတွက် အခြားသူ၏ အကူအညီ မလိုပေ။
ယခုမှ ဘာလို့ ရုတ်တရက် လာဆွေးနွေးရသနည်း
သူ နားမလည်နိုင်သော်လည်း ရောက် လာသူမှာ ပြုံးပြုံးရွှင်ရွှင် ရှိနေသလို၊ ယွင်ခုံး၏ နာမည်ကိုပါ ထုတ်သုံးထားသဖြင့် နှင်ထုတ်လိုက်လျှင် စိတ်ထားကျဉ်းမြောင်းရာ ရောက်ပေလိမ့်မည်။
ထို့ကြောင့် ထန်ထျန်းက လုချန်းကျီကို ခြံဝင်းထဲသို့ ပေးဝင်လိုက်သည်။
မန်ကျည်းပင်အို ကြီးအောက်သို့ ရောက်သောအခါ လုချန်းကျီက ပတ်ဝန်းကျင်ကို သေသေချာချာ ဝေ့ဝိုက်ကြည့်ရှုသည်။
ထို့နောက် သစ်ပင်အုပ်အုပ်ကြီးကို ကြည့်ကာ သက်ပြင်းချသည်။ "ဒီသစ်ပင် က ကြီးလွန်းတော့ တစ်ခြံလုံးကို အရိပ်မိုးထားသလိုပဲ။ နေရောင်ခြည်ကို ကာထားတော့ နည်းနည်းလောက် ဖြတ်တောက်ပြုပြင်လိုက်ရင် ပိုကောင်းမယ် ထင်တယ်"
ထန်ထျန်း ကြောင်သွားသည်။
ယခင်က ခရမ်းရောင်ဝါးခြံဝင်းသို့ ရောက် လာဖူးသူများ (ဥပမာ ဝမ်ကျိယွီ သို့မဟုတ် ချီပင်း) မှာ ကျင့်ကြံရေး ပတ်ဝန်းကျင်အကြောင်းကိုသာ မှတ်ချက်ပေးကြသော်လည်း လုချန်းကျီက သစ်ပင်အကြောင်းကို ပြောလာသည်။
နေပူတာ မပူတာက မင်းနဲ့ ဘာဆိုင်လို့လဲ
"မနက်ပိုင်းဆိုရင် နေရောင် တောက်ပ ပါတယ်။
ငါက အေးအေးလူလူ နေရတာ ကြိုက်လို့ ဒီလောက်ဆို တော်ပါပြီ" ဟု ထန်ထျန်းက ပြောရင်း ကျောက်စားပွဲပေါ်သို့ လက်ဖက်ရည်အိုး တင်လိုက်ကာ "ထိုင်ပါဦး" ဟု ဖိတ်ခေါ်လိုက်သည်။
လုချန်းကျီက ကျောက်စားပွဲကို ကြည့်သော်လည်း ခေါင်းခါပြုံးပြကာ "ထားလိုက်ပါတော့၊ သစ်ပင်အောက်မှာ ထိုင်ရတာ ပိုသက်သောင့်သက်သာ ရှိမယ် ထင်တယ်။
ငါ ဒီမှာပဲ ထိုင်မယ်" ဟု ဆိုကာ မန်ကျည်းပင်အို ခြေရင်းသို့ သွား၍ သစ်ပင်ကို ကျောမှီကာ မြေကြီးပေါ်တွင် ထိုင်ချလိုက်သည်။ သူက ယပ်တောင်ကို ခတ်ရင်း ခြေထောက်ကို ဆန့်ထုတ်ကာ ဇိမ်ခံနေသည့် ပုံစံမျိုး ဖြစ်နေသည်။
ထန်ထျန်း၏ မျက်နှာမှာ ထူးဆန်းသွားသည်။
ဒီကောင်က... ဘာဖြစ်နေတာလဲ
လာလည်သူ ဧည့်သည်ဖြစ်သဖြင့် သူ ဘာမှ ဆက်မပြောတော့ဘဲ ကျောက်စားပွဲတွင် ထိုင်လိုက်သည်။
"ကဲ... ပြောပါဦး၊ ဂိုဏ်းချုပ်လေး က ဘာတွေ တွေးနေလို့လဲ"
ထန်ထျန်း အဓိက အကြောင်းအရာကို စလိုက်သည်။
လုချန်းကျီက မျက်လုံးမှိတ်ကာ ခေတ္တမျှ မှိန်းနေပြီးနောက် ဖြည်းဖြည်းချင်း ပြောလာသည်။ "ဂိုဏ်းချုပ်လေး က တာအိုဘုရားကျောင်း ထဲမှာ ကျင့်ကြံခန်းအသစ်တွေ ထပ်တိုးချင်တာပါ။ ဒါပေမဲ့ ဖြေရှင်းချက်က ထွက်ပြီးသား၊ ရန်ပုံငွေလည်း အဆင်သင့်ပဲ။
ဒီနေ့ ငါလာတာက ငါကိုယ်တိုင် မင်းနဲ့ စကားပြောချင်လို့ပါ"
ထန်ထျန်း ခေတ္တ ရပ်တန့်သွားသည်။ "ဒါဆို ဘာလို့ အစကတည်းက အမှန်အတိုင်း မပြောတာလဲ"
လုချန်းကျီက ပြုံးသည်။ "မင်း ငါ့ကို အိမ်ထဲ မပေးဝင်မှာ စိုးလို့ပေါ့"
ထန်ထျန်း ဘာမှ ပြန်မပြောပေ။ အကယ်၍ လုချန်းကျီသာ ယွင်ခုံး၏ နာမည်ကို ထုတ်မသုံးခဲ့လျှင် သူ အမှန်တကယ်ပင် ပေးဝင်မည် မဟုတ်ပေ။
"ဒါဆိုရင်လည်း ပြောလေ"
ထန်ထျန်း လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။
လုချန်းကျီ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ဒီကာလအတွင်း မင်း ဂိုဏ်းထဲမှာ အရမ်း တက်ကြွနေတယ်။
ပင်မတောင်ထိပ်ကလွဲရင် နေရာတိုင်းမှာ မင်းရဲ့ အရိပ်အယောင်တွေ ရှိနေပြီး ဆဋ္ဌမတောင်ထိပ်ရဲ့ တည်ဆောက်ရေး အားလုံးကိုလည်း မင်းတစ်ယောက်တည်း တာဝန်ယူထားတယ်။
မင်းလည်း... အဲဒီနေရာ ကို ပြိုင်ဆိုင်ချင်နေတာလား"
ထန်ထျန်း ချက်ချင်းပင် သဘောပေါက်သွားသည်။ ဤကိစ္စအတွက် လာခဲ့ခြင်းကိုး။
မကြာသေးမီက သူသည် တည်ဆောက်ရေး များစွာတွင် ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ဂိုဏ်းအတွင်း သူ၏ လွှမ်းမိုးမှုမှာ လျင်မြန်စွာ ကျယ်ပြန့်လာသည်။
သူ၏ ရက်ရောသော လုပ်ရပ်များမှာ တောင်ထိပ်အသီးသီးမှ အကြီးအကဲများကြားတွင်လည်း နာမည်ကောင်း ရနေခဲ့သည်။
အကယ်၍ ပြိုင်ဆိုင်မှုတွင် ပါဝင်လာပါက သူက အားကောင်းသော ပြိုင်ဘက် ဖြစ်လာပေလိမ့်မည်။
ထန်ထျန်းက ခဏစဉ်းစားပြီးနောက် "ငါ မပြိုင်ဘူးလို့ ပြောရင် မင်း ယုံမလား" ဟု ဖြည်းဖြည်းချင်း မေးလိုက်သည်။
လုချန်းကျီက လှည့်ကြည့်ကာ "ယုံတယ်။
ဒါပေမဲ့ မင်းကို ဖြစ်လာနိုင်ချေရှိတဲ့ ပြိုင်ဘက်တစ်ယောက် အနေနဲ့တော့ ငါ ဆက်ပြီး သတ်မှတ်ထားဦးမှာပဲ"
ထန်ထျန်းက ပခုံးတွန့်ပြသည်။ "ဒါဆိုရင်လည်း ပြီးတာပဲလေ။
မင်း စိတ်ထဲမှာ ဆုံးဖြတ်ချက် တစ်ခု ရှိပြီးသားပဲဆိုတော့ ငါ့ရဲ့ အဖြေက ဘာပဲဖြစ်ဖြစ် အဓိပ္ပာယ် မရှိတော့ဘူးပေါ့"
လုချန်းကျီက ခပ်ပါးပါး ပြုံးကာ သစ်ပင်ကို ပြန်မှီလိုက်ပြန်သည်။
"ဟုတ်တယ်၊ မင်းပြောတာ မှန်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်နေပြီပဲ၊ ဘာအဖြေမှ အရေးမကြီးတော့ဘူး"
ပြောပြီးနောက် နှစ်ဦးသား ခဏမျှ တိတ်ဆိတ်သွားကြသည်။
ခဏအကြာတွင် လုချန်းကျီက ထပ် ပြောလာသည်။ "ဒါဆို အဲဒီနေရာ က ဘာကို ဆိုလိုတယ်ဆိုတာ မင်း သိလား"
ထန်ထျန်းက လက်ဖက်ရည် တစ်ငုံ သောက်ရင်း "လူတစ်ယောက်ရဲ့ အောက်၊ လူသောင်းချီရဲ့ အထက် ရာထူး မဟုတ်ဘူးလား"
လုချန်းကျီက ခေါင်းခါပြသည်။ "အဲဒါက အပေါ်ယံပဲ ရှိသေးတယ်။
အဲဒီနေရာကို ရပြီဆိုရင် တစ်နည်းအားဖြင့် ချင်းယွဲ့ဂိုဏ်း တစ်ခုလုံးကို ရလိုက်တာနဲ့ အတူတူပဲ။
နောင်မှာ ချင်းယွဲ့ဂိုဏ်းကနေ ဝူဒင် နန်းတော်ကို ရောက်သွားမယ့် တပည့်တွေ အားလုံးက မင်းရဲ့ ကိုယ်ပိုင် အင်အားစုတွေ ဖြစ်လာလိမ့်မယ်"
ထန်ထျန်း မျက်မှောင်ကြုတ်သွားသည်။ ဤအချက်ကို သူ အမှန်တကယ်ပင် သေချာ မသိခဲ့ပေ။
သို့သော် ထိုတပည့်များက ဝူဒင်နန်းတော်ကို ရောက်သွားပြီးမှ ချင်းယွဲ့ဂိုဏ်းက ဒုဂိုဏ်းချုပ် နှင့် ဘာများ သက်ဆိုင်တော့မှာလဲ
ထန်ထျန်း၏ သံသယကို ရိပ်မိပုံရသဖြင့် လုချန်ကဲက ဆက်ပြောသည်။ "မင်း မတိုင်ခင်မှာ အဲဒီနေရာအတွက် အဓိက ပြိုင်ဘက် သုံးယောက်ပဲ ရှိခဲ့တယ်။
ငါရယ်၊ ထျန်းယန်ရှန်း ရယ်၊ မိုရှောင်းရှောင်း ရယ် ပေါ့။"
"ထျန်းယန်ရှန်းက ဝူဒင်နန်းတော်ရဲ့ စစ်နတ်ဘုရားခန်းမ က အဓိက အဖွဲ့ဝင်တစ်ယောက်။"
"မိုရှောင်းရှောင်းက ဝူဒင်နန်းတော် မိုမိသားစု ရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်။"
"ငါကတော့ ဝူဒင်နန်းတော်ရဲ့ အင်အားစုအသစ် ဖြစ်တဲ့ ကောင်းခြင်းနဲ့ ဆိုးခြင်း ခန်းမ ရဲ့ အရန် ခန်းမသခင် တစ်ယောက်ပဲ။"
ထန်ထျန်း မှင်တက်သွားရသည်။
ဤသုံးယောက်စလုံးမှာ ဝူဒင် နန်းတော်မှ တိုက်ရိုက် ဆင်းလာသူများ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့ကြောင့်လည်း သူတို့မှာ တုယွမ်ချင်း၊ ကျင်းဟန် တို့နှင့် မတူဘဲ ချမ်းသာကြွယ်ဝနေကြခြင်း ဖြစ်သည်။
"ငါတို့ သုံးယောက်လုံးရဲ့ ရည်ရွယ်ချက်က အတူတူပဲ။
တိတိကျကျ ပြောရရင် နှစ်ခု ရှိတယ်။"
"တစ်ခုက အတွေ့အကြုံ ယူဖို့ ။"
"နောက်တစ်ခုကတော့ ချင်းယွဲ့ဂိုဏ်းရဲ့ ထူးချွန်တပည့်တွေကို ခွဲဝေပိုင်ခွင့် ကို ရယူဖို့ပဲ"