← Chapters

ကမ္ဘာ့အကြီးမြတ်ဆုံး သူရဲကောင်း

Vol. 1 Ch. 364

ကမ္ဘာ့အကြီးမြတ်ဆုံး သူရဲကောင်း

Vol. 1 Ch. 364

"ဝန်ထုပ်ဝန်ပိုး..."

မိန်းကလေးလျှိုသည် ကျန်းရီအား ဆွံ့အစွာ ကြည့်လိုက်မိသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် ဝန်ထုပ်ဝန်ပိုး ဖြစ်သည်။ ကျန်းရီသာလျှင် ထိုသို့ပြောရဲလိမ့်မည်။

သို့သော်လည်း ကျန်းရီ၏ အင်အားအကြောင်း တွေးမိသည့်အခါ သူမစိတ်အေးသွားခဲ့သည်။ ကျန်းရီထံတွင် သတ်ဖြတ်ခြင်းအင်အားရှိသည်။ သူ့အတွက် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည်ဖြစ်စေ အယောက်တစ်ထောင်နှင့် ရင်ဆိုင်ရသည်ဖြစ်စေ မကွာခြားလှပေ။ သူသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်တွင် ပြိုင်ဘက်ကင်းသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် လူဆယ်ယောက်ကို သူနှင့်အတူ ခေါ်ဆောင်သွားရမည်မှာ အမှန်တကယ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်သည်။

"ကောင်းပါပြီ...ကိုယ်စားအုပ်ချုပ်သူနဲ့ အကြီးအကဲ...အရင်ဆုံး အနားယူကြပါဦး။ ကျွန်မစီစဉ်စရာရှိတာတွေ စီစဉ်လိုက်ပါဦးမယ်။ တစ်ခုခုလိုအပ်ရင် အပြင်က အစေခံလေးတွေကို ပြောလိုက်ပါ"

မိန်းကလေးလျှိုသည် ဦးညွှတ်ပြီးနောက် တင်ပါးများကို ခါယမ်း၍ ထွက်ခွာသွားခဲ့သည်။ ဟဲလောင်သည် သူ့အနီးသို့ တိုးကပ်လာပြီး ပြုံးစိစိနှင့် ပြောလာခဲ့သည်။

"သခင်လေးရီ...မိန်းကလေးလျှို အဖော်ပြုပေးတာကို လိုချင်လား။ ဒီမိန်းကလေးက ကျန့်ဂိုဏ်းက အထူးလေ့ကျင့်ပေးထားတဲ့ လက်ရွေးစင်ပဲ။ သူမက သခင်လေးကို ကောင်းကောင်းပြုစုပေးလိမ့်မယ်။ သူမက သခင်လေးရီကို အရမ်းသဘောကျနေတယ်လို့ ကျွန်တော်ထင်.... "

"သွားစမ်းပါ..."

ကျန်းရီသည် မျက်လုံးလှန်ပြကာ လက်ခါလိုက်သည်။

"ဟဲလောင်...ငါ့ကို မမွှေပါနဲ့။ လောရွှယ်သိရင် ငါ့ကိုသတ်လိမ့်မယ်"

"ဟားဟား...ကြုံတုန်းလေး ပျော်စရာရှာတာပဲကို...ဘယ်သူက သိမှာမလို့လဲ"

ဟဲလောင်သည် ခိုးကြောင်ခိုးဝှက်နှင့် ခပ်တိုးတိုး ပြောလာခဲ့သည်။

"အပျော်ရှာတာပဲကို...မိန်းကလေးလျှိုက သခင်လေးကို ပြုစုရလို့ ပျော်နေမှာပါ။ ပြီးရင် တာဝန်ယူစရာမှ မလိုတာ...ကျွန်တော် ငယ်တုန်းကဆို လူပွေတစ်ယောက် ဖြစ်ခဲ့တာ။ ကံမကောင်းစွာနဲ့ ကျွန်တော့်ကျန်းမာရေးက အရင်ကလို မကောင်းတော့ဘူး။ အဲ့ဒါကို ကျွန်တော်လုပ်ချင်ရင်တောင် နောက်ထပ် မလုပ်နိုင်တော့ဘူး"

"ဆိတ်အိုကြီး...ငါမင်းနဲ့ အရည်မရအဖတ်မရတွေ ပြောမနေတော့ဘူး။ သွားပြီး ကျင့်ကြံတော့မယ်"

ကျန်းရီသည် ကျင့်ကြံရန်အတွက် ဆိတ်ငြိမ်သည့် အခန်းတစ်ခန်းရှာလိုက်သည်။ သူသည် ရှန်မိနိုင်ငံ၏ အလေ့အကျင့်များနှင့် မရင်းနှီးရာ မလိုသည်တို့ကို တွေးပူမနေတော့ပေ။  မိန်းကလေးလျှို စီစဉ်သည်ကိုသာ စောင့်နေတော့မည်။

တစ်ရက်တိတိ တိတ်ဆိတ်စွာ ကျင့်ကြံပြီးနောက် ညဘက်တွင် မိန်းကလေးလျှို ရောက်လာ၍ အရာရာစီစဉ်ပြီးကြောင်း ပြောလာခဲ့သည်။ သူတို့သည် နောက်တစ်ရက်ကျော်အကြာတွင် ကျရောက်မည့် စုန်းနတ်ဘုရားကို ဂါရဝပြုပွဲအား စောင့်ဆိုင်းရုံပင်။

နောက်တစ်နေ့တွင် မိန်းကလေးထပ်ရောက်လာပြီး အရာရာအဆင်ပြေကြောင်း အသိပေးလာခဲ့သည်။ ကျန်းရီနှင့်ဟဲလောင်သည် နောက်နေ့ တိုက်ပွဲအတွက် အားမွေးထားကြသည်။

ညဘက်တွင် ကျန်းရီ ကျင့်ကြံပြီး၍ အိပ်ရာဝင်တော့မည့်အချိန်တွင် တံခါးခေါက်သံတစ်ခု ကြားလိုက်ရသည်။ နူးညံ့ညင်သာသည့် အသံတစ်သံသည် ပျံ့လွင့်လာခဲ့သည်။

"ကိုယ်စားအုပ်ချုပ်သူအရှင်...မိန်းကလေးလျှိုက အရေးတကြီး ပြောစရာရှိလို့ပါ"

"အမ်..."

ကျန်းရီသည် တစ်ခုခုပြောင်းလဲသွားခြင်းဖြစ်ရမည်ဟု တွေးလိုက်ကာ ထထိုင်၍ ပြောလိုက်သည်။

"တံခါးလော့ချမထားဘူး။ ဝင်လာခဲ့"

တံခါးမှာ အသာပွင့်ဟသွားခဲ့ပြီး ပိန်ပါးသော ပုံရိပ်တစ်ခုသည် ခြေကို ခပ်ဖွဖွနင်း၍ လျှောက်လာခဲ့သည်။ ကျန်းရီသည် မီးငြိမ်းပြီးနှင့်ပြီဖြစ်ရာ အခန်းထဲတွင် အလင်းရောင် ခပ်မှိန်မှိန်သာ ရှိနေခဲ့သည်။ သူ၏အမြင်အာရုံ ကောင်းသောကြောင့်သာ တော်သေးသည်။ သို့သော် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူ့ကိုယ်မှာ ပူလောင်လာခဲ့သည်။

မိန်းကလေးလျှိုသည် အနက်ရောင် ဖဲဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ ဝတ်စုံအလွန်ကြပ်နေရာ သူမ၏ကောက်ကြောင်းများကို အထင်းသား မြင်နေရသည်။ ထို့ပြင် ဝတ်စုံလည်ပင်းမှာ အလွန်ဟိုက်ပြီး ဖြူဖွေးသည့် အသားကို လှစ်ဟပြထားသည်။ တစ်စုံတစ်ခုသည် ဝတ်စုံအောက်မှ တိုးထွက်လာတော့မည့်အလား။ အဓိကအချက်မှာ အတွင်းတွင် ဘာမှမဝတ်ဆင်ထားခြင်းဖြစ်သည်။ ကျန်းရီမကြည့်ချင်လျှင်တောင် အတိုင်းသား မြင်နေရလေသည်။

မိန်းကလေးလျှိုတွင် ခြေတံရှည်များနှင့် ကားစွင့်သော တင်ပါးတို့ရှိသည်။ သူမ၏ အနက်ရောင်ဝတ်စုံသည် ပေါင်အထိခွဲထားရာ သူမလမ်းလျှောက်လိုက်တိုင်း ခြေထောက်ဖွေးဖွေး နှစ်ချောင်းကို အတိုင်းသားမြင်နေရသည်။ ကျန်းရီသည် မိန်းမလှများစွာကို မြင်ဖူးသော်လည်း လူပျိုစစ်စစ်သာဖြစ်သည်။ မိန်းကလေးလျှိုသည် သူမ၏ကိုယ်ကို လက်နက်အဖြစ် အသုံးချရာတွင် တော်သူဖြစ်ရာ သူမ၏လှုပ်ရှားမှုတိုင်း အပြုံးတိုင်းမှာ စွဲဆောင်မှု ရှိနေသည်။ ကျန်းရီမှာ အကြည့်ပင် မလွှဲနိုင်ချေ။

"လျှိုမိန်းကလေးက အရိုအသေပေးပါတယ်"

သူမသည် ခါးညွှတ်၍ အရိုအသေပေးလာခဲ့သည်။ သူမ၏မျက်နှာသည် နတ်ဆိုးဧကရီနှင့် တူသယောင်ယောင်ရှိ၍ သူမ၏မျက်ဝန်းများသည် ချစ်ချင်းအပြည့်နှင့် ကျန်းရီအား ကြည့်နေခဲ့သည်။

သို့သော် ကျန်းရီမှာ စိတ်ခိုင်လေသည်။ သူသည် သူမ၏ကိုယ်ကိုမကြည့်ဘဲ မျက်နှာကို တည့်တည့်ကြည့်၍ မေးလိုက်သည်။

"ဘာကိစ္စလဲ"

သူမသည် ပြုံးကာ ဝတ်စုံအောက်သို့ လက်နှိုက်လိုက်ပြီး မြေပုံတစ်ခုထုတ်ယူ၍ ကျန်းရီအနီး တိုးလာခဲ့သည်။

"ကိုယ်စားအုပ်ချုပ်သူ...ဒါက ရှန်မိမြို့၊ မင်းသားယွင်ရှန်းရဲ့ အိမ်တော်နဲ့ နောက်ပြန်ဆုတ်ဖို့ လမ်းကြောင်းတွေပြတဲ့ အသေးစိတ်အကျဆုံး မြေပုံပဲ။ ကျွန်မအခုမှ လုပ်ပြီးတာမို့ ချက်ချင်းလာပို့တာ"

"အိုး..."

ကျန်းရီသည် မြေပုံကို ယူ၍ သေချာကြည့်လိုက်သည်။ မိန်းကလေးလျှိုသည် ရင်ကိုကော့၍ ဖယောင်းတိုင်အား မီးညှိလိုက်သည်။ ဖယောင်းတိုင်အလင်းဖျော့ဖျော့အောက်တွင် သူမမှာ ပို၍ စွဲဆောင်မှု ရှိလာခဲ့သည်။ သူမသည် သူ့အနီးသို့ ကပ်လာ၍ မြေပုံကိုထောက်ပြကာ ပြောလာခဲ့သည်။

"ဒါက အရှင့်အတွက် ကျွန်မပြင်ဆင်ပေးထားတဲ့ လမ်းကြောင်းပဲ။ လူများများလေလေ မင်းသားအိမ်တော်နဲ့ နီးသွားလေလေ...မင်းသမီးတို့ကို ကယ်တင်ပြီးသွားရင် ဒီဘက်ကို ချက်ချင်းဆုတ်ခွာသင့်တယ်"

မြေပုံသည် မင်းသားနန်းဆောင်၏ နေရာအသီးသီးရှိ စစ်သည်များကို အတိအကျထည့်ထားသည့် အမှတ်များ၊ အညွှန်းများပါ ပါဝင်သော မြေပုံဖြစ်သည်။ မိန်းကလေးလျှို အတော်အားစိုက်ထားကြောင်း ထင်ရှားလှသည်။

ကျန်းရီသည် မြေပုံအား အကြိမ်ရေ အနည်းငယ် ကြည့်လိုက်ရုံနှင့် အလွတ်ရသွားခဲ့သည်။ မကြာခင်တွင် သူ့ဘေးမှ အလှလေးသည် သူ့အား စွဲဆောင်လာလေ၏။ မွှေးရနံ့သင်းသင်းသည် သူ့နှာခေါင်းနားတွင် ဝေ့ဝဲနေခဲ့သည်။ သူမမြေပုံကို ထောက်ပြလိုက်တိုင်းတွင် သူမ၏ရင်ဘတ်မှာ လှုပ်ရှားသွားနေခဲ့သည်။

"အဟမ်း..."

ကျန်းရီသည် လည်ချောင်းရှင်းလိုက်ပြီး အကြည့်လွှဲကာ ပြောလိုက်သည်။

"ကောင်းပြီ...ငါအကုန်လုံးကို မှတ်မိပြီ။ ငါအခု အနားယူချင်နေတာမို့ ခွင့်ပြုပါဦး"

မိန်းကလေးလျှိုသည် ထွက်သွားမည့်အစား ဖယောင်းတိုင်ကို ငြှိမ်း၍ တံခါးအား ဆွဲပိတ်လိုက်သည်။ သူမသည် ကျန်းရီထံသို့ ပြန်လှည့်လာကာ ညှို့ငင်သည့်အပြုံး ပြုံးပြလိုက်သည်။

"အရှင်...ဒီမှာ ကျွန်မရှိနေဖို့ လိုအပ်လား။ အရှင့်ကို ပြုစုခွင့်ရတာ ကျွန်မ ဂုဏ်ယူရမှာပါ"

သူမသည် ပြောရင်းဖြင့် ဝတ်စုံကို ဆွဲခွဲလိုက်ရာ သူမ၏ခြေထောက်များ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူမသည် ကျန်းရီကို ကျောပေး၍ ဝတ်စုံအား ဖြည်းဖြည်းချင်း လျှောချလိုက်သည်။ သူမသည် ကျန်းရီအား ခေါင်းငဲ့၍ ကြည့်လိုက်ပြီး ပြုံးပြလာခဲ့သည်။

"အရှင်စိတ်ချနိုင်ပါတယ်။ ကျွန်မ ဘယ်တော့မှ ဒီအကြောင်းကို ထုတ်မပြောပါဘူး။ ကျွန်မ အရှင့်ကို အမြဲသဘောကျခဲ့ရတာ...အရှင်က ကမ္ဘာ့အကြီးမြတ်ဆုံး သူရဲကောင်း၊ မိန်းကလေးတိုင်းရဲ့ အိပ်မက်သခင်ပါ။ ကျွန်မသာ အရှင့်ကိုပြုစုဖို့ အခွင့်အရေး ရရင် ဒီညကို တစ်သက်လုံး အမှတ်ရနေပါ့မယ်။ ကျွန်မရဲ့ မဖြစ်စလောက် ဆန္ဒလေးကို ဖြည့်စည်းပေးမယ် မဟုတ်လားဟင်"

အသက်ရှူမှားရလောက်သည့် အလှလေးသည် ငြင်ငြင်သာသာ ပြောဆိုနေခဲ့သည်။ ကျန်းရီသာ သာမန်လူတစ်ယောက်ဆိုပါက စိတ်ပါသွားမည်ဖြစ်သည်။ သို့သော် ကျန်းရီသည် စိတ်ကိုငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ သူသည် လက်ကိုယမ်း၍ ပြောလိုက်သည်။

"ဟင့်အင်း...သွားတော့"

"အရှင်"

မိန်းကလေးလျှို၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လာခဲ့သည်။ သူမ၏ ငိုချတော့မည့်ဟန်သည် အလွန်သနားစရာကောင်းလှသည်။ သူမသည် နှုတ်ခမ်းကိုကိုက်၍ ပြောလာခဲ့သည်။

"အရှင်...ကျွန်မကို ညစ်ပတ်တယ်လို့ ထင်လို့လားဟင်။ ကျွန်မ မနက်ဖြန်ရောက်ရင် မင်းသားယွင်ချီရဲ့ အိမ်တော်ကို စစ်တပ်ကို ဦးဆောင်သွားမှာမို့ သေရင်တောင် သေသွားမှာပါ။ ကျွန်မက ကျန့်ဂိုဏ်းရဲ့ အသေခံတပ်သားဆိုပေမယ့် ကျွန်မမှာလည်း ဖြစ်ချင်ခဲ့တာတွေ ရှိပါတယ်။ ဘယ်မိန်းကလေးက အိပ်မက်မရှိဖူးလို့လဲ။ ကျွန်မငယ်ငယ်တည်းက အရှင့်ကို လေးစားခဲ့ရတာ...အရှင်က မြေခွေးလေးကို ကယ်တင်ပြီး သာမန်ပြည်သူတွေကို ဘေးကင်းစေခဲ့တဲ့ သူရဲကောင်းပဲ။ အရှင်က အရှင်ချစ်တဲ့မိန်းကလေးအတွက် စစ်သည်တစ်သန်းကျော်ကိုတောင် ရင်ဆိုင်ခဲ့တာ...အရှင်က နယ်မြေမှာရှိတဲ့ မိန်းကလေးတိုင်းရဲ့ စိတ်ကူးယဉ်ချစ်သူပဲ။ ကျွန်မ မသေခင် အရှင့်ကို ပြုစုခွင့်ရခဲ့ရင် နောင်တမရဘဲ ကျွန်မသေနိုင်ပါပြီ။ အရှင်က နှလုံးသားမဲ့ပြီး ကျွန်မရဲ့တောင်းဆိုချက်လေးကို ငြင်းလိုက်တော့မှာလား"

"ဟူး..."

ကျန်းရီသည် မငြင်းနိုင်တော့သည့်အလား သက်ပြင်းအသာချလိုက်သည်။ သူသည် ခေါင်းငုံ့၍ နှုတ်ဆိတ်နေခဲ့သည်။

မိန်းကလေးလျှိုသည် နှင်းဆီပွင့်လေး ပွင့်အာလာသည့်ပမာ လှပစွာ ပြုံးလိုက်သည်။ သူမသည် ဝတ်စုံအား အပြီးတိုင် ချွတ်ချလိုက်ပြီး လှပသောကိုယ်ကို ဖော်ပြလာခဲ့သည်။ ထို့နောက် သူမသည် ကျန်းရီအား အိပ်ရာပေါ်သို့ တွန်းလှဲလိုက်ကာ အသာပြုံး၍ ပြောလိုက်သည်။

"လှဲပဲနေလိုက်ပါအရှင်...ကျွန်မအလုပ်ကို ကျွန်မလုပ်ပါ့မယ်...အရှင် နေလို့ကောင်းစေရမယ်လို့ ကျွန်မအာမခံပါတယ်..."

*****

All Chapters