← Chapters

ဒူးထောက်စမ်း

Vol. 16 Ch. 152

ဒူးထောက်စမ်း

Vol. 16 Ch. 152

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

မျက်စိတစ်မှိတ်အတွင်းမှာတင် ထိုနေရာရှိ လူတိုင်းသည် ကောင်းကင်ယံသို့ထိုးတက်သွားသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။

၎င်းသည် ခန့်ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားလှသည်။

ကောင်းကင်ဘုံဓားဂိုဏ်းအတွင်းရှိ တောင်ထိပ်တစ်ခုပေါ်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

၎င်းမှာ ဓားစွမ်းအင်တောင် ပေါ်ရှိ ရှန့်ရှန်းစံအိမ်၏ အောက်တွင် ဖြစ်သည်။

ထိုပုံရိပ်မှာ ဘယ်ကမှန်းမသိ ပေါ်လာခြင်းဖြစ်ပြီး သူ၏မျက်လုံးများထဲတွင် အေးစက်မှုများ ပြည့်နှက်နေသည့် ဝတ်စုံဖြူနှင့် ပုံရိပ်တစ်ခုပင်။

ထိုခဏ၌ မော့ဝမ်ကွေ့ ဆွံ့အသွားသည်။

ဤလူက မည်သူနည်း။

ရုပ်ရည်အရဆိုလျှင် သေမျိုးလောကရှိ ရှန်း မိသားစုမှ အသုံးမကျသောသားနှင့် တူနေသော်လည်း... ထိုအရာက မည်သို့ဖြစ်နိုင်မည်နည်း။

သူက ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါမျိုး ရှိနေရတာလဲ။

သူ၏အရှိန်အဝါမှာ ပြိုင်ဘက်ကင်းလှပြီး မျက်လုံးများမှာ လျှပ်စီးကဲ့သို့ လက်နေသည်။ သူ၏ ကြီးမားလှသော ဖိအားကြောင့် ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ပင် ပုံသဏ္ဌာန် ပြောင်းသွားပုံရသည်။

"စီနီယာအစ်ကိုကြီး..." မိုချင်းချန် တစ်ယောက် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ အလွန် တုန်လှုပ်သွားရသည်။

သူ၏စီနီယာအစ်ကိုကြီးမှာ ပို၍ပို၍ ကြောက်စရာကောင်းလာသည်။ သူတို့ မတွေ့ရတာ ဘယ်လောက်တောင် ကြာသေးသနည်း။

ရှန်းချန်ကော၏အရှိန်အဝါမှာ ကောင်းကင်နှင့်မြေပြင်ကွာဟသကဲ့သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖော်ပြ၍မရနိုင်သော အေးစက်မှုများ ရှိနေပြီး ကမ္ဘာကြီးကို ငုံ့ကြည့်နေသည့် အင်မော်တယ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

"စီနီယာအစ်ကိုကြီး ဟုတ်လား"

အတည်ပြုချက် ရလိုက်သည်နှင့် မော့ဝမ်ကွေ့၏ မျက်နှာထားမှာ ချက်ချင်း ပျက်ယွင်းသွားတော့သည်။

ဤအဖြူရောင်ဝတ်ရုံနှင့် လူငယ်သည် ကျန်းစန်းကျန့်၏ အဓိကတပည့်၊သေမျိုးလောကရှိ ရှန်းမိသားစု၏အသုံးမကျသော သားဖြစ်သူ ရှန်းချန်ကော လော။

ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး

ထိုအချိန်တွင် မော့ဝမ်ကွေ့၏ မျက်လုံးထဲ၌ ဖော်ပြ၍မရသော တုန်လှုပ်မှုများ ပြည့်နှက်နေသည်။ အထူးသဖြင့် ထိုလူငယ်ဆီမှ အလွန်ကြီးမားသော အန္တရာယ်အငွေ့အသက်ကို သူ ခံစားနေရသည်။

ရုတ်တရက် မော့ဝမ်ကွေ့၏ရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ဤပုံရိပ်၏ အရှိန်အဝါမှာ မော့ဝမ်ကွေ့ထက် ပိုမိုသန်မာသည်။

သူ၏မျက်လုံးများမှာ အေးစက်နေရင်း တုန်လှုပ်နေသော အရိပ်အယောင်များ ရှိနေသည်။

"ဂိုဏ်းချုပ်... သတိထားပါ။ ဒီလူက အတော်လေး သန်မာတယ်"

ထိုခဏ၌ ရှိနေသူအားလုံး အသက်ရှူပင် ရပ်တန့်သွားကြသည်။

"ဒီလူက..." ဟွမ်ချင်းဝမ်၏မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေသည်။

သူမသည် တစ်ချိန်က ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သော်လည်း အဖြူရောင်ဝတ်ရုံနှင့် လူငယ်လေးက ဤမျှငယ်ငယ်ရွယ်ရွယ်နှင့် ယခုလို ကြောက်စရာကောင်းသော စွမ်းအားများ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမ ကိုယ်တိုင်ပင် ထိုလူငယ်၏ ပြိုင်ဘက် မဟုတ်နိုင်ဟု ခံစားနေရပြီး ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားနေရသည်။

"ဒါ ငါ့ရဲ့ ပထမဆုံးတပည့်၊ ရှန်းချန်ကော ပဲ"

ပထမဆုံးတပည့်၊ အဲဒီလူက ကျန်းစန်းကျန့်ရဲ့ တပည့်ကြီးလား။ ဟွမ်ချင်းဝမ်နှင့် ဟွမ်ကျိထျန်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သူတို့၏မျက်လုံးထဲတွင် အံ့အားသင့်မှုများပြည့်နှက်နေသော်လည်း ကျန်းစန်းကျန့်၏ ဂုဏ်ယူနေသော မျက်နှာထားကို ကြည့်ခြင်းအားဖြင့် သူ လိမ်ပြောနေခြင်း မဟုတ်ကြောင်း သိနိုင်သည်။

'ဒီလူက တကယ်ပဲ သူ့တပည့်ကြီးလား'

တောင်ပေါ်ရှိ လူငယ်လေး၏အဖြူရောင်ဝတ်ရုံမှာ အစွန်းအထင်းမရှိ ဖြူစင်နေပြီး လောကကြီးကို စွန့်ခွာသွားသည့် ဓားအင်မော်တယ်တစ်ပါးကဲ့သို့ပင်။

သို့သော် ထိုအချိန်မှာပင်။

ဝေါ့

ရုတ်တရက် လူတိုင်း၏ မျက်လုံးများ ဝေဝါးသွားပြီး တောင်ပေါ်မှ လူငယ်လေး ပျောက်ကွယ်သွားသည်။ သူတို့ မျက်လုံးများ မှားသလားဟု ပွတ်ကြည့်နေစဉ်မှာပင်...

မော့ဝမ်ကွေ့၏မျက်နှာထား အကြီးအကျယ် ပျက်ယွင်းသွားသည်။

သူနှင့် ကောင်းကင်မှောက်လှန်ဓားဂိုဏ်းမှ ကျွမ်းကျင်သူ၏ရှေ့မှောက်တွင် လူငယ်လေးက ပေါ်လာပြီး ထက်ရှသော အကြည့်များဖြင့် မော့ဝမ်ကွေ့ကို စိုက်ကြည့်နေသည်။

မော့ဝမ်ကွေ့သည် ဝတ်ရုံနက်အဖွဲ့မှ ကျွမ်းကျင်သူများစွာကို တွေ့ဖူးသော်လည်း ရှေ့မှ အဖြူရောင်ဝတ်ရုံနှင့် လူငယ်လောက် မည်သူမျှ မကြောက်စရာကောင်းဟု ခံစားလိုက်ရသည်။

ဘုန်း

ဓားအလင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာချိန်တွင် သူ ထိုနေရာမှာတင် ကြောင်အသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းမှာ ကောင်းကင်ကြီးကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ပင်။ ကောင်းကင်ဘုံဓားဂိုဏ်း၏မြေပြင်များပင် အက်ကွဲလာသည်။

ဤဓား၏စွမ်းအားမှာ အလွန် ကြောက်စရာကောင်းလှသည်။

"တောက်"

ကောင်းကင်မှောက်လှန်ဓားဂိုဏ်းမှ ကျွမ်းကျင်သူမှာ ဂိုဏ်း၏မဟာအကြီးအကဲ ဖြစ်ပြီး အနန္တအမှောင်ထုနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသူဖြစ်သည်။

သူသည် ဒေါသတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ "ကလေး... မင်း သေချင်နေတာလား"

ကံမကောင်းစွာပင်...

သူသည် အနန္တအမှောင်ထုနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေသော်လည်း မြူခိုးသမုဒ္ဒရာကျမ်းကို မသင်ယူထားရသဖြင့် သူသည် ရှန်းချန်ကော၏ရှေ့တွင် ပါးလွှာသော စက္ကူချပ်တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။

ဖူး

သွေးများ ပန်းထွက်လာသည်။

အနန္တအမှောင်ထု အထွတ်အထိပ်ရှိ ထိုမဟာအကြီးအကဲသည် လူငယ်လေး၏ ဓားချက်တစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။

"ခင်ဗျားက ကျုပ်ညီလေးကို တိုက်ခိုက်ခဲ့တယ်။ ခင်ဗျားတို့ဓားဂိုဏ်းက အကြီးအကဲတစ်ယောက် ဆုံးရှုံးသွားတာက သိပ်မများလွန်းဘူး မဟုတ်လား"

သိပ်မများဘူး မဟုတ်လား။ဤခဏ၌ လူတိုင်း မယုံနိုင်စရာ ကောင်းသော ခံစားချက်ကြီးကို ခံစားလိုက်ရသည်။

မော့ဝမ်ကွေ့၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုနှင့် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူသည် ရှန်းချန်ကောအကြောင်း စုံစမ်းခဲ့ဖူးသည်။ ကျန်းစန်းကျန့်၏တပည့်သုံးဦး သေဆုံးခဲ့ရခြင်းမှာလည်း သူ၏နောက်ကွယ်မှ ကြိုးကိုင်မှုများကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

ဒါပေမဲ့ ဒီ ရှန်းချန်ကောကတော့... အခု သူက...

"မင်း... မင်းက ဘယ်လို မွန်းစတားသတ္တဝါမျိုးလဲ"

ရှန်းချန်ကောက သူ့ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။

"ငါ... ငါက ဝတ်ရုံနက်အဖွဲ့ရဲ့ အမှတ်စဉ်(၄)နဲ့ လက်အောက်ခံစာချုပ် ချုပ်ဆိုထားပြီးသား။ မင်း ငါ့ကို သတ်မယ်ဆိုရင် ဝတ်ရုံနက်အဖွဲ့နဲ့ ရန်ဘက်ဖြစ်မှာ သေချာတယ်"

ယခုအချိန်တွင် မော့ဝမ်ကွေ့ တစ်ယောက် ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့၏ မဟာအကြီးအကဲပင် ဓားချက်တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရပြီဖြစ်သည်။

ဤလူငယ်သာ ဆန္ဒရှိပါက ဓားတစ်ချက် ဝှေ့ယမ်းရုံဖြင့် သူ့ကို သတ်နိုင်သည်ကို သူ အပြည့်အဝ ယုံကြည်သွားပြီဖြစ်သည်။

ထို့ကြောင့် သူသည် ဝတ်ရုံနက်အဖွဲ့မှအမှတ်(၄)အဆင့် ကို ထုတ်သုံးကာ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။

သို့သော် ထိုအချိန်မှာပင် ရှန်းချန်ကောသည် မော့ဝမ်ကွေ့ကို တစ်ချက်ကြည့်လိုက်ပြီး ဓားဖြင့် ခုတ်ချလိုက်သည်။

လူတိုင်း တုန်လှုပ်သွားကြသည်။

သူက ဝတ်ရုံနက်အဖွဲ့၏အပြစ်ပေးမှုကို မကြောက်ဘူးလော။သူတို့၏လက်အောက်ခံဂိုဏ်းတစ်ခုကို လူမြင်ကွင်းမှာ သတ်ဖြတ်ခြင်းက အဖွဲ့အစည်းတစ်ခုလုံးကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ရှန်းချန်ကောက မော့ဝမ်ကွေ့ကို မသတ်ခဲ့ပေ။ သူ၏ဓားဖြင့် မော့ဝမ်ကွေ့ကို မြေပြင်တွင် သံမှိုရိုက်သကဲ့သို့ စိုက်ထားလိုက်ပြီး သူ၏ကျင့်ကြံခြင်းကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။

"မင်း..." မော့ဝမ်ကွေ့၏မျက်နှာမှာ အလွန် ကြည့်ရဆိုးနေပြီး ပြိုလဲလုနီးပါး ဖြစ်နေသည်။ သူ၏ ကျင့်ကြံမှုများ ပျောက်ဆုံးသွားပြီ။

"အမှတ်စဥ်(၄)က မင်းကို သတ်လိမ့်မယ် မြူခိုးသမုဒ္ဒရာကမ္ဘာမှာ ဘယ်သူမှ ဝတ်ရုံနက်ကို မခုခံနိုင်ဘူး" သူ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

"ရှူး... လိမ္မာတဲ့ခွေးလေး... မင်းရဲ့သခင် ရောက်လာပြီ" ရှန်းချန်ကောက သူ၏လက်ချောင်းဖြင့် အသံတိုးတိုးလေးဆိုသော အမူအရာလုပ်ပြလိုက်သည်။

ထိုအချိန်တွင် အနက်ရောင်မြူခိုးများက ထိုဒေသကို လွှမ်းခြုံသွားပြီး အပြင်ဘက်တွင် မုန်တိုင်းတစ်ခု စတင်ဖြစ်ပေါ်လာသည်။

ကျိဝူချင်းသည် လက်အောက်ခံစာချုပ် ချုပ်ဆိုပြီးနောက်မှာပင် သူတို့၏မဟာအကြီးအကဲ သေဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အကယ်၍ ထိုမဟာအကြီးအကဲသာ မြူခိုးသမုဒ္ဒရာကျမ်းကို နားလည်သွားပါက သူသည် အနန္တအမှောင်ထုနယ်ပယ်၏အထွတ်အထိပ်တွင် ရှိနေမည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။

ထိုကဲ့သို့သော အရင်းအမြစ်တစ်ခုကို မည်သူက သတ်ပစ်လိုက်သနည်း။

ဘယ်သူက ဒီလောက်တောင် ရဲတင်းနေရတာလဲ။

သူသည် အနန္တအမှောင်ထုနယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

အဝေးမှနေ၍ ကောင်းကင်မှောက်လှန်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်မှာ မြေပြင်တွင် ဓားဖြင့် စိုက်ခံထားရပြီး ကျင့်ကြံခြင်းများ ပျက်စီးနေသည်ကို သူ မြင်လိုက်ရသည်။

"ရိုင်းစိုင်းလိုက်တာ မင်း သေချင်နေတာလား၊မင်းက ငါတို့ရဲ့ အမှတ်စဉ်(၄)အဆင့်ကို လူသိရှင်ကြား စော်ကားချင်တာလား"

သူသည် ဒေါသတကြီးဖြင့် ပြေးဝင်လာသည်။ ထိုခဏ၌ ရှိနေသော ကျွမ်းကျင်သူအားလုံး အသက်ရှူကျပ်စေသည့် ဖိအားကို ခံစားလိုက်ရသည်။

သို့သော် ထိုအချိန်မှာပင် ရှန်းချန်ကော၏မျက်ခုံးနှစ်ခုကြား၌ရွှေရောင်မျက်လုံးတစ်စုံ ရုတ်တရက် ပွင့်လာပြီး သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။

"ငါ့ကို ဒီလိုစကားပြောဖို့ မင်းကို ဘယ်သူက အခွင့်အာဏာ ပေးထားလို့လဲ"

"ဒူးထောက်စမ်း"

ဘုန်း

ထိုအသံမှာ မြည်ဟည်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ဝတ်ရုံနက်နှင့်လူ၏ခန္ဓာကိုယ်နှင့် သူ၏ဝိညာဉ်အထိ ဖိနှိပ်လိုက်သကဲ့သို့ ထိမှန်သွားသည်။

ထိုခဏ၌ သူသည် လေထဲမှ မြေပြင်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားပြီး ထိုအရှိန်အဝါကြောင့် သူ၏ခြေထောက်များ ပျော့ခွေသွားတော့သည်။

သူ၏ဒူးနှစ်ဖက်မှာ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

ဘုန်း

သူသည် မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်လိုက်ရတော့သည်။ ဝတ်ရုံနက်ကျွမ်းကျင်သူမှာ ဆွံ့အသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

All Chapters