← Chapters

အမှတ်စဉ်(၁၀)အဆင့် ၏ အရှိန်အဝါ

Vol. 16 Ch. 153

အမှတ်စဉ်(၁၀)အဆင့် ၏ အရှိန်အဝါ

Vol. 16 Ch. 153

"ငါ... ငါ..." ဝတ်ရုံနက်ကျွမ်းကျင်သူမှာ ခဏမျှ ဆွံ့အသွားသည်။ သူ တကယ်ကို ဒူးမထောက်ချင်ခဲ့ပါဘူး။

သို့သော်...

ဒူးထောက်ရမယ် ဟုတ်လား

ဤသူသည် ဝတ်ရုံနက်အဖွဲ့မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း ယခုမူ ဝတ်စုံဖြူနှင့် လူငယ်လေး၏အမိန့်ပေးမှုကြောင့် ဒူးထောက်နေရပြီ ဖြစ်သည်။

"ငါ... ငါ..." ဝတ်ရုံနက်ကျွမ်းကျင်သူမှာ ကြောင်အနေဆဲပင်။ သူ တကယ်ကို ဒူးမထောက်ချင်ခဲ့သော်လည်း... ခုနက ထိုလူငယ်၏ အရှိန်အဝါက... အလွန်ပင် ခန့်ညားထည်ဝါလွန်းလှသည်။

သူ သတိမထားမိလိုက်ခင်မှာတင် ခြေထောက်တွေက ပျော့ခွေသွားခဲ့ရခြင်း ဖြစ်သည်။

"မင်းက... တကယ်ကို ဘယ်သူလဲ" သူသည် ကျောကို မတ်မတ်ထားလိုက်ပြီး မျက်ခုံးနှစ်ခုကြားတွင် ဒေါသများ ပြည့်နှက်နေသည်။

သို့သော် သူ၏ဒူးနှစ်ဖက်ကတော့ မြေပြင်ပေါ်မှာပင် ရှိနေသေးသည်။ ခုနက သူ ဒူးထောက်လိုက်တာ ပြင်းထန်လွန်းသဖြင့် ဒူးနှစ်ဖက်မှာ ထုံကျဉ်နေပုံရသည်။

"သူက ကောင်းကင်မှောက်လှန်ဓားဂိုဏ်း က ကျွမ်းကျင်သူကို သတ်လိုက်တာ။ သူက အမှတ်(၄)အဆင့် ဝတ်ရုံနက်ကျွမ်းကျင်သူတွေရဲ့ ရန်သူပဲ" မြူခိုးနေထိုင်သူ အဖွဲ့အစည်း၏အမှတ်စဉ်(၄)အဆင့်။

ထိုခဏ၌ ကောင်းကင်မှောက်လှန်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် "သခင်... သူ့ကို သတ်လိုက်စမ်းပါ"

သူ၏ကျင့်ကြံခြင်းမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ရတနာများဖြင့် ပြန်လည်ပြုပြင်နိုင်လျှင်ပင် သူ၏တစ်သက်တာ တိုးတက်မှုမှာ ဤနေရာမှာတင် ရပ်တန့်သွားပေလိမ့်မည်။

ရှန်းချန်ကော၏ဓားချက်က သူ၏ရှေ့ဆက်မည့်လမ်းကို ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။

ဝတ်ရုံနက်နှင့်လူက ဘာမှပြန်မပြောပေ။

'မင်း တကယ်ပဲ အရူးလား၊ ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား'

ရှေ့ကလူက အလွန် ကြောက်စရာကောင်းသည်။ သူသည် သာမန်လူတစ်ယောက် မဟုတ်သည်မှာ သေချာသည်။

သူ ရောက်လာကတည်းက ချက်ချင်း မလှုပ်ရှားရဲခြင်းကပင် သူ မည်မျှ ကြောက်ရွံ့နေသည်ကို ပြသနေသည်။

သို့သော် သူ၏နောက်ကွယ်ရှိ အမှတ်(၄) မှာလည်း အထင်သေး၍ မရပေ။ မြူခိုးသမုဒ္ဒရာတစ်ခုလုံးတွင် 'အမှတ်စဉ်အင်အားစု များသည် မည်သူမျှ မစော်ကားရဲသော ဖြစ်တည်မှုများ ဖြစ်သည်။

သို့သော် သူ သိချင်နေမိသည်။ ဤလူငယ်သည် မည်သည့်အင်အားစုမှ ဖြစ်သနည်း။

ဓားသမားတစ်ယောက်... ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိပြီး ကူးပြောင်းခြင်းအဆင့်၏နောက်ဆုံးအဆင့်သို့ ရောက်နေသည်။

၎င်းက သူ့ကို ကြောက်စရာကောင်းသော အန္တရာယ်အငွေ့အသက်ကို ပေးနေသည်... သို့သော် ဝတ်ရုံနက်အဖွဲ့အစည်းထဲတွင် ဤလူငယ်ကို သူ တစ်ခါမှ မမြင်ဖူးပေ။

သူ၏မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်များ ပြည့်နှက်နေသည်။

ထိုအချိန်တွင်...

"အမှတ်(၄) ဟုတ်လား" ရှန်းချန်ကောက သက်ပြင်းချလိုက်သည်။

ဤနေရာရှိနေသူအားလုံးသည် အမှတ်စဉ်အင်အားစု များမှာ မည်မျှ ကြောက်စရာကောင်းသည်ကို သိကြသည်။ သူတို့ထဲတွင် မရေမတွက်နိုင်သော ကူးပြောင်းခြင်းအဆင့် ကျွမ်းကျင်သူများ ရှိပြီး အများစုမှာ အနန္တအမှောင်ထုနယ်ပယ်သို့ ရောက်နေကြသူများ ဖြစ်သည်။

သူတို့အားလုံးသည် 'မြူခိုးသမုဒ္ဒရာကျမ်း' ကို တတ်မြောက်ထားသူများ ဖြစ်ကြသည်။

ထိုကျမ်းကို တတ်မြောက်ထားသူများသည် သာမန် အနန္တအမှောင်ထုအဆင့် ကျွမ်းကျင်သူများကို အလွယ်တကူ ချေမှုန်းနိုင်သည်။

ထို့ကြောင့် အမှတ်စဉ်အင်အားစု ရှိသူများသည် ယှဉ်ပြိုင်ရန် အခက်ခဲဆုံး ဖြစ်တည်မှုများ ဖြစ်သည်။

လူအများအပြားမှာ နှမြောတသ ဖြစ်နေကြသည်။

ဤလူငယ်သည် အနက်ရောင်မြူခိုးထဲမှ ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်သည်။ ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် ယခုလိုကြောက်စရာကောင်းသော ခွန်အားရှိနေသည်မှာ အံ့ဩစရာပင်။

ကံမကောင်းစွာပင်... သူသည် အမှတ်(၄) ဝတ်ရုံနက်ကျွမ်းကျင်သူကို စော်ကားမိသွားပြီ။

သို့သော် ဝတ်စုံဖြူနှင့် လူငယ်လေးမှာ လုံးဝ ကြောက်ရွံ့နေပုံမရဘဲ သူ၏ ခန္ဓာကိုယ်ထဲတွင် တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ဖြစ်နေသည်။

သူ ဘာရှာနေတာလဲ

အမှတ်(၄) ကျွမ်းကျင်သူမှာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး မြေပြင်မှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

သူသည် နာကျင်နေသော ဒူးနှစ်ဖက်ကို ပွတ်သပ်ရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

အမှတ်(၄) ဆိုတာ ဒီလိုမျိုး အာဏာရှိတာပဲ။ ဟိုလူကလည်း ဘာမှ မလုပ်ရဲတော့ဘူး မဟုတ်လား။

သို့သော် ထိုအချိန်မှာပင်...

ရှေ့မှ အဖြူရောင်ဝတ်ရုံနှင့် လူငယ်က တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။

တံဆိပ်ပြား၊ ဒါက ဘာအဓိပ္ပာယ်လဲ မင်းရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေပြချင်တာလား...

သူက စိတ်ထဲမှနေ၍ လှောင်ပြောင်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ မျက်နှာမှာ ဖြူလျော့သွားတော့သည်။

နတ်ဘုရားတမန်တော် ရဲ့ တံဆိပ်ပြားလား။ဒါက ဘယ်လိုလုပ်။

ဖြစ်နိုင်မှာလဲ ဤလူသည် အဘယ်ကြောင့် နတ်ဘုရားတမန်တော်တံဆိပ်ပြားကို ပိုင်ဆိုင်ထားရသနည်း။

၎င်းမှာ မြူခိုးနေထိုင်သူများ အဖွဲ့အစည်း၏ နတ်ဘုရားတမန်တော် တံဆိပ်ပြားပင် ဖြစ်သည်။

ရွှေရောင်တံဆိပ်ပြားပေါ်တွင် နံပါတ် "၁၀" ဟု ရေးထွင်းထားသည်။

မြူခိုးနေထိုင်သူများ၏ ဒသမမြောက် အမှတ်စဉ်လော။

မကြာသေးမီက 'မြူခိုးနေထိုင်သူများ' အဖွဲ့တွင် '

အမှတ်(၁၀) ပေါ်ပေါက်လာသည်ဟူသော ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။

သူ၏အဆင့်အတန်းမှာ အလွန်ပင် ထူးခြားသည်ဟု ဆိုကြသည်။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် ဝတ်ရုံနက်အဖွဲ့အစည်းက အမိန့်တစ်ခု ထုတ်ပြန်ထားသည်၊ ၎င်းမှာ မည်သူမျှ 'မြူခိုးနေထိုင်သူများ' ၏ အမှတ်(၁၀)ကို မစော်ကားမိစေရန် ဖြစ်သည်။ မဟုတ်ပါက အကျိုးဆက်ကို ခံစားရလိမ့်မည်။

ထိုခဏ၌ နတ်ဘုရားတမန်တော် တံဆိပ်ပြားကို ကြည့်ရင်း သူသည် မိုးကြိုးပစ်ခံလိုက်ရသလို မူးဝေသွားတော့သည်။

သူ ထရပ်ကာစပင် ရှိသေးသော်လည်း ခြေထောက်များက ထပ်မံ၍ ထိန်းမနိုင်သိမ်းမရ ကွေးညွတ်သွားပြန်သည်။

ဘုန်း

သူ မြေပြင်ပေါ်သို့ ပြန်လည် ဒူးထောက်ကျသွားပြန်သည်။

သောက်ကျိုးနည်း

နတ်ဘုရားတမန်တော် ဒါက ဘာတွေလဲ။

"နတ်... နတ်ဘုရား..." ဝတ်ရုံနက်ကျွမ်းကျင်သူမှာ တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။

ဒီလူက နတ်ဘုရားတမန်တော်လား သို့မဟုတ် နတ်ဘုရားတမန်တော် တံဆိပ်ပြားကိုပဲ ကိုင်ဆောင်ထားတာလား။

ဘာလို့ ထပ်ပြီး ဒူးထောက်ရတာလဲ။

"နတ်... နတ်ဘုရား..." သူ တုန်ရီနေဆဲပင်။ မည်သို့ပင်ဖြစ်စေ နတ်ဘုရားတမန်တော် တံဆိပ်ပြားကို မြင်တွေ့ရခြင်းက လူကိုကိုယ်တိုင်တွေ့ရသလိုပင်။

အမှတ်(၄)အထဲမှာပင် သူက နတ်ဘုရားတမန်တော် တံဆိပ်ပြားကို ကိုင်ဆောင်နိုင်လောက်တဲ့အထိ အဆင့်မမြင့်ပေ။

နတ်ဘုရားတမန်တော် ဟုတ်လား။

မြေပြင်ပေါ်တွင် ရှိနေသော မော့ဝမ်ကွေ့ မှာ ဝတ်စုံဖြူနှင့် လူငယ်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေသည်။

သူက နတ်ဘုရားတမန်လားတော်လား ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ရှန်းချန်ကောက နတ်ဘုရားတမန်တော် တံဆိပ်ပြားကို ပစ်ပေးလိုက်သည်။

ဝတ်ရုံနက်နှင့်လူမှာ ပူလောင်နေသော အရာတစ်ခုကို ကိုင်လိုက်ရသကဲ့သို့ အလျင်အစလို ဖမ်းယူလိုက်ပြီး အလွန်ပင် ဂရုတစိုက် ကိုင်ဆောင်ထားလိုက်သည်။

ရှန်းချန်ကော ဘာကို ဆိုလိုသလဲဆိုသည်ကို သူ နားလည်သွားသည်။ ဤတံဆိပ်ပြားကို သူ၏ အထက်ရှိ နတ်ဘုရားတမန်တော် ထံသို့ ပြန်လည် ပေးအပ်ခိုင်းခြင်း ဖြစ်သည်။

သူသည် စိတ်ပျက်အားငယ်စွာဖြင့် ထွက်ခွာသွားတော့သည်။

လွန်ခဲ့သော သုံးနှစ်ကမှ မြူခိုးသမုဒ္ဒရာထဲသို့ ဝင်ရောက်လာခဲ့သော ကောင်းကင်ဘုံဓားဂိုဏ်း အတွက်မူ ဝတ်ရုံနက်ကျွမ်းကျင်သူဆိုသည်မှာ အစွမ်းအထက်ဆုံး လူသားတစ်ယောက်ပင် ဖြစ်သည်။

သို့သော် ယခုမူ... ထိုကျွမ်းကျင်သူမှာ ထွက်ပြေးသွားရပြီ။

ဤနေရာရှိနေသူအားလုံးမှာ ဝတ်စုံဖြူနှင့် လူငယ်လေးကို အလွန်အမင်း ကြောက်ရွံ့စွာဖြင့် ကြည့်နေကြသည်။

ချောက်ထဲရှိ နဂါးများအား သင်တို့ ကြောက်နေသည့်အချိန်တွင် ထိုနဂါးများကလည်း ကြောက်ရသည့် အရာတစ်ခု ရှိနေသေးသည်ဆိုတာကို သိလိုက်ရသလိုပင်။

ထိုကြောက်ရွံ့မှုမှာ သိသိသာသာကို ပေါ်လွင်နေသည်။

ထိုအချိန်တွင်...

"သူက တကယ်ပဲ မင်းရဲ့ တပည့်လား"

"သေချာတာပေါ့၊ သူက ငါ့ရဲ့ တပည့်ပဲ။ မြူခိုးနေထိုင်သူတွေရဲ့ ဒသမမြောက် နတ်ဘုရားတမန်တော်လေ။" ကျန်းစန်းကျန့် တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အလွန်ပင် ဂုဏ်ယူနေမိသည်။

သူ သက်ပြင်းချလိုက်ပြီး ကျောကို မတ်လိုက်သည်။

ရှန်းချန်ကောက ကောင်းကင်ဘုံဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကို စိုက်ကြည့်လိုက်သည်။

ကျန်းဖုန်း တစ်ကိုယ်လုံး တုန်ရီနေသည်။

"သေစမ်း" ရှန်းချန်ကော စကားအဆုံးမှာပင် ကျန်းဖုန်းသည် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ သူ့ကို လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။

သူ ကြောက်လန့်တကြား မအော်ဟစ်နိုင်ခင်မှာပင် အလွန်လျှင်မြန်သော ဓားအလင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်ပြီ ဖြစ်သည်။

လူတိုင်း တုန်လှုပ်နေကြသည်။ဤလူငယ်သည် ကျန်းစန်းကျန့်၏ တပည့်ဖြစ်သည်ကို သူတို့ နားလည်သွားကြပြီ။

ကျန်းဖုန်းသည် ကျန်းစန်းကျန့်ကို အချိန်တိုင်း ဒုက္ခပေးရန် ကြိုးစားနေခဲ့သူဖြစ်သဖြင့် အဖြူရောင်ဝတ်ရုံနှင့် လူငယ်က ကျန်းဖုန်းကို သေချာပေါက် သတ်လိမ့်မည် ဖြစ်သည်။

အလုပ်ပြီးသွားသောအခါ ရှန်းချန်ကောက ဟွမ်ကျိထျန်းကို တစ်ချက်ကြည့်လိုက်သည်။ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည် - 'ကျန်တာတွေကို ခင်ဗျားပဲ ဆက်လုပ်တော့' ဟူ၍ ဖြစ်သည်။

ထိုအချိန်တွင် ရှန်းချန်ကောသည် သူရှိနေသော နေရာမှ ပျောက်ကွယ်သွားခဲ့တော့လေ၏။

မည်သူမျှ လှုပ်ရှားခြင်း သို့မဟုတ် စကားကိုပင် အကျယ်ကြီး မပြောရဲကြပေ။

"ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ နတ်ဓားသခင်ရုပ်တုမှာ ချက်အင်ဝင်မယ်။"

"ချက်အင် အောင်မြင်သည်။"

"ဆုလာဘ် - ကောင်းကင်ဘုံဓားကျမ်း - သတ်ဖြတ်ခြင်းဓားကဏ္ဍာ"

ခဏတာအတွင်းမှာပင် ရှန်းချန်ကောသည် ကောင်းကင်ဘုံဓားကျမ်းကို အပြည့်အစုံ ရရှိသွားသည်။

ဤဓားကျမ်းသည် တစ်ချိန်က ကောင်းကင်ဘုံဓားနယ်မြေတွင် တိုက်ခိုက်မှုအပိုင်း၌ အမြင့်မြတ်ဆုံးကျမ်းအဖြစ် ကျော်ကြားခဲ့ဖူးသည်။

'ငါ့ရဲ့ ပါရမီက အခုဆိုရင် တော်တော်လေး သန်မာနေပြီ။ အနက်ရောင် နတ်ဘုရားကျောက်တိုင်ရဲ့ ပြန်လည်ပြုပြင်ခြင်း ခံရပြီးနောက် ငါ့ရဲ့ အဆင့်က ရှေးဟောင်းနတ်ဘုရားအဆင့်နဲ့ နီးစပ်နေပြီ။ စိတ်ကလည်း ကြည်လင်နေတယ်။ သတ်ဖြတ်ခြင်းဓား ကဏ္ဍာက ရှုပ်ထွေးပြီး နားလည်ရ ခက်ခဲပေမဲ့ တခြား အခန်းတွေရဲ့ အကူအညီနဲ့ဆိုရင် ငါ ကောင်းကောင်း နားလည်နိုင်မှာပါ။'

ရှန်းချန်ကောသည် ယခင်က ဓားကျမ်းကို ကျင့်ကြံခဲ့ဖူးသော်လည်း အချိန်အတော်ကြာမှ အနည်းငယ်သာ နားလည်နိုင်ခဲ့သည်။

ယခုမူ သူသည် ဓားကျမ်းကို ရရချင်းမှာပင် နားလည်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

'ဒါက ကပ်ဘေးအဆင့်ရဲ့ အမြင့်ဆုံး သတ်ဖြတ်ခြင်းဓားနည်းစနစ်ပဲ။'

ရှန်းချန်ကော အတော်လေး ကျေနပ်သွားသည်။ ထို့နောက် သူသည် ဂိုဏ်းချုပ်စံအိမ်တွင် ချက်အင် ထပ်ဝင်လိုက်သည်။

သူသည် ကူးပြောင်းခြင်းအဆင့်၏ အထွတ်အထိပ်သို့ ချိုးဖျက်နိုင်ခဲ့ပြီ။

သူ၏လှုပ်ရှားခြင်း နည်းစနစ်ဖြစ်သော 'ကောင်းကင်ဖြိုခွဲခြေလှမ်း' မှာလည်း ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားသည်။

ညနေပိုင်းတွင်...

ဝတ်ရုံနက်ကျွမ်းကျင်သူမှာ သူ၏အထက်လူကြီး စတုတ္ထတမန်တော် ရှိသော နေရာသို့ ပြန်ရောက်လာသည်။

"အရှင် နတ်ဘုရားတမန်တော်..."

"အရေးကြီးတဲ့ ကိစ္စမရှိရင် ငါ့ကို လာမတွေ့ပါနဲ့လို့ ငါ မပြောထားဘူးလား၊ အပြင်ဘက်က ဓားဂိုဏ်းအသစ်တွေကို စုစည်းခိုင်းထားတာ ဘာဖြစ်လို့လဲ၊ ပြဿနာရှိလို့လား"

"ဟုတ်ကဲ့... ရှိပါတယ်..." ထိုသူ၏ စကားသံများမှာ တုန်ရီနေဆဲပင်။ သူသည် သေမင်းတံခါးဝမှ ပြန်လာခဲ့ရခြင်း ဖြစ်သည်ကို ကောင်းကောင်း နားလည်နေသည်။

"ဘယ်သူက ငါနဲ့ စစ်ဖြစ်ချင်နေတာလဲ၊ ငါက စတုတ္ထအဆင့်လေ" နတ်ဘုရားတမန်တော်၏ မျက်လုံးကို အနည်းငယ် ဖွင့်လိုက်ပြီး အေးစက်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

ဝတ်ရုံနက်နှင့်လူက တံဆိပ်ပြားကို ကမ်းပေးလိုက်သည်။

"နတ်ဘုရားတမန်တော် တံဆိပ်ပြားလား"

"ဒါက အဲဒီလူက... ကျွန်တော့်ကို ပေးလိုက်တာပါ။"

"ငါက စတုတ္ထအဆင့်ပဲ၊ တခြားအဆင့်တွေကို ဘာလို့ ကြောက်နေရမှာလဲ၊ စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ သူတို့ရဲ့ နတ်ဘုရားတမန်တော်နဲ့ ငါ သေချာ စကားပြောရမယ်။"

အစပိုင်းတွင် ထိုနတ်ဘုရားတမန်တော်မှာ မကျေမနပ် ဖြစ်နေသည်။ သို့သော် တံဆိပ်ပြားပေါ်မှ နံပါတ်ကို မြင်လိုက်ရသောအခါ သူ၏မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတော့သည်။

"မြူခိုးတေထိုင်သူတွေရဲ့ ဒသမမြောက်အဆင့်လား"

နတ်ဘုရားတမန်တော်၏မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီး ချွေးစေးများ ချက်ချင်း ထွက်လာတော့သည်။

နတ်ဘုရားတမန်တော်တစ်ယောက် ဖြစ်သဖြင့် သူသည် ဤတံဆိပ်ပြား၏အဓိပ္ပာယ်ကို ထိုဝတ်ရုံနက်နှင့်လူထက် ပိုမို သိရှိထားသည်။

"ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်ပါ။ ချက်ချင်းပဲ ဒီနှစ်ရဲ့ အရင်းအမြစ် ဝင်ငွေ သုံးပုံတစ်ပုံကို ခွဲထုတ်ပြီး ဒသမမြောက်အဆင့်ရှိသူဆီ သွားကမ်းလှမ်းလိုက်စမ်း"

ဘာ

ဝတ်ရုံနက်နှင့်လူမှာ တုန်လှုပ်သွားသည်။ မြူခိုးနေထိုင်သူ၏အမှတ်(၁၀)ရှိသူက မည်သို့သောလူမို့လို့ သူ့သခင်ကပင် ယခုလိုထိတ်လန့်သွားရသနည်း။

All Chapters