ဓားနတ်ဘုရားဧကရာဇ် နှင့် နတ်ဘုရားတို့ထိပ်တိုက်တွေ့ဆုံခြင်း
Vol. 16 Ch. 156
ကြေးမှုံအလင်းတောင် ပေါ်တွင်...
ထိုခဏ၌ လူတိုင်း စုရုံးရောက်ရှိနေကြသည်။ လူတိုင်း၏ မျက်နှာထက်တွင် အလွန်အမင်း တည်ကြည်လေးနက်နေသည့် အရိပ်အယောင်များ ဖုံးလွှမ်းနေ၏။
"နတ်ဘုရားချောက်နက်က စတင်သက်ရောက်လာပြီ။ငါတို့ရဲ့ ကျွမ်းကျင်သူတွေ ဒါကို ထိန်းချုပ်ဖို့ မစွမ်းဆောင်နိုင်တော့ဘူး။ အဓိက အက်ကွဲကြောင်းကြီးက ကျဆင်းလာတော့မယ်..."
လူတိုင်း၏ မျက်နှာများမှာ ပျက်ယွင်းနေပြီး နှလုံးခုန်သံများမှာလည်း မြန်ဆန်နေကြသည်။
"အခုဆို နတ်ဘုရားချောက်နက်ရဲ့အက်ကွဲကြောင်းတွေက နေရာအနှံ့ ပေါ်နေပြီ။ မဟာနတ်ဆိုးတွေ အများကြီး ဆင်းသက်လာနေပြီ။ သာမန်လူတွေရဲ့ ဓားသိုင်းတွေက အဲဒီနတ်ဆိုးတွေကို ဘာဒဏ်ရာမှ မပေးနိုင်တော့ မြူခိုးသမုဒ္ဒရာတစ်ခုလုံး အထိနာနေပြီ"
"သတ်ဖြတ်ခြင်းနည်းစနစ်ကပဲ အဲဒီနတ်ဆိုးတွေကို အမှန်တကယ် ထိခိုက်စေနိုင်တာ။ ဒါပေမဲ့ နတ်ဘုရားတမန်တော် အရေအတွက်က နည်းလွန်းတော့ လူတိုင်းကို လိုက်မကယ်နိုင်ဘူး..." ချင်းရွှမ် က သက်ပြင်းကို လေးလေးပင်ပင် ချလိုက်သည်။
"ငါတို့ အရင်းကနေ ဖြေရှင်းမှရမယ်။ ဒီကောင်တွေက ကမ္ဘာနှစ်ခုရဲ့ဟင်းလင်းပြင်ကို ဒီလောက်မြန်မြန် ပေါင်းစပ်ပြီး ကျူးကျော်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
ရှေးဟောင်းနတ်ဘုရားမျိုးဆက်များ ယခုထိ တိုက်ရိုက်ဆင်းသက်မလာနိုင်သေးခြင်းမှာ သူတို့၏ နတ်ဘုရားချောက်နက်နယ်မြေကို မြူခိုးသမုဒ္ဒရာကမ္ဘာ၏ဟင်းလင်းပြင်နှင့် တထပ်တည်း မပေါင်းစပ်နိုင်သေးသောကြောင့်ဖြစ်သည်။
သူတို့က ရှန်းချန်ကော ကြီးပြင်းလာသည်အထိ စောင့်ချင်ခဲ့သော်လည်း အခြေအနေများက ထင်ထားသည်ထက် ပိုမြန်နေခဲ့သည်။
အမှန်ဆိုလျှင် ရှန်းချန်ကေယသာ အနန္တအမှောင်ထုနယ်ပယ်' သို့ ရောက်ရှိသွားပါက မြူခိုးသမုဒ္ဒရာကမ္ဘာအတွက် အားကိုးရာ မဏ္ဍိုင်ကြီး ဖြစ်လာပေလိမ့်မည်။
သို့သော် အချိန်က လူကိုမစောင့်တော့ပေ။
ဝူးးးး
ကောင်းကင်ထက်မှ ကြီးမားသော အက်ကွဲကြောင်းကြီးမှာ ပိုမိုထင်ရှားလာပြီး ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုကို ဝိုးတဝါး မြင်တွေ့လာရသည်။
"ဒါ... ဒါ ရှေးဟောင်းနတ်ဘုရားရဲ့စိတ်ဆန္ဒပဲ"
မြူခိုးသမုဒ္ဒရာမှ ပညာရှင်များနှင့် 'မြူခိုးလူသားများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ပုံရိပ်တစ်ခုသည် ကောင်းကင်ထက်တွင် ဖြည်းညင်းစွာ ရပ်တန့်နေ၏။
"မြူခိုးသမုဒ္ဒရာကမ္ဘာရဲ့ ပျက်စီးခြင်း..."
အသံမှာ မကျယ်သော်လည်း ကောင်းကင်တစ်ခုလုံးရှိ မြူနက်များကို အငွေ့ပျံသွားစေသည်။
"နိမ့်ကျတဲ့ သတ္တဝါတစ်စုကများ အသက်စွမ်းအင်ပြည့်ဝနေတဲ့ကမ္ဘာတစ်ခုကို ပိုင်ဆိုင်ချင်နေကြတာလား... ဒီနေ့တော့ ရှေးဟောင်းနတ်ဘုရားတွေကိုယ်စား ငါက ကပ်ဘေးဒုက္ခကိုဆင်းသက်ပေးမယ်"
"မင်းက ဘာမို့လို့ ရှေးဟောင်းနတ်ဘုရားတွေကို ကိုယ်စားပြုရတာလဲ"
ချင်းရွှမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ခန္ဓာကိုယ်မှာ တောင်တစ်လုံးအလား ကြီးမားလာပြီး ကြွက်သားများ ရုန်းကြွလာသည်။ သူ၏ ပိန်လှီသော ပုံစံမှာ စွမ်းအင်ချွေတာရန် ထိန်းသိမ်းထားခြင်းသာဖြစ်ပြီး ယခုမူ သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်လာပြီဖြစ်သည်။
သူ၏နောက်ကွယ်တွင် ရွှေရောင်နှင့် ငွေရောင်သင်္ကေတပါ တမန်တော်သုံးဦးကလည်း သူတို့၏ အနန္တအမှောင်ထုနယ်ပယ် အထွတ်အထိပ် စွမ်းအင်များကို ထုတ်ဖော်လိုက်ကြသည်။
သို့သော် ကောင်းကင်ထက်မှ အေးစက်သော လှောင်ရယ်သံ ထွက်ပေါ်လာသည်။
"ငါ့ရဲ့နောက်ကျောကို ကြည့်လိုက်စမ်း... ဒါက ရှေးဟောင်းနတ်ဘုရားတွေရဲ့ အသိအမှတ်ပြုမှုပဲ"
ဝုန်း
ကောင်းကင်မှ အက်ကွဲကြောင်းကြီးမှာ စက္ကူတစ်ချပ်အလား ဆုတ်ဖြဲခံလိုက်ရပြီး ကြီးမားလွန်းသည့် ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ထိုပုံရိပ်ကြီးမှာ တောက်ပသော ရွှေရောင်အလင်းတန်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မြူပင်လယ်တစ်ခုလုံးကို လင်းထိန်စေသည့် အလင်းမှာ ထိုပုံရိပ်ကြီးထံမှ ဆင်းသက်လာခြင်းဖြစ်သည်။
"ငါ့ရဲ့နောက်မှာ ရှေးဟောင်းနတ်ဘုရားဧကရာဇ် ရှိနေတယ်"
"ဒါက အသိစိတ်မဲ့နေတဲ့ စွမ်းအင်စုစည်းမှုသက်သက်ပဲ ဘာကို ဆိုလိုချင်တာလဲ" ချင်းရွှမ်၏ နဖူးတွင် ချွေးစေးများ ထွက်လာသည်။
သူအကြောက်ဆုံးအရာ ဖြစ်ပျက်လာခဲ့ပြီ။
၎င်းမှာ ရှေးဟောင်းနတ်ဘုရားဧကရာဇ်တစ်ပါး ချန်ထားရစ်ခဲ့သည့် ရှေးဟောင်းနတ်ဘုရား အသိစိတ် ပင် ဖြစ်သည်။
ဖန်ဆင်းခြင်းနယ်ပယ်မှ ပညာရှင်တစ်ဦးပင်လျှင် ၎င်းကို ယှဉ်နိုင်မည်မဟုတ်ပေ။
ဘုန်း
ချက်ချင်းဆိုသလို ဓားချက်တစ်ချက် ကျဆင်းလာသည်။ ထိုကြီးမားလှသော ဓားအလင်းသည် မြူခိုးသမုဒ္ဒရာကမ္ဘာကြီးကို နှစ်ခြမ်းခွဲပစ်တော့မည့်အတိုင်းပင်။
"တောင့်ခံထားကြ" ချင်းရွှမ်က အော်ဟစ်လိုက်သည်။
ချင်းရွှမ်သည် ဖန်ဆင်းခြင်းနယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် ပညာရှင်ဖြစ်သော်လည်း ဤစွမ်းအားရှေ့တွင် သူကိုယ်သူ သေးငယ်လွန်းသည်ဟု ခံစားနေရသည်။
"မြန်မြန် မင်းတို့ရဲ့အစွမ်းကုန် ထုတ်ကြစမ်း"
ချင်းရွှမ်၏အော်သံကြောင့် မြူခိုးလူသားများ အားလုံး သူတို့၏ဝတ်ရုံများကို ဆုတ်ဖြဲကာ ခန္ဓာကိုယ်များ ကြီးထွားလာစေပြီး ထိုကြောက်မက်ဖွယ် ဓားအလင်းကို ခုခံရန် ပြင်လိုက်ကြသည်။
"ဘာ ရှေးဟောင်းနတ်ဘုရားလဲ"
"ဘာ ဓားလမ်းစဉ်လဲ၊ငါတို့အားလုံးက ဓားသမားတွေပဲ တိုက်ကြစမ်း"
ဝတ်စုံနက် ပညာရှင်များ အားလုံး သူတို့၏ကျောပေါ်မှ သတ်ဖြတ်ခြင်းဓားများကို ဆွဲထုတ်လိုက်ကြသည်။
ကောင်းကင်သို့ ဓားအလင်းတန်း ထောင်ပေါင်းများစွာ ထိုးတက်သွားသော်လည်း ထိုရှေးဟောင်းဓားအလင်းနှင့် ထိတွေ့မိသည်နှင့် လူအများ သွေးအန်ကုန်ကြသည်။
ချင်းရွှမ်မှာ ရှေ့ဆုံးမှ ခုခံနေရသဖြင့် သူ၏ ခန္ဓာကိုယ်ကြီးမှာ စတင်ပဲ့ကြွေလာပြီး သွေးချင်းချင်းနီလာသည်။
"အားးး" တစ်စုံတစ်ယောက် တောင့်မခံနိုင်တော့ဘဲ ခန္ဓာကိုယ် ပေါက်ကွဲကာ အသားစိုင်များအဖြစ် ကြေမွသွားရသည်။
သူတို့၏ဓားများ ကျိုးပဲ့ကုန်ပြီး သွေးများ အန်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြသည်။
သူတို့ အားကိုးရဆုံးသော ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း ထိုရှေးဟောင်းစွမ်းအားရှေ့တွင် ဖန်သားပြင်အလား နုနယ်နေခဲ့သည်။
"ရှေးခေတ်က အရာတစ်ခုက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ..." ပညာရှင်တစ်ဦးက ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။
သူတို့က မျိုးဆက်သစ်တွေ မဟုတ်လား။ ရှေးခေတ်က ဒီလောက်အစွမ်းထက်ရင် ဘာလို့ မျိုးဆက်သစ်တွေ ပေါ်လာရသေးတာလဲ။
"ဒါက ရှေးဟောင်းနတ်ဘုရားရဲ့စိတ်ဆန္ဒပဲ"
"နိမ့်ကျတဲ့ ပုရွက်ဆိတ်တွေ... မင်းတို့ သေရမယ့်အချိန် ရောက်ပြီ" ရှေးဟောင်းနတ်ဘုရားမျိုးဆက်က လှောင်ပြောင်ရင်း လက်ညှိုးတစ်ချက် ညွှန်လိုက်ရာ ဓားအလင်းမှာ ပိုမို ပြင်းထန်လာသည်။
ချင်းရွှမ်၏ခန္ဓာကိုယ်မှာ ပြိုကွဲတော့မည့်ဆဲဆဲ... သူ၏အသိစိတ်များ ဝေဝါးလာစဉ်...
ရုတ်တရက် တစ်စုံတစ်ယောက်က သူ၏ ပခုံးကို ပုတ်ကာ "ကျန်တာ ကျုပ်ကို လွှဲထားလိုက်တော့" ဟု ပြောသံကို ကြားလိုက်ရသည်။
ချင်းရွှမ် တုန်လှုပ်သွားပြီး ကြည့်လိုက်ရာ...
ရှန်းချန်ကော
ရှန်းချန်ကောသည် သူ၏ဘေးနားသို့ ရောက်ရှိနေပြီဖြစ်သည်။
"သတ်ဖြတ်ခြင်းဓားသိုင်း - မဟာကပ်ဘေး "
ဘုန်း
တောက်ပလှသော ဓားအလင်းတစ်ခု အောက်ခြေမှ အထက်သို့ ပေါက်ကွဲထွက်သွားသည်။
ထိုဓားအလင်း၏အရှိန်အဝါမှာ ရှေးဟောင်းနတ်ဘုရား၏စွမ်းအားနှင့် တန်းတူပင် ဖြစ်နေသည်။
"သူ သူ ပြန်လာပြီ"
"အမှတ်စဉ်(၁၀) နတ်ဘုရားတမန်တော်၊ အမှောင်ဘုရင် ရှန်းချန်ကော"
ရှန်းချန်ကော၏ဓားချက်သည် ရှေးဟောင်းနတ်ဘုရား၏ဓားအလင်းကို အထက်သို့ ပြန်လည် တွန်းတင်လိုက်သည်။
"ပထမဓား"
ဝူးးး
ထိုကြီးမားလှသော ရှေးဟောင်းဓားအလင်းမှာ ရှရှန်းချန်ကော၏ဓားချက်ရှေ့တွင် စက္ကူအလား ဆုတ်ဖြဲခံလိုက်ရသည်။
ရှန်းချန်ကော၏နဖူးအလယ်တွင် မျက်လုံးတစ်လုံး ပွင့်လာပြီး ရွှေရောင်အလင်းတန်းများနှင့်အတူ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်သွားသည်။
ဘုန်း
ဓားနတ်ဘုရားဧကရာဇ်၏ ဓားအလင်းတန်းမှာ တစစီ ပျက်စီးသွားတော့သည်။
ဤသည်မှာ ဓားသိုင်းအချင်းချင်း တန်ပြန်တိုက်ခိုက်ခြင်းပင်။
နတ်ဘုရားတစ်ပါးက လူသားတစ်ဦးကို ဖိနှိပ်နိုင်သည်မှာ အမှန်ပင်။သို့သော် ယခုမူ အခြေအနေက ပြောင်းလဲသွားလေပြီ။
နောက်ထပ်ဖြစ်လာမည့် တိုက်ပွဲမှာ... နတ်ဘုရား နှင့် နတ်ဘုရားတို့ကြားတိုက်ပွဲပင် ဖြစ်သည်။