ကောင်းကင်ကိုဖီဆန်တဲ့စွမ်းရည်၊ကျင်းယွမ်ရဲ့ဒဏ္ဍာရီ၊ ဓားတစ်လက်နဲ့ကောင်းကင်ကိုခွဲမယ်
Vol. 1 Ch. 1
ကျင်းယွမ်ကလန် ၊ တုန်းထန်းတောင်ထိပ်
ကျင်းယွမ်တောင်တန်းများအနက် အမြင့်ဆုံးဖြစ်သော တုန်းထန်းတောင်သည် တိမ်တိုက်များကို ဖြတ်ကျော်ကာ ထိုးထွက်နေပြီး ခမ်းနားထည်ဝါလျက် အဆုံးကိုပင်မမြင်ရလောက်အောင် အထိကျယ်ပြန့်လျက်ရှိပေသည်။
ကျင်းယွမ်တောင်ကို တောင် ၆ ခုကဝန်းရံထားပြီး ထိုတောင်ထိပ်တစ်ခုစီကို ကျင်းယွမ်ကလန် တောင်သခင် ၆ ယောက်က တာဝန်ယူထားပေသည်။
" ရွှီး...ရွှီး... "
ဓားအလင်းတန်းများ တုန်းထန်းတောင်ခါးပန်းသို့ အသီးသီးဆင်းသက်လာကြပေသည်။
တုန်းထန်းတောင်ပေါ်တွင် စီရင်ထားသော အစီအရင်ကြောင့် ထိုတောင်ပေါ် ၌ ဂိုဏ်ချုပ်မှအပ မည်သူမျှ ပျံသန်းခွင့်မရှိ ၊ပျံလည်းမပျံသန်းရဲကြပေ။ မဟုတ်လျှင် ဂိုဏ်းအစီအရင်၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်ပြီး၊ တောင်ထိပ်သခင်တစ်ဦးပင် အသက်ရှင်နိုင်မည်မဟုတ်ပေ။
တုန်းထန်းတောင်၊ ယုကျင်းခန်းမ။
ယုချင်းခန်းမ၏အတွင်း၌ လေးလံသောသက်ပြင်းချသံများ ပဲ့တင်ထပ်နေပေသည်။
ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်လျှင်လည်း ခုံမြင့် ၆ ခု၌ တာအိုဆရာ ၆ ဦးငြိမ်သက်စွာထိုင်နေသည်ကိုတွေ့ရပေမည်။
ခုံတစ်ခုံမှာမူ လစ်လပ်နေပေသည်။
လူတစ်ဦး ပျက်ကွက်နေဟန်တူ၏။
ခန်းမ၏အတွင်း၌ ကောင်လေးသုံးဦး ကြမ်းပြင်ပေါ်၌ ဒူးထောက်လျက်သားအခြေအနေဖြင့်ရှိ၏။
ကောင်လေးတစ်ဦး၏ မျက်နှာမှာ သနားစဖွယ်ဖြစ်နေသော်လည်း သူ၏မျက်လုံးများကတောက်ပနေပြီး၊ စကားပြောဟန်မှာ ရှင်းလင်းပြက်သားထက်ရှကာ အနာဂတ်ခေါင်းဆောင်နိုင်မည့်သူတစ်ဦး၏ အရိပ်အယောင်များပေါ်နေ၏။
နောက်ထပ်ကောင်လေးတစ်ဦးမှာ ဘာလုပ်ရမှန်းမသိသကဲ့သို့ စိတ်ရှုပ်ထွေးနေကာ သူ့ဘေးမှ အဖော်ပြောသမျှကို သဘောတူညီဟန်ဖြင့် ခေါင်းညိတ် နေ၏။
သူ့ ပုံပန်းသဏ္ဍာန်မှာ ရိုးသားကာနုံအမည့်ပုံစံပေါက် နေသည်။
နောက်ဆုံးကောင်လေးမှာမူ ခေါင်းငုံ့၍ တိတ်ဆိတ်နေသည်။
သူ့မျက်လုံးများမှာလည်း အနည်းငယ်တွေဝေနေသည်။
သူသည် ယခင်ကဖြစ်ခဲ့သည်အဖြစ်အပျက်မှရုန်းမထွက်နိုင်သေးဟန်တူသည်။တစ်ခုခုကိုတွေးကာ ကြောက်လန့်နေ ပုံရ၏။
ထိုအခိုက်အတန့်တွင်...
ဂျိချန်းဖန်သည် လွန်စွာ စိတ်ရှုပ်ထွေးသွားခဲ့၏။
သူ့ဦးနှောက်ထဲရှိ အချက်အလက်အားလုံးကို ပြန်တွေးတောပြီးနောက် ဘာဖြစ်နေသလဲဆိုတာကို သူသဘောပေါက်သွားသည်။
သူ ဝိဉာဏ်ကူးပြောင်းလာခဲ့တာပါ။ပြီးတော့တခြားကမ္ဘာလည်းမဟုတ် ကျူရှင်းကမ္ဘာ (Jade Dynasty ဝတ္ထုကမ္ဘာ) ထဲကို ကူးပြောင်းဝင်ရောက်လာခဲ့တာပါ။
ထို့ပြင် Jade Dynasty Mc ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ချောင်းမြောင်ကျေးရွာ (Caomiao Village)မှ မိဘမဲ့ကလေးများထဲကတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲဝင်ရောက်လာခြင်းပင်။
ဂျိချန်းဖန် ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်မိသည်။
သူမြင်ရသည်က လင်းကျင်းယုသည် သူ့ဘေးမှာ ဒူးထောက်လျက်ဖြင့် တာအိုရွှမ်းသခင် နှင့် အခြားသော ကျင်းယွမ်ကလန် ထိပ်တန်းအကြီးအကဲတွေဆိသို့ ဦးညွှတ်နေသည်ကိုပင်။
"အင်မော်တယ်သခင်ကြီး ကျေးဇူးပြု၍ ကျွန်တော်တို့အတွက် တရားစီရင်ပေးပါ "
"ဟုတ်ပါတယ် အင်မော်တယ်သခင်ကြီး.... "
ကျန်းရှောင်ဖန်လည်း လူအုပ်ဆီ ဆက်တိုက် ဦးညွှတ်နေ ပေသည်။
ကြားထဲတွင် သူက ဂျိချန်းဖန်ကိုပါ ဆွဲ၍ဦးညွတ်ခိုင်း နေ၏။
သို့သော် ဂျိချန်းဖန်က လှုပ်ရှားမှုမရှိ ငြိမ်သက်နေဆဲပင်။
ထိုအရာကို ကျင်းယွမ်ကလန် ထိပ်တန်းအကြီးအကဲများက ငြိမ်သက်စွာကြည့်ရှုနေ ပေ၏။
ထို့နောက်အကြီးအကဲများက
*လင်းကျင်းယုအား ဉာဏ်အမြော်မြင်ရှိသူပါရမီရှင် ၊ ဂျိချန်းဖန်နှင့်ကျန်းရှောင်ဖန် ကို မစဉ်းစားမတွေးခေါ်တတ်သူများ*
အဖြစ် တိတ်တဆိတ်အကဲဖြတ်လိုက်၏။
"ကောင်းပြီ ကောင်လေးတို့ ခေါင်းမော့လိုရပြီ "
"ငါတို့ ကျင်းယွမ်ကလန်က ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်"
တာအိုရွှမ်းသခင်က လက်ကိုဖြည်းညင်းစွာ ပင့်တင်လိုက်၏။
မမြင်ရသော အားတစ်ခုမှ ကျန်းရှောင်ဖန် နှင့် လင်းကျင်းယု တို့ကို ပင့်တင်လိုက် ပေသည်။
ချောင်းမြောင်ကျေးရွာက ကျင်းယွမ်ကလန်၏တောင်ခြေတွင် တည်ရှိ နေခြင်းဖြစ်သည်။ပုံမှန်အားဖြင့် ထိုတည်နေရာက အလွန်လုံခြုံစိတ်ချရသင့် ပေသည်။ မိစ္ဆာကျင့်ကြံသူတွေမဆိုထားနှင့် ကြီးမားတဲ့ သားရဲတိရစ္ဆာန်ကြီးတွေတောင် ရှားရှားရှားပါးပါးသာ ပေါ်လာတတ် ပေသည်။
ကျင်းယွမ်ကလန် ဂိုဏ်းသားများကအနီးအနားက ရွာသားတွေ လုံခြုံအေးချမ်းစေရန် ကြီးမားတဲ့ သားရဲတိရစ္ဆာန်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ မကြာခဏ ဆင်းသက်လာတာကြောင့်ပင်။
သို့သော် ယခုအံ့ဩစရာက ချောင်းမြောင်ကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော်အသတ်ခံလိုက်ရ၏။
ထို့ပြင် ယင်းအဖြစ်က ကျင်းယွမ်တပ်ဖွဲ့ရဲ့ မျက်စိအောက်မှာပဲ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်၊၊ လူငယ်လေးယောက်နှင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သက်လတ်ပိုင်းအမျိုးသားကတော့ ရူးသွပ်သွားခဲ့သည်။
ဒါဟာ သူတို့အဖို့ လွန်စွာအရှက်ရဖွယ်ကိစ္စပင်။
သတင်းပျံ့နှံ့သွားခဲ့သော် အခြားသူများက သူတို့ ကျင်းယွမ်ကလန်ဟာ အင်အားဆုတ်ယုတ် နေပြီဟု ထင်ကောင်းထင်သွားကြ ပေမည်။
*မိစ္ဆာကျင့်ကြံသူတွေက တောင်ခြေကို လာပြီး မကောင်းမှုလုပ်ဖို့ ဝံ့ကြတယ်လား...*
*အပြင်းအထန် စုံစမ်းစစ်ဆေးရမယ်! စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးကြရမယ်...*
တာအိုရွှမ်းသခင် သည် ဂျိချန်းဖန်နှင့် အခြားနှစ်ယောက်ကို တစ်ချက်ကြည့်ပြီးနောက် သူ၏ စီနီယာအကိုများ( ထိပ်တန်းအကြီးအကဲများ)အားပြောလိုက်သည်။
"စီနီယာအကိုကြီးတို့... "
"ဒီကလေးသုံးယောက်က ချောင်းမြောင်ကျေးရွာကပါ ပြီးတော့ နောက်ကြောင်းလည်းရှင်းပါတယ် အခု သူတို့အိမ်တွေမှာ ရုတ်တရက် ကံဆိုးမှုနဲ့ ကြုံတွေ့လိုက်ရတယ် ကလန်ဝင်အကြီးအကဲထဲက ဘယ်သူကများတပည့် လက်ခံလိုပါသလဲ"
အားလုံးသိထားကြတဲ့အတိုင်းပဲ
တာအိုရွှမ်းသခင် ဟာ နောက်ထပ် တပည့်တွေ မခေါ်တော့ပါဘူး။
သူ့မှာ ရှောင်ယီရှိုင် ဆိုတဲ့ ကလန်ခေါင်းဆောင််ေနရာကို အမွေဆက်ခံနိုင်တဲ့သူ ရှိပြီးသားပါ။
အခြားပါရမီရှင်တစ်ယောက်ကို ထပ်ခေါ်လိုက်ရင်ရော...
နောက်ပိုင်းမှာ တပည့်နှစ်ယောက်က ကလန်ခေါင်းဆောင်ရာထူး အတွက် ယှဉ်ပြိုင်ကြရင် ဘာဆက်ဖြစ်မလဲ...
ဒါကြောင့် အကောင်းဆုံး ဖြေရှင်းနည်းက...
တပည့် လုံးဝမခေါ်တော့တာပါပဲ။
ဒါဆိုရင် ပြဿနာအားလုံးကို ရှောင်ရှားနိုင်မှာပါ။
ထိုအခိုက်အတန့်တွင်...
တာအိုရွှမ်းသခင် ပြောလိုက်တာကို ကြားလိုက်ရပြီးနောက် ကျန်ရှိနေတဲ့ ထိပ်တန်းအကြီးအကဲတွေအားလုံးက လင်းကျင်းယုကို စိတ်အားထက်သန်စွာကြည့်လိုက်ကြသည်။
သူတို့ရဲ့ မျက်လုံးထဲမှာဆိုရင်...
လင်းကျင်းယုကသာ ပါရမီရှင်တစ်ယောက်ပါ။
ကျန်တဲ့ နှစ်ယောက်ကရော...တပည့်စာရင်းဖြည့်ရုံသာဖြစ်သည်။
ချောင်းယန်တောင် တောင်သခင်ရှန်ကျင်းလျန် က ပထမဆုံး ထလာခဲ့ပြီး၊ လင်းကျင်းယုကို ညွှန်ပြကာ ပြုံးရင်း ပြောလိုက်၏။
"ခေါင်းဆောင်ကြီးတာအိုရွှမ်း ဒီကလေးကို ကြည့်လိုက်တာနဲ့တစ်ပြိုင်နက် နက်ရှိုင်းတဲ့ ဆက်နွယ်မှုတစ်ခုကိုခံစားမိလိုက်တယ် ဖြစ်နိုင်တာက ကောင်းကင်ဘုံရဲ့ ညွှန်ပြမှုတစ်ခုများလား"
"ကျုပ် သူ့ကို တပည့်အဖြစ် ခေါ်လိုက်ရင်ကော ဘယ်လိုလဲ..."
"ဟွန့်..."
လျှိုရှတောင် တောင်သခင်ကျန့်ယွမ်က နှာခေါင်းရှုံ့လိုက်ပြီး တောင်သခင်ရှန်ကျင်းလျန် ကို စိတ်အနှောင့်အယှက်ဖြစ်နေသောအကြည့်ဖြင့် ကြည့်လိုက်ကာပြောလိုက်သည်။
"စီနီယာအကိုရှန် စီနီယာအကိုဆီမှာ တပည့် လေးရာကျော်တောင် ရှိပြီးသားပဲ တစ်ယောက်ချင်းစီတိုင်းကလည်း စီနီယာအကိုရှန်နဲ့ ဆက်နွယ်မှုရှိတယ်ဆိုရင် စီနီယာအကိုရဲ့ ဆက်နွယ်မှုတွေက တကယ်ပဲ အရမ်းများနေတာ မဟုတ်ဘူးလား..."
ဒါကို ကြားလိုက်ရတော့၊ ရှန်ကျင်းလျန်ရဲ့ မျက်နှာဟာနီမြန်းသွား ပေသည်။
လေးရာကျော်ရှိတဲ့ တပည့်တွေ၊ အားလုံးက အမျိုးသားတွေချည်းပဲ၊ ဒီလို ဆက်နွယ်မှုတွေက...
"အဟွတ်...အဟွတ်..."
အဲဒီအခိုက်မှာပဲ၊ တောင်သခင်ကျန့်ပူယီ က ရယ်မောရင်း ထလာပြီးပြောလိုက် ပေသည်။
"ကျန့်ယွမ်စီနီယာ ပြောတာမှန်တယ် စီနီယာရှန် မှာ တပည့်တွေ လေးရာကျော်ရှိပြီးသားပဲ ဒါပေမယ့် ကျုပ်ရဲ့ တဇူတောင်ထိပ် မှာဆို တပည့် ခုနှစ်ယောက်ပဲရှိ သေးတယ်..."
တစ်ယောက်ကတော့ သူ့သမီးကိုယ်တိုင်ဖြစ်ပါတယ်။
တကယ်ကိုသနားစရာပါပဲ။
"ကျုပ်ပဲ အားလုံးကို ခေါ်လိုက်ရင်ကော ဘယ်လိုလဲ"
လင်းကျင်းယုကို ခေါ်ဖို့အတွက်၊ ကျန့်ပူယီက အကုန်လုံးကို စွန့်လွှတ်ပြီး၊ စာရင်းဖြည့်ရုံပဲဖြစ်တဲ့ အခြားနှစ်ယောက်ကိုတောင် ခေါ်ဖို့ ပြင်ဆင်နေခဲ့ ပေသည်။
ဒါကို ကြားလိုက်ရတော့၊ တာအိုရွှမ်းသခင် ရဲ့ မျက်နှာအမူအရာမှာ အနည်းငယ် စိတ်ဝင်စားမှု ပေါ်လာခဲ့သည်။
ဒါပေမယ့် အဲဒီအခိုက်မှာပဲ...
တောင်သခင် ချန်စုန့် က ထလာခဲ့၏။
သူ့က 'လူသုံးယောက်ဟာ တူညီတဲ့ ဆရာတစ်ယောက်ရဲ့ လက်အောက်မှာ တပည့်ဖြစ်လာတာက သိပ်မသင့်တော်ပါဘူး' ဆိုတဲ့ စကားနဲ့ လင်းကျင်းယုကို တိုက်ရိုက်ခေါ်ယူခဲ့ပြီး၊ တာအိုရွှမ်းသခင်ဟာ ဒီအဖြေကို အနှစ်သက်ဆုံးဖြစ်ကြောင်း ဖော်ပြလိုက် ပေသည်။
ဂျိချန်းဖန်က မျက်စိ ရှေ့မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးကိုကြည့်ပြီးဘာမှ မပြောခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ ကျင်းယွမ်ကလန်က သူ့ကို တပည့်အဖြစ် ကျိန်းသေခေါ်ယူမှာမလို့ပါ။
စကားများများ ပြောပြီး ဟန်မဆောင်ဘဲ
ရိုးရိုးသားသားနဲ့ပဲ စီစဉ်မှုတွေကို စောင့်နေတာက ပိုကောင်းပါသည်။
ပြီးရင် တပည့်ဖြစ်ပြီး ထိုက်ကျိ ရွှမ်ရှင်းတာအိုကို လေ့ကျင့်ရမှာပါ။
နောက်ဆုံးမှာတော့...
ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်တို့ဟာ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ တဇူတောင်ရဲ့ တောင်သခင်ကျန့်ပူယီ ရဲ့ လက်အောက်မှာ တပည့်တွေ ဖြစ်လာခဲ့ကြသည်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျန်ပူယီက အလွန်အမင်းစိတ်ဆိုးနေခဲ့ ပေသည်။
သူ့မျက်နှာမှာ အေးစက်နေပြီး ဂျိချန်းဖန်နဲ့ အခြားတစ်ယောက်ကို ကြည့်လိုက်ကာ၊ ဘာမှမပြောဘဲ တိုက်ရိုက်ပင် ယုကျင်းခန်းမမှ ထွက်ခွာခဲ့ ပေသည်။
ဒါကို မြင်ရတော့...
ဂျိချန်းဖန်က ကျန်းရှောင်ဖန်လက်ကိုအမြန်ဆွဲပြီး တောင်သခင် ကျန့်ပူယီ နောက်ကို လိုက်ခဲ့၏။
ကျန်ပူယီ ဆိုတဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာ သူသိတာကြောင့် သူ ဘာမှ မပြောခဲ့ပါဘူး။
အကျင့်က မကောင်းဘူးဆိုရင်၊ မကောင်းတာပါပဲ။
သူတို့ကို ခေါ်ယူပေးလိုက်တာနဲ့တင် လုံလောက် နေပါပြီ။
ခန်းမထဲမှ ထွက်လာသည်နှင့်၊ မျက်စိရှေ့တွင်တိမ်ပင်လယ် တစ်ခုပေါ်လာခဲ့ပါသည်။
သူ့ရှေ့က အလှပဆုံး ရှုခင်းကို ကြည့်ရင်း...
ဂျိချန်းဖန် စိတ်ထဲ မကျေမနပ်ဖြစ်လာခဲ့သည်။
တကယ်ပဲ ဒါကကျင့်ကြံခြင်းနယ်မြေတစ်ခုပင်။
ဒီလို မြင်ကွင်းမျိုး သာမန်လောကထဲ၌ မည်သို့တွေ့မြင်နိုင်မည်နည်း။
"ဝုန်းးး "
ထိုအခိုက်မှာပင်...
ဂျိချန်းဖန် ရုတ်တရက် သူ့စိတ်ထဲ၌ ကြည်လင်အေးချမ်းမှု တစ်ခု ခံစားမိလိုက်ပါသည်။
သူ့အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေတစ်ခုထဲကို ဝင်ရောက်သွားသလို ခံစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် အသံတစ်ခုဟာ သူမသိတဲ့ နက်ရှိုင်းရာနေရာတစ်ခုမှ ဂျိချန်းဖန်၏ နားထဲသို့ ပဲ့တင်ထပ်၍ထွက်လာသည်ကို ခံစားလိုက်ရသည်...
【ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဉာဏ်ပညာ နားလည်နိုင်စွမ်း နိုးကြားလာတဲ့အတွက် ဂုဏ်ယူပါတယ်】
【သင်ဟာ ကျင်းယွမ်ကလန်ရဲ့ အံ့ဖွယ် 'တိမ်ပင်လယ်' ကို လေ့လာကြည့်ရှုခဲ့ပြီး သာမန်လူတွေရဲ့ သေးငယ်မှုနဲ့ ကမ္ဘာကြီးရဲ့ နက်နဲမှုကို နားလည်သဘောပေါက်ကာ အတုမရှိသော ဓားသွားကျင့်စဉ်တစ်ခုကို ဖန်တီးခဲ့ပါတယ် ကျင့်စဉ်နာမည်က-ကောင်းကင်တံခါးပေါက်ကို ဖွင့်လှစ်သော ဓား 】