ဉာဏ်အလင်းပွင့်ခြင်း ၊ ကလန်၏တပည့်တစ်ယောက်ဖြစ်လာခြင်း
Vol. 1 Ch. 2
“ဝုန်း...”
ဂျိချန်းဖန် တွေဝေမိန်းမောကာ ခမ်းနားသောကမ္ဘာကြီးတစ်ခုကိုမြင်လိုက်ရသကဲ့သို့ခံစားလိုက်ရ၏။
ထို ခမ်းနားကြီးကျယ်သော ကမ္ဘာကြီးထဲတွင် လူသားတို့သည် ပုရွက်ဆိတ်ကလေးများကဲ့သို့ သေးငယ်လွန်းလှ ပေသည်။ ကမ္ဘာ့တစ်နေရာရဲ့ ထောင့်တစ်ထောင့်တွင် မတည်မငြိမ် ရုန်းကန်ရင်း အသက်ရှင်နေထိုင်နေကြရသည်...
“ရှူးးးးး ဆွီးးး “
သို့သော် ထိုအခိုက်အတန့်မှာပင်...
တောက်ပလှပသော ဓားရောင်တစ်ခုသည် ကမ္ဘာ၏ ထောင့်တစ်ထောင့်မှ ရုတ်တရက် ထိုးထွက်လာသည်။
ဓားတစ်ချက်ဖြင့် တိမ်စိုင်တိမ်လိပ်များသည် မိုင်ရာဂဏန်းခန့် ကွဲထွက်သွားသည်။
ထို အင်အားကြီးမားသော ကမ္ဘာကြီးပင်လျှင် အက်ကြောင်းတစ်ခု ဖြစ်သွားအောင် ပိုင်းဖြတ်ခံလိုက်ရသည်...
“ငါ့မှာ ကောင်းကင်တံခါးကို ခွဲဖွင့်နိုင်တဲ့ ဓားတစ်လက် ရှိတယ်...”
ကြည်လင်ပြတ်သားသော အသံတစ်ခုသည်အရှိန်အဝါနှင့်အတူကမ္ဘာတစ်ခွင်လုံးသို့ ပဲ့တင်ထပ်နေ၏။
“ဂျူနီယာ ညီငယ်လေး ... ဂျူနီယာ ညီငယ်လေး..”
ထိုအခိုက်အတန့်တွင် သူ၏ဘေးမှခေါ်သံကြားလိုက်ရသည်။
ထိုအခါမှ ဂျိချန်းဖန် သည်အတွေးထဲမှပြန်ရောက်လာကာ ကျန်းရှောင်ဖန် နှင့် စုန့်ဒါရန်(တဇူတောင်မှ တပည့်တစ်ဦး) သည် သူ့အားစိတ်ပူစွာကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။
“ညီလေး ဘာမှ မဖြစ်ဘူးမလား “
ထို စကားကို ကြားလိုက်ရပြီးနောက် ဂျိချန်းဖန်ဟာ သူ့နှလုံးသားထဲမှ ပျော်ရွှင်မှုကို ဖိသိပ်ထားပြီး ဖြည်းဖြည်းချင်း ခေါင်းခါလိုက်၏- “အကိုကြီးတို့ ကျွန်တော် ဘာမှမဖြစ်ပါဘူး။” ဤသို့ပြောခဲ့သော်လည်း
သူ့စိတ်ထဲမှာတော့ တစ်ခြားအရာတစ်ခုကို တွေးနေခဲ့သည်။
‘ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဉာဏ်ပညာ နားလည်နိုင်စွမ်း’
‘ဒါက ငါ့ရဲ့ ရွှေလက်ချောင်းစနစ်များလား’
ဂျိချန်းဖန်ရဲ့ စိတ်ထဲမှာ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
‘ကောင်းကင်တံခါးကို ခွဲမယ့် ဓါး’ ၏ အဆင့်မြင့်ဓား ရည်ရွယ်ချက်သည် ချက်ချင်းပင် သူ့ ကိုယ်ခန္ဓာပေါ်တွင် မှုန်ဝါးစွာအရိပ်အယောင် ပေါ်လာခဲ့သည်။
ထို ဓါးအော်ရာသည် “အရာရာကို ရဲ့ဝံ့စွာရင်ဆိုင်ဝံ့ခြင်း ၊ မည်သည့်အရာကိုမဆို ဓါးတစ်လက်ဖြင့်ခုတ်ပိုင်းဝံ့ခြင်း ၊ အင်မော်တယ်နတ်ဘုရားတစ်ပါးဖြစ်နေစေကာမူ ဓားတစ်ချက်ဖြင့်၊ နတ်ဘုရားများပင် ဦးညွှတ်ကြရမည်” ဟူသော စိတ်ဆန္ဒများဖြာထွက်နေ၏။
“ညီလေး မင်းဘာမှမဖြစ်ဘူးဆိုရင်ဘဲ ရပါပြီ”
စုန့်ဒါရန် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။
သူက ဂျိချန်းဖန် ရုတ်တရက် စိတ်လွတ်ခနဲ ဖြစ်သွားတာကို မြင်လိုက်ရ၍ ဤ ကျင့်ကြံခြင်းလမ်းခရီး၌ထူးချွန်မည်ဟု မျှော်လင့်ထားသောညီငယ်လေး၌ တစ်ခုခုဖြစ်သွားမလားလို့ စိုးရိမ်မိခဲ့တာပါ။
တကယ်တော့...
စုန့်ဒါရန်ရဲ့ သိုင်းအဆင့်(ကျင့်ကြံခြင်းအဆင့်)ကနိမ့်လွန်းနေလို့ပါ။
အကယ်၍ ဤနေရာတွင် ထိပ်တန်းအကြီးအကဲများထဲမှ တစ်ယောက်ယောက် ရှိနေခဲ့လျှင် ဂျိချန်းဖန်ရဲ့ အခြေအနေကို မြင်ရတဲ့အခါ သေချာပေါကို အလွန်အမင်း ထိတ်လန့်သွားကြမှာပါ...
အကြောင်းကား ဂျိချန်းဖန်ဟာ ဉာဏ်အလင်းပွင့်ခြင်းအခြေအနေအထဲကို ကျရောက်သွားခဲ့လို့ပါ!
“ဉာဏ်အလင်းပွင့်ခြင်းအခြေအနေ”
ဒါက ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာ ဖြစ်နိုင်တဲ့ အခွင့်အရေးပါဉာဏ်အလင်းပွင့်ခြင်းအခြေအနေကို ဝင်ရောက်သွားသူ မည်သူမဆို သိုင်းအဆင့်(ကျင့်ကြံခြင်းအဆင့်)တွင် အတိုင်းအတာ တစ်ခုအထိ တိုးတက်လာမှာပါ။
ထိုထိပ်တန်းအကြီးအကဲတွေသာ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာ ဖြစ်တတ်သည့် ဉာဏ်အလင်းပွင့်ခြင်းအခြေအနေက လူငယ်တစ်ယောက်မှာ ဖြစ်ပေါ်သွားတယ်ဆိုတာ သိသွားခဲ့သော် သူတို့ မည်သို့တွေးမည်နည်း။ မွန်းစတားတစ်ကောင်ဟုတွေးမည်လား။
စုန့်ဒါရန်က ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်ကို ခေါ်ပြီး တိမ်ပင်လယ်ကို ဖြတ်သန်းလာခဲ့သည်။
ထို့နောက်သက်တန့်တံတားကို ဖြတ်ကျော်ေသာအခါ...
ဂျိချန်းဖန်သည် တံတားပေါ်မှ အသေအချာ ငုံ့ကြည့်ခဲ့သော်လည်း၊ ဒဏ္ဍာရီထဲမှ နတ်သားရဲမျိုးနွယ်ဝင် ရေကီရင်-ဂျပန်အသံထွက်(ရေချီလင်-တရုတ်အသံထွက်)ကိုတော့ မတွေ့ခဲ့ရပါဘူး။
တုန်းထန်းတောင်တောင်ခါးပန်းကို ရောက်သွားချိန်မှာတော့ စုန့်ဒါရန်က သူ့ရဲ့ နတ်ဓား(ကျားဆယ်ကောင်ဓါး) ကို ထုတ်လိုက်ပြီး၊ ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်ကို တက်လာဖို့ အော်ခေါ်လိုက်သည်
“ညီလေးတို့ မြန်မြန်တက်လာကြ”
“ငါက မင်းတို့ကို တဇူတောင်ဆီ တိုက်ရိုက်ခေါ်သွားပေးမယ်”
ဂျိချန်းဖန်က စူးစမ်းလိုစိတ်ဖြင့် ချက်ချင်းပင် ဓါးပျံပေါ်သို့တက်လိုက်၏။
ကျန်းရှောင်ဖန်းကမူ ဂျိချန်းဖန်နောက်သို့ ဖြည်းဖြည်းချင်း စိုးရိမ်ထိတ်လန့်စွာ လိုက်လာလေသည်။
“ဆွီးးးး”
တခဏချင်း ဓားပျံက ကောင်းကင်ကိုဖြတ်သန်းသွားတော့သည်။
ပြင်းထန်ေသာလေတိုက်ခတ်မှုကို ခံစားရင်းဖြင့် ဂျိချန်းဖန် အနည်းငယ် စိတ်လှုပ်ရှားလာမိ၏။
ဓားပျံစီးခြင်း...
အင်မော်တယ်အဖြစ်ကျင့်ကြံခြင်း...
သူ့၏အိပ်မက်က အမှန်တကယ်ဖြစ်လာခဲ့လေပြီ။
* သူ့ကို တုတ်တစ်ချောင်း ပေးလိုက်ပါက ဆယ်မိုင်ပတ်လည်အတွင်း မြက်ပင်တစ်ပင်တောင် ကျန်မနေနိုင်ဘူး၊ အကယ်၍သူ့ကို နတ်ဓားတစ်ချောင်း ပေးလိုက်ပါက ကျိန်းသေပေါက် သူ့နာမည်ကိုအင်မော်တယ်ကမ္ဘာမှာကျော်ကြားအောင်လုပ်နိုင်မည်ပင်*
ဂျိချန်းဖန် နည်းနည်းလေးစိတ်လှုပ်ရှားလာမိသည်။
“ဝူးးးးး”
ဓားကတောက်ပပြီး ပျောက်ကွယ်သွား၏။
မကြာခင်မှာပဲ သူတို့က တဇူတောင်သို့ ရောက်ရှိလာခဲ့သည်။
ထိုအခိုက်အတန့်တွင်
တဇူတောင် ၏ တပည့်အားလုံး သည် ရှိုကျင်းခန်းမ ထဲ၌ စုရုံးပြီးနေကြပြီ ဖြစ်သည်။
အမှန်တွင် စုစုပေါင်း ရှစ်ယောက်သာရှိခြင်းဖြစ်၏။
ကျန်ပူယီ၏ မိသားစု သုံးယောက် ပြီးလျှင် တပည့် ငါးယောက်ပင်။
“ဆရာကြီး၊ ဆရာမကြီး၊ တပည့် ဆရာတူညီလေး နှစ်ယောက်ကို ခေါ်လာပါပြီ။”
စုန့်ဒါရန် က ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်ကို ခေါ်ပြီး ရှိုကျင်းခန်းမ ထဲကို ဝင်လာခဲ့သည်။
ချက်ချင်းပင် လူတိုင်း၏ အကြည့်များကသူတို့ဆီသို့ ဦးတည်လာခဲ့၏။
ကျန်းရှောင်ဖန်က အနည်းငယ် စိုးရိမ်ထိတ်လန့်နေရင်း ခေါင်းငုံ့ထားမိ၏။
ဂျိချန်းဖန်ကမူ အေးဆေးတည်ငြိမ်စွာဖြင့် လူတိုင်း၏ ကြည့်ရှုမှုကို ရင်ဆိုင်လိုက်သည်။၊ကြောက်တယ် ဆိုသည့် ခံစားချက် အနည်းငယ်မှ မရှိပေ။
“ဟွန့်..”
ကျန့်ပူယီက အေးစက်စက်နှာခေါင်ရှုံ့ လိုက်၏။ သူက ဂျိချန်းဖန်ကို တစ်ချက် ကြည့်လိုက်ပေမယ့် မည်သည့်စကားမှမပြောခဲ့ပေ။
“ကောင်းပြီ လာခဲ့ပါ ဒီမှာတဇူတောင်ရဲ့တပည့်အဖြစ်ခံယူလိုက်ပါ”
စူးရူ က ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်တို့ကို ကြည့်ရင်း နူးညံ့စွာ ပြုံးပြလိုက်သည်။
သူမက ကျန့်ပူယီကို သိမ်မွေ့စွာ မျက်ေစာင်းတစ်ချက်ထိုးလိုက်သည်။
ထိုအခိုက်အတန့်၌ စတုတ္ထမြောက်တပည့် ဟေးဒါချီ က လက်ဖက်ရည်ကြမ်းနှစ်ခွက်ဖြင့် ရောက်လာခဲ့သည်။
ထိုအခါဂျိချန်းဖန်က ကျန်းရှောင်ဖန်ကို ဆွဲခေါ်ပြီး ရှေ့တိုးလျက် ကျန့်ပူယီကို ရိုသေစွာ ကိုးကြိမ် ဦးညွှတ်ကာ လက်ဖက်ရည်ကြမ်းခွက်ကို မြှောက်၍ ကျန့်ပူယီဆီ ဆက်သလိုက်သည်။
“တပည့် ဂျိချန်းဖန် ဆရာ့ကို အရိုအသေပြုပါတယ်”
သူ့ဘေးက ကျန်းရှောင်ဖန်ကလည်း နှေးကွေးစွာဖြင့် လိုက်လုပ်သည်။ဌင်းကို မြင်တွေ့ရတော့၊ ကျန့်ပူယီရဲ့ မျက်လုံးများ အနည်းငယ် ကျဉ်းေမြာင်းသွား ပေသည်။
သူက ဂျိချန်းဖန်ကို အံ့အားသင့်စွာ ကြည့်ရင်း၊ အေးဆေးတည်ငြိမ်စွာနဲ့ ခေါင်းညိတ်ပြီးလက်ဖက်ရည်ကြမ်း ကို အနည်းငယ် သောက်လိုက်ပြီးနောက်(အရိုအသေပေးတာလက်ခံတဲ့သဘောပါ)ပြောလိုက်သည်
“အခုကစပြီး မင်းဟာ သတ္တမမြောက် တပည့်ပဲ။”
ဂျိချန်းဖန်က သတ္တမမြောက် ဆိုလျှင် ကျန်းရှောင်ဖန်က သဘာဝအတိုင်းပဲ အဋ္ဌမမြောက်ဖြစ်လာခဲ့၏။
ကျန့်ပူယီက ကျန်းရှောင်ဖန် ဆက်သလိုက်တဲ့လက်ဖက်ရည်ကြမ်းကို ယူပြီး၊ ဆန့်ကျင်ဘက်နေရာမှာ ထားလိုက်သည်။ ထိတောင် မထိပါဘူး...
ဒါကို မြင်တွေ့ရသော ကျန်းရှောင်ဖန်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငုံ့ထားလိုက်သည်။
ကျန့်ပူယီက လက်ခါပြီး ပြောလိုက်သည်-
“ဒါရန် ငါ အဲဒီနှစ်ယောက်ကို မင်းဆီ အပ်လိုက်မယ် သူတို့ကို ကလန်စည်းကမ်းတွေ သင်ကြားပေးဖို့နဲ့ အခြေခံတာအို ကျင့်စဉ်တချို့ကို တာဝန်ယူသင်ကြားပေးလိုက်ပါ”
“ဟုတ်ကဲ့ပါ ဆရာ!” စုန့်ဒါရင်က ရိုသေစွာနဲ့ ခေါင်းညိတ်ပြခဲ့ပေမယ့် သူ အနည်းငယ် ဝန်ေလးနေခဲ့သည်-
“ဆရာ ညီေလးနှစ်ယောက်က ငယ်သေးတော့ ကျင့်စဉ်တွေက ...”
“မှာတဲ့အတိုင်းသာ လုပ်ပါ” ကျန့်ပူယီက အေးစက်စက်နဲ့ ပြောလိုက်သည်။
ထို့နောက် သူ ထပြီး ထွက်ခွာသွားခဲ့၏။
ချက်ချင်းပင်၊ ရှိုကျင်းခန်းမ ထဲရှိ လေထုက လေးလံေနရာမှ ပေါ့ပါးသွား ပေသည်။
ထိုအခိုက်အတန့်၌ စူးရူ ရဲ့ နောက်မှာ ရပ်နေသည့် မိန်းကလေးတစ်ယောက်က ရုတ်တရက် ခုန်ဆင်းလာပြီး ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်တို့ဆီ ရောက်လာသည်။
“ဟေ့ မြန်မြန်ပဲ ငါ့ကို စီနီယာအမ လို့ ခေါ်လိုက်”
ဒါကို ကြားလိုက်ရတော့၊ ဂျိချန်းဖန်က မျက်ခုံးအနည်းငယ် ပင့်ကြည့်လိုက်သည်။
သူက သူ့ရှေ့ရှိ သွယ်လျလှပတဲ့ မိန်းမငယ်လေးကို မြင်သော်လည်း စိတ်ထဲ၌ အထူးတလည်ခံစားချက်တော့ မရှိခဲ့ပေ။ သူက တစ်ဘဝ ဖြတ်သန်းဖူးပြီးသားဖြစ်တာကြောင့် မိန်းကလေးတစ်ယောက်နဲ့ပတ်သက်ပြီး မည်သည့်အတွေးမှရှိမေနခဲ့ေပ။
အကယ်၍ရှိခဲ့ရင်တောင် နှစ်အနည်းငယ် စောင့်ရမှာပါ ကျန့်လင်းအာ ကြီးပြင်းလာတဲ့အထိပင် ထိုအချိန်တွင်တော့ထည့်စဉ်းစားရပေမည်။
“နှုတ်ဆက်ပါတယ် စီနီယာအမ ”
ဂျိချန်းဖန်က အေးစက်စက်ေပြာလိုက်၏။
“စီ-စီနီယာအမ “ ကျန်းရှောင်ဖန်က ရှက်ကြောက်နေရင်း ခေါင်းငုံ့ပြီး ပြောလိုက်သည်၊ သူ့မျက်နှာက အနည်းငယ် နီမြန်းနေပါသည်။ ဒါဟာ သူ့ဘဝမှာ ဒီလို လှပတဲ့ မိန်းကလေးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပါ...
“ဟေ့ နင်ရဲ့ အသံအနေအထားက ဘာလဲပိုပြီး လေးနက်လို့ မဖြစ်နိုင်ဘူးလား”
ကျန့်လင်းယာ က ကျန်းရှောင်ဖန်ကို ဂရုမစိုက်အားပါ။ ဂျိချန်းဖန်ရဲ့ အသံအနေအထားကိုသာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေေပသည်။ သူ ဘာလို့ ဒီလောက် အေးစက်နေရတာလဲ
*သူစီနီယာအမကို မရိုမသေလုပ်မိတာလား* ဂျိချန်းဖန် အကူအညီမဲ့နေသည်။
ကလေးတွေက တကယ်ပဲ စိတ်ခံစားချက် မြန်တာလား။
“ကောင်းပြီ လင်းယာ မင်းဂျူနီယာေမာင်ေလးတွေကို မနှောက်ယှက်နဲ့” စူးရူ က ရှေ့တိုးလာပြီး ကျန်လင်းယာကို ဖြည်းညင်းစွာပုတ်လိုက်သည်။
“ဟွန်းးး “ ကျန်လင်းယာက ဒေါသထွက်ရင်းနှာေခါင်းမှုတ်လိုက်တယ်။
သူမက ဂျိချန်းဖန်ကိုမျက်လုံးပြူးပြီးကြည့်လိုက်သည်။ ပြီးနောက် သူ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေ၏...
ဒါပေမယ့် စိတ်မကောင်းစရာက ဂျိချန်းဖန်ဟာ သူမကို အေးစက်စက်နဲ့ တစ်ချက်သာပြန်ကြည့်၏။
တုံ့ပြန်မှုမှ လုံးဝမရှိေပ။
ဒါကို မြင်တွေ့ရတော့၊ ရှိုကျင်းခန်းမ ထဲကစီနီယာတွေက ချက်ချင်းပဲ ဟာသလုပ်ပြီး မြှောက်ပေးကြ၏
“ညီမလေး လင်းယာ၊ေမာင်လေးက မင်းကို မရိုမသေ လုပ်နေသလိုပဲနော်”
“ဟုတ်တယ ဟုတ်တယ်”
သူမ စီနီယာများ၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရေသာအခါ၊ အရွယ်မရောက်သေးတဲ့ ကျန်လင်းယာက ချက်ချင်းပဲ ဂျိချန်းဖန်ကို မနှစ်သက်စွာကြည့်လိုက်သည်။
“အဟမ်း အဟမ်း...”
ဒါပေမယ့် ဒီအခိုက်အတန့်မှာပဲ၊ စူးရူက ရုတ်တရက် ညင်သာစွာ ချောင်းဆိုးလိုက်သည်။
တဒင်္ဂအတွင်းမှာပဲ...
ရှိုကျင်းခန်းမ တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့၏။
စူးရူရဲ့ လှပတဲ့ မျက်လုံးတွေက တပည့်တွေကို တစ်ချက်ကြည့်လိုက်ပြီး၊ ပြောလိုက်သည် “တောင်ထိပ်ခုနှစ်ခု ပြိုင်ပွဲ က မကြာခင်မှာကျင်းပ တော့မယ် ပြီးတော့ မင်းတို့အားလုံး...”
“ဆရာမ “ စုန့်ဒါရန် က ရုတ်တရက် ကြားဖြတ်ေပြာလိုက်တယ်။
“ဘာလဲ” စူးရူက ကြောင်ပြီး မေးလိုက်သည်။
စုန့်ဒါရန်က အမြန်ပြောလိုက်သည်- “ဆရာမ တပည့်က ညီလေး နှစ်ယောက်ကို ကျင့်စဉ်တွေနဲ့ ကလန်စည်းကမ်းတွေ သင်ကြားပေးဖို့ လိုနေသေးတော့ အရင်ဆုံးသွားလို့ရမလား”.စူးရူက စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည် “သွားလို့ရတယ်”
သူမပြောလိုက်သည်နှင် ချက်ချင်း...
စုန့်ဒါရင်က ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်ကို အမြန်ဆွဲပြီး ရှိုကျင်းခန်းမ ကနေ ပြေးထွက်လာခဲ့သည်။၊ သူ့စီနီယာတွေရဲ့ အော်ပြောသံတွေကို လုံးဝ ဂရုမစိုက်တော့ပါဘူး။
“စီနီယာ ဒါရန် သူရဲဘောကြောင်တယ် “
“ သူရဲဘောကြောင်တယ်”
“တိတ်ကြစမ်း နင်တို့ သင်ခန်းစာတွေ ဘယ်လောက်လေ့လာထားသလဲ ငါ စမ်းကြည့်မယ်...”
စူးရူရဲ့ ညင်သာတဲ့ ဆူပူကြိမ်းေမာင်းမှုနဲ့အတူ တဇူတောင် တပည့်များထံမှ ချက်ချင်းပဲ အော်ညစ်ညည်းညူသံများထွက်လာကြသည်။