← Chapters

တစ်ညအတွင်း ထိုက်ကျိ ရွှမ်ရှင်းတာအိုကို ကျင့်ကြံအောင်မြင်ခြင်း

Vol. 1 Ch. 3

တစ်ညအတွင်း ထိုက်ကျိ ရွှမ်ရှင်းတာအိုကို ကျင့်ကြံအောင်မြင်ခြင်း

Vol. 1 Ch. 3

စုန့်ဒါရန်က ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်ကို ရှိုကျင်းခန်းမ ကဆွဲခေါ်လာပြီးနောက်၊ ချက်ချင်းပဲ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရ၏။၊ ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်သွားသလိုပင်။

ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ

ဂျိချန်းဖန် အနည်းငယ် အံ့အားသင့်သွားသည်။

*ဒါက ဒီလောက်တောင် ကြောက်စရာကောင်းတာလား*

ရိုးရိုးသားသားပြောရရင်

“သူ့ရဲ့ စီနီယာအမ စူးရူ ရဲ့ အလှတရားဆိုတာ၊ သူ့ယခင်ဘဝမှာ၊ လူအများစုက ငိုပြီး‌ေပြာကြမှာပါ၊ ‘အစ်မနတ်သမီးရေ၊ ကျွန်တော့်ကို ရိုက်ပါ။’”

*ဟူးး

စီနီယာအကို ဒါရန်

မင်းရဲ့ အခြေအနေက ဘယ်လောက်ကောင်းတယ်ဆိုတာ မင်း တကယ်ကို မသိဘူး...*

စုန့်ဒါရင်က ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်ကိုတိတ်ဆိတ်ငြိမ်သက်တဲ့ခြံဝင်းလေးတစ်ခုဆီ ခေါ်သွားသည်။

စုန့်ဒါရင်က ပြုံးရင်း ပြောလိုက်၏-

“ညီငယ်တို့၊ ငါတို့ တဇူတောင်ထိပ် မှာ လူနည်းပေမယ့်၊ လူနည်းတာရဲ့ အကျိုးကျေးဇူးတွေလည်း ရှိတယ်။ ဥပမာ ဒီခြံဝင်းတွေကလူတိုင်း တစ်ယောက်တစ်ခြံစီ ပိုင်ဆိုင်ဖို့ လုံလောက်ပါတယ်။”

ဂျိချန်းဖန် သဘောတူစွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။

ဒါက မှန်ပေသည်။။

ချောင်ယန်တောင်ထိပ် ခေါင်းဆောင် ရှန်ကျင်းလျန် ကို တွေးမိသည်။ သူ့လက်အောက်တွင် တပည့် လေးရာကျော်ရှိ၏။ သူတို့၏ စားဝတ်နေရေးတွင် ဖြစ်နိုင်သည်မှာ လူအချို့ကို တစ်ခြံတည်းမှာထားရမှာပင်။

ထိုသို့ဆိုလျင် လုံးဝကို တိတ်ဆိတ်ငြိမ်သက်မှု မရှိ၊ သက်သောင့်သက်သာ မရှိ‌‌ေပ။

စုန့်ဒါရန် ဆက်ပြောသည် - “ညီငယ်တို့ နောက်မှ မင်းတို့ တစ်ယောက်စီက နှစ်သက်ရာ ခြံဝင်းကို ရွေးချယ်ပြီး နေထိုင်လို့ရတယ်”

“ဟုတ်ကဲ့ပါ စီနီယာအကို ” ဂျိချန်းဖန် ခေါင်းညိတ်ပြလိုက်သည်။

ကျန်းရှောင်ဖန်ကလည်း အမြန်ပြောလိုက်သည်၊ ‘ဟုတ်ကဲ့’

“အဟမ်း အဟမ်း...” စုန့်ဒါရန်က ညင်သာစွာ ချောင်းဆိုးလိုက်တယ်၊ သူ့မျက်နှာအမူအရာက ကြည်လင်ပြတ်သားသွားပြီး၊ အတော်လေး သဘောထားကြီးစွာနဲ့ ပြောလိုက်သည်-

“ညီလေးတို့ နှစ်ယောက် ငါက ငါတို့ကလန်ရဲ့ စည်းကမ်းနဲ့ ပညတ်တရားတွေကို သင်ကြားပေးမယ် ပြီးတော့ ငါတို့ကလန်ရဲ့ ဒန်တျန်အတွက်တာအို ကျင့်ကြံမှုနည်းလမ်း - ထိုက်ကျိရွှမ်ရှင်းတာအို ကို သင်ကြားပေးမယ်”

“ငါတို့ကလန်ရဲ့ ပထမဆုံးနဲ့ အရေးအကြီးဆုံး စည်းကမ်းက ဆရာသမားနဲ့ တာအိုတရားကို ရိုသေလေးစားရမယ်...”

ဂျိချန်းဖန် နားစွင့်နားထောင်ရင်း နားထောင်နေလိုက်၏။

သူ့ဘေးက ကျန်းရှောင်ဖန်ကလည်း ကြိုးစားအားထုတ်ရင်း စုန့်ဒါရန် ပြောသည့် ဂိုဏ်းစည်းကမ်းနှင့် ပညတ်တရားတွေကို မှတ်မိအောင် ကြိုးစားနေသည်။

မိနစ်အနည်းငယ်အကြာတွင်

“ညီငယ်တို့ ငါတို့ ကျင်းယွမ်ကလန်မှာ စုစုပေါင်း စည်းကမ်း ဆယ့်နှစ်ခုနဲ့ ပညတ်တရား နှစ်ဆယ့်လေးခု ရှိတယ် မင်းတို့အားလုံး ရှင်းရှင်းလင်းလင်း မှတ်မိကြပြီလား” စုန့်ဒါရန် မေးလိုက်သည်။

“ရှင်းရှင်းလင်းလင်း မှတ်မိပါပြီ စီနီယာအကို” ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်က တစ်ပြိုင်တည်း ပြောလိုက်ကြ၏။

တကယ်တမ်း မှတ်ရမည့် ကလန်စည်းကမ်းနှင့် ပညတ်တရားတွေက အခြေခံအားဖြင့် မိစ္ဆာကျင့်ကြံသူတွေကို သတ်ဖြတ်ခြင်း၊ အမှောင်ဒုစရိုက်တွေကို ဖယ်ရှားခြင်း၊ ဆရာသမားနဲ့ တာအိုတရားကို ရိုသေလေးစားခြင်း အကြောင်းပါပဲ။

ဂျိချန်းဖန် အခု အများဆုံး မျှော်လင့်နေတာက ထိုက်ကျိရွှမ်ရှင်း တာအိုကျင့်ကြံနည်းလမ်းပါ။

“ကောင်းတယ်” စုန့်ဒါရန် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး၊ ဆက်ပြောသည်- “နောက်မှာ ငါက ငါတို့ကလန်ရဲ့ ဒန်တျန် ကျင့်ကြံမှုနည်းလမ်း — ထိုက်ကျိရွှမ်ရှင်းတာအို ကို မင်းတို့ကို သင်ကြားပေးမယ်”

ဒီလိုပြောလိုက်သည့်အခါ၊ စုန့်ဒါရင်ရဲ့ မျက်နှာအမူအရာဟာ ပိုပြီး ပြတ်သားလာသည်။

“ညီငယ် တို့ ငါတို့ကလန်ရဲ့ တာအို ကျင့်ကြံမှုနည်းလမ်းက အတိုင်းမသိ နက်နဲလွန်းတယ် မိစ္ဆာကျင့်ကြံသူ‌‌ေတွနဲ့ နတ်ဆိုးတွေက မကြာခဏ လိုချင်ကြတယ် မင်းတို့နှစ်ယောက် ကျိန်ဆိုရမယ် ငါတို့ကလန်ရဲ့ တာအို ကျင့်ကြံမှုနည်းလမ်း ကို အပြင်သူတွေဆီ မပြန့်ပွား စေဘူးလို့”

ဒါကို ကြားလိုက်ရတော့၊ ဂျိချန်းဖန် မတွန့်မဆုတ်ဘဲ ကျိန်ဆိုလိုက်သည်။

ကျန်းရှောင်ဖန်ကလည်း စိုးရိမ်ထိတ်လန့်နေရင်း ကြီးကျယ်တဲ့ ကတိတစ်ခု ပြုလိုက်သည်။

“ကောင်းတယ်။” စုန့်ဒါရန်ရဲ့ မျက်နှာအမူအရာအနည်းငယ် သက်သာသွား၏။

သူက နက်နဲလွန်းတဲ့ စကားစုတစ်ခုကို ရွတ်ဆိုလိုက်သည်။ ဒီနည်းလမ်းက ကျင်းယွမ်ကလန် ရဲ့ ဒန်တျန် တာအိုကျင့်ကြံမှုနည်းလမ်း ထိုက်ကျိရွှမ်ရှင်းတာအို ရဲ့ ပထမအဆင့်ပါ!

ထိုက်ကျိရွှမ်ရှင်းတာအို မှာ စုစုပေါင်း အဓိကအဆင့် သုံးခု ရှိပါသည်။

ဒါတွေက ယူကျင်း၊ ရှန်ရှင်း၊ နဲ့ တိုင်ကျင်း နယ်ပယ်တွေပါ။

နယ်ပယ်တစ်ခုစီကို နောက်ထပ် အဆင့် ကိုးဆင့်ထပ်ခွဲထားပါသည်။

အထက်လမ်းနဲ့အောက်လမ်းသိုင်းလောက အုပ်စုနှစ်ခုလုံးရဲ့ ကျွမ်းကျင်သူအများစုက ယျေဘုယျအားဖြင့် ရှန်ရှင်း နယ်ပယ်မှာ ရှိကြပြီး၊ အများစုသော ပညာရှင်တွေကတော့ ယူကျင်း နယ်ပယ်မှာ ရှိကြပါသည်။

တိုင်ကျင်း နယ်ပယ်ဆိုရင်ရော...

ဒီဒေသထဲကိုကျင်းယွမ်ကလန် ရဲ့ ဘိုးဘေးတော် ကျင်းယီအင်မော်တယ် တစ်ဦးတည်းသာ ခြေချဖူးသည်ဟု အဆိုရှိသည်။

ကျင်းယီ အင်မော်တယ်ကို ချန်လှပ်ထားလိုက်လျှင်

တစ်ဦးမှ နောက်ပိုင်းမှာ တိုင်ကျင်း နယ်ပယ်ထဲကို ခြေမချဖူးခဲ့ကြ ပေ။

သို့သော် ဂျိချန်းဖန် သိတာက အခု ကျင်းယွမ်ကလန်ခေါင်းဆောင် တာအိုရွှမ်းသခင် က အမှန်တကယ် တိုင်ကျင်း နယ်ပယ်ထဲကို ရောက်ပြီးသားဖြစ်၏။လက်ရှိ တာအိုပညာရှင်ထဲတွင် အစွမ်းအထက်ဆုံးဖြစ်သည်။

ထို့အပြင် ဆယ်နှစ် မပြည့်မီမှာ ဖန်ရှန်ဂူ ရဲ့ခေါင်းဆောင် ယွမ်ယီလန် ကလည်း တိုင်ရှန်းနယ်ပယ်ထဲတက်လှမ်းနိုင်မှာပါ

ဒါပေမယ့် စိတ်မကောင်းစရာကအဲဒီအချိန်ကျရင်

နတ်ဘုရားနယ်မြေတစ်ခုလုံးကလည်း ဘေးဒုက္ခအန္တရာယ် ကျရောက်လုနီးပါး ဖြစ်နေမှာပါ။

…

စုန့်ဒါရင်ကထိုက်ကျိရွှမ်ရှင်းတာအိုပထမအဆင့် စကားစုကိုလေးကြိမ် ရွတ်ဆိုလိုက်သည်။

ထို့နောက် သူက ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်ကို ကြည့်ရင်း၊ ပြောလိုက်တယ်- “ညီလေးတို့ မှတ်မိကြပြီလား”

“မှတ်မိပါပြီ။” ဂျိချန်းဖန် ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းရှောင်ဖန်ကတော့ အခက်အခဲနည်းနည်းကြုံပြီးနောက် ပြောလိုက်သည် “စီနီယာအကို ကျွန်တော်လည်း မှတ်မိပါပြီ။”

အမှန်တွင် စုန့်ဒါရန် ပထမဆုံးအကြိမ် ရွတ်ဆိုပြီးသည်နှင့်၊ ဂျိချန်းဖန်က ထိုက်ကျိရွှမ်ရှင်းတာအို ရဲ့ ပထမအဆင့် စကားစုကို အပြည့်အဝ မှတ်မိသွားခဲ့ခြင်းဖြစ်သည်။

စုန့်ဒါရန် ရှိနေသေးတာ မဟုတ်လျင်

သူက ချက်ချင်းပဲ ကျင့်ကြံချင်နေခဲ့မှာပါ။

“ကောင်းတယ်” စုန့်ဒါရန် ထလာပြီး ပြောလိုက်သည်- “မင်းတို့နှစ်ယောက်စလုံး မှတ်မိပြီဆိုရင် အခုချိန် ငါ မင်းတို့ကို မနှောက်ယှက်တော့ဘူး”

“အခုက နောက်ကျနေပြီ ဒါကြောင့် မင်းတို့ ကောင်းကောင်း အနားယူသင့်တယ် မနက်ဖြန် မနက်စောစော ထပြီး မနက်ခင်း လေ့ကျင့်ခန်းတွေ လုပ်ဖို့ သတိရပါ...”

မနက်ခင်း လေ့ကျင့်ခန်းတွေက တကယ်တော့ ဝါးခုတ်တာပါ။

ဒါပေမယ့် တဇူတောင်ထိပ် ပေါ်က ဝါးက သာမန်ဝါးမဟုတ်ဘူး၊ ထူးခြားတဲ့ ဝါးအမျိုးအစား တစ်မျိုးဖြစ်တဲ့ အနက်ရောင်ဝါး ဖြစ်သည်။ ယင်းက အလွန်မာကျောလှ‌ေပသည်။

အနက်ရောင်ဝါး ကို ခုတ်ဖို့ သွားတဲ့ တပည့်အသစ်တွေကကိုယ်ခန္ဓာ သန့်စင်ခြင်း ရဲ့ ရလဒ်ကို ရရှိနိုင်ပါသည်။

စုန့်ဒါရန် ထွက်ခွာသွားပြီးနောက် ဂျိချန်းဖန်နှင့်ကျန်းရှောင်ဖန်က ခြံဝင်းရွေးချယ်ပြီး အသီးသီး ဝင်ရောက်သွားကြသည်။

ကျန်းရှောင်ဖန်က ရှိုကျင်းခန်းမ နဲ့ ပိုနီးတဲ့ နေရာတစ်ခုကို ရွေးချယ်ခဲ့ပြီး၊ ဂျိချန်းဖန်ကတော့ အနည်းငယ် ပိုဝေးတဲ့ နေရာတစ်ခုကို ရွေးချယ်ခဲ့သည်။ ပို၍တိတ်ဆိတ်မည်ထင်၍ဖြစ်၏။

သူ့ကိုယ်ပိုင် ခြံဝင်းထဲသို့ရောက်လျှင်၊

ဂျိချန်းဖန် ချက်ချင်းပဲ အိပ်ရာပေါ်မှာ ခြေချိတ်ထိုင်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့ရဲ့ ပထမဆုံး ကျင့်ကြံမှုကို စတင်ခဲ့သည်။

သူက ထိုက်ကျိရွှမ်ရှင်းတာအို ပထမအဆင့်စကားစုကို စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုနေရင်း၊ နှလုံးသားငါးခု ကောင်းကင်ဘုံ အနေအထားကို ယူပြီး၊ ဒဏ္ဍာရီထဲက စိတ်ဝိဉာဏ်ချီ ကို တိတ်တဆိတ် အာရုံခံနေသည်။

“ဝူးးးး”

တဒင်္ဂအတွင်းမှာပဲ

ဂျိချန်းဖန် အထူးခံစားချက်တစ်ခု ရရှိခဲ့၏။

*အဝေးကြည့်မှုရှိတဲ့ နယ်ပယ် ထဲမှာ၊ သူက လေထဲမှာ ပုန်းအောင်းနေတဲ့ စိတ်ဝိဉာဏ်ချီ တွေကို မြင်ယောင်မိသလို ဖြစ်နေပြီး၊ သူတို့ကို လမ်းညွှန်ဖို့ ကြိုးစားနေသည်...*

နောက်ဆုံးမှာတော့၊

ဂျိချန်းဖန် အောင်မြင်စွာ စိတ်ဝိဉာဏ်ချီတစ်မျှင် ကို သူ့ကိုယ်ထဲကို စုပ်ယူလိုက်သည်။

သူ့ရဲ့ ပထမဆုံး ကျင့်ကြံမှု ကို ပြီးမြောက်အောင် လုပ်လိုက်သည်။

【 ထိုက်ကျိရွှမ်ရှင်းတာအို ကို ပထမဆုံးအကြိမ် ကျင့်ကြံဖို့ ကြိုးစားခဲ့ပြီး၊ ၎င်းရဲ့ ချို့ယွင်းချက်တချို့ကို နားလည်သဘောပေါက်ကာ၊ ထိုက်ကျိရွှမ်ရှင်းတာအို ကို အောင်မြင်စွာ တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ခဲ့ပါတယ်...】

ထိုအခိုက်အတန့်မှာ၊ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဉာဏ်ပညာ နားလည်နိုင်စွမ်း (စနစ်၏အစွမ်း) ကို အသုံးချလိုက်သည်။

ဂျိချန်းဖန် ချက်ချင်းပဲ သူ့စိတ်ထဲမှာ တစ်ခုခုကို နားလည်သဘောပေါက်သွားသည်။

*ထိုက်ကျိရွှမ်ရှင်းတာအို ပထမအဆင့်မှာအမှားကြီး ရှိတယ်ဆိုတာ သဘောပေါက်သွားပြီ*

ဂျိချန်းဖန် တိုးတက်ကောင်းမွန်အောင် ပြုပြင်ထားသည့် ထိုက်ကျိရွှမ်ရှင်းတာအို ကိုကျင့်ကြံလိုက်သည်။

“ဟူးးးးးး”

ခဏအတွင်း

ပိုများတဲ့ စိတ်ဝိဉာဏ်ချီများကသူ့ကိုယ်ထဲသို့ စီးဝင်လာ၏။

ဂျိချန်းဖန် ကျင့်ကြံမှုနည်းလမ်း ကို အမြန်လည်ပတ်လိုက်ပြီး၊ ကျင့်ကြံမှု ကို စက်ဝန်းကြီး သုံးဆယ့်ခြောက်ခု လှည့်ပြီးနောက်၊ သူ့ကိုယ်ထဲက စိတ်ဝိဉာဏ်ချီ အားလုံးကို သူ့ကိုယ်ပိုင် မှော်အစွမ်းအဖြစ် လုံးဝပြောင်းလဲလိုက်၏။

“ဟူး...”

ဂျိချန်းဖန် မသန့်ရှင်းတဲ့ စွမ်းအင် တစ်ရှိုက်ကို ရှုထုတ်လိုက်သည်။သူ့မျက်လုံးတွေထဲမှာ အံ့အားသင့်မှု တစ်ခုပေါ်လာပြီး၊ တစ်ကိုယ်တည်း ပြောဆိုနေသလို ဖြစ်နေသည်။

* စက်ဝန်းကြီးသုံးဆယ့်ခြောက်ခု *

*ဒါဆို အခု ငါ ထိုက်ကျိရွှမ်ရှင်းတာအို ကို ကျင့်ကြံပြီးပြီလား ပြီးတော့ ယူကျင်း နယ်ပယ်ရဲ့ ပထမအဆင့်ကို ဝင်ရောက်ပြီလား*

တစ်ညအတွင်း

ထိုက်ကျိရွှမ်ရှင်းတာအို ကို တစ်ညအတွင်း ကျင့်ကြံအောင်မြင်ခြင်း!

ဒါက ဘယ်လို မွန်းစတားမျိုးလဲ။

ဒါကို ကြေညာခဲ့ရင်၊ ကျင်းယွမ်ကလန်တစ်ခုလုံး ကျိန်းသေပေါက် တုန်လှုပ်သွားမှာပဲ!

သိထားရမှာက

သာမန်လူတစ်ယောက်က ထိုက်ကျိရွှမ်ရှင်းတာအို ရဲ့ ပထမအဆင့်ကို ကျင့်ကြံဖို့ အနည်းဆုံး သုံးလ လိုအပ်သည်။

သာမန် ပါရမီရှင်တစ်ယောက်က တစ်လ ဒါမှမဟုတ် နှစ်လလောက် ကြာမည်ဖြစ်သည်။

သို့သော် ဂျိချန်းဖန်က တစ်ညပဲ ယူလိုက်သည်။

တစ်ညတာတောင် အပြည့်အဝ မဟုတ်ပေ...

ဂျိချန်းဖန် မှောင်မိုက်နေဆဲ ကောင်းကင်ဘုံကို လှမ်းကြည့်လိုက်သည်။

ထို့နောက်သူက ကျင့်ကြံမှု ထဲကိုဆက်လက်နှစ်မြုပ်နေလိုက်သည်။

သူ အခု ထိုက်ကျိရွှမ်ရှင်းတာအို ရဲ့ ပထမအဆင့်ကို ကျင့်ကြံပြီးပြီဖြစ်ပြီး၊ တိုက်ရိုက်ပဲ ဒုတိယအဆင့်ကို ကျင့်ကြံဖို့ စတင်နိုင်‌ေသာ်လည်း၊ နောက်ဆက်တွဲ ကျင့်ကြံမှုနည်းလမ်း မရှိခြင်း ကြောင့်...

သူက ပထမအဆင့်ကိုပဲ ဆက်ကျင့်ကြံနေရ‌ေပမည်။

All Chapters