ကျန့်ပူယီ ရဲ့အံ့အားသင့်မှု
Vol. 1 Ch. 4
နောက်တစ်နေ့မနက်ခင်းမှာ...
ဂျိချန်းဖန် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပြီး၊ နူးညံ့စွာပင် မသန့်စင်သော စွမ်းအင် တစ်ရှိုက်ကို ရှိုက်ထုတ်လိုက်တယ်။
“ဟူး...”
မနေ့ညက...
သူသည် တစ်ညလုံး ကျင့်ကြံခဲ့သော်လည်း အိပ်ချင်တဲ့ခံစားချက် မရှိေပ၊ ထူးခြားစွာပင် လန်းဆန်းနေသည်
*ဒါကကျင့်ကြံမှုရဲ့ခံစားချက်လား*
အတော်လေး ကောင်းတာပဲ။
“ဝုတ်~ဝုတ်~ဝုတ်”
ဒီအခိုက်အတန့်မှာပဲ၊ ခြံပြင်ပကနေ ဟောင်သံအချို့ ထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပဲ ကြည်လင်ပြတ်သားတဲ့ အသံတစ်ခုလည်း ထွက်ပေါ်လာသည်။
“ရှူးရှူး~ ရှောင်ဖန်၊ နောက်မှာ အသံမထွက်နဲ့၊ ငါက ဒီ ဂျိချန်းဖန်ကို ကောင်းကောင်းကြီး ခြောက်လှန့်ပစ်မယ်”
ဒီအသံပိုင်ရှင်ကတော့ရှင်းလင်းစွာပင် ကျန့်လင်းယာဖြစ်ပေသည်။
ထိုအရာကို မြင်တွေ့ရတော့၊ ဂျိချန်းဖန် မကျေမနပ်ဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
မိန်းမငယ်လေးတစ်ယောက်က တကယ်ပဲ မိန်းမငယ်လေးပါပဲ။
သူမက မကျေနပ်မှုကို ကောင်းကောင်းကြီးမှတ်ထား၏။
ဂျိချန်းဖန် မျက်နှာသစ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း အမြန်ပြုလုပ်ပြီးနောက်၊ ကျန်လင်းယာ ဝင်၍ ခြောက်လှန့်သည်ကို စောင့်မနေတော့ဘဲ၊ တိုက်ရိုက်ပဲခြံတံခါးကို ဖွင့်လိုက်သည်...
“ကလစ်~”
တံခါးဖွင့်လိုက်ေသာအခါ...
တံခါးပြင်ပက ကျန့်လင်းယာ ချက်ချင်းပဲ အံ့အားသင့်သွားခဲ့သည်။
“မင်း၊ မင်း ဘယ်လိုနိုးလာတာလဲ”
ကျန့်လင်းယာ အနည်းငယ် အပြစ်ရှိသလို မေးလိုက်၏။
“အင်း ဒီနေ့ မနက်ခင်းေလ့ကျင့်ခန်း လုပ်မှာ မဟုတ်ဘူးလား “ ဂျိချန်းဖန်က သူမကို လှောင်ပြုံးပြုံးရင်း ကြည့်လိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်” ကျန့်လင်းယာ ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလိုက်သည်။
သူမက ဂျိချန်းဖန်ရဲ့ အပြုံးကို ကြည့်ရင်း၊ ချက်ချင်းပဲ သဘောပေါက်သွားသည်၊ သူက ခုနကလေးက သူမနဲ့ ကျန်းရှောင်ဖန်ရဲ့ စကားပြောဆိုမှုကို ကျိန်းသေပေါက် ကြားခဲ့တာဖြစ်ရမည်။
“ဟင်းးး”
ကျန့်လင်းယာ ၏ချောမောနုနယ်ေသာမျက်နှာလေး နီမြန်းသွား၏။
သူမက မိန်းမငယ်လေးတစ်ယောက် ဖြစ်နေဆဲပင် မဟုတ်လော။
ပေါက်ကရလုပ်နေတုန်းဖမ်းမိသည်က အတော်လေး ရှက်စရာကောင်းေပသည်။
“မနက်ခင်း လေ့ကျင့်ခန်းတွေ ရှိတယ်ဆိုရင်၊ ဘာလို့ မသွားေသးတာလဲ” ဂျိချန်းဖန် ပြောလိုက်သည်။
ပြီးတော့၊ သူ့ရဲ့ အကြည့်က ကျန်းရှောင်ဖန်ကို ဖြတ်သန်းကြည့်ရှုရင်း သူ့မှာ ပုဆိန် နှစ်ချောင်း သယ်ထားတာကို မြင်ရတော့၊ ပြောလိုက်တယ်-
“ရှောင်ဖန်၊ ဒီပုဆိန်က ငါ့ဟာလား”
“အင်း ဟုတ်တယ်၊ ဟုတ်တယ်၊ သတ္တမအစ်ကို ။” ကျန်းရှောင်ဖန် ရိုးသားစွာနဲ့ ဖြေလိုက်တယ်။
သူနဲ့ ဂျိချန်းဖန်ရဲ့ ဆက်ဆံရေးက ချောင်းမြောင်ကျေးရွာ မှာတုန်းက အများကြီးမနီးစပ်လှ ပေ၊ အသိအကျွမ်းသက်သက်ပါပဲ။
ထို့ကြောင့် သူက ဂျိချန်းဖန်ကို ရိုးရိုးလေး အစ်ကိုလို့သာ ခေါ်ဝေါ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ဂျိချန်းဖန်က ကျန်းရှောင်ဖန်ရဲ့ လက်ကနေ ပုဆိန်ကို ယူလိုက်သည်။
ပြီးနောက် သူ့ဘာသာသူ တောင်ပေါ်သို့ တက်သွားခဲ့၏။
ဒါကို မြင်တော့၊ ကျန်လင်းယာ ဒေါသထွက်ရင်း ခြေထောက်တွေ ေဆာင့်ချလိုက်သည်။
“ဟေ့”
“မင်းမျက်လုံးထဲမှာ ငါ့ကို မင်းရဲ့စီနီယာအမလို့မြင်ေသးရဲ့လား?”
“ သေချာတာပေါက်ကို ငါမြင်ပါတယ် စီနီယာအမလေး။”
“ဘာလို့ ‘လေး’ ဆိုတာ ထည့်ပြောရတာလဲ”
“ဘာလို့လဲဆိုတော့ မင်းက သေးေသးေလးဖြစ် နေလို့ပါ”
“ငါ မသေးဘူး! ငါ လုံးဝ မသေးဘူး!”
“အမ် အမ် အမ်...”
တောင်ပေါ်လမ်းမှာ၊ ကျန့်လင်းယာ၏ ချောမောတင့်တယ်သော မျက်နှာလေးသည် ဒေါသထွက်၍ နီမြန်းနေသည်။
သူမက ဂျိချန်းဖန်ကို ကြည့်ရင်း၊ သူ့ကို အပိုင်းပိုင်းဖြတ်ပစ်ချင်သလို ဖြစ်နေ၏။
ဒီမြင်ကွင်းက...
သို့သော် သူ့နောက်က ကျန်းရှောင်ဖန်ကို အားငယ်စိတ်တစ်ခု ခံစားရစေခဲ့ပါသည်။
သူ တကယ်ပဲ သတ္တမမြောက် အစ်ကို ကို အားကျမိသည်၊ စီနီယာအမနဲ့ ဒီလောက်များများ စကားပြောနိုင်တာ...
ကျန်းရှောင်ဖန် တိတ်တဆိတ်နဲ့ နောက်က လိုက်သွားသည်။
…
…
သူတို့သုံးယောက် တောင်ကုန်းနောက်ဘက်က ဝါးတောထဲကို ရောက်ရှိလာကြသည်။
ကျန့်လင်းယာ ညှစ်ထုတ်ရင်း ပြောလိုက်သည် “ငါတို့ရဲ့ နေ့စဉ် သင်ခန်းစာက ဝါးတစ်ချောင်း ခုတ်ရမှာ၊ ဘယ်လိုလဲ? သိပ်မခက်ဘူးမလား?!”
သူမရဲ့ နောက်ဆုံးအပိုင်းကို ပြောလိုက်တဲ့အခါ...
ကျန့်လင်းယာရဲ့ မျက်လုံးတွေထဲမှာ အလင်းတစ်ခု လက်ခနဲမှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
ဂျိချန်းဖန် အနည်းငယ် ပြုံးလိုက်သည်၊ ထောက်ချောက်ထဲမဝင်ခဲ့ပါဘူး။
ကျန်းရှောင်ဖန် အားတက်သရော ပြောလိုက်သည်- “ဝါးတစ်ချောင်းပဲ ခုတ်ရမှာလား ဒါ ရိုးရိုးလေးပဲ နောက်ထပ် နည်းနည်းလေး ပိုခုတ်ဖို့ မလိုဘူးလား?”
ဒီလိုနဲ့ပဲ၊ သူက သူ့လက်အင်္ကျီကို လှိမ့်ပြီး၊ သူ့လက်ထဲက ပုဆိန်ကို မြှောက်ကာ၊ သူ့ရှေ့က အနက်ရောင်ဝါး တစ်ချောင်းကို ပြင်းပြင်းထန်ထန်ခုတ်ချလိုက်သည်။
“ထမ်း—“
ချွန်ထက်တဲ့ ပုဆိန်က ဝါးကို ရိုက်လိုက်ပေမယ့်၊ ဝါးမှာ အဖြူရောင်အမှတ်အသားတစ်ခုပဲ ကျန်ရစ်ခဲ့သည်။
ချက်ချင်းပဲ၊ တန်ပြန်အား တစ်ခု ရိုက်ခတ်လာကာ
တိုက်ရိုက်ပဲ ကျန်းရှောင်ဖန်ရဲ့ လက်ကို စုတ်ပြဲမတတ်နာကျင်စေ၏။
“ဟားဟားဟားဟား”
ကျန့်လင်းယာ ချက်ချင်းပဲ ဗိုက်ကို ကိုင်ပြီး ရယ်မောလိုက်သည်။
“အိုး မိုက်လိုက်တာ၊ ဒါက ငါတို့ တဇူေတာင်ထိပ် ရဲ့ အနက်ရောင်ဝါး ပဲ၊ ဒါက အဲဒီလောက် လွယ်လွယ်ကူကူ ခုတ်ချလို့မရဘူး”
ဂျိချန်းဖန်က ဘေးမှာ ကျန်းရှောင်ဖန်ရဲ့ ဝါးခုတ်နည်းစနစ်ကို ဂရုတစိုက် လေ့လာကြည့်နေသည်။
သူ နက်နက်ရှိုင်းရှိုင်း တွေးနေမိသည်...
【အခြားသူတွေ အနက်ရောင်ဝါး ခုတ်တာကို လေ့လာကြည့်ရင်း၊ ကြက်ဥနဲ့ ကျောက်ေဆာင်ကို ရိုက်သလိုလုပ်မရနိုင်ဘူး၊ ဒါပေမယ့် နူးညံ့မှုကို အသုံးပြုပြီး မာကျောမှုကို အနိုင်ယူရမယ်ဆိုတာ သတိထားမိလိုက်ပြီး အနက်ရောင်ဝါး ခုတ်ဖို့ အကောင်းဆုံးနည်းလမ်းကို နားလည်သဘောပေါက်လိုက်တယ်!】
ဂျိချန်းဖန်ကကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဉာဏ်ပညာ နားလည်နိုင်စွမ်း ကိုအသုံးပြုခဲ့သည်။
အချက်အလက်စီးကြောင်းတွေက ဂျိချန်းဖန်ရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့သည်။
“ဒါဆို ဒီလို ပေါ့”
ဂျိချန်းဖန် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
သူ့လက်ထဲက ပုဆိန်ကို ကောက်ယူပြီး၊ သူ့ကိုယ်ထဲက မှော်အစွမ်းကို လှည့်ပတ်စေပြီး၊ အထူးနည်းလမ်းတစ်ခု အသုံးပြု၍ အနက်ရောင်ဝါး ကို ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်...
“ရွှမ်းးးးး”
နောက်တစ်ချက်မှာ...
လက်မောင်း လောက်ရှိတဲ့ အနက်ရောင်ဝါး တစ်ချောင်းကို ကြီးမားတဲ့ အရာကြီးဖြစ်အောင် ခုတ်လိုက်နိုင်သည်။
ခန့်မှန်းခြေအားဖြင့် သုံးပုံတစ်ပုံခန့် ဖြတ်လိုက်တာပါ။
ဒီ အနက်ရောင်ဝါး ကို လုံးဝခုတ်ချဖို့ နောက်ထပ် နှစ်ချက်ပဲ လိုအပ် ပေလိမ့်မည်။
ဂျိချန်းဖန် စိတ်ဓာတ်တက်ကြွကာ နောက်ထပ် နှစ်ချက် ထပ်ခုတ်လိုက်သည်။
“ဂျွတ်...”
လက်မောင်းအထူရှိတဲ့ အနက်ရောင်ဝါး ကို အဲဒီနေရာမှာပဲ တိုက်ရိုက် ခုတ်ချလိုက်နိုင်သည်။
“မင်း...”
ကျန့်လင်းယာရဲ့ မျက်လုံးတွေ ချက်ချင်းပဲပျူးကျယ်လာသည်။
ဘယ်လိုလို့ဖြစ်နိုင်မှာလဲ?
သူက ဘာလို့ အနက်ရောင်ဝါး တစ်ချောင်းကို ပုဆိန်သုံးချက်နဲ့ ခုတ်ချနိုင်လိုက်တာလဲ
အတု!
ဒါအတုပဲ ဖြစ်ရမယ်!
ကျန့်လင်းယာ တွေးနေမိသည်။၊ နှုတ်ခမ်းကို စူထုတ်ထားမိေပသည်။
ဒါပေမယ့်၊အဖြစ်အပျက်က သူ့မရှေ့မှာပဲ၊ သူမသူ့ကို ယုံကြည်ဖို့ မှလွဲ၍ရွေးချယ်စရာ မရှိတော့ပါဘူး။
ကျန်းရှောင်ဖန် စိတ်လှုပ်ရှားစွာ၊ ပြောလိုက်သည်- “သတ္တမမြောက် အစ်ကို မင်း ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ”
“သင်ချင်လား” ဂျိချန်းဖန် ပြုံးလိုက်သည်။
“သင်ချင်ပါတယ်!” ကျန်းရှောင်ဖန် ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်သည်။
ဒါကို မြင်တော့၊ ဂျိချန်းဖန် သူ့ဘေးက ကျန့်လင်းယာကို လှည့်ကြည့်ပြီး၊ ပြုံးရင်း ပြောလိုက်သည်- “မင်းရော သင်ချင်လား”
“မလိုပါဘူး လုံးဝ မလိုဘူး”
ကျန်လင်းယာရဲ့ စိတ်ထဲမှာ သိပ်ကို စူးစမ်းချင်နေမိ၏။
ဒါပေမယ့် ဂျိချန်းဖန် ဆိုတဲ့ ဒီဒုက္ခေပးတဲ့ မောင်ငယ်ဆီ ခေါင်းငုံ့ပြီး လုံးဝ မသွားနိုင်ဘူး!
ဒီလိုနဲ့ပဲ၊ ကျန့်လင်းယာ ဒေါသထွက်ပြီး ဘေးတစ်ဖက်ကို လှည့်သွားကာ၊ တိတ်ဆိတ်စွာ သူ့ဘာသာသူ ဝါးခုတ်နေလိုက်သည်။
ဂျိချန်းဖန် မကျေမနပ် ခေါင်းခါရင်း နှမြောစွာ ပြုံးလိုက်သည်။
သူက မိန်းမငယ်လေးကို စကားပြောဖို့ရာ ပျင်းနေသဖြင့်၊ ကျန်းရှောင်ဖန်ကို အနက်ရောင်ဝါးခုတ်နည်းစနစ် သင်ကြားပေးပြီးနောက်၊ သူ့ဘာသာသူ တောင်ပေါ်မှ ဆင်းသွားခဲ့၏။
“ဟင့်….”
ကျန်လင်းယာ ဂျိချန်းဖန် ထွက်ခွာသွားတာကို ကြည့်ရင်း၊ ဒေါသထွက်ကာ ခြေထောက်တွေ စောင့်ချလိုက်မိ၏။
“ရွှီးးး”
သူမက သူ့မှော်အစွမ်း ကို လှည့်ပတ်စေပြီး၊ အနက်ရောင်ဝါး ကို ပုဆိန်အချို့နဲ့ ခုတ်ချလိုက်သည်။
ပြီးတော့ သူမလည်း ဒေါသထွက်ရင်း တောင်ပေါ်မှ ဆင်းသွားခဲ့၏။
ကျန်းရှောင်ဖန်-“… ...”
ဒါဆို သူတစ်ယောက်တည်းပဲ ဒုက္ခရောက်တာလား?
ကျန်းရှောင်ဖန် တိတ်ဆိတ်စွာ သူ့ပုဆိန်ကို လှုပ်ရှားပြီး၊ ဝါးခုတ်နေလိုက်သည်။
ကံကောင်းသည်က၊ ဂျိချန်းဖန် သင်ပေးခဲ့တဲ့ နည်းလမ်းနဲ့၊ သူက လက်မအရွယ် အနက်ရောင်ဝါးတစ်ချောင်းကို ခုတ်ချဖို့ မနက်ခင်းတစ်ခုစာသာ အချိန်ယူခဲ့ရသည်။
ကျန်းရှောင်ဖန် အနည်းငယ် ပင်ပန်းနွမ်းနယ်၍ ရှိုကျင်းခန်းမကို ပြန်လာခဲ့သည်။
ဒါပေမယ့် သူ အံ့အားသင့်သွားသည်က တဇူတောင်ထိပ် က လူတိုင်းက သူနဲ့အတူ စားသောက်ဖို့ စောင့်နေတာကို တွေ့လိုက်ရေပသည်။
ဒါကို မြင်တော့၊ ကျန်းရှောင်ဖန် နောက်ဆုံးနေရာမှာ အမြန်ထိုင်ပြီး၊ လူတိုင်းနဲ့အတူ စားသောက်ဖို့ ပြင်ဆင်လိုက်သည်။
“စားကြရအောင်” ပင်မနေရာမှာ ရှိနေတဲ့ ကျန့်ပူယီ က အေးစက်စွာ ပြောလိုက်သည်။
သူ့အသံ ထွက်သည်နှင့် ချက်ချင်း...
လူတိုင်း စားသောက်ဖို့ စတင်ကြပါေတာ့သည်။
ထမင်းစားနေစဉ်အကြားထဲမှာ၊ ဂျိချန်းဖန် အနည်းငယ်စားပြီးနောက်၊ နောက်ထပ် စားချင်စိတ် သိပ်မရှိတော့ပါ။
ရွေးချယ်စရာ တော့ မရှိေပ။
ဒူးဘိုင်ရှူးရဲ့ ချက်ပြုတ်မှုက စားလို့မရနိုင်အောင်ပင်။
ထမင်းစားပြီးသွားတဲ့အခါ...
ကျန်ပူယီက အေးဆေးတည်ငြိမ်စွာနဲ့ ဂျိချန်းဖန်နဲ့ ကျန်းရှောင်ဖန်ကို ကြည့်ရင်း၊ ပြောလိုက်သည်-
“နံပါတ်ခုနှစ်နဲ့ ရှစ်၊ မနေ့ညက မင်းတို့ရဲ့ ကျင့်ကြံမှု က ဘယ်လိုလဲ”
ဒီစကားလုံးတွေနဲ့အတူ၊ လူတိုင်းက လှည့်ကြည့်လာကြသည်။
ကျန်းရှောင်ဖန် အနည်းငယ် စိုးရိမ်ထိတ်လန့်ရင်း ပြောလိုက်သည်။- “ဆရာကြီး၊ စိတ်ဝိဉာဏ်ချီကို မခံစားရသေးပါဘူး။”
ကျန်ပူယီ အေးဆေးတည်ငြိမ်စွာနဲ့ ခေါင်းညိတ်ပြလိုက်၏။
သူ့ရဲ့ ကြည့်ရှုမှုက ပြီးတော့ ဂျိချန်းဖန်ဆီကို လှည့်လာတယ်။
“ဆရာကြီးကို အစီရင်ခံပါတယ်၊ တပည့် စိတ်ဝိဉာဏ်ချီကို အောင်မြင်စွာ ဆွဲယူပြီး ကိုယ်ခန္ဓာထဲမှာ စက်ဝန်းကြီး သုံးဆယ့်ခြောက်ခု လည်ပတ်စေနိုင်ခဲ့ပါတယ်။”
ဂျိချန်းဖန် ရိုသေစွာနဲ့ ပြောလိုက်သည်။
“အို၊ သုံးဆယ့်ခြောက်...”
“ဘာ!???”
ကျန်ပူယီက အစပိုင်းမှာ အေးဆေးတည်ငြိမ်နေပေမယ့်၊ ဂျိချန်းဖန် ပြောတာကို အပြည့်အဝ ကြားလိုက်ရတဲ့အခါ၊ သူ့မျက်လုံးတွေကို ချက်ချင်းပြူးလာခဲ့ပါသည်။
စိတ်ဝိဉာဏ်ချီ ကို ဆွဲယူပြီး၊ ကိုယ်ခန္ဓာထဲမှာ စက်ဝန်းကြီး သုံးဆယ့်ခြောက်ခု လည်ပတ်စေခြင်း
ဒါက ပထမအဆင့် ကျင့်ကြံခြင်း မဟုတ်ဘူးလား
ဘယ်လိုဖြစ်နိုင်မှာလဲ?
တစ်ညအတွင်း ပထမအဆင့် ကျင့်ကြံခြင်း
“ဟူးးး”
ကျန့်ပူယီက ချက်ချင်းပင်မှုန်ဝါးသွားကာစားပွဲကိုဖြတ်သန်းသွား ပေသည်။
လူတိုင်း ကြည့်နေကြရာမှ၊ မူလက သူ့နေရာမှာ ထိုင်နေတဲ့ ကျန်ပူယီက နောက်တစ်စက္ကန့်မှာ ဂျိချန်းဖန်ရှေ့မှာ ပေါ်လာတာကို မြင်တွေ့လိုက်ရသည်။
ကျန်ပူယီက ဂျိချန်းဖန်ရဲ့ လက်မောင်းကို အနည်းငယ် ကြမ်းတမ်းစွာ ဆွဲယူလိုက်၏။၊ ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်ကို ဂျိချန်းဖန်ထံထည့်သွင်းလိုက်၏။
ခဏအတွင်း...
ကျန်ပူယီရဲ့ အမာရွတ်တွေပြည့်နေတဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ရုတ်တရက် ပေါ်လာ ပေသည်-
“ဟားဟားဟားဟား”
“ကောင်းတယ် ကောင်းတယ် ကောင်းတယ် “
“တစ်ညအတွင်း မဟာတာအို တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ သန့်စင်ခြင်းတာအို ရဲ့ ပထမအဆင့်ကို ကျင့်ကြံခြင်း”
“ငါ့ တဇူေတာင် မှာလည်း ပါရမီရှင် တစ်ယောက် ရှိတယ်လား”
ပါရမီရှင် ? ဒါက ပါရမီရှင် ထက် ပိုပါတယ်
တစ်ညအတွင်း ပထမအဆင့် ကျင့်ကြံခြင်း။
ဒါက မွန်းစတားတစ်ယောက်ပါ!
ပတ်ဝန်းကျင်က စီနီယာ နဲ့ စီနီယာအမ အားလုံး စိတ်လှုပ်ရှားသွားကြသည်။
ဆရာမကြီး စူးရူ ( ကျန့်ပူယီ မိန်းမ) တောင် သူ့လက်ထဲက ကျန့်လင်းယာကို စွန့်ပစ်ပြီး၊ ဂျိချန်းဖန်ဘေးကို စိတ်လှုပ်ရှားစွာရောက်လာခဲ့၏
ကျန်လင်းယာ- “......”