ကျင်းယွမ်ကလန် အံ့ဩတုန်လှုပ်ကြခြင်း လုရွယ်ချီ ၏ အံအားသင့်မှု
Vol. 1 Ch. 5
ထိုအခိုက်အတန့်မှာ...
ကျန့်လင်းယာ က ကျန့်ပူယီ နှင့် စူးရူ တို့ကို အနည်းငယ် မကျေမနပ် ကြည့်နေ၏၊ သူမမျက်လုံးတွေမှာ တော့ မျက်ရည်တွေနဲ့ ပြည့်နေပြီး၊ အော်ဟစ်ငိုကြွေးလိုက်သည်-
"အဖေ၊ အမေ"
*သမီး ဒီမှာ အရင်ရောက်တာပါ!*
*သမီး ကလေအေမတို့ သမီးပါ!*
စူးရူက လှည့်ကြည့်လိုက်သည်။
သူမရဲ့ နှလုံးသား ချက်ချင်းပဲ ရှုပ်ထွေးသွားသည်။
ကျန့်လင်းယာက ခုနကလေးက သူမလက်ထဲမှာ ရှိနေပေမယ့်၊ ဂျိချန်းဖန် ယူကျင်း အဆင့် ၁ ကို ကျင့်ကြံပြီးပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတာနဲ့၊ သူမရဲ့ ကိုယ်ပိုင်သမီးကို ချက်ချင်းပဲ ပစ်ချလိုက်မိသည်...
ကျန်ပူယီ နူးညံ့စွာ ချောင်းဆိုးလိုက်ပြီး၊ ပတ်ဝန်းကျင်က တပည့်တွေကို ကြည့်ရင်း၊ ပြောလိုက်သည် "စားပြီးပြီလား? ပြီးရင် မြန်မြန်ပဲ ဖြန့်ဖြူးလိုက်ကြ။"
ပြောပြီးတာနှင့် ကျန်ပူယီ၏ ကြည့်ရှုမှုက ဂျိချန်းဖန်ဆီကို ထပ်မံလှည့်လာသည်၊ သူ့အသံအနိမ့်အမြင့်က နူးညံ့လာပြီး၊ ပြောလိုက်သည်-
"နံပါတ် ၇၊ ခဏလောက် ငါနဲ့လိုက်ခဲ့"
"ဟုတ်ကဲ့ ဆရာကြီး။"
ဂျိချန်းဖန် ရိုသေစွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။
ပတ်ဝန်းကျင်က စီနီယာအကိုများ ဂျိချန်းဖန် ကျန့်ပူယီနောက် လိုက်သွားသည်ကို အားကျစိတ်ဖြင့် ကြည့်နေကြသည်။
သူတို့ စိတ်ထဲမှာ သိနေသည်။
သူတို့ဆရာက သူတို့ရဲ့ သတ္တမညီလေး ကို အထူးသင်ကြားပေးမည့် အကြောင်းပင်…
...
ဂျိချန်းဖန် ကျန်ပူယီနောက်မှ နောက်ဖေးခြံဝင်းထဲ လိုက်သွား၏။
ကြားထဲ၌ ကျန့်ပူယီက သူ့လက်မောင်းကို ဆွဲယူပြီး အကြိမ်ကြိမ် စစ်ဆေးခဲ့ပြီး၊ တစ်ကြိမ်စီတိုင်းမှာ ဖော်ပြနိုင်စရာ မရှိသော အပြုံးတစ်ခု သူ့မျက်နှာပေါ်မှာ ပေါ်လာတတ်သည်။
*ယူကျင်း နယ်ပယ် အဆင့် ၁ *
*တကယ်ပဲ ယူကျင်း နယ်ပယ် အဆင့် ၁ ပါပဲ!*
*ဟားဟားဟား ....*
*ငါ ကျန့်ပူယီ ဒီလို ပါရမီရှင် တစ်ယောက်ကို ဘယ်လိုလုပ် ရနိုင်မှာလဲ? နတ်ဘုရားေတွက ကြည့်ရှုစောင်မတာများလား*
"အဟွတ် အဟွတ်"
"နံပါတ်ခုနှစ် ထိုင်လိုက်။"
ကျန်ပူယီက အနီးအနားက ခုံတစ်ခုကို ညွှန်ပြလိုက်တယ်။
"ဟုတ်ကဲ့ ဆရာကြီး။"
ဂျိချန်းဖန် နာခံစွာ ခုံပေါ် ထိုင်လိုက်သည်။
ကျန်ပူယီက ပြောလိုက်သည်- "မင်း ထိုက်ကျိရွှမ်ရှင်းတာအို ရဲ့ ပထမအဆင့်ကို ကျင့်ပြီးပြီ၊ နောက်ထပ် ငါက ဒုတိယအဆင့် ကျင့်ကြံနည်းစနစ်ကို မင်းကို သင်ကြားပေးမယ်..."
"ကျင်းစဉ် သင်ကြားပေးတဲ့အတွက် ဆရာကြီးကို ကျေးဇူးတင်ပါတယ်"
ဂျိချန်းဖန်ရဲ့ မျက်နှာမှာ မျှော်လင့်ချက်အရိပ်အေယာင်များ ပေါ်လာသည်။
သူက တစ်ညအတွင်း ယူကျင်း နယ်ပယ် အဆင့် ၁ ကို ကျင့်ကြံနိုင်တယ်ဆိုရင်၊ နောက်ဆက်တွဲ ဒုတိယအဆင့်က ဘယ်လောက် အချိန်ယူရမှာလဲ။
ကျန်ပူယီ၊ သဘောထားကြီးစွာနဲ့၊ ထိုက်ကျိရွှမ်ရှင်းတာအိုရဲ့ ဒုတိယအဆင့် စကားစုကို ရွတ်ဆိုလိုက်၏။
"မှတ်မိပြီလား?"
တစ်ကြိမ် ရွတ်ဆိုပြီးတာနဲ့၊ ကျန်ပူယီ မေးလိုက်တယ်။
"ဆရာကြီးကို ဖြေကြားပါတယ်၊ တပည့် မှတ်မိပါပြီ။"
ဂျိချန်းဖန် ပြောလိုက်တယ်။
"တစ်ခါတည်းနဲ့ မှတ်မိသွားတာလား?"
ကျန့်ပူယီ စိတ်ထဲမှာ နည်းနည်းလေး အံ့အားသင့်သွားပြီး၊ အမှားမဖြစ်စေဖို့၊ ဂျိချန်းဖန်ကို ထိုက်ကျိရွှမ်ရှင်းတာအို ရဲ့ ဒုတိယအဆင့် စကားစုကို ထပ်ရွတ်ဆိုခိုင်းလိုက်တယ်။
ဒါကို ကြားလိုက်ရတော့၊ ဂျိချန်းဖန် ချက်ချင်းပဲ ဒုတိယအဆင့် စကားစုကို အမှားတစ်စုံတရာမရှိဘဲ ထပ်ရွတ်ဆိုလိုက်သည်။
"ကောင်းတယ်! ကောင်းလိုက်တဲ့ မှတ်ဉာဏ် နားလည်နိုင်စွမ်း "
ကျန့်ပူယီရဲ့ ပြုံးရင်ချင်းက ပိုပြီးတောင် ပီပြင်လာသည်။
သူက နူးညံ့စွာ ချောင်းဆိုးလိုက်ပြီး၊ ပြောလိုက်သည်- "နံပါတ်ခုနှစ်၊ မင်း အရင်ပြန်သွားပြီး ကျင့်ကြံသင့်တယ်၊ တစ်ခုခု နားမလည်ရင်၊ ငါ့ကိုဖြစ်ဖြစ်၊ မင်းဆရာမကြီး ကိုဖြစ်ဖြစ် မေးလို့ရတယ်၊ ဆရာကအခု အပြင်ထွက်ရမယ့် ကိစ္စတစ်ခု ရှိတယ်..."
"ဟုတ်ကဲ့ပါ ဆရာကြီး။"
ဂျိချန်းဖန် ကျန့်ပူယီရဲ့ မျက်နှာပေါ်က မာန်တက်နေတဲ့ အမူအရာကို ကြည့်ရင်း၊ ထိုအဖိုးကြီးဘာလုပ်မယ်ဆိုတာကို သဘောပေါက်သွား၏။
ဒါပေမယ့် သူ ဘာမှမပြောခဲ့ ပေ။
သူက ချက်ချင်းပဲ လှည့်ပြီး သူ့ခြံလေးဆီ ပြန်သွား၏။၊ ပြီးနောက် ကျောက်စိမ်းသန့်စင်ခြင်းအဆင့် ဒုတိယအဆင့် ကို ကျင့်ကြံဖို့ ပြင်ဆင်လိုက်သည်
ထိုအခိုက်အတန့်၌...
ကျန့်ပူယီက သူ့ချီရန် နတ်ဓား ကို ထုတ်ပြီး၊ ကောင်းကင်ေပါ်သို့ တက်သွား၏။
"ဘယ်ကို အရင်သွားရမလဲ"
"အမ်..."
"အရင်ဆုံး တုန်းထန်းတောင်ထိပ် ကို သွားကြည့်ရအောင်။"
"ကလန်ခေါင်းဆောင် စီနီယာအကို တာအိုရွှမ်းနဲ့ စကားမပြောဖြစ်တာအတော်ကြာပြီ။"
ကျန်ပူယီ တစ်ကိုယ်တည်း ပြောကာထွက်လာ၏။
"ရှူးးးးး"
သူချက်ချင်း တုန်းထန်းတောင်ထိပ်ဆီသိုတိုက်ရိုက် ပျံသန်းသွားလိုက်သည်။
တစ်ချိန်တည်းမှာပဲ၊ စူးရူကလည်း ကျန့်လင်းယာကို ခေါ်ပြီး သူမ၏ခြံဝင်း ဆီသို့ ပြန်သွားခဲ့သည်။
သူတို့၏ တဇူေတာင်က ဆယ်စုနှစ်များအတွင်း ထူးချွန်သူမရှိခဲ့ပါ။
အခု သူတို့ နောက်ဆုံးတော့ ပါရမီရှင် တစ်ယောက် ရခဲ့ ပေပြီ။
မဟုတ်ေသးဘူး။ထိုအစား မွန်းစတား တစ်ယောက်ရခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုေသာ် ထိုအရာက တစ်ညအတွင်း ထိုက်ကျိရွှမ်ရှင်းတာအို ၏ ပထမအဆင့်ကို ရောက်ရှိခဲ့ခြင်း ကြောင့်ဖြစ်၏။
စူးရူ မှတ်မိတာမှန်ရင်...
*သူမရဲ့ စီနီယာအမ ၊ ဂရန်းမာစတာ ရွှယ်ယွဲ့ရဲ့ အထူးချွန်ဆုံးတပည့်၊ လုရွှယ်ချီတောင် ထိုက်ကျိရွှမ်ရှင်းတာအို ရဲ့ ပထမအဆင့်ကို ကျင့်ကြံဖို့ လပိုင်းနီးပါး ကြာခဲ့သလိုပဲ...*
သူတို့ကြားက ကွာခြားချက်က ရိုးရိုးလေးပဲ နှိုင်းယှဉ်လို့မရဘူး
မကြာခင်မှာပဲ...
ကျင်းယွမ်ကလန် ၏ အကြီးအကဲအားလုံးက တစ်ခုခုကို သိသွားကြပါသည်။
*တဇူတောင် တောင်သခင် ကျန့်ပူယီ မနေ့က ခေါ်ယူလိုက်တဲ့ ဂျိချန်းဖန် ဆိုတဲ့သူက ထိုက်ကျိရွှမ်ရှင်းတာအို ရဲ့ ပထမအဆင့်ကို တစ်ညအတွင်း ကျင့်ကြံပြီးပြီ၊ သူတို့အားလုံး သူ့ကို အထင်လွဲခဲ့ကြတယ်...*
ရှန်ကျင်းလျန် ၊ ကျန့်ယွမ် ၊ နဲ့ အခြားသော ထိပ်တန်းအကြီးအကဲအနည်းငယ်တို့က ဤကဲ့သို့ ထိပ်တန်းပါရမီရှင် တစ်ယောက်ကို လွဲချော်သွားသဖြင့် တိတ်တဆိတ် နောင်တရနေကြသည်။
အဲဒီအစား၊ အဲဒီ အဖိုးကြီး ကျန့်ပူယီက သူ့ကို ခေါ်ယူသွားသည်။
...
...
ရှောင်ကျူတောင်ထိပ်
ဂရန်းမာစတာ ရွှယ်ယွဲ့ က ညီမငယ် စူးရူ ရဲ့ မာန်တက်ကာထွက်ခွာသွားေသာကျောပြင်ကို ကြည့်ရင်း သူမမျက်နှာပေါ်မှာ မဖော်နိုင်ပြနိုင်သောအပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်။
*ညီမလေး ဒီလို မပျော်ရွှင်တာ ကြာပြီမဟုတ်လား*
*သူမဒီကို လာတိုင်း၊ သူမရဲ့ တပည့်တွေ အသုံးမကျဘူး တဇူေတာင် မှာ ဆက်ခံသူမရှိဘူးလို့ ညည်းညူတတ်တယ်...*
*အခု သူမနောက်ဆုံးတော့ ဒီလိုစိုးရိမ်ပူပန်မှုတွေ မရှိတော့ဘူးဘဲ *
ဂရန်းမာစတာ ရွှယ်ယွဲ့က စူးရူ ပြောသော မွန်းစတားဆန်သော တပည့်ကို တွေးမိသည်။
သူမက တစ်ကိုယ်တည်း ပြောဆိုလိုက်၏
"တစ်ညအတွင်း ယူကျင်း နယ်ပယ် အဆင့် ၁ကိုရောက်သွားတဲ့ ကျင့်ကြံသူလား"
"ကျိန်းသေပေါက်၊ သူက ပါရမီရှင်တစ်ယောက်ပါပဲ။"
ဂရန်းမာစတာ ရွယ်ယွဲ့ ဘေးမှာ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးငယ်တစ်ယောက်က သူ့နှုတ်ခမ်းကို ကိုက်လျက် သူ့လက်မှာ အပြာရင့်ရောင်နတ်ဓား တစ်ချောင်းကို ကိုင်ထားပြီး သူ့ရဲ့ ချောမောလှပတဲ့ မျက်နှာလေးပေါ်မှာ အေးစက်တဲ့အရိပ်အယောင် တစ်ခု ေပါ်လာလေသည်။
"ရွှယ်ချီ"
ဂရိတ်မာစတာ ရွှယ်ယွဲ့က သူ့ရဲ့ ချစ်ခင်ရတဲ့ တပည့်ကို ပြန်ကြည့်လျက် နူးညံ့စွာနဲ့ ပြောလိုက်၏- "မင်း ဦးရီးတော်ကျန်ပူယီရဲ့ အဲဒီ တပည့်အသစ်က နောင်တစ်ချိန် မင်းရဲ့ ပြိုင်ဘက်ေကာင်းတစ်ယောက် ဖြစ်လာလိမ့်မယ်။"
"တောင်ထိပ်ခုနှစ်ခု ပြိုင်ပွဲကို မင်း အနိုင်ရချင်တယ်ဆိုရင်..."
*ဒါက နည်းနည်းတော့ ခက်ခဲနိုင်တယ်။*
ဂရိတ်မာစတာ ရွှယ်ယွဲ့က နောက်ဆုံးစာကြောင်းကိုတော့ မပြောခဲ့ေပ။
သို့သော် လုရွှယ်ချီက နားလည်သွား၏။
သူမက ရင်ဘတ်ထဲမှ ကျန်းယာ နတ်ဓား ကို တိတ်တဆိတ်နဲ့ တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ခိုင်မာစွာ- "ဆရာ ကျွန်မ ကျိန်းသေပေါက် ချန်ပီယံဖြစ်မှာပါ"
အခြားဘာအတွက်မှ မဟုတ်ပါဘူး၊ သူမဆရာရဲ့ ကျေးဇူးတရားကို ပြန်ဆပ်ဖို့အတွက်ပါ။
ပါရမီကွာဟချက် ရှိနေရင်ရော...
သူမယုံကြည်ချက်ရှိပါသည်။
သူမက နှစ်ဆ ကြိုးစားပြီး ကျင့်ကြံမယ်ဆိုလျှင် သူမက ကျိန်းသေပေါက် အခြားတစ်ဖက်သားကို ကျော်တက်သွားမှာပါ!
"ကောင်းတယ်။"
ဂရန်းမာစတာ ရွှယ်ယွဲ့ရဲ့ မျက်နှာမှာ အပြုံးတစ်ခုပေါ်လာသည်။
သူမက နူးညံ့စွာနဲ့ လက်ကို ဆန့်တန်းပြီး လုရွှယ်ချီ၏ ခေါင်းကို ဖြည်းညင်းစွာ ပွတ်သပ်ပေးလိုက်သည် သူမ စိတ်ထဲမှာ ထိုတပည့်ကို မျှော်လင့်ထားပါသည်။
...
...
တုန်းထန်းတောင်ထိပ်သို့ရောက်ရှိချိန် ။
တာအိုရွှမ်း မှ စကားပြောရန် လာေသာကျန့်ပူယီကို ထွက်ခွာသွားပြီးနောက်၊ မကျေမနပ်စွာနဲ့ ခေါင်းခါရင်း ပြုံးလိုက်သည်...
"ဒီနှစ်တွေအတွင်း၊ ဂျူနီယာညီလေး ကျန့်ပူယီ က တကယ်ပဲ ခံစားခဲ့ရတယ်။"
တာအိုရွှမ်း တိတ်တဆိတ်နဲ့ တောင်ထိပ်သို့လမ်းလျှောက်နေစဉ်မှာ...
သူက ရုတ်တရက် ဘိုးဘေး ခန်းမထဲ ကို ရောက်ရှိသွားသည်။
ထိုအချိန်မှာ လက်တစ်ဖက်သာ ရှိသော လူအိုကြီးတစ်ယောက်ကကျန်လက်တစ်ဖက်ဖြင့် တံမြက်စည်းကို ကိုင်ထားပြီး၊ သူ့ပတ်ဝန်းကျင်က ကြွေကျနေတဲ့ အရွက်တွေကို ဆက်တိုက် ရှင်းလင်းေနသည်၊ တာအိုရွှမ်းရောက်ရှိလာတာကို လုံးဝ ဂရုမစိုက်ပါဘူး။
တာအိုရွှမ်း တိတ်တဆိတ်နဲ့ ထိုအရာအားလုံးကို ကြည့်နေလိုက်သည်။
တစ်ခဏအကြာမှာ၊ သူက ရုတ်တရက် ပြောလိုက်သည်- "ကျန့်ပူယီက မနေ့က တပည့်အသစ်တစ်ယောက် ခေါ်ယူခဲ့တယ်၊ သူ့အကြောင်း ဘယ်လိုထင်လဲ"
ဒါကို ကြားလိုက်ရတော့၊ လက်တစ်ဖက်ပဲ ရှိတဲ့ လူအိုက ဆက်လက် တိတ်ဆိတ်နေတယ်၊ ဘာမှမစိတ်ဝင်စားသလို ဖြစ်နေသည်။
တာအိုရွှမ်း ဆက်ပြောသည်- "သူ့တပည့်က တစ်ညအတွင်း ယူကျင်း နယ်ပယ် အဆင့် ၁ ထိကို ကျင့်ကြံပြီးပြီလို့ ကြားတယ်။"
ဒီစကားလုံးတွေ ထွက်လာတာနဲ့ ချက်ချင်း...
လက်တစ်ဖက်ပဲ ရှိတဲ့ လူအိုရဲ့ ခန္ဓာကိုယ်က သိမ်မွေ့စွာ တောင့်တင်းသွားတယ်။
နောက်တစ်ချက်မှာ၊ လူအိုအသံတစ်ခု မြည်လာတယ်။
"ဒါက ငါနဲ့ ဘာဆိုင်လို့လဲ?"
တာအိုရွှမ်းက ပြုံးရင်း ပြောလိုက်တယ်- "မင်းရဲ့ ဓားရဲ့ ရည်ရွယ်ချက် ကို သူ ဆက်ခံနိုင်မယ်လို့ မင်းထင်လား"
လက်တစ်ဖက်ပဲ ရှိတဲ့ လူအိုကြီးက မဖြေ။
သူက သူ့ဘာသာသူ ကြွေကျနေတဲ့ အရွက်တွေကို ရှင်းလင်းနေဆဲပါပဲ။
ဒါကို မြင်တွေ့ရတော့၊ တာအိုရွှမ်း နည်းနည်း စိတ်ပျက်သွားသည်။
သို့သော်၊ သူ ထွက်ခွာဖို့ လုပ်နေေသာအခါ...
အဲဒီ လူအိုကြီးက နောက်တစ်ကြိမ် ထပ်ေပြာလာသည်။
"ငါ့ရဲ့ ဓားရဲ့ ရည်ရွယ်ချက် ကို ဆက်ခံဖို့က အဲဒီလောက် မလွယ်ဘူး။"
တာအိုရွှန်း၏ခြေလှမ်းများ ရပ်တန့်သွားသည်။
သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာသည်။
*ကျိန်းသေပေါက်။ဒီအဆင့်ရှိတဲ့ ပါရမီရှင် တစ်ယောက်ဆိုရင်။
မင်းတောင် စိတ်ဝင်စားသွားမှာပါ။*
"လွယ်တယ် ခက်တယ်ဆိုတာ ကြိုးစားကြည့်မှပဲ သိရမှာပါ။"
တာအိုရွှမ်း နူးညံ့တဲ့ အပြုံးနဲ့ ပြောလိုက်သည်။
ပြီးတော့ သူက တိုက်ရိုက်ပဲ ဘိုးဘေးခန်းမ ကနေ ထွက်ခွာသွားခဲ့၏။
ထိုအခိုက်အတန့်မှာ...
အတွေးတစ်ခုကက သူ့စိတ်ထဲမှာ ပေါ်လာေလသည်။