← Chapters

ဝတ်ရုံအောက်မှ မြွေစိမ်းဓားရည်ရွယ်ချက်

Vol. 1 Ch. 6

ဝတ်ရုံအောက်မှ မြွေစိမ်းဓားရည်ရွယ်ချက်

Vol. 1 Ch. 6

မျက်စိတစ်မှိတ်အတွင်း၊ လတစ်ဝက်လောက် အချိန်ကုန်သွားခဲ့ ပေပြီ။

တဇူတောင်ထိပ် မှ ခြံဝင်းလေးတစ်ခုတွင်၊ ဂျိချန်းဖန် အေးဆေးတည်ငြိမ်စွာနဲ့ အိပ်ရာပေါ်မှာ ထိုင်နေပြီး၊ မျက်လုံးမှိတ်ထားကာ ကျင့်ကြံမှု ထဲကို လုံးဝစိတ် နှစ်မြုပ်ထား ပေသည်။

ဟူးးးးးး

ထိုအခိုက်အတန့်မှာပဲ၊ ပတ်ဝန်းကျင်က ကောင်းကင်နှင့်မြေကြီး စိတ်ဝိဉာဏ်ချီ များက ရုတ်တရက် လှုပ်ရှားလာသည်။

ချက်ချင်း ပြင်းထန်တဲ့ စုပ်ယူမှုတစ်ခုသည် ဂျိချန်းဖန် ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာသည်။

တဒင်္ဂအတွင်းမှာပင် ပတ်ဝန်းကျင်မှ ကောင်းကင်နှင့်မြေကြီးစိတ်ဝိဉာဏ်ချီများက ဂျိချန်းဖန်ဆီသို့ အမြန် စုရုံးလာပြီး၊ သူက အားလုံးကို စုပ်ယူကာ သန့်စင်လိုက်သည်။

ဝုန်းးးး—

မကြာခင်မှာပဲ၊ အော်ရာ တစ်ခုက ဂျိချန်းဖန် ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့သည်။

ကျောက်းစိမ်းသန့်စင်ခြင်း ဒုတိယအဆင့်၏အတားအဆီးကို ဖြတ်ကျော်လိုက်သည်။

ရှုးးးးး

ဂျိချန်းဖန် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပြီးလေညစ် တစ်ရှိုက်ကို ရှုထုတ်လိုက်၏။

ကျင့်ကြံမှု ကို လတစ်ဝက်လောက် မပြည့်မီမှာပင် ကျောက်စိမ်းသန့်စင်ခြင်းအဆင့် ဒုတိယအဆင့် ကို ဖြတ်ကျော်ပြီးသွားခြင်း— ထိုကဲ့သို့ ကျင့်ကြံမှု အရှိန် က ကျင်းယွမ်ကလန် တစ်ခုလုံး၌ ပြိုင်ဘက်မရှိ‌ေပ။

တကယ်တော့၊ ထိုအရာက ဂျိချန်းဖန်ရဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဉာဏ်ပညာ နားလည်နိုင်စွမ်း ( စနစ်၏စွမ်းရည်) ၏ကျေးဇူးလည်းပါ‌ေပသည်။

သူ ကျောက်းစိမ်းသန့်စင်ခြင်း ဒုတိယအဆင့်၏ ကျင့်ကြံမှုနည်းလမ်း ကို ရရှိပြီးနောက်၊ သူက သူ့ရဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဉာဏ်ပညာ နားလည်နိုင်စွမ်း ကို အသုံးပြုပြီး ကျင့်ကြံမှုနည်းလမ်း ကို တိုးတက်ကောင်းမွန်အောင် လုပ်လိုက်သည်၊ ၎င်း၏ချို့ယွင်းချက်များကိုလည်း တစ်ခုချင်းစီ တည့်မတ်ပေးလိုက်၏။ထိုအရာက ကျင့်ကြံမှု အတွက် ပိုပြီး အထောက်အကူဖြစ်စေခြင်းဖြစ်သည်။

ဂျိချန်းဖန် ထလာပြီး ကိုယ်ကို အနည်းငယ် ဆေးကြောလိုက်သည်။

ထို့နောက်ခြံဝင်းထဲမှာ ထားထားတဲ့ သစ်ခုတ်ပုဆိန် ကို ကောက်ယူပြီး တောင်နောက်ဘက်ကို သွားကာ သူ့ရဲ့ နေ့စဉ် အလုပ်ဖြစ်တဲ့ အနက်ရောင်ဝါး တစ်ချောင်း ခုတ်ချဖို့ ပြင်ဆင်နေလိုက်သည်။

ကလစ် ~~~

ခြံတံခါးကို တွန်းဖွင့်လိုက်တဲ့အခါ၊ ကျန့်လင်းယာ နဲ့ ကျန်းရှောင်ဖန် တို့က အပြင်ဘက်မှာ သူ့ကို စောင့်နေပြီးသားပါ။

ဂျိချန်းဖန် နည်းနည်းလေး ပြုံးလိုက်တယ်၊ “စီနီယာအမလေး၊ ရှောင်ဖန် ၊ သွားကြရအောင်”

ဒါကို ကြားလိုက်ရတော့၊ ကျန့်လင်းယာက နှုတ်ခမ်းကို စူထုတ်ရင်း၊ “ငါ ဘယ်နှစ်ကြိမ်ပြောပြီးပြီလဲ၊ ငါ့ကို စီနီယာအမလေး လို့ မခေါ်နဲ့ စီနီယာအမ လို့ ခေါ်”

“သိပါပြီ၊ စီနီယာအမလေး”

ဂျိချန်းဖန် ခေါင်းညိတ်ပြလိုက်သည်။

*ငါသိပါတယ်၊ ဒါပေမယ့် ငါ ပြောင်းမှာ မဟုတ်ဘူး။

အဓိကအကြောင်းရင်းက ဘာလဲကျန်လင်းယာက တကယ်ပဲ သေးလို့ဖြစ်ပါတယ်၊ ဟားဟားဟားဟား။

သူမကို စီနီယာအမလေး လို့ ခေါ်တာပဲ ကောင်းပါတယ်။*

ဒါကို မြင်တွေ့ရတော့၊ ကျန့်လင်းယာ ဒေါသထွက်ပြီး ခြေထောက်ကို ဆောင့်ချလိုက်သည် သို့‌သော် ဘာမှလုပ်လို့မရ ပေ။ဂျိချန်းဖန်က သူ့အဖေ၏ အချစ်ဆုံး တပည့် ဖြစ်နေခြင်း‌ေကြာင့်ဖြစ်သည်။

ကျန်လင်းယာ စိတ်ထဲမှာလည်း အနည်းငယ် အားကျမိသည်။

“အမ်း.. ဟုတ်သား”

*တစ်ညအတွင်း ယူကျင်း နယ်ပယ် အဆင့် ၁ ထိကို ကျင့်ကြံတာပဲ မဟုတ်လား ဒါက ဘာမှ ကြီးကျယ်တာလဲမဟုတ်ဘူး*

ကျန်လင်းယာက နှုတ်နဲ့ ဝန်ခံဖို့ မလိုလားပေမယ့်၊ သူမရဲ့ စိတ်ထဲမှာ နည်းနည်းလေး မကျေမနပ်ဖြစ်လာသည်မကြာမီ သူမမျက်လုံးများထဲတွင် မျက်ရည်တွေ စတင်ပြည့်လာတဲ့အထိ ဖြစ်သွားသည်။

ဒါကို မြင်တွေ့ရ‌ေသာဂျိချန်းဖန်က ခေါင်းကိုက်လာကာကျန့်လင်းယာကို သက်သာရာရအောင် လုပ်ပေးမည့်နည်းလမ်းစဥ်းစား‌ေနလိုက်သည်၊၊

ဒီမိန်းကလေးငယ်လေးက တိတ်တဆိတ်နဲ့ ထောင့်တစ်ထောင့်မှာ ထပ်မငိုရင်...*

*ဟုတ်တယ်၊ မှန်တယ်*

*ဖြစ်နိုင်တာက ကျန့်ပူယီ နဲ့ စူးရူ တို့က အမြဲတမ်း သူမကို ချစ်ခင်ကြပေမယ့်၊ ဂျိချန်းဖန် ရောက်ရှိလာတာကြောင့်၊ သူတို့ရဲ့ ကျန်လင်းယာအပေါ် အာရုံစိုက်မှုက နည်းနည်းလေး လျော့ကျသွားတယ်။*

ထိုသိမ်မွေ့‌ေသာပြောင်းလဲမှုက ချက်ချင်းပဲ မိန်းကလေးငယ်လေးရဲ့ နှလုံးသားကို ထိုးဆွလိုက်သည်၊ သူမရဲ့ မိဘတွေက သူမကို မချစ်တော့ဘူးလို့ တွေးမိစေသည်။

ဟိုက်~~~

ဂျိချန်းဖန်လည်း အလွန်အကူအညီမဲ့နေသည်။

ဒါပေမယ့် သူ ဘာမှလုပ်လို့မရ‌ေပ။

သူ တကယ်ပဲ ကျန့်ပူယီနဲ့ စူးရူ တို့ရဲ့ ကျန့်လင်းယာအပေါ် ထားရှိတဲ့ အာရုံစိုက်မှုတစ်ချို့ကို လမ်းလွဲသွားစေခဲ့ပါသည်။

ထို့ကြောင့်၊ သူက ဒီအာရုံစိုက်မှုကို ပြန်လည်ဖြည့်ဆည်းပေးရ ပေမည်။

လင်းယာ ကောင်မလေး ဆရာကြီးက မင်းကို မချစ်ပေမယ့်၊ ငါချစ်တယ်…

*ကျန်လင်းယာ မကျေမနပ်ဖြစ်တိုင်း ဂျိချန်းဖန်က ကလေးတစ်ယောက်ကို ချော့မြူသလို သူမကို ချော့မြှူပေးတယ်။*

ဒီတစ်ခါလည်း ခြွင်းချက်မရှိ‌ေပ။

“ဂျိချန်းဖန်! မင်း ငါ့ကို စီနီယာအမလေး လို့ ထပ်မခေါ်ရဘူး”

ကျန်လင်းယာ ရှိုက်ရှိုက်ပက်ပက် ငိုနေရင်း၊ စိတ်မကောင်းဖြစ်စွာနဲ့ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ စီနီယာအမ~” ဂျိချန်းဖန် ခေါင်းနည်းနည်း ကိုက်လာသည်။

ဘာလို့လဲဆိုတော့ သူက ကျန်ပူယီနဲ့ စူးရူ တို့အစားကလေးထိန်းနေသလို ခံစားရလို့ပါ။

“ဟွန့်!” ကျန်လင်းယာဖြေးဖြေးချင်း နှာမှုတ်လိုက်၏။

သူမက ချက်ချင်းပဲ လှည့်ပြီး သူ့ဘာသာသူ ဝါးခုတ်သွားလေသည်။

ထိုအရာကို မြင်တွေ့ရတော့၊ ကျန်းရှောင်ဖန် နောက်က‌ေန သူ့ကို တိတ်တဆိတ် အားကျမိခြင်းဖြစ်ပေါ်နေ၏။

သူလည်း စီနီယာအမကို ငိုစေချင်တယ်… မဟုတ်ဘူး၊ ဒါမမှန်ဘူး။

သူလည်းစီနီယာအမ ကို စိတ်သက်သာရာရအောင် လုပ်ပေးချင်သည်။

သို့သော် သူက စကားသိပ်မပြောတတ်ပေ။

စီနီယာအမ တစ်ယောက်တည်းနဲ့ ရှိနေရင်တောင်၊ သူက ဘာပြောရမှန်း မသိ‌ေပ။

“ရှောင်ဖန် ။” ဂျိချန်းဖန် သူ့ပခုံးကို ပုတ်လိုက်သည်။

“အာာ သတ္တမ အစ်ကို ။”

ကျန်းရှောင်ဖန် ထုံထိုင်းစွာနဲ့ ခေါင်းလှည့်လိုက်သည်။

“ငါ အဲဒီဘက်ကို ဝါးခုတ်သွားမယ်။” ဂျိချန်းဖန် တောအုပ်ရဲ့ အနက်ရာကို ညွှန်ပြလိုက်၏။

“အစ်ကို၊ သွားပါ။” ကျန်းရှောင်ဖန် ခေါင်းညိတ်ပြလိုက်သည်။

လက်ရှိအချိန်မှာ၊ ပြင်ပဘက်က အနက်ရောင်ဝါး များက ဂျိချန်းဖန်အတွက် ကိုယ်ခန္ဓာ သန့်စင်ခြင်း မှာ အထောက်အကူဖြစ်စေဖို့ မသင့်တော်‌‌ေတာ့ပါဘူး။

တောအတွင်းဘက်က အရာတွေကသာ ဂျိချန်းဖန်ကို အနည်းငယ် ခက်ခက်ခဲခဲ ခံစားရစေနိုင်ပါသည်။

ဒါပေမယ့် ဒါကအားလုံးပါပဲ။

ဘမ်း—

ဂျိချန်းဖန် မြန်မြန်ပဲ အနက်ရောင်ဝါး တစ်ချောင်းကို ခုတ်ချလိုက်ပြီး တောင်ပေါ်က ဆင်းဖို့ ပြင်ဆင်နေသည်။

“အမ်”

ဒါပေမယ့် ထိုအခိုက်အတန့်မှာပဲ၊ သူ လှည့်လိုက်တဲ့အခိုက်အတန့်မှာ သူက ရုတ်တရက် အနက်ရောင်ဝါး ပေါ်မှာ ခွေနေသော မြွေစိမ်း တစ်ကောင်ကို သတိထားမိလိုက်သည်။

မြွေစိမ်း က စိတ်ဝိဉာဏ် ရှိ‌ေနသလို ထင်ရပြီး၊ လူမကြောက်ပါဘူး၊ ထိုအစား ထွက်ပြေးမယ့်အစား၊ ဘယ်ညာ ဝိုင်းပတ်နေ ကခုန်သလို ကြော့ရှင်းစွာ ရွေ့လျားနေပါသည်။

ထိုအခြင်းအရာက ဂျိချန်းဖန် ကိုချက်ချင်းပဲ အံ့အားသင့်သွားခဲ့ပါတယ်။

ဝုန်းးးး

အသံတစ်ခုက သူ့ဦးနှောက်ထဲမှာပဲ့တင်ထပ်နေသည်။

[စနစ်ပိုင်ရှင်က ချင်းမြွေစိမ်း ကခုန်တာကို လေ့လာကြည့်ရင်း ချင်းချီမြွေဓား ရည်ရွယ်ချက် ကို နားလည်သဘောပေါက်ကာ အတုမရှိ ဓားသွားကျင့်စဉ် —ဝတ်ရုံထဲမှမြွေစိမ်းဓါးကျင့်စဉ် ကို ဖန်တီးလိုက်ပါတယ်!]

ထို့နောက်ချက်ချင်း၊ ပုံရိပ်တစ်ခုက ဂျိချန်းဖန်ရဲ့ ဦးနှောက်ထဲ ပေါ်လာလေသည်။

အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ပုံသဏ္ဍာန်တစ်ခုသည် ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး၊ ကြော့ရှင်းစွာ ကခုန်နေပါသည်။ သူ့ခန္ဓာကိုယ်က မြွေစိမ်းတစ်ကောင်လို သွယ်လျပေမယ့်၊ သူ့ခန္ဓာကိုယ် တစ်ခုလုံးက အံ့အားသင့်ဖွယ်၊ကြောက်မက်ဖွယ် ဓားရည်ရွယ်ချက် ကို ထုတ်လွှတ်နေ၏။

“ ဝတ်ရုံထဲမှမြွေစိမ်းဓါး ကျင့်စဉ်က လှပတဲ့ပုံပေါ်ပေမယ့် အသေသတ်ဓားချက်ဖြစ်တဲ့ ဓားသွားကျင့်စဉ် ဖြစ်တယ်”

“ဟေ့”

“ဂျိချန်းဖန်၊ မင်း ဘာတွေကို စိတ်လွတ်ခနဲ ဖြစ်နေတာလဲ!”

ဒီအခိုက်အတန့်မှာပဲ၊ ကြည်လင်ပြတ်သားတဲ့ အသံတစ်ခုက ရုတ်တရက် ပဲ့တင်ထပ်လာသည်။

“အင်း” ဂျိချန်းဖန် လက်တွေ့ကိုပြန်ရောက်လာ၏။

ပတ်ဝန်းကျင်ကို ကြည့်ရင်း၊ ကျန့်လင်းယာနဲ့ ကျန်းရှောင်ဖန် တို့နှစ်ယောက်စလုံး သူတို့ရဲ့ နေ့စဉ် အလုပ် ကို ပြီးမြောက်ပြီး၊ သူတို့ရဲ့ ပုဆိန်တွေ ကို ကိုင်ထားရင်း သူ့ကို စောင့်နေတာကို မြင်တွေ့လိုက်ရသည်။

“လာပါပြီ။” ဂျိချန်းဖန် အဝေးတစ်‌နေရာက အနက်ရောင်ဝါးပင် ကို ပြန်ကြည့်လိုက်တယ်။

မြွေစိမ်း က ပျောက်ကွယ်သွားပါပြီ။

…

ကျန်လင်းယာနဲ့ ကျန်းရှောင်ဖန် တို့နဲ့အတူ တောင်ပေါ်နောက်ဘက်ကနေ ထွက်ခွာလာပြီးနောက်၊ ရှိုကျင်းခန်းမ ကို မရောက်သေးခင်မှာတင်၊ သူတို့က ဝေးလံတဲ့နေရာကနေ စုန့်ဒါရင် နဲ့ အခြားသူတွေရဲ့ ညည်းညူသံတွေကို ကြားနေရသည်။

“အားး။အား ~”

“ဆရာမကြီး ဆရာမကြီး ကျေးဇူးပြုပြီး ညင်သာပေးပါ “

“ဆရာမကြီး စီနီယာ အကိုက ကျင့်ကြံမှု မှာ မကြာခင်က တိုးတက်မှု ရှိပါတယ်၊ သူ့ကို စမ်းသပ်ပေးပါ...”

သူ့စီနီယာတွေရဲ့ ညည်းညူသံတွေကို ကြားလိုက်ရတော့၊ ကျန့်လင်းယာရဲ့ မျက်နှာလေးက ချက်ချင်းပဲ ပျော်ရွှင်မှုနဲ့ တောက်ပလာပြီး၊ မြန်မြန်ပဲ ပြေးသွားပြီး ချက်ချင်းသွားကြည့်၏။

ကျန်းရှောင်ဖန် တစ်ခဏ ရပ်နေခဲ့သော်လည်း နောက်မှလိုက်သွားသည်။

ဂျိချန်းဖန် ခဏခန့် တွေးနေမိ‌ေနသည်၊ ထို့နောက် သူလည်း ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

သူက ခုနကလေး ‘ဝတ်ရုံထဲမြွေစိမ်းဓါး’ ဆိုတဲ့ ထိပ်တန်း ဓားသွားကျင့်စဉ် ကို နားလည်သဘောပေါက်ပြီးလျှင်ချက်ချင်း တက်ကြွစွာသူ့ အင်အားကို စမ်းသပ်ချင်နေသည်။

ရှိုကျင်းခန်းမအပြင်ဘက်ကို ရောက်ရှိလာတဲ့အခါ၊ သူတို့က စုန့်ဒါရင်နဲ့ အခြားသူတွေ ညည်းညူရင်း မြေပေါ်မှာ လူးလွန့်နေတာကို မြင်တွေ့လိုက်ရသည်။

စူးရူ က သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စွာ ကြည့်ရှုနေသည် ၊ သူမလက်ထဲမှာ သွယ်လျတဲ့ သစ်အကိုင်းအခက်တစ်ခုကို ကိုင်ထားပြီး၊ ကျင်းယွမ် အမျိုးသမီးဓါးအင်မော်တယ် တစ်ယောက်လိုပါပဲ။

ဒါကို မြင်တွေ့ရတော့၊ ဂျိချန်းဖန် နောက်ထပ် ဝန်လေးတော့ပါ။

သူက ချက်ချင်းပဲ ရှေ့တိုးပြီး၊ သူ့လက်ကို စုစည်းကာ စူးရူဆီကို လှည့်ပြီး၊ ပြောလိုက်တယ်- “ဆရာမကြီး၊ တပည့် မကြာသေးမီက ဉာဏ်အလင်းပွင့်ပြီး ဆရာမကြီးရဲ့ လမ်းညွှန်မှုကို တောင်းခံချင်ပါတယ်။”

ဒီစကားလုံးတွေက ပတ်ဝန်းကျင်က လူတွေကို ချက်ချင်းပဲ ချောက်ချားစေခဲ့တယ်။

စုန့်ဒါရင်နဲ့ အခြားသူတွေ လူးလွန့်နေခြင်း ရပ်တန့်သွားသည်။

သူတို့အားလုံး ထလာပြီး ဂျိချန်းဖန်ကို အံ့အားသင့်စွာနဲ့ ကြည့်နေကြသည်။

ဆရာမကြီးဆီက လမ်းညွှန်မှု တောင်းခံခြင်းလား?

*သူတို့က သူမကို ရှောင်ရှားဖို့ ကြိုးစားနေတာ၊ ဒါပေမယ့် သူက ကိုယ့်ကိုယ်ကို ပစ်ဝင်လိုက်တယ်?!*

All Chapters