← Chapters

ပါရမီရှင်နှင့် သာမန်လူတို့ကြားက ကွာဟချက်...

Vol. 1 Ch. 8

ပါရမီရှင်နှင့် သာမန်လူတို့ကြားက ကွာဟချက်...

Vol. 1 Ch. 8

“ဆရာကြီး၊ ဝတ်ရုံထဲကမြွေစိမ်းဓား ဆိုတာက ဘာ ကျင့်ကြံမှု အခက်အခဲမှ မရှိပါဘူး။ နားလည်နိုင်စွမ်းနဲ့ ပါရမီ လုံလောက်ပြီဆိုရင်၊ ဘယ်သူမဆို အောင်မြင်အောင် ကျင့်ကြံနိုင်ပါတယ်။”

“ကျင့်ကြံနည်းလမ်းကို ကျွန်တော် ပြန်ရေးပြီးရင် ထားခဲ့ပါမယ်။”

“တဇူတောင်ထိပ် ကျင့်ကြံနည်းလမ်း ခန်းမ မှာ ထားလိုက်ရင်၊ စီနီယာတွေအားလုံး ကြိုးစားကျင့်ကြံလို့ ရပါတယ်။”

ဂျိချန်းဖန် ပြုံးရင်းပြောလိုက်သည်။

ဓားသွားကျင့်စဉ်ကို ထည့်ဝေမယ့်ကိစ္စမှာ သူ့စိတ်ထဲ ပြဿနာမရှိပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ သူက တဇူတောင်ထိပ် ရဲ့ တပည့်တစ်ယောက် ဖြစ်နေပြီလေ။

ဂျိချန်းဖန်ကို တဇူတောင်ထိပ် ရဲ့ အစိတ်အပိုင်းတစ်ခုဟု ယူဆ၍ရပါသည်။

အနည်းငယ် ပံ့ပိုးပေးတာက သင့်တော်ပါသည်။

ထို့အပြင်...

စုန့်ဒါရင်တို့အောင်မြင်အောင် ကျင့်ကြံနိုင်မလား ဆိုတာကတော့ နောက်တစ်ပိုင်းပါ။

ဘာလို့လဲဆိုတော့ ဂျိချန်းဖန် ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပါပြီ-“ ‘ဝတ်ရုံထဲကမြွေစိမ်းဓား’ မှာ ကျင့်ကြံမှု အခက်အခဲ မရှိပေမယ့်၊ နားလည်နိုင်စွမ်းနဲ့ ပါရမီ လုံလောက်ရမယ်။”

မဟုတ်ရင် တစ်သက်လုံးလေ့ကျင့်ရင်တောင် ကျွမ်းကျင်အောင် လုပ်နိုင်မည်မဟုတ်ပေ။

“ကောင်းပြီ! ကောင်းပြီ! ငါ ကျန့်ပူယီရဲ့ တပည့် ဆိုတာ တကယ်ပဲ စေတနာကောင်းတယ်”

ကျန်ပူယီလည်း ဂျိချန်းဖန် ရဲ့ ရက်ရောမှုကို အံ့အားသင့်သွားသည်။

*ဘာဖြစ်လို့လဲဆိုတော့ ဒါက တမူထူးခြားတဲ့ ဓားသွားကျင့်စဉ် ဖြစ်နေတယ်လေ?!*

ခုနကလေးက မရှက်မကြောက် မေးလိုက်ပေမယ့်၊ မျှော်လင့်ချက်သိပ်မထားခဲ့ပေ။

ရွေးချယ်စရာ မရှိပါဘူး

“ဝတ်ရုံထဲကမြွေစိမ်းဓား” က ဆွဲဆောင်နိုင်လွန်း‌ေပသည်။

ဂျိချန်းဖန်ကဲ့သို့ ဒုတိယအဆင့် တစ်ယောက်တောင် သုံးနိုင်ပြီး၊ သူ့ရဲ့ အင်အားက လည်း မညံ့ချေ

စုန့်ဒါရင်တို့ အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့လျှင်

ထိုအခါ နှစ်အနည်းငယ်ကြာတဲ့အခါ ကျင်းပမည့်တောင်ထိပ်ခုနှစ်ခု ပြိုင်ပွဲ (Seven Peaks Tournament) မှာ ကျိန်းသေပေါက် နေရာကောင်းရ ပေမည်။

“မင်းတို့၊ ဘာလို့ သတ္တမမြောက်ညီငယ်ကို ကျေးဇူးမတင်ကြသေးတာလဲ”

ကျန်ပူယီရဲ့ အကြည့်က စုန့်ဒါရန်တို့ဆီ ရောက်ရှိသွားသည်။

ဒါကို ကြားလိုက်ရတော့၊ စုန့်ဒါရင်နဲ့ အခြား စီနီယာတွေက ချက်ချင်းပဲ ဂျိချန်းဖန်ဆီကို ပြုံးရင်း ခါးကိုင်းညွှတ်ပြီး

“ကျေးဇူးတင်ပါတယ်၊ သတ္တမမြောက်ညီငယ်!” လို့ ပြောလိုက်ကြသည်။

သူတို့မှာ မနာလိုစိတ် မရှိကြပေ။

ထိုအစား၊ အတော်လေး ပျော်ရွှင်နေကြပါသည်။

ဟဲဟဲဟဲ။

အခုကစပြီး သူတို့မှာ သတ္တမမြောက်ညီငယ် ရှိနေပါပြီ၊ စီနီယာအစ်မကြီး(ဆရာမကြီး) ရဲ့ စမ်းသပ်မှုတွေကို သူတို့နဲ့တူတူ ခွဲဝေခံပေးနိုင်မှာပါ။

“စီနီယာတွေ၊ ကျေးဇူးတင်စရာ မလိုပါဘူး။”

ဂျိချန်းဖန် ပြုံးလိုက်၏။

စုန့်ဒါရန်တို့ကဲ့သို့ စီနီယာတွေရဲ့ စရိုက်လက္ခဏာတွေကို သူ အတော်လေး ကြိုက်ပါသည်။

*ဘယ်လိုပြောရမလဲ?

ကျန်ပူယီက တပည့်ခေါ်တဲ့အခါ အနည်းငယ်လောက် စိစစ်မှု ရှိသေးတယ်။

ရိုးသားရှင်းလင်းပြီး အတ္တကြီးမှုမရှိတဲ့ တပည့်တွေပဲ ခေါ်တယ်။*

အနည်းဆုံးတော့ တဇူတောင်ထိပ် ၏ ပတ်ဝန်းကျင်ကို အခြားတောင်ထိပ်တွေလို ကလိမ်ကကျစ်တွေနဲ့ မဖြစ်အောင် လုပ်ထားချေသည်။

“ခုနစ်‌ေလး ၊ ကျင့်ကြံနည်းလမ်း ချရေးတာကို မစိုးရိမ်ပါနဲ့ဦး။ ငါနဲ့ အရင် လိုက်လာခဲ့၊ မင်းကို ပြောစရာရှိတယ်။”

ကျန့်ပူယီ ပြောလိုက်သည်။

“ဟုတ်ကဲ့ ဆရာကြီး။” ဂျိချန်းဖန် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

သူ့စိတ်ထဲမှာ နည်းနည်းလေး အံ့အားသင့်နေ၏။

ပြောစရာရှိတယ်ဆိုတာ ဘာပါလိမ့်?

သူ့စိတ်ထဲက သံသယတွေကို ကိုင်ဆွဲထားရင်း၊ ဂျိချန်းဖန် ကျန်ပူယီနောက်ကို လိုက်ပြီး ရှိုကျင်းခန်းမ ရဲ့ နောက်ဖေး ကို ရောက်သွား၏။

“ထိုင်လိုက်။”

ကျန်ပူယီက အနီးအနားက ထိုင်ခုံ တစ်ခုကို ညွှန်ပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ဆရာကြီး။” ဂျိချန်းဖန် ခေါင်းညိတ်ပြီး ထိုင်လိုက်သည်။

ဒါကို မြင်တွေ့ရတော့၊ ကျန်ပူယီရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။

ဂျိချန်းဖန် ရဲ့ လွတ်လပ်တဲ့ စရိုက်ကို သူ ကြိုက်၏။

တကယ်တော့၊ ဂျိချန်းဖန် က တစ်ယောက်ယောက်နဲ့ နည်းနည်းတူ နေလို့လည်းဖြစ်နိုင်ပါသည်။

“ခုနစ်လေး၊ ဒါက ယူကျင်း တတိယအဆင့် ရဲ့ ကျင့်ကြံနည်းလမ်း။ ပြန်သွားပြီး သေချာလေ့လာပါ။ တစ်ခုခု နားမလည်ရင်၊ ဘယ်အချိန်မဆို ငါ့ကို လာမေးလို့ရတယ်။”

ကျန်ပူယီက စာအုပ်သေတ္တာလေး တစ်ခု လက်ဆင့်ကမ်းလိုက်သည်။

“ဟုတ်ကဲ့ ဆရာကြီး။” ဂျိချန်းဖန် လက်ဆန့်ပြီး ယူလိုက်သည်။

သူ့စိတ်ထဲမှာ အလွန်အမင်း စိတ်လှုပ်ရှားမိပေသည်။

သူ နောက်ဆုံးတော့ ထိုက်ကျိတာအို ၏ ကျင့်ကြံနည်းလမ်း အားလုံးကို ရသွားပါပြီ။

မှန်ပါသည်။

ထိုက်ကျိမဟာတာအို ၏ အခြေခံ ကျင့်ကြံနည်းလမ်း က တကယ်တမ်း စုစုပေါင်း အဆင့်သုံးဆင့်ပဲ ရှိသည်။

သူတို့က ယူကျင်း နယ်ပယ်ရဲ့ ပထမ၊ ဒုတိယ၊ နဲ့ တတိယအဆင့်တို့နဲ့ သက်ဆိုင်‌ေနပါသည်။

စတုတ္ထအဆင့် ကနေ စတင်ပြီးကျင့်ကြံဖို့ စနစ်တကျ ကျင့်ကြံနည်းလမ်း မရှိတော့ပါဘူး၊ အရာအားလုံးကို တစ်ဦးတည်း ကိုယ်တိုင် ဉာဏ်အလင်းဖွင့် ရမှာပါ။

ဒါကြောင့်လည်း ကျင်းယွမ်ကလန် မှာ တပည့်အများကြီးက တတိယအဆင့်မှာ ပိတ်မိနေရပြီး အတားအဆီး မဖြတ်ကျော်နိုင်ကြတာပါ။

ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဉာဏ်ပညာနားလည်နိုင်စွမ်း က မလုံလောက်လို့ပါ။

“ခုနစ်လေး ၊ မင်း ယူကျင်း စတုတ္ထအဆင့် ကို ဖြတ်ကျော်ပြီးတဲ့အခါ၊ ငါ့ကို ပြောဖို့ မမေ့နဲ့၊”

လို့ ကျန်ပူယီ ပြောလိုက်သည်။

“ဆရာကြီး၊ တပည့်ကို အလုပ်ခိုင်းချင်တာ ရှိလား?”

ဂျိချန်းဖန် နည်းနည်းလေး စူးစမ်းချင်စိတ်ဖြစ်နေသည်။

“ဘာမှမရှိပါဘူး။” ကျန်ပူယီက လက်ကို နူးညံ့စွာ လှုပ်ရှားလိုက်ပြီး၊ ပြောလိုက်ပါသည်

“မကြာသေးခင်က ခေါင်းဆောင်ကြီး က ငါ့ကို ပြောတယ်၊ မင်း ယူကျင်း စတုတ္ထအဆင့် ဖြတ်ကျော်ပြီးတာနဲ့ တုန်းထန်းတောင်ထိပ်ကို တစ်ခါ သွားဖို့...”

“ဖြစ်နိုင်တာက သူ မင်းကို မြင်ချင်နေတာပဲ။”

“ကလန်ခေါင်းဆောင်ကြီး” ဂျိချန်းဖန် တွေးတောနေသည်။

တာအိုရွှမ်း အကြောင်းပြောရင်၊ ဘိုးဘေး ခန်းမ ထဲက ဝမ်ကျန်ယီ ကို မတွေးဘဲ မနေနိုင်ပေ။

ဖြစ်နိုင်တာက...

ဂျိချန်းဖန်သူ့စိတ်ထဲမှာ အနည်းငယ် ခန့်မှန်းချက်တွေ ရှိနေသည်

သို့သော်ထားပါတော့။

အချိန်ရောက်မှ ဖြေရှင်းလိုက်မည်။

ဂျိချန်းဖန် ဒီကိစ္စကို စိတ်ထဲထည့်မထားချေ။

သူ လှမ်းကြည့်လိုက်တော့၊ မဝေးလှတဲ့ စားပွဲတစ်လုံးပေါ်မှာ စာရွက်နဲ့ စုတ်တံ ခင်းထားတာကို မြင်လိုက်ရသည်။၊ ထို့ကြောင့် သူက တိုက်ရိုက်ပဲ လက်ကို စုစည်းကာ ကျန်ပူယီဆီ ပြောလိုက်သည်-

“ဆရာကြီး၊ ဒီမှာ စာရွက်နဲ့ စုတ်တံ ရှိနေတာနဲ့၊ တပည့်က ‘ဝတ်ရုံထဲကမြွစိမ်း’ ရဲ့ ကျင့်ကြံနည်းလမ်း ကို ဒီမှာပဲ ချရေးလိုက်တာ ပိုကောင်းမယ်ထင်တယ်။”

“အေးဟုတ်ပြီ။” ကျန်ပူယီ ခေါင်းညိတ်ပြလိုက်၏။

ဂျိချန်းဖန် ထလာပြီး စားပွဲဆီသွားကာသူက စုတ်တံကို ကောက်ယူပြီး၊ မင်ကို နှစ်ကာ၊ အဖြူရောင်စာရွက်ပေါ်မှာ စရေးလိုက်သည်။

မကြာခင်မှာပဲ...

ဝတ်ရုံထဲကမြွစိမ်း ရဲ့ ကျင့်ကြံနည်းလမ်း ကို ရှင်းရှင်းလင်းလင်း ရေးခဲ့ပါသည်။

ကျန်ပူယီက နောက်မှာ ရပ်ပြီး ကြည့်နေခဲ့၏။ သူ့မျက်နှာအမူအရာက ပထမ အေးဆေးတည်ငြိမ်မှုကနေ လက်ရှိ ပြတ်သားမှု အထိ သုံးမိနစ်အတွင်း ပြောင်းလဲသွားချေသည်။

“ဒီဓားသွားကျင့်စဉ် ကျင့်ကြံရတဲ့ အခက်အခဲက...”

“နည်းနည်းလေးမြင့်မားနေသလိုပဲ။”

ကျန်ပူယီရဲ့ ပါးစပ်က အနည်းငယ် ကျုံ့သွားသည်။

ဂျိချန်းဖန် ခုနကလေး ပြောခဲ့တာက ဘာလဲ?

ပါရမီ နည်းနည်းနဲ့ နားလည်နိုင်စွမ်း ရှိရင်၊ ဘယ်သူမဆို ကျင့်ကြံနိုင်တယ်ဆိုလား??

ဘုမသိ ဘမသိ၊ သူ ကျန်ပူယီ၊ သူ့ရဲ့ ရှန်ကျင်း နယ်ပယ် နဲ့ မနိမ့်တဲ့ ဉာဏ်ပညာနားလည်နိုင်စွမ်း ရှိပေမယ့်၊ ဒီ “ဝတ်ရုံထဲကမြွစိမ်း” ကျင့်စဉ်ရဲ့ နက်နဲမှုတွေကို အနည်းငယ်ပဲ နားလည် နိုင်သည်။

ဒါ...

စုန့်ဒါရင်တို့သင်ယူခဲ့ရင်၊

သူတို့ဖြစ်နိုင်တာက ဆယ်စုနှစ်ကျော်ကြာရင်တောင် သင်ယူနိုင်မည် မဟုတ်ပေ။

ကျန်ပူယီ ခေါင်းနည်းနည်း ကိုက်လာသည်။

ကျိန်းသေပေါက်၊ ပါရမီရှင်လူငယ် တစ်ယောက်ရဲ့ ပါးစပ်ထဲက ‘သာမန်လူတွေ’ ဆိုတာ သာမန်လူတွေ နားလည်သလို သာမန်လူတွေနဲ့ အတူတူမဟုတ်ဘူး...

“ဆရာကြီး၊ ဒါဆို တပည့် ကိုခွင့်ပြုပါ။”

ဂျိချန်းဖန် ကျန်ပူယီ ဘာတွေးနေမှန်း မသိ ပေ။ ကျင့်ကြံနည်းလမ်း (Cultivation Technique) ရေးပြီးတာနဲ့၊ ထွက်ခွာဖို့ ပြင်ဆင်နေပေသည်။

“သွား၊ သွား။” ကျန်ပူယီက လက်ဝါးခါလိုက်၏။

သူက စားပွဲပေါ်က ကျင့်ကြံနည်းလမ်း ကို ဂရုတစိုက် ကြည့်နေသည်၊ ခဏခဏ ခေါင်းကုတ်လိုက် နားရွက် ကုတ်လိုက် လုပ် နေပေသည်။...

စူးရူ ဝင်လာတဲ့အထိ...

သူလုံးဝ သတိမထားမိ‌ေပ။

“ပူယီ၊ ဘာကြည့်နေတာလဲ?”

စူးရူရဲ့ နူးညံ့တဲ့ အသံက ကျန်ပူယီရဲ့ နားထဲမှာ ပဲ့တင်ထပ်နေသည်။

“အင်းးးးး” ဒါကို ကြားလိုက်ရတော့၊ ကျန်ပူယီ သတိပြန်ရလာသည်။

သူက စူးရူဆီကို လှည့်ကြည့်ရင်း၊ စားပွဲပေါ်က ကျင့်ကြံနည်းလမ်း ကို ညွှန်ပြပြီး၊ ပြောလိုက်သည်- “ညီမ၊ သတ္တမမြောက်တပည့် ရေးခဲ့တဲ့ ကျင့်ကြံနည်းလမ်း ကို ကြည့်လိုက်ပါဦး။”

“ကြည့်လိုက်ပါရစေ။”

စူးရူ က ကျန်ပူယီဘေးကို ရောက်လာပြီး၊ စားပွဲပေါ်က ကျင့်ကြံနည်းလမ်း ကို ဂရုတစိုက် ကြည့်လိုက်သည်။

ဒါပေမယ့် မကြည့်ဘဲ နေတာက ပိုကောင်းမယ်။

တစ်ခါကြည့်လိုက်တာနဲ့၊ သူမအံ့အားသင့်သွား၏။

ဒါ...

ဒါက သတ္တမမြောက်ညီငယ်ပြောတဲ့ ‘မခက်ဘူး’ ဆိုတာလား? ဘယ်သူမဆို ကျင့်ကြံနိုင်တယ်?!!

စူးရူ က သူမရဲ့ နားလည်နိုင်စွမ်း က မနိမ့်ဘူးလို့ မာနရှိပါသည် သို့သော် သူမက ဒီ “ဝတ်ရုံထဲကမြွစိမ်း” ကျင့်ကြံနည်းလမ်း ကို ကြည့်လိုက်တဲ့အခါမှာပဲ၊ နက်နဲမှုတချို့ကိုသာ တွေ့နိုင်ခဲ့သည်။

စူးရူလို ရှန်ကျင်း နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်တောင် ဒီလိုဖြစ်နေရင်၊

ဒါဆို စုန့်ဒါရင်တို့လို ယူကျင်း နယ်ပယ် တွေက တစ်ခုမှ နားမလည်နိုင်ဘူးဆိုတာ မဟုတ်လား?!

“ဒါ...”

စူးရူရဲ့ ချောမောတင့်တယ်တဲ့ မျက်နှာလေးမှာ အကူအညီမဲ့မှု အရိပ်အယောင် တစ်ခု ပေါ်လာသည်။

ကျိန်းသေပေါက်။

ပါရမီရှင်လူငယ် အဆင့် တွေဟာ သာမန်လူတွေနဲ့ နှိုင်းယှဉ်လို့မရဘူး!

သတ္တမမြောက်တပည့်ရဲ့ နားလည်နိုင်စွမ်း က တကယ်ပဲ ကောင်းကင်ဘုံကို ဆန့်ကျင်နေသည်~~~

…

တစ်ခြားတစ်ဖက်မှာ...

ဂျိချန်းဖန် သူ့ခြံကလေးဆီ ပြန်ရောက်တဲ့အခါ၊

သူက ယူကျင်း တတိယအဆင့် ကို ကျင့်ကြံဖို့ ပြင်ဆင်နေသည်။

*တကယ်တော့၊ အရင်က စူးရူနဲ့ တိုက်ခိုက် တုန်းကလည်း၊ သူက ‘ကောင်းကင်တံခါးကိုဖွင့်မဲ့ ဓား’ ဓားသွားကျင့်စဉ် ကို စမ်းကြည့်ချင်ခဲ့တယ်။*

*ဒါပေမယ့် စိတ်မကောင်းစရာက...

သူ့ရဲ့အဆင့်က အရမ်းနိမ့်လွန်းတာကြောင့်၊

*’ကောင်းကင်တံခါးဖွင့် ဓား “ ကို လုံးဝသုံးလို့မရပါဘူး *

ဖြစ်နိုင်တာက အနည်းဆုံး ယူကျင်း အဋ္ဌမမြောက် ဒါမှမဟုတ် နဝမမြောက်အဆင့် ၇ လောက် လိုအပ် ပေလိမ့်မည်။

ထို့အပြင်...

ဂျိချန်းဖန်က ထိုက်ကျိတာအို ကို တိုးတက်ကောင်းမွန်အောင် လုပ်ထားပေမယ့်သူကဒုတိယအဆင့် ပဲ ရှိနေသည်။

*သူက ထိုက်ကျိတာအိုကျင့်ကြံမှုနည်းလမ်း ကို တိုးတက်ကောင်းမွန်အောင် လုပ်ထားတယ်လို့ ပြောရင်၊ဒါက နည်းနည်းလေး ကြီးကျယ်လွန်းနေမယ်။*

*ရှေ့ဆောင်တွေ ဖန်တီးထားတဲ့ ကျင့်ကြံနည်းလမ်းကို ကျင့်ကြံတာနဲ့၊ ရှေ့ဆောင်တွေ ဖန်တီးထားတဲ့ ကျင့်ကြံနည်းလမ်းကို တိုးတက်ကောင်းမွန်အောင် လုပ်တာက မတူညီတဲ့အရာ နှစ်ခုပါ...*

ကျင့်ကြံတာ နည်းနည်းမြန်တယ်ဆိုတာ နည်းနည်းပဲ မြန်တာ။

ဒါက ပြဿနာမရှိပေ။

ဒါပေမယ့် မကြာခင်ကျင့်ကြံပြီးတာနဲ့ တိုက်ရိုက် ကျင့်ကြံနည်းလမ်းကို တိုးတက်ကောင်းမွန်အောင် လုပ်လိုက်ရင်ကော ....

ဒါက တကယ်ပဲ ကောင်းကင်ဘုံကိုဆန့်ကျင်လွန်းနေပါပြီ

ဒါကြောင့်၊ ဂျိချန်းဖန် သူ့၏အဆင့် တိုးလာမှ တိုးတက်ကောင်းမွန်အောင် လုပ်ထားတဲ့ ကျင့်ကြံနည်းလမ်းကို ပြသဖို့စီစဉ်ထားသည်။

ထိုအခါမှ ထိုနည်းနဲ့ ပြဿနာအချို့ကို ထိရောက်စွာ ရှောင်ရှားနိုင်မည်ဖြစ်သည်။

“ဟူး...”

ဂျိချန်းဖန် အသက်ပြင်းပြင်း ရှုလိုက်သည်။

သူက ထိုက်ကျိတာအိုကျင့်ကြံမှုနည်းလမ်း ရဲ့ တတိယအဆင့် ကျင့်ကြံနည်းလမ်း ကို ဖြန့်ကြည့်ပြီးတော့ ဂရုတစိုက် လေ့လာကြည့်သည်။

【တည်းဖြတ် - သင် ရှာဖွေသော စကားစု မရှိပါ။ မှားယွင်းနိုင်ပါသည်။ ဆက်လက်ရှာဖွေရန် ကျေးဇူးပြု၍ စကားစုကို ပြန်လည်ထည့်သွင်းပါ။】

ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဉာဏ်ပညာ နားလည်နိုင်စွမ်း (စနစ်၏အစွမ်း)အသုံးပြုခဲ့သည်။

နက်နဲ ဝိဉာဏ်ချီ လှိုင်းများက ဂျိချန်းဖန် ခန္ဓာကိုယ်ကနေ တဖြည်းဖြည်း ပေါ်ထွက်လာသည်။

တာအိုဉာဏ်အလင်းပွင့်ခြင်း

နောက်တစ်ခါ ထပ်ဖြစ်သွားပြန်ပြီ!

ဂျိချန်းဖန် မတတ်သာဘဲ ယူကျင်း နယ်ပယ်ရဲ့ တတိယအဆင့် ကို ကျင့်ကြံဖို့ စတင်ခဲ့ရပါသည်.....

All Chapters