← Chapters

ရေခဲနှလုံးသားမန္တာန် ဝိညာဉ်ဖမ်းတောင်ဝှေးနှင့် သွေးကျောက်တုံး

Vol. 1 Ch. 9

ရေခဲနှလုံးသားမန္တာန် ဝိညာဉ်ဖမ်းတောင်ဝှေးနှင့် သွေးကျောက်တုံး

Vol. 1 Ch. 9

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးလကြာသွားခဲ့‌ ပေပြီ။

မနက်စောစော တောင်ပနောက်ဘက်သို့ ဦးတည်‌ နေတဲ့လမ်းကြောင်းကနေ စကားပြောသံတစ်ခု ကြားလိုက်ရ၏။

"ဂျိချန်းဖန် မင်းရဲ့အဆင့် က ဘယ်လောက်ရှိပြီလဲ?"

"ခန့်မှန်းကြည့်ပါလား?"

"ရဲတင်းလိုက်တာ!မင်း ငါ့ကို စီနီယာအစ်မ လို့ ခေါ်သင့်တယ်!"

"အမ်.. ..အစ်မ ခန့်မှန်းကြည့်ပေါ့?"

"အား….!ဂျိချန်းဖန် မင်းကတကယ့်ကို စိတ်အနှောင့်အယှက်ပေးတဲ့ကောင်လေးပဲ!"

ကျန့်လင်းယာ က ဝါးခုတ်ဓားတစ်ချောင်းကို ကိုင်ထားရင်း၊ ဒေါသထွက်ထွက်ဖြင့် ခြေထောက်ကို ဆောင့်ချလိုက်ကာ ဂျိချန်းဖန်ကို ကြည့်နေလိုက်သည်။

ဘေးမှာ ရပ်နေသည့် ကျန်းရှောင်ဖန် ၏ မျက်နှာပေါ်၌လည်း ရိုးသားရှင်းလင်းသည့် အပြုံးတစ်ခု ပေါ်လာ၏။

*အစ်မက ချစ်စရာလေးပဲ~*

ဂျိချန်းဖန် ပြုံးရင်း ပြောလိုက်သည်- "တကယ် သိချင်တာလား?"

"အွန်း…!"ကျန့်လင်းယာ ခေါင်းညိတ်ပြလိုက်သည်။၊ သူမ မျက်လုံးတွေမှာတော့ မျှော်လင့်ချက်တွေဖြင့် ပြည့်နေ၏။

ဂျိချန်းဖန် ၏ နားလည်နိုင်စွမ်း က ကျင်းယွမ်တကလန် ၌ ဒဏ္ဍာရီတစ်ပုဒ်ပင်၊ တစ်ညအတွင်း ယူကျင်း နယ်ပယ် အဆင့် ၁ ရောက်သွားသည်၊ လဝက်မပြည့်ခင်ပင် ဒုတိယအဆင့် ရောက်သွားသည်...

အခု သုံးလကြာသွား ပေပြီ။

ဂျိချန်းဖန် ရဲ့ သိုင်းပညာအဆင့် က ဘယ်အထိ ရောက်သွားပြီ ဆိုတာ မည်သူမှမသိကြပေ။

ကျန့်ပူယီ နှင့် စူးရူ တို့တောင် မသိ ပေ။

ဒီကိစ္စက ကျင်းယွမ်လန် တစ်ခုလုံးကို အလွန်စူးစမ်းလိုစိတ် ဖြစ် စေသည့် ကိစ္စတစ်ခုဖြစ်၏။ကျင်းယွမ်ကလန် တစ်ခုလုံး၌ အလွန်လူကြိုက်များသည့် အကြောင်းအရာတစ်ခုလည်း ဖြစ်နေ ပေ၏...

နောက်ဆုံးအကြိမ် ကျန့်လင်းယာ စူးရူနောက်ကို လိုက်ပြီး ရှောင်ကျူတောင်ထိပ် ကို သွားချိန်က စီနီယာ အမ အများကြီးက သူမကိုဆွဲပြီး ဒီမေးခွန်းကို မေးခဲ့ကြသည်။

*ဂျိချန်းဖန် က နောင်တစ်ချိန် သူတို့ရဲ့ ညီမလေး ရဲ့ အပြင်းထန်ဆုံး ပြိုင်ဘက် ဖြစ်လာမယ်လို့ ပြောကြတယ်၊ ဒါကြောင့် အချက်အလက်တွေကို စေ့စေ့စပ်စပ် စုဆောင်းထားရမယ်...*

ဒါကြောင့်၊ ရှောင်ကျူတောင်ထိပ် ရဲ့ အစ်မတွေက ဒီတာဝန်ကို ကျန့်လင်းယာဆီ လွှဲအပ်ထားချေသည်။

*ကျန့်လင်းယာ လည်း သူတို့ပြောတဲ့ ညီမလေး ကို တွေ့ဖူးတယ်၊ သူမက အလွန်အေးစက်တဲ့သူတစ်ယောက်ပါ၊ ဖြစ်နိုင်တာက သူမထက် အနည်းငယ်ပဲ ကြီးတာပါ...*

စီနီယာအစ်မလု က အပြာရင့်ရောင် နတ်ဓား တစ်ချောင်းကို ချိတ်ဆွဲထားသည်၊ ဒဏ္ဍာရီထဲက ကိုးကောင်းကင်ဓား နတ်လက်နက် ၊ ကျန်းယာ နတ်ဓား လို့ ဆိုကြသည်။?!

လုရွှယ်ချီ က အခြားအရာတွေမှာ စိတ်ဝင်စားမှုမရှိ ပေ။

သူမရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်က ဓားကျင့်စဥ် ကျင့်ခြင်းနဲ့ သိုင်းကျင့်ကြံခြင်း ပါ။

သို့သော် ခြွင်းချက်တွေ တော့ရှိသည်။

ဥပမာ ကျန့်လင်းယာ ရှောင်ကျူတောင်ထိပ် ကို သွားတိုင်း၊ သူမက ဘေးမှာ ရပ်ပြီး အစ်မတွေ က ကျန့်လင်းယာကို ဘေးကိုဆွဲကာ ဂျိချန်းဖန် အချက်အလက်တွေ မေးနေတာကို တိတ်တဆိတ် နားထောင်နေတတ်သည်...

စီနီယာအစ်မများ နဲ့ ဂရန်းမာစတာ ရွှယ်ယွဲ အဆိုအရ...

ဒီဂျိချန်းဖန် က နောင်တစ်ချိန် ကျိန်းသေပေါက် သူမရဲ့ ခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်လာ ပေလိမ့်မည်။

ထို့ကြောင့်၊ လုရွှယ်ချီ မကျေမနပ်စိတ် ခံစားရ သော်လည်း၊ ဂျိချန်းဖန်အပေါ် စိတ်ဝင်စားမှု အနည်းငယ်လည်း ရှိ နေ၏။

အမှန်တွင် ဂျိချန်းဖန် က ဒီအကြောင်းကို မသိ ပေ။

"စီနီယာအစ်မကို ပြောဖို့ မဖြစ်နိုင်တာ တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အစ်မ တောင်းဆိုချက်လေး တစ်ခုကိုတော့ လက်ခံ ပေးရမယ်၊" ဂျိချန်းဖန်က ပြုံးပြီး ပြောလိုက်သည်။

"ဘယ်လို တောင်းဆိုချက်လဲ?" လင်းယာလေးက မျက်‌ေတာင်လေးတွေကို ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်လုပ်ရင်း၊ ဂျိချန်းဖန်ကို မျှော်လင့်ချက်ဖြင့် ကြည့်နေ၏။

သူမက ဂျိချန်းဖန်ဆီမှ အဆင့်အတိအကျ သိရဖို့ပဲ စောင့် နေခြင်းပင်၊ ဒါမှလည်း နောက်တစ်ကြိမ် ရှောင်ကျူတောင်ထိပ် သို့ သွားသည့်အခါ ဟိတ်ဟန်ပြနိုင်မည်ဖြစ်သည်။

သူမကမိန်းမငယ်လေး တစ်ယောက်ပင် မဟုတ်လော။

စီနီယာအစ်မ အုပ်စု၏ ဖြားယောင်း ချီးမွမ်းတာခံရရန်၊သူမက ဟိတ်ဟန်ပြဖို့သာ တွေး နေမိ၏။

"သွားပြီး ငါ့ရဲ့ ဆရာမကြီး ကို မေးလိုက်ပါ၊ နောက်တစ်ခါ ရှောင်ကျူတောင်ထိပ် ကို သွားတဲ့အခါ ငါ့ကိုပါ ခေါ်သွားလို့ ရမလားလို့ "

ဂျိချန်းဖန် လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလိုက်၏။

"အာ…. !"

"မင်းလည်းရှောင်ကျူတောင်ထိပ် ကို သွားချင်တာလား?"

ကျန်လင်းယာ မျက်လုံး လေးတွေ ကျဥ်း‌ေမြာင်းလာသည်။

သူမက ငယ်သေး သော်လည်း၊ စည်းမျဉ်းတစ်ခုကိုတော့ နားလည်သည်။

ဤသည် ရှောင်ကျူတောင်ထိပ် တွင် အမျိုးသားများအား ဝင်ခွင့်မပြုခြင်းပင်!

"အမှန်ပဲ" ဂျိချန်းဖန် ခေါင်းညိတ်ပြလိုက်သည်။

*အကြောင်းရင်းကို ကျန့်လင်းယာ က မိန်းမငယ်လေးတစ်ယောက်ဖြစ်၍၊ သူမ နားလည်နိုင်မည်လော?*

ဂျိချန်းဖန် ထပ်ပြောလိုက်သည်၊ "ငါက ရှောင်ကျူတောင်ထိပ် က ကျင်းယွမ် ရဲ့အလှခုနစ်ခု ထဲက တစ်ခုဖြစ်တဲ့ ဝမ်ယွဲ့လမ်းမကြီး ကို ကြည့်ချင်တာပါ။ စီနီယာအစ်မက ဆရာမကြီး ကို သွားမေးပေးလို့ရမလား၊ ငါ့ကို ခေါ်သွားလို့ရမလားလို့?"

"အစ်မ ဒီအခြေအနေ ကို လက်ခံပြီဆိုရင် ငါ ငါ့ရဲ့ သိုင်းပညာအဆင့် ကို ပြောပြမယ်။"

ဝမ်ယွဲ့လမ်းမကြီး ကို အမှန်တကယ် ကြည့်ချင်တာပင်။

ဒါပေမယ့်...

ဝမ်ယွဲ့လမ်းမကြီး ကို ကြည့်တာက ဂျိချန်းဖန် ရှောင်ကျူတောင်ထိပ် ကို သွားချင်ရသည့် အဓိကအကြောင်းရင်း မဟုတ်ပါ‌ေပ။

သူက ဝမ်ယွဲ့လမ်းမကြီး ကို ကြည့်ချင်တာပါ၊ ပြီးရင် တောင်ထိပ်က ပေါ်က မိန်းက‌ေလး‌များကို ကြည့်ချင်တာပါ...

ဟုတ်တယ်! မှန်ပါတယ်! ဒီလိုပါပဲ!

အဓိကရည်ရွယ်ချက်က ရှုခင်းကို ကြည့်ဖို့၊ အခြားအရာအားလုံးက နောက်မှပါ။

ကျန်လင်းယာ တစ်ခဏ ဝန်‌ေလးနေခဲ့ပေမယ့်၊ နောက်ဆုံးတော့ ခေါင်းညိတ်ပြီး ပြောလိုက်တယ်၊ "ငါ မင်းအတွက် အမေ့ကို မေးပေးလို့ရတယ်၊ ဒါပေမယ့် သူမက သဘောတူလား မတူလားတော့ မသိဘူး။"

"ပြဿနာမရှိဘူး၊ အစ်မက ငါ့အတွက် မေးပေးရုံပဲ၊" ဂျိချန်းဖန် ဖီလာကန်ရာမှာ ပြောလိုက်သည်။

သွားလို့ရရင် သွားမယ်၊ မရရင် မသွားဘူး။

သူက နည်းနည်းလေး စူးစမ်းလိုစိတ်ပဲ ရှိခြင်းဖြစ်၏။

"အိုကေလေ!"

"အခုမြန်မြန်ပြောပါ၊ မင်းရဲ့ သိုင်းအဆင့် က ဘာလဲ?"

ကျန့်လင်းယာ မျက်လုံးတွေကို မှိတ်လိုက်ဖွင့်လိုက်လုပ်နေသည်။

အနီးအနားက ကျန်းရှောင်ဖန် ကလည်း နည်းနည်းလေး စူးစမ်းချင်စိတ်ဖြစ်နေ၏။

ဂျိချန်းဖန် နည်းနည်းလေး ပြုံးလိုက်ပြီး၊ သူတို့ကို ထပ်မစောင့်‌ေစတော့ဘူး။ သူက တိုက်ရိုက်ပဲ ပြောလိုက်တယ်၊

"ယူကျင်း စတုတ္ထအဆင့် !"

သူပြောလိုက်တာနဲ့၊ ကျန်လင်းယာ သူ့ကို မယုံကြည်တာမဖြစ်အောင်၊ ဂျိချန်းဖန် က ယူကျင်း စတုတ္ထအဆင့် ရဲ့ကျွမ်းကျင်မှုတစ်ခုဖြစ်တဲ့ — အရာဝတ္ထုကို မှော်စွမ်းအားဖြင့် ထိန်းချုပ်ခြင်း ကို အထူးသဖြင့် သုံးလိုက်သည်။

"ရှူးးးး!"

မမြင်ရသော အင်အားတစ်ခုက ဂျိချန်းဖန် လက်ထဲက ဝါးခုတ်ဓား ကို ဖြည်းညင်းစွာ ပင့်တင်ပြီး၊ လေထဲမှာ ဆက်တိုက်‌ေဝှ့ယမ်း‌ေနစေလိုက်သည်။

"အာာာာ"

ကျန်လင်းယာရဲ့ မျက်လုံးများပြူးလာ၏။

*ယူကျင်း စတုတ္ထအဆင့် လား? သူ ယူကျင်း စတုတ္ထအဆင့် ရောက်နေပြီလား?*

*အချိန်တွက်ကြည့်ရင်၊ ဂျိချန်းဖန် အတတ်ပညာ စလေ့လာတာ နှစ်တစ်ဝက်စာလောက်ပဲ ရှိသေးတယ် မဟုတ်လား?*

လေးလအတွင်း ယူကျင်း စတုတ္ထအဆင့် ရောက်သွားတယ်ဆိုလား?

ဒါ... တကယ်လား အတုလား?

ကျန့်လင်းယာ သူ့ကို စိစစ်မေးမြန်းချင်တယ်။ဒါပေမယ့် ယူကျင်း စတုတ္ထအဆင့် ရဲ့ ကျွမ်းကျင်မှု ကို မြင်ပြီးတဲ့နောက်၊ သူမက ပါးစပ်ပိတ်လိုက်သည်။

အရာဝတ္ထုထိန်းချုပ်ခြင်း ဒါက ကျိန်းသေပေါက် ယူကျင်း စတုတ္ထအဆင့် ပါ!

ကျန့်လင်းယာရဲ့ ပါးစပ်က ကျယ်နေပြီး၊ လုံးဝ အံ့အားသင့်သွားတဲ့ပုံစံကို သူမရဲ့ မျက်နှာမှာ ပေါ်လာသည်။

ကျန်းရှောင်ဖန်လည်း အတူတူပါပဲ။

ဂျိချန်းဖန် အရာဝတ္ထုထိန်းချုပ်ခြင်း ကို သုံးတာကို မြင်ရတော့၊ သူ လုံးဝ အံ့အားသင့်သွားသည်။...

သူတို့က တူညီတဲ့အချိန်မှာ တကျော့ခါတောင်ထိပ် ကို ဝင်ရောက်ခဲ့ကြတယ်၊ ဒါပေမယ့် ဂျိချန်းဖန် က ယူကျင်း စတုတ္ထအဆင့် ရောက်နေပြီ၊ သူကတော့ ပထမအဆင့် မ‌ေရာက်သေးဘူး။

ဒါကို တွေးမိတော့၊ ကျန်းရှောင်ဖန် နည်းနည်းလေး စိတ်ပျက်သွားသည်။

ဒါပေမယ့် ပုံမှန်ပါပဲ။

သူ့မှာ မနာလိုစိတ် မခံစားရပါဘူး။

သူက သူ အရမ်းနှေးကွေးတယ်လို့ပဲ ခံစားရတယ်။

"အစ်မ၊ ရှောင်ဖန်၊ ငါ ယူကျင်း စတုတ္ထအဆင့် ဖြတ်ကျော်သွားတဲ့အကြောင်း သတင်းတွေကိုမပြန့်‌ေစနဲ့နော်!"

ဂျိချန်းဖန် ပြုံးရင်း ပြောလိုက်သည်။

သူ တကယ်တမ်း ဒီစကားကို ပြောင်လှောင်တာပါ၊ ဘာလို့လဲဆိုတော့ ကျန့်လင်းယာ ဘာလို့ သူ့ရဲ့အဆင့် ကို ဒီလောက် အလွန်အမင်း မေးနေရတာလဲ ဆိုတာ ကြာပြီးကတည်းက ခန့်မှန်းထားလို့ပါ။

ဒါက ဟိတ်ဟန်ပြဖို့ပဲ ဖြစ်နိုင်သည်။

သူ ဒါကို ပြောတဲ့အကြောင်းရင်းက ကျန်လင်းယာကို ပြောင်လှောင်ဖို့ပါ။

ဒါပေမယ့် ဘယ်သူက တွေးမိမှာလဲ...

ဂျိချန်းဖန်ရဲ့ စကားကို ကြားပြီးတဲ့နောက်၊ ကျန်းရှောင်ဖန် က ခိုင်မာတဲ့ပုံစံနဲ့ ပြောလိုက်တယ်-

"သတ္တမမြောက် အစ်ကို ၊ မစိုးရိမ်ပါနဲ့! ကျွန်တော် ကျိန်းသေပေါက် ဘယ်သူ့ကိုမှ မပြောပါဘူး! သေသည့်တိုင်အောင် မပြောပါဘူး။"

ဒါကို ကြားလိုက်ရတော့၊ ဂျိချန်းဖန် အံ့အားသင့်သွားတယ်။

ဒါက ကျန်းရှောင်ဖန် ဟုတ်ရဲ့လား?

သေသည့်တိုင်အောင် အခြားသူတွေအတွက် လျှို့ဝှက်ချက်တွေ ထိန်းသိမ်းပေးတယ်။

"ထမ်း—"

ဒီအခိုက်အတန့်မှာပဲ၊ မဝေးလှတဲ့နေရာကနေ ကျောက်ခဲလေးတစ်လုံး ရုတ်တရက် ပျံလာပြီး၊ ကံအားလျော်စွာ ကျန်လင်းယာနဲ့ ကျန်းရှောင်ဖန် ကို ရိုက်ခတ်လိုက်သည်။

"ဘယ်သူလဲ?!"

ကျန့်လင်းယာ စိတ်အနှောင့်အယှက်ဖြစ်ရင်း ကြည့်ရှုလိုက်တယ်။

လှမ်းကြည့်ရင်၊ ကျောက်ခဲလေးတစ်ပုံကို ကိုင်ထားတဲ့ မျောက်ကလေးတစ်ကောင် ကို မြင်ရတယ်၊ သူ့ရဲ့ တောက်ပတဲ့ မျက်လုံးတွေက သူတို့ကို ကစားစရာလို ကြည့်နေ၏။

မျောက်ကလေးရဲ့ မျက်လုံးတွေက ထူးခြားစွာ တောက်ပနေပြီး ၊ သူ့နဖူးမှာ တတိယမျက်လုံးတစ်လုံး ရှိနေတယ်၊ ဒါပေမယ့် အဲဒီမျက်လုံးက မဖွင့်ရသေးဘူး... ဆက်လက်တင်းကျပ်စွာ ပိတ်ထားဆဲပါ။

"အိုး?" ဂျိချန်းဖန် နည်းနည်းလေး အံ့အားသင့်သွားသည်။

မျက်လုံးသုံးလုံးပါတဲ့ စိတ်ဝိဉာဏ်မျောက် ရှောင်ဟွေ့ ?

သူ ဒီမှာ ကြုံတွေ့လိုက်ရသလား?

"မျောက်ယုတ်မာ! မပြေးနဲ့!"

ကျန့်လင်းယာ ဒေါသထွက်ရင်း ရှောင်ဟွေ့ နောက်ကို လိုက်တယ်။

ကျန်းရှောင်ဖန်လည်း နည်းနည်းလေး ဒေါသထွက်တယ်။

နှေးကွေးတာက တစ်မျိုး၊ မျောက်တစ်ကောင်ဆီက အနိုင်မခံရဘူးလေ!

"အစ်မ၊ ကျွန်တော့်ကို စောင့်ပါ!"

သူတို့နှစ်ယောက်က ရှောင်ဟွေ့ (မျောက်) နောက်ကို တူတူ လိုက်တယ်။

ဒါကို မြင်တွေ့ရတော့၊ ဂျိချန်းဖန် မလိုက်ချင်လိုက်ချင်နောက်က လိုက်သွားသည်။

သူ ဖြစ်လာမယ့်အရာကို ဖြစ်နိုင်တာက သိပြီးသားပါ။

...

ကျိန်းသေပေါက်၊ ဂျိချန်းဖန် ကျန်လင်းယာနဲ့ ကျန်းရှောင်ဖန် ကို လိုက်မိသောအခါ၊ သူတို့ ဝါးတောရဲ့ အနက်ပိုင်းကို ရောက်နေပါပြီ။

အမှောင် စိတ်ဆန္ဒလွှမ်းမိုးမှု အော်ရာ တစ်ခုက ဒေသတစ်ခုလုံးကို ပျံ့နှံ့နေသည်။

တစ်ချိန်တည်းမှာပဲ၊ မှန်းဆရခက်တဲ့ သရဲချီ တစ်မျှင်လောက် ရှိနေသည်။...

"အစ်မ ဒီမျောက်ယုတ်မာ ဘယ်ကို ပြေးသွားတာလဲ?"

ကျန့်လင်းယာ က လက်ကို ခါးမှာထောက်ပြီး ဒေါသထွက်ရင်း ပြောလိုက်တယ်။

"ထမ်း—"

ဒီအခိုက်အတန့်မှာပဲ၊ နောက်ထပ် ကျောက်ခဲလေးတစ်လုံး ပျံလာသည်။

"ဟီဟီဟီဟီ!"

မျက်လုံးသုံးလုံးပါတဲ့ မျောက် ရှောင်ဟွေ့ က သစ်ပင်ကြီးတစ်ပင် နောက်မှာ ပုန်းပြီး ကျန်လင်းယာတို့ကို မျက်နှာအမျိုးမျိုးပြ‌ေနသည်။

"မျောက်ယုတ်မာ! မင်း ဒီမှာ ရပ်!"

ကျန့်လင်းယာရဲ့ စိတ်က ဒေါသတွေ ထွက်နေသည်။

သူမက ဆက်ပြီး အနက်ပိုင်းကို သွားသည်။

"အစ်မ၊ ကျွန်တော့်ကို စောင့်ပါ!" ကျန်းရှောင်ဖန်ကလည်းလိုက်သွားတယ်။

ဒါပေမယ့် မကြာခင်မှာပဲ၊ သူတို့က ရေကန် တစ်ခုကို ရောက်ရှိလာကြတယ်။

"ဟူးးးးးး"

ရေကန်နားကို ချဉ်းကပ်လာတာနဲ့၊ မမြင်ရတဲ့တည်ရှိမှု တစ်ခုက တိုက်ခိုတ်လိုက်ပြီး၊ ချက်ချင်းပဲ ကျန့်လင်းယာကို မူးဝေသွားစေသည်...

"ဘာ...ဘာဖြစ်နေတာလဲ?!"

ကျန်လင်းယာ မူမမှန်တယ်လို့ ခံစားရတာနဲ့၊ သူမက ရေကန်နားမှာ သတိလစ်သွားခဲ့သည်။

မျက်လုံးသုံးလုံး မျောက် ရှောင်ဟွေ့ ကလည်း မဝေးလှတဲ့နေရာမှာ သတိလစ်သွားသည်။

"အစ်မ!" ကျန်းရှောင်ဖန် အော်ဟစ်လိုက်တယ်၊ သူ့မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

သူ့ရဲ့ ကြောက်ရွံ့ပြီး စိတ်ရှုပ်ထွေးနေတဲ့အခြေအနေမှာ၊ သူ့မှာ မူမမှန်တာ ဘာမှ မခံစားရဘူး၊ ပြီးတော့ တိုက်ရိုက်ပဲ ရေကန်ထဲကို ထိုးဆင်းသွားတယ်...

"ဂုံး!"

နောက်တစ်ချက်မှာ၊ ခေါင်းမူးစေတဲ့ ခံစားချက် တစ်ခုက ရိုက်ခတ်လာ၏။

ကျန်းရှောင်ဖန် မြေပေါ်ကို ပြိုလဲသွားတယ်၊ သူ့လက်မောင်းက အကိုင်းအခက်တစ်ခုနဲ့ ဖြတ်မိသွားတယ်။

"ထမ်း—"

နီကြင့်ကြင့်ရောင် သွေး ကျောက်တုံး တစ်လုံးက သူ့ရင်ဘတ်ထဲကနေ ကျသွားပြီး၊ ပြီးတော့ သူ့လက်မောင်းပေါ်ကို လိမ့်ကျလာတယ်။

"ဟစ်!"

ချက်ချင်းပင်၊ သွေးကျောက်တုံးက သူ့သွေးနဲ့ ထိတွေ့တာနဲ့၊ တိုက်ရိုက် သူ့ရဲ့ဆီလ်း တံဆိပ် ကို ဖြတ်ပြီး၊ အဲဒီနေရာမှာပဲ အားကောင်းတဲ့သွေးရောင်ချီကို ပေါက်ကွဲထုတ်လွှတ်လိုက်သည်။

ဒါကို မြင်တွေ့ရတော့၊ ဂျိချန်းဖန် မျက်နှာအမူအရာ မပြောင်းလဲဘဲ၊ သူ့ရဲ့ စိတ်စွမ်းအင်ကို အသုံးပြုပြီး ကျန်လင်းယာကို ရေကန်ရဲ့ အပြင်ကို ရွှေ့လိုက်သည်၊ ပြီးတော့ မျက်လုံးသုံးလုံး မျောက် ရှောင်ဟွေ့ ကိုလည်း အပြင်ကို ရွှေ့လိုက်သည်။

ဒါအားလုံး လုပ်ပြီးတဲ့နောက်၊ သူက ရိုးရိုးလေးပဲ ကျန်းရှောင်ဖန် သွေးမှော်ပစ္စည်း ကို သန့်စင်အောင်လုပ်နေတာကို ကြည့်နေလိုက်သည်။

"ဝမ်...."

သွေး ကျောက်တုံး က အားကောင်းတဲ့ သွေးရောင်အရည်အသွေး ကို ပေါက်ကွဲထုတ်လွှတ်လိုက်တယ်။

တဒင်္ဂအတွင်းမှာပဲ၊ ရေကန်အောက်ကြမ်းပြင်က ဝိညာဉ်ဖမ်းတောင်ဝှေးက လန့်သွားတယ်။

ထိပ်တန်း မှော်ပစ္စည်း နှစ်ခုက အဲဒီနေရာမှာပဲ တိုက်မိကြသည်။

သွေး ကျောက်တုံး က ကျန်းရှောင်ဖန် ရဲ့ သွေးကို ဆက်တိုက် စုပ်ယူပြီး၊ ပြီးတော့ ဝိညာဉ်ဖမ်း တောင်ဝှေးကို အင်အားသုံးပြီး ဖိနှိပ်လိုက်သည်။

ဒါပေမယ့် ရုတ်တရက်၊ ဝိညာဉ်ဖမ်း တောင်ဝှေး က အံ့အားသင့်ဖွယ် သရဲချီ ကို ပေါက်ကွဲထုတ်လွှတ်လိုက်ပြီး၊ သွေး ကျောက်တုံးကို ပြန်ဖိနှိပ်လိုက်တယ်...

"ဟစ် ဟစ်~"

ထိပ်တန်း မှော်ပစ္စည်း နှစ်ခုက ဆက်တိုက် ပေါင်းစပ်ခြင်း ဖြစ်ပျက်နေ၏။

နောက်ဆုံးမှာတော့ ဝိညာဉ်ဝါးမျို‌ေတာင်‌ေဝှးက ကိုးကောင်းကင် နတ်လက်နက် ထက်တောင် ပိုအားကောင်းတဲ့ မှော်ပစ္စည်း တစ်မျိုး ဖြစ်လာခဲ့သည်။!!

【ထိပ်တန်း မကောင်းဆိုးဝါး မှော်ပစ္စည်း နှစ်ခု ပေါင်းစပ်ခြင်း ကို သင်လေ့လာကြည့်ရင်း၊ မကောင်းဆိုးဝါးချီ နှင့် မကောင်းဆိုးဝါးအော်ရာ တို့က လူ့ခန္ဓာကိုယ်ကို ကြီးမားစွာ ထိခိုက်စေသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့်မကောင်းဆိုးဝါး ချီ နှင့် မကောင်းဆိုးဝါး ကို ဖယ်ရှားနိုင်သော ကျင့်ကြံနည်းလမ်း တစ်ခုကို သင်ဖန်တီးလိုက်သည်— ရေခဲနှလုံးသား ဆုဒြာ!】

စနစ် အသံက ဂျိချန်းဖန် ရဲ့ ဦးနှောက်ထဲမှာ ပဲ့တင်ထပ်နေတယ်။

နောက်တစ်ချက်မှာ၊ နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေ တစ်ခုက ဂျိချန်းဖန် ခံစားလိုက်ရသည်။

ဉာဏ်အလင်းပွင့်ခြင်း! နောက်တစ်ကြိမ် ဉာဏ်အလင်းပွင့်ခြင်း ပြန်ဖြစ်သွားပြီ!

All Chapters