သွားကြရအောင်! ကျွန်တော်တို့ ရှောင်ကျူးတောင်ထိပ်ကို သွားရမယ်!
Vol. 2 Ch. 11
အခု ဒီအချိန်မှာပဲ...
ကျန့်လင်းအာ နဲ့ ကျန်းရှောင်ဖန် တို့လည်း သတိလစ်ရာကနေ နိုးထလာခဲ့ကြသည်။
နှစ်ယောက်လုံးဟာ ခေါင်းငုံ့ပြီး ခန်းမကြီးရဲ့ရှေ့မှာ ရပ်နေကြသည်။
စကားတစ်ခွန်းမှ မပြောရဲကြ ပေ။
သိသာနေပါသည်။
သူတို့ဟာ ဒုက္ခေရာက်အောင် လုပ်မိလိုက်ကြောင်း သိသွားကြလို့ပါပဲ။
“ဟမ်!” ကျန့်ပူယီက အေးစက်စက်နဲ့ ပြတ်ပြတ်သားသား ဆူပူလိုက်သည်။ “ကျင်းယွမ်ကလန်ရဲ့ တပည့်ရင်းဖြစ်ပြီး မျောက်တစ်ကောင် လက်ချက်နဲ့ လှည့်စားခံရတယ်ဆိုတာ ရှက်စရာကြီးပါလား!”
ကျန့်လင်းအာက ငယ်စဉ်ကစ၍ အခုချိန်ထိ ဒီလို ဆူပူခံရခြင်းဟာ ပထမဆုံးအကြိမ်ပင်။
“ငါေပြာတာ မဟုတ်ဘူးလား?”
ကျန့်ပူယီရဲ့ စကားလုံးတွေက အနည်းငယ် ကြမ်းမ်းနေခဲ့သည်။
မျက်ရည်စက်လေးတွေ မျက်လုံးထဲမှာ ဝိုးတိုးဝါးတား ဖြစ်လာခဲ့သည်။
တစ်စက်... နှစ်စက်...
မျက်ရည်စက်တွေဟာ ထိန်းမရဘဲ မျက်နှာပေါ်သို့ စီးကျလာခဲ့သည်။
ဒါကို မြင်တော့ စူးရူ သနားစိတ်လေးတွေ ဝင်လာခဲ့၏။
သို့သော် ဘာမှ ဝင်ပြောလို့မရ ပေ။
အဆုံးမှာတော့ ကျန့်လင်းအာ ဟာ ဒုက္ခ ရောက်အောင်တော့ လုပ်မိခဲ့တာပဲမဟုတ်ပါလော...
ကိုယ့်ကိုယ်ကိုယ် ဒီလောက် အန္တရာယ်ထဲ ရောက်အောင် လုပ်ခဲ့မိသည်ကိုး။
*တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင်?*
သေချာတာကတော့...
စူးရူရဲ့ ဆိတ်ဆိတ်နေမှုကြောင့် ဂျိချန်းဖန်ကလည်း ဆိတ်ဆိတ်နေမည်လို့ မဆိုလိုပါ။
သူဟာ ကျန့်လင်းအာလေးရဲ့ မျက်ရည်တွေကို မြင်ရတာ တကယ်မနှစ်သက်လှပေ...
ဒါကြောင့် ဂျိချန်းဖန်က ဝင်ရောက် ဖြန်ဖြေပေးလိုက်သည်။
“ဆရာကြီး၊ ဒေါသမထွက်ပါနဲ့တော့”
“တကယ်တော့ ဒီမျောက်လေးမှာ နောက်ခံဇာတ်လမ်း နည်းနည်းရှိပါတယ်...”
ဒီအချိန်မှာပဲ မျက်လုံးသုံးလုံးပါတဲ့ မျောက်လေး ရှောင်ဟွေ ဟာ ဂျိချန်းဖန်ရဲ့နောက်မှာ တုန်တုန်ရီရီ ဖြစ်နေ၏။
ပတ်ဝန်းကျင်က လူတွေထဲ ဂျိချန်းဖန်ကပဲ သူ့ကို အစကပင် ကယ်တင်ပေးခဲ့သူဖြစ်၍ သူ့ကို လုံခြုံမှုအပြည့်အဝ ပေးနိုင် ပေသည်။
“...” ဂျိချန်းဖန်ရဲ့ စကားကို ကြားပြီးတဲ့နောက် ကျန့်ပူယီဟာ စကားမပြောနိုင်ေတာ့ ပေ။
တုတ်ေချာင်းမဲကလည်း နောက်ခံဇာတ်လမ်းရှိသည်၊ ဒီမျောက်ကလည် နောက်ခံဇာတ်လမ်းရှိ နေသည်။
*ဒါဆို အကောင်းဆုံးအရာတွေအားလုံးက တကျူးတောင်ထိပ်မှာပဲ ရှိနေတာလား?*
*ဒီအကြောင်းကို သူ အရင်က ဘာလို့ မသိခဲ့တာလဲ?*
“ဒါဆိုရင် ပြောစမ်းပါ၊ ဒီမျောက်ရဲ့ နောက်ခံဇာတ်လမ်းက ဘာလဲ?” ကျန့်ပူယီက အေးစက်စက်နဲ့ ပြောလိုက်၏။
ကျန့်လင်းအာက မျက်ေတာင်လေးတွေ ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်သည်။
ငို နေသည်ကို ရပ်လိုက်ပြီး လွန်စွာ လင်းလက်နေသည့် မျက်လုံးလေး တွေဖြင့် ဂျိချန်းဖန်ကို စူးစိုက်ကြည့်နေမိသည်။
ပတ်ဝန်းကျင်မှ တပည့်တွေလည်း အံ့အားသင့်စွာ ကြည့်နေကြ၏။
ဂျိချန်းဖန်က ပြုံးပြုံးလေး ပြောလိုက်သည်-
“ရှေးဟောင်းကျမ်း ‘ နတ်ဘုရားများနှင့်နတ်ဆိုးများဇာတ်လမ်းများ- ဒဏ္ဍာရီလာ တိရစ္ဆာန်များ အခန်း’ မှာ မှတ်တမ်းတင်ထားတာက တောရိုင်း တိရစ္ဆာန်တစ်ကောင်အကြောင်းပါ၊ အဲ့ဒါကို မျက်လုံး ၃ခုမျောက် လို့ ခေါ်ပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာ သာမန်မျောက်နဲ့ တူပေမယ့် နဖူးမှာ တတိယမျက်လုံး ပါရှိပါတယ်၊ ဒါကသူ့ရဲ့ ထူးခြားတဲ့ အမှတ်အသားပါပဲ။ ကြီးပြင်းလာတာနဲ့အမျှ တတိယမျက်လုံးက တဖြည်းဖြည်း ပွင့်လာပြီး ဉာဏ်ရည်ဉာဏ်သွေးလည်း အများကြီး တိုးတက်လာပါတယ်...”
“လူကြီးပိုင်း သုံးမျက်လုံးပါတဲ့ ဝိဉာဉ်မျောက် ဟာ တစ်မိုင်အကွာအဝေးကို မြင်နိုင်တဲ့ အစွမ်းသတ္တိနဲ့ ဓာတ်ကြီးငါးပါးကို ကျွမ်းကျင်စွာ တတ်မြောက်ပါတယ်!”
“တိုက်ခိုက်ရာမှာ အလွန်အားကောင်းပါတယ်!”
ပြောပြီးတဲ့နောက်...
လျိုကျင်းခန်းမ ထဲက လူတွေ အားလုံး ငေးကြောင်ကြောင်ဖြစ်ကုန်ကြသည်။
မျက်လုံး ၃ ခုပါတဲ့ မျောက်လား?!
လူတိုင်းရဲ့ မျက်လုံးတွေဟာ ဂျိချန်းဖန်ရဲ့နောက်က ရှောင်ဟွေ ဆီကို လှည့်သွားကြတယ်၊ အဲ့ဒီမှာ တကယ်ပဲ နဖူးပေါ်က မပွင့်သေးတဲ့ မှိန်းမှိန်းဝါးဝါး မျက်လုံးတစ်လုံး ရှိနေတာ တွေ့လိုက်ကြရသည်။
“ဆရာကြီး၊ ရှောင်ဟွေ ဟာ ကြီးထွားမှုအဆင့်ကို ရောက်သွားတာနဲ့ ကျွန်တော်တို့ တကျူးတောင်ထိပ် ရဲ့ အစောင့်အရှောက်သားရဲ ဖြစ်လာနိုင်ပါတယ်။”
ဂျိချန်းဖန်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ထိုစကားကို ကြားတော့ ကျန့်ပူယီရဲ့ နှုတ်ခမ်းတွေ အနည်းငယ် တုန်ရီသွား၏။
ရှောင်ဟွေ ကို တိတ်တဆိတ် ကြည့်လိုက်ပြီး လက်ေဝှ့ယမ်းကာ၊ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်-
“ထမင်းစားကြရအောင်”
အားလုံး မစားရေသးဘူးဆိုသည်ကို သိလိုက်၏။
သူ ပြန်လာတာကို စောင့်နေခဲ့ကြသည်ကိုး။
ထိုစကားကို ကြားတော့ လူတိုင်း ကိုယ့်နေရာကိုယ် မြန်မြန်ဆန်ဆန် ထိုင်ပြီး စကားမပြောဘဲ စားသောက်လိုက်ကြသည်။
ဂျိချန်းဖန်ဟာ သုံးလေးလလောက် အချိန်ယူထားသည်။လောလောဆယ်အနေဖြင့် ဒူးဘိုင်ရှုရဲ့ ချက်ပြုတ်ထားတာကို အတန်အသင့်စား နိုင်စွမ်းရှိနေပါပြီ။
အနည်းဆုံးတော့ အန်မထုတ် ဖြစ်တော့ပေ။
ဆယ်မိနစ်ကျော်ခန့်ကြာသော်...
ဒီနေ့ နေ့လယ်စာဟာ အဆုံးသတ်သွား ပေတော့မည်။
ကျန့်လင်းအာက ပထမဆုံး ခက်ရင်းနဲ့ ပန်းကန်ကို ချလိုက်သည်။
မျက်လုံးလေးတွေ လှည့်ပတ်ကြည့်ပြီးနောက် ဘေးနားက စူးရူကို လက်ဆွဲပြီး ပြောလိုက်သည်-
“မေမေ၊ မေမေကို ပြောပြချင်တဲ့အရာ တစ်ခုရှိတယ်”ဟု
ပြောပြီးတဲ့နောက်
သူက ဝေးကွာတဲ့နေရာက ဂျိချန်းဖန်ကိုလည်း တစ်ချက်ကြည့်လိုက်သေးသည်။
“!!!”
ဒါကို မြင်တော့ ဂျိချန်းဖန်က မျက်ခုံးလေးတွေ အနည်းငယ် မတင်လိုက်၏။
“အဟွတ်အဟွတ်”
သူက ညင်သာစွာ ချောင်းဆိုးလိုက်မိသည်။
ကျန့်လင်းအာကို သီးသန့်တွေ့ဆုံပြီးသာ ပြောဖို့ သတိပေးချင်၏။
သို့သော် ကံမကောင်းလှပေ...
ကျန့်လင်းအာက တစ်ခါတည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ဂျိချန်းဖန်က ရှောင်ကျူးတောင်ထိပ် ကို သွားချင်တယ်လို့ ပြောပြီး နောက်တစ်ခါ လိုက်လာလို့ရမလားလို့ မေးတယ်”
“…”
ဂျိချန်းဖန်က တိတ်တဆိတ် ခက်ရင်းခွနဲ့ ပန်းကန်ကို ချလိုက်သည်။
*လုပ်ရမှာပဲ။*
*လူ့ဘောင်အသိုင်းအဝိုင်းကတော့ သွားပြီ။*
ဒီစကားကို ကြားတော့ ပတ်ဝန်းကျင်က တပည့်တွေအားလုံး သူ့ဆီကို လှည့်ကြည့်လိုက်ကြသည်။
အံ့အားသင့်စွာနဲ့ ဂျိချန်းဖန်ကို ကြည့်ပြီး တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြသည်-
“ဟေ့၊ သတ္တမမြောက် ညီငယ်၊ မင်းက ဒီလိုလူမျိုးဖြစ်မယ်လို့ ငါ မထင်မိခဲ့ဘူးဟေ့?”
“သတ္တမမြောက် ညီငယ်၊ ရှောင်ကျူးတောင်ထိပ်ကို ယောက်ျားအားလုံး ဝင်ခွင့်မရှိဘူးဆိုတာ မင်းမသိဘူးလား?!”
“ဟုတ်တယ်!”
“သတ္တမမြောက် ညီငယ်၊ မင်းရဲ့အတွေးကို စွန့်လွှတ်လိုက်ပါတော့!”
အခြား တပည့်တွေအားလုံးထံမှ ရယ်မောသံတွေ ထွက်လာကြ၏။
ခဏကြာတော့...
အားလုံး ဆရာမကြီး စူးရူဆီကို လှည့်ကြည့်လိုက်ကြသည်၊ သူမက ဂျိချန်းဖန်ကို ငြင်းပယ်မည်ဟု မျှော်လင့်နေကြ၏။
ဒါပေမယ့် ထူးဆန်းစွာပဲ...
စူးရူက ငြင်းပယ်ခြင်း မပြုခဲ့ ပေ။
သူမက ဂျိချန်းဖန်ကို နူးညံ့စွာ ကြည့်လိုက်၏၊ ပြီးနောက် ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်- “ချန်းဖန်၊ ဘာလို့ ရှောင်ကျူးတောင်ထိပ်ကို သွားချင်ရတာလဲ?”
ဒီစကားကို ကြားတော့ ဂျိချန်းဖန်က မျက်ခုံးလေးတွေ အနည်းငယ် မတင်လိုက်၏။ စူးရူကို ရိုသေစွာ ထပြီး ပြောလိုက်သည်- “ဆရာမကြီး၊ တကယ်တမ်းပြောရရင်...”
“ကျွန်တော် တောင်ကျီးတုန်းတောင်ထိပ်မှာ တိမ်တောင်တွေကို မြင်တဲ့အခါ နည်းနည်းလေး ဉာဏ်အလင်းရခဲ့ပါတယ်၊ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ကျွန်တော် လုံးဝနားလည်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကျင်းယွမ်ကလန်ရဲ့ အလှတရား ခုနှစ်ပါးထဲက တစ်ခုဖြစ်တဲ့ ရှောင်ကျူးတောင်ထိပ်က လကြည့်မျှော်စင်ကို သွားကြည့်ပြီး အတွေးအမြင်တစ်ခုခု ရလာနိုင်မလားဆိုတာ စမ်းကြည့်ချင်တာပါ”
*အဟိ...*
*လုရွယ်ချီ ကိုလည်း အဲ့ဒီမှာ သွားကြည့်တာေပါ့။*
“လကြည့်မျှော်စင်?” စူးရူက အနည်းငယ်တော့ အံ့အားသင့်သွား၏။
တဒင်္ဂလောက် မတွေးနိုင်ဖြစ်နေပြီးတဲ့နောက် ဂျိချန်းဖန်ကထပ် ပြောလိုက်သည်- “ဆရာကြီး၊ ဆရာမကြီး၊ အမှန်အတိုင်း ပြောရရင်...”
“တောင်ကျီးတုန်းတောင်ထိပ်မှာ တိမ်တောင်တစ်ခုလုံးကို မြင်တဲ့အခါ ကျွန်တော် နည်းနည်းလေး ဉာဏ်အလင်းရခဲ့တယ်၊ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ကျွန်တော် လုံးဝနားလည်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကျင်းယွမ်ကလန်ရဲ့ အလှတရား ခုနှစ်ပါးထဲက တစ်ခုဖြစ်တဲ့ ရှောင်ကျူးတောင်ထိပ်က လကြည့်မျှော်စင်ကို သွားကြည့်ပြီး အတွေးအမြင်တစ်ခုခု ရနိုင်မလားဆိုတာကို ကြည့်ချင်တာပါ”
ဒီစကားလုံးတွေကိုသာထပ် ပြောလိုက်သည်။
လူတိုင်း ငေးကြောင်ကုန်ကြသည်။
*ဟေ့ကောင်၊ မင်းက လူသားလား?*
*ပြီးတော့ အခုလည်း ‘နည်းနည်းလေး ဉာဏ်အလင်းရ’ ပြန်ပြီဟုတ်လား?!*
ကျန့်ပူယီရဲ့ မျက်လုံးတွေ ရုတ်တရက် လင်းလက်သွားပြီး ဂျိချန်းဖန်ကို မျှော်လင့်ချက်ဖြင့် ကြည့်ကာ ပြောလိုက်သည်-
“သတ္တမမြောက် ညီငယ်၊ ဘာ... ဘာကို နားလည်သဘောပေါက်သွားတာလဲ?”
ဂျိချန်းဖန်က အေးဆေးတည်ငြိမ်စွာနဲ့ ပြောလိုက်သည်- “ဓားပညာပါ၊ မပြည့်စုံသေးတဲ့ ဓားပညာတစ်မျိုးပါ!”
စကားလုံးတွေနဲ့ ပြောပြီးသွားသည်နှင့်...
“ဟူး---“
မပြည့်စုံတဲ့ ဓားရည်ရွယ်ချက်တစ်ခုဟာ ဂျိချန်းဖန်ရဲ့ခန္ဓာကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
ဓားတစ်လက်နဲ့ကောင်းကင်တံခါးကို ဖွင့်မယ်!
ဂျိချန်းဖန်ဟာ ဒီဓားပညာကို အချိန်ကြာမြင့်စွာကတည်းကပင် ကျွမ်းကျင်အောင် လေ့ကျင့်ထားပြီးသားပါ။
သို့သော် သူ အခု အသုံးမပြုနိုင်ေသးေပ။
သူ့ကျင့်ကြံခြင်း က အရမ်းနိမ့်နေ သေးလို့ပါ။
ဒါကြောင့် လိမ်ညာဖို့အတွက်သာ သုံးလိုက်ရတာပါ။
“ဟေ့---“
ဂျိချန်းဖန်ဆီမှ ထွက်လာသည့် ကြောက်မက်ဖွယ် ဓားရည်ရွယ်ချက်ကို ခံစားမိတာနဲ့ ကျန့်ပူယီက ချက်ချင်း စိတ်လှုပ်ရှားစွာ ထလိုက်မိသည်။
“ဒီဓားရည်ရွယ်ချက်က...”
ကျန့်ပူယီရဲ့ မျက်လုံးထဲမှာတော့ အံ့အားသင့်စွာ လင်းလက်မှုတစ်ခု တခဏမျှ ဖြစ်သွားသည်။
သူ သေချာနေ၏။
ဒီဓားပညာကို ပြည့်စုံအောင် ဖော်ပြနိုင်ခဲ့မည်ဆိုလျှင်...
ဒါဟာ ကျင်းယွမ်ကလန်ရဲ့ ဘယ်ဓားပညာမှ ယှဉ်လို့ရမည်မဟုတ်ပေ...
မိုးကြိုးဓားကျင့်စဉ် လို နတ်ဓားပညာတောင်...
ဒါနဲ့ ယှဉ်လို့ မရနိုင်ေပ။
“သွား……!”
“ကျွန်တော်တို့ ရှောင်ကျူးတောင်ထိပ်ကို သွားရမယ်!”
“ညီမငယ်၊ ငါ လုပ်ထားတဲ့မုန့် တစ်ချို့ယူသွား။ ဒီနေ့ သတ္တမမြောက် ညီငယ်ကို ရှောင်ကျူးတောင်ထိပ်ကို ခေါ်သွား။ သူဒီ မပြည့်စုံတဲ့ဓားပညာကို လုံးဝနားလည်အောင် လုပ်ပေးရမယ်...”
ကျန့်ပူယီ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဒါကို မြင်တော့ ပတ်ဝန်းကျင်က တပည့်တွေအားလုံး ချက်ချင်း ကြောင်ငေးကုန်ကြ၏။
ဒါဆိုရင်...
ပါရမီရှင်တွေနဲ့ သာမန်လူတွေကြားက ကွဲပြားခြားနားမှုက ဤမျှကြီးမားပါသလား။
စုန့်ဒါရန် က စူးရူကို မျှော်လင့်တကြီး ကြည့်ရှုနေ၏၊ မျက်နှာ ပူပူဖြင့် ရှက်ကြောက်စွာပြောလိုက်သည်-
“ဆရာမကြီး၊ ဒီတပည့်လည်း ရှောင်ကျူးတောင်ထိပ်ကို လိုက်ချင်ပါတယ်”
သူ ရှောင်ကျူးတောင်ထိပ်က စီနီယာအမ ဝမ်မင်း ကို မတွေ့ရသည်မှာနှစ်ပေါင်း ခြောက်ဆယ်ခန့်ကြာနေပေပြီ။
*သိပ်လွမ်းတယ်*
“ဘယ်ကိုသွားမှာ?”
စူးရူ စကားမပြောခင်မှာပဲ ကျန့်ပူယီက အော်လိုက်၏- “မင်းတို့အားလုံး တကျူးတောင်ထိပ် မှာပဲ နေပြီး ကောင်းကောင်း ကျင့်ကြံ နေကြ!”
ဒီစကားကို ကြားတော့ လူတိုင်း ချက်ချင်း စကားများကုန်ကြ၏။
သို့သော် သူတို့က စူးရူကို မျှော်လင့်တကြီး ကြည့်နေကြတုန်းပင်။
သို့သော် ဝမ်းနည်းစရာပါပဲ။
စူးရူက ဝမ်းနည်းစွာ ခေါင်းခါလိုက်သည်။
ချန်းဖန်မှာ ငယ်ရွယ်သေးသဖြင့် ရှောင်ကျူးတောင်ထိပ်ကို သွားသည်က သူ့အတွက် ဘာမှ မဟုတ် ပေ၊ နောက်ပြီး သူက အလုပ်ကြီးကြီးမားမားလုပ်ဖို့ သွားခြင်းပင်။
မင်းတို့ကရော?
မိန်းကလေးတွေ ကြည့်ဖို့ သွားတာလား?