← Chapters

ရှောင်ကျူးတောင်ထိပ် ဆီသို့!

Vol. 2 Ch. 12

ရှောင်ကျူးတောင်ထိပ် ဆီသို့!

Vol. 2 Ch. 12

နေ့လယ်စာ စားပြီးနောက်...

တပည့်တွေအားလုံး စူးရူနှင့် ဂျိချန်းဖန်ကို မျှော်လင့်တကြီးဖြင့် ကြည့်နေကြသည်။

စူးရူက တက်ကြွနေတဲ့ တပည့်တွေအုပ်စုများကို လျစ်လျူရှုပြီး သူ့ဘေးက ဂျိချန်းဖန်ကို လှည့်ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်-

“ချန်းဖန်၊သွား ပြင်ဆင်ခဲ့”

“လင်းအာ နဲ့ ငါ ဒီမှာ မိနစ်သုံးဆယ်လောက် စောင့်နေမယ်”

ထိုစကားကို ကြားတော့ ဂျိချန်းဖန် အနည်းငယ် အံ့အားသင့်သွားသည်။

*ပြင်ဆင်ရမယ်?*

*ဘာတွေ ပြင်ဆင်ရမှာလဲ?*

*ရေချိုးပြီး အဝတ်အစားလဲရမှာလား?*

ဟုတ်ပြီ...

ကောင်းပြီ။

“ဟုတ်ကဲ့ပါ ဆရာမကြီး” ဂျိချန်းဖန်က ဦးညွှတ်လိုက်သည်။

ပြီးတော့ လှည့်ပြီး လျိုကျင်းခန်းမ မှ ထွက်ခွာသွား၏။

ဒီဖြစ်ရပ်က တပည့်တွေအားလုံးကို မနာလိုဖြစ်စေခဲ့ပေသည်။

ရှောင်ကျူးတောင်ထိပ်မှာ မိန်းကလေး တွေကို မကြည့်ဘူးလို့တောင် မင်းပြောရဲသေးတယ်?

အမ်းးးး

ထိုအချိန်မှာပင် စုန့်ဒါရန် ၏ မျက်နှာပေါ်၌ မသေချာမှုတစ်ခု ပေါ်လာ၏။

သူ့မျက်နှာပေါ်က အရှက်ကို ဖိနှိပ်ပြီး ထလိုက်သည်။၊ ကျန့်ပူယီနဲ့ စူးရူကို ဦးညွှတ်ကာ ပြောလိုက်၏

“ဆရာကြီး၊ ဆရာမကြီး၊ ကျွန်တော် သတ္တမမြောက် ညီငယ်နဲ့ စကားနည်းနည်းပြောဖို့ သွားလို့ရမလား...”

ကျန့်ပူယီက အေးဆေးတည်ငြိမ်စွာ လက်ဖက်ရည်သောက်နေလိုက်ပြီး မည်သည့်တုံ့ပြန်မှုမှ မပြုခဲ့ ပေ။

စူးရူက အနည်းငယ် ပြုံးပြီး ပြောလိုက်သည်- “သွားပါ”

စကားလုံးတွေ မဆုံးခင်မှာပဲ...

စုန့်ဒါရန် က လျိုကျင်းခန်းမကနေ ချက်ချင်း ပြေးထွက်သွားသည်။

*သူ ဂျိချန်းဖန်ကို ဘာပြောချင်တာလဲ? သူက ဂျိချန်းဖန်ကို ရှောင်ကျူးတောင်ထိပ်က တစ်ယောက်ယောက်ဆီကို ပန်းတွေပို့ခိုင်းချင်တာပါ...*

သူက အရင်က ကျန့်လင်းအာကို ဒီအလုပ်လုပ်ခိုင်းဖို့ ကြံစည်ခဲ့ပါသည်။သို့သော် သူ့ညီမငယ် လင်းအာက အရမ်းငယ်ပြီး မရင့်ကျက်‌ေသးတာကို ထည့်သွင်းစဉ်းစားရင် သူ မနှစ်သက်စရာ စကားတစ်ခုခု ပြောမိမှာကို စိုးရိမ်နေသည်။

သူမ က ကိုင်တွယ်ရခက်‌ ပေသည်။

ဒါပေမယ့် ဂျိချန်းဖန်ကတော့ မတူ ပေ!

သူက ကျန့်လင်းအာထက် အသက်အများကြီး မကြီးပေမယ့်...

ဂျိချန်းဖန်က ပိုစိတ်ချရ ပေသည်!

ပြီးတော့ သူ့က အတင်းမ‌ေပြာတတ်ပါ။

အနည်းဆုံးတော့ စုန့်ဒါရန် က ဂျိချန်းဖန်ရဲ့ အားနည်းချက်တွေ ကိုမမြင်ခဲ့ချေ

“ဟေ့~”

“အစ်ကို၊ အစ်ကိုက ကျွန်တော်တို့ကို စွန့်ပစ်မှာလား?”

“အစ်ကို၊ ပြန်လာပါ! အစ်ကိုမပါရင် ကျွန်တော်တို့ ဘယ်လိုနေရမှာလဲ?”

“ဟုတ်တယ်၊ ဟုတ်တယ်! ရှောင်ကျူးတောင်ထိပ်ကို ဘာအံ့သြစရာရှိလို့လဲ? အစ်ကို၊ အဲ့လိုမပြောနဲ့...”

တပည့်တွေက လျိုကျင်းခန်းမထဲမှာ ငိုကြွေးနေကြသည်။

စုန့်ဒါရန် က ဂျိချန်းဖန်ကို ဘာကြောင့် ရှာဖွေခဲ့တယ်ဆိုတာ သူတို့သေချာပေါက် သိကြ ပေသည်။

သူလိုချင်တာ ဂျိချန်းဖန်ကို သုံးပြီး ရှောင်ကျူးတောင်ထိပ်က စီနီယာအမ ဝမ်မင် ကို စကားနည်းနည်းပြောခိုင်းပြီး ခံစားချက်ဖလှယ်ခိုင်း‌ စေချင်တာပါ...

ယခင်က တောင်ခုနစ်ခုသိုင်းပြိုင်ပွဲတွင်သူတို့နှစ်ယောက် ချစ်ခင် မြတ်နိုးစွာအပြန်အလှန် ကြည့်နေခဲ့ကြ ပေသည်...

ဘေးနား ရပ်နေသည့် ကျန့်လင်းအာက စုန့်ဒါရန် ရဲ့ ဂုဏ်ယူစရာ လုပ်ရပ်တွေကို မသိသေးပါ။ သူ့အစ်ကိုတွေကို မေးခွန်းတွေမေးပြီး လိုက်နှောင့်ယှက်နေပေသည်။

သို့သော် စီနီယာတွေ မရှင်းပြခင်မှာပဲ...

စူးရူက ပထမဆုံး ဆူပူလိုက်သည်- “လင်းအာ၊ လာစမ်း!”

ကျန့်လင်းအာက အရမ်းငယ်သေး ပေသည်။

သူမ မသိသင့်တဲ့ အရာ အချို့ရှိ ပေသည်။

ပြီးတော့ သူမက မိန်းကလေးပင်...

ဒါက ပို၍ပင် အဆင်မပြေချေ။

“အိုး~” ကျန့်လင်းအာက နှုတ်ခမ်းကို စူပြီး မတတ်သာဘဲ စူးရူဆီ ပြန်လာခဲ့သည်၊ သူကသူ့စီနီယာ‌တွေကို မျှော်လင့်ချက်တကြီး ကြည့်နေလိုက်သည်။

သို့သော် ကံမကောင်းစွာပင်...

ဆရာမကြီး စူးရူရဲ့ ညွှန်ကြားချက်နှင့်အတူ...

အခြားတပည့်တွေကလည်း ကျန့်လင်းအာကို မပြောပြရဲကြ‌ ချေ။

ကျန်းရှောင်ဖန်က တစ်ယောက်တည်း ထောင့်တစ်ခုမှာ ထိုင်နေ၏။

သူ့အစ်ကိုများ၏စကားပြောဆိုမှုကို အားကျစွာနဲ့ ကြည့်ရှုနေပြီး စကားတစ်ခွန်းနှစ်ခွန်း ဝင်ပြောချင်တိုင်း ဘာပြောရမှန်းမသိဖြစ်နေသည်။

ဒူးဘိုင်ရှုက ကျန်းရှောင်ဖန်ရဲ့ တစ်ကိုယ်တည်းဖြစ်နေမှုကို သတိပြုမိသည်။

သူက ညင်သာစွာ ရယ်မောလိုက်တယ်၊ ပြီးတော့ ပေါ့ပေါ့ပါးပါးစကားလုံးတစ်ခုနဲ့ ကျန်းရှောင်ဖန်ကို စကားပြောခန်းထဲ ဆွဲသွင်းလိုက်သည်-

“ရှောင်ဖန်၊ အစ်ကိုက ဘာကြောင့် သတ္တမမြောက် ညီငယ်ကို ရှာတာလဲ သိချင်လား?”

“ဘာအတွက်လဲ?” ကျန်းရှောင်ဖန်ရဲ့ မျက်လုံးတွေထဲမှာ စူးစမ်းလိုစိတ်တစ်ခု ပေါ်လာသည်။

ဟီးဟီး~

“မင်းကို ပြောပြလို့မရတာမဟုတ်ဘူး၊ ဒါပေမယ့် မင်းက ငါ့အတွက် ညစာချက်ပေးမယ်ဆိုရင်တော့...”

…

…

တစ်ခြားတစ်ဖက်မှာ...

စုန့်ဒါရန် က ဂျိချန်းဖန်ကို လိုက်မှီသွားသည်။

သူက နည်းနည်းတော့ မသက်မသာဖြစ်နေပြီး ပြောလိုက်သည်- “သတ္တမမြောက် ညီငယ်၊ မင်းကို အကူအညီတစ်ခု တောင်းလို့ရမလား?”

“ဟမ်? ဘာလဲ? ပွင့်ပွင့်လင်းလင်း ပြောပါ၊ အစ်ကို” ဂျိချန်းဖန်က နည်းနည်းလေး ပြုံးလိုက်သည်။

စုန့်ဒါရန် ရဲ့ မျက်နှာနီရဲနေမှုကို သူကြည့်လိုက်သည်။

ဘာအကြောင်းလဲဆိုတာ အကြမ်းဖျင်း သဘောပေါက်သွား၏။

“သွားရင်းနဲ့ ပြောကြရအောင်” စုန့်ဒါရန် က မသေချာမရေရာနဲ့ ပြောလိုက်သည်၊ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး တစ်ယောက်ယောက် မရှိမှန်းသေချာမှ ဂျိချန်းဖန်ကို ဘေးတစ်ဖက်သို့ ဆွဲ‌ေခါ်ပြီး တိုးတိုးပြောလိုက်သည်။

“အဟွတ်အဟွတ်…..၊ အကြောင်းက တကယ်တော့ ဒီလိုပါ”

“အစ်ကို အရင်က တောင်ခုနှစ်လုံးသိုင်းပြိုင်ပွဲမှာ ပါဝင်ခဲ့တယ်။ အဲ့အချိန်တုန်းက...”

“ရှောင်ကျူးတောင်ထိပ်က ညီမဝမ်မင် နဲ့ တစ်ခါတွေ့ခဲ့တယ်၊ အဲ့ဒီကတည်းက နှစ်ပေါင်း ခြောက်ဆယ်နီးပါး ကြာသွားခဲ့ပြီ။ ဒါကြောင့် သတ္တမမြောက် ညီငယ်ကို မေတ္တာရပ်ခံချင်တာက ညီမလေး ဝမ်မင် ကို ငါ့စကား ပြောပေးပါ”

“ပြော‌ေပးပါမယ်-“

“ညီမ ဝမ်မင် ခုကော ဘယ်လိုနေ သေးလဲ?”

စုန့်ဒါရန် ထိုစကားလုံးများ ပြောပြီးနောက် ရှက်ကိုးရှက်ကန်း ဖြစ်သွား ပေသည်။

ထိုသို့ ရုတ်တရက် ဖြစ်လာသည်မဟုတ်ပါက...

ဒီအတွက် စာရေးဖို့တောင် သူ စဉ်းစားခဲ့ ပေသည်။

ဒီစကားကို ကြားတော့ ဂျိချန်းဖန်က ပြုံးပြုံးလေး ပြောလိုက်၏။

“ပြဿနာ မရှိပါဘူး”

“အစ်ကို ဒါရန်၊ ဒါကို ကျွန်တော့်တာဝန် ထားခဲ့ပါ”

“ကောင်းပြီ! ဒါဆိုရင် သတ္တမမြောက် ညီငယ်တာဝန် ထားခဲ့မယ်!” စုန့်ဒါရန် ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုရဲ့အရိပ်အယောင် ကိုမြင်လိုက်ရ၏။

အမှန်ပင် သတ္တမမြောက် ညီငယ်ကို ရှာဖွေတာဟာ မှန်ကန်တဲ့ ရွေးချယ်မှုပင်။

အနည်းဆုံးတော့ ဂျိချန်းဖန်က ဒီအကြောင်း ကြားပြီးတဲ့နောက် သူ့ကို လှောင်ပြောင်တာ မရှိခဲ့ချေ။

တခြားတပည့်တွေသာ ဖြစ်ခဲ့သော်...

ဒါက သူ့တို့ကို ပြုံးစိပြုံးစီဖြစ် စေမှာ သေချာပေသည်...

သို့‌ေသာ် ချန်းဖန်ကတော့ မတူပေ။

သူက တခြားသူတွေအကြောင်း ပြောရတာ မကြိုက် ပေ။

လူတိုင်း ထိုအရာကို သိနိုင်သည်။

အလားတူပဲ၊ ဂျိချန်းဖန်က ပေါင်းသင်းရလည်း အလွန်လွယ်ကူ ပေသည်။

သူက ပါရမီရှင်တစ်ယောက်ဖြစ်ပေမယ့် ပါရမီရှင်ရဲ့ ဟန်ပန် လုံးဝမရှိဘဲ သူတို့နဲ့ အလွယ်တကူ ရောနှောနေထိုင်နိုင် ပေသည်...

“သတ္တမမြောက် ညီငယ်၊ မင်း အဆင်သင့်ဖြစ်အောင် အချိန်ယူလို့ရတယ်၊ ငါ မင်းကို နောက်ထပ် မနှောင့်ယှက်တော့ဘူး” စုန့်ဒါရန် က ရိုးသားတဲ့ အပြုံးနဲ့ ပြောလိုက်သည်။

“ဟုတ်ကဲ့ “ ဂျိချန်းဖန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

သူတို့က ပြင်ဆင်ဖို့ ပြောခဲ့၏။

သို့သော် ပြင်ဆင်စရာ ဘာမှ မရှိလှ‌ေပ။

အများဆုံးအနေဖြင့် ရေချိုးရ ပေမည်။

အဓိကအချက်မှာ ဆရာမကြီး စူးရူ ပြင်ဆင်ပြီးသည်ကို စောင့်နေခြင်းပင်...

ဤသို့မဟုတ်ပါက မိနစ်သုံးဆယ်ကြာမှာလား?

ဂျိချန်းဖန် ကိုယ်ခန္ဓာက အရေပြားအလွှာတစ်ခုချင်းစီကို ပွတ်တိုက်ပစ်လျင်တောင် မိနစ်သုံးဆယ် ကြာမည်မဟုတ် ပေ။

ဒါကြောင့်...

ကိုင်တွယ်ဖြေရှင်းဖို့လိုတာက ဂျိချန်းဖန်မဟုတ်ပါ။

တကယ်က ဆရာမကြီး စူးရူ ပါ။

ဂျိချန်းဖန်က ဆယ်မိနစ်လောက် မြန်မြန်ရေချိုးပြီး အိပ်ရာပေါ်မှာ တင်ပျဉ်ခွေကာ ထိုင်ပြီး တိတ်တဆိတ် သူ့ရဲ့ ကျင့်ကြံခြင်းကို စတင်ခဲ့သည်။

သူက ဂရုတစိုက် အချိန်ကိုက်ခဲ့ ပေသည်။မိနစ်သုံးဆယ် နီးပါးရှိပြီလို့ ခန့်မှန်းမိတာနှင့်ထပြီး လျိုကျင်းခန်းမကို ဦးတည်သွားခဲ့၏။

လျိုကျင်းခန်းမရောက်တော့...

စူးရူက အဝေးတစ်နေရာမှာ ရပ်နေပြီး ကျန့်လင်းအာရဲ့လက်ကို ကိုင်ကာ သူ့ကို ပြုံးပြနေ၏။

“ချန်းဖန်၊ ရောက်ပြီလား?”

စူးရူက အစိမ်းရင့်ရောင် အင်္ကျီကိုဝတ်ထား၍၊ နူးညံ့သွမ်‌ေမွ့တဲ့ မျက်နှာက ဂုဏ်သိက္ခာနှင့်ပြည့်နေသည်။ သူ့ရဲ့ ချောမွေ့တဲ့ ဆံပင်ရှည်‌ေလးကို ဆံထိုးတစ်ချောင်းဖြင့် စည်းထားသည်မှာ မထင်မှတ်လောက်စရာ အလှနတ်သမီးတစ်ပါးကဲ့သို့ပင်...

“ဆရာမကြီး” ဂျိချန်းဖန်က အနည်းငယ် ဦးညွှတ်လိုက်သည်။

သူက ရိုးရိုးရှင်းရှင်း အဖြူရောင်သိုင်းအင်္ကျီဝတ်ထားသည်။

အခြားဘာမှတော့ ယူမလာခဲ့။

“အင်း….” စူးရူက နူးညံ့စွာ ခေါင်းညိတ်လိုက်သည်။

သူ့ရဲ့ ကြည့်က ဂျိချန်းဖန်ကို ဖြတ်သွားသည်၊ မျက်လုံးထဲတွင်လည်း ကျေနပ်မှုတစ်ခု သိသိသာသာ မြင်နေရ၏။

“ဟူး---“

စူးရူက သူ့ရဲ့ မှော်အစွမ်းသတ္တိပစ္စည်းကို ထုတ်ပြီး ဂျိချန်းဖန်နဲ့ ကျန့်လင်းအာကို ရှေ့ကို လာခိုင်းလိုက်၏။

“ဟီးဟီး~”

အနှောင့်အယှက်ပေးတတ်သည့် ကျန့်လင်းအာကပင် ဂျိချန်းဖန်ကို မျက်နှာသာပေးပြီး မှော်အသုံးအ‌ေဆာင်ပစ္စည်း ရှေ့သို့ ဦးဆောင်လမ်းပြသွား၏၊ လေကိုခံစားနလိုက်ရ၏။

ဂျိချန်းဖန်က သူနဲ့ ငြင်းခုံမှု မလုပ်ခဲ့ ပေ။

သူက ခပ်တည်တည်ဖြင့်စူးရူရဲ့နောက်ကို လျှောက်သွားလိုက်သည်၊ သူ့ရဲ့ ကြည့်ရှုမှုက သူတို့ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်နဲ့ စစ်ဆေးနေ၏။

ပစ္စည်းတွေကို မောင်းနှင်ပြီး ပျံနိုင်သည်

တကယ်တော့ သူလည်း အခုလုပ်နိုင်ပါသည်။

သင့်တော်သော မှောအသုံးအဆောင်တစ်ခု မရသေး၍သာ။

ထိုအတွေးက စိတ်ထဲ ပေါ်လာ၏။

ဂျိချန်းဖန်က မှော်အသုံးအဆောင် တစ်ခုခု ဖန်တီးဖို့ ပစ္စည်းတွေ ရှာဖို့ တောင်ခြေကို ဆင်းသင့်သလား တွေး‌ နေမိသည်။

All Chapters