ဒါက ဘယ်လိုတောင် ကံကောင်းတဲ့ကောင်လဲ?
Vol. 2 Ch. 13
ရှောင်ကျူးတောင်ထိပ်နဲ့ တကျူးတောင်ထိပ်ဟာ နီးကပ်စွာ တည်ရှိနေပါသည်။
စူးရူက သူ့ရဲ့ မှော်အသံုးအေဆာင်ကို အသုံးပြုပြီး ကျန့်လင်းအာနဲ့ ဂျိချန်းဖန်ကို သယ်ဆောင်ကာ ပျံသန်းခဲ့သည်။
မကြာခင်မှာပဲ တိမ်တိုက်တွေကို ထိုးဖောက်နေသကဲ့သို့ထင်ရသည့် မြင့်မားသော တောင်ထိပ်ဆီသို့ နီးကပ်လာခဲ့၏...
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း ရှောင်ကျူးတောင်ထိပ်ဟာ တကျူးတောင်ထိပ်ထက် သေးငယ်သည်သာမဟုတ်၊ အဆောက်အအုံတွေကလည်း ပိုပြီး ပြည့်စုံပါသည်။
အဆုံးစွန်အားဖြင့် ရှောင်ကျူးတောင်ထိပ်မှာ တကျူးတောင်ထိပ်ထက် တပည့်အရေအတွက် သိသိသာသာ ပိုများ နေခြင်းဖြစ်သည်။
"ဟူး---"
စူးရူက သူ့ရဲ့ မှော်အသုံးအဆောင်ကို အသုံးပြုပြီး ရှောင်ကျူးတောင်ထိပ်ရဲ့ တောင်စောင်းဆီသို့ ဆင်းသက်ခဲ့သည်။
"ဟမ်?"
ဒီအချိန်မှာပဲ တောင်ပတ်လည် ကင်းစောင့်ကြည့်နေတဲ့ ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတပည့်တချို့က သူတို့ကို သတိထားမိခဲ့သည်။
စူးရူကို မြင်တဲ့အချိန်မှာ...
သူတို့ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မှုရဲ့ လက္ခဏာတစ်ခု ချက်ချင်း ပေါ်လာ၏။
"အဒေါ် စူး? အဒေါ် ရှောင်ကျူးတောင်ထိပ်ကို လာတာလား?"
ပြောပြီးတဲ့နောက် သူတို့က စူးရူရဲ့နောက်က နှစ်ယောက်ကို သတိထားမိပြီး မျက်လုံးထဲမှာ အံ့အားသင့်မှုတစ်ခု ပေါ်လာသည်။
သူတို့ထဲက တစ်ယောက်က ကျန့်လင်းအာလို့ သဘောပေါက်ကြသည်။
ဒါပေမယ့် နောက်တစ်ယောက်က...
ယောက်ျားလေး တပည့်လား?!
သူက ကျန့်လင်းအာနဲ့ အသက်အတူတူလောက်လား?
ဒါက...?
ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတပည့်တွေဟာ နည်းနည်းလေး အံ့အားသင့်သွားကြသည်။
သူတို့ရပြီးသား အချက်အလက်တွေပေါ် အခြေခံပြီး ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်း မှန်းဆမိကြသည်။
သူဟာ နာမည်ကြီး ဂျိချန်းဖန် ဖြစ်နိုင်သလား?
တစ်ညတည်းနဲ့ ထိုက်ကျတာအို ပထမအဆင့်ကို ကျင့်ကြံပြီး နှစ်ပတ်အတွင်း ဒုတိယအဆင့်ကို ကျင့်ကြံတဲ့ ဂျိချန်းဖန်လား?!
စူးရူက ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတပည့်တွေရဲ့ ကြည့်ရှုမှုတွေကို သတိထားမိတယ်။ သူမစကားမပြောခင် ရှင်သန်တက်ကြွနေတဲ့ ကျန့်လင်းအာက ချက်ချင်း ဝင်ဖြတ်ပြောလိုက်သည်-
"အစ်မတို့၊ သူဘယ်သူလဲ မှန်းကြည့်ပါလား?!"
ကျန့်လင်းအာရဲ့ မျက်လုံးတွေက မျှော်လင့်ချက်နဲ့ ပြည့်နေသည်။
ဒီအစ်မတွေ 'မှန်းလို့မရ'တာကို သူမစောင့်နေခဲ့သည်၊ ဒါမှ သူမက ဝင်ရောက် ရှင်းပြနိုင်မှာပင်။
ယေဘုယျအားဖြင့် ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာရှိတယ်ဆိုတာ ပြောရလွယ်ကူ ပေသည်။
ဒါပေမယ့် ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတပည့်တွေရဲ့ အာရုံစိုက်မှုအားလုံးက ဂျိချန်းဖန်ဆီကို ဆွဲဆောင်ခံရတော့ ကျန့်လင်းအာရဲ့ မျှော်လင့်ချက်ကို သတိမထားမိကြပါ။
သူတို့ရဲ့ မှန်းဆချက်ကို တိုက်ရိုက် အသံထွက်ပြောလိုက်၏-
"ဒါက... နာမည်ကြီး ဂျိချန်းဖန် များလား?!"
ဒီစကားကို ကြားတော့ ကျန့်လင်းအာက နှုတ်ခမ်းစူပြီး ပြောလိုက်သည်။
"အာ! မင်းမှန်းလိုက်နိုင်ပြီလား?ဒါ တကယ်ပဲ ငြီးငွေ့စရာကြီး။"
ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတပည့်တချို့ရဲ့ ကြည့်ရှုမှုတွေနဲ့ တွေ့ဆုံတဲ့အခါ ဂျိချန်းဖန်က အနည်းငယ် ရှေ့ကို တစ်လှမ်းတိုးလိုက်သည်၊ ပြုံးပြုံးလေးနှင့်ပင်။ သူက ရှက်ရွံ့ခြင်း မရှိ၊ ကြည်လင်တဲ့ အသံဖြင့် ပြောလိုက်သည်-
"တကျူးတောင်ထိပ်က ဂျိချန်းဖန်၊ အစ်မတွေကို ကြားဖူးပါတယ်"
ဒါကို မြင်တော့ ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတပည့်တချို့က မြန်မြန်ဆန်ဆန် ပြန်ပြောကြသည်
"ဂျိချန်းဖန် မောင်လေး၊ နှုတ်ဆက်ပါတယ်"
သူတို့က ဒီနာမည်ကြီး ပါရမီရှင်ကို ကောင်းကောင်းကြည့်ချင်ပေမယ့် လူကြီးတွေ ရှေ့မှာရှိနေတာကြောင့် ကြာကြာမကြည့်ရဲကြပေ။
ဒါကြောင့် သူတို့က နောက်ထပ် ကြည့်မေနကြေတာ့ပဲ၊ မြန်မြန်ဆန်ဆန် ပြောလိုက်ကြသည်- "အဒေါ် စူး၊ အဒေါ်က ရှောင်ကျူးတောင်ထိပ် ရောက်တဲ့အခါ ကျင်းကျူး ခန်းမကို တိုက်ရိုက်သွားလို့ရပါတယ်၊ ဆရာမက သတင်းပို့စရာမလိုဘူးလို့ မှာထားပါတယ်..."
"အင်း" စူးရူက နူးညံ့စွာ ခေါင်းညိတ်လိုက်၏။
သူမက ဂျိချန်းဖန်ကို ပြန်ကြည့်ပြီး ပြောလိုက်သည်- "ချန်းဖန်၊ သွားကြရအောင်။ ငါမင်းကို ရှောင်ကျူးတောင်သခင်မ ရှုရီယွဲ့ ဆီ ခေါ်သွားမယ်"
"ဟုတ်ကဲ့၊ ဆရာမကြီး" ဂျိချန်းဖန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ကျန့်လင်းအာကို စူးရူက နောက်ထပ် ဘာမှ ပြောစရာမလို ပေ။
အဆုံးမှာတော့ သူမက ရှောင်ကျူးတောင်ထိပ်ကို အကြိမ်အတော်များများ သွားလည်ဖူးတော့ သူမရဲ့ ဒုတိယအိမ်လို့ ယူဆလို့ရတယ်။
စူးရူက ဂျိချန်းဖန်နဲ့ အခြားတစ်ယောက်ကို ရှေ့ဆက်ခေါ်သွားတယ်။
လမ်းတစ်လျှောက်မှာ ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတပည့်အများအပြားနဲ့ တွေ့ဆုံခဲ့ရတယ်၊ ခြွင်းချက်မရှိဘဲ အားလုံးက ဂျိချန်းဖန်ရဲ့ ကိုယ်ဟန်အမူအရာကြောင့် ဆွဲဆောင်ခံခဲ့ရတယ်...
"ဟမ်? ယောက်ျားလေး တပည့်လား? သူကဘယ်သူလဲ?"
"အဒေါ် စူးရဲ့နောက်က လိုက်နေတာလား? ဒါက နာမည်ကြီး ဂျိချန်းဖန် ဖြစ်နိုင်သလား?"
"တကယ်လား?"
"တကယ်ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ကျွန်မတို့ ကိုယ်တိုင်သွားကြည့်ရင် သိသွားမှာပါ"
ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတပည့်တစ်စုက ကျင်းကျူး ခန်းမဆီကို ပြေးသွားကြ၏။
...
အခု အချိန်မှာ...
ကျင်းကျူး ခန်းမ၊ အသက် သုံးဆယ်ဝန်းကျင်လောက်ရှိမယ့် ဂရန်းမာစတာ တစ်ဦးက အံ့အားသင့်စွာနဲ့ ဂျိချန်းဖန်ကို ငေးကြည့်နေသည်။
သူမမှာ ဘဲဥပုံ မျက်နှာ၊ နူးညံ့တဲ့ မျက်ခုံးနဲ့ ချောမွေ့တဲ့ နှာခေါင်း၊ ဗာဒံစေ့ပုံ မျက်လုံးေလးတွေ ရှိ၏။ လပုံစံ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်က အမို့အမောက်အကွေ့များနဲ့ အချိုးကျလှပနေသည်။
"အရမ်းတူတယ်၊ အရမ်းကို တူတယ်!"
ရွှယ်ယွဲ့က ဂျိချန်းဖန်ကို ငကြည့်ရင်း တွေးတောနေတယ်။
ဂျိချန်းဖန်က ငယ်ရွယ်နေပေမယ့် သူက အဖြူရောင် သိုင်းအင်္ကျီဝတ်ထားသည်။ မျက်နှာက လန်းဆန်းနေပြီး သူ့မျက်လုံးထဲမှာ စူးရှတဲ့ ဓားရဲ့ ရည်ရွယ်ချက် တစ်ခု လင်းလက် နေသည်...
ဒီလိုစရိုက်မျိုးက တစ်စုံတစ်ယောက်နဲ့ အရမ်းတူနေ၏။
ဒီစကားကို ကြားတော့ စူးရူက နည်းနည်းလေး အံ့အားသင့်သွားတယ်။
"အဟွတ်အဟွတ်" သူမက မြန်မြန်ဆန်ဆန် ညင်သာစွာ ချောင်းဆိုးလိုက်ပြီး ဂျိချန်းဖန်ကို ပြောလိုက်သည်-
"ချန်းဖန်၊ ဒါက မင်းရဲ့ ရွယ်ယွဲ့သိုင်းအဒေါ်ပါ"
ဂျိချန်းဖန်က ပြုံးပြုံးလေးနဲ့ ဂရန်းမာစတာ ရွှယ်ယွဲ့ကို အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြောလိုက်တယ်-
"တပည့် ဂျိချန်းဖန်က ဆရာသခင် ရွှယ်ယွဲ့အေကြာင်းကို ကြားဖူးပါတယ်!"
သူမက ဂျိချန်းဖန်ကို နောင်တရတဲ့ ပုံစံဖြင့် ကြည့်လိုက်သည်။၊ စိတ်ခံစားမှုတွေဟာ တဖြည်းဖြည်း မှေးမှိန်သွားတယ်၊ အေးစက်သည့်ပုံစံသို့ပြန်ဖြစ်သွား၏။
"အင်းး " နူးညံ့စွာ ခေါင်းညိတ်ပြလိုက်သည်။
စူးရူက ပြုံးပြုံးနဲ့ ပြောလိုက်သည်- "အစ်မရယ်၊ ချန်းဖန်က ကျွန်မတို့ ရှောင်ကျူးတောင်ထိပ်က လကြည့်မျှော်စင်ကို ကြည့်ချင်တယ်လို့ ပြောတော့ ရုတ်တရက် သူ့ကို ခေါ်လာမိတယ်..."
"လကြည့်မျှော်စင်?"
ရေလရာသခင် ရှုရီယွဲ့က တွေးတောနေသလို ခေါင်းညိတ်ပြီးတော့ သူမဘေးက မိန်းကလေးတပည့်ကို မှာကြားလိုက်သည်-
"ဝမ်မင် သူ့ကို လကြည့်မျှော်စင်ဆီ ခေါ်သွား"
"ပြီးတော့ ရွှယ်အာ ကို ကျင်းကျူး ခန်းမကို လာခိုင်းလိုက်"
ဒီစကားကို ကြားတော့ ဘေးနားမှာ စောင့်နေတဲ့ မိန်းကလေးတပည့်က ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်လိုက်သည်- "ဟုတ်ကဲ့၊ ဆရာမ"
သူမက ရှောင်ကျူးတောင်ထိပ်ရဲ့ စီနီယာအမ ဝမ်မင် ပါ။
သူမက စုန့်ဒါရန်ရဲ့ ချစ်သူလည်းဖြစ်သည်။
ဝမ်မင် မှာ နူးညံ့တဲ့ ဘဲဥပုံ မျက်နှာ၊ လှိုင်းထေနေသာဆံပင်၊ နှင်းဆီအရောင်အသားရေ ရှိ၏။ မကြာခဏ သူ့နှုတ်ခမ်းများကအပြုံးတစ်ခုဆင်မြန်းထားေလ့ရှိပြီးလှပတဲ့မိန်းကလေးတစ်ဦးပင်။
"ဂျိချန်းဖန် မောင်လေး၊ ငါနဲ့လိုက်ခဲ့" ဝမ်မင်က ဂျိချန်းဖန်ကို နူးညံ့စွာ ပြုံးပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဝမ်မင် အစ်မ" ဂျိချန်းဖန်က ပြုံးလိုက်သည်။
မတွန့်ဆုတ်ဘဲ ဝမ်မင်နောက်မှ လိုက်ပြီး ကျင်းကျူး ခန်းမကနေ ထွက်လာခဲ့၏။
အခုအချိန်မှာ...
မိန်းကလေးတပည့်အုပ်စုကြီးတစ်စုက ကျင်းကျူး ခန်းမအပြင်ဘက်မှာ စုဝေးနေပြီး ကျန့်လင်းအာကို ဝိုင်းပြီး စကားများနေကြသည်...
"လင်းအာ ညီမ၊ ခုနက မင်းရဲ့ တကျူးတောင်ထိပ်က ဂျိချန်းဖန်လား?"
"လင်းအာ ညီမ၊ မြန်မြန်ပြောပါဦး သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အခု ဘယ်လိုရှိလဲ?"
"ဟုတ်တယ်၊ ဟုတ်တယ်!"
ဂျိချန်းဖန်ရဲ့ ကျင့်ကြံခြင်း သမိုင်းကြောင်းဟာ အခု ကျင်းယွမ်ကလန်မှာ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာခဲ့ ပေပြီ။ တစ်ညတည်းနဲ့ ထိုက်ကျိတာအို ပထမအဆင့်ကို ရောက်သွာသည်၊ နှစ်ပတ်အတွင်း ဒုတိယအဆင့်ကို ရောက်သွားသည်၊ အခု သုံးလကျော်ကျော် ကြာသွား ပေပြီ...
ဂျိချန်းဖန်ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်ထိ တိုးတက်သွားပြီလဲဆိုတာ သူတို့ အားလုံး အရမ်းစူးစမ်းချင်နေကြ၏။
"ဟမ်!"
လင်းအာလေးက လက်ကို ခါးပေါ်တင်ပြီး ဝင့်ဝင့်ကြွားကြွားနဲ့ ပြောလိုက်သည်-
"ငါပြောရင် မင်းတို့ အံ့အားသင့်ကုန်လိမ့်မယ်"
"ဂျိချန်းဖန်က ယူကျင်း နယ်ပယ်ရဲ့ စတုတ္ထအဆင့်ကို ရောက်နေပြီ!"
"အာ…?!"
ဒီစကားကို ကြားတော့ ပတ်ဝန်းကျင်က ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတပည့်တွေ ချက်ချင်း အံအားသင့်သွားကြသည်။
ယူကျင်း စတုတ္ထအဆင့်လား?
သုံးလ၊ ပြီးတော့ ယူကျင်း စတုတ္ထအဆင့်ကို ရောက်သွားပြီလား?!
ဒါ တကယ်လား?
သိထားသင့်တာက သူတို့ရဲ့ ဆရာမ အချစ်ဆုံးတပည့် လုရွှယ်ချီပင်လျင် ထိုအဆင့်ကို ရောက်ရန် နှစ်နှစ်ခွဲနီးပါး ကြာခဲ့သည်။
အခု မင်းက ဂျိချန်းဖန်က ယူကျင်း စတုတ္ထအဆင့်ကို ကျင့်ကြံပြီးပြီလို့ ပြောနေသည်။
လေးလကျော်ကျော်ပဲ ကြာတယ်လား?!
အာ~~~~
ဒီလို ပါရမီက တကယ်ကို ကြောက်စရာကောင်းတယ်!
ဒါ ဘယ်လို ကြောက်မက်ဖွယ် သတ္တဝါမျိုးလဲ?
မိန်းကလေးတပည့်တွေရဲ့ ဆွေးနွေးမှုကို ကြားတော့ ဝမ်မင်က သူ့နောက်က ဂျိချန်းဖန်ကို အံ့အားသင့်စွာ ကြည့်ရင်း ပြောလိုက်သည်-
"ဂျိချန်းဖန် မောင်လေး၊ မင်း ယူကျင်း နယ်ပယ်ရဲ့ စတုတ္ထအဆင့်ကို ရောက်နေပြီလား?"
ဒီစကားကို ကြားတော့ ဂျိချန်းဖန်က ပြုံးပြုံးလေးပြောလိုက်သည်-
" ဝမ်မင် အစ်မ၊ အံ့အားသင့်စရာမလိုပါဘူး။ မောင်လေးက ကံကောင်းလို့ပါ"
"ကံကောင်းလို့..." ဝမ်မင် ရဲ့ နှုတ်ခမ်းတွေ အနည်းငယ် တုန်ရီသွား၏။
ကံကောင်းတယ်တဲ့လား?
ယူကျင်း စတုတ္ထအဆင့်က အလွန်ကြီးမားတဲ့ အခက်အခဲ တစ်ခုပါ။ ကျင်းယွမ်ကလန်တစ်ခုလုံးမှာ လူတစ်ထောင်နီးပါးက ဒါကို မကျော်ဖြတ်နိုင်ကြဘူးလို့ ခန့်မှန်းချက်အရသိရပါသည်။
အားလုံးက ယူကျင်း တတိယအဆင့်မှာ ထစ်ဆို့နေကြသည်။
မင်းက ကံကောင်းတယ်လို့ ပြောတယ် ...
မျှော်လင့်ထားသလိုပဲ၊ ကြောက်မက်ဖွယ် ပါရမီရှင်တွေဟာ သာမန်လူတွေနဲ့ မတူဘူး။
ဝမ်မင် က နူးညံ့စွာ သက်ပြင်းချလိုက်သည်။
ဂျိချန်းဖန်နှင့် သူမရဲ့ စကားပြောဆိုမှုက ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတပည့်အုပ်စုရဲ့ အာရုံကို မြန်မြန်ဆန်ဆန် ဆွဲဆောင်ခဲ့သည်။
"ဟေ့? ဂျိချန်းဖန် မောင်လေး!"
ရှောင်ကျူးတောင်ထိပ်က မိန်းကလေးတပည့်တွေက ဂျိချန်းဖန်ကို မြင်တဲ့အချိန်မှာ သူတို့ရဲ့ မျက်လုံးတွေက တစ်ခုခု ရှားရှားပါးပါး ရတနာကို မြင်သလို လင်းလက်သွားကြသည်။
ရလဒ်အနေနဲ့ သူတို့အားလုံးက ကျန့်လင်းအာကို စွန့်ပစ်လိုက်ကြသည်။သူတို့က ဂျိချန်းဖန်ကို ဝိုင်းပြီး တိုးကြည့်ကြသည်။
ကျန့်လင်းအာ- ? ? ?
ငါ ဒီမှာ အရင် ရှိနေတာလေ!
ဂျိချန်းဖန်၊ မင်းက ငါ့ရဲ့ ထင်ပေါ်ကျော်ကြားမှုကို ထပ်ပြီး ခိုးယူသွားပြန်ပြီ!