ကိုယ်တိုင်ဖန်တီးတဲ့ ဓားပညာလား? "ကောင်းကင်ခွဲမယ့်ဓား" ကလူတိုင်းကို အံ့အားသင့်စေခြင်း
Vol. 2 Ch. 15
ဝမ်မင်က ဂျိချန်းဖန်နဲ့ ထပ်ပြီး စကားမပြောချင်တာ့ ပေ။
ဟီးဟီး~
ဝမ်မင်ရဲ့ အကြည့်က မဝေးလှတဲ့နေရာက လုရွှယ်ချီဆီကို ကျသွားသည်။ သူမက နူးညံ့စွာ ပြုံးပြပြီး သူမကို မိတ်ဆက်ပေး၏- "ရွယ်ချီ၊ ဒါက တကျူးတောင်ထိပ်က ဂျိချန်းဖန်ေမာင်လေးပါ"
သူမက ပြီးတော့ ဂျိချန်းဖန်ကို မိတ်ဆက်ပေးသည်-
"မောင်လေး ၊ ဒါက ငါခုနက ပြောခဲ့တဲ့ လုရွှယ်ချီ ညီမပါ"
တိုတောင်းတဲ့အချိန်အတွင်း
ဂျိချန်းဖန်နဲ့ လုရွှယ်ချီရဲ့ မျက်လုံးတွေက ဆုံသွားသည်။
ဂျိချန်းဖန်က ပြုံးပြုံးလေးနဲ့ အရင်ပြောလိုက်သည်- "တကျူးတောင်ထိပ်က ဂျိချန်းဖန်က ညီမလုရွှယ်ချီအေကြာင်းကို ကြားဖူးပါတယ်"
ဟု ပြောလိုက်သည်။
လုရွှယ်ချီက မနှစ်သက်ဘဲ မျက်ေမှာင်ကြုတ်လိုက်မိသည်။
ညီမ လား?
မင်းကို ညီမ ဘာလို့ခေါ်ခွင့်ပေးရမှာလဲ?
ငါက မင်းထက် နှစ်နှစ် စောပြီး ကျင့်ကြံခဲ့တာ။
လုရွှယ်ချီရဲ့ စိတ်ထဲမှာ အကြံအစည်တချို့ ပေါ်လာသည်၊ သူမက အေးစက်တဲ့ အသံနဲ့ ပြောလိုက်၏- "ရှောင်ကျူးတောင်ထိပ်က လုရွှယ်ချီက မောင်လေးဂျိချန်းဖန်အေကြာင်းကို ကြားဖူးပါတယ်"
ဟမ်။
မင်းက ငါ့ကို ညီမလို့ ခေါ်ရင်၊ ငါက မင်းကို မောင်လေးလို့ ခေါ်မယ်!
ဝမ်မင် ရဲ့ မျက်လုံးတွေ နည်းနည်းလေး မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား၏။
သူမရဲ့ အကြည့်က ဂျိချန်းဖန်နဲ့ လုရွှယ်ချီကြားမှာ ကူးခတ်နေ၏၊ ပြဿနာတစ်ခုခု သတိထားမိလိုက်သလိုပါပဲ။
ဒါပေမယ့် တကယ်တမ်း ဘာမှားနေတာလဲ?
သူမ ရှင်းပြလို့မရ ပေ။
ဝမ်မင် က စိတ်ထဲမှာ ခေါင်းခါလိုက်သည်။ သူမက လုရွှယ်ချီကို ကြည့်ပြီး နူးညံ့တဲ့ အသံနဲ့ ပြောလိုက်သည်- "ရွှယ်ချီ၊ ဆရာမက မင်းကို ကျင်းကျူး ခန်းမကို သွားခိုင်းတယ်။ အဒေါ် စူးနဲ့ လင်းအာ ညီမက ရှောင်ကျူးတောင်ထိပ်ကို လာတယ်"
"အင်း၊ အစ်မ" လုရှဲ့ချီက နူးညံ့စွာ ခေါင်းညိတ်လိုက်သည်။
ဂျိချန်းဖန်ကို တွေ့တဲ့အချိန်မှာ...
အဒေါ် စူးက ရှောင်ကျူးတောင်ထိပ်ကို ပြန်လာပြီလို့ သူမသဘောပေါက်သွားသည်။
ဝမ်မင်ရဲ့ အကြည့်က ဂျိချန်းဖန်ဆီ လှည့်သွားသည်၊ သူမက ပြောလိုက်၏ "ဂျိချန်းဖန် မောင်လေး၊ မင်းရော? လကြည့်မျှော်စင်မှာ ခဏနေဖို့ စီစဉ်ထားလား၊ ဒါမှမဟုတ်..."
ဂျိချန်းဖန်က လက်သီးဆုပ်ပြီး ဝမ်မင်စကားမဆုံးခင်မှာပဲ သူက တိုက်ရိုက်ပြောလိုက်သည်- "ဝမ်မင် အစ်မ၊ ကျွန်တော် အမနဲ့အတူ ပြန်သွားမယ်"
ကျွန်တော် ကြည့်သင့်တာကို ကြည့်ပြီးပါပြီ။
နားလည်သင့်တာကိုလည်း နားလည်ပြီးပါပြီ။
ဒီမှာ ဆက်နေပြီး ထွက်မသွားရအောင် ဘာအဓိပ္ပာယ်ရှိမလဲ?
နေရောင်ခံချင်တာလား?
"အိုကေ" ဝမ်မင်က ခေါင်းညိတ်လိုက်သည်။
သုံးယောက်လုံးက လာခဲ့တဲ့လမ်းကို ပြန်ပြီး တောင်စောင်းမှာ တည်ရှိတဲ့ ကျင်းကျူး ခန်းမဆီကို ဦးတည်သွားခဲ့သည်။
...
ဂျိချန်းဖန်နဲ့ လုရွှယ်ချီရဲ့ တွေ့ဆုံမှုက များစွာသော လှုပ်ရှားမှုတွေကို မဖြစ်ပေါ်စေခဲ့ပါဘူး။
သို့သော် လုရွှယ်ချီရင်ထဲ နက်ရှိုင်းတဲ့ အမှတ်အသားတစ်ခု ချန်ခဲ့နိုင်လိုက်ေပသည်။
အမ်းးးးး
ဘယ်လိုပြောရမလဲ?
အလွန်ပါရမီရှိ၏၊ သို့သော် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေ၏။
သူက တပည့်ဖြစ်တာ လေးလမပြည့်သေးသော်လည်း သူမကို လုရွှယ်ချီ ညီမလို့ ဆက်ပြီး ခေါ်နေသည်...
သူမက နှစ်နှစ်ခွဲလောက် လေ့ကျင့်ခဲ့ ပေသည်!
သူ့ကို ညီမ ဘာလို့ခေါ်ခွင့်ပေးရမှာလဲ?
လုရွှယ်ချီက မကြာခဏ ဂျိချန်းဖန်ကို ကြည့်ပြီး မျက်လုံးထဲမှာ မကျေမနပ်မှုတစ်ခု ဖြတ်ေပြးသွားသည်။
ဂျိချန်းဖန်က မမြင်သလို ဟန်ဆောင်လိုက်သည်။
တစ်ခါတစ်ရံ...
အေးစက်တဲ့ မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်တာက ပျော်စရာကောင်းတဲ့ အရာတစ်ခုပင်။
အမ်... လင်းအာလေးထက် ပိုစိတ်ဝင်စားစရာဖို့ကောင်းသား။
လင်းအာလေးကို မနှောင့်ယှက်ရဲဘူး၊ နှောင့်ယှက်ရင် ငို ပေလိမ့်မည်။
ဒါပေမယ့် လုရွှယ်ချီကတော့ မတူ ပေ။
မင်းက သူ့ကို နှောင့်ယှက်ရင် သူမက မင်းကို အေးစက်စွာ ကြည့်ပြီးတော့ သူ့မရဲ့ မျက်လုံးတွေထဲမှာ ရှက်ရွံ့မှုနဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုရဲ့အရိပ်အေယာင်တစ်ခု ပေါ်လာပြီး သူမကိုယ်သူမကို စိတ်ဆိုးနေ ပေလိမ့်မည်။
ဒါက အေးစက်ပြီးတဲ့ မိန်းကလေးကိုစနောက်ရတဲ့ ပျော်ရွှင်မှုပါ။
လျိုကျင်းခန်းမကို ပြန်ရောက်သော်...
ရှောင်ကျူးတောင်ထိပ်မှ တပည့်တွေအားလုံး ဒီမှာ စုဝေးနေကြသည်။
သူတို့က နာခံစွာ ထိုင်နေကြ၏။
ဂျိချန်းဖန်ကို ဝိုင်းရံခဲ့တဲ့ အချိန်ကနဲ့စာရင် လုံးဝကို ကွဲပြားခြားနားနေတဲ့ လူတွေပါ။
"တပည့် လုရွှယ်ချီ နဲ့ ဝမ်မင်တို့က ဆရာမနဲ့ အဒေါ် စူးကို အရိုအသေးပေးပါတယ်"
လုရွှယ်ချီနဲ့ ဝမ်မင် က ရှေ့ကို တိုးပြီး ရိုသေစွာ ဦးညွှတ်ကြသည်။
ဂျိချန်းဖန်က နီးကပ်စွာ လိုက်သွားသည်။
စူးရူက ရုတ်တရက် ပြန်လာတဲ့ ဂျိချန်းဖန်ကို ကြည့်ပြီး မျက်လုံးထဲမှာ အံ့အားသင့်မှုတစ်ခု ပေါ်လာ ပေသည်။ သူမက နည်းနည်းတော့ စိုးရိမ်မိပြီး ပြောလိုက်သည်-
"ချန်းဖန်၊ မင်း လကြည့်မျှော်စင်ကို ကောင်းကောင်းကြည့်မယ်လို့ မပြောခဲ့ဘူးလား? ဘာလို့ ဒီလောက် မြန်မြန်ပြန်လာတာလဲ?"
ဒီစကားကို ကြားတော့ ဘေးနားမှာ ရပ်နေတဲ့ဂရန်းမာစတာ ရွှယ်ယွဲ့က နည်းနည်းတော့ မရှင်းမလင်းဖြစ်နေသလို ကြည့်နေသည်။
"ဒီလောက် မြန်မြန်ပြန်လာတယ်" ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ?
ပြဿနာရှိတယ်!
ဒီမှာ ပြဿနာကြီး တစ်ခုရှိ နေတယ်!
ဂျိချန်းဖန်က ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်- "ဆရာမကြီး၊ ကျွန်တော် ကြည့်သင့်တာကို ကြည့်ပြီးပြီ၊ နားလည်သင့်တာကို နားလည်ပြီးပြီ၊ ဒါကြောင့် သဘာဝအတိုင်း ပြန်လာခဲ့တာပါ..."
ဒီစကားကို ကြားတော့ စူးရူရဲ့ မျက်နှာမှာ ပျော်ရွှင်မှုရဲ့ အလင်းရောင် ထွန်းလင်းလာသည်။
"မင်းက နားလည်သွားပြီလို့ ဆိုလိုတာလား?"
"ဟုတ်ကဲ့၊ ဆရာမကြီး" ဂျိချန်းဖန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
သူတို့ရဲ့ မရှင်းမလင်းဖြစ်နေတဲ့ စကားပြောဆိုမှု...
ဒါက ကျင်းကျူး ခန်းမထဲက လူတိုင်းကို ချက်ချင်း မရှင်းမလင်းဖြစ်စေခဲ့တယ်။
ဉာဏ်အလင်းရ? ဘာအကြောင်း ဉာဏ်အလင်းရတာလဲ?
ရွှယ်ယွဲ့က စူးစမ်းလိုစိတ်နဲ့ မေးလိုက်သည်- "ညီမရယ်၊ မင်းတို့ ဘာပြောနေတာလဲ?"
တစ်ခုခု အရမ်းမှားနေတယ်လို့ သူမခံစားရသည်။
စူးရူကသူမကို ဂျိချန်းဖန် ထိုနေရာလာရန်အတွက် ဒါဟွမ်ဒန်ဆေး ကိုပင်ပေးခဲ့သည်။
သိထားရမှာက...
ဒါဟွမ်ဒန် က တကျူးတောင်ထိပ်မှာ ဒဏ်ရာကုသရေးအတွက် ဆေးဝါးတစ်မျိုးပါ။
*ကျန့်ပူယီ အဝလွန်ကောင် အဲ့လောက်တန်ဖိုးထားတဲ့အရာ သူ ဘယ်လို စွန့်လွှတ်နိုင်မှာလဲ?!*
တဒင်္ဂလောက် မသေချာမရေရာဖြစ်နေပြီးတဲ့နောက် စူးရူက သူ့ရဲ့အစ်မကို ဒါကို ဖုံးကွယ်စရာ မလိုဘူးလို့ ခံစားမိ၏ ထို့ကြောင့် တိုက်ရိုက်င်ပြောလိုက်သည်-
"ချန်းဖန်၊ ချန်းဖန်က ဓားပညာတစ်မျိုး ကျွမ်းကျင်သွားပြီ"
"ဖျက်ဆီးအားပြင်းတဲ့ ဓားပညာတစ်မျိုး ဖြစ်တဲ့ "ကောင်းကင်ခွဲဓား""
"ဖျက်ဆီးအားပြင်းတဲ့ ဓားပညာလား?" ဒီစကားကို ကြားတော့ ရွှယ်ယွဲ့ အနည်းငယ် အံ့အားသင့်သွားသည်။
သူ့ရဲ့ ပထမဆုံးအတွေးက "ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?"
ဂျိချန်းဖန်က ဘယ်လောက် ကြီးပြီလဲ?
သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်မြင့်လဲ?
ဓားပညာတစ်မျိုးကို နားလည်သဘောပေါက်တယ်လား? ပြီးတော့ 'ေကာင်းကင်ခွဲဓား' လို့တောင် အမည်ပေးထားသေးတယ်?
ဒါက ပိုပြီးတော့ မဖြစ်နိုင်ဘူး!
စူးရူက ရွှယ်ယွဲ့ရဲ့ မျက်နှာပေါ်က မယုံကြည်မှုကို သတိထားမိလိုက်၏။ သူမက နူးညံ့စွာ ပြုံးပြီး စိတ်လှုပ်ရှားစွာ ဂျိချန်းဖန်ကို ပြောလိုက်သည်။
"ချန်းဖန်၊ မင်းရဲ့ ရွှယ်ယွဲ့ အဒေါ်က မင်းကို မယုံကြည်ဘူး၊ သူ့ကို သက်သေပြပေးလိုက်ပါလား?!"
ဒီစကားကို ကြားတော့ ဂျိချန်းဖန်က ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ဆရာမကြီး"
စကားပြောပြီးတာနဲ့ သူက ပတ်ဝန်းကျင်ကို ထပ်ကြည့်ပြီး ပြောလိုက်သည်-
"ဆရာမကြီး၊ ရွှယ်ယွဲ့ အဒေါ်၊ ဒီနေရာက ကျွန်တော့်အတွက် ကျွမ်းကျင်မှုပြဖို့ မလုံလောက် သေးဘူး။ အပြင်ကိုသွားပြီး သက်သေပြရင်ရော?"
"သွားကြရအောင်" ရေလရာသခင် ရှုရီယွဲ့က မတွန့်ဆုတ်ဘဲ ထလိုက်သည်။
*ဂျိချန်းဖန် နားလည်သဘောပေါက်ထားတဲ့ ဓားပညာက တကယ်ဘယ်လောက် စွမ်းအားရှိလဲဆိုတာ သူမကြည့်ချင်တယ်!*
"ကောင်းကင်ခွဲဓား" ဆိုတဲ့ အမည်ကို ဘယ်လိုအသုံးပြုရဲတာလဲ?!
စူးရူက နီးကပ်စွာ လိုက်သွားသည်။
သူမရဲ့ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုရဲ့ လက္ခဏာတစ်ခု ဖြတ်သန်းသွား၏။
သူမက အမြဲတမ်း ဟိတ်ဟန်ပြဖို့ ကြိုက်နှစ်သက်တဲ့ ကျန့်လင်းအာနဲ့ တူတူပါပဲ။
မိခင်နဲ့ သမီးဟာ တကယ်တမ်းတွင် အတူတူပါပဲဟု ပြောလို့ရေပသည်။
စူးရူရဲ့ ဂုဏ်သိက္ခာပြည့်ဝပြီး ခန့်ညားတဲ့ ဟန်ပန်နဲ့ လှည့်စားမခံရပါေစနဲ့၊ သူမ ငယ်ငယ်တုန်းက ရှောင်ကျူးတောင်ထိပ်ရဲ့ နတ်ဆိုးလေးတစ်ယောက် ဖြစ်ခဲ့ပါသည်။
အခုအချိန်မှာ...
အကြီးအကဲနှစ်ယောက်လုံး ထွက်ခွာသွားတာကို မြင်တော့...
ကျင်းကျူး ခန်းမထဲက တပည့်တွေက ထိုင်မနေနိုင်တော့ ပေ။
သူတို့အားလုံး ထပြီး အပြင်ကို ပြေးသွားကြသည်။
"ဟေ့၊ ဂျိချန်းဖန် မောင်လေးက ဓားပညာတစ်မျိုးကို တကယ်ပဲ ဖန်တီးထားနိုင်မယ်လို့ မင်းတို့ ထင်ကြလား?"
"မသိဘူး"
"တကယ်ဖြစ်နိုင်တယ်လို့ ငါခံစားရတယ်..."
"မယုံဘူး!"
တပည့်တွေက စိတ်လှုပ်ရှားစွာနဲ့ စကားများနေကြသည်။
လုရှဲ့ချီက ရေလရာသခင် ရွှယ်ယွဲ့ရဲ့နောက်ကို လိုက်သွားသည်။၊ သူမရဲ့ အေးစက်တဲ့ မျက်လုံးတွေက ဂျိချန်းဖန်ကို စူးစမ်းလိုစိတ်နဲ့ ကြည့်နေကြသည်။
သူ...
အစုံအလင်ကင်းမဲ့တဲ့ ဓားပညာတစ်မျိုးကို တကယ်ပဲ ကျွမ်းကျင်သွားပြီလား?
အခုအချိန်မှာ...
ဂျိချန်းဖန်က လူအုပ်ရှေ့မှာ ရပ်နေသည်၊ သူ့နောက်က များပြားတဲ့ ကြည့်ရှုမှုတွေကို လျစ်လျူရှုပြီး သူ့ရဲ့ခန္ဓာကိုယ်ကနေ အံ့အားသင့်စရာကောင်းတဲ့ ဓားရဲ့ ရည်ရွယ်ချက်တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။
"ဟူး---"
စူးရှတဲ့ ဓားရဲ့ ရည်ရွယ်ချက်က ကောင်းကင်ကို ဖြောင့်တန်းစွာတက်သွားသည်။
အုပ်စိုးသူအော်ရာနှင့် အနိုင်မခံအရှုံးမပ စိတ်ဓာတ် က ပျံ့လွင့်သွား ပေသည်။
ဂျိချန်းဖန်က ဖြည်းဖြည်းချင်း လှည့်လိုက်၏။
သူက ရွှယ်ယွဲ့ရဲ့နောက်က လုရွှယ်ချီကို ကြည့်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်
"လုရွှယ်ချီ ညီမ၊ မင်းရဲ့ဓား ငှားလို့ရမလား?"
ဒီစကားကို ကြားတော့ လုရွှယ်ချီ အနည်းငယ် အံ့အားသင့်သွားမိသည်။
သူမရဲ့ အကြည့်က မသိစိတ်မှ သူမရဲ့ဆရာသခင် ရွှယ်ယွဲ့ဆီကို ရောက်သွားသည်။
ရေလရာသခင် ရှုရီယွဲ့က အေးဆေးတည်တည်နဲ့ ခေါင်းညိတ်လိုက်သည်။
လုရှဲ့ချီက တျန်ယား နတ်ဓားကို ဂျိချန်းဖန်ဆီ ငှားဖို့ ရှေ့ကို တိုးလိုက်သည်။
သို့သော် ထိုအချိန်မှာ...
"ဟ ဟ "
ဂျိချန်းဖန်က နူးညံ့စွာ ရယ်လိုက်သည်-
"ဓား၊ လာစမ်း!"
"ဟူး---"
တဒင်္ဂအတွင်းမှာ အံ့အားသင့်စရာကောင်းတဲ့ ဓားရဲ့ ရည်ရွယ်ချက်တစ်ခု ပေါက်ကွဲထွက်လာသည်။
တျန်ယား နတ်ဓားကို အုပ်စိုးသူ ဓားရဲ့ ရည်ရွယ်ချက်တစ်ခုက ဆွဲဆောင်လိုက်၏၊ ပြီးနောက် ဓားက ချက်ချင်းပဲ ကြည်လင်တဲ့ အပြာရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။
"ရွှမ်း -- ဝမ် ---"
တျန်ယား နတ်ဓားကကြည်လင်သော ဓားမြည်သံထွက်လာသည်။
ပြီးတော့ အလိုအလျောက်ထွက်လာကာဂျိချန်းဖန်ရဲ့လက်ထဲကို ပျံသန်းသွားသည်။
"......."
ဒီဖြစ်ရပ်က လုရွှယ်ချီရဲ့ မျက်လုံးတွေကို ချက်ချင်း ကျယ်သွားစေခဲ့သည်။
"အိုး... ဘုရားရေ..."
တျန်ယား နတ်ဓားက သူမကို စွန့်ခွာသွားပြီလို့ သူမခံစားလိုက်ရသည်။
ရွှယ်ယွဲ့နဲ့ စူးရူ နှစ်ယောက်လုံးက အံ့အားသင့်စွာ ကြည့်နေကြသည်။
နတ်ဓားမှာ ဝိညာဉ်ရှိတယ်ဆိုတာ မှန်ပါသည်။
သို့သော်...
လုရွှယ်ချီက သူ့ရဲ့ တကယ့်ပိုင်ရှင်ပါ။
ဂျိချန်းဖန် အော်ပြီးတာနဲ့ ဘာကြောင့် ဒီလောက် စိတ်အားထက်သန်စွာ ပြေးသွားရတာလဲ?!
ဒါပေမယ့် နောက်ပိုင်းမှာ ပိုပြီး အံ့အားသင့်စရာပါ။
"ချိမ်း---"
ဂျိချန်းဖန်က လက်ထဲမှာ တျန်ယား နတ်ဓားကို ကိုင်ထားသည်၊ သူ့ရဲ့ အကြည့်က အေးဆေးတည်တည်ငြိမ်စွာနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်သည်၊ အုပ်စိုးသူတစ်ေယာက်၏ အော်ရာကို လည်းထုတ်လွှတ်နေ၏။
"ကောင်းကင်ဖွင့်မဲ့ဓား !"
ချက်ချင်း
သူက ဓားကို မြှောက်ပြီး လှုပ်ရှားလိုက်သည်။
"ဟူး---"
တျန်ယား နတ်ဓားကနေ အတိုင်းအဆမရှိတဲ့ ဓားရဲ့ ရည်ရွယ်ချက်တစ်ခု ပေါက်ကွဲထွက်လာ၏၊ လပြည့်ဝန်းပုံစံ ဓားရာတစ်ခုကို ထုတ်လွှတ်လိုက်ပြီးလေထဲတွင် တဖြည်းဖြည်း ကျယ်ပြန့်လာသည်
ထိုအရာက ချက်ချင်းပဲ ဆယ်မိုင်အကျယ်အထိ ပျံ့နှံ့သွားေပသည်။
လူတိုင်းက လေတိုက်တာကို ခံစားမိပြီး မျက်လုံးမှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်သည့်အခါ ကောင်းကင်ထဲက တိမ်တွေက နှစ်ပိုင်းကွဲသွား၏။
တစ်စုံတစ်ယောက်က ကောင်းကင်ကို ဓားတစ်ချက်နဲ့ နှစ်ပိုင်းခွဲပစ်လိုက်သလို ဖြစ်နေသည်။!