လုရွှယ်ချီနဲ့ ကတိတစ်ခု
Vol. 2 Ch. 16
“ဟူး---“
ပတ်ဝန်းကျင်ကို ကြည့်တော့...
ဆယ်မိုင်အတွင်းက တိမ်တွေဟာ နှစ်ပိုင်းကွဲသွားသည်။
ကောင်းကင်မှာ ရှည်လျားတဲ့ ကွဲကြောင်းတစ်ခု ပေါ်လာသည်။
ဒါက...
တစ်စုံတစ်ယောက်က ကောင်းကင်ကို ဓားတစ်ချက်နဲ့ နှစ်ပိုင်းခွဲပစ်လိုက်သလိုပါ။
ဒါကို မြင်တော့ ရှောင်ကျူးတောင်ထိပ်က လူတိုင်း ငေးကြောင်ကြောင်ဖြစ်ကုန်ကြသည်။
သူတို့က သူတို့ရှေ့က ကောင်းကင်ကို စိတ်မပါဘဲ ငေးကြည့်နေကြသည်။
တိတ်ဆိတ်မှုက အချိန်ကြာမြင့်စွာ ရှိနေခဲ့သည်။
ဂျိချန်းဖန်က သူတို့ကို ကျောေပးပြီး ရပ်နေသည်၊ သူ့၏ အဖြူရောင်အင်္ကျီတွေက လေတိုက်နေသလို လှုပ်ရှားေနသည်။ သူ့လက်ထဲမှာ တျန်ယား နတ်ဓားကို ကိုင်ထားကာ ထိုဓားက မျက်ကျိန်းေလာက်အောင် အပြာရောင်အလင်းနဲ့ တောက်ပနေသည်။
ဒီအခိုက်အတန့်မှာ...
သူက ဓားနတ်ဘုရားတစ်ပါးကဲ့သို ဖြစ်နေသည်!
ဂရန်းမာစတာ ရွှယ်ယွဲ့က အာရုံစိုက်ပြီး ကောင်းကင်မှ အက်ကွဲကြောင်းကို ကြည့်နေသည်။
*သူတို့က အရမ်းတူတယ်။
ခန့်ညားတယ်၊ စိတ်ဓာတ် တက်ကြွတယ်၊ မကြောက်ရွံ့ဘဲ ယုံကြည်မှုရှိပြီး မာနရှိတယ်.*
“အရမ်းတူတယ်၊ အရမ်းကို တူတယ်”
ဂန်းမစတာ ရွှယ်ယွဲ့က သူ့ကိုယ်သူ ပြောဆိုလိုက်သည်။
ဒီအချိန်မှာ၊ ကြာမြင့်စွာ မြှုပ်နှံထားတဲ့ မှတ်ဉာဏ်တွေက သူ့ရဲ့ နှလုံးသားကို ပျံ့နှံ့သွားပြီး နှလုံးသားထဲမှာ လှိုင်းတံပိုးတစ်ခုကို လှုပ်ခတ်သွားသည်...
စူးရူက ဂျိချန်းဖန်ကို စိတ်လှုပ်ရှားမှုများစွာနှင့်ကြည့်နေသည်။
သူမရဲ့ ကျောက်စိမ်းလို လက်တွေက သူ့ရဲ့လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူ့မျက်လုံးတွေက ဂျိချန်းဖန်ကို ကြည့်ရင်း စိတ်လှုပ်ရှားမှုနဲ့ တောက်ပနေ၏၊ အသံ တုန်ရီစွာ မေးလိုက်သည်-
“ချန်းဖန်၊ ဒီဓားချက်ကို ဘာလို့ခေါ်တာ ၊ ပြန်ပြောပြပါအုံး ?”
ဒီစကားကို ပြောလိုက်တာနဲ့ လူတိုင်းရဲ့ မျက်လုံးတွေက သူ့ဆီကို လှည့်သွားသည်။
အားလုံးက ဂျိချန်းဖန်ကို စူးစိုက်ကြည့်နေကြ၏။
ဓားပညာတစ်ခု မွေးဖွားလာတာကို သူတို့ မြင်တွေ့နေရသည်။
ထိုစကားကို ကြားတော့ ဂျိချန်းဖန်က ခေါင်းကို အနည်းငယ် လှည့်လိုက်ကာသူ့ရဲ့ ချောမောတဲ့ မျက်နှာပေါ်မှာ ပြုံးပြုံးလေးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်-
“ဆရာမကြီးကို တင်ပြပါတယ်”
“ဒီဓားကွက်ကို —ကောင်းကင်ခွဲမယ့်ဓား လို့ခေါ်ပါတယ်!”
ဓား၊ ကောင်းကင်ကိုခွဲမယ့်ဓား ?
လူတိုင်း တိတ်ဆိတ်သွားသည်။
ထိုနာမည်ကို ကြားတော့ သူတို့ရဲ့ အကြည့်တွေက မသိစိတ်အရ အပေါ်က ကောင်းကင်ဆီကို လှည့်ကြည့်မိသည်...
ဆယ်မိုင်ရှည်တဲ့ အက်ကြောင်းတစ်ခုက ရှေ့မှာ ပေါ်လာတယ်၊ တစ်စုံတစ်ယောက်က ကောင်းကင်ကို ဓားတစ်ချက်နဲ့ နှစ်ပိုင်းခွဲပစ်လိုက်သလို ဖြစ်နေသည်။
စူးရူက အလွန်စိတ်လှုပ်ရှားနေ၏။
သူမက သူ့အစ်မ ရွှယ်ယွဲ့ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်တယ်၊ နှလုံးကပါးစပ်ထဲ ခုန်တက်လုနီးပါး စိတ်လှုပ်ရှားနေတယ်။
ကျင်းယွမ်ကလန်ရဲ့ အကြီးတန်းဆရာတစ်ဦးအနေနဲ့...
စူးရူမှာ ထူးခြားတဲ့ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိသည်။
ဒီနေ့၊ ‘ ကောင်းကင် ခွဲဓား” ရဲ့ ပေါ်ထွက်လာမှုကို မြင်တွေ့ခဲ့ရသည်။
စူးရူက မတွန့်ဆုတ်ဘဲ ပြောလိုက်သည်—
“ဒီဓားကွက်က ကျင်းယွမ်ကလန်ရဲ့ နံပါတ်တစ် ဓားကွက်ဖြစ်သင့်တယ်!”
ရွှယ်ယွဲ့က ဂျိချန်းဖန်ရဲ့ မျက်နှာပုံစံကို အာရုံစိုက်ပြီး ကြည့်နေသည်၊ သူ့စိတ်ထဲမှာတော့ မှတ်ဉာဏ်တွေနဲ့ ပြည့်နေ၏...
အရင်တုန်းက သူလည်း စိတ်ဓာတ်နဲ့ ရည်မှန်းချက်ပြည့်ဝနေခဲ့ ပေသည်။
ဒါပေမယ့် ဂျိချန်းဖန်က သူ့ထက် အများကြီး သာလွန်တာကိုတော့ ဝန်ခံရ ပေမည်။
‘ဂျိချန်းဖန်၊ မင်းရဲ့ အနာဂတ်ကို ငါတကယ် မျှော်လင့်နေတယ်’’
‘မင်းက ကျင်းယွမ်ကလန်ကို ဘယ်လောက်မြင့်မြင့် ဦးဆောင်နိုင်မှာလဲ?’
ရွှယ်ယွဲ့ရဲ့ စိတ်တည်ငြိမ်မှု ပြန်ရလာသည်။
သူမက ဂျိချန်းဖန်ကို အေးဆေးခပ်တည်တည်နဲ့ ကြည့်နေသည်၊ လူကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို ပေးတဲ့ ကြည့်ရှုမှုမျိုးနဲ့ပါ။
အခု အချိန်မှာ...
လုရွှယ်ချီက စိတ်မပါဘဲ ဂျိချန်းဖန်ကို ကြည့်နေသည်။
‘သူ တကယ်ပဲ အဲ့လောက် အားကောင်းတာလား?’
သူမအကြည့်က ဂျိချန်းဖန်ရဲ့လက်ထဲက တျန်ယား နတ်ဓားပေါ်ကို ပြန်ကျသွား၏။ ဓားကနေ ထွက်လာတဲ့ အပြာရောင်အလင်းကို ကြည့်ရင်း၊ သူ့မနှလုံးသားထဲမှာ ခါးသက်တဲ့ ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်..
‘တျန်ယား၊ သူက ငါ့ထက် မင်းရဲ့ ဆရာဖြစ်ဖို့ ပိုသင့်တော်တယ်လို့ မင်းထင်လား?’
ဒီအချိန်မှာ...
တျန်ယားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ ဂျိချန်းဖန်ရဲ့ ကိုယ်ဟန်အမူအရာကို သူမကြည့်နေသည်။
သူ့စိတ်ထဲတွင်မကျေမနပ်မှုများနဲ့ ပြည့်နေသည်၊ သူမက သူ့ကိုယ်သူ မငိုအောင် တိတ်တဆိတ် ခေါင်းမာမာနဲ့ ငြင်းဆန်နေလိုက်သည်...
ဒါပေမယ့် သူ့မျက်လုံးထောင့်တွေမှာ မျက်ရည်စတွေ ဝိုင်းနေချေ၏။
*တကယ်ပြောရလျှင်
မင်းက သူ့ကို ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက်၊ သူမက မင်းကို တိတ်တဆိတ် ကြည့်နေမယ်၊ သူ့ရဲ့ အေးစက်တဲ့ ဟန်ပန်က ရွှံ့ထဲက ကြာပန်းလို ပေါ်ထွက်လာသလိုပါ၊ ပတ်ဝန်းကျင်ကြောင့်မညစ်နွမ်းပါဘူး*
*ဒါပေမယ့် နီးကပ်စွာ ကြည့်မယ်ဆိုရင်...
ဒီအေးစက်ပြီး ကင်းကွာတဲ့ မိန်းကလေးရဲ့ မျက်လုံးတွေထဲက ခေါင်းမာမာနဲ့ မကျေမနပ်ဖြစ်မှုကိုလည်း မြင်နိုင်တယ်။*
ဂျိချန်းဖန်က လုရွှယ်ချီကို သတိထားမိလိုက်သည်။
သူက ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။ ပြီးတော့ လုရွှယ်ချီဘေးကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး တျန်ယား နတ်ဓားကို သူ့လက်ထဲ ထည့်ပေးလိုက်တယ်။
“ ညီမ၊ မင်းရဲ့ တျန်ယား နတ်ဓား”
သူ့ကို “ညီမ” လို့ ခေါ်တာကို ကြားတော့ လုရှဲ့ချီက တိတ်တဆိတ် တျန်ယား နတ်ဓားကို ယူပြီး ဓားအိမ်ထဲထည့်ကာ ရင်ဘတ်ထဲ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏...
သူမရဲ့ တျန်ယား နတ်ဓားကို ‘ခိုးယူမည့် ကောင်လေးကို အာရုံမစိုက်နိုင်ေတာ့ ပေ၊ သို့သော် နည်းနည်းတော့ မကျေမနပ် ဖြစ်မိ၏။
ထို့ကြောင့်၊ လုရွှယ်ချီက ပါးစပ်ဖွင့်လိုက်သည်။
သူမက ဂျိချန်းဖန်ကို ခိုင်ခိုင်မာမာ ကြည့်ပြီး သေချာစွာ ပြောလိုက်သည်- “ငါက မင်းထက် နှစ်နှစ် စောပြီး ကလန်ထဲ ဝင်ခဲ့တာ၊ ဒါကြောင့် ငါက မင်းရဲ့ အစ်မပဲ!”
“အိုး? ဒါလား?”
ဂျိချန်းဖန်က အံ့အားသင့်သလို ကြည့်နေလိုက်သည်။
ဒါကို အခုမှ သိလိုက်ရသလိုပင်။
“ဟုတ်တယ်!” လုရွှယ်ချီက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
သူ့မရဲ့ အေးစက်စွာ ဂျိချန်းဖန်ကို စိုက်ကြည့်နေလိုက်သည်၊ သူ့မမျက်လုံးတွေထဲမှာ မျှော်လင့်ချက် တစ်ခု ပေါ်လာ၏။
ဘာကြောင့်ရယ် မသိ။
ဂျိချန်းဖန်က “အစ်မ” လို့ ခေါ်တာကို သူမ နည်းနည်း ကြားချင်မိသည်။
ဂျိချန်းဖန်ရဲ့ မျက်နှာပေါ်မှာ နှောင့်ယှက်တတ်သည့် အပြုံးတစ်ခု ပေါ်လာ၏။ သူက လုရွှယ်ချီကို နှောင့်ယှက်လိုစိတ်နဲ့ ကြည့်ပြီး ပြောလိုက်သည်-
“ညီမက ငါ့ထက် နှစ်နှစ် စောပြီး ကလန်ထဲ ဝင်ခဲ့တာလား?”
“ညီမရဲ့ ကျင့်ကြံခြင်းက အခု ဘယ်လောက် ရှေ့ရောက်နေပြီလဲ မေးလို့ရမလား?”
“...” လုရွှယ်ချီရဲ့ မျက်လုံးတွေထဲက မျှော်လင့်ချက်က တဖြည်းဖြည်း မှေးမှိန်သွား၏၊ နက်ရှိုင်းတဲ့ မကျေမနပ်ဖြစ်မှု သဘောထားက အစားထိုးဝင် ရောက်လာ၏။
“ယူကျင်း ပဉ္စမအဆင့်”
သူမက အေးဆေးစွာ ပြောလိုက်သည်၊ သို့သော် သူ့အသံက မကျေမနပ်ဖြစ်မှုဖြင့် ပြည့်နေသည်။
လုရှဲ့ချီက ဂျိချန်းဖန်ရဲ့ အစီအစဉ်ကို သဘောပေါက်ပြီးသွားပြီ။
သူမဘာလုပ်နိုင်မှာလဲ?
သူမရဲ့ အကောင်းဆုံးကို သူမလုပ်ပြီးပါပြီ!
ပါရမီရှင် ဂျိချန်းဖန်က ကျင့်ကြံခြင်း လေးငါးလလောက်နဲ့ သူ့ကို လိုက်မီ ပေသည်၊ ဒါကို သူမ အလွန်မကျေနပ် ပေ!
လုရွှယ်ချီက တိတ်တဆိတ် ခေါင်းငုံ့ပြီး ရင်ဘတ်ထဲက တျန်ယား နတ်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ အရင်က ကြည်လင်အေးမြ နေခဲ့တဲ့ သူ့မမျက်လုံးတွေက တဖြည်းဖြည်း နီရဲလာသည်..
ဒါကို မြင်တော့ ဂျိချန်းဖန်က အံ့အားသင့်သွား၏။
ဘာအကြောင်းကြောင့်မသိ၊ ကျန့်လင်းအာ ငိုတာကို မြင်ရတာ သည်းခံနိုင်ပေမယ့် လုရွှယ်ချီကို ရင်ဆိုင်ရတဲ့အခါ ဒီမိန်းကလေးကို တကယ်ပဲ သနားမိသည်။
ထိုအချိန်မှာ သူ့ကိုယ်သူ သူမကို လွန်လွန်ကဲကဲ စနောက်မိသည်ဟုသဘောပေါက်လိုက်၏။
ဂျိချန်းဖန်ရဲ့ နှလုံးသားထဲမှာ အပြစ်ရှိတဲ့ သဘောထားတစ်ခု ပေါ်လာသည်။
ငါ အရမ်းဆိုးတာပဲ!
လုရွှယ်ချီက အရမ်းချစ်စရာကောင်းတယ်။
သူ့ကို ငိုအောင် ငါဘယ်လိုလို့ လုပ်နိုင်ခဲ့တာလဲ?
တဒင်္ဂလောက် တွေးပြီးတဲ့နောက် သူက လုရွှယ်ချီကို လေးလေးနက်နက် မျက်လုံးတွေနဲ့ ကြည့်ပြီး သူ့ရဲ့ နာမည်အပြည့်အစုံကို အော်ခေါ်လိုက်သည်-
“လုရွှယ်ချီ”
“အင်း” မိန်းကလေးက တိတ်တဆိတ် သူ့ကို မော့ကြည့်လိုက်မိသည်။
“ကတိတစ်ခု လုပ်ကြရအောင်လား?” ဂျိချန်းဖန်က ပြောလိုက်၏။
“ဘာကတိလဲ?”
“တောင်ထိပ် ခုနစ်ခု သိုင်းပြိုင်ပွဲက လေးနှစ်အတွင်းမှာ ကျင်းပမယ်။ အဲ့အချိန်ကျရင် မင်းက ငါ့ကို အနိုင်ရရင် ငါက မင်းကို အစ်မလို့ ခေါ်မယ်။ မဟုတ်ရင် ငါက မင်းကို အနိုင်ရရင် မင်းက ငါ့ကို အစ်ကိုလို့ ခေါ်ရမယ်”
“ဘယ်လိုလဲ?”
ဂျိချန်းဖန်က ပြုံးပြုံးလေး မေးလိုက်သည်။
ခေါင်းမာ အေးစက်တဲ့ မိန်းကလေးကို ကတိတစ်ခုနဲ့ ချည်နှောင်ဖို့ လို ပေသည်။
သူမက သဘောတူရင်...
ဒါကြောင့် နောက်လေးနှစ်အတွက်၊ သူမက ကျင့်ကြံခြင်းလုပ်တိုင်း ဒီကတိကို တွေးမိ ပေမည်။။ တစ်နည်းအားဖြင့် နောက်လေးနှစ်အတွက်၊ လုရွှယ်ချီက ကျင့်ကြံခြင်းလုပ်တိုင်း သူ့ကို တွေးမိမည်...
အချိန်ကြာလာသည်နှင့်အမျှ...
လုရွှယ်ချီက သူ့ကိုပဲ တွေး နေပေမည်။
ဖြည်းဖြည်းချင်း သူ့ပုံကို သူမ အမြဲမှတ်မိသွား ပေမည်။
ဒါက ဆိုးဝါးတယ်!
ဒါက တကယ်ကို ဆိုးဝါးတယ်!
ဒါပေမယ့် အေးစက်ပြီးလှပတဲ့ မိန်းကလေးက ဒီလောက် ဘယ်လိုလို့ သိနိုင်မှာလဲ?
ဒီသဘောတူညီချက်ကို ကြားတော့ သူမ ကချက်ချင်းေပြာလိုက်သည်။-
“! သဘောတူတယ်!”
…