← Chapters

ဝမ်ကျန်းရီနှင့် ဓားပညာဆွေးနွေးမှု၊ တစ္ဆေသတ်နတ်ဘုရားဓားကျင့်စဉ်

Vol. 2 Ch. 19

ဝမ်ကျန်းရီနှင့် ဓားပညာဆွေးနွေးမှု၊ တစ္ဆေသတ်နတ်ဘုရားဓားကျင့်စဉ်

Vol. 2 Ch. 19

ယုကျင်းခန်းမက အလွန်ကျယ်သည်။ထိုခန်းမက တောင်ခုနှစ်ုခေါင်းဆောင်များရဲ့ အစည်းအဝေးတွေ ကျင်းပရာ နေရာပါ။

လူဦးရေ နီးပါး ရာနဲ့ချီ ဆန့်နိုင်သည်။

ဂျိချန်းဖန်က တုန်းထန်းတောင်ထိပ်မှ တပည့်တစ်ယောက်နောက်မှ‌ေန၍ ယုကျင်း ခန်းမရဲ့ နောက်ကို လိုက်သွားသည်။

ထိုနေရာတွင် သီးးသန့် ကျင့်စဥ်ကျင့်ကြံခန်း တစ်ခု ရှိသည်။

တာအိုရွှမ်း က ထိုထဲတွင် ကျင့်ကြံနေတတ်သည်။

"ဂျိချန်းဖန် ညီလေး၊ ဆရာက အထဲမှာ။ ကျေးဇူးပြုပြီး ဝင်သွားပါ..."

တုန်းထန်းတောင်ထိပ်က တပည့်တစ်ယောက် ပြောလိုက်သည်။

"ဟုတ်ပြီ " ဂျိချန်းဖန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

သူ့ရှေ့က လျှို့ဝှက်ခန်းကို ကြည့်ပြီး တွန့်ဆုတ်မနေဘဲ လျှောက်ဝင်သွားလိုက်သည်။

"ဟူး---"

လျှို့ဝှက်ခန်းထဲ ရောက်ရှိချိန် ဂျိချန်းဖန်ရှေ့မှာ အစိမ်းရင့်ရောင် တာအိုဝတ်ရုံဝတ်ဆင်ထားသောလူကြီးတစ်‌ေယာက်က ပြင်းထန်တဲ့ဖိအားတွေကို ထုတ်လွှတ်‌ေနသည်။ သူ့မျက်လုံးများက စူးရှကာ ထိုးဖောက်မြင်နိုင်စွမ်းရှိသည်။

"တပည့် ဂျိချန်းဖန်က ကလန်ခေါင်းဆောင်ကို အရိုအသေပြုပါတယ်"

ထိုလူကြီးကို မြင်သည်နှင့် ဂျိချန်းဖန်က မတွန့်ဆုတ်ဘဲ တာအိုရွှမ်း ကို ဦးညွှတ်လိုက်သည်။

ဒီလူကြီးက အလွန်အစွမ်းထက်တဲ့သူပါ၊ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က တိုင်းတာလို့မရ ပေ။

အခု သူ က တိုင်ကျင်းနယ်ပယ်ကို ကျော်ဖြတ်ပြီးပြီလို့ ဂျိချန်းဖန်ခန့်မှန်းမိသည်

"ဟူး!"

မမြင်ရတဲ့ အင်အားတစ်ခုက ဂျိချန်းဖန်ကို စမ်းသပ်စစ်ဆေးလိုက်သည်။

တာအိုရွှမ်းက လက်ကို ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ကာ ဂျိချန်းဖန်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက်သူ့မျက်လုံးထဲမှာ ကျေနပ်မှုအလင်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ သို့သော်ချက်ချင်းသူက နောင်တရတဲ့အသွင်နဲ့ ခေါင်းထပ်ခါလိုက်သည်။

"ဒါကို ငါသိရင်၊ ငါ မင်းကို ငါ့တပည့်လက်ခံထားလိုက်မှာပါ"

*ခြောက်လအတွင်း ယူကျင်းနယ်ပယ် ပဉ္စမအဆင့်ထိကို ကျင့်ကြံနိုင်တယ်။*

ဘယ်လို မယုံနိုင်စရာကောင်းတဲ့ ပါရမီလဲ!

အရင်က ကျင်းယီ ဘိုးဘေးတောင် သူနဲ့ ယှဉ်လို့မရနိုင်ဘူး။

ဂျိချန်းဖန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလိုက်သည်- "ကလန်ခေါင်းဆောင် ဒါက ကျင်းယွမ်ကလန်ပါပဲ၊ ဘယ်‌ေတာင် ကိုဝင်ဝင်ဘာကွာခြားပါသလဲ?"

ဒီစကားလုံးတွေကို ပြောလိုက်သောအခါတာအိုရွှမ်း အနည်းငယ် အံ့အားသင့်သွားသည်။

သူက ခေါင်းခါပြီး ဟက်ဟက်ပက်ပက် ရယ်မောပြီး၊ ပြောလိုက်သည်- "မင်းမြင်ရသလို ငါ အရမ်းတွယ်တာနေတယ်လို့‌ေတာင်ထင်ရတယ်၊ မင်းလို တပည့်တစ်ယောက်လောက်တောင် ရှင်းရှင်းလင်းလင်းမမြင်နိုင်ဘူး!"

ဟုတ်ပါသည်။

ကျင်းယွမ်ကလန်က တောင်ခုနစ်ခုလုံး စုစု‌ေပါင်းကို‌ေခါ်တာပါ။

ပြီးတော့ သူကလည်း ကျင်းယွမ်ကလန်ရဲ့ ခေါင်းဆောင်ပါ။

ဂျိချန်းဖန်က ဘယ်‌ေတာင်ကို ဝင်တာက ဘာကွာခြားလဲ?

သူတို့အားလုံးက သူ့ရဲ့ ကျင်းယွမ်ကလန် တပည့်တွေပါပဲ။

"ဟူး---"

တာအိုရမ်း သူ့လက်မောင်းကို လှုပ်ရှားလိုက်ပြီး ဂျိချန်းဖန်ကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်-

"ငါ မင်းကို တုန်းထန်းတောင်ထိပ်ကို ဘာကြောင့်ခေါ်တယ်ဆိုတာ မင်းသိလား?"

ဒီစကားကို ကြားတော့ ဂျိချန်းဖန်မှာ သူ့စိတ်ထဲမှာ မှန်းဆချက်တချို့ ရှိပါသည်။

ဒါပေမယ့် လုံးဝ မသေချာပါဘူး။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ညွှန်ကြားပါ၊ ဆရာကြီး"

သူက ရိုသေစွာပြောလိုက်သည်။

တာအိုရွှမ်းက ပြုံးပြုံးလေး ပြောလိုက်သည်- "မင်းရဲ့ ပါရမီက တစ်ကမ္ဘာလုံးမှာ ပြိုင်ဘက်ကင်းမဲ့လုဆဲဆဲပဲ၊ ကျင်းယွမ်ကလန်တစ်ခုလုံးမှာ တစ်ခါမှမမြင်ဖူးဘူး။ ဘိုးဘေးရဲ့ ခန်းမကို သွားပြီး ကြည့်လိုက်ပါ...သိလာပါလိမ့်မယ်"

"ဘိုးဘေးရဲ့ ခန်းမ?" ဂျိချန်းဖန်ရဲ့ မျက်လုံးတွေ တောက်ပလာသည်။

တာအိုရွှမ်းက သူ့ကို တုန်းထန်းတောင်ထိပ်ကို ဘာကြောင့်ခေါ်တယ်ဆိုတာ မသေချာခဲ့ပါဘူး...

ဒါပေမယ့် အခုတော့ သူ သေချာပါပြီ။

ဘိုးဘေးရဲ့ ခန်းမထဲက လက်တစ်ဖက်တည်းဖြင့်လူအိုကြီး၊ နတ်ဆိုးနဲ့နတ်ဘုရားတွေကြောက်ရတဲ့ ဝမ်ကျန်းရီ။

ထိုအတွေးများက ဂျိချန်းဖန်ရဲ့ စိတ်ထဲမှာ ပေါ်လာသည်။

ဒါဆို တာအိုရွှမ်းက သူ့ကို ဝမ်ကျန်းရီရဲ့ တစ္ဆေသတ်ဖြတ်ခြင်းနတ်ဘုရားဓားး ပညာကို ဆက်ခံခိုင်းတာလား?

ဖြစ်နိုင်ပါသည်။

"ကလန်ခေါင်းဆောင်၊ ကျွန်တော် အခုသွားရမလား?"

ဂျိချန်းဖန်က မေးလိုက်သည်။

"သွားပါ" တာအိုရွှမ်းက ပြုံးပြုံးနဲ့ လက်လှမ်းပြီး ပြောလိုက်သည်။

"ဒီတပည့် နှုတ်ဆက်ပါတယ်..."

ဂျိချန်းဖန်က ဦးညွှတ်ပြီး လျှို့ဝှက်ခန်းကနေ ထွက်ခွာသွားသည်

အခုအချိန်မှာ...

တာအိုရွှမ်းက ဂျိချန်းဖန်ရဲ့ ထွက်ခွာသွားပုံကို ကြည့်နေသည်၊ သူ့မျက်လုံးထဲမှာ တွေးတောနေသည့် အသွင်တစ်ခု ပေါ်လာ၏။

ခြောက်လမပြည့်ခင်မှာ ယုကျင်း ပဉ္စမအဆင့်ကို ရောက်သွားသည်

ယီချိုင်၊ မင်း တိုင်ကျင်းကလန် နယ်ပယ်ကို မကျော်ဖြတ်နိုင်သေးရင်၊ ဒီပါရမီရှင်ကို ထိန်းချုပ်နိုင်မှာ ကိုကြောက်မိတယ်

…

…

ဂျိချန်းဖန်က ယုကျင်းခန်းမကနေ ထွက်ခွာပြီးတဲ့နောက်...

သူက တုန်းထန်းတောင်ထိပ်က စီနီယာတပည့်အနည်းငယ်ကို ဘိုးဘေးရဲ့ ခန်းမကို လမ်းညွှန်ခိုင်းပြီး တော့ တုန်းထန်းတောင်ထိပ်ရဲ့ အနောက်ဘက်ကို တိုက်ရိုက်ဦးတည်သွားခဲ့သည်...

ဘိုးဘေးရဲ့ ခန်းမက တုန်းထန်းတောင်ထိပ်ရဲ့ အနောက်တောင်ပေါ်မှာတည်ရှိသည်။

ထိုနေရာက များသောအားဖြင့် တပည့်အားလုံးအတွက် တားမြစ်ထားတဲ့ နေရာပါ၊ ခွင့်ပြုချက်မရဘဲ ဝင်ခွင့်မပြုပါ။

တုန်းထန်းတောင်ထိပ်က တပည့်တွေကလည်း အကြောင်းပြချက်ကို မသိကြပါဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့က ဘိုးဘေးရဲ့ဝိညာဉ်ကို အနှောင့်အယှက်ဖြစ်စေမှာ ကြောက်တာလား?

တကယ်တော့ မဟုတ်ပါဘူး။

ဂျိချန်းဖန်က ဘာကြောင့် ဘိုးဘေးရဲ့ခန်းမကို ဝင်ခွင့်မပေးတာလဲဆိုတာ ကောင်းကောင်းသိသည်။

တာအိုရွှမ်းက ဘိုးဘေးရဲ့ ခန်းမထဲမှာ လူတစ်ယောက်ကို ဝှက်ထားသည်၊ ဝမ်ကျန်းရီကို 'သေပြီးသားလူတစ်‌ေယာက်' လို့ ဖုံးကွယ်ထားသည်။

လွန်ခဲ့သော နှစ်‌ေပါင်းများစွာက...

နတ်ဆိုးကလန်ခေါင်းဆောင် ကျိုဝမ်ကျူးက နတ်ဆိုးကလန်တပည့်တစ်စုကို ဦးဆောင်ပြီး ကျင်းယွမ်ကလန်ကို တိုက်ခိုက်ခဲ့သည်။ အရင် ကျင်းယွမ်ကလန်ခေါင်းဆောင် တျန်ချင်ကျယ်က သူ့ရဲ့ 'တိုင်ကျင်းနယ်ပယ်' ကျင့်ကြံခြင်းနဲ့ ကျုရှင်းဓား ကို ခေါ်ယူခဲ့သည်။

သူတို့က နတ်ဆိုးကလန်ရဲ့ ကျူးကျော်မှုကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပေမယ့် သူတို့ကိုလည်း ကျူရှင်းဓား၏ မိစ္ဆာချီ က ဝါးမြိုခံလိုက်ရသည်၊ ထို မကောင်းတဲ့ စွမ်းအင်က သူတို့ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး သူတို့ကို ချီ လမ်းကြောင်း‌ေဖာက်ပြန်စေခဲ့ပါသည်...

ကျင်းယွမ်ကလန်ရဲ့ ပါရမီရှင်နှစ်ယောက်၊ တာအိုရွှမ်း နဲ့ ဝမ်ကျန်းရီတို့ကို သူတို့ရဲ့ဆရာကို သတ်ဖို့ ဖိအားပေးခံရသည်။

နောက်ဆုံးတော့ ခေါင်းဆောင်ကိုသတ်‌ေသာအပြစ်က ဝမ်ကျန်းရီအပေါ် ကျရောက်ခဲ့ပြီး တာအိုရွှမ်းက ကလန်ခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့သည်..

အပေါ်ယံမှာတော့ တာအိုရွှမ်းက ဝမ်ကျန်းရီကို သတ်ပစ်လိုက်သည်။

သို့သော် တာအိုရွှမိးက တကယ်တော့ ဝမ်ကျန်းရီကို ကယ်တင်ခဲ့ပြီး သူ့ကို ဘိုးဘေးရဲ့ ခန်းမထဲမှာ ပုန်း‌ေအာင်းခိုင်းထားခဲ့သည်။

ဒီလို အခြေအနေနဲ့ဝမ်ကျန်းရီ အသက်ရှင်ကျန်ခဲ့သည် သို့သော် သူ့ရဲ့ 'နှလုံးသား' က သေသွားခဲ့ပြီ။

အရင်က စိတ်တက်ကြွတာတွေ ပျောက်ကွယ်သွားပြီ။

ထိုအကျိုးဆက်အနေနဲ့၊ လက်တစ်ဖက်တည်းဖြင့်လူကြီးက ဘိုးဘေးရဲ့ခန်းမတစ်ဝိုက်မှာ သစ်ရွက်ကြွေတွေကို တစ်နေကုန် ရှင်းလင်းနေခဲ့သည်။

သူက ကြည့်ရင်တော့ သာမန်လူလိုပါပဲ။

...

ဂျိချန်းဖန်က ဘိုးဘေးရဲ့ ခန်းမကို ရောက်ရှိခဲ့သည်။

သူက လက်တစ်ဖက်ပြတ်လူကြီးကို ဓားတစ်ချောင်းကိုင်ထားတာ တွေ့လိုက်ရသည်။

သူကအသက်မရှိသလို ဖြစ်ပြီး မျက်နှာအမူအရာမရှိပါ သူ၏ မျက်လုံးကက တွင်းနက်တစ်ခုလို ငြိမ်သက်နေတယ်၊ အသက်ရှိခြင်းရဲ့ လက္ခဏာ ဘာမှမရှိ‌ေတာ့ပါ ဘူး၊ မကြာခင်မှာ သေတော့မယ့်သူတစ်ယောက်လိုပါပဲ...

ဂျိချန်းဖန်က ရပ်နေပြီး ကြည့်လိုက်သည်။

လက်တစ်ဖက်ပြတ်လူကြီးက သူ့ကို လျစ်လျူရှုပြီး သူ့ပတ်ဝန်းကျင်က သစ်ရွက်ကြွေတွေကို သူ့ရဲ့ ဓားနဲ့ ဆက်ပြီး ရှင်းလင်းနေခဲ့သည်။

"ရွှမ်း ရွှမ်း ---"

ဓားက နူးညံ့စွာ ရှုပ်ထွေးသွားသည်။

လှုပ်ရှားမှုတိုင်းက ဆန်းကြယ်တဲ့ လေသံကို သယ်ဆောင်သလို ဖြစ်နေသည်။

ဂျိချန်းဖန်က ရုတ်တရက် မေးလိုက်သည်- "အကြီးအကဲ၊ အကြီးအကဲက ဓားသမားတစ်ယောက်လား?"

ဒီစကားကို ကြားတော့ ဝမ်ကျန်းရီ အနည်းငယ် အံ့အားသင့်သွားသည်။

သူက ဂျိချန်းဖန်ကိုဂရု မစိုက်ချင်ပါဘူး။

ဒါပေမယ့်……

သူက ဂျိချန်းဖန်ဆီက ထွက်လာတဲ့ မှုန်ဝါးဝါးဓား ရည်ရွယ်ချက်ကို သတိထားမိတဲ့အခါ၊ သူ့ကို နောက်တစ်ကြိမ် ကြည့်ချင်စိတ်ပေါ်လာခဲ့သည်

ဒါပေမယ့် ပိုနီးကပ်စွာ ကြည့်မယ်ဆိုရင်...

ဝမ်ကျန်းရီက ဂျိချန်းဖန်ကို သူ့အတိတ်ကိုယ်ကို မြင်သလိုပြန်မြင်နေရတာပါ

ထိုအချိန်မှာ...

သူလည်း စိတ်ဓာတ်နဲ့ ပါရမီအရမ်းမြင့်မားခဲ့ပါသည်။

ဝမ်ကျန်းရီက ဂျိချန်းဖန်ရဲ့ ရင်ဘတ်ထဲက မှင် နှင်း နတ်ဓားကို သတိထားမိတယ်၊ သူ နည်းနည်းလေး အံ့အားသင့်သွားတယ်-

"မင်းက ဂျိချန်းဖန်လား? တကျူးတောင်ထိပ်က ဂျိချန်းဖန်လား?"

အစမှာ...

သူထင်တာက တုန်းထန်းတောင်ထိပ်က တပည့်တွေထဲက တစ်ယောက် မတော်တဆ ဘိုးဘေးရဲ့ ခန်းမထဲ ရောက်သွားတာလို့ ထင်ခဲ့သည်။

ဒါပေမယ့် မျှော်လင့်မထားဘဲ၊ ဂျိချန်းဖန် လာခဲ့တယ်။

"အကြီးအကဲ၊ မင်းငါ့ကို သိလား?"

ဂျိချန်းဖန်က 'အံ့အားသင့်မှု'တစ်ခု ပြသခဲ့သည်။

ဝမ်ကျန်းရီက ဂျိချန်းဖန်ရဲ့ ရင်ဘတ်ထဲက မှင် နှင်း နတ်ဓားကို ကြည့်ရင်း သက်ပြင်းချလိုက်သည်-

"ညီမ စူးက မင်းဆီ လွှဲပြောင်းပေးတာလား?"

"ကောင်းပြီ..."

ဝမ်ကျန်းရီရဲ့ အသံက နည်းနည်း အားလျော့နေသလို ကြားရ၏။

သူက မှင် နှင်း နတ်ဓားကို နတ်ဆိုးကလန်ဆီက သိမ်းယူခဲ့ပြီး နောက်ပိုင်းမှာ ရှောင်ကျူးတောင်ထိပ်က စူးရူကို လက်ဆောင်အဖြစ် ပေးခဲ့သည်...

"အကြီးအကဲက ကျွန်တော့်ဆရာမကို သိတာလား?"

ဂျိချန်းဖန်က အံ့အားသင့်စွာနဲ့ မေးလိုက်သည်။

'ဆရာမ...' ဝမ်ကျန်းရီမှာ နှလုံးသားထဲမှာ နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။

ခဏအကြာမှာ...

သူက သူ့ကိုယ်သူ စုစည်းလိုက်ပြီး ဂျိချန်းဖန်ကို ချွန်ထက်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်-

"တာအိုရွှမ်း မင်းကို လွှတ်လိုက်တာလား?"

"ဟုတ်ပါတယ် " ဂျိချန်းဖန်က ခေါင်းညိတ်လိုက်သည်။

"ဒီမှာ ဓားပညာဆွေးနွေး ကြရအောင်"

ဝမ်ကျန်းရီက သူ့လက်ထဲက ဓားကို ဖြည်းဖြည်းချင်း ချပြီး အနီးအနားက သစ်ကိုင်းတစ်ခုကို ကောက်ယူလိုက်သည်။

"ဟူး---"

တဒင်္ဂအတွင်းမှာ မတွန့်ဆုတ်တဲ့ အရှိန်အဟုန်တစ်ခု ပေါက်ကွဲထွက်လာသည်။

ချွန်ထက်တဲ့ ဓားရဲ့ ရည်ရွယ်ချက်က ဂျိချန်းဖန်ကို တိုက်ရိုက် ဦးတည်ထားသည်။

"မင်းရဲ့ နတ်ဘုရားသတ်ဖြတ်ခြင်း တစ္ဆေဓားပညာကို ဆက်ခံနိုင်မလား ကြည့်ရအောင်?"

ဒီဖြစ်ရပ်ကို မြင်တော့...

ဂျိချန်းဖန်က ပြုံးလိုက်သည်။

သူက အေးဆေးတည်တည်နဲ့ မှင် နှင်း နတ်ဓားကို ဘေးဖယ်ထားပြီး အနီးအနားက သစ်ကိုင်းတစ်ခုကို ကောက်ယူလိုက်သည်။

"ဟူး---"

တဒင်္ဂအတွင်းမှာ ဓားရဲ့ ရည်ရွယ်ချက် ပေါက်ကွဲထွက်လာခဲ့သည်။နှစ်ယောက်လုံးက ချက်ချင်း တိုက်ခိုက်မှု စတင်ခဲ့တယ်။

"အကြီးအကဲ ဘာပြောနေတာလဲ တပည့်မသိဘူး၊ ဒါပေမယ့် မင်းက ငါနဲ့ ဓား‌ေဆွး‌ေနွးချင်တာကြောင့်၊ တပည့်ကူညီပေးပါမယ် ..."

…

All Chapters