← Chapters

ပင်လယ်ပြင်မှာအဆုံးရှိသလို ကောင်းကင်မှာလည်း အနားသတ်ရှိတယ်။ ဓားလမ်းစဉ်ရဲ့ အဆုံးသတ်မှာကတော့ ငါတစ်ယောက်တည်းကသာ အထီးကျန်စွာရှိနေခဲ့တယ်။

Vol. 3 Ch. 21

ပင်လယ်ပြင်မှာအဆုံးရှိသလို ကောင်းကင်မှာလည်း အနားသတ်ရှိတယ်။ ဓားလမ်းစဉ်ရဲ့ အဆုံးသတ်မှာကတော့ ငါတစ်ယောက်တည်းကသာ အထီးကျန်စွာရှိနေခဲ့တယ်။

Vol. 3 Ch. 21

စကား မဆုံးခင်...

ဝမ်ကျန်းယီသည် သူ့လက်�စွဲ‌ တော်�ဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။

သူ့မျက်လုံးများ၌ ပြတ်သားသော ဓားစွမ်းအင်များ ပြည့်နှက်နေပြီး ‌‌ သေချာကြည့်ရန် ခက်ခဲလှပေသည်...

ဝမ်ကျန်းယီသည် ဓားကိုဝှေ့ယမ်းလျက် ရှင်းလင်းသော လေသံဖြင့် ပြောလိုက်၏

"မိုးနဲ့မြေမှာ ဖြောင့်မတ်တဲ့ စွမ်းအင်ကသာ ထာဝရတည်ရှိနေ ပေမည်။"

"ငါ ကနတ်ဘုရား တွေကိုသတ်ဖို့ မလုပ်၊ မကောင်းဆိုးဝါးနဲ့ နတ်ဆိုးတွေကိုသာ နှိမ်နှင်းရန် လုပ်သည်!"

မကောင်းဆိုးဝါးနှင့် နတ်ဆိုးများကို နှိမ်နှင်းရန် တစ္ဆေသတ် နတ်ဘုရားဓား ရည်ရွယ်ချက်တစ်ခု ပေါက်ကွဲထွက်လာ၏။

သို့သော် စစ်မှန်သော ဓားစွမ်းအင်မှာ မကျဆင်းလာ‌ သေးပေ။

အဘယ်ကြောင့်ဆိုသော် ဝမ်ကျန်းယီ၏သိုင်းကွက်မှာ လွန်စွာ နှေးကွေး‌ နေသောကြောင့်ပင်။

သူသည် ဂျိချန်းဖန်အား ရှင်းလင်းစွာ မြင်စေလို၍ဖြစ်၏။

ဤဓားချက်ကို မည်သို့ ခုတ်ပိုင်းသည်အား ရှင်းလင်းစွာ မြင်စေလိုသည်။

ဝမ်ကျန်းယီသည် သူ၏ဓားစွမ်းအင်ကို လက်ထဲ၌ စုစည်းရင်း၊ တစ်ချိန်တည်းမှာပင် ဂျိချန်းဖန်ကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်-

"ဘယ်လိုလဲ ကလေး?"

"မင်းရဲ့ ဝတ်ရုံထဲကမြွေစိမ်းဓား နဲ့ယှဉ်ရင် ဒီဓားရိုက်ချက်က ဘယ်လို နေလဲ?"

"လှပါတယ်။" ဂျိချန်းဖန် ပြုံးလိုက်၏။

သို့သော် သူသည် ဝမ်ကျန်းယီကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်- "ဆရာကြီး၊ ကျွန်တော့်မှာ ပိုလှတဲ့ဟာတွေ ရှိသေးတယ်။ ကြည့်ချင်သေးလား?"

"အို…?" ဝမ်ကျန်းယီ၏ မျက်လုံးများ အနည်းငယ် တောက်ပလာသည်။

သူ့နှလုံးသားထဲ၌ မထင်မှတ်ထားသော မျှော်လင့်ချက်တစ်ခု�ဖြစ်ပေါ်လာသည်။ ယင်းမှာ ဓားစွမ်းအင်အား လိုက်စားခြင်း၊ ဓားလမ်းစဥ်အား ရှာဖွေခြင်းပင် ဖြစ်သည်။

"ဟားဟား ဟားဟား!"

"ဘယ်သူက ပိုကြည့်ကောင်းသလဲ ကြည့်ရအောင်!"

ဝမ်ကျန်းယီ ရယ်မောလိုက်သည်။

ဂျိချန်းဖန် ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်သည်- "ဆရာကြီး၊ ကျွန်တော် မခံယူဝံ့ပါဘူး။"

စကား မဆုံးသေးခင်...

ဂျိချန်းဖန်၏ မျက်နှာအမူအရာမှာ ချက်ချင်တည်တံ့သွား ပေသည်။

"ဘုံး--"

သူ၏စွမ်းအင်မှာ အနည်းငယ် ကျဆင်းသွားပြီး၊ နောက်တစ်ချက်၌ ရုတ်တရက် ပြန်လည် ပေါက်ကွဲထွက်လာ၏။ မြွေစိမ်းဓားစွမ်းအင်နှင့် မတူသည့် ဓားစွမ်းအင်တစ်မျိုးကို ထုတ်ဖော်ပြလိုက်သည်။

ဤအရာမှာ တစ္ဆေသတ်နတ်ဘုရားဓား ရည်ရွယ်ချက်နှင့် အနည်းငယ် ဆင်တူ၏။

သူတို့နှစ်ဦးလုံး၌ ခိုင်မာသော ဆုံးဖြတ်ချက်ရှိကြသော်လည်း၊ ဂျိချန်းဖန်၏ စွမ်းအင်မှာ ပို၍ပင် လွန်ဆန်၍မရအောင် ဖြစ် စေသည်။

ဓားတစ်ချက်တည်းဖြင့် မိုးကောင်းကင်ကို ပိုင်းဖြတ်နိုင်မည့်အလား ခံစားရသည်။

ဓားတစ်ချက်သည် ချည်နှောင်မှုအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်!

"ဟေ့--"

ဂျိချန်းဖန် နူးညံ့စွာ အသက်ရှူထုတ်လိုက်ပြီး၊ သူ၏မျက်လုံးများမှာ ကြည်လင်ကာ၊ တောက်ပသော ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်သည်။

" ပင်လယ်ပြင်မှာအဆုံးရှိသလို ကောင်းကင်မှာလည်း အနားသတ်ရှိတယ်။ ဓားလမ်းစဉ်ရဲ့ အဆုံးသတ်မှာကတော့ ငါတစ်ယောက်တည်းကသာ အထီးကျန်စွာရှိနေခဲ့တယ်။!"

ဂျိချန်းဖန် ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။

*အသွင်အပြင်ကို နှိုင်းယှဉ်မလား?

စကားလုံးများဖြင့် ပြိုင်ကြမလား?

ဝမ်းနည်းပါတယ်ဆရာကြီး၊ ဆရာကြီး အိုမင်းလာပါပြီ။

ဒါကတော့ ကျွန်တော်တို့ လူငယ်တွေရဲ့ ခေတ်၊ကျွန်တော် ဂျိချန်းဖန်ရဲ့ ခေတ်ပါ!*

"ဆရာကြီး၊ ဒီဓားချက်ကို ကျွန်တော် ယုံကြည်မှုရှိပါတယ်!"

ဂျိချန်းဖန် ပြုံးပြလိုက်သည်။

ထို့နောက် သူသည် ဓားကိုတစ်ချက် မြှောက်ကာ

ခုတ်ပိုင်း ချလိုက်သည်။

"ချိမ်း……--"

ခဏအတွင်းမှာပင်၊ တောက်ပသော ဓားစွမ်းအင်မှာ ပေါက်ကွဲထွက်လာပြီး၊ အတုမရှိသော စစ်မှန်သည့်ရည်ရွယ်ချက်တစ်ခု ဝမ်ကျန်းယီဆီသို့ အပြင်းအထန် ရောက်ရှိလာ၏။

တစ်ချိန်တည်းမှာပင်၊ ရှင်းလင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒါကတော့ ကျွန်တော့်ရဲ့ ဓားကွက်ပါ။"

"ဒီဓားက မိုးကောင်းကင်တံခါးကို ဖွင့်နိုင်တယ်!"

"ဆရာကြီး၊ ဘယ်လိုထင်လဲ?"

ဝမ်ကျန်းယီ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

သူ၏စွမ်းအင်မှာ လှိုင်းထနေပြီး၊ ကြာမြင့်စွာ စုဆောင်းထားသော မကောင်းဆိုးဝါးနှင့် နတ်ဘုရားများကို နှိမ်နှင်းမည့် စစ်မှန်သော ရည်ရွယ်ချက်မှာ ရုတ်တရက် ထွက်‌ေပါ်လာသည်။

"ဘုံး—"

ပြိုင်ဘက်ကင်း ဓားစွမ်းအင် နှစ်ခု ထိပ်တိုက်တွေ့လိုက်သည်။

ဂျိချန်းဖန်နှင့် ဝမ်ကျန်းယီတို့ လက်ထဲရှိ ဓားများအားလုံးမှာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

သူတို့၏တာဝန်မှာ ပြီးဆုံးသွား ပေပြီ။

အစွမ်းထက်သူနှစ်ဦး၏ တိုက်ခိုက်မှုဖြစ် ပေသည်။

သစ်ကိုင်းရိုး နှစ်ခုမှာ သူတို့၏ဓားရည်ရွယ်ချက်များကို မထိန်းထားနိုင်တော့ပါ။

သူတို့သည် မည်သည့်မှော်စွမ်းအင်ကိုမျှ မသုံးခဲ့သော်လည်း သူတို့၏ဓားရည်ရွယ်ချက်များကပင် ပြင်းထန်လှ၏

“ဟားဟား ဟား!”

"အရမ်းကောင်းတယ်! တကယ်ကောင်းတယ်!"

ဝမ်ကျန်းယီ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ ဂျိချန်းဖန်ကို ကြည့်သည့် အကြည့်များ တောပ်ပနေ၍ အနည်းငယ် အလျင်လိုဟန်ဖြင့် ပြောလိုက်သည်-

"ကလေး။"

"ခုနကဓားချက် နာမည်က ဘာလဲ?"

ဂျိချန်းဖန် ပြုံးကာ ပြောလိုက်သည်- "ဒီဓားကိုကောင်းကင်တံခါးကို ဖွင့်တဲ့ဓား လို့ခေါ်ပါတယ်!"

"ဓားက မိုးကောင်းကင်တံခါးကို ဖွင့်တယ်?"

ဝမ်ကျန်းယီ သူ့ဘာသာသူ ပြန်ပြော‌ေနမိသည်။

မတားဆီးနိုင်သော စွမ်းအားနှင့် အရှုံးမ ပေးသော ဓားစွမ်းအင်၊ ဓားတစ်ချက်တည်းဖြင့် မိုးကောင်းကင်ကို ပိုင်းဖြတ်နိုင်မည့်အလား၊ ချည်နှောင်မှုအားလုံးကို ချေမှုန်းနိုင်မည့်အလား ခံစားရသည်!

"မိုးကောင်းကင်တံခါးဖွင့်တဲ့ ဓားရည်ရွယ်ချက်က အရမ်းလှပတယ်ကွာ!"

"ဂျိချန်းဖန်က သိပ် တော်တဲ့ ကလေးပဲ!"

"ငါ ဝန်ခံရမယ်၊ မင်း..."

"ငါ့ထက် ပိုသာပါတယ်ကွာ!"

ဝမ်ကျန်းယီသည် ဂျိချန်းဖန်ကို လွန်စွာ လေးနက်သော ဟန်ဖြင့် ပြောလိုက်သည်။

အထူးသဖြင့် "ပင်လယ်ကုန်း မြေ၊ မိုးကုတ်စက်ဝိုင်း" ဆိုသည့် စာကြောင်းပင်၊ ဒီကောင်လေး ဘယ်က ဤမျှ လှပသည့် စကားလုံးများ ရလာသည် မသိ!

ဘာကြောင့်မှန်းမသိ၊ မကောင်းဆိုးဝါးနှင့် နတ်ဘုရားများကို နှိမ်နှင်းသည့် ဓားရည်ရွယ်ချက်ထက် ပိုပြီးတော့ အားကောင်းနေသလို ခံစားရသည်...

အား... လား!

ဘာကြောင့် ဝမ်ကျန်းယီက မကောင်းဆိုးဝါးနှင့် နတ်ဘုရားများကို နှိမ်နှင်းသည့် ဓားပညာကို အသုံးပြုတိုင်း အမြဲ ကျယ်လောင်စွာ ရွတ်ဆိုရတာလဲ?!

စကားလုံးတစ်ခုစီက လှပလို့ပါပဲ!

ယောက်ျားဆိုတာ သေသည်အထိ ကောင်လေးပါ၊ လှပခြင်းဆိုတာ တစ်သက်လုံး ကြာရှည်တတ် ပေသည်။

အင်း……

ဂျိချန်းဖန် နူးညံ့စွာ သက်ပြင်းချလိုက်သည်။

"ဓားက မိုးကောင်းကင်တံခါးကို ဖွင့်တယ်" အတွက် ဘာကြောင့် စွဲမက်ဖွယ် စကားစု (သို့မဟုတ်) ရွတ်ဆိုချက် မရှိရတာလဲ?

သို့သော် ဝမ်ကျန်းယီရဲ့ မကောင်းဆိုးဝါးနှင့် နတ်ဘုရားများကို နှိမ်နှင်းသည့် ဓားပညာကတော့ ဒီလောက်တောင် လှပနေသည်။

ဒါကြောင့်သူ ဘာမှ မလုပ်နိုင် ပေ။

သူဟာ ပိုပြီးတောင် ထူးဆန်းလာစေ၏။

အဆုံးမှာတော့၊ လှပခြင်းဆိုတာ တစ်သက်လုံး ကြာရှည်တတ်ပါတယ်!

"ဒီကို လာခဲ့!" ဝမ်ကျန်းယီက လက်ပြခေါ်လိုက်သည်။

သူက ဂျိချန်းဖန်ကို ကျောက်စားပွဲမှာ ထိုင်ခိုင်းလိုက်ပြီး၊ ဘယ်ကမှန်းမသိ အရက်အိုးတစ်အိုး ထုတ်လိုက်၏။

"ပင့်--"

အရက်အိုးသည် ကျောက်စားပွဲပေါ်သို့ ကျလာသည်။

ဝမ်ကျန်းယီက ဂျိချန်းဖန်ကို စိတ်အားထက်သန်စွာ ကြည့်၍ ပြောလိုက်သည်- "ကလေး၊ သောက်တတ်လား?"

ဂျိချန်းဖန် လက်အုပ်ချီကာ ပြုံးပြလိုက်သည်- "ဆရာကြီး သောက်ချင်တယ်ဆိုရင်၊ ဒီတပည့်ကလည်း ဆရာကြီးဆန္ဒကို မဖျက်ဆီးလိုပါဘူး။"

"ဟားဟား၊ ကောင်းတယ်!"

ဝမ်ကျန်းယီက သူ့လက်ကို မြှောက်လိုက်ပြီး အရက်အိုးပေါ်က တံဆိပ်ကို ဖွင့်လိုက်သည်။ အရက်၏ သိပ်သည်းသော အနံ့လေးများ ပျံ့နှံ့လာပြီး သူက ကျယ်လောင်စွာ ရယ်မော၍-

"ဒီအိုးတွေကို ငါ နှစ်တစ်ရာကတည်းက ချက်ထားတာ။ တစ်ချိန်တုန်းက ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ သောက်ဖို့ ထုတ်ထားတာ၊ ဒါပေမယ့် မမျှော်လင့်ထားတာက..."

" ပထမဆုံး သောက်တဲ့သူဟာ မင်း ဖြစ်သွားမယ်လို့!"

"ဒါဆိုရင်တော့၊ ဒီကတပည့်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။" ဂျိချန်းဖန် ထရပ်လိုက်ပြီး ဦးညွှတ်လိုက်သည်။

ဝမ်ကျန်းယီက အနည်းငယ် မကျေမနပ်ဖြစ်ဟန်ဖြင့် ပြောလိုက်သည်- "ဒီမှာ ဒီလို ရှုပ်ထွေးတဲ့ အရာတွေ မလိုဘူး။ ထိုင်ပါ!"

ဂျိချန်းဖန် နာခံစွာ ထိုင်လိုက်သည်။

"ဖျစ်—"

အနံ့သင်းသော အရက်ကို ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်ပြီး၊ ကြွပ်ကြွပ်စီ နေသော အမြှုပ်လေးများ ပေါ်ထွက်လာကာ၊ တစ်ချက်ကြည့်သည်နှင့် ရှင်းနေသည်မှာ ကောင်းမွန်သော အရက်ပင် ဖြစ်‌ေပသည်!

"ဒီလို ကောင်းမွန်တဲ့ အရက် ‌ေကို၊ ဒီက လူအိုကြီးလည်း သောက်ကြည့်လို့ ရမလား မေးလိုပါတယ်။"

ထိုအချိန်တွင်၊ နူးညံ့သော ရယ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

နက်‌ေမှာင်သော အစိမ်းရောင်ဝတ်ရုံဝတ်ထားပြီး တံမြက်စည်းတစ်လက်ကိုင်ထားသည့် တာအိုဆရာတစ်ပါး ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။

ဂျိချန်းဖန် လျင်မြန်စွာ ထရပ်လိုက်ပြီး ဦးညွှတ်လိုက်သည်- "တပည့် ဂျိချန်းဖန် ကြိုဆိုပါတယ် ။"

"ကျေးဇူးပြုပြီး ထိုင်ပါ။"

တာအိုရွှမ်း သည် နူးညံ့စွာ ပြုံးပြလိုက်၏။

"ဟင်။" ဝမ်ကျန်းယီက အေးစက်စက် နှာချေလိုက်ပြီး၊ သူ၏မျက်နှာ၌ ရုတ်တရက်အပြုံး ပျောက်ကွယ်သွားကာ၊ ဂရုမစိုက် ပုံပေါ်‌ေနသည်။

"ညီလေး၊ အရက်တစ်ခွက် သောက်ကြည့်လို့ ရမလား?" တာအိုရွှမ်း က ပြုံးပြီး ပြောလိုက်သည်။

ဝမ်ကျန်းယီက ဘာမှတော့ မပြော‌ေပ။

သူက ရိုးရိုးလေးပဲ ခွက်အလွတ်တစ်လုံး ထုတ်လိုက်သည်။

ဤအရာကို မြင်သော အခါ၊ တာအိုရွှမ်း ၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

ခဏတာအတွင်း၊ သူတို့သုံးဦး တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်ထိုင်လိုက်ကြသည်။

ကျွမ်းကျင်သူနှစ်ဦးကို ရင်ဆိုင်နေရသည့်တိုင်

ဂျိချန်းဖန်၌ မည်သည့် ရင်ခုန်သံမျှ ရှိမနေခဲ့။ သူက အကြီးအကဲနှစ်ဦးအား အရက်ခွက်ကို မြှောက်ပြီး၊ အနည်းငယ် အရိုအသေ ပြု၍၊ တစ်ချိုက်တည်း သောက်လိုက်သည်။

သိပ်သည်းပြီး ရနံ့သင်းသော စိတ်ဝိဉာဥ်‌ေသရည်သည် ပါးစပ်ထဲသို့ ဝင်လာ၏။

ချက်ချင်းပင် စစ်မှန်သော ဝိဉာဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။

အံ့ဩစရာမရှိပါ၊ နှစ်တစ်ရာကတည်းက ချက်ထားသော သေရည်ပင်!

တာအိုရွှမ်းက တစ်ငုံ သောက်လိုက်ပြီး ထုတ်ဖော်ပြောလိုက်သည်- "ညီလေး၊ ငါ မင်းရဲ့ ေသရည်ကို နှစ်တစ်ရာကတည်းက သောက်ချင်နေခဲ့တာ၊ အခုတော့ ဆန္ဒတစ်ခု ပြည့်ဝသွားပြီ..."

"ဟမ့်!" ဝမ်ကျန်းယီက အေးစက်စက် နှာ‌ေခါင်းရှုံ့လိုက်သည်။

သူက တာအိုရွှမ်းဟာ အရက်‌ေသာက်ဖို့အတွက် ဂျိချန်းဖန်ကို ဒီကိုခေါ်လာတယ်လို့တောင် သံသယရှိခဲ့သည်။

ရှီကျင်းသေရည် တစ်ခွက် သူ့ဝမ်းဗိုက်ထဲသို့ ဝင်သွားသည်။

ဂျိချန်းဖန် နောက်ထပ် ဒီမှာ မနေနိုင်တော့‌ေပ။

သူက ထရပ်လိုက်ပြီး၊ တာအိုရွှမ်း နှင့် အခြားတစ်ယောက်အား လက်သီးဆုပ်ကာနှုတ်ဆက်လိုက်၏”ဂိုဏ်းချုပ်၊ ဆရာကြီး၊ တပည့်ကိုပြန်ခွင့် ပြုပါ”

သူသိသည်၊ တာအိုရွှမ်း နှင့် အခြားတစ်ယောက်တို့မှာ ပြောစရာအကြောင်းအရာ တစ်ခုခု ရှိနိုင်သည်၊ ထို့ကြောင့် ဒီမှာနေပြီး အနှောင့်အယှက်ပေးဖို့ ရည်ရွယ်ချက် မရှိပါ။

တာအိုရွှမ်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

ဝမ်ကျန်းယီက ဂျိချန်းဖန်ကို တောက်ပသောမျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်- "ကလေး၊ နောက်တစ်ခါ ပြန်လာခဲ့၊ မင်းရဲ့ စွမ်းအား ဘယ်လောက် တိုးတက်လာလဲ ကြည့်ရအောင်။"

ဂျိချန်းဖန် ပြုံးကာ ပြောလိုက်သည်- "ဆရာကြီးကို ကျေနပ်စေမှာ အသေအချာပါပဲ။"

ဒါကို ပြောပြီးတဲ့နောက်။

သူက မတွန့်မဆုတ်ဘဲ လှည့်ထွက်သွားသည်။

တာအိုရွှမ်းက ဂျိချန်းဖန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ကာ၊ စဉ်းစားနေမိသည်...

"ဟင်—" ဝမ်ကျန်းယီက နှာ‌ေခါင်းတစ်ချက်ရှုံ့လိုက်ပြီး လှောင်ပြောင်ကာ- "ဘာလဲ? ဒီကောင်လေးက မင်းတပည့်ရဲ့ ကလန်‌ေခါင်း‌ေဆာင်ရာထူးကို ခိုးမှာကို ကြောက်နေသလား?"

တာအိုရွှမ်း က ခေါင်းညိတ်လိုက်သည်- "ညီလေး၊ မင်းကို ငါ မဖုံးကွယ်နိုင်သေးဘူးပဲ။"

ဝမ်ကျန်းယီက ဂရုမစိုက်သလို ပြောလိုက်သည်- "ခေါင်းဆောင်ရာထူးဆိုတာ စွမ်းအားရှိသူ ပိုင်ဆိုင်ရတာ။ သူတို့နှစ်ယောက်စလုံးက ချင်းယွမ်ကလန် ရဲ့ တပည့်တွေပဲ။ ဘယ်သူက ရာထူးရပါစေ ဘာကွာသွားမှာမလို့လဲ?"

"ဟုတ်တယ်၊" တာအိုရွှမ်းက နူးညံ့စွာ ခေါင်းညိတ်လိုက်သည်၊ "ဒါပေမယ့် ခေါင်းဆောင်ရာထူးဆိုတာ သက်တော်ရှည် ကလန်ကပဲ ပိုင်ဆိုင်ရမှာပါ၊ အခြားတောင်ထိပ်တွေ မဟုတ်ပါဘူး..."

ဝမ်ကျန်းယီက တုံ့ပြန်ချက် မပြုခဲ့ပါ။

သူက သူ့လက်ထဲက သေရည် သောက်လိုက်ပြီး၊ အခြားအရာအားလုံးကို မေ့ထားလိုက်သည်။

ထိုအချိန်တွင်၊ တာအိုရွှမ်းက ဝမ်ကျန်းယီကို ကြည့်ကာ ပြုံးပြလိုက်သည်- "ဒါဆိုရင်၊ ညီလေး၊ ဘာလို့ သူ့ကို မင်းရဲ့တပည့်အဖြစ် လက်မခံတာလဲ?"

ဝမ်ကျန်းယီက ဂျိချန်းဖန်ကို လက်ခံလိုက်ရုံပဲ။

ဒါဆို ဂျိချန်းဖန်ဟာ သက်တော်ရှည် ကလန်ရဲ့ တပည့်တစ်ယောက် ဖြစ်မသွားဘူးလား?!

"ငါလား? သူက ကျန့်ပူယီ ရဲ့ တပည့်တစ်ယောက် ဖြစ်ပြီးသားပဲ မဟုတ်လား?" ဝမ်ကျန်းယီက နူးညံ့စွာ ခေါင်းခါလိုက်သည်။

"သူက ကျန့်ပူယီရဲ့ တပည့်ဖြစ်သွားပြီဆိုရင်၊ မင်းရဲ့တပည့် မဖြစ်နိုင်တော့ဘူးလား?"

တာအိုရွှမ်းက ပြန်လည် မေးခွန်းထုတ်လိုက်သည်။

ဒါကို ပြောပြီးတဲ့နောက်၊ သူက အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်သည်- "ငါ့ကို မေးရင်၊ ကျန့်ပူယီထက် မင်းက သူ့ရဲ့ ဆရာဖြစ်ဖို့ ပိုသင့်လျော်တယ်။"

ဒါကို ကြားရသောအခါ၊ ဝမ်ကျန်းယီက ပါးစပ်ဟလိုက်သည်။

သူက တစ်ခုခု ပြောချင်ခဲ့သည်၊ သို့သော် ရုတ်တရက် စူးရူ အကြောင်း စဉ်းစားမိလိုက်သည်။

ဝမ်ကျန်းယီ၏ မျက်နှာမှာ မှုန်သုန်သွား၏။

အား...လား!

သူက ချန်းဖန်ကို တကယ်ပဲ တပည့် လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။

အဲဒီ ဖက်တီးကျန့်ပူယီက ကန့်ကွက်တာ ရှိရင်၊ ငါ့ဆီ လာတွေ့ပါစေ!

…

…

All Chapters