← Chapters

ချောင်းမြောင်ရွာ၏ အမှန်တရား

Vol. 3 Ch. 22

ချောင်းမြောင်ရွာ၏ အမှန်တရား

Vol. 3 Ch. 22

ဝမ်ကျန်းယီ၏ တိတ်ဆိတ်နေသော မျက်နှာအမူအရာကို ကြည့်ရင်း။

တာအိုရွှမ်းက အနည်းငယ် မပြတ်သားစွာ ပြုံးမိသည်။

သူသိသည်၊ ဝမ်ကျန်းယီ စိတ်ဝင်စားသွား‌ေပပြီ။

ဟုတ်တယ်၊ ဒီလို ထူးချွန်တဲ့ တပည့်တစ်ယောက်ကို ဘယ်သူမှ စိတ်မဝင်စားဘဲ နေနိုင်မလဲ?!

တာအိုရွှမ်း ခေါင်းခါလိုက်သည်။

ရှောင်ယိချိုင်သာ မရှိခဲ့လျင်၊ သူတကယ်ပဲ ဂျိချန်းဖန်ကို လက်ခံချင်ခဲ့သည်...

“က‌ေလး၊ မင်းရဲ့ဆရာကို အပစ်မတင်ပါနဲ့။”

“ဒါက ကျင်းယွမ်ကလန် အတွက်ပါ။”

တာအိုရွှမ်း စိတ်ထဲမှာ တွေးလိုက်သည်။

တကယ်လို့ သူက ဂျိချန်းဖန်ကို တပည့်အဖြစ် လက်ခံလိုက်ပြီး၊ နောက်ပိုင်းမှာ ကလန်‌ေခါင်း‌ေဆာင်ရာထူးကို သူ့ဆီ လွှဲပြောင်းပေးလိုက်မယ်ဆိုရင်၊ မလွဲမသွေပါပဲ...

ရှောင်ယိချိုင်နဲ့ ဂျိချန်းဖန်တို့ မဖြစ်မနေ ရန်ဖြစ််ကြ ပေမည်။

သေချာသည်။

ဒါကအဓိကပြဿနာမဟုတ် အဓိက ပြဿနာက ဂျိချန်းဖန်ဟာ ကျန့်ပူယီ ရဲ့တပည့် ဖြစ်သွားပြီးသားမို့၊ တာအိုရွှမ်းက ဂျိချန်းဖန်ကို တပည့်အဖြစ် လက်ခံချင်တယ်ဆိုရင်တောင်၊ သူ့မှာ အကြောင်းပြချက် မရှိပေ...

ဒါပေမယ့် ဝမ်ကျန်းယီကတော့ ကွဲပြား ပေသည်!

သူက ဂျိချန်းဖန်ကို တပည့်အဖြစ် လက်ခံမည်ဆိုလျင်၊ ကျန့်ပူယီမှာ ကန့်ကွက်စရာ ရှိမလား? ကျန့်ပူယီက ကန့်ကွက်ရဲ့လား?

လုံးဝ မဖြစ်နိုင်ပါ။

အဘယ်ကြောင့်ဆိုသော်...

ဖြစ်ပျက်ခဲ့သည့်ကိစ္စများတွင်၊ ကျန့်ပူယီက အများဆုံး အကျိုးကျေးဇူးရရှိခဲ့သူပါ။ ဝမ်ကျန်းယီကို သူ့ရဲ့ စံပြအဖြစ် သတ်မှတ်နိုင်သည်၊ စူးရူ နဲ့မဆိုင်လျင်တောင် ဝမ်းကျန်းယီကိုမျက်နှာသာပေးပေမည်။

ဝမ်ကျန်းယီက စူးရူကို ကြိုက်သည်။

ဤသည် ထိုအချိန်က ကျင်းယွမ်ကလန် တစ်ခုလုံး သိထားသည့် အချက်ပင်။

ကံမကောင်းစွာ၊ ဖက်တီး ကျန့်ပူယီက ခိုးယူသွား၏။

ဒါက စူးရူရဲ့ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်ခဲ့သော်လည်း...

စူးရူကို ဘေးဖယ်ထားလိုက်လျင်၊ ကျန့်ပူယီမှာ ဝမ်ကျန်းယီကို ကျေးဇူးတင်စရာ ရှိနေဆဲပါ၊ ဒါကို ငြင်းလို့မရပါဘူး။

အဆုံးမှာတော့၊ ကျန့်ပူယီရဲ့ လက်ရှိ အောင်မြင်မှု အများစုဟာ ဝမ်ကျန်းယီရဲ့ လမ်းညွှန်မှုကြောင့်ပါ...

ဒါကြောင့်၊ ဝမ်ကျန်းယီက ဂျိချန်းဖန်ကို တပည့်အဖြစ် လက်ခံချင်တယ်ဆိုတာကို ကျန့်ပူယီက လုံးဝ ကန့်ကွက်မှာ မဟုတ်ပါဘူး။

သူက သူ့အမြင်ကို ထုတ်ဖော်ပြောဆိုရဲမှာ မဟုတ်ပါဘူး။

ဒီအတွေးက စိတ်ထဲဝင်လာသည်။

တောက်ရွှန်း မှန်ကန်သူက ဝမ်ကျန်းယီကို ကြည့်ကာ၊ နူးညံ့စွာ သူ့ပခုံးကို ပုတ်၍ ပြောလိုက်သည်-

“ညီလေး၊ သေသေချာချာ စဉ်းစားကြည့်ပါ။”

“ဒီလို မျှော်လင့်ချက်ရှိတဲ့ ပါရမီရှင်ဟာ ရှားပါးလွန်းတယ်မလား!”

ဝမ်ကျန်းယီက တိတ်ဆိတ်စွာပဲ သူ့ပန်းကန်လုံးထဲက ရှီးကျင်း‌ေသရည်ကို သောက်လိုက်ပြီး၊ တစ်ခွန်းမှ မပြောပါ။

တာအိုရွှမ်း ခေါင်းခါလိုက်သည်။

သူက သူ့‌ေတာင်‌ေဝှးကို ပေါ့ပေါ့လေး လှုပ်လိုက်ပြီး၊ နောက် ထရပ်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

…

…

တာအိုရွှမ်း ဘိုး‌ေဘးခန်းမဆီ သွားတဲ့လမ်းမှ ခြေလှမ်းထုတ်လိုက်သည်နှင့်၊ အနီးအနားမှာ ဂျိချန်းဖန်ကို မြင်လိုက်ရသည်။

သူ့မျက်လုံးထဲမှာ အံ့အားသင့်မှုတစ်ခု ပေါ်လာ၏။

“တပည့် ချန်းဖန်လား? ဒါက ဘာ...?”

“ကြိုဆိုပါတယ် အရှင်။” ဂျိချန်းဖန် အနည်းငယ် ဦးညွှတ်လိုက်သည်။

သူက ထရပ်လိုက်ပြီး တောက်ရွှမ်းကို ပြုံးကာ ပြောလိုက်သည်- “ဂိုဏ်းချုပ်၊ တပည့် ဒီမှာ ဆရာ့ကို စောင့်နေခဲ့တာပါ။”

“ငါ့ကို စောင့်နေတာလား?” တာအိုရွှမ်း မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။

“ဟုတ်ပါတယ်၊ တပည့်မှာ ချောင်းမြောင်ရွာ ပတ်သက်ပြီး အကြောင်းအရာတချို့ ဆရာကြီးကို တင်ပြချင်တာရှိပါတယ်။” ဂျိချန်းဖန် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

သူက ဒီကိစ္စကို ကြာမြင့်စွာ ဖြေရှင်းချင်နေခဲ့တာပါ။

အခွင့်အရေး မရခဲ့တာပါပဲ။

အခု ဝမ်ကျန်းယီကို တွေ့ပြီးပြီ၊ ‘ချောင်းမြောင်ရွာ’ ကိစ္စကိုလည်း အတူတူပဲ ဖြေရှင်းလိုက်ကြရအောင်။

“အင်?”

ဒါကို ကြားရသောအခါ၊ တာအိုရွှမ်း မျက်လုံးများမှာ အနည်းငယ် ချွန်ထက်လာသည်။ သူက ဂျိချန်းဖန်ကို အတန်ကြာ နက်နဲသော အကြည့်ဖြင့်ကြည့်၍၊ လေးနက်သော ဟန်ဖြင့် ပြောလိုက်သည်-

“တပည့်ချန်းဖန်၊ ငါနဲ့အတူ လိုက်ခဲ့။”

“ဒီနေရာက စကားပြောဖို့ နေရာ မဟုတ်ဘူး။”

စကား မဆုံးသေးခင်။

တာအိုရွှမ်းက ယူကျင်းခန်းမ ဆီသို့ ပထမဆုံး လျှောက်သွားသည်။

ဂျိချန်းဖန် နောက်မှလိုက်သွားသည်။

မကြာခင်မှာ၊ နှစ်ဦးသား ယူကျင်းခန်းမ အတွင်းရှိ တိတ်ဆိတ်သော အခန်းတစ်ခုသို့ ရောက်ရှိလာကြသည်။

တာအိုရွှမ်းက သူ့ဘေးနားက အိပ်ယာခင်းကို ညွှန်ပြလိုက်ကာ ပြောလိုက်သည်- “တပည့် ချန်းဖန်၊ ထိုင်။”

ဂျိချန်းဖန်က ယဉ်ကျေးမ နေတော့ပေ။

တာအိုရွှမ်းကို ဦးညွှတ်ကျေးဇူးတင်ပြီးနောက်၊ တိုက်ရိုက် ထိုင်လိုက်သည်။

တာအိုရွှမ်းက လေးနက်သော ဟန်ဖြင့် ပြောလိုက်သည်- “တပည့် ချန်းဖန်၊ မင်းခုနက ချောင်းမြောင်ရွာအကြောင်း ငါ့ကို တစ်ခုခု ပြောဖို့ရှိတယ်လို့ ပြောခဲ့တာ? တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ?”

တစ်ခဏလောက် စဉ်းစားပြီးနောက်၊ ဂျိချန်းဖန်က ပြောလိုက်သည်- “ဂိုဏ်းချုပ်၊ အကြောင်းအရင်းက ဒီလိုပါ...”

သူက ပူကျီ ရဲ့ ချောင်းမြောင်ရွာ ခရီးစဉ်တစ်ခုလုံး၊ မကောင်းဆိုးဝါးကလန်က သွေးမိစ္စာပုလဲ ကို ရယူဖို့ ကြိုးစားခြင်း၊ နှင့် ‘မကောင်းဆိုးဝါးကလန်’ဝင်ရဲ့ နတ်မိုးကြိုးဓားထိန်းချုပ်နည်းပညာ အကြောင်း ပြန်ပြောပြလိုက်သည်။

တကယ်တော့၊ ကျန်းရှောင်ဖန်း က ပူကျီရဲ့ တပည့် ဖြစ်သွားတယ်ဆိုသည့် အချက်ကို ဇာတ်‌ေကြာင်းထဲမှ ချန်လှပ်ထားခဲ့သည်။

“ဘာကွ?!”

ဒါကို ကြားရသောအခါ၊ တာအိုရွှမ်း ချက်ချင်း အမျက်ထွက်သွားသည်။

“ဘုံး--“

ကြီးမားသော စွမ်းအားတစ်ခုမှာ တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်သော အခန်းတစ်ခုလုံးကို ဖြတ်သန်းသွားသည်။

တိုင်ကျင်း !

လုံးဝ တိုင်ကျင်းအဆင့်ပဲ!

“မင်းဆိုလိုတာက၊ ငါတို့ ကျင်းယွမ်ကလန်မှာ မကောင်းဆိုးဝါးကလန်က သူလျှိုရှိတယ်? ပြီးတော့ ဒီသူလျှိုက အဆင့်နိမ့်ထဲက မဟုတ်ဘူးဟုတ်လား? အနည်းဆုံးတော့ ဌာနခွဲတစ်ခုရဲ့ ခေါင်းဆောင်မလား?”

တာအိုရွှမ်းက အံ့အားသင့်ခြင်းနှင့်အတူ သံသယဖြင့် ဂျိချန်းဖန်ကို ကြည့်လိုက်သည်။

ဒါကို မြင်တွေ့ရသော အခါ၊ ဂျိချန်းဖန်က နှိမ့်ချခြင်း၊ မာန်တက်ခြင်းမရှိဘဲ ပြောလိုက်သည်- “တပည့် မသိပါဘူး၊ ဒါပေမယ့် အဲ့ညက မကောင်းဆိုးဝါးဂိုဏ်းဝင်က တကယ်ပဲ ကျနော်တို့ ကျင်းယွမ်ကလန်ရဲ့ နတ်မိုးကြိုးဓားထိန်းချုပ်နည်းကို သုံးခဲ့တယ်...”

တောက်ရွှမ်း၏ မျက်လုံးများမှာ အနည်းငယ် တောက်ပလာပြီး၊ သူက ပြောလိုက်သည်- “ဘာလို့ အရင်က မပြောခဲ့တာလဲ?”

ဂျိချန်းဖန် တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်သည်- “တပည့် မဝံ့ရဲလို့ပါ။”

“မဝံ့ရဲဘူး...” တောက်ရွှမ်းက ပါးစပ်ဟလိုက်သည်။

သူက ရုတ်တရက်တစ်ခုခုကို သတိရလိုက်သည်၊ ဂျိချန်းဖန် ယူကျင်းခန်းမမှာ ရှိနေချိန်က၊ တကယ်ပဲ ခေါင်းငုံ့ပြီး တိတ်ဆိတ်နေကာ၊ တစ်ခွန်းမှ မပြောရဲခဲ့ပါဘူး။

ထိုအချိန်တုန်းက၊ အကြီးအကဲတွေက ဂျိချန်းဖန် လန့်သွားလို့လို့တောင် ထင်ခဲ့ကြသည်...

*အား... ဒါဆို သူတကယ်ပဲ ကြောက်နေခဲ့တာလား?

အဆုံးမှာတော့၊ ဒီလိုအရာတွေ ဖြစ်လာရင် ဘယ်သူမှ မကြောက်ဘဲ နေနိုင်မှာလဲ?!*

အထင်ရှားဆုံး ဖြောင့်မတ်တဲ့ ကလန်။

မကောင်းဆိုးဝါးကလန်က သစ္စာဖောက် တစ်ယောက် ပေါ်ထွက်လာပြီ?!

ဂျိချန်းဖန် ပြောလိုက်တဲ့ညမှာပဲ သူလျှိုတစ်ယောက်က လုပ်ကြံလိုက်နိုင်သည်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ။

ဘယ်သူကမှ အတင့်ရဲပြီး ပွင့်ပွင့်လင်းလင်း ပြောဖို့အထိ မိုက်မဲမည် မဟုတ် ပေ။

တာအိုရွှမ်း၏ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ နက်မှောင်နေသည်။

သူ့ရဲ့ အကြည့်က ဂျိချန်းဖန်အပေါ် ကျရောက်ပြီး၊ တည်ငြိမ်စွာ ပြောလိုက်သည်- “တပည့် ချန်းဖန်၊ မင်းမှာ ဒီမကောင်းဆိုးဝါးကလန် သစ္စာဖောက်ရဲ့ ကိုယ်ပိုင်အမှတ်အသား အကြောင်း မှန်းဆချက် တစ်ခုခု ရှိလား?”

ဒါကို ကြားရသောအခါ၊ ဂျိချန်းဖန်က တွေးနေဟန်ဆောင်ပြီး တစ်ခဏလောက် တွေးတောကာ ပြောလိုက်သည်-

“ပထမ၊ တပည့်ရဲ့ဆရာကို ဖယ်ထုတ်လိုက်မယ်၊ ဘာလို့လဲဆိုတော့ ဒီမကောင်းဆိုးဝါးကလန်ဝင်က အတော်လေး ပိန်တယ်၊ ဒါကြောင့် တပည့်တော်ရဲ့ဆရာ မဟုတ်တာ သေချာတယ်။ ဒါပြီးရင် ရှောင်ကျူး တောင်ထိပ် က ရွှယ်ယီ ကိုလည်း ဖယ်ထုတ်လိုက်မယ်...”

“ဘာကြောင့်လဲဆိုတော့ ဒီမကောင်းဆိုးဝါးကလန် ခေါင်းဆောင်က ယောက်ျားလေးပါ။”

“နောက်ဆုံးမှာတော့ ဆရာကြီးကို ဖယ်ထုတ်လိုက်မယ်...”

“ဒါ့အပြင်၊ ကျန်တဲ့ ဌာနခွဲခေါင်းဆောင် လေးယောက်မှာ အားလုံး သံသယဖြစ်စရာ ကောင်းပါတယ်!”

တောက်ရွှမ်း တိတ်ဆိတ် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင်ပင်၊ ဂျိချန်းဖန်က ထပ်မံပြောလိုက်သည်- “ဆရာကြီး၊ တပည့်မှာ အကြံတစ်ခု ရှိပါတယ်။ ဘာလို့ ဆရာကြီးက လျှို့ဝှက် ကျွန်တော်နောက် လိုက်ပြီး ဌာနခွဲခေါင်းဆောင်တွေကို စမ်းသပ်မကြည့်တာလဲ?”

“ဘယ်လိုပဲဖြစ်ဖြစ်၊ ဆရာကြီးရဲ့ စွမ်းအားနဲ့ဆိုရင်၊ ဒီမကောင်းဆိုးဝါးကလန် သူလျှိုက လွတ်မြောက်သွားနိုင်မှာ မဟုတ်ပါဘူး...”

ဒါကို ကြားရသောအခါ၊ တောက်ရွှမ်းက မျက်‌ေမှာင်ကြုတ်လိုက်သည်။

သူက မူလက တပည့်တွေရဲ့ ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုတဲ့ ဒီအစီအစဉ်ကို တိုက်ရိုက် ပယ်ချဖို့ ရည်ရွယ်ခဲ့သည်။

ဒါပေမယ့် နောက်တစ်ခါ ပြန်တွေးမိသည်၊ သူက တိုင်ကျင်းအဆင့်ပါ။

သူက ကျင်းယွမ်ကလန် အတွင်းမှာ တပည့်တစ်ယောက်ကို ကာကွယ်မပေးနိုင်ဘူးတဲ့လား?!

တာအိုရွှမ်း တစ်ခဏလောက် တွေးတောပြီး ပြောလိုက်သည်- “ဒီမှာ ခဏလောက် စောင့်။”

စကားမဆုံးသေးခင်။

သူ့ရဲ့ ပုံရိပ်က ရုတ်တရက် အခန်းထဲမှ ပျောက်ကွယ်သွားသည်။

ဂျိချန်းဖန် လှည့်ကြည့်လိုက်သည်။

ဒါပေမယ့် အရိပ်တစ်ခုတောင် မမြင်ခဲ့ပါဘူး။

“ဒါက တိုင်ကျင်း နယ်ပယ်လား?” ဂျိချန်းဖန် အနည်းငယ် စိတ်လှုပ်ရှားမှုဖြင့် ပြောမိသည်။

သူက တိတ်ဆိတ်သော အခန်းထဲမှာ သည်းခံစွာ စောင့်ဆိုင်းနေခဲ့သည်။

မကြာခင်မှာ၊ တာအိုရွှမ်း ပြန်‌ေရာက်လာသည်။

သူ့လက်ထဲမှာလည်း ဓားတစ်ချောင်း ဆောင်လာသည်၊ ရွှေလည်းမဟုတ်၊ ကျောက်လည်းမဟုတ်၊ ဒါပေမယ့် ရွှေနဲ့ ကျောက်မျက်နှစ်မျိုးလုံးနဲ့တူပြီး၊ ရှေးဟောင်း ဆန်းကြယ်သော ဓားတစ်ချောင်း ဖြစ်သည်။

“...” ဂျိချန်းဖန် အံ့အားသင့်သွားသည်။

နတ်သတ်ဓား လား?!

တောက်ရွှမ်း အေးဆေးတည်ငြိမ်စွာပဲ၊ ကျူရှန်းဓား ကို ပုံမှန်အတိုင်း ကိုင်ထားပြီး၊ ဂျိချန်းဖန်ကို ကြည့်ကာ ပြောလိုက်သည်-

“တပည့် ချန်းဖန်၊ သွားကြရအောင်။”

“ဒီနေ့၊ ငါဂိုဏ်းချုပ်က ကျင်းယွမ်ကလန်အတွက် သန့်ရှင်းရေး လုပ်ပေးမယ်!”

ဂျိချန်းဖန် တံတွေး မျိုချလိုက်သည်။

သူက ထရပ်လိုက်ပြီး တာအိုရွှမ်းကို အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်- “ဂိုဏ်းချုပ်၊ ကျွန်တော်တို့ဆရာကြီးတွေထဲက ဘယ်သူ့ကို ပထမဆုံး စမ်းသပ်ကြမလဲ?”

တာအိုရွှမ်းက တစ်ခဏလောက် တွေးတောပြီး ပြောလိုက်သည်- “ ချန်စုန့်ကို ရွေးချယ်ကြရအောင်။”

ဒီနှစ်များအတွင်း၊ သူက ချန်စုန့်ကို အမြဲတမ်း ယုံကြည်ခဲ့သည်၊ တစ်ချိန်ကဆိုရင် စည်းကမ်းထိန်းသိမ်း‌ရေးမှုး အာဏာကိုတောင် သူ့လက်ထဲ ထည့်ပေးခဲ့သည်၊ ထို့ကြောင့်...

တာအိုရွှမ်း စိတ်ထဲမှာ ခံစားရသည်၊ ချန်စုန့်က လုံးဝ သစ္စာဖောက် မဟုတ်နိုင်ပါ။

တပည့် ချန်စုန့်ဆီမှာ အရင်ဆုံး သက်သေရှာကြည့်ရအောင်...

…

…

All Chapters