လုရွှယ်ချီ : လေးနှစ်ကြာ ကြိုးကြိုးစားစား ကျင့်ကြံမှုကဒီနေ့အတွက်ပါ!
Vol. 4 Ch. 31
"ဒီမှာ ယူလိုက်ရော့ "
ဂျိချန်းဖန် က မတွန့်မဆုတ်ပဲ တင်းအန်း ဆေးပြား တစ်ပြား ထုတ်ယူပြီး ကျန့်န်လင်းအာ ဆီ ပေးလိုက်သည်။
"ဟေးး!" တင်းအန်း ဆေးပြား ရရှိသွားတဲ့ ကျန့်လင်းအာက စူးရူ၏ ရင်ဘတ်ထဲကို ခုန်ဝင်ပြီး၊ ပြုံးပြရင်း ပြောလိုက်သည်
"မေမေ၊ သမီးမှာလည်း တစ်လုံးရှိတယ်!"
စူးရူ နူးညံ့စွာ ပြုံးပြလိုက်သည်။
ရှီဟောင် တစ်ယောက်ပဲ နေရာမှာတင် ဆွံ့အသွားသည်။
ဂျိချန်းဖန် က သူ့ကို ဂရုမစိုက်သလို ကြည့်ကာ ပြောလိုက်သည်- "အစ်ကိုကြီး ရှီ၊ ကျေးဇူးပြုပြီး ကြည်လင်အေးမြပုလဲ ကို ပြန်ယူလိုက်ပါ။ ညီမ လေးက မင်းလို အဖိုးကြီးတစ်ယောက်ဆီက လက်ဆောင် လက်မခံနိုင်ဘူး..."
ရှီဟောင် မျက်နှာ မည်းမှောင်သွားပြီး ပြောလိုက်သည်- "ဂျူနီယာ ဂျိ၊ မင်း ဒါနဲ့ ဘာကို ရည်ညွှန်းတာလဲ?"
"မင်းလို အဖိုးကြီးတစ်ယောက်" ဆိုတာ ဘာကိုဆိုလိုတာလဲ?
ပတ်ဝန်းကျင်က အစ်ကိုကြီးတွေလည်း စူးစမ်းမှုနဲ့ ကြည့်လိုက်ကြသည်။
"မင်းလို အဖိုးကြီးတစ်ယောက်" လား?
ဂျိချန်းဖန် က ဒါနဲ့ ဘာကို ရည်ညွှန်းတာလဲ?
ရှီဟောင် က…
အရမ်းအိုနေပြီလား?
ကျန့်လင်းအာ မျက်လုံးတွေ မှိတ်လိုက်ပြီး ပြောလိုက်သည်- "ဟေ့! ဂျိချန်းဖန်၊ မင်း ဒါနဲ့ ဘာကို ရည်ညွှန်းတာလဲ? 'မင်းလို အဖိုးတစ်ယောက်' ဆိုတာ ဘာကိုဆိုလိုတာလဲ...?"
သူမက ကြောင်သွားသည်။
ဂျိချန်းဖန် က ပြုံးပြလိုက်ကာ လူတိုင်းကို ရှင်းပြလိုက်သည်-
"အစ်ကိုကြီး ရှီ က နောက်ဆုံး တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲ မှာ ပါဝင်ခဲ့တယ်မလား? နောက်ဆုံး တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲ ကတည်းက နှစ် ခြောက်ဆယ် ကြာပြီ၊ ဒါကြောင့် ယုတ္တိရှိရှိ ပြောရရင်၊ အစ်ကိုကြီး ရှီက အနည်းဆုံး အသက် ခုနှစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ်လောက် ရှိသင့်တယ်၊ မဟုတ်လား?"
"ဒီအသက်အရွယ်ရှိတဲ့ လူတစ်ယောက်က လူ့လောကမှာ ဆိုရင် ညီမလေးရဲ့ အဘိုး ဖြစ်နိုင်တယ်..."
ဂျိချန်းဖန် က နောက်ဆုံးစကားလုံးကို ကျန့်လင်းအာ ကို ပြောလိုက်သည်။
"အိုး? အစ်ကိုကြီး ရှီကတကယ်ပဲ ဒီလောက် အိုနေပြီလား?"
ကျန့်လင်းအာ က ရှီဟောင် ကို အံ့အားသင့်ေနေသာမျက်လုံးနှင့်ကြည့်လိုက်သည်။
"ငါ…" ရှီဟောင် ပါးစပ်ဟလိုက်သည်။
သူ့မျက်နှာ နီရဲသွားပြီး၊ သူ့ခန္ဓာကိုယ်က တုန်လှုပ်နေသည်၊ အထူးသဖြင့် ကျန့်လင်းအာ ရဲ့ ' အဖိုးတစ်ယောက်ကိုကြည့်သောအကြည့်'ကို မြင်ပြီးနောက်၊ သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့သည်။
ထွက်ပြေးဖို့ပါ။
*တကျူးတောင်ထိပ် က အရမ်းကြောက်စရာကောင်းတယ်!*
ထိုအချိန်မှာ၊ ပုံရိပ်တစ်ခုက လျိုကျင်းခန်းမ အပြင်ကနေ ရုတ်တရက် ပျံသန်းလာသည်။
ကျန့်ပူယီ မျက်နှာ မဲမှောင်သွားသည်။
သို့သော် ဝင်လာတဲ့သူက ဘယ်သူလဲဆိုတာ မြင်တဲ့အခါ၊ သူ့မျက်နှာအမူအရာ ပုံမှန်ပြန်ဖြစ်သွားသည်။
"အိုး၊ ဒါက လင်ကျင်းရှု၊ ဒီပြဿနာေကာင်လား?"
ကျန့်ပူယီ ဂရုမစိုက်သလို ပြောလိုက်သည်- "ဒါက ဘာဖြစ်နေတာလဲ? ငါ့ရဲ့ တပည့်ေတွကယှဉ်ပြိုင်ရင်း မတော်တဆ အားမထိန်းနိုင်ခဲ့ဘူးလား.."
သို့သော်ကျန့်ပူယီ စိတ်ထဲမှာ အရမ်းပျော်နေသည်၊ အပြင်မှာတော့ ဆူပူနေဆဲပါ- "တပည့်တွေနဲ့ ယှဉ်ပြိုင်ရင် ဒီလို ပြင်းထန်တဲ့သိုင်းကွက််တွေ ဘာလို့သုံးရမှာလဲ ?"
"နောက်တစ်ခါ သတိထားကြ!"
ကျန်းရှောင်ဖန် ရိုသေစွာ ပြောလိုက်သည်- "ဟုတ်ကဲ့၊ ဆရာ။"
ပြောပြီးတဲ့နောက်၊ သူက မြန်မြန်ပဲ လင်ကျင်းရှု ကို ကြည့်ပြီး၊ သူ့ကို ကူညီဖို့ လက်ကို ဆန့်ထုတ်လိုက်သည်။
"ကျင်းရှု၊ မင်း ဘာမှ မဖြစ်ဘူးလား?"
လင်ကျင်ရှု စိတ်ထဲတွင်အနည်းငယ် ရှုပ်ထွေးနေသည်။
ငါ ဘယ်သူလဲ? ငါ ဘယ်မှာလဲ? ငါ ဘာလုပ်ချင်တာလဲ?
ကျန်းရှောင်ဖန် ရဲ့ ခေါ်သံကို ကြားတဲ့အခါ၊ သူ နောက်ဆုံးမှာ သတိရလာသည်။
လင်ကျင်ရှု ပါးစပ်ဟလိုက်ပြီး ပြောလိုက်သည်- "ရှောင်ဖန်၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်..."
"အာ?" ကျန်းရှောင်ဖန် သူ့ခေါင်းကို ကုတ်လိုက်သည်။ သူက ဂျိချန်းဖန် ကို လေးစားစွာ ကြည့်ကာ ပြောလိုက်သည်-
"ငါ့ရဲ့ ပါရမီ က တကယ်တော့ သိပ်မကောင်းပါဘူး။ ဒါအားလုံးက အစ်ကိုကြီး ဂျိချန်းဖန် ရဲ့ လမ်းညွှန်မှုကြောင့် ငါ့မှာ လက်ရှိ ကျင့်ကြံမှုအဆင့် ရှိတာ..."
လင်ကျင်ရှု ပါးစပ်ဟလိုက်သည်။
သူက အဆုံးမှာ ဘာမှ မပြောခဲ့ပါချေ။
သူက အစတုန်းက ဂျိချန်းဖန် ကို မနိုင်နိုင်ပါ၊ အခုတော့ ရှောင်ဖန် ကိုတောင် မနိုင်နိုင်ဘူးလား?
ဒါဆို၊ ကျင်းယွမ်ကလန် ကို ဝင်လာတဲ့ ရွာ က မိဘမဲ့သုံးယောက်ထဲမှာ၊ သူ၊ လင်ကျင်ရှု က အသုံးမဝင်ဆုံးလား?!
လင်ကျင်ရှု အနည်းငယ် ရှုပ်ထွေးနေသည်။
ဂျိချန်းဖန် က စိတ်ထဲမှာ မပြတ်မသား ရယ်မောလိုက်သည်။
ကျန်းရှောင်ဖန် က ဗုဒ္ဓလမ်းစဥ်နှင့် တာအိုလမ်းစဉ် နှစ်မျိုးလုံး ကို လေ့ကျင့်သည်။ ယူကျင်း အဆင့်ငါး မှာတောင်၊ သူက အဆင့်ကျော်ပြီးအခြားသူတွေကို အနိုင်ယူနိုင်ပါသည်။၊သူ့မှာ 'ကျင်းယွမ်ကလန် ဘိုးဘေး က ပေးအပ်တဲ့ မှော်လက်နက် လည်း ရှိေသးသည်။
ဝိဉာဏ်ဝါးမျိုတောင်ဝှေးက ကိုးကောင်းကင်နတ်ဘုရားလက်နက် နဲ့ နှိုင်းယှဉ်နိုင်သည်။
အခု၊ နဂါးသတ်ဓား မရှိသော လင်ကျင်ရှု အများဆုံး ပါရမီ အနည်းငယ် ပိုကောင်းတဲ့ ထူးချွန်ပါရမီရှင် တစ်ယောက်သာသာပါပဲ။
ရှီဟောင် က စိတ်ဓာတ်ကျနေတဲ့ လင်ကျင်ရှု ကို သတိထားမိသည်။
ဖြစ်ချင်တော့ သူကိုယ်တိုင်လည်း ဒီမှာ နောက်ထပ် မနေချင်တော့ေချ၊ ထို့ကြောင့် သူက လင်ကျင်ရှု ကို ဆွဲကာ ကျန့်ပူယီ နဲ့ သူ့ဇနီးကို ပြောလိုက်သည်-
"ဦးကြီး ကျန့်၊ ဒေါလေး စူး၊ ဂျူနီယာ လင် က သူ့ရဲ့မိတ်ဆွေနဲ့ စကားပြောပြီးသွားပါပြီ၊ ဒါကြောင့် တပည့် ဆက်ပြီး အနှောင့်အယှက်မပေးတော့ပါဘူး..."
ကျန့်ပူယီ ပုံမှန်အတိုင်း သူ့လက်ကို လှုပ်လိုက်သည်။
ရှီဟောင် က လင်ကျင်းရှု ကို ဆွဲကာ ပြေးထွက်သွားသည်။
စူးရူ က ကျန့်လင်းအာ ကို သူမရင်ခွင်ထဲတွင် ဖက်ထားပြီး ဂျိချန်းဖန် ကို နူးညံ့စွာ ကြည့်ကာ ပြောလိုက်သည်၊
"တပည့် ဂျိချန်းဖန်၊ မင်းရှောင်ကျူး တောင်ထိပ် ကို ငါနဲ့အတူ လိုက်မလား? မင်းရဲ့ ဒေါ်လေး ရွှယ်ယွဲ့ က မင်း လာလည်မယ်လို့ မကြာမကြာ မျှော်လင့်ေနတယ်။"
လွန်ခဲ့သောလေးနှစ်က ရှောင်ကျူး တောင်ထိပ် လည်ပတ်ပြီးတဲ့နောက် ဂျိချန်းဖန် က ထိုနေရာကိုနောက်ထပ် မရောက်ခဲ့ပါချေ။
စူးရူ က ကျန့်လင်းအာ ကို အိမ်ပြန်ခေါ်တိုင်း၊ဂရန်းမာစတာ ရွှယ်ယွဲ့ က မကြာခဏ 'တပည့် ဂျိချန်းဖန် ဘာကြောင့် မလာတာလဲ' လို့ မကြာခဏ မေးတတ်သည်။
ဒီမြင်ကွင်းက စူးရူ ကို အနည်းငယ် အံ့အားသင့်စေသည်။
နောက်ဆုံးမှာတော့ ဤနှစ်များတစ်လျှောက်လုံးမှာ ဒါက ပထမဆုံးအကြိမ် ရွှယ်ယွဲ့အမ က 'ယောက်ျားလေး တပည့်' တစ်ယောက်အပေါ် စိုးရိမ်မှု ပြသခဲ့တာပါ။
ဂျိချန်းဖန် နူးညံ့စွာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်- "ဆရာမ၊ မလုပ်ပါနဲ့..."
"တပည့်က တုန်းထန်းတောင်ထိပ် ကို သွားပြီး အဲဒီမှာ အစ်ကိုကြီးေတွနဲ့ စကားစမြည်ပြောဖို့၊ ပြီးတော့ တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲ သတင်းတွေ မေးမြန်းဖို့ အစီအစဉ်ရှိပါတယ်။"
ဝမ်ကျန်းယီ ၊ တောက်ရွှန်း ၊ နဲ့ ချန်စုန့် တို့နှင့် ရှီးကျင်းသောက်တာက အဆင့်မြန်မြန်တက်စေနိုင်ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ်၊ တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲ မတိုင်ခင်မှာ ရက်များများကျန်တော့ပါေချ။ ရှောင်ကျူးတောင်နှင့် နောက်ဆုံးမှာ တွေ့ကြမှာပါ။
ဖြေးဖြေးတွေ့လို့ရပါသည်။
စကားပြောပြီးတဲ့နောက် ဂျိချန်းဖန် ရပ်တန့်လိုက်သည်။
သူ့ရင်ဘတ် ထဲကို လက်ထည့်ပြီး တင်းအန်း ဆေး တစ်ပြား ယူကာ၊ စူးရူ ဆီ ပေးပြီး ပြောလိုက်သည်-
"ဆရာမ၊ ကျေးဇူးပြုပြီး ဒီ တင်းအန်း ဆေးပြား ကို ဒေါ်လေးရွှယ်ယွဲ့ ဆီ ပေးေပးပါ။ ဒါကတပည့် ရဲ့တောင်းပန်ချက်အဖြစ် မှတ်ယူလို့ရပါတယ်..."
ဒါကို ကြားရသောအခါ စူးရူ ပြုံးပြလိုက်သည်။
"ကောင်းပြီ၊ ဒီ တင်းအန်း ဆေးပြား နဲ့ဆိုရင်ငါခန့်မှန်းတာက အစ်မကြီး ရွှယ်ယွဲ့ က မင်းကိုအပြစ်မတင်တော့ပါဘူး။"
ဒီမြင်ကွင်းက ပတ်ဝန်းကျင်က တကျူးတောင်ထိပ် တပည့်အားလုံး၏မျက်နှာကို စိမ်းသွားစေသည်။
*အား..ငါတို့လည်း ရှောင်ကျူး တောင်ထိပ် ကို သွားချင်တယ်!*
* ဂျိချန်းဖန်၊ မင်း မသွားချင်ရင်၊ မင်း ငါတို့ကို အခွင့်အရေး ပေးနိုင်မလား?!*
ဒါပေမယ့် ကံမကောင်းစွာပဲ၊ ဒါက မဖြစ်နိုင်ပါေချ။
စူးရူ မျက်လုံးတွေ လှုပ်ရှားလာပြီး၊ သူမဘေးနားက အခြားတပည့်တွေကို တင်းတင်းကျပ်ကျပ် ကြည့်ကာ ပြောလိုက်သည်၊
"မင်းတို့အားလုံး၊ ကျင့်ကြံဖို့ သွားကြစမ်း!"
"တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲ မကြာခင်မှာ ရောက်လာတော့မယ်။ ငါ ပြန်ရောက်တဲ့အခါ မင်းတို့ကို ကောင်းကောင်း လေ့ကျင့်ပေးမယ်!"
ထိုစကားလုံးတွေ ထွက်လာတာနဲ့။
တပည့်အားလုံး မျက်နှာရှုံ့ပြီးငိုလိုက်ကြသည်။
"အားးးး မဟုတ်ဘူး၊ ဆရာမ..."
...
...
ရှောင်ကျူးတောင်ထိပ်၊ လကြည့်မျှော်စင်
နေဝင်ချိန်ဆည်းဆာက ပုဇွန်ဆီရောင်သမ်းနေ၏။
တောက်ပသော လိမ္မော်ရောင်အလင်းတန်းများက ကောင်းကင်မှ ဆင်းသက်လာပြီး ဝါးတောတစ်ခုလုံးကို ရွှေရောင်ဇာထိုးပိတ်စ တစ်ခုနဲ့ ခြုံထားသလို ခံစားရစေသည်...
"ဆွစ်!"
ကျောက်စိမ်းရောင်ဓားစွမ်းအင် တစ်ချက်က လှုပ်ရှားေနသည်။
အဖြူရောင်ဝတ်ရုံဝတ်ထားတဲ့ ပုံရိပ်တစ်ခုက လကြည့်မျှော်စင် ပေါ်မှာ ကျက်သရေရှိစွာ ဓားလေါကျင့်နေသည်၊ မိန်းကလေးရဲ့ စကတ်က လှုပ်ရှားနေပြီး သူမအရေပြားက ပိုးသားကဲ့သို့ နူးညံ့ကာ သူမမျက်နှာက အလွန်လှပသည်၊ အေးချမ်းမှု၏ ပြယုဂ်တစ်ခုကဲ့သို ခံစားရစေ၏...
လူရှူရှီ ၏ တျန်းယာဓား(ကောင်းကင်ဓားဟုလည်းခေါ်သည်) က ခုတ်ချလိုက်သည်။
ဓားစွမ်းအင်တစ်ခု က လေထဲမှာ ပေါ်လာပြီး၊ မြွေတစ်ကောင်ကဲ့သို့ ကခုန်ကာ၊ နေဝင်ချိန် နေရောင်အောက်သို့ကျဆင်းသွားသည်။
"ရွှယ်ချီ။"
ထိုအချိန်မှာ၊ နူးညံ့သော အမျိုးသမီး အသံတစ်သံ လကြည့်မျှော်စင် အပြင်ကနေ ထွက်လာသည်။
လူရှူရှီ အနည်းငယ် ရပ်တန့်လိုက်သည်။
သူမက နောက်ပြန်လှည့်ကြည့်လိုက်သည်။
ဝမ်မင် က လကြည့်မျှော်စင်နှင့် မဝေးတဲ့နေရာမှာ ရပ်နေတာ မြင်လိုက်ရသည်။
"အစ်မ။" အေးစက်ေသာမိန်းကလေးရဲ့ မျက်နှာပေါ်မှာ အနည်းငယ် အပြုံးပေါ်လာသည်။
ဝမ်မင် နူးညံ့စွာ ပြုံးပြလိုက်ကာ ပြောလိုက်သည်- "ရွှယ်ချီ၊ ဆရာမ က မင်းကို ကျင်းကျူးခန်းမ ကို သွားစေချင်တယ်။ ဒေါ်လေးစူး နဲ့ ညီမ လင်းအာ ရောက်လာပြီ..."
ဒီစကားလုံးတွေ ထွက်လာတာနဲ့၊ တျန်းယာဓားထားသော မိန်းကလေး၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။
ဝမ်မင် ပေါ့ပေါ့လေး ပြုံးပြလိုက်ကာ ထပ်ဖြည့်လိုက်သည်- "မောင်လေးဂျိချန်းဖန် မလာဘူး..."
"အိုး။" လူရှူရှီ မျက်လုံးထဲက စိတ်ခံစားချက် တဖြည်းဖြည်း အေးဆေးတည်ငြိမ်မှုဆီ ပြန်ေရာက်လာသည်။
သူမက တိတ်ဆိတ်စွာ တျန်းယာဓား ကို ဖိထားပြီး၊ ပြီးတော့ တကျူးတောင်ထိပ် ဆီကို ကြည့်ကာ၊ နှလုံးသားထဲမှာ တိတ်တဆိတ် ပြောမိသည်-
"လေးနှစ်ကြာ ခက်ခက်ခဲခဲ လေ့ကျင့်မှု၊ အားလုံးက ဒီအခိုက်အတန့်အတွက်ပါ!"
တောင်ထိပ်ခုနစ်ခု ပြိုင်ပွဲ၊ မကြာခင်မှာ ရောက်လာတော့မယ်။