မျိုးဆက်တစ်ခုတည်းက အထက်လမ်းကျင့်ကြံသူလောကမှာပါ မစ္ဆာကျင့်ကြံသူလောကမှာပါ ငါကပြိုင်ဘက်ကင်းတယ်
Vol. 4 Ch. 32
အဖြူရောင်အဝတ်အစား ဝတ်ဆင်ထားသော မိန်းကလေး သည် တျန်းယာ နတ်ဓးကို ကိုင်ဆောင်လျက် ဝမ်မင်းနောက်သို့ လိုက်ကာ ကျင်းကျူးခန်းမ အတွင်းသို့ ဝင်ရောက်လာသည်။
သူမ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို လျင်မြန်စွာ ချောင်းကြည့်လိုက်သည်။
ဟုတ်ပါသည်... သူမတွေ့ချင်ေသာသူကို မတွေ့ရပါ...
လူရွှယ်ချီ ၏ မျက်လုံးများ မှိုင်းဝေသွားသည်။
လွန်ခဲ့သော လေးနှစ်အတွင်း သူမ လေ့ကျင့်သော အချိန်တိုင်းတွင် ထိုတစ်ေယာက်တည်းသော လူကို သတိရနေမိသည်။ သူ၏လက်ထဲတွင် တောက်ပေနသော တျန်းယာ နတ်ဓား၊ ကောင်းကင်ကို ခွဲဖြတ်သော ထိုဓားနှင့် ရင်ဆိုင်ရသည့် မြင်ကွင်းသည် သူမ၏ မျက်စိထဲတွင် ရှင်းလင်းစွာ ပေါ်လွင်နေဆဲပင်...
ထိုအချိန်က သူတို့ချမှတ်ခဲ့သော လောင်းကြေးကိုလည်း သူမ သတိရနေမိသည်။
'ငါ သေချာပေါက် နိုင်မှာပါ!'
လူရွှယ်ချီက စိတ်ထဲမှာပဲ ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။
ဆရာမကို ကျေးဇူးဆပ်ရန်ဖြစ်စေ၊ သူ့အား 'အစ်မ' ဟု ခေါ်စေချင်သည်ဖြစ်စေ၊ သူမသည် မိမိကိုယ်ကို အပြည့်အဝ စွန့်လွှတ်ကာ ကြိုးစားမည်ဖြစ်သည်...
လောင်းကြေးကို နိုင်ပြီး တောင်ထိပ်ခုနှစ်ခု ပြိုင်ပွဲ ၏ ချန်ပီယံဖြစ်လာမည်!
"တပည့်တော် လူရွှယ်ချီက ဆရာနဲ့ စူးရူေဒါ်ေလးတို့အား နှုတ်ဆက်ပါတယ်။" သူက ဦးညွတ်လိုက်သည်။
ဂရန်းမာစတာရွှယ်ယွဲ့ အနည်းငယ် ခေါင်းညိတ်ကာ "ရွှယ်ယွဲ့ ရောက်လာပြီလား" ဟု မေးမြန်းလိုက်သည်။
သူမသည် ပြုံးလျက် လက်ဝဲယာခတ်ကာ လုရွှယ်ချီနှင့် ဝမ်မင်တို့ကို ဘေးနားတွင် ရပ်နားစေလိုက်သည်။
ရွှယ်ယွဲ့က စူးရူအား "ညီမလေး၊ ဂျိချန်းဖန် က လေ့ကျင့်နေဆဲလား ဘာလို့ ဒီတစ်ခါ ရှောင်ကျူးတောင်ထိပ် ကို မလာတာလဲ" ဟု မေးမြန်းလိုက်သည်။
လူရွှယ်ချီသည် တိတ်တဆိတ် နားစွင့်မိနေသည်။
စူးရူက ခေါင်းညိတ်ကာ ရယ်မောလျက် "အစ်မကြီး၊ ဂျိချန်းဖန် ဒီနေ့မှ လေ့ကျင့်ခြင်းက ထွက်လာတာပါ။ သူအဆင့်တက်သွားလို့ အခြေခိုင်အောင်လုပ်ဆဲပါ..." ဟု ပြောသည်။
တကယ်တော့ ဂျိချန်းဖန်သည် တုန်းထန်းတောင်ေပါ် သို့ အပျော်အပါး သွားနေခြင်းသာ ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော အကြောင်းအရာကို ရှေ့တွင် ပြောရန် မသင့်တော်သဖြင့် စူးရူသည် အဖြူရောင်မုသားကို ပြောလိုက်ခြင်းသာ ဖြစ်သည်။
'သူ့ရဲ့ အဆင့် တိုးတက်သွားပြီလား?'
လူရွှယ်ချီသည် ရွှယ်ယွဲ့၏ ဘေးတွင် ရပ်နေရင်း၊ မျက်လုံးထဲတွင် စဉ်းစားနေမိသည်။
စူးရူသည် သူမ၏ ရင်ဘတ်အတွင်းမှ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော သေးငယ်သည့် ပုလင်းလေးတစ်လုံးကို ထုတ်ယူကာ ရွှယ်ယွဲ့ထံ လက်ဆင့်ကမ်းလိုက်ပြီး "အစ်မကြီး၊ ဒါကတော့ ဂျိချန်းဖန် ဖော်စပ်ထားတဲ့ ဆေးပြား ပါ။ သူက ဒါကို အစ်မကြီးအတွက် သူ့ရဲ့ တောင်းပန်ချက်လို့ ပြောပါတယ်" ဟု ရှင်းပြသည်။
ရွှယ်ယွဲ့သည် အနည်းငယ် မကျေမနပ်ဖြစ်ဟန်ဖြင့် "ကျွန်မက သူ့ကို ရှောင်ကျူးတောင်ထိပ်ကို ဧည့်သည်အဖြစ် ဖိတ်ကြားတာက သူ့ကို တွေ့ချင်လို့ပါ၊ သူ့ တောင်းပန်တာလိုချင်တာ မဟုတ်ဘူး..." ဟု ပြောသည်။
သူမ ထိုသို့ပြောနေသော်လည်းသူမ၏ မျက်နှာပေါ်တွင် အနည်းငယ် စူးစမ်းလိုစိတ် ပေါ်လာသည်။
ဂျိချန်းဖန် ဖော်ထားသော ဆေးပြားလား?
ဖက်တီးကျန်း ရဲ့ လျှို့ဝှက် ဒန် ဆေးမလား?
ရွှယ်ယွဲ့က စူးရူအား ကြည့်လိုက်သည်။
စူးရူက စကားမပြောဘဲ ပြုံးနေသည်။
ထိုအခြေအနေကို မြင်တွေ့ရသော် ရွှယ်ယွဲ့သည် စူးစမ်းလိုစိတ်ဖြင့် ကျောက်စိမ်းပုလင်းကို ယူလိုက်သည်။
ဖွင့်လိုက်သောအခါ အတွင်းတွင် ကျောက်စိမ်းဖြူကဲ့သို့ ဝိုင်းစက်ပြည့်ဖြိုးပြီး အနံ့မွှေးသော ဆေးပြားတစ်ပြားကို တွေ့လိုက်ရသည်။
"ညီမလေး၊ ဒီဆေးပြားက..."
စူးရူသည် နောက်ဆုံးတွင် လှည့်ပတ်ပြောဆိုခြင်းကို ရပ်တန့်ကာ ပြုံးလျက် "အစ်မကြီး၊ ဒီဆေးပြားကို "တင်းယန်ဆေးပြား" လို့ ခေါ်ပါတယ်။ ဂျိချန်းဖန် ဖော်စပ်ထားတာပါ။ တစ်လုံးသောက်ရင် နှစ်ပေါင်း တစ်ရာအထိ အရွယ်တင်နုပျိုစေတယ်" ဟု ပြောသည်။
"ဟင်~~~"
ထိုစကားကို ကြားလိုက်ရသော အခါ၊ ကျင်းကျူးခန်းမ အတွင်းရှိ တပည့်များသည် ချက်ချင်း အံ့အားသင့်သွားကြသည်။
တင်းယန်ဆေး?
ဤလောကတွင် ထိုကဲ့သို့သော အံ့ဩဖွယ် ဆေးပြား ရှိပါသလား?
စူးရူသည် ထို့နောက် နောက်ထပ် တင်းယန်ဆေးတစ်လုံးကို ထုတ်ယူလိုက်သည်၊ ထိုဆေးသည် ဂျိချန်းဖန် သူမအား ပေးခဲ့သော ဆေးဖြစ်ပြီး၊ သူမ မစားရသေးသော ဆေးဖြစ်သည်...
ရှောင်ကျူးတောင်ထိပ် ရှိ တပည့်မအားလုံး၏ ရှေ့မှောက်တွင် စူးရူသည် ဆေးပြားကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ချက်ချင်းဆိုသလို ဆေးပြားသည် ပါးစပ်ထဲသို့ ဝင်သည်နှင့် အရည်ပျော်သွားသည်။
နူးညံ့သိမ်မွေ့သော စွမ်းအင်တစ်ခုသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
စူးရူသည် သက်သောင့်သက်သာဖြစ်မှု တစ်ခုကို ခံစားရပြီး သူမ၏ မျက်လုံးများသည် ပိုမိုကြည်လင်လာသည်။
သို့သော် ရှောင်ကျူးတောင်ထိပ် ရှိ တပည့်မအားလုံး၏ ကြည့်ရှုမှုအောက်တွင် စူးရူသည် ဆေးပြားကို စားလိုက်သည့် အခိုက်အတန့်တွင် သူမ၌ အပြောင်းအလဲအချို့ ဖြစ်ပေါ်လာခဲ့သည်...
ပထမဦးစွာ သူမ၏ အသားအရေသည် ပို၍ နုပျိုလာပြီး သူမ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းအနည်းငယ်သည် ပျောက်ကွယ်သွားကာ ၎င်းနေရာတွင် အပျိုပေါက်စလေး ကဲ့သို့လန်းဆန်းသောအရေပြားဖြင့် အစားထိုးခံရသည်။
လွန်ခဲ့သော အချိန်က စူးရူသည် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါက၊ ယခု သူမမှာ အသက် ၂၀ အရွယ် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်နေပြီ...
ရှောင်ကျူးတောင်ထိပ် ၏ ယခင်က နံပါတ်တစ် အလှမယ်။
သူမပြန်ရောက်လာပြီ!
"အား!?"
"စူးရူ အစ်မကြီးရဲ့ ပုံပန်းသဏ္ဌာန်..."
"သူမတကယ်ပဲ ပိုပြီး နုပျိုသွားတာလား!?"
"စူးရူ အစ်မကြီး ငယ်ငယ်တုန်းက ဒီလောက် လှခဲ့တာလား?"
ပတ်ဝန်းကျင်ရှိ အမျိုးသမီး တပည့်များသည် တစ်ဦးပြီး တစ်ဦး အံ့အားသင့်စွာ အော်ဟစ်ကြသည်။
တစ်ချိန်တည်းတွင် သူတို့၏ 'တင်းယန်ဆေး'အပေါ် တောင့်တမှုသည်လည်း ပိုမို ပြင်းထန်လာကြသည်။
တစ်လုံးသောက်ပါက နှစ်ပေါင်း တစ်ရာကြာသည်အထိ အရွယ်တင်နုပျိုစေသည်။
ဤလောကရှိ မည်သည့် အမျိုးသမီး ကျင့်ကြံသူမျှ ထိုကဲ့သို့သော ဆေးပြားကို ငြင်းဆန်နိုင်မည်လား?
ရွှယ်ယွဲ့သည် စူးရူ၏ ပြောင်းလဲမှုကို ငေးမောနေရင်း၊ သူမ၏ နှလုံးသားသည် ယားယံလာပြီး ထို့နောက် သူမ၏ လက်ထဲရှိ တင်းယန်ဆေးကိုလည်း မတွန့်ဆုတ်ဘဲ မျိုချလိုက်သည်။
"ဝှစ်ရှ်--"
အတွင်းမှ အပူဓာတ် တစ်ခု ပျံ့နှံ့လာသည်။
ရွှယ်ယွဲ့၏ ပုံပန်းသဏ္ဌာန်သည်လည်း ဤအချိန်တွင် ပြောင်းလဲသွားသည်။
သူမ၏ အသားအရေသည် ဆီးနှင်းကဲ့သို့ နုနယ်ပြီး ဘဲဥနှင့်တူသော မျက်နှာ၊ ရှည်လျားသောမျက်ခုံးနှင့် သွယ်လျသောနှာခေါင်းရှိသည်။ သူမ၏ မျက်နှာပေါ်တွင် ကျန်ရစ်ခဲ့သော အရေးအကြောင်းအနည်းငယ်သည် ပျောက်ကွယ်သွားကာ ၎င်းနေရာတွင် လန်းဆန်းသန့်ရှင်းပြီး သိမ်မွေ့ကာ အေးမြသော အရေပြားဖြင့် အစားထိုးခံရသည်။
ယခုအခါသူသည် အသက် ၂၀ အရွယ် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကဲ့သို့ဖြစ်နေပြီဖြစ်သည်။
အလှထိပ်ခေါင် အမျိုးသမီးနှစ်ဦးသည်ယခုအခါ ဘေးချင်းယှဉ် ထိုင်နေကြသည်။ ယခင်က ရှောင်ကျူးတောင်ထိပ် ၏ အလှအပ နှစ်မျိုးက ပြန်ရောက်လာပြီ!
ပတ်ဝန်းကျင်ရှိ အမျိုးသမီး တပည့်များအားလုံးသည် အံ့အားသင့်ကြသည်။
"ဆရာမက ငယ်ငယ်တုန်းက ဒီလောက် လှခဲ့တာလား!"
"ဆရာမက ငယ်ငယ်တုန်းက တကယ်ပဲ ဒီလောက် လှခဲ့တာလား?"
"အားး ကောင်းကင်ကြီး~"
"ကျွန်မလည်း တင်းယန်ဆေး တစ်လုံး လိုချင်တယ်!"
ဝမ်မင်းနှင့် လူရွှယ်ချီတို့သည် ၎င်းတို့၏ ဆရာနှစ်ပါး၏ ပြောင်းလဲမှုကို ကြည့်ရှုရင်း၊ ၎င်းတို့သည် အလွန်အံ့အားသင့်သွားကြသည်။
တင်းယန်ဆေး ၏ သက်ရောက်မှုသည် ဤမျှ ပြင်းထန်ပါသလား?
တဒင်္ဂအတွင်း အမျိုးသမီးနှစ်ဦး၏ နှလုံးသားထဲတွင် တောင့်တမှုတစ်ခု ပေါ်လာသည်။
နောက်ဆုံးတွင် သူတို့သည် အမျိုးသမီးများ ဖြစ်ေနဆဲပင်ဖြစ်သည်။
သူတို့သည် မိမိတို့၏ ပုံပန်းသဏ္ဌာန်ကို အလွန်ဂရုစိုက်ကြသည်။
တင်းယန်ဆေးကဲ့သို့သော ဆန်းကြယ်သည့် ဆေးပြားကို မတောင့်တဘဲ နေနိုင်ကြမည် မဟုတ်ချေ။
"ဝှစ်ရှ်--"
ဂရန်းမာစတာ ရွှယ်ယွဲ့ သည် အစွမ်းဖြင့် ရေမှန် တစ်ခု ဖန်တီးလိုက်သည်။
သူမသည် မှန်ထဲရှိ လှပသောအမျိုးသမီးကို ကြည့်ရှုရင်း၊ သူမ၏ မျက်လုံးများသည် မကြာခဏ ငေးမောနေမိသည်...
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာက သူမပင်ဖြစ်မည်၊ မဟုတ်လော?
တင်းယန်ဆေး၊ အမှန်ပင်လျှင် ဆန်းကြယ်လှေချသည်!
...
...
တုန်းထန်းတောင်ပေါ် ၊ ဘိုးဘေးခန်းမ
မိုရှုးဓား ကို သယ်ဆောင်လျက် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ဂျိချန်းဖန်သည် ပြုံးလျက်ထိုနေရာသို့ ရောက်ရှိလာသည်။
"အကြီးအကဲ၊ တပည့် အရက်တောင်းဖို့ ပြန်ရောက်လာပါပြီ!"
ကြည်လင်သော အသံတစ်ခုထွက်ပေါ် လာသည်။
သစ်ပင်အောက်ရှိ လက်တစ်ဖက်ပြတ် အဖိုးကြီးသည် ခဏရပ်နားလိုက်သည်။
သူသည် မဝေးလှသော နေရာရှိ အဖြူရောင်ဝတ်ရုံဝတ် ကောင်လေးကို လှည့်ကြည့်ရင်း၊ မျက်လုံးထဲတွင် အနည်းငယ် လေးစားမှု ပေါ်လာသည်။
" လေးနှစ်ကျော် ကုန်ဆုံးသွားပြီ၊ သိုင်းအဆင့်ကကော ဘယ်လိုရှိပြီလဲ"
ဝမ်ကျန်ယီ ၏ အသံသည် အတန်ငယ် အက်ကွဲနေသော်လည်း စစ်ဆေးမေးမြန်းမှု အရိပ်အယောင်တစ်ခု ပါဝင်သည်။
ဂျိချန်းဖန်သည် အနည်းငယ်ပြုံးလျက် "မျိုးဆက်တစ်ခုတည်းက အထက်လမ်းကျင့်ကြံသူလောကမှာပါ မစ္ဆာကျင့်ကြံသူလောကမှာပါ ကျွန်တော် ကပြိုင်ဘက်ကင်းတယ်" ဟု ပြောလိုက်သည်။
"ဟော့--"
သူ၏ အသံဆုံးသည်နှင့်တစ်ပြိုင်နက်စွမ်းအားပြင်းထန်သော ဓားရည်ရွယ်ချက်တစ်ခု ပေါ်ထွက်လာသည်။
ဓားစွမ်းအင်သည် ကောင်းကင်သို့ ထိုးတက်သွားပြီး အရာခပ်သိမ်းကို အပေါ်စီးမှကြည့်ရှုသည့် အလား ၊ အောင်မြင်မှုအတွက် စိတ်အားထက်သန်မှုဖြင့် ပြည့်နှက်နေသည်!
"ကောင်းပြီ!"
"'ငါကပြိုင်ဘက်ကင်း' ဆိုတာ သိပ်ကောင်းတယ်!"
ဝမ်ကျန်ယီ ၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
သူသည် ဂျိချန်းဖန်ကို အလွန်အံ့အားသင့်စွာ ကြည့်ရှုနေသည်၊ သူ၏ ဓားစွမ်းအင်သည် ဤမျှ စွမ်းအားပြင်းထန်မည်ဟု မျှော်လင့်ထားခဲ့ပါသလား?
"ဟားဟားဟားဟား!"
ထိုအချိန်တွင် ရုတ်တရက် အကျယ်ကြီး ရယ်မောသံတစ်ခု ကြားလာရသည်။
ကြည့်လိုက်သောအခါ ချန်စုန်နှင့် တောက်ရွှမ်း(တာအိုရွှမ်း) ရောက်ရှိလာသည်ကိုမြင်လိုက်ရသည်။ရယ်သံသည် ချန်စုန့်ထံမှထွက်ပေါ်ခြင်းဖြစ်၏။
ချန်စုန့် သည် ဂျိချန်းဖန်၏ လေ့ကျင့်မှုမှ ထွက်လာကြောင်း သတင်းကို ၎င်း၏ တပည့် ရှီဟောင် ထံမှ သိရသည်နှင့်၊ ချက်ချင်းပင် တောင်ပေါ်သို့ လာခဲ့သည်...
ရောက်သည်နှင့် 'ငါသည်ပြိုင်ဘက်ကင်း' ဟူသော စကားကို ကြားလိုက်ရသည်!
ထိုအခါ သူသည် မသိလိုက်ဘဲ အားရစွာရယ်လ်ုက်ခြင်းဖြစ်သည်။