← Chapters

နောက်ဆုံးတော့ လုရွယ်ချီကို တွေ့ရပြီ! တောင်ထိပ်ခုနှစ်ခု ပြိုင်ပွဲ စတင်ခြင်း!

Vol. 4 Ch. 34

နောက်ဆုံးတော့ လုရွယ်ချီကို တွေ့ရပြီ! တောင်ထိပ်ခုနှစ်ခု ပြိုင်ပွဲ စတင်ခြင်း!

Vol. 4 Ch. 34

အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားသည်။

မျက်တောင်ခတ်အတွင်းမှာပင် သုံးလကုန်ဆုံးသွားပြီ။

ယနေ့တွင် ကျင်းယွမ်ကလန် တစ်ခုလုံးသည် စည်ကားသိုက်မြိုက်သော လေထုဖြင့် ဝန်းရံလျက်ရှိသည်။

အဘယ့်ကြောင့်ဆိုသော် ယနေ့သည် ကျင်းယွမ်ကလန် မှ နှစ်ခြောက်ဆယ်တစ်ကြိမ် ကျင်းပသော တောင်ထိပ်ခုနှစ်ခု ပြိုင်ပွ ဖြစ်ပြီး၊ တောင်ထိပ်တစ်ခုစီမှ ထူးချွန်သော တပည့်များသည် တုန်းထန်းတောင်ပေါ် တွင် စုဝေးကြမည်၊ ၎င်းတွင် ရှောင်ကျူးတောင်ထိပ် မှ တပည့်များလည်း ပါဝင်သည်...

တစ်နေ့လုံး တောင်ထဲ၌ လေ့ကျင့်နေသော ထိုတပည့်များအတွက်၊ ဤအမျိုးမျိုးသော ကြည့်ရှုဖွယ်ရာများသည် အလွန်ဆွဲဆောင်မှုရှိဆဲပင်။

နောက်ဆုံးတွင်...

ထိုအရာသည် ရှောင်ကျူးတောင်ထိပ် ပါ

သူတို့သည် အမျိုးသမီး တပည့်များကိုသာ လက်ခံသည်!

တကျူးတောင်ထွတ် လျိုကျင်းခန်းမ ရှေ့တွင်။

တပည့်အားလုံး စုဝေးနေကြသည်။

ကျန့်ပူယီ သည် မနေ့ညက စိတ်လှုပ်ရှားလွန်းသဖြင့် မျက်စိတစ်မှိက်မျှပင် မအိပ်နိုင်ခဲ့ပါ။

အဘယ့်ကြောင့်ဆိုသော် ယခုနှစ် တောင်ထိပ်ခုနှစ်ခု ပြိုင်ပွဲ ၏ ချန်ပီယံသည် သူတို့၏ တကျူးတောင်ထွတ် ပိုင်ဆိုင်မည်ဟု တွေးမိသောအခါ၊ သူသည် အနည်းငယ် ခေါင်းမူးလာခဲ့သည်...

“ရှင့်ရဲ့ အပြုအမူကို ထိမ်းစမ်းပါ!”

စူးရူသည် ဒေါသဖြင့် ကျန့်ပူယီ ကို ကြည့်ရှုလိုက်သည်။

ယနေ့ သူမသည် ပုံမှန်ထက်ပို၍ ကြည်နူးဖွယ်ရာ ဝတ်ဆင်ထားသည်။

မီးခိုးရင့်ရောင်ဝတ်စုံသည် သူမ၏ ချောမောလှပသော ကိုယ်ဟန်ကို ပြည့်စုံစွာ ပြသထားပြီး၊ သူမ၏ နက်မှောင်သော ဆံပင်ကို လိပ်ပြီး ရွှေဆံထိုးဖြင့် ချည်နှောင်ထားကာ၊ သူမ၏ လှပသော မျက်နှာပြင်ပေါ်တွင် မျက်နှာချေမှုန့်အနည်းငယ်ဖြင့် လိမ်းချယ်ထားသည်...

“အားလုံး အဆင်သင့်ဖြစ်ပြီလား”

စူးရူသည် နူးညံ့စွာ မေးမြန်းကာ တပည့်များကို ကြည့်ရှုလိုက်သည်။

သေချာပေါက်၊ သူမ၏ အကြည့်သည် အများအားဖြင့် ဂျိချန်းဖန်အပေါ် တွင်ရှိ‌သည်။

ဤအချိန်တွင်၊ ဂျိချန်းဖန်သည် ကျန့်လင်းအာ နှင့်အတူ လူအုပ်နောက်ဆုံးတွင် ရပ်နေပြီး၊ နှစ်ဦးသည် အဆက်မပြတ် တိုးတိုးပြောနေကြသည်၊ လျှို့ဝှက်စွာ တစ်စုံတစ်ရာ ဆွေးနွေးနေဟန် ရှိသည်?

“အစ်မ ငါတို့ လောင်းကြေးတစ်ခု ချမလား?”

“ဘယ်လို လောင်းကြေးမျိုးလဲ?”

“ကျွန်တော့်ရဲ့ ပထမဆုံး ပြိုင်ဘက်ကို လောင်းကြည့်ရအောင် ကျွန်တော် မှန်လိုက်ရင်၊ မင်းရဲ့ စိတ်ငြိမ်ကျောက်စိမ်းဖျာ ကို ကျွန်တော့်ကိုခဏလောက် ငှားသုံးခွင့်ပေးရမယ်။”

“မှားသွားရင်ရော?” ကျန့်လင်းအာ သည် မျက်ခုံးပင့်လိုက်သည်။

“မှားသွားရင်၊ ငါက မင်းအတွက် တင်းယင် ဆေးကိုအထူး‌ေဖာ်စပ်ပေးမယ်။”

ဂျိချန်းဖန်သည် အနည်းငယ် ပြုံးလိုက်သည်။

မှားသွားမှာလား?

ဟာသ ပြောနေတာလား?

သူ ဘယ်လိုလုပ် မှားနိုင်မှာလဲ?

“တင်းယန်ဆေး လား?” ထိုစကားကို ကြားလိုက်ရသော အခါ ကျန့်လင်းအာ ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး၊ သူမသည် မြန်မြန်ဆန်ဆန် ပြောလိုက်သည်-

“လောင်းကြေး ချမယ်!”

“ကောင်းပြီ! ကျွန်တော့်ရဲ့ ပထမဆုံး ပြိုင်ဘက်ဟာ လုံရှိုး‌ေတာင်က လင်ကျင်းရူ ဖြစ်မယ်လို့ ကျွန်တော် လောင်းကြေးချတယ်!”

ဂျိချန်းဖန်သည် ပေါ့ပါးစွာ ပြုံးလိုက်သည်။

“လင်ကျင်းရူ လား?” ကျန့်လင်းအာ ၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

သူမ၏ ပထမဆုံး အတွေးသည် မယုံနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

နောက်ဆုံးတွင်၊ တောင်ထိပ်ခုနှစ်ခု ပြိုင်ပွဲ ရှိ ပြိုင်ဘက်များကို မဲခွဲ ဆုံးဖြတ်သည်၊ ထို့ကြောင့် ဂျိချန်းဖန် ဘယ်လို သိနိုင်မှာပါလဲ?

ကျန့်လင်းအာ သည် ခေါင်းညိတ်လိုက်သည်။

သူမ ကမိမိကိုယ်ကို အနိုင်ရမည်ဟု ခံစားနေရသည်။

“ဟမ် ဂျိချန်းဖန်၊ မြန်မြန်ဆန်ဆန် မင်းရဲ့ တင်းယန်ဆေး ကို ပြင်ဆင်ထားလိုက်!” ကျန်းလင်းအာ ၏ လှပသော မျက်နှာပေါ်တွင် အောင်ပွဲခံသော အပြုံးတစ်ခုပေါ်လာသည်။

ဂျိချန်းဖန်သည် စကားမပြောဘဲ ပြုံးနေသည်။

ဘယ်သူက အနိုင်ရမည်၊ ဘယ်သူက အရှုံးပေးမည်ဆိုသည်ကို သူတို့ မဲဆွဲလိုက်သည်နှင့် သိရှိသွားမည်။

“သွားကြရအောင်။”

ထိုအချိန်တွင်၊ ကျန်းပူယီ က ညွှန်ကြားလိုက်သည်။

ပြောပြီးနောက် သူသည် ပထမဦးစွာ ဓားပျံစီးကာ တုန်းထန်း‌ေတာင်ပေါ် သို့ ပျံသန်းသွားခဲ့သည်။

စူးရူက နောက်မှ ချက်ချင်း လိုက်ပါသွားသည်။

“အစ် မင်းရဲ့ ရတနာကို ကျွန်တော် ခဏလောက် ငှားလိုက်မယ်။”

ဂျိချန်းဖန်သည် မိုရှူး နတ်ဓားကို ပွေ့ဖက်ထားရင်း၊ သူ၏ကိုယ်သည်ပျောက်သွားကာ ကျန်းလင်းအာ ဘေးနားသို့ ရောက်ရှိလာသည်။

ထို့နောက် သူသည် ယဉ်ကျေးမှုမရှိဘဲ သူမ၏ ကျောက်စိမ်းဖျာ အပေါ်တွင် လှဲအိပ်ကာ ခဏတာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

သူသည် ကျန့်လင်းအာ ၏ စိတ်ငြိမ်ကျောက်စိမ်းဖျာ ကို ဘာအတွက် လိုချင်ပါသနည်း။

သေချာပေါက်၊ အိပ်စက်ရန် ဖြစ်သည်။

တုန်းထန်းတောင် သည် ကျဉ်းမြောင်းသော နေရာတစ်ခုဖြစ်ပြီး၊ တောင်ထိပ်ခုနစ်ခု မှ တပည့်များ စုဝေးနေကြသဖြင့်၊ ညဘက်တွင် အိပ်စက်ရန် သေချာပေါက် ကျပ်ညှပ်‌ေပလိမ့်မည်။

သူသည် ကျန့်လင်းအာ အား ကျောက်စိမ်းဖျာကို ပေးရန် လှည့်စားခြင်းဖြင့်၊ ညဘက်တွင် သက်သောင့်သက်သာ အိပ်စက်နိုင်ရန် ရည်ရွယ်ချက်ဖြစ်၏...

သူ့တွင် ကြပ်ကြပ်ညှပ်ညှပ်ခြင်း အိပ်စက်တတ်သည့် အလေ့အထ မရှိပါ။

…

…

“ဝှစ်ရှ်—“

ဓားအလင်းတစ်ခု လျှပ်တစ်ပြက် ပျောက်ကွယ်သွားသည်။

ကျန်းပူယီ သည် တကျူးတောင်ထွတ် အုပ်စုကို ဦးဆောင်ကာ တိုက်ရိုက် တုန်းထန်း‌ေတာင်‌ခါးပန်းသို့ ဆင်းသက်လာခဲ့သည်။

တုန်းထန်‌ေတာင်ပေါ် တပည့်တစ်ဦးသည် တကျူးတောင်ထွတ် အုပ်စုကို သတိပြုမိသောအခါ၊ သူသည် မြန်မြန်ဆန်ဆန် ရှေ့သို့တက်ကာ၊

“ ခေါင်းဆောင်ကြီးက ယူချင်း ခန်းမ မှာစောင့်မျှော်နေပါပြီ။ ကြွကြပါ”

“ဟမ်မ်။” ကျန့်ပူယီ သည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

သူသည် ဂျိချန်းဖန်ကို ကြည့်ကာ၊ “ဒါရန်၊ ခုနစ်လေးမင်းတို့နှစ်ယောက် ဒီမှာ ခဏစောင့်နေပါလျှောက်မသွားကြနဲ့..” ဟု ပြောလိုက်သည်။

ပြောပြီးနောက်၊ သူသည် အခြား တပည့်များကို ကြည့်ရှုကာ၊ သူတို့ကိုလည်း ထိုနည်းတူ ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့၊ ဆရာ!” ဂျိချန်းဖန်နှင့် အခြားသူများသည် ကျန်ပူယီကို အနည်းငယ် ဦးညွှတ်လိုက်ကြသည်။

သူ၏ ညွှန်ကြားချက်များ ပေးအပ်ပြီးနောက်၊ ကျန့်ပူယီသည် စူးရူနှင့်အတူ ယူချင်း ခန်းမ သို့ သွားခဲ့သည်။

ဂျိချန်းဖန်နှင့် အခြားသူများကို နေရာတွင် ထားခဲ့သည်။

ဤအချိန်တွင်၊ဒူးဘိုင်ရှု နှင့် အခြားသူများသည် စူးစမ်းကြည့်ရှုကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေကြသည်။ သူတို့သည် တုန်းထန်း‌ေတာင်‌ေပါ်ကို လက်ချိုးရေတွက်နိုင်လောက်အောင်သာ လာရောက်ခဲ့ကြဖူးသည်၊ နှစ်သုံးလတစ်ကြိမ် လာတတ်သော ဂျိချန်းဖန်နှင့် မတူပါ။

“ဝှစ်ရှ်—“

ထိုအချိန်တွင်၊ ဓားအလင်းတစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။

ကြည့်လိုက်သောအခါ အသက် ၂၀ အရွယ်ခန့်သာ ရှိဟန်ရှိသော ချောမောလှပသည့် တာအိုသခင်မတစ်ဦးကိုတွေ့လိုက်ရသည်၊ သူမသည် အမျိုးသမီး တပည့်အုပ်စုတစ်ခုကို ဦးဆောင်ကာ၊ တုန်းထန်းတောင်ခါးပတ်သို့ ဆင်းသက်လာခဲ့သည်။

ထိုအရာကို မြင်တွေ့ရသော အခါ၊ တကျူးတောင်ထွတ် ၏ တပည့်များသည် မြန်မြန်ဆန်ဆန် ရှေ့သို့တက်ကာ နှုတ်ဆက်လိုက်ကြသည်။

“ရွှယ်ယွဲ့ ဂရန်းမာစတာကို အရိုအသေပြုပါတယ်”

ရောက်ရှိလာသူမှာ ရှောင်ကျူးတောင်ထိပ် ၏ ခေါင်းဆောင် ဂရန်းမာစတာ ရွှယ်ယွဲ့ပင်ဖြစ်သည်။

“အင်း...” ရွှယ်ယွဲ့ သည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူမ၏ အကြည့်သည် ချက်ချင်းပင် နောက်ကွယ်တွင် ပုန်းကွယ်နေသော ဂျိချန်းဖန်အပေါ်သို့ ကျရောက်သွားကာ၊ သူမ၏ မျက်နှာသည် မာကျောသွားပြီး၊

“ဂျိချန်းဖန် ငါ့ကို‌ေတာင် မကြိုဆိုဘူးလား” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသော အခါ၊ တကျူးတောင်ထွတ် မှ လူအားလုံး အံ့အားသင့်သွားကြသည်။

ကျန့်လင်းအာ၏ ပြုံးစိစိအကြည့်အောက်တွင် ဂျိချန်းဖန်သည် ဖြည်းဖြည်းချင်း လူအုပ်ထဲမှ ထွက်လာပြီး စိတ်ဓာတ်ခွန်အားယူကာ။

“ရွှယ်ယွဲ့အစ်မ ဘာကြောင့် ဒီလို စကားမျိုးကို ပြောနေတာလဲ? ဒီတပည့်ရဲ့ နှလုံးသားထဲမှာ အစ်မက ကျွန်တော့်ရဲ့ ဆရာမ စူးရူနဲ့ တန်းတူပါပဲ!” ဂျိချန်းဖန်က လေးလေးနက်နက် ပြောလိုက်သည်။

သေချာပေါက်... ရွှယ်ယွဲ့သည် ဂျိချန်းဖန်၏ နှလုံးသားထဲတွင် သူမ၏ ဆရာမ ဆူးရူနှင့် တန်းတူပင်ဖြစ်သည်။

ရွှယ်ယွဲ့သည် ယခုအခါ တင်းယန်ဆေး သောက်ပြီးဖြစ်သည့်အတွက်၊ သူမ၏ အလှသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်၏...

ထိုစကားကို ကြားလိုက်ရသော အခါ ဂရန်းမာစတာရွှယ်ယွဲ့ ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားကာ၊ သူမ၏ မျက်လုံးထဲတွင် ပြုံးစိစိ အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း၊ သူမသည် မျက်နှာကို တင်းတင်းထားဆဲဖြစ်သည်။

“ဒါဆိုရင်၊ ငါက ရှောင်ကျူးတောင်ထိပ် ကို ဧည့်သည်အဖြစ် ဖိတ်ကြားတဲ့အခါတိုင်း မင်းက အကြောင်းပြချက်ပေးနေရတာ ဘာကြောင့်လဲ” ဟု ပြောလိုက်သည်။

ဂျိချန်းဖန်သည် မျက်နှာငယ်ဖြင့် ပြောလိုက်သည်၊ “အစ်မ ကျေးဇူးပြု၍ နားလည်ပေးပါ၊ ဒီတပည့်ကလတ်တလော ကျင့်ကြံခြင်းထဲမှာ နှစ်မြုပ်နေတာမို့လို့၊ တကယ်ပဲ အချိန်မရခဲ့ပါဘူး...”

ရွှယ်ယွဲ့သည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ပတ်ဝန်းကျင်တွင် လူများ ပို၍ ပို၍ စုဝေးလာသည်ကို မြင်တွေ့ရသောအခါ၊ သူမသည် ဂျိချန်းဖန်ကို လှည့်စားရန် ရည်ရွယ်ချက် မရှိတော့ပါ၊ ထို့ကြောင့်-

“ဒါဆိုရင်၊ နောက်တစ်ခါ ငါက ရှောင်ကျူးတောင်ထိပ် ကို ဖိတ်ကြားတဲ့အခါ၊ မင်းက လုံးဝ ငြင်းဆန်ခွင့် မရှိဘူး!”

“ဒီတပည့် မှတ်ထားပါမယ်” ဂျိချန်းဖန်၏ မျက်နှာပြင်သည် သေခြင်းတရားကို ရဲရင့်စွာ ရင်ဆိုင်‌နိုင်သကဲ့သို့လေးလေးနက်နက် ဖြစ်လာသည်။

“ဖျစ်—“

ထိုအရာကို မြင်တွေ့ရသော အခါ၊ ရှောင်ကျူးတောင်ထိပ် မှ အမျိုးသမီး တပည့်များ အားလုံး ပြုံးလိုက်ကြသည်။

“ဖွီးး ဟားဟား”

ရွှယ်ယွဲ့ ပင် မခံမရပ်နိုင်ဘဲ ခေါင်းညိတ်ရယ်မောလိုက်သည်။

သူမသည် ပြန်လှည့်ကာ သူမ၏ နောက်ကွယ်ရှိ အမျိုးသမီး တပည့်နှစ်ဦးအား ညွှန်ကြားလိုက်သည်၊ “ရွှယ်ချီ၊ ဝမ်မင် ၊ မင်းတို့နှစ်ယောက် ဒီမှာ စောင့်နေပါ။”

“ဟုတ်ကဲ့၊ ဆရာ!” အမျိုးသမီး တပည့်နှစ်ဦးသည် အနည်းငယ် ဦးညွှတ်လိုက်ကြသည်။

သို့သော် လူရွှယ်ချီ၏ မျက်လုံးများသည် ဂျိချန်းဖန်၏ မျက်လုံးနှင့် အကြည့်ချင်းဆုံမိသွားသည်။

“ဝှစ်ရှ်—“

တဒင်္ဂအတွင်း၊ မမြင်ရသော ချီတစ်ခု လေထုထဲ၌ပျံ့နှံ့သွားသည်။

လူရွှယ်ချီ ၏ မျက်လုံးထဲတွင် စိန်ခေါ်မှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး၊ ဂျိချန်းဖန်အပေါ် သူမ၏ အကြည့်သည် ပြင်းထန်သော တိုက်ခိုက်ခိုက်လိုစိတ် ဖြင့် တဖျပ်ဖျပ် လက်လာသည်။

ခိုင်မာပြီး ယှဉ်ပြိုင်လိုစိတ်များသောစိတ်ဓာတ် သည် သူမ၏ စရိုက်လက္ခဏာ ဖြစ်သည်။

သူမသည် ပါရမီအားဖြင့် ဂျိချန်းဖန်နှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း သူမ၏ ကြိုးစားအားထုတ်မှု လုံလောက်ပါက သူ့ကို လိုက်မီနိုင်မည်ဟု သူမ ခိုင်မာစွာ ယုံကြည်ထားသည်!

လွန်ခဲ့သော ဤလေးနှစ်အတွင်း လုရွယ်ချီ လေ့ကျင့်သည့် အချိန်တိုင်းတွင်၊ ဂျိချန်းဖန်၏ပုံပန်းသဏ္ဌာန်နှင့် ထို လောင်းကြေးသည် သူမ၏ စိတ်ထဲတွင် ပေါ်လာတတ်သည်။

ယခု လေးနှစ်ကုန်ဆုံးပြီ။

သူတို့ နောက်ဆုံးတော့ တွေ့ဆုံကြပြီ!

ဂျိချန်းဖန်သည် အနည်းငယ် ပြုံးလိုက်သည်။ သူသည် လူရွှယ်ချီ ၏ စိန်ခေါ်မှုကို လုံးဝ စိတ်ထဲမထားဘဲ၊ နူးညံ့စွာဖြင့် ပြောလိုက်သည်-

“လူ‌ရွှယ်ချီ မတွေ့ရတာကြာပြီ”

All Chapters