← Chapters

ရွှယ်ချီက ငါ့အကွက်ထဲ ဝင်လာပြီ! ကျင်းယွမ်၏ ဂျိ ချီးကျူးသူကြီး နှစ်ဦး

Vol. 5 Ch. 43

ရွှယ်ချီက ငါ့အကွက်ထဲ ဝင်လာပြီ! ကျင်းယွမ်၏ ဂျိ ချီးကျူးသူကြီး နှစ်ဦး

Vol. 5 Ch. 43

“ဘုန်း—“

လခြမ်းကွေးသဏ္ဍာန် ကြီးမားသော ဓားချီ သည် ကောင်းကင်ကို တိုက်ခိုက်ပြီး ဆင်းသက်လာသော လျှပ်စီးကို ဖျက်ဆီးပစ်ကာ၊ လျှပ်စီးကို မွေးဖွားပေးနေသော ဒုက္ခတိမ်တိုက်များကို ဖြိုခွဲပစ်ပြီး၊ ဖျက်ဆီးပစ်သည်..

ထိုအချိန်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။

သူတို့သည် ကောင်းကင်ကိုးခုအထက်ရှိ အဖြူရောင် ဝတ်ရုံဝတ် ပုံရိပ်ကို ငေးကြည့်နေကြပြီး သူတို့၏ နှလုံးသားများက လုံးဝ ထုံကျင်နေသည်။

ဂျိချန်းဖန်သည် လှပသော အမျိုးသမီးကို လက်တစ်ဖက်ဖြင့် ပွေ့ထားပြီး ကျန်လက်တစ်ဖက်ဖြင့် နဂါးသတ်ဓားကို ကိုင်ဆောင်ထားသည်။ သူ့နောက်တွင် မရေမတွက်နိုင်သော အကြည့်များက မော့ကြည့်နေကြပြီး၊ သူ့ရှေ့တွင် ဆယ်မိုင် မျှရှည်လျားသော အက်ကွဲကြောင်းတစ်ခု ရှိနေသည်...

ထိုအက်ကွဲကြောင်းသည် ဆယ်မိုင်အထိ ရှည်လျားပြီး တိမ်အားလုံး နှစ်ပိုင်းကွဲသွားခဲ့သည်။

ကောင်းကင်ကို တစ်စုံတစ်ယောက်က ခွဲခြမ်းလိုက်သကဲ့သို့ ဖြစ်နေသည်။

ဂျိချန်းဖန် ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။

သူသည် သူ၏ ရင်ခွင်ထဲရှိ လှပသော အမျိုးသမီးကို ကြည့်လိုက်သည်။

လုရွှယ်ချီသည် သူ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေပြီး သူမ၏ မျက်လုံးများ ကအနည်းငယ် ပြူးကျယ်ကာ၊ ပါးစပ်လေး အနည်းငယ် ဟနေပြီး မယုံကြည်နိုင်သော အမူအရာသည် တကယ်ကို ချစ်စရာ ကောင်းနေသည်~

ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်ပြီး “အစ်မကြီး လု၊ ကျွန်တော့် ဓားချက် ဘယ်လိုလဲ?” ဟု ညင်သာစွာ မေးလိုက်သည်။

သူ၏ မေးခွန်းကို ကြားလိုက်ရတော့။

လုရွှယ်ချီ၏ မျက်လုံးများ လင်းလက်သွားသည်။ သူမ အသိပြန်ဝင်လာပြီး ရှက်ရွံ့မှု အရိပ်အယောင်တစ်ခုဖြင့် ဂျိချန်းဖန်ကို ကြည့်လိုက်ကာ ထို့နောက် ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး သူ့ကို မကြည့်ရဲတော့ပေ။

သို့သော် နောက်တစ်စက္ကန့်။

သူမသည် သူ၏ ရင်ခွင်ထဲတွင် ရှိနေသေးကြောင်း ရုတ်တရက် သတိရလိုက်သည်၊ ဒါဆို ရင်ခေါင်းလှည့်ခြင်းက ဘာကို ဆိုလိုတာလဲ?

သူမသည် သူ့ရင်ခွင်ထဲသို့ ပို၍ နစ်ဝင်သွားသည်လား?

အေးစက်ပြီး အထီးကျန်ဆန်သော မိန်းမပျိုလေး၏ မျက်တောင်များ အနည်းငယ် တုန်ယင်သွားသည်။ သူမသည် ဂျိချန်းဖန်၏ ရင်ခွင်မှ လွတ်မြောက်ချင်သော်လည်း ရင်ခွင်က အလွန် နွေးထွေးနေလို့လား၊ ဒါမှမဟုတ် သူမ၏ နူးညံ့သော ခန္ဓာကိုယ် အားအင်မရှိလို့လား မသိပေ...

အတိုချုပ်ပြောရလျှင် သူမ အနည်းငယ် ရုန်းကန်လိုက်သည်။

နောက်ဆုံးတွင် သူမသည် သူ၏ ရင်ခွင်ထဲတွင်သာ နာခံစွာ နေခဲ့သည်။

လုရွှယ်ချီ တိတ်ဆိတ်စွာ မျက်လုံးများကို မှိတ်လိုက်သည်။

သူမ တိတ်ဆိတ်နေပြီး ဂျိချန်းဖန်၏ မေးခွန်းကို မဖြေချင်သကဲ့သို့ ဖြစ်နေသည်။

သို့သော် အနီးကပ် စစ်ဆေးကြည့်လျှင်။

ထိုမိန်းကလေး၏ မျက်နှာနီမြန်းခြင်းသည် သူမ၏ စစ်မှန်သော ခံစားချက်များကို သစ္စာဖောက်လိုက်ပြီ ဖြစ်သည်။

အာ၊ သူမသည် သူ၏ အကွက်ထဲဝင်သွား ခဲ့ပြီဖြစ်သည်။

ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်သည်။

ဤအချိန်တွင် မြင်ကွင်းသည် အမြဲတမ်း တည်မြဲနေခဲ့သည်။

သူတို့နောက်ရှိ လူအုပ်ကြီးသည် နောက်ခံပုံများသာ ဖြစ်နေပြီး၊ သူတို့ရှေ့တွင် ကျယ်ပြန့်သော ကောင်းကင်၊ သူတို့ဘေးတွင် ပြိုင်ဘက်ကင်းသော အလှပဂေး၊ ပြီးတော့ အနာဂတ်...

က မျှော်လင့်ချက် အပြည့်ရှိသည်။

ကွင်းပြင်အောက်တွင် လူအုပ်ကြီး အသိပြန်ဝင်လာကြသည်။

မရေမတွက်နိုင်သော ကျင်းယွမ် တပည့်များ ဆူညံစွာ ဆွေးနွေးပြောဆိုကြပြီး ဂျိချန်းဖန်၏ ကျောပြင်ကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။ ဤအချိန်သည် သူတို့၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားခဲ့သည်...

“ခုနက ဓားချက်က တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ!”

“ငါ အဲဒါကို တိုက်ရိုက် ကြည့်ရဲတဲ့ သတ္တိတောင် မရှိဘူး!”

“ဆက်မပြောနဲ့တော့! အဲဒီ ဓားအလင်းတန်းက အရမ်း တောက်ပလွန်းလို့ ငါ မျက်လုံးတောင် ဖွင့်မထားနိုင်ဘူး!”

“ရှန်ချင်း ! အစ်ကိုကြီး ဂျိ ရှန်ချင်းကို ချိုးဖျက်သွားတာ သေချာတယ်!”

“ကောင်းကင်! ငါးနှစ်အတွင်း ရှန်ချင်း နယ်ပယ်ကို ချိုးဖျက်လိုက်တာ?!”

“ဒါ ဘယ်လို ပါရမီရှင် အမျိုးအစားလဲ?! ဘိုးဘေးကြီး တောင် ဒီလောက် အံ့သြစရာ မကောင်းခဲ့ဘူး မဟုတ်လား?”

မရေမတွက်နိုင်သော တပည့်များ တက်ကြွစွာ ဆွေးနွေးနေကြသည်။

သူတို့သည် ကောင်းကင်ရှိ အဖြူရောင် ဝတ်ရုံဝတ် ပုံရိပ်ကို မော့ကြည့်နေကြပြီး သူတို့၏ နှလုံးသားများ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

ဂိုဏ်းထဲဝင်ပြီး ငါးနှစ်အကြာမှာ ရှန်ချင်းကို ချိုးဖျက်လိုက်တာလား?!

ဒါ ဘယ်လို သတ္တဝါမျိုးလဲ?!

လူအုပ်ထဲတွင် ဇူရှုရှု သည် အသည်းအသန် ရေးသားနေသည်။ သူ၏ ‘ဂျိချန်းဖန်၏ ဗိုလ်ကျသော ကိုးကားချက်များ’ ကို ထုတ်ယူပြီး ဝါကျတစ်ကြောင်းကို အလျင်အမြန် မှတ်သားလိုက်သည်-

【လောကမှာရှိတဲ့ ဓားကျင့်ကြံသူ အားလုံးကို ငါ မေးမယ်၊ ဘယ်သူက ငါ့ဓားကို ပိတ်ဆို့နိုင်သလဲ?】

“ကောင်းပြီ!” ဇူရှုရှုသူ၏ စာအုပ်ငယ်ကို ပိတ်လိုက်သည်။

သူ ဂျိချန်းဖန်ကို လေးစားသော မျက်နှာဖြင့် ကြည့်လိုက်သည်။

ဤအချိန်တွင် ကျင်းယွမ်၏ ‘ဂျိ ချီးကျူးသူများ’ နောက်တစ်ဦး ထပ်တိုးလာသည်။(note - ဂျိချီးကျူးသူများဆိုသည်မှာ အချိန်တိုင်းဂျိချန်းဖန်ကို ချီးကျူးနေ၍ အတိုကောင်ဖြင့် ချစ်စနိုးခေါ်ဝေါ်ခြင်းဖြစ်၏)

“အစ်ကိုကြီး ဂျိမှာ တိုင်ကျင်း နယ်ပယ် အတွက် အလားအလာ ရှိတယ်!” ဇူရှုရှု စိတ်ခံစားမှုဖြင့် ပြောလိုက်သည်။

ကျန့်လင်းအာသည် တကျူး တောင်ထိပ် လူအုပ်ဘေးတွင် ရပ်နေသည်။

သူမသည် အဖြူရောင် ဝတ်ရုံဝတ် ပုံရိပ်ကို မော့ကြည့်နေပြီး သူမ၏ မျက်လုံးများ လေးစားမှုဖြင့် တောက်ပနေသည်၊ ဘာပဲဖြစ်ဖြစ်...

ထို ကောင်လေး သည် အလွန် တောက်ပလွန်းနေသည်!

ကျန့်လင်းအာ သူ့ကို ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများက တခြားသူကို မမြင်နိုင်တော့ပေ...

သို့သော် ထိုအချိန်တွင်ပင်။

သူမသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲရှိ လုရွှယ်ချီကို ရုတ်တရက် သတိပြုမိလိုက်သည်။

ကျန့်လင်းအာ၏ မျက်လုံးများတွင် မနှစ်မြို့မှု အရိပ်အယောင်တစ်ခု လျှပ်ခနဲ ဖြစ်သွားသည်။ သူမ ဒေါသတကြီး နှုတ်ခမ်းစူလိုက်ပြီး စိတ်ဆိုးစွာ ခြေဆောင့်လိုက်ကာ သနားစရာ ကောင်းစွာဖြင့် ညည်းညူလိုက်သည်-

“ငါက သူ့ကိုအရင်သိတာ!”

…

…

မြင့်မားသော စင်မြင့်အထက်တွင်။

အခြား တောင်ထိပ်သခင်များသည် ကောင်းကင်အထက်ရှိ အဖြူရောင် ဝတ်ရုံဝတ် ပုံရိပ်ကို ငေးကြည့်နေကြသည်။

ဤအချိန်တွင် သူတို့၏ မျက်နှာထားများသည် အောက်ပါ တပည့်များ၏ မျက်နှာထားများနှင့် မတူညီဘဲ၊ ထိတ်လန့်မှု၊ အံ့အားသင့်မှုနှင့် စိတ်ရှုပ်ထွေးမှုများ သူတို့၏ မျက်နှာများတွင် အထင်အရှား ပေါ်လွင်နေသည်။

အချိန်အကြာကြီး တိတ်ဆိတ်ပြီးနောက်။

ကျန့်ယွင် တုန်ယင်စွာ ပြောလိုက်သည် “ဂိုဏ်းချုပ် အစ်ကိုကြီး၊ ခုနက ဓားချက်က... ရှန်ချင်း နယ်ပယ်ကို ရောက်နေပြီ မဟုတ်လား?”

တာအိုရွှမ်းသည် သူ၏ မုတ်ဆိတ်မွေးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည် “ဟုတ်ပါတယ်။”

သူ၏ တည်ငြိမ်သော အပြင်ပန်းပုံစံနှင့် လှည့်စားခြင်း မခံပါနှင့်။

တကယ်တော့ သူ၏ နှလုံးသားသည် အလွန် တုန်လှုပ်နေသည်။

ခုနက ဓားချက်က...

ရှန်ချင်း နယ်ပယ်ကို ရောက်ရုံမျှသာ မဟုတ်ပါ!

တာအိုရွှမ်း၏ အမြင်အရ၊ သူ၏ တိုင်ကျင်း နယ်ပယ် ကျင့်ကြံမှုဖြင့်၊ ဂျိချန်းဖန် ခုနက ထုတ်လွှတ်လိုက်သော ဓားချက်သည် ရှန်ချင်း၏ စတုတ္ထ သို့မဟုတ် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုသို့သော တိုက်ခိုက်ရေး စွမ်းအား။

၎င်းသည် အထက်နှင့်မိစ္ဆာသိုင်း‌‌ေလာကနှစ်ခုစလုံးမှ ဝါစဉ်ကြ ပုဂ္ဂိုလ်များကို အမီလိုက်နိုင်လုနီးပါး ဖြစ်သည်။

ဟူး—

တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ!

ဂျိချန်းဖန် ဘယ်လောက်ကြာကြာ ကျင့်ကြံခဲ့ရလဲဆိုတာ သိထားရမည်။

ငါးနှစ်!

တိုတောင်းသော ငါးနှစ်အတွင်းမှာပင်!

သူသည် နှစ်ပေါင်း ရာနှင့်ချီ ကျင့်ကြံခဲ့သော ထို အဖိုးအိုများ ကို အမီလိုက်နိုင်ခဲ့သည်။

ထိုသတင်းသာ အပြင်ထွက်သွားရင်။

အဲဒီလူတွေ ကြောက်လန့်ပြီး သေမှာ မဟုတ်ဘူးလား?!

တာအိုရွှမ်း သူ၏ နှလုံးသားထဲမှ ဝမ်းမြောက်မှုကို ဖုံးကွယ်ရန် သူ၏ မုတ်ဆိတ်မွေးကို အဆက်မပြတ် ပွတ်သပ်နေသည်။

ကျန့်ပူယီ ရယ်မောလိုက်သည် “ကောင်းတယ်၊ ကောင်းတယ်...”

သူ တစ်ခုခု ပြောတော့မလို ရှိသေးသည်။

သို့သော် ထိုအချိန်တွင်ပင် ချန်စုန့် ရုတ်တရက် လက်တင်ခုံကို ရိုက်ချလိုက်ပြီး စိတ်လှုပ်ရှားစွာ ထရပ်လိုက်ကာ ပြောလိုက်သည်-

“ကောင်းတယ်! ကောင်းတယ်! အရမ်းကောင်းတယ်!”

“ဂျိချန်းဖန်၊ နတ်အဖြစ် တက်လှမ်းဖို့ အလားအလာ ရှိတယ်!”

တိုင်ကျင်း နယ်ပယ်အတွက် အလားအလာ ရှိလား? စိတ်မကောင်းပါဘူး!

အဲဒါ ခေတ်နောက်ကျနေပြီ။

အခုဆိုရင် ဂျိချန်းဖန်မှာ နတ်အဖြစ် တက်လှမ်းဖို့ အလားအလာ ရှိတယ်!

ကျန့်ပူယီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။

သူ ချန်စုန့် တာအိုကျင့်ကြံသူကို မကျေမနပ်ဖြင့် တစ်ချက် စိုက်ကြည့်လိုက်ပြီး၊ သူ့စိတ်ထဲတွင် အကြိမ်ရေ မရေမတွက်နိုင်အောင် ဆဲဆိုလိုက်သည်။

မင်း အရူး!

ဒါ ငါ့တပည့်လား မင်းတပည့်လား?!

ချန်စုန့်က တခြားသူတွေကို လျစ်လျူရှုလိုက်သည်။

ဤအချိန်တွင် သူ၏ မျက်လုံးများတွင် ထို ပြိုင်ဘက်ကင်းသော အဖြူရောင် ဝတ်ရုံဝတ် ပုံရိပ်သာ ရှိနေသည်။

ဆင်တူတယ်? ဘယ်လိုလုပ် ဆင်တူရုံပဲ ရှိမှာလဲ!

ဂျိချန်းဖန်က အစ်ကိုကြီး ဝမ်ကို ကျော်လွန်သွားလိမ့်မယ်!!

သူသည် ဖြောင့်မတ်သောတာအိုနှင့် နတ်ဆိုး တာအိုနှစ်ခုစလုံးကို ကျော်လွန်ပြီး အခြားသူအားလုံးကို ကျော်လွန်ဖို့ ကံကြမ္မာ ပါလာခဲ့သူ ဖြစ်တယ်!!

ပြီးတော့ သူ၊ ချန်စုန့်၏၊ ဒီဘဝ ရည်ရွယ်ချက်။

ဂျိချန်းဖန်ကို အကာအကွယ်ပေးဖို့ပဲ!

ငါ့ရဲ့ ဂျိချန်းဖန်ကို ဘယ်သူ ထိရဲလဲ? သူတို့ ငါချန်စုန့် ရဲ့ ဓားက ထက်မြက်လား မထက်မြက်ဘူးလားလို့ မေးကြည့်ရလိမ့်မယ်!

ချန်စုန့် သည် စိတ်ဓာတ်တက်ကြွနေသော လူငယ်လေးကို ကြည့်ရင်း တုန်ယင်စွာဖြင့် လူတိုင်း မေးချင်သော မေးခွန်းကို မေးလိုက်သည်-

“ဂျိချန်းဖန်၊ ဒီဓားရဲ့ နာမည်က ဘာလဲ?”

ဒီမေးခွန်းကို အရင်က လူများစွာ မေးခဲ့ဖူးသည်။

သို့သော် ယနေ့က မတူပါ။

ဂျိချန်းဖန် ဖြည်းညှင်းစွာ ခေါင်းလှည့်လိုက်သည်။ သူ၏ အကြည့်သည် အလွန် ထက်မြက်နေပြီး စိတ်ဓာတ်တက်ကြွစွာ ပြောလိုက်သည်-

“ဒီဓားကို နာမည်ပေးထားတာက— ကောင်းကင်နဲ့ မြေကြီးရဲ့ ဓားတစ်လက်!”

“ကောင်းတယ်!”

ကျန့်ပူယီ ရုတ်တရက် အော်လိုက်ရာ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည် “ဘာ ‘ကောင်းကင်နဲ့ မြေကြီးရဲ့ ဓားတစ်လက်’ လဲ! ကောင်းကင်နဲ့ မြေကြီးကြားမှာ ဒီဓားတစ်လက်ပဲ ရှိတယ်! ငါ့ရဲ့ တပည့်၊ ကျန့်ပူယီရဲ့ တပည့် ပီသပါ ပေတယ်!”

ရွေးချယ်စရာ မရှိပေ။

သူ အခု စကားမပြောဘူးဆိုလျင်သူ့တပည့်ကို လုယူသွားလိမ့်မည်!

ချန်စုန့် သည် ကျန့်ပူယီကို မထီမဲ့မြင် တစ်ချက် ကြည့်လိုက်ပြီး... မင်းလား? မင်းက ဂျိချန်းဖန်ရဲ့ ဆရာ ဖြစ်ဖို့တောင် ထိုက်တန်ရဲ့လား? လို့ ပြောချင်သကဲ့သို့ ဖြစ်နေသည်။

ကျန့်ပူယီ ချက်ချင်း ဒေါသထွက်သွားသည်။

မင်း အရူး! အဲဒါ ဘယ်လို အကြည့်မျိုးလဲ?!

ငါအဖိုးကြီးကို အထင်သေးတာလား?!

သူ ပြန်ပြောတော့မလို ရှိသေးသော်လည်း မျက်လုံးထောင့်မှ လုရွှယ်ချီကို ပွေ့ဖက်ထားသည့် ဂျိချန်းဖန် ရောက်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ကျန့်ပူယီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။

နောက်ဆုံးတွင် သူသည် သူ့တပည့်ရှေ့တွင် ချန်စုန့်နှင့် စကားမများလိုတော့ပေ။

All Chapters