မကျေမချမ်းဖြစ်နေသည့် မဟာမိတ်ခေါင်းဆောင်ယွိ၊ ဆက်သွယ်ရေးအဆောင်(၂)
Vol. 32 Ch. 471
"ချီးထုပ်..."
လေလွင့်သိုင်းသမား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားက လှောင်ပြောင်စွာပြောသည်။
"အရင်တုန်းက သွေးနတ်ဆိုး ဘယ်လောက်တောင်မှ ကြီးမြတ်ခဲ့လဲ။ ဒါပေမယ့် အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားခဲ့လဲ။ မင်းကိုယ်မင်း အတိတ်တုန်းက သွေးနတ်ဆိုးနဲ့ နှိုင်းယှဉ်နိုင်တယ်လို့ ထင်နေတာလား.."
"မင်းကမှ ချီးထုပ်တွေ လာပြောနေတာပဲ... သစ္စာဖောက်တွေရှိလို့သာ မဟုတ်ရင် သွေးနတ်ဆိုးက ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး ကြီးကြီးမားမား ပြောင်းလဲသွားမှာလဲ... ငါတို့ လေလွင့်သိုင်းသမားတွေအတွက် ဘယ်လိုလုပ်ပြီးတော့ နေရာတစ်ခုကို ရယူပေးဖို့ ကျရှုံးခဲ့မှာလဲ.."
ညာစောင့်ရှောက်သူက ဒေါသတကြီး အော်၏။ သူ၏ပုံရိပ်က ရွေ့ရှားသွားပြီး ချက်ချင်းပင် တိုက်ခိုက်သည်။
"မဟာမိတ်ခေါင်းဆောင်... ဒီခွေးကောင်တွေက သေသင့်တယ်.."
ညာစောင့်ရှောက်သူက လှုပ်ရှားမှုပြုသည်နှင့် တစ်ဖက်လေလွင့်သိုင်းသမား နှစ်ယောက်တို့၏ ပုံစံများက ကြီးစွာ ပြောင်းလဲသွားကြသည်။
"အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား... ဘယ်လိုဖြစ်နိုင်မှာလဲ.."
သူတို့သည် နှလုံးသားထဲမှ အံ့သြသွားမိ၏။
ထိတ်လန့်စွာဖြင့် ချက်ချင်းပင် ထွက်ပြေးလိုလေသည်။
လေလွင့်သိုင်းသမားများသည် အရင်းအမြစ် ရှားပါးမှုနှင့် သာမန်ဆန်သည့် ကျင့်စဉ်တို့ကြောင့် အဆင့်ချိုးဖျက်ပြီးသည့်တိုင်အောင် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်၌သာ တည်ရှိနေလေ့ ရှိသည်။
အဆင့်တူသည့် စိတ်ဝိဉာဥ်ဂိုဏ်းနှင့် မိသားစုကြီးများမှ သိုင်းသမားများနှင့် နှိုင်းယှဉ်လျှင်လည်း ပိုမို အားနည်းလေ့ရှိ၏။
အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဟူသည်မှာ အမှန်တကယ်ကို ထူးကဲလှပါသည်။ အဖိုးတန် အမွေအနှစ်အချို့ကိုပင် ရရှိထားနိုင်၏။
"အုန်း.."
ရုတ်တရက် အဖြူရောင် အလင်းတန်းတစ်ခု သူတို့ဆီသို့ ဝင်ရောက်လာခဲ့သည်။ ညာစောင့်ရှောက်သူ၏ မျက်နှာက ကြီးစွာပြောင်းလဲသွားပြီး အလျှင်အမြန် ဆုတ်ခွာ၏။
မဟာမိတ်ခေါင်းဆောင်က လက်သီးချက်ကို ထိုးလိုက်ကာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ အဖြူရောင်အလင်းနှင့် ရင်ဆိုင်သည်။
တန်ပြန်အားကြောင့် သူ၏ပုံရိပ်က အနည်းငယ် ယိုင်သွား၏။ မျက်နှာက လေးနက်နေကာ ပုံရိပ်နှစ်ခုတို့ကို ခေါင်းမော့ကြည့်သည်။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက အကြီးအကဲ ကျု့လျန်... သူကယွီကျိုးရဲ့ အသန်မာဆုံးပဲ.."
အကြီးအကဲကျု့လျန်မှာ အဖြူရောင်အလင်းဖြင့် လွှမ်းခြုံနေပြီး သူ၏အရှိန်အဝါက မြင့်တက်နေပါသည်။
ဒီဗိုင်းဝိဉာဉ်စွမ်းအားက လေထဲတွင် လှိုင်းထနေ၏။
သူ၏အကြည့်က အေးစက်နေပြီး မဟာမိတ်ခေါင်းဆောင်ကို ကြည့်ရှု့သည်။
"ရွှီယန်နဲ့မုန့်ချုံက မင်းတို့လူတွေလား.."
လေလွင့်သိုင်းသမားလေးတစ်ယောက်တွင် နှောင်းပိုင်းအဆင့် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားခွန်အားကို ပိုင်ဆိုင်ထားလေသည်။ ဤသည်မှာ အံ့သြဖို့ကောင်းလှ၏။ တစ်ဖက် လေလွင့်သိုင်းသမား အဖွဲ့အစည်း၏ ကြီးမားသည့် ရည်ရွယ်ချက်ရှိပုံကို ပြသနေပါသည်။
"ဟုတ်တော့ရော ဘာဖြစ်လဲ... မဟုတ်တော့ရော ဘာဖြစ်လဲ..."
မဟာမိတ်ခေါင်းဆောင်က အေးစက်စွာရယ်၏။ မည်သည့် ရှင်းပြချက်မှ လိုအပ်ခြင်း မရှိပေ။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့သည် ရွှီယန်နှင့် မုန့်ချုံတို့ကို မျိုးဆက်စုံ မဟာမိတ်အဖွဲ့နှင့် ဆက်စပ်နေသည်ဟု သံသယဝင်ကြမှာ သေချာ၏။
"ဟုတ်ဟုတ် မဟုတ်ဟုတ်... ဒီနေ့မှာ မင်းတို့အားလုံး သေရမယ်.."
ကျု့လျန်က ဖြေးညှင်းစွာဖြင့် ရှေ့သို့တက်ကာ သူ၏ခန္ဓာကိုယ်ကို ဝန်းရံနေသည့် အဖြူရောင်အလင်းသည် ကောင်းကင်သို့တိုင်အောင် ထိုးတတ်သွား၏။ ကြောက်စရာကောင်းသည့် စွမ်းအားကို လှစ်ပြသည်။
"အဲ့ဒါဆိုလည်း မင်း. ကျု့လျန်မှာ ဘာအစွမ်းရှိလဲဆိုတာကို ကြည့်ရတာပေါ့.."
မဟာမိတ်ခေါင်းဆောင်က အသံနိမ့်စွာ မာန်ဖီပြီးနောက် အနည်းငယ်မျှပင် သတိပေါ့ရဲခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်မှ မိုးပြာရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး လက်ထဲတွင် ရှည်လျားသည့် ဆေဘာကိုကိုင်ဆွဲသည်။
ကျု့လျန်ကို ရှေ့တက်ရင်ဆိုင်၏။
ဘယ်နှင့်ညာစောင့်ရှောက်သူတို့၏ အကြည့်များက ညှို့မှိုင်းသွားကြသည်။ မဟာမိတ်ခေါင်းဆောင်၏ အရှိန်အဝါသည် ကျု့လျန်ထက် ပိုမိုအားနည်း၏။ ကြည့်ရသည်မှာ တစ်ဖက်လူ၏ ပြိုင်ဖက်မဟုတ်ဟန် တူသည်။
သို့ရာတွင် သူတို့အနေနှင့်လည်း ကူညီနိုင်ခြင်း မရှိပေ။ ကျု့လျန်နှင့်အတူ လိုက်ပါလာသည့် လူက အရှိန်အဝါကို အသုံးပြုပြီး သူတို့နှစ်ယောက်ကို ပစ်မှတ်ထားထားပြီးဖြစ်၏။
"စုကျိန်..."
ဘယ်စောင့်ရှောက်သူက မျက်မှောင်ကျုံ့စွာ ပြောသည်။ စုကျိန်မှာ စုမိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်၏ အထွက်အထိပ်တွင် ရှိနေ၏။ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။
"ဒီကောင်တွေကို အသက်ရှင်ရက်ထားလို့ မရဘူး... အတူတူ တိုက်ခိုက်ပြီးတော့သတ်ကြ.."
သူသည် လေလွင့်သိုင်းသမားနှစ်ယောက်တို့ကို အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ မိသားစုခေါင်းဆောင်.."
လေလွင့်သိုင်းသမား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်တို့က အလျှင်အမြန်ခေါင်းငြိမ့်ကြ၏။
ဘယ်နှင့်ညာ စောင့်ရှောက်သူတို့မှာလည်း အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်များ ဖြစ်ပေမယ့် ရန်သူသုံးယောက်၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ရင်ဆိုင်ရရာ ဆက်တိုက်နောက်ဆုတ်နေရသည်။
မိသားစုကြီးများက ပျိုးထောင်ထားသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများသည် လေလွင့်သိုင်းသမားများထက် ပိုမိုသန်မာ၏။
စုမိသားစုကဲ့သို့ ထိပ်တန်းမိသားစုတစ်ခု၏ ခေါင်းဆောင်ဆိုလျှင် ပိုတောင်ဆိုးသေးသည်။ သူတို့နှစ်ယောက်ကို တစ်ယောက်တည်းဖြင့်ပင် ရင်ဆိုင်နိုင်၏။
ထို့အပြင် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား နှစ်ယောက်တို့၏ အကူအညီရှိရာ အခြေအနေမှာ ပို၍ပင် မျှော်လင့်ချက် မဲ့နေပါတော့သည်။
တစ်ဖက်ရှိ မဟာမိတ်ခေါင်းဆောင်မှာ အရေးနိမ့်သည့် အခြေအနေသို့ လုံးဝကျရောက်နေပြီး ဖြစ်၏။ ကျု့လျန်၏ ဖိနှိပ့်မှုကိုခံထားရပြီး ဒဏ်ရာများလည်း ရရှိနေပြီ ဖြစ်သည်။
"လေလွင့်သိုင်းသမားတွေလောက်ကများ မြင့်မြတ်သူတွေကို ဆန့်ကျင်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ ဂုဏ်သရေကို ထိပါးရဲတယ်။ မင်းအပြစ်ကို မင်းသိလား.."
ကျု့လျန်က တိုက်ခိုက်ရင်းနှင့် အေးစက်စွာပြော၏။
ဤသည်က မဟာမိတ်ခေါင်းဆောင်ကို ပိုမိုကာပင် ဒေါသထွက်လာစေသည်။ သို့ပေမယ့် ခံပြင်းနေရုံသာ တတ်နိုင်၏။ သူသည် ကျု့လျန်အား သူ့ထက် ပိုမိုသန်မာမည်ဟု ခန့်မှန်းထားပြီးဖြစ်သည်။ သို့ပေမယ့် အရမ်းကြီး သန်မာနေမည်ဟုတော့ ထင်ထားခြင်းမရှိပါ။
ယွီကျိုးတွင် အသန်မာဆုံးပုဂ္ဂိုလ်ဟု အမှန်တကယ်ခေါ်ဆိုထိုက်ပါသည်။
သူ့ကို ပိုမိုကာပင် မခံမရပ်နိုင် ဖြစ်စေခြင်းမှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် ပုံမှန်အတိုင်း အဆင်ပြေနေခဲ့၏။
သို့ပေမယ့် ရွှီယန်နှင့် မုန့်ချုံတို့၏ ရုတ်တရက်ပေါ်လာပြီး မိသားစုကြီးများကို ဖျက်ဆီးကာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ဂုဏ်သိက္ခာကို ချနင်းသလို ဖြစ်ခဲ့၏။
ဤသည်က ထိုအင်အားစုကြီးနှစ်ခုကို ရူးသွပ်လုမတတ် ဖြစ်သွားစေပြီး ယွီကျိုးတစ်ခုလုံး၌ ကြီးမားသည့်ရှာဖွေမှု ဖြစ်ပွားခဲ့သည်။
သို့ရာတွင် ရွှီယန်နှင့် မုန့်ချုံတို့မှာ ရှာဖွေတွေ့ရှိခြင်း မရှိဘဲ အဲ့ဒီ့အစား သူတို့သာ ပေါ်သွားခဲ့၏။ သူတို့သည် ဒီအတိုင်း ဆက်လက်တိုက်ခိုက်နေ၍ မရပေ။ မဟုတ်ပါက သေဆုံးရပေလိမ့်မည်။
မဟာမိတ်ခေါင်းဆောင်က ဘယ်ညာ စောင့်ရှောက်သူနှစ်ယောက်တို့ကို စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုဖြင့် အကြောင်းကြားပြီးနောက် ထွက်ပြေးရန် အခွင့်အရေးကို ရှာဖွေ၏။ အရူးအမူး ဆုတ်ခွာသည်။
"မင်းကိုယ်မင်း လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား..."
ကျု့လျန်က အလျှင်လိုခြင်း မရှိပေ။ သူ၏လက်သီးနှင့် လက်ဝါးချက်များသည် အဖြူရောင်အလင်းဖြင့် လွှမ်းခြုံနေပြီး မဟာမိတ်ခေါင်းဆောင်ကို ဆက်တိုက်တိုက်ခိုက်ကာ အခြေအနေအား ပိုမိုဆိုးရွားစေသည်။
ဒဏ်ရာများမှာ အခြေအနေ ပိုမိုဆိုးလာခဲ့၏။ ဘယ်နှင့်ညာ စောင့်ရှောက်သူနှစ်ယောက် တို့မှာလည်း မျှော်လင့်ချက်မဲ့နေကြသည်။ သူတို့သည် ထွက်ပြေးချင်နေ၏။ သို့ပေမယ့် စုကျိန်မှာ အလွန် စွမ်းအားကြီးမားလွန်းလှသည်။
"အားကုန်တိုက်ခိုက်ကြ..."
ညာစောင့်ရှောက်သူက အသက်ကို နက်ရှိုင်းစွာရှူပြီး လေလွင့်သိုင်းသမား တစ်ယောက်ကို ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်သည် စုကျိန်၏ တိုက်ခိုက်မှုကို လျစ်လျူရှု့ထား၏။
ဘယ်စောင့်ရှောက်သူက အံ့ကိုကြိတ်ကာ ရှေ့သို့ပြေးတက်သွားပြီး စုကျိန်၏ တိုက်ခိုက်မှုကို တစ်ယောက်တည်း ခုခံသည်။ အခြား လေလွင့်သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်မှုကို လျစ်လျူရှု့ထားလိုက်၏။
"ဘုန်း.."
လေလွင့်သိုင်းသမား၏ မျက်နှာက ကြီးစွာပြောင်းလဲသွားပြီး ခုခံရင်းက အရူးအမူး နောက်ဆုတ်၏။
သို့ပေမယ့် သူ၏စွမ်းအားမှာ သိသာစွာ နိမ့်ကျနေပြီး ချက်ချင်းပင် ကြီးမားသည့် ဒဏ်ရာကို ရရှိခဲ့သည်။ ညာစောင့်ရှောက်သူမှာ အရူးတစ်ယောက်ကဲ့သို့ ရှိနေပြီး အကြိမ်ကြိမ် တိုက်ခိုက်မှုပြုကာ သတ်ဖြတ်ရန် ရည်ရွယ်ထားသည့်ဟန် ရှိသည်။
ထိုလေလွင့်သိုင်းသမား၏ မျက်နှာက ဖြူရော်သွားပြီး အလျှင်အမြန် ထွက်ပြေးကာ စုကျိန်၏နောက်တွင် ပုန်းအောင်း၏။
ထိုအပြုအမှုကို အခွင့်ကောင်းယူပြီး ညာစောင့်ရှောက်သူက ဆုတ်ခွာထွက်ပြေးသည်။ ဘယ်စောင့်ရှောက်သူကို ဆွဲခေါ်ကာ နှစ်ယောက်သား လွတ်မြောက်အောင် ကြိုးစားကြ၏။
ဘယ်စောင့်ရှောက်သူမှာ ကြီးမားသော ဒဏ်ရာများကြောင့် ချောင်းဆိုးရင်းက သွေးများ စီးကျလာခဲ့သည်။ သို့ပေမယ့် သူသည် အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့၏။
"မင်းတို့ လေလွင့်သိုင်းသမားတွေက တကယ့်ကို အသုံးမဝင်တဲ့ဟာတွေ.."
စုကျိန်က ဒဏ်ရာအပြင်းအထန် ရရှိသွားသည့် လေလွင့်သိုင်းသမားကို အေးစက်စွာကြည့်သည်။ ပြီးနောက် မနှစ်မျို့စွာပြော၏။
သူသည် ဘယ်ညာစောင့်ရှောက်သူတို့ကို လိုက်လံခြင်း မပြုပါ။ အဲ့ဒီ့အစား သူ၏အာရုံက မဟာမိတ်ခေါင်းဆောင်အပေါ်သို့ ကျရောက်သွား၏။
ထိုနှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားသည် အရင်ဆုံး သေဆုံးရမည်ဖြစ်သည်။
ယွီကျိုးတွင် ကျု့လျန်မှလွဲ၍ အခြား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၌ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား မရှိပါ။
မည်သည့် ဒုတိယတန်းစားနှင့် တတိယတန်းစား အဖွဲ့အစည်းများမဆို တစ်ဖက်လူနှင့် ကြုံတွေ့ရပါက သုတ်သင်ခံရနိုင်သည့် အန္တရာယ်ရှိ၏။ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းနှင့် တော်ဝင်မိသားစုကြီးများပင်လျှင် ခုခံနိုင်ရုံသာ ရှိမှာပါ။
သို့ပေမယ့် ဤသည်မှာလည်း တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံရမည်ကို စိုးရိမ်နေရမှာ ဖြစ်၏။
စုကျိန်က ရွေ့လျားသွားပြီး မဟာမိတ်ခေါင်းဆောင်ဆီသို့ ဦးတည်နေပါသည်။ ဒီအချိန်၌ မဟာမိတ်ခေါင်းဆောင်၏ မျက်နှာက ကြီးစွာ ပြောင်းလဲသွား၏။
ဘယ်ညာစောင့်ရှောက်သူတို့သည် လျှင်မြန်စွာ ထွက်ပြေးသွားပြီးနောက် စုကျိန်က သူတို့ကို လိုက်လံဖမ်းဆီးခြင်းမပြုပါ။ အဲ့ဒီ့အစား သူ့ကို သတ်ဖြတ်ရန် လာဝိုင်းခဲ့၏။
"သေလိုက်တော့..."
မဟာမိတ်ခေါင်းဆောင်က အော်လိုက်ကာ သွေးချီတို့ မြင့်တက်လာခဲ့သည်။ ချက်ချင်းပင် သူ၏ စွမ်းအားအကြီးမားဆုံး သိုင်းပညာကို အသုံးပြုလိုက်၏။
သူ၏ဓားချက်က အဖြူရောင်အလင်းကို ဖျက်ဆီးသွား၏။ ဤသည်က စုကျိန်ကို နောက်သို့အနည်းငယ် ဆုတ်ခွာသွားရစေပြီး သူသည်လည်း ထွက်ပြေးရန် အရူးအမူး ကြိုးစားသည်။
"မင်းကိုယ်မင်း လွတ်နိုင်မယ်ထင်လား.."
ကျု့လျန်နှင့် စုကျိန်တို့က သူ၏နောက်မှ လိုက်ကြသည်။
ယွီကျိုးရှိ နှောင်းပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား လေလွင့်သိုင်းသမားသည် သက်ဆိုင်ရာ လေလွင့်သိုင်းသမား အဖွဲ့အစည်းတစ်ခု၏ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်မှာဖြစ်၏။
ဆိုလိုသည်မှာ သူတို့တွင် ကြီးမားသည့် ရည်မှန်းချက်တို့ရှိနေပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို အချိန်မရွေး ဆန့်ကျင်တိုက်ခိုက်လာနိုင်သည်။
သွေးနတ်ဆိုးဂိုဏ်း၏ ကပ်ဘေးပြီးဆုံးပြီးကတည်းက စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများသည် ထိုလေလွင့်သိုင်းသမား အဖွဲ့အစည်းများအပေါ် အလွန်သတိထားကြ၏။
အထူးသဖြင့် စွမ်းအားကြီးမားသူများနှင့် ပါရမီရှင်များရှိသည့် လေလွင့်သိုင်းသမား အဖွဲ့အစည်းများ ဖြစ်သည်။
ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးကို ရှာဖွေတွေ့ရှိသည်နှင့် အတူတူပူးပေါင်းကာ တိုက်ခိုက်သတ်ဖြတ်ကြသည်။
ပိုမိုကြီးထွားလာမှုကို မဖြစ်ပေါ်စေရန်နှင့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ဂုဏ်သိက္ခာကို မခြိမ်းခြောက်နိုင်စေရန် ဖြစ်သည်။
မဟာမိတ်ခေါင်းဆောင်မှာ အရူးအမူး ပြေးလွှားနေပြီး သူ၏နောက်မှ ကျု့လျန်နှင့် စုကျိန်တို့က လိုက်ကြသည်။
"ငါတော့ အန္တရာယ်ကျရောက်ပြီး.."
မဟာမိတ်ခေါင်းဆောင်၏ နှလုံးသားက လေးလံသွားသည်။ နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာက အစိမ်းရောင် ပြောင်းသွား၏။
ကျု့လျန်မှာ သူ့ထက် ပိုမိုစွမ်းအားကြီးမားရုံသာမက ပိုမိုကာလည်း မြန်ဆန်ပါသည်။ အံကိုကြိတ်ကာ ကျင့်ကြံခြင်း အတတ်ကို အရူးအမူး လှည့်ပတ်လိုက်ပြီး အကွာအဝေးကို ချဲ့ထွင်လိုက်၏။ သို့ပေမယ့် နှစ်ဖက်၏ အကွာဝေးမှာ တဖြည်းဖြည်းနှင့် ပိုမိုကာနီးကပ်လာခဲ့သည်။
'ကျိန်နိုင်ငံရဲ့ တာဝန်မိသားစုကို သွားတာပေါ့... ကျိန်နိုင်ငံက သိုင်းလောက ပဋိပက္ခတွေထဲမှာ ဝင်ပါလေ့မရှိဘူး။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ အမိန့်မရှိဘဲနဲ့ လေလွင့်သိုင်းသမား အင်အားစုတွေအပေါ် အလောတလျင် တိုက်ခိုက်မှာ မဟုတ်ဘူး..'
'ကျိန်နိုင်ငံရဲ့ မြို့တော်မှာ ပုန်းနေရင် ကျု့လျန်နှင့် စုကျိန်တို့လည်း အရမ်းသောင်းကျန်းရဲမှာ မဟုတ်ဘူး။ အဲ့ဒါဆိုရင် အသက်ရှင်ဖို့ အခွင့်အရေးရှိနိုင်တယ်..'
မဟာမိတ်ခေါင်းဆောင်က ခဏတာစဉ်းစားပြီးနောက် အံကိုကြိတ်သည်။ ကျိန်နိုင်ငံ၏ မြို့တော်ဆီသို့ ဦးတည်သွား၏။
သို့ရာတွင် လမ်းတစ်ဝက်၌ ကျု့လျန်က နီးကပ်လာပြီး အဝေးရောက် တိုက်ခိုက်မှုဖြင့် တိုက်ခိုက်လာခဲ့သည်။
မဟာမိတ်ခေါင်းဆောင်မှာ လျှို့ဝှက်အတတ်ကို ထပ်မံအသုံးပြုလိုက်ပြီး အမြန်နှုန်းကို မြှင့်တင်ကာ အကွာဝေးကို ချက်ချင်း ချဲ့ထွင်လိုက်သည်။ သို့ပေမယ့် သူ၏ဒဏ်ရာများမှာ ပိုမိုကာပင် ဆိုးရွားလာခဲ့၏။
"မင်းကျု့လျန် ငါ့ကိုသတ်ဖို့အတွက် သိုင်းပညာလျှို့ဝှက်အတတ်ကို အသုံးပြုမယ်လို့ ငါမယုံဘူး.."
မဟာမိတ်ခေါင်းဆောင်က ညှို့မှိုင်းစွာ စဉ်းစားသည်။
သို့ပေမယ့် သူသည် ကျိန်နိုင်ငံ၏ မြို့တော်နှင့် မိုင်တစ်ထောင် ဝေးကွာပါသေးသည်။ ကျု့လျန်မှာ သူ၏ ရည်ရွယ်ချက်ကို နားလည်ပုံရ၏။
အမြန်နှုန်းကို မြှင့်တင်လိုက်ပြီး အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လျှင်မြန်စွာ လိုက်ပါလာခဲ့သည်။
"စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ လျှို့ဝှက်အတတ်တိုင်းက ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေနိုင်တာ မဟုတ်ဘူး.."
ကျု့လျန်၏ ထူးမခြားနားသည့် အသံက ထွက်ပေါ်လာခဲ့သည်။
လျှို့ဝှက်အတတ်သည် ကုန်ဆုံးမှုများပြားပေမယ့် သူ့ကိုယ်သူ ထိခိုက်စေခြင်းမရှိပေ။ သို့ပေမယ့် ထိုကဲ့သို့သော လျှို့ဝှက်အတတ်သည် အရမ်းကြီး စွမ်းအားကြီးမားခြင်း မရှိပေ။
အဆင်ပြေသည်မှာ မဟာမိတ်ခေါင်းဆောင်ကို လိုက်မှီရန်အတွက် လုံလောက်၏။ မဟာမိတ်ခေါင်းဆောင်ကြီး၏ မျက်နှာက အစိမ်းရောင်သို့ ပြောင်းသွားသည်။
သူသည် မောဟိုက်စွာဖြင့် ကျိန်ဆဲရင်းမှ အသံနိမ့်စွာမာန်ဖီပြီး ကြွယ်ဝသည့် သွေးအရောင်တို့ ခန္ဓာကိုယ်မှ မြင့်တက်လာခဲ့သည်။
သူ၏အဆီအနှစ်ကို တစ်ခါတည်း လောင်ကျွမ်းစေပြီး အဆုံးစွန်သော လျှို့ဝှက်အတတ်ကို အသုံးပြုလိုက်၏။
ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွားလာကာ သွေးနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်၌ ပျောက်ကွယ်သွားသည်။
ကျု့လျန်က အနည်းငယ် မျက်မှောင်ကျုံ့သွားပြီး နှာခေါင်းရှုံ့၏။
"သွေးအဆီအနှစ်ကို လောင်ကျွမ်းစေတာလား... ဒါကကိုယ့်ကိုယ်ကိုယ် ကြီးကြီးမားမား ထိခိုက်စေတဲ့ လုပ်ရပ်ပဲ။ မင်းဘယ်နေရာအထိ ပြေးနိုင်မလဲလို့ ကြည့်တာပေါ့.."
စံအိမ်အတွင်းတွင် ဖန်းဟောင်မှာ အလွန်စိတ်လှုပ်ရှားနေ၏။ လက်ထဲရှိ သေးငယ်သည့် အဖြူရောင် တံဆိပ်ပြားကိုကြည့်ကာ ၎င်းအပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် ချိတ်တံဆိပ်များနှင့် အခင်းအကျင်းသင်္ကေတများကို ထွင်းထုထားသည်။
တံဆိပ်ပြား၏ အလယ်တွင် ကျောက်စိမ်းကဲ့သို့ ချောမွေ့နေ၏။ သူ၏အစစ်အမှန်ယွမ်နှင့် စကားလုံးများကိုရေးပြီးနောက် တံဆိပ်ပြား၏ အခြားတစ်ဖက်တွင် ပေါ်လာခဲ့သည်။
"ဆရာ... ကျွန်တော်လုပ်ပြီးပြီ.."
ဖန်းဟောင်က စိတ်လှုပ်ရှားစွာဖြင့် ပြော၏။
"ကောင်းတယ်... ဒါကိုဆက်သွယ်ရေးအဆောင်လို့ ခေါ်တာပေါ့.."
လီရွှမ်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ရင်းက ပြော၏။