← Chapters

ဖန်းဟောင်၏ မဟာမိတ်ခေါင်းဆောင် ဖြစ်လာခြင်း

Vol. 32 Ch. 474

ဖန်းဟောင်၏ မဟာမိတ်ခေါင်းဆောင် ဖြစ်လာခြင်း

Vol. 32 Ch. 474

မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ စိတ်ကူးစိတ်သန်းနှင့် ရည်ရွယ်ချက်တို့ကို ကြားသိပြီးနောက် ဖန်းဟောင်သည် ရှုပ်ထွေးစွာ ရှိနေ၏။ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေပါသည်။

ထို့အပြင် သူသည် ဆရာဖြစ်သူ၏ ခွင့်ပြုချက်ကိုလည်း မရရှိသေးပေ။

"ခင်ဗျား အရင်ဆုံး အနားယူသင့်တယ်... အခုအချိန်မှာ အရေးအကြီးဆုံးက ဒဏ်ရာတွေ ပြန်ကောင်းလာဖို့ပဲ။ ကျု့လျန်ဒီနေရာကို ရှာတွေ့သွားမှာကို မစိုးရိမ်နဲ့။ စံအိမ်ကို သူရှာတွေ့သွားရင်တောင် ဝင်လာတာက ကိုယ့်ကိုယ်ကိုယ်သက်သေတာနဲ့ အတူတူပဲ.."

ထိုစကားနှင့်အတူ ဖန်းဟောင်သည် မဟာမိတ်ခေါင်းဆောင်ကို အားပေးပြီးနောက် အနားယူခိုင်း၏။

ထို့နောက် သူ၏ ဆက်သွယ်ရေးအဆောင်ကို ပြန်လည်သွားရောက်လေ့လာသည်။

မဟာမိတ်ခေါင်းဆောင်မှာ အခြေအနေ အရပ်ရပ်တို့အား အိပ်မက်မက်နေသည်ဟု ခံစားရ၏။ သူသည် သေဆုံးလုနီးပါးဖြစ်ခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့သည်။ သို့ပေမယ့် ကံကောင်းစွာဖြင့် ဖန်းဟောင်နှင့်ရွှီယန်တို့၏ ကယ်တင်မှုကို ခံခဲ့ရ၏။

ထို့အပြင် ဆေးလုံးတစ်လုံးကို သောက်သုံးပြီးသည်နှင့် ဒဏ်ရာများမှာ လျှင်မြန်စွာ ပြန်ကောင်းလာခဲ့လေသည်။

ထိခိုက်သွားသည့် အခြေခံမှာလည်း ထိုမိန်းကလေးငယ်၏ ကုသမှုဖြင့် ပြန်လည် ကောင်းမွန်လာခဲ့၏။ ရက်အနည်းငယ်အတွင်းတွင် အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မှာ ဖြစ်သည်။

"သူတို့သာ... မျိုးဆက်စုံ မဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်နေရင် ဘယ်လောက်ကောင်းမလဲ..."

မဟာမိတ်ခေါင်းဆောင်က ကိုယ့်ကိုယ်ကိုယ် သက်ပြင်းချသည်။

သူသည် မတ်တတ်ရပ်ကာ စံအိမ်အား လှည့်လည်ကြည့်ရှု၏။ သူ၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားသည်။ ခြံဝန်းထဲတွင် ငယ်ရွယ်သည့် ယောက်ျားပျိုတစ်ဦးသည် ကုလားထိုင်ပေါ်မှာ ထိုင်နေ၏။ လက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သည့် စာအုပ်တစ်အုပ်အုး ကိုင်ဆောင်ထားသည်။ သူ၏ပုံစံက လျှို့ဝှက်ဆန်းကြယ်ကာ ထည်ဝါလှ၏။

'အနှိုင်းမဲ့တဲ့ ဆရာသခင်တစ်ယောက်ပဲ... စစ်မှန်တဲ့ အနှိုင်းမဲ့ဆရာသခင်ပဲ..'

မဟာမိတ်ခေါင်းဆောင်မှာ မှင်သက်သွားသည်။

သူကိုယ်တိုင်မှာ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်၏။ သို့ပေမယ့် လူငယ်ကို ကြည့်လိုက်သည်နှင့် ထိုကဲ့သို့သော ခံစားချက် ပေါ်လာခဲ့လေသည်။ တစ်ဖက်လူသည် မည်မျှစွမ်းအားကြီးလိုက်သနည်း။

'အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများလား...'

ထို့နောက် မဟာမိတ်ခေါင်းဆောင်သည် ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် ငြင်းဆန်မိ၏။

'မဟုတ်သေးဘူး... အဲ့ဒါတော့ မဖြစ်နိုင်ဘူး... အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက် ဆိုရင်တောင် ဒီလောက် လျှို့ဝှက်ဆန်းကြယ်ပြီး ကြီးမြတ်တဲ့ အငွေ့အသက်ကို မပိုင်ဆိုင်ထားနိုင်ဘူး။ သူက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားရဲ့ အထက်က ပုဂ္ဂိုလ်တစ်ယောက်များလား..'

ယွီကျိုးအဖွဲ့ခွဲ၏ မဟာမိတ်ခေါင်းဆောင် အနေနှင့် သူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့ အတွင်းတွင် ရာထူးနိမ့်သည့် လူတစ်ယောက်မဟုတ်ပေ။

သူ၏စွမ်းအားမှာ အခြားဒေသများရှိ ခေါင်းဆောင်များနှင့် ဒုခေါင်းဆောင်များထက် နိမ့်ပါးပေမယ့် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား စီနီယာများကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ဖူးသည်။

ထိုအထဲမှ မည်သူမှ တစ်ဖက်လူငယ်၏ ကြီးမြတ်သည့် အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိပေ။ ကြည့်လိုက်ရုံနှင့် ယခုမျှ လေးစားမှုနှင့် ရိုသေမှုကို ဖြစ်ပေါ်စေနိုင်သည့် စိတ်အစဉ်ကိုလည်း မခံစားရပေ။ အနှိုင်းမဲ့သည့် လျှို့ဝှက်ဆန်းကြယ်မှုကိုလည်း မည်သူမှ ပိုင်ဆိုင်ထားခြင်း မရှိပါ။

ထိုခဏအတွင်း၌ပင် မဟာမိတ်ခေါင်းဆောင်သည် ထိတ်လန့်သွားခဲ့၏။ ဒီအကြီးအကဲသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ထက် ကျော်လွန်သည့် ပုဂ္ဂိုလ်တစ်ဦးလေလား။

"ဂျူနီယာက... စီနီယာကြီးကို အရိုအသေပေးပါတယ်.."

မဟာမိတ်ခေါင်းဆောင်က အလျှင်အမြန် ရှေ့သို့တက်ကာ လေးစားစွာ အရိုအသေပေးသည်။

"အင်း..."

လီရွှမ်မှာ စစ်မှန်သည့် ဆရာသခင်တစ်ယောက်၏ အငွေ့အသက်ကို ထုတ်လွှတ်ထား၏။ သူ၏ ပတ်ဝန်းကျင်တွင် လျှို့ဝှက်ဆန်းကြယ်သည့် လေထုက ဝန်းရံနေပြီး ကြည့်ရသည်မှာ သာလွန်ထူးကဲကာ ကြီးမြတ်နေပါသည်။

ဤသည်က မဟာမိတ်ခေါင်းဆောင်ကို အရိုအသေပေးလိုစိတ်တို့ပင် ပေါ်လာစေ၏။

"မင်းရဲ့ဒဏ်ရာ ပျောက်ကင်းဖို့အတွက်ပဲ အာရုံစိုက်နေဦး.."

လီရွှမ်သည် ထိုက်ချန်းစာအုပ်မှ အကြည့်ခွာခြင်း မရှိပေ။ သူ၏လေသံမှာ ထူးမခြားနားစွာ ရှိနေ၏။

"ဟုတ်ကဲ့ပါစီနီယာ..."

မဟာမိတ်ခေါင်းဆောင်က ဂရုတစိုက်ဖြင့် နောက်သို့ ဆုတ်သွားပြီး နေရာတစ်ခုကိုရှာကာ တင်ပျဉ်ခွေထိုင်သည်။ သူ၏ဒဏ်ရာများကို စတင်ကုသ၏။

'စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားရဲ့ အထက်လား။ အဲ့ဒါက ဘယ်လို ကျင့်ကြံခြင်း အဆင့်မျိုးပါလိမ့်... ဒါက ဒီလောကမှာ တည်ရှိဖို့မဖြစ်နိုင်တဲ့ အဆင့်မလား..'

မဟာမိတ်ခေါင်းဆောင်မှာ အလွန် စိတ်အားထက်သန်စွာရှိနေ၏။ သူသည် ကံကောင်းထောက်မစွာဖြင့် ထိုမျှကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် ကြုံတွေ့ခဲ့ရလေသည်။

'ရွှီယန်နဲ့မုန့်ချုံတို့မှာ ဒီလောက်အံ့သြစရာကောင်းတဲ့ ခွန်အားတွေ ပိုင်ဆိုင်ထားတာ အံ့သြစရာမရှိဘူး..'

မဟာမိတ်ခေါင်းဆောင်သည် အံ့သြမှုတို့ဖြင့် ပြည့်နက်နေပါသည်။ လက်စသတ်တော့ ထိုနှစ်ယောက်တွင် ယခုမျှ အနှိုင်းမဲ့သည့် ဆရာတစ်ယောက် ရှိနေ၏။

ကျု့လျန်မှာ ကျိန်နိုင်ငံ၏ မြို့တော်ဆီသို့ လမ်းတလျှောက် မဟာမိတ်ခေါင်းဆောင်ကို မနားမနေ လိုက်လံနေ၏။ သို့ပေမယ့် တစ်ဖက်လူ၏ သဲလွန်စများကို ဆက်လက်ရှာတွေ့နိုင်ခြင်း မရှိတော့ပေ။ သူသည် မျက်မှောင် ကျုံ့သွား၏။

မဟာမိတ်ခေါင်းဆောင်မှာ ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သွေးအဆီအနှစ်ကိုပင် လောင်ကျွမ်းခဲ့ရသည်။ အခြေခံမှာ ထိခိုက်သွားမှာ ဖြစ်၏။ လိုက်လံမှုမှ လွတ်မြောက်နိုင်စရာ အကြောင်းမရှိပေ။

ကျိန်နိုင်ငံမှာ မည်သည့် ပဋိပက္ခအကြားတွင်မှ ဝင်ပါခြင်းမရှိပေမယ့် မြို့တော်သာ ငြိမ်းချမ်းနေပြီး အနှောင့်အယှက် မဖြစ်ပါက စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ တရားခံများကို လိုက်လံဖမ်းဆီးခြင်းအား တားဆီးမည် မဟုတ်ပါ။

ကျု့လျန်နှင့် စုကျိန်တို့သည် မဟာမိတ်ခေါင်းဆောင်အား မြို့တော်အနှံ့ ရှာဖွေခဲ့ပြီး မည်သည့်အသဲလွန်စမှ မရဘဲရှိနေ၏။

ထို့ကြောင့် နောက်သို့ပြန်လှည့်လာကာ မဟာမိတ်ခေါင်းဆောင် ထွက်ပြေးခဲ့သည့် လမ်းကြောင်းဆီသို့ ပြန်လည် သွားရောက်ရှာဖွေသည်။

"သူက သိသိသာသာပဲ ဒဏ်ရာအပြင်းအထန်ရထားတာ... ဒါကြောင့်မို့လို့ အထိန်းအချုပ်ကင်းမဲ့ပြီး ဒီနေရာမှာ ပြုတ်ကျသွားတာပဲ.."

ကျု့လျန်နှင့် စုကျိန်တို့သည် မဟာမိတ်ခေါင်းဆောင် ကျဆင်းသွားခဲ့သည့် နေရာဆီသို့ ရောက်ရှိလာကြ၏။ ပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် မည်သည်ကိုမှ တွေ့ရခြင်း မရှိပေ။

"သူ.. ဒီလောက်ဒဏ်ရာ ဆိုးဆိုးရွားရွားရထားတာ တစ်ယောက်ယောက်က ကယ်သွားရင်တောင်မှ သေတာ သို့မဟုတ် ဒုက္ခိတ ဖြစ်သွားမှာပဲ။ ကျန်တဲ့ လေလွင့်သိုင်းသမားတွေကိုလည်း ငါတို့တွေ သွားရှင်းရမယ်.."

ကျု့လျန်က အေးစက်စွာ ပြောသည်။ သူသည် ရွှီယန်နှင့် မုန့်ချုံတို့မှာ လေလွင့်သိုင်းသမား အဖွဲ့အစည်းအတွင်းမှ ဖြစ်မည်ဟု သေချာစွာ အတည်ပြုပြီးဖြစ်၏။ ထို့အပြင် သိုက်ရှန်းကို သတ်ဖြတ်ခဲ့သည်မှာ ရွှီယန်မဟုတ်ဘဲ စွမ်းအားကြီးမားသည့် လေလွင့်သိုင်းသမား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်မည်ဟုပင် သံသယဝင်မိသည်။

ထိုအဖွဲ့တွင် မဟာမိတ်ခေါင်းဆောင်အပြင် အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား နှစ်ယောက်တို့လည်း ရှိနေ၏။

ဤသည်မှာ အထင်သေးလို့မရသည့် အဖွဲ့အစည်းဖြစ်သည်။

ရလဒ်အနေနှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့သည် မျိုးဆက်စုံ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များအတွက် ကြီးမားသည့် ရှာဖွေဖမ်းဆီးမူတို့ ထပ်မံပြုလုပ်ခဲ့ပြန်သည်။

အခြား ဂိုဏ်းများနှင့် မိသားစုကြီးများလည်း ပူးပေါင်းလာကြ၏။ လေလွင့်သိုင်းသမားများနှင့် ပတ်သက်ပါက စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများသည် တူညီစွာ ရပ်တည်ကြပြီး လေလွင့်သိုင်းသမား အင်အားစုတစ်ခုကို ကြီးထွားခွင့်ပြုမည် မဟုတ်ပေ။

ထိုလေလွင့်သိုင်းသမား အဖွဲ့အစည်းတွင် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်အား ပိုင်ဆိုင်ထားသည်ဟု သိရပြီးနောက် ယွီကျိုးရှိ အင်အားစုကြီး အားလုံးတို့သည် ဂရုမစိုက်ပြုရဲခြင်း မရှိတော့ဘဲ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်များကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေလာကြသည်။

မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ လျှို့ဝှက်စခန်းတွင်...

ဒီနေရာကို မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများသာ သိရှိကြ၏။

ဒီအချိန်၌ အားလုံးတို့ကို စုစည်းထားကြသည်။ ဘယ်စောင့်ရှောက်သူမှာ ဒဏ်ရာအပြင်းအထန်ရရှိထားပြီး လက်ရှိအချိန်၌ တံခါးပိတ်ကျင့်ကြံကာ ကုသနေ၏။

"ငါတို့ မဟာမိတ်ခေါင်းဆောင်ရဲ့ အသက်ရှင်နိုင်စွမ်းချေက...အရမ်းကို နည်းပါးလွန်းတယ်..."

ညာစောင့်ရှောက်သူက နက်ရှိုင်းသည့် အသံဖြင့် ပြောသည်။

ကျန်ရှိသည့် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပုဂ္ဂိုလ်များလည်း ညှို့မှိုင်းစွာ ရှိနေကြ၏။

"ကျု့လျန်၊ စုကျိန်... ငါတို့တွေ ဒီကောင်တွေကို လက်စားချေရမယ်.."

အဖွဲ့ဝင်တစ်ယောက်က အံကိုကြိတ်ကာ သူ၏ဒေါသကို ဖော်ပြ၏။

"အခုအချိန်မှာ စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေက မျိုးဆက်စုံ မဟာမိတ်အဖွဲ့အတွက် ကြီးမားတဲ့ ရှာဖွေမှုတွေ ပြုလုပ်နေကြတယ်။ ငါစခန်းခွဲတွေ အားလုံးကိုလည်း ဖျက်သိမ်းဖို့ အမိန့်ပေးထားတယ်။ လူခွဲလိုက်ကြပြီးတော့ နောက်ခံတွေကို ပေါ်မသွားစေဖို့ပေါ့.."

"ပြီးရင် မဟာမိတ်ခေါင်းဆောင် ပြန်လာတာကို စောင့်ရမှာ။ ဒါမှမဟုတ်ရင် အဖွဲ့ချုပ်က အမိန့်ကိုစောင့်ရမယ်..."

ညာစောင့်ရှောက်သူက လေပူများကို မှုတ်ထုတ်ရင်းက ပြောသည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင် အားလုံးတို့သည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အနိုင်ကျင့်မှုကို ခံခဲ့ရသည့် လေလွင့်သိုင်းသမားများအကြားမှ အထူးရွေးချယ်ထားခြင်း ဖြစ်၏။ သူတို့၏ ရပ်တည်ချက်က ခိုင်မာကာ သစ္စာဖောက်မည်မဟုတ်ပေ။

ကျန်သူများမှာလည်း သွေးဆူလွယ်သည့် လေလွင့်သိုင်းသမားများဖြစ်ကြပြီး ကြီးမားသည့် ရည်ရွယ်ချက်ဖြင့် ဖိနှိပ့်မှုအောက်၌ မနေလိုကြသူများ ဖြစ်သည်။ ထို့ကြောင့် သစ္စာဖောက်ရန် အခွင့်အရေးမှာ အလွန်နည်းပါး၏။

စခန်းများငယ် စွန့်ပစ်ကာ လူဖြန့်လိုက်ကြပြီးနောက် သူတို့သည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ဖမ်းဆီးမှုကို ရှောင်တိမ်းနိုင်ကြမှာ ဖြစ်သည်။

ထိုအင်အားစုများသည် မည်မျှပင် စွမ်းအားကြီးမားစေကာမူ လေလွင့်သိုင်းသမား အားလုံးတို့ကို မည်သည့်အကြောင်းမှမရှိဘဲ အရမ်းကြီး သတ်ဖြတ်လို့မရပါ။

မဟုတ်ပါက တန်ပြန်ထိခိုက်မှုတို့ပေါ်လာပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများလည်း ကြီးမားသည့် ဆုံးရှုံးမှုတို့ကို ဖြစ်ပေါ်မည်ဖြစ်၏။

All Chapters