← Chapters

စိတ်ဝိဉာဉ်တည်မြဲခြင်းအတတ်၊ ချီမန်လက်နက်သေတ္တာအား ပြုလုပ်မှုအောင်မြင်ခြင်း(၂)

Vol. 32 Ch. 479

စိတ်ဝိဉာဉ်တည်မြဲခြင်းအတတ်၊ ချီမန်လက်နက်သေတ္တာအား ပြုလုပ်မှုအောင်မြင်ခြင်း(၂)

Vol. 32 Ch. 479

"ဒီကိစ္စက လျှို့ဝှက်ချက်တစ်ခုပဲ။ လူတိုင်းအနေနဲ့ ဘယ်အချက်အလက်ကိုမှ မပေါက်ကြားစေရပါဘူးလို့ ကျိန်ဆိုရမယ်။ ပြီးရင် ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲရဲ့ မြင့်တက်မှုအတွက် ကိုယ်စားပြုတဲ့ ကြီးမားတဲ့ အစီအစဉ်တစ်ခု ရှိလိမ့်မယ်..."

လူတိုင်းက ကျိန်ဆိုမှုပြုအပြီးတွင် ယွိကောင်းက ဆေးလုံးတစ်လုံးကို ထုတ်ကာ ဘယ်စောင့်ရှောက်သူအား ပေးသည်။

ဘယ်စောင့်ရှောက်သူမှာ ဆေးလုံးကို သောက်သုံးပြီးနောက် ဒဏ်ရာများ လျှင်မြန်စွာ ပျောက်ကင်းလာခဲ့၏။ ၁နာရီတောင်မကြာဘဲ သူ၏ ခွန်အား ၇၀ ၈၀%လောက်ကို ပြန်လည်ရရှိလာခဲ့သည်။

ဤသည်က မဟာမိတ်အဖွဲ့အတွင်းရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ အားလုံးကို အံ့သြသွားစေခဲ့သည်။

...

ရွှီယန်၊ မုန့်ချုံနှင့် ဖန်းဟောင်တို့သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကို ဆန့်ကျင်ရန်အတွက် အစီအစဉ်တို့ကို ရေးဆွဲနေ၏။ သို့ရာတွင် သူတို့သည် လှုပ်ရှားမှုပြုရန်အတွက် ဖန်းဟောင်၏ အဆင့်ချိုးဖျက်မှုအား စောင့်စားနေပါသည်။

ထိုအချိန်အတွင်းတွင် ဆက်လက်ကျင့်ကြံမှုပြုကာ သူတို့၏ ကိုယ်ပိုင်သိုင်းပညာများကို လေ့လာပြီး ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ကြသည်။

"သင်၏တပည့် ရွှီယန်သည် စိတ်ဝိဉာဉ်တည်မြဲခြင်း ဓားသိုင်းကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် စိတ်ဝိဉာဉ်တည်မြဲခြင်း အတတ်ကို ရရှိသည်.."

တာအိုရွှေစာအုပ်က ပွင့်လာပြီး တန်ပြန်အကျိုးပြုမှုက ရုတ်တရက် ရောက်ရှိလာခဲ့၏။

"ရွှီယန် ဉာဏ်အလင်းပွင့်ပြန်ပြီ.."

လီရွှမ်မှာ အလွန် ကျေနပ်သွား၏။

ဒီစိတ်ဝိဉာဉ်တည်မြဲခြင်းအတတ်သည် ဒီဗိုင်းဝိဉာဉ်အား တည်ငြိမ်စေခြင်း သို့မဟုတ် မူလစိတ်ဝိဉာဉ်အား တည်ငြိမ်စေခြင်း မဟုတ်ပေ။ အဲ့ဒီ့အစား အခြားလူများ၏ ဒီဗိုင်းဝိဉာဉ်ကို ထိန်းချုပ်ကာ သေခြင်းနှင့်ရှင်ခြင်းအား အဆုံးအဖြတ်ပေးမှု ဖြစ်သည်။

ရွှီယန်သည် သူ၏လျှပ်တပြက်လေ ဓားဆန္ဒနှင့် တောင်နှင့်မြစ်ဓားတာအိုတို့ကို ပေါင်းစည်းကာ အခင်းအကျင်းနှင့် ချိတ်တံဆိပ်အပေါ် နားလည်သဘောပေါက်မှုတို့ဖြင့် မွမ်းမံပြီး ဒီလျှို့ဝှက်အတတ်ကို နားလည်သဘောပေါက်လာခဲ့ခြင်းဖြစ်သည်။

အသုံးပြုလိုက်သည့်အခါ ရန်သူ၏ ဝိဉာဉ်အတွင်းသို့ ချိန်ရွယ်သည့် ဓားတစ်ချောင်းကဲ့သို့ရှိ၏။ သေခြင်းရှင်ခြင်းမှာ အတွေးတစ်ချက်အတွင်းတွင်ရှိသည်။

တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှုအဖြစ် ပေးလာခဲ့သည့် စိတ်ဝိဉာဉ်တည်ငြိမ်ခြင်းအတတ်မှာတော့ ဓားတာအိုတစ်ခုတည်းအဖြစ် ကန့်သတ်ခြင်းမရှိပေ။

၎င်းသည် အခြားလူများ၏ ဝိဉာဉ်များအား ထိန်းချုပ်ကာ အဆုံးအဖြတ်ပေးသည့် လျှို့ဝှက်အတတ်တစ်ခုဖြစ်သည်။

'ရွှီယန်ရဲ့ခွန်အားက လျှင်လျှင်မြန်မြန်ပဲ တိုးတက်လာခဲ့တယ်..'

လီရွှမ်သည် သက်ပြင်းချ၏။

ရွှီယန်မှာ ဒီဗိုင်းဆန္ဒအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ချိုးဖျက်ပြီးခြင်း မရှိသေးပေမယ့် သူ၏ခွန်အားမှာ နေ့စဉ် ကြီးထွားလာနေ၏။

ဓားတာအို၊ ဓားဆန္ဒနှင့် ဓားအခင်းအကျင်း အားလုံးတို့မှာ ကြီးစွာ မြင့်တက်လာခဲ့သည်။ မုန့်ချုံအတွက်လည်း တူညီစွာဖြစ်၏။

သူ၏ တိုးတက်မှုအမြန်နှုန်းမှာ ရွှီယန်လောက် မြင့်မားခြင်းမရှိပေမယ့် နေ့စဉ်နေ့တိုင်း တည်ငြိမ်စွာ ပိုမိုသန်မာလာခဲ့သည်။ စုလင်းရှုံမှာ အနည်းငယ် နှေးကွေး၏။ သို့ပေမယ့် အများကြီးမဟုတ်ပေ။

'ဒီကောင်မလေးက ဒန်ဆေးသန့်စင်မှုအပေါ်မှာ အဓိကထားတယ်။ ပြီးတော့ ချိတ်တံဆိပ်နဲ့ အခင်းအကျင်းတွေကိုလည်း လေ့လာနေတယ်။ ခွန်အားအဆင့် တိုးတက်မှုအပေါ်တော့ လုံလုံလောက်လောက် အာရုံစိုက်မှုမရှိဘူး..'

လီရွှမ်က ခေါင်းကိုရမ်းသည်။ သို့ပေမယ့် သူ့တွင် စုလင်းရှုံအား ဖိအားပေးရန် ရည်ရွယ်ချက်တို့ မရှိပါ။

ယွိကောင်းထွက်ခွာသွားပြီးနောက် တစ်လအကြာသို့ ရောက်ရှိလာ၏။ ဒီအချိန်အတွင်းတွင် သူတို့သည် ဆက်သွယ်ရေးအဆောင်မှတစ်ဆင့် တစ်ဖက်နှင့်တစ်ဖက် အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့ကြသည်။

ဖန်းဟောင်က အစီအစဉ်အချို့အား ပြန်ကြားကာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းအား ဆန့်ကျင်ရန်အတွက် ပြင်ဆင်မှုအားလုံးတို့ကို လုပ်ဆောင်၏။ ထို့အပြင် သူတို့သည် ဆက်သွယ်ရေးအဆောင်များမှာ မိုင်ပေါင်းသုံးသောင်းအတွင်း၌ အလုပ်လုပ်နိုင်ကြောင်းကို အတည်ပြုနိုင်ခဲ့ကြသည်။

မိုင်ပေါင်းသုံးသောင်းမှာ ဝေးကွာသည်ဟု ထင်ရလိမ့်မည်။ သို့ပေမယ့် သိုင်းသမားများအတွက် အရမ်းကြီးဝေးကွာခြင်း မရှိပါ။

ကျယ်ပြောလှသည့် လင်းနယ်မြေကို မဆိုထားနှင့် ယွီ‌ကျိုးအတွင်းတွင်ပင် မိုင်ပေါင်းသုံးသောင်းမှာ သေးငယ်သည့် နေရာဒေသတစ်ခုကိုသာ ကိုယ်စားပြုနိုင်ပါသည်။

သို့ပေမယ့် လက်ရှိ ဆက်သွယ်ခြင်းနည်းလမ်းမှာ လင်းနယ်မြေ၏ မူလဆက်သွယ်ခြင်း နည်းလမ်းထက် ကြီးစွာသာလွန်၏။

မိုင်၃၀အကွာတိုင်းတွင် ဆက်သွယ်ရေးစခန်းတစ်ခုကို တည်ဆောက်ထားပါက သတင်းများကို လျှင်မြန်စွာ ဖြန့်ကျက်နိုင်သည်။

ထိုနည်းလမ်းသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဆက်သွယ်ရေး ကွန်ရက်တစ်ခုကို တည်ဆောက်ရန်အတွက် အလွန်အရေးပါလှ၏။

စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများက မည်မျှပင်လိုက်လံသတ်ဖြတ်စေကာမူ မဟာမိတ်အဖွဲ့အား သေးငယ်သည့် ဆုံးရှုံးမှုတို့ကိုသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။

ထို့အပြင် ဒီအချိန်အတွင်း၌ သူတို့ပင်ပန်းဆင်းရဲစွာ တည်ဆောက်ထားခဲ့သည့် စာပို့ငှက်ဆက်သွယ်ရေးကွန်ရက်မှာ ပျက်စီးသွားပြီးဖြစ်သည်။

ဖန်းဟောင်သည် လက်ရှိအချိန်၌ ပထမဆုံး ချီမန်လက်နက်သေတ္တာကို ပြုလုပ်နေ၏။ အဖိုးတန် ကုန်ကြမ်းပစ္စည်းများစွာတို့ကို အသုံးပြုကာ တစ်လကြာအောင် ပြုလုပ်ပြီးနောက် သူသည် နောက်ဆုံးတွင် ပြုလုပ်ခြင်းဖြစ်စဉ်ကို အဆုံးသတ်နိုင်ခဲ့သည်။

သူ၏ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန်းကြယ်သင်္ကေတမှာလည်း ပြီးပြည့်စုံခြင်းသို့ ရောက်ရှိလုနီးပါး ရှိနေပြီ ဖြစ်၏။ ဤသည်က နောက်တစ်ခုကို သန့်စင်ကာ ခွန်အားကို မြှင့်တင်နိုင်တော့မည် ဖြစ်သည်။

"သင်၏တပည့်ညမုန့်ချုံသည် မပျက်စီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာဒုတိယအဆင့်ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်၏မပျက်စီးနိုင်သော ကြီးမြတ်သောနေ ရွှေခန္ဓာသည် ဒုတိယအဆင့်သို့ ချိုးဖျက်သွားခဲ့သည်.."

မုန့်ချုံသည် ဒုတိယအဆင့်အား နားလည်သဘောပေါက်လာခဲ့၏။ ဆိုလိုသည်မှာ ဒုတိယအဆင့်သို့ ချိုးဖျက်ရန်အတွက် တံခါးလမ်းမှာ ပွင့်သွားပြီဖြစ်ပြီး ဆက်လက်ကျင့်ကြံရန်သာ လိုအပ်တော့သည်။

ပထမအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးပါက စတင် အဆင့်ချိုးဖျက်နိုင်ပါပြီ။

"သူတို့ရဲ့ခွန်အားက ထပ်ပြီးတော့ တိုးတက်လာပြန်ပြီ.."

လီရွှမ်မှာ ဝမ်းသာသွား၏။ မပျက်စီးနိုင်သောရွှေခန္ဓာ ဒုတိယအဆင့်သည် မူလဒီဗိုင်းအဆင့်နှင့် ညီမျှသည်။

ဤသည်က ရွှေခန္ဓာကို ကြီးစွာစွမ်းအားမြင့်လာစေ၏။ သန့်စင်သော သိုင်းပညာစနစ်နှင့် ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာစနစ်နှစ်ခုစလုံး မူလဒီဗိုင်းအဆင့်သို့ ရောက်ရှိကာ ပေါင်းစပ်သွားပြီးနောက် ဖြစ်ပေါ်လာသည့် ခွန်အားသည် ကြီးစွာမြင့်တက်လာခဲ့သည်။

"ငါ့ရဲ့ မပျက်စီးနိုင်တဲ့ ရွှေခန္ဓာစွမ်းအားနဲ့ နှောင်းပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို အနိုင်ယူဖို့က ပုရွဲဆိတ်တစ်ကောင်ကို အနိုင်ယူတာလိုလွယ်ကူမှာ.."

လီရွှမ်သည် ဒီအချိန်၌ များစွာလုံခြုံစွာ ခံစားလာရ၏။

"အခုဆိုရင် လင်းနယ်မြေရဲ့ အနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့က လက်တစ်ကမ်းကို ရောက်နေပြီ.."

မုန့်ချုံမပျက်စီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာ ဒုတိယအဆင့်အား နားလည်သဘောပေါက်ပြီး မကြာခင်တွင် စုလင်းရှုံလည်း သူမ၏မူလဒီဗိုင်းအဆင့်ကျင့်စဉ်အား နားလည်သဘောပေါက်လာခဲ့သည်။

"သင်၏တပည့် စုလင်းရှုံသည် သင်ဖန်တီးထားသည့် ဒန်ဆေးသိုင်းပညာစနစ်၏ မူလဒီဗိုင်းအဆင့်ကျင့်စဉ်ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်၏ဒန်‌ဆေးသိုင်းပညာသည် မူလဒီဗိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်.."

သိုင်းပညာသုံးခုစလုံး မူလဒီဗိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့၏။

'ခွန်အားတိုးတက်ရတဲ့ ခံစားချက်က တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်..'

သိုင်းစနစ်သုံးခု၏ ပေါင်းစပ်မှုနှင့် သူ၏ခွန်အားသည် ထပ်မံမြင့်တက်လာခဲ့ပြန်သည်။ လီရွှမ်သည် ကြောင်နီကို ကြည့်လိုက်၏။ ၎င်းသည် နတ်ဆိုးစွမ်းအားများ လှိုင်းထနေပြီး ဒီဗိုင်းဆန္ဒနှင့် တူညီသည့် နတ်ဆိုးအသိက ဖြစ်တည်လာခဲ့သည်။

ရွှီယန်၊ မုန့်ချုံနှင့် စုလင်းရှုံတို့အားလုံးတို့လည်း ကြောင်နီအား ကြည့်လိုက်ကြသည်။ ထိုဝတုတ်ကြောင်သည် အဆင့်ချိုးဖျက်ခဲ့၏။

ဖန်းဟောင်၏ နှုတ်ခမ်းထောင့်များက အနည်းငယ်တွန့်ကွေးသွားသည်။ သူသည် ကြောင်နီ၏နောက်တွင် ကျန်ခဲ့သည်လား။

"မြှောင် မြှောင်..."

အဆင့်ချိုးဖျက်ပြီးနောက် ကြောင်နီမှာ အလွန်စိတ်လှုပ်ရှားနေ၏။ လီရွှမ်၏ ခြေထောက်ရင်းသို့ လျှင်မြန်စွာရောက်လာပြီး မြေပြင်ပေါ်တွင် ထိုင်ကာခေါင်းမော့ကြည့်သည်။ ချီးကျူးမှုကို စောင့်စားနေဟန်ရ၏။

လီရွှမ်က ကျောက်စိမ်းအဆောင်ကိုမြှောက်ကာ ကြောင်နီ၏ ဦးခေါင်းကို အသာခေါက်ရင်းကပြော၏။

"မင်းကအခုမှ စတင်ခြင်းအဆင့်ပဲ ရှိသေးတယ်။ ဒီဗိုင်းအသိလေးပဲ ရလာသေးတာ...စစ်မှန်တဲ့မဟာနတ်ဆိုးတစ်ကောင်ဖြစ်လာဖို့ အဝေးကြီးလိုသေးတယ်.."

ကြောင်နီသည် အနည်းငယ်စိတ်ဓာတ်ကျစွာဖြင့် ခေါင်းလှည့်ကာ စုလင်းရှုံဆီသို့ အပြေးသွားသည်။ ချစ်ဖို့ကောင်းစွာလုပ်ပြ၏။

အဆင့်ချိုးဖျက်ပြီးခါစရှိသေးရာ သူ၏ခန္ဓာကိုယ်မှာ အားနည်းနေပြီး ဒန်ဆေးလုံးများဖြင့် ခွန်အားကို အားဖြည့်ရန် လိုအပ်နေပါသည်။

ယွီရှောင်လုံနှင့် ဟကလေးတို့မှာ အားကျစွာကြည့်နေကြ၏။ ကြောင်နီအဆင့်ချိုးဖျက်ကာ နတ်ဆိုးအသိမြင့်တက်လာချိန်၌ သူတို့ကို စစ်မှန်သည့် နတ်ဆိုးဘုရင်တစ်ပါး၏ အငွေ့အသက်ကို ပေးစွမ်းလာခဲ့သည်။

ထိုနေ့တွင်ပင် ဖန်းဟောင်၏လက်ထဲ၌ သုံးပေရှည်လျားသည့် လက်နက်သေတ္တာတစ်ခု ပေါက်ဖွားလာခဲ့၏။ ချီမန် လက်နက်သေတ္တာအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ရွှီယန်နှင့် အခြားလူများက သိလိုစွာဖြင့် စုစည်းလာကြပြီး ကြည့်ရှု့၏။

"ဒါဆို... ဒါက ချီမန်လက်နက်သေတ္တာပေါ့.."

စုလင်းရှုံက ရွှေနက်ရောင်ရှိကာ ရှုပ်ထွေးသည့် သင်္ကေတများ ထွင်းထားသည့် လက်နက်သေတ္တာကို ကြည့်သည်။ သူမ၏မျက်နှာမှာ စပ်စုလိုမှုတို့ဖြင့် ပြည့်နက်နေ၏။

"ဂျူနီယာညီလေး... ငါတို့ကို နည်းနည်းလောက် သရုပ်ပြပါဦး.."

မုန့်ချုံက လှုံ့ဆော်စွာပြော၏။

"ကောင်းပြီ..."

ဖန်းဟောင်မှာလည်း အလွန် စိတ်လှုပ်ရှားနေပါသည်။ ဤသည်မှာ သူ၏ပထမဆုံး ချီမန်လက်နက်သေတ္တာဖြစ်၏။

ချီမန်သိုင်းပညာ၏ ပြောင်မြောက်သည့် သရုပ်ပြမှုများကို စတင်ခဲ့သည်။ လက်ဖြင့်တစ်ချက်ပွတ်လိုက်သည်နှင့် လက်နက်သေတ္တာမှာ တောက်ပသည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းသည် ပွင့်လာပြီး ဓားအလင်းက ရေလှိုင်းတစ်ခုနှယ် ထွက်ပေါ်လာကာ စက္ကန့်ပိုင်းအတွင်းတွင် သတ်ဖြတ်ခြင်း အခင်းအကျင်းတစ်ခု သက်ဆင်းလာခဲ့သည်။

အခင်းအကျင်းကိရိယာများက လျှင်မြန်စွာ ထွက်ခွာသွားပြီး နေရာအသီးသီး၌ သက်ဆင်းကာ အခင်းအကျင်းကြီးများစွာကို လျှပ်တစ်ပြက်အတွင်း ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက် ချက်ချင်းပင် ဖန်းဟောင်က ခြေထောက်ဆောင့်လိုက်၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန်းကြယ်အခင်းအကျင်းအား အသက်သွင်းကာ လက်နက်သေတ္တာဆီမှ ကြီးစိုးလှသည့် ဆေဘာအလင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်သို့ ထိုးဖောက်သွား၏။

"ကျွန်တော်စီနီယာအစ်ကိုကြီးဆီကနေ ဓားအခင်းအကျင်းကို သင်ယူခဲ့ပြီး ဒုတိယစီနီယာအစ်ကိုဆီကနေ ကြီးစိုးခြင်းဆေဘာဓားကို သင်ယူခဲ့တယ်...ပြီးတော့ စီနီယာအစ်မဆီက မဟာရွံ့နွံအခင်းအကျင်းကိုလည်း သင်ယူခဲ့တယ်.."

"အခင်းအကျင်း၊ ချိတ်တံဆိပ်နဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ဆန်းကြယ်မှုတွေအပါအဝင် လက်နက်သေတ္တာကိုယ်တိုင်ရဲ့ သတ်ဖြတ်ခြင်း စွမ်းအားအားလုံးကို ကျွန်တော်က ထိန်းချုပ်ထားတယ်.."

"အဲ့ဒီ့မှာ သတ်ဖြတ်ခြင်း၊ ချုပ်နှောင်ခြင်း၊ ပုံရိပ်ယောင်နှင့် ခုခံမှုအားလုံး ပေါင်းစပ်ထားတယ်.."

ဖန်းဟောင်က စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြသည်။

လက်နက်သေတ္တာသည် ပေါ်လာသည်နှင့် အရှိန်အဝါက ကြီးမားလှသည်။ အထူးသဖြင့် ပထမဆုံး သတ်ဖြတ်ခြင်းဓားအခင်းအကျင်းဖြစ်သည်။ ၎င်းသည် အလွန်ဆန်းကြယ်လှ၏။

ရွှီယန်၏ ဓားတာအိုလောက် ထက်မြခြင်းမရှိသည်သာ ရှိသည်။ အခြားအခင်းအကျင်းနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဆန်းကြယ်မှုအပြင် လက်နက်သေတ္တာအတွင်းတွင် ပါဝင်သည့် တိုက်ခိုက်မှုများနှင့် ပေါင်းစပ်လိုက်ပါက ဒီချီမန်လက်နက်သေတ္တာ၏ စွမ်းအားမှာ အလွန်ထူးကဲနေမှာပါ။

ဖန်းဟောင်၏ လက်ရှိခွန်အားနှင့် ကောင်းကင်လူသားကြီးအဆင့် သိုင်းသမားတစ်ယောက်ကို သတ်ဖြတ်ရန် ပြဿနာလုံးဝ မရှိပေ။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကိုလည်း အချိန်တစ်ခုအတွင်း ပိတ်ဆို့ကာ ထောင်ချောက်ဆင်နိုင်ရန် ဖြစ်နိုင်၏။

"ဂျူနီယာညီလေး... ငါမင်းကို တယ်လီပို့ခြင်းအတတ်ကို သင်ပေးမယ်။ အဲ့ဒါက မင်းရဲ့တည်နေရာကို လျှပ်တပြက်အတွင်း ပြောင်းလဲစေနိုင်လိမ့်မယ်။ ပြီးတော့ သဘာဝတရားရှစ်ပါး ပုံကြမ်းကိုလည်း ပိုပြီးတော့ လေ့လာကြည့်။ ငါ့အထင်တော့ အဲ့ဒါက မင်းရဲ့ကောင်းကင်ချီမန်နဲ့ ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်လိမ့်မယ်.."

ရွှီယန်က စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် ပြော၏။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး.."

ဖန်းဟောင်က ခဏတာစဉ်းစားသည်။ သူ၏စိတ်ထဲတွင် သဘာဝတရားရှစ်ပါးပုံကြမ်းက ပေါ်လာပြီး နားလည်မှုအချို့ ရလာဟန်ပေါ်၏။

ထို့နောက် ရွှီယန်သည် ဖန်းဟောင်အား တယ်လီပို့ခြင်း ခြေလှမ်းသိုင်းကို သင်ပေးသည်။ တယ်လီပို့ခြင်းအတတ်နှင့် သူသည် ရန်သူများ၏ တိုက်ခိုက်မှုကို လျှင်မြန်စွာ ရှောင်ရှားနိုင်ပြီး ချီမန်လက်နက်သေတ္တာ၏ အခင်းအကျင်းနှင့် အခြားနည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် စွမ်းအားကြီးရန်သူများကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

"အခုလိုညွှန်ကြားပြသမှုပေးနိုင်တဲ့ ရွှီယန်လိုစီနီယာအစ်ကိုတစ်ယောက်ရှိတော့ ငါလည်းအများကြီး စိုးရိမ်စရာမလိုတော့ဘူး.."

လီရွှမ်က ပြုံးသည်။ ဖန်းဟောင်က လက်ကိုဝှေ့ရမ်းလိုက်ပြီးနောက် အခင်းအကျင်းကိရိယာနှင့် ဓားအခင်းအကျင်းတို့အားလုံး သေတ္တာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။ သူသည် လက်နက်သေတ္တာကို နောက်ကျောပေါ်တွင် လွယ်ရင်းက ဆရာဆီသို့ ရောက်လာပြီး လေးစားစွာပြော၏။

"ဆရာ...တပည့်အဆင့်ချိုးဖျက်ဖို့ အဆင်သင့်ဖြစ်ပါပြီ.."

"ဟမ် ကောင်းပြီ.."

"အဲ့ဒါဆို နေရာတစ်ခုရှာပြီး အဆင့်ချိုးဖျက်လှည့်.."

လီရွှမ်က ခေါင်းငြိမ့်သည်။

ဖန်းဟောင် အဆင့်ချိုးဖျက်ပြီးပါက ညီအကိုသုံးယောက်တို့သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းအား စာရင်းသွားရှင်းကြမည် ဖြစ်၏။

"ဂျူနီယာညီလေး... မင်းသွားပြီးတော့ အဆင့်ချိုးဖျက်လှည့်။ ငါနဲ့ဒုတိယညီတို့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ စိတ်ဝိဉာဉ်သတ္တုတွင်းတွေကို ကောင်းကောင်းနားလည်အောင် အသိအကျွမ်းတစ်ယောက်ကို သွားရှာအုံးမယ်။ ပြီးရင်ငါတို့တွေ တူတူလှုပ်ရှားကြမယ်.."

ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က သူ့အား ဆုကြေးများစွာဖြင့် ဝရမ်းထုတ်ထားရဲရာ သူကလည်း ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အရင်းအမြစ်အားလုံးတို့ကို ပြန်လည်လုယူရပေမည်။

သိုက်မိသားစုမှာ ဒုတိယတန်းစားမိသားစုတစ်ခုသာဖြစ်၏။ သို့ပေမယ့် သူတို့၏ရတနာများမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် များပြားလှသည်။

ယွီကျိုး၏ နံပါတ်တစ်ဂိုဏ်းဟု နာမည်ကျော်ကြားသည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းဆိုပါက သူတို့စုဆောင်းထားသည့် အရင်းအမြစ်များနှင့် ရတနာများမှာ ပိုမိုကာပင် စိတ်ကူး၍မရနိုင်အောင် ရှိနေမှာပါ။

ရွှီယန်နှင့် မုန့်ချုံတို့သည် စံအိမ်မှထွက်ခွာကာ ရှန်ဟိုင်ကျိုးကို သွားရောက်ရှာဖွေ၏။ ဖန်းဟောင်လည်း စံအိမ်မှထွက်ခွာကာ သင့်တော်သည့်နေရာကို ရှာဖွေပြီး အဆင့်ချိုးဖျက်ရန် ပြုလုပ်သည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို ခန္ဓာကိုယ်အတွင်းသို့ ဆွဲယူပြီး ဒုတိယမြောက် ချီမန်ကောင်းကင်သင်္ကေတကို ရေးဆွဲမည်ဖြစ်၏။

ဆရာဖြစ်သူလီရွှမ်က သူ၏နောက်မှ တိတ်တဆိတ်လိုက်ကာ ကာကွယ်ပေးသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားကို ဆွဲယူခြင်းက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ၏အာရုံကို ဆွဲဆောင်နိုင်သောကြောင့် ဖြစ်သည်။

All Chapters