← Chapters

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ကောင်းကင်လူသားကို သတ်ဖြတ်ရန် အခင်းအကျင်းအားတည်ဆောက်ခြင်း(၃)

Vol. 32 Ch. 467

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ကောင်းကင်လူသားကို သတ်ဖြတ်ရန် အခင်းအကျင်းအားတည်ဆောက်ခြင်း(၃)

Vol. 32 Ch. 467

တစ်ဖက်တွင် မုန့်ချုံသည် တိုက်ခိုက်ရန် ပြင်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ ရွှေချပ်ဝတ်နှင့် ၆မီတာ လူ့ဘီလူးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

စုလျန်ချန်က အော်လိုက်ပြီး သူ၏မျက်လုံးများက အေးစက်စွာ တောက်ပနေ၏။

"မင်းက မုန့်ချုံလား..."

သူ၏နှလုံးသားထဲ၌ အံ့သြမှုတို့ဖြင့် ပြည့်နက်နေပါသည်။ တစ်ဖက်လူသည် အမှန်တကယ်ကို ရွှေချပ်ဝတ်နှင့် ၆မီတာလူ့ဘီလူးကြီးအဖြစ် ပြောင်းလဲသွား၏။ ချဲ့ကားပြောဆိုထားခြင်း မဟုတ်ပေ။

ဖြစ်နိုင်သည်မှာ မုန့်ချုံသည် အမှန်တကယ်ကို လူ့ဘီလူးတစ်ကောင်လေလား။ လင်းနယ်မြေတွင် အဘယ်ကြောင့် ထိုကဲ့သို့သော သတ္တဝါမျိုးကို မကြားဖူးရသနည်း။

မုန့်ချုံက လက်သီးချက်ဖြင့် ထိုးချလိုက်ပြီး စုလျန်ချန်မှာလည်း သူ၏ လှံနှစ်ချောင်းဖြင့် ထိုးစိုက်လိုက်သည်။

မုန့်ချုံ၏ ခန္ဓာကိုယ်မှ ‌ရွှေချပ်ဝတ်ကို တစ်ခါတည်း ထိုးဖောက်သွားပြီး အသွေးအသားတို့ ပေါ်လာခဲ့၏။ အရေပြားပေါ်တွင် ဒဏ်ရာငယ်တစ်ခုပင် ဖြစ်စေခဲ့သည်။

သို့ရာတွင် မဖျက်ဆီးနိုင်သည့် ဒီဗိုင်းချပ်ဝတ်သည် ချက်ချင်းပင် ပြန်လည်ကောင်းမွန်လာပြီး သေးငယ်သည့် ဒဏ်ရာက မုန့်ချုံအပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။

'စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ရဲ့ ခွန်အားက တကယ့်ကိုကြီးမားတာပဲ။ ငါ့ရဲ့မဖျက်ဆီးနိုင်တဲ့ ရွှေခန္ဓာတောင် အဲ့ဒါကို အကြွင်းမဲ့ ခံနိုင်ရည်မရှိဘူး..'

မုန့်ချုံက စဉ်းစားသည်။ သူ၏နှလုံးသားထဲ၌ အေးစက်မှုတို့ ဖြတ်သန်းသွား၏။

စုလျန်ချန်မှာ ပို၍ပင် ထိတ်လန့်နေပါသည်။ ဒီအသွေးအသားခန္ဓာသည် မည်မျှ ကြောက်စရာကောင်းလိုက်သနည်း။

"ဘုန်း.."

သူ၏ လှံနှစ်ခုကို အသုံးပြုကာ မုန့်ချုံဆီသို့ အပြင်းအထန် ဆက်လက်တိုက်ခိုက်သည်။

"အုန်း.."

ရုတ်တရက် မြေမှုန်တို့ လွင့်ပျံသွားပြီး ကြီးမားသည့် ဆေဘာကြီးတစ်ခု မြေကြီးအောက်မှ ထွက်ပေါ်လာခဲ့သည်။

ရက်စက်ကြမ်းကြုတ်စွာဖြင့် ခုတ်ပိုင်းလာပြီး ကောင်းကင်ကို ထိုးခွဲတော့မည့်ဟန် ရှိ၏။

စုလျန်ချန်၏ မျက်နှာက အရောင်ပြောင်းသွားကာ သူ၏လှံနှစ်ချောင်းဖြင့် အောက်သို့ ထိုးစိုက်လိုက်သည်။

"ဘုန်း.."

ကြီးမားသော ဆေဘာကြီးသည် ပျက်စီးသွား၏။ သို့ပေမယ့် ၎င်းပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် လေထဲတွင် ဆေဘာအလင်းတစ်ခု ပေါ်ထွက်လာပြီး လျှပ်တပြက် ကျဆင်းလာခဲ့သည်။

"ဒီဆေဘာက ဘယ်နေရာကနေ လာတာလဲ.."

စုလျန်ချန်က ကြောက်ရွံ့သွားသည်။

မုန့်ချုံ၏ ပုံစံက လေးနက်နေ၏။ သူသည် သူ၏ဆေဘာကို သတ်ဖြတ်ခြင်း သဲလွန်စတို့ ပျောက်နေပြီး မမြင်နိုင်အောင် ဖုံးကွယ်နိုင်သည်အထိ အဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ လောကကြီးတွင် ဆေဘာမရှိသည့်နေရာ မရှိပေမယ့် စုလျန်ချန်၏ ခွန်အားမှာ အလွန် သန်မာလွန်းလှသည်။ ခွန်အားအားလုံးကို အသုံးပြုလျှင်ပင် တစ်ဖက်လူကို အနိုင်ယူနိုင်ခြင်း မရှိပေ။

စုလျန်ချန်မှာ အစက စိုးရိမ်စိတ်တို့ များနေ၏။

သို့ပေမယ့် သူသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ဖြစ်ပြီး တိုက်ခိုက်မှုအရာတွင် အတွေ့အကြုံများပြားသူ ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် လျှင်မြန်စွာ တည်ငြိမ်အောင် ပြန်လည်ပြုလုပ်ပြီး လှံနှစ်ချောင်းနှင့်အတူ ပြင်းထန်သည့် တိုက်ခိုက်မှုများကို ထုတ်လွှတ်သည်။

မုန့်ချုံ၏ချပ်ဝတ်မှာ ဆက်တိုက်ပျက်စီးနေပြီး တိုက်ခိုက်မှုအလယ်တွင် ပျက်စီးခြင်းနှင့် ပြန်လည်ကောင်းမွန်ခြင်းတို့ ဖြစ်ပေါ်နေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ ဖြစ်ပေါ်လာခဲ့သည်။

"အုန်း.."

ရုတ်တရက် စုလျန်ချန်၏ ခန္ဓာကိုယ်က နွံတစ်ခုအတွင်းသို့ ကျရောက်သွားသည့်အလား လေးလံသွားပြီး ကြီးမားသည့် ဂေါ်ပြားသဏ္ဍာန် လက်နက်က သူ့ဆီသို့ လွှဲရမ်းလာခဲ့သည်။

အနည်းငယ်စိုးရိမ်ကာ စိတ်လှုပ်ရှားမှုတို့ ရောထွေးနေသည့် မိန်းကလေးငယ် တစ်ယောက်သည် သူ့ကို ဂေါ်ပြားတစ်ချောင်းနှင့် တိုက်ခိုက်လာခြင်း ဖြစ်၏။

"နင်က ဘယ်သူတုန်း.."

စုလင်းရှုံမှာ အနည်းငယ် စိတ်ပူနေမိသလို စိတ်လှုပ်ရှား၍လည်း နေပါသည်။ ယခုအချိန်၌ နောက်ဆုံးတွင် သူမ၏ မဟာဂေါ်ပြားကို အသုံးပြုနိုင်ပြီ ဖြစ်၏။

"နင့်ရဲ့အဘွားက... မဟုတ်ဘူး.. ထားလိုက်တော့...ငါဒီလောက် အိုမင်းတဲ့မြေးကို မလိုချင်ဘူး.."

စုလျန်ချန်၏ နှာခေါင်းက ဒေါသဖြင့် တွန့်ကွေးသွားခဲ့သည်။ ရုတ်တရက် သူ၏လှံနှစ်ချောင်းဖြင့် အားသုံးထိုးစိုက်ကာ မုန့်ချုံကို နောက်ဆုတ်သွားစေပြီး စုလင်းရှုံဆီသို့ ပြေးဝင်သွား၏။

"ဟူး.."

ဖီးနစ်မီးတောက်များ ကြီးမားသည့် မြွေကြီးတစ်ကောင်သဖွယ် တိုးဝင်လာပြီး မြူများက ထိုနေရာကို လွှမ်းခြုံသွားသည်။ စုလင်းရှုံမှာ နေရာမှ ပျောက်ကွယ်သွားခဲ့၏။

"အုန်း.."

ထိုအချိန်၌ မုန့်ချုံ၏ ဆေဘာက ခုတ်ပိုင်းချလာခဲ့သည်။

"နတ်ဘုရားသတ်ဖြတ်ခြင်း ဓားချက်.."

"ဘုန်း.."

စုလျန်ချန်မှာ မှင်သက်သွားသည်။ ဒီဗိုင်းဝိဉာဉ် စုစည်းခြင်းအတတ်ကို အလျှင်အမြန် အသုံးပြုပြီး သူ၏ဒီဗိုင်းဝိဉာဉ်ကို ထိန်းချုပ်လိုက်သည်။ ထိုအခါမှသာ ဝိဉာဉ်သည် တည်ငြိမ်လာပြီး လှံနှစ်ချောင်းဖြင့် မုန့်ချုံကို တန်ပြန်တိုက်ခိုက်၏။

"ဘုန်း.."

သူ၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားက လှိုင်းထန်ကာ ပြီးခဲ့တုန်းက ထိုဓားချက်သည် သူ၏ဝိဉာဉ်အား ပိုင်းဖြတ်နိုင်လုမတတ် ဖြစ်သွားခဲ့၏။

"ဒါက ဒီဗိုင်းဝိဉာဉ်ကို ပစ်မှတ်ထားတဲ့ သိုင်းပညာလား.."

စုလျန်ချန်က ထိတ်လန့်သွားသည်။ လင်းနယ်မြေတစ်ခုလုံးတွင် ထိုကဲ့သို့ ဒီဗိုင်းဝိဉာဉ်အား ချိန်ရွယ်သည့် သိုင်းပညာမျိုးကို အင်အားစုအနည်းငယ်သာ ပိုင်ဆိုင်ကြ၏။

ချွင်းချက်မရှိဘဲ အားလုံးမှာ ဂိုဏ်း၏ အဓိကလျှို့ဝှက်အတတ်များ ဖြစ်သည်။ စစ်မှန်သည့် သင်ကြားမှုမရှိဘဲ မည်သူမှ ကျင့်ကြံနိုင်မည် မဟုတ်ပေ။

"မင်းတို့က ဘယ်သူတွေတုန်း.."

"ခင်ဗျားကိုသတ်တဲ့လူ.."

မုန့်ချုံက အေးစက်စွာဖြေ၏။

"ဝှစ်.."

ရုတ်တရက် သွယ်လျသည့် အလင်းတန်းတစ်ခုရောက်ရှိလာပြီး ငယ်ရွယ်သည့် မိန်းကလေးငယ်က ပြန်ပေါ်လာခဲ့သည်။ ဖီးနစ်မီးတောက်နှင့် မြူများလည်း ထွက်ပေါ်လာပြီး သူ့ကို ဝန်းရံချုပ်နှောင်လာခဲ့၏။

အခိုက်အတန့်တစ်ခုတွင် သူ၏လှံနှစ်ချောင်းကို ရှေ့သို့ထိုးစိုက်လိုက်ပြီး မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားသည်။ သူသည် မိန်းကလေးငယ်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ သို့ပေမယ့် အဘယ်ကြောင့် သူမသည် ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားရသနည်း။

မိန်းကလေးငယ်မှာတော့ နောက်ထပ် လားရာတစ်ခုသို့ ရောက်ရှိနေကာ သူမ၏ သေးငယ်သည့် ရွှေအပ်တစ်ချောင်းက သူ၏ လက်ပေါ်သို့ စိုက်ဝင်လာခဲ့သည်။

ချက်ချင်းပင် အပ်စိုက်ဝင်သည့်နေရာသည် အသက်ဓာတ်တို့ ပျောက်ဆုံးလာခဲ့၏။ စုလျန်ချန်မှာ ထိတ်လန့်သွားပြီး ရွှေအပ်ကို အမြန်လှုပ်ခါ ထုတ်ပယ်ရသည်။

All Chapters