← Chapters

ပေါင်းစပ်ခြင်းအတတ်၊ နတ်ဘုရားဖျက်ဆီးခြင်း၏ တတိယမြောက်အသွင်(၂)

Vol. 32 Ch. 469

ပေါင်းစပ်ခြင်းအတတ်၊ နတ်ဘုရားဖျက်ဆီးခြင်း၏ တတိယမြောက်အသွင်(၂)

Vol. 32 Ch. 469

စုလင်းရှုံ၏ အပ်များတွင် ယိုယွင်းခြင်း အာနိသင်တစ်ခုရှိ၏။ ၎င်းသည် သေဆုံးလောက်အောင် မဖြစ်နိုင်ပေမယ့် ဒီဗိုင်းဝိဉာဉ်ကို တိုက်စားကာ ယိုယွင်းနိုင်စေသည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးမှာ ဒီဗိုင်းဝိဉာဉ်အတွက် ခုခံရန် ပိုမိုကာပင်ခက်ခဲ၏။

"အသုံးဝင်တယ်.."

စုလင်းရှုံက ဝမ်းသာသွားသည်။

'တကယ်ပဲ... ငါကဒီဗိုင်းဝိဉာဉ်ကို ကုသနိုင်ရင် ထိခိုက်အောင် မလုပ်နိုင်စရာ အကြောင်းလည်း မရှိဘူး။ ဘယ်လိုထိခိုက်အောင် လုပ်ရမလဲ ဆိုတာကို နားမလည်သေးတာပဲ ရှိတယ်..'

"ဘုန်း.."

ထိုအချိန်၌ ဖန်းဟောင်က ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို ထပ်မံ ဆွဲယူလိုက်ပြန်ကာ အခင်းအကျင်းထဲသို့ သွပ်သွင်းလိုက်သည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ထူးကဲသည့် အခြေအနေအတွင်းသို့ ဝင်ရောက်စေပြီး ထိုထဲတွင် စုလျန်ချန်ကို ပိတ်လှောင်ထားသည်။

စုလျန်ချန်မှာ နှလုံးသားထဲ၌ လေးလံစွာ ခံစားလိုက်ရ၏။ အမှောင်ထဲတွင် ပုန်းအောင်းနေသောသူသည် မည်သူ ဖြစ်သနည်း။ မည်သည့်ပညာမျိုးကို အသုံးပြုနေသနည်း။ ၎င်းတို့သည် ခန့်မှန်း၍ မရနိုင်အောင် ရှိနေပါသည်။

လျှပ်တပြက်အတွင်း သူသည် ထောင်ချောက်အချို့အတွင်းသို့ ဝင်ရောက်သွားသည်ဟု ခံစားလိုက်ရ၏။

သူ၏ကံကြမ္မာကို ထိန်းချုပ်ရန်အတွက် စွမ်းအားတို့ မဲ့နေသည်ဟု ခံစားရသည်။

တစ်ဖက်လူ၏ နည်းလမ်းများမှာ အနည်းငယ်အားနည်း၍သာ မဟုတ်ပါက လုံးဝ ချုပ်နှောင်ခံရကာ စိတ်ကြိုက်ခြယ်လှယ်ခြင်း ခံနေရပြီ ဖြစ်သည်။

"ဘုန်း.."

နောက်ထပ်တစ်ကြိမ် သူသည် ရှင်းမပြနိုင်သည့် ချုပ်နှောင်မှုမှ လွတ်ကင်းလာပြန်၏။ သူ၏ မျက်လုံးများက အေးစက်ကာ မုန့်ချုံကို အပြင်းအထန် တိုက်ခိုက်သည်။

ယခုကဲ့သို့သော လွတ်လပ်နေသည့် အချိန်တွင် တစ်ဖက်လူအား ကြီးမားသည့် ထိခိုက်မှုကို ဖြစ်ပေါ်စေလို၏။

ဖန်းဟောင်မှာ ယိုင်နဲ့သွားပြီး သူ၏မျက်နှာက ဖြူရော်လာပြန်သည်။ သို့ပေမယ့် မျက်လုံးများက တောက်ပနေ၏။

ဒန်ဆေးလုံးကို အလျှင်အမြန် စားသုံးပြီးနောက် ပြီးပြည့်စုံစွာ ပြန်လည်ကောင်းမွန်ခြင်း မရှိခင်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို နောက်ထပ်တစ်ကြိမ် ဆွဲယူလိုက်ပြန်သည်။

စုလင်းရှုံက သူမ၏ လက်ချောင်းကို လှုပ်ရှားရင်က စုလျန်ချန်၏ ဒီဗိုင်းဝိဉာဉ်ဆီသို့ အနီရောင် အပ်တစ်ချောင်းကို ပစ်လွှတ်လိုက်သည်။ ထိုတိုက်ခိုက်မှုသည် ပြီးခဲ့တုန်းကထက် ပိုမိုစွမ်းအားကြီးမားပြီး ဒီဗိုင်းဝိဉာဉ်၏ ခွန်အားကို လျှပ်တပြက်အတွင်း ပျက်စီးစေကာ အပ်နီသည် ဒီဗိုင်းဝိဉာဉ်ကိုယ်တိုင်ကို ထိုးဖောက်လုမတက် ဖြစ်သွားခဲ့သည်။

စုလျန်ချန်မှာ ထိတ်လန့်သွား၏။ ကြီးမားသည့် အန္တရာယ်အငွေ့အသက်က မြင့်တက်လာပြီး အားကုန်အော်လိုက်ကာ သက်ဆိုင်ရာ လားရာတစ်ခုဆီသို့ အမြန်ပြေးသည်။ ထွက်ပြေးရန် ကြိုးစား၏။

"ပြေးချင်တာလား... မလွယ်ကူဘူးလေ.."

မုန့်ချုံက နှာခေါင်းရှုံ့သည်။ သူ၏ခန္ဓာကိုယ်က ရွေ့ရှားသွားပြီး လျှပ်တပြက်အတွင်း နေရာပြောင်းရွှေ့ကာ စုလျန်ချန်၏ ထွက်ပြေးရာ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ထိုအချိန်၌ ဖီးနစ်မီးတောက်များက ရစ်ဝဲလာပြီး မြူများမြင့်တက်ကာ လားရာများမှာ ပြောင်းလဲသွားပြန်၏။

ဖန်းဟောင်က အခင်းအကျင်းကြီးကို အသုံးပြုကာ ထိန်းချုပ်လိုက်ပြန်ခြင်း ဖြစ်သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီးနောက် မြေပြင်ပေါ်၌ အလင်းတန်းတစ်ခု ပေါ်လာ၏။

မြေ၏စွမ်းအားက ထွက်ပေါ်လာပြီး ကြိုးတစ်ခုကဲ့သို့ စုလျန်ချန်ကို ချည်နှောင်သည်။ ဤသည်မှာ မြေအခင်းအကျင်း- ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ချိတ်ဆက်ခြင်း ဖြစ်၏။

မုန့်ချုံနှင့် သူတို့အဖွဲ့သည် စုလျန်ချန်ကို ပူးပေါင်းကာ ဖိနှိပ့်နေကြပြီး တစ်ဖက်လူကို အသုံးပြုကာပင် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နေကြသည်။

ထိုအချိန်၌ အခြား အခင်းအကျင်းကြီးအတွင်းရှိ ရွှီယန်မှာ ဓားအလင်းတို့ ဝန်းရံစွာဖြင့် ဓားအခင်းအကျင်းကို အသုံးပြုလိုက်၏။ ဖန်းဟောင်က ခင်းကျင်းထားသည့် အခင်းအကျင်းကြီးသည် ရွှီယန်၏ အတွေးတစ်ချက်နှင့် တောင်နှင့်မြစ် ဓားအခင်းအကျင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်၌ ခဲ့လင်းဖင်သည် သူ့ကိုယ်သူ တောင်နှင့်မြစ်အတွင်းသို့ ကျရောက်သွားသည်ဟု ခံစားရ၏။ ပြီးနောက် ရွှီယန်မှာ ထိုတောင်နှင့်မြစ်၏ သခင်ဖြစ်ကာ ဝန်းရံထားသည့် ဓားဆန္ဒနှင့် တောင်နှင့်မြစ်ဓားအခင်းအကျင်း၏ စွမ်းအားတို့က ခဲ့လင်းဖင်ကို တိုက်ခိုက်လေလေ ပိုမိုစိုးရိမ်လေလေ ဖြစ်လာစေခဲ့သည်။

သူသည် ကြီးမားသည့် အန္တရာယ်ခံစားချက်ကို ရရှိနေ၏။ ဓားအခင်းအကျင်းမှ ချိုးဖျက်ထွက်ခွာရန် အကြိမ်များစွာ ကြိုးစားခဲ့ပေမယ့် အကြိမ်ကြိမ် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

အခင်းအကျင်းကြီး၏ အပြင်ဘက်တွင် လီရွှမ်က အတွင်းရှိ တိုက်ခိုက်မှုကို တိတ်တဆိတ် ကြည့်ရှု့နေ၏။

ရွှီယန်၏ ဒီဗိုင်းဆန္ဒအဆင့် အသေးစားကျွမ်းကျင်မှုသို့ ချိုးဖျက်ခြင်းနှင့် ဓားအခင်းအကျင်းအပေါ် နားလည်သဘောပေါက်မှုက ခွန်အားကို ကြီးစွာ မြင့်တက်လာစေခဲ့သည်။

ယခုအချိန်၌ တစ်ယောက်တည်းနှင့် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ရင်ဆိုင်နိုင်နေပြီ ဖြစ်သည်။

'ရလဒ်က အဆုံးအဖြတ် ထွက်ပြီးနေပြီ...'

ခဲ့လင်းဖင်ပဲဖြစ်ဖြစ် စုလျန်ချန်ပဲဖြစ်ဖြစ် အခင်းအကျင်းအတွင်းသို့ ရောက်လိုက်သည်နှင့် သူတို့၏ ကံကြမ္မာသည် ဆုံးဖြတ်ပြီးဖြစ်သည်။

'ဒီတိုက်ပွဲပြီးရင်... ဖန်းဟောင်လည်း ချီမန်သိုင်းပညာအပေါ် ပိုကျွမ်းကျင်လာပြီး အသိအမြင်တွေ ပိုရလာလိမ့်မယ်..'

တိုက်ပွဲသည် ကောင်းမွန်သည့်အရာ ဖြစ်၏။

"သင်၏တပည့် စုလင်းရှုံသည် ပေါင်းစပ်ခြင်း ဒီဗိုင်းအပ်ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် ပေါင်းစပ်ခြင်း ဒီဗိုင်းအတတ်ကို ရရှိလာခဲ့သည်.."

ဒန်ဆေးသိုင်းသမားတစ်ယောက် အနေနှင့် စုလင်းရှုံသည် ဒီဗိုင်းဝိဉာဉ်၏ ဒဏ်ရာများကို ကုသနိုင်၏။ ထို့ကြောင့် ၎င်းကိုမည်ကဲ့သို့ ထိခိုက်အောင်ပြုလုပ်ကာ ဒီဗိုင်းဝိဉာဉ်ကို မည်ကဲ့သို့ ဖျက်ဆီးရမည်အားလည်း သိရှိပါသည်။ ဤသည်မှာ မျှော်လင့်ထားပြီးဖြစ်သည့် ရလဒ်ဖြစ်၏။

'ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုကို... ခြေနင်းကျောက်တုံးတွေလို့ ယူဆလို့ရတယ်..'

ဤသည်မှာ လီရွှမ်၏ နှလုံးသားထဲမှ အတွေးဖြစ်သည်။

စွမ်းအားကြီးပုဂ္ဂိုလ်များသည် အထွတ်အထိပ်ဆီသို့ မရေမတွက်နိုင်သည့် ခြေနင်းကျောက်တုံးများကို နင်းလျှောက်ပြီး မြင့်တက်သွားလေ့ရှိ၏။

ရွှီယန်နှင့်မုန့်ချုံ၏ လင်းနယ်မြေသို့ ဝင်ရောက်မှုတွင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့မှာ သူတို့၏ မြင့်တက်မှုအတွက် ခြေနင်းကျောက်တုံးများ ဖြစ်ပေလိမ့်မည်။

'ဘာပဲဖြစ်ဖြစ် ယွီကျိုးက လုံလောက်အောင်သန်မာမှုမရှိဘူး... လင်းနယ်မြေရဲ့ တကယ့်ပါရမီရှင်တွေက ဒီဒေသမှာ ရှိမနေဘူး..'

လီရွှမ်က တိတ်တဆိတ် စဉ်းစားသည်။ ခဲ့လင်းဖင်နှင့် စုလျန်ချန်တို့မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်ပေမယ့် သူတို့၏ ခွန်အားမှာ အခြား အဆင့်တူများနှင့် နှိုင်းယှဉ်ပါက သန်မာသည်ဟု ယူဆနိုင်ခြင်း မရှိလောက်ပေ။

ထိုအင်အားစုနှစ်ခု၏ ကိစ္စပြီးပါက ယွီကျိုးမှထွက်ခွာပြီး လင်းနယ်မြေ၏ ကြီးမားသော ဒေသများဆီသို့ ခြေဆန့်ရပေမည်။ စစ်မှန်သည့် ပါရမီရှင်များနှင့် ရင်ဆိုင်ရမည် ဖြစ်၏။

တိုက်ပွဲမှာ အဆုံးသတ်နေပါပြီ။ စုလျန်ချန်မှာ လုံးဝဖြူရော်နေပြီး စွမ်းအင် အလွန်အကျွံသုံးစွဲမှု ဖြစ်ပေါ်ကာ လူလည်း ရူးသွပ်လုမတတ် ရှိနေပါသည်။ သူသည် စုလင်းရှုံကို စူးစိုက်စွာကြည့်ရင်းက အရူးအမူး တိုက်ခိုက်၏။ မသေဆုံးခင်တွင် တစ်ယောက်ယောက်ကို အတူ ခေါ်သွားလိုဟန် ရှိသည်။

စုလင်းရှုံမှာ အနည်းငယ် ပိုမိုအားနည်းပေမယ့် သူမသည် နှေးကွေးခြင်း မရှိပေ။ ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်ကို အသုံးပြုပြီး ပုံရိပ်ယောင်များစွာကို ဖန်တီးနိုင်သည်။

အခင်းအကျင်းကြီး၏ အတွင်းတွင်ရှိနေသည့် အားသာချက်နှင့် ပေါင်းလိုက်ပါက စုလျန်ချန်အတွက် သူမ၏ စစ်မှန်သည့် တည်နေရာကို ဆုံးဖြတ်ချက်ချရန် ဖြစ်နိုင်ခြင်း မရှိပေ။

မုန့်ချုံနှင့် ဖန်းဟောင်တို့၏ တိုက်ခိုက်မှုနှင့် စုလင်းရှုံကို သတ်ဖြတ်ရန် ကြိုးစားခြင်းမှာ အရာမထင်လှပေ။

ရုတ်တရက် စုလင်းရှုံ၏ ရွှေအပ်က မိုးစက်များနှယ် ဝင်ရောက်လာခဲ့သည်။ စုလျန်ချန်၏ ခုခံမှုအကြားမှ မုန့်ချုံ၏ ဒီဗိုင်းဖျက်ဆီးခြင်းဆေဘာက ဒီဗိုင်းဝိဉာဉ်ကို တုန်ခါသွားစေခဲ့၏။

ထိုအချိန်၌ ဒန်မီးတောက်၏ စုစည်းမှုဖြင့် ပြုလုပ်ထားသည့် သွယ်လျသည့် အပ်တစ်ချောင်းသည် သူ၏ ဒီဗိုင်းဝိဉာဉ်ကို ထိုးစိုက်လာပြီး သေးငယ်သည့် ထိခိုက်မှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

လျှပ်တပြက်အတွင်း အပ်ထိုးစိုက်ခံရသည့် နေရာမှစတင်ကာ လက်ချောင်းတစ်ချောင်းစာ အရွယ်အစားရှိ အပေါက်တစ်ခု ဖြစ်လာသည့်အထိ တိုက်စားခံလိုက်ရသည်။ ၎င်းသည် ဆက်လက် ပျံ့နှံ့နေသေး၏။

"အား..."

ဒီဗိုင်းဝိဉာဉ်၌ ပြင်းထန်သည့် နာကျင်မှုက ဖြစ်ပေါ်လာပြီး စုလျန်ချန်က စူးရဲစွာအော်သည်။ သူ၏မျက်လုံးများက အနည်းငယ် ပြူးထွက်လာပြီး ခန္ဓာကိုယ်မှာ တုန်ယင်နေကာ ခုခံမှုနှင့် တိုက်ခိုက်မှုတို့အတွက် အားနည်းချက်များ ပေါ်လာခဲ့၏။

"အုန်း.."

ဆေဘာအလင်းက ကျဆင်းလာကာ ဖီးနစ်မီးတောက်များက မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်ပြီး အခင်းအကျင်းကြီးစွမ်းအားနှင့် သူ့ကို ဝါးမြိုသွားသည်။

တစ်ဖက်ရှိရွှီယန်မှာ အေးစက်သည့်အသွင်ဖြင့် ရှိနေ၏။ သူ၏လက်ကို အနည်းငယ်မြှောက်ကာ ဓားအခင်းအကျင်းတွင် မိုးကြိုးဓားသိုင်းနှင့် လျှပ်တပြက်လေ သုတ်သင်ခြင်းဓားသိုင်းတို့ ပေါ်လာခဲ့သည်။

တောင်နှင့်မြစ်ကပြိုလဲပြီး ဓားအခင်းအကျင်းမှာ လှိုင်းကဲ့သို့ ရှိနေ၏။ မျက်စိတစ်မှိတ်အတွင်း ခဲ့လင်းဖင်၏ ခန္ဓာကိုယ်က ပိုင်းဖြတ်ခြင်းခံရကာ ဒီဗိုင်းဝိဉာဉ်မှာ လျှပ်တပြက်လေ ဓားသိုင်း၏အောက်တွင် ဆက်တိုက်ပြိုလဲလာခဲ့သည်။

"မင်းက ဘယ်နေရာကနေ လာတာလဲ.."

ခဲ့လင်းဖင်၏ မျက်နှာမှာ မကျေနပ်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နက်နေ၏။ သူသည် ဒီနေရာတွင် သေဆုံးရမည်ဟု ယုံကြည်နိုင်ခြင်း မရှိပေ။

"မင်းရဲ့ခွန်အားက ဘယ်အဆင့်မှာလဲ.."

တိုက်ပွဲအတွင်းတွင် သူသည် ရွှီယန်၏ မူမမှန်မှုကို သတိထားမိလိုက်၏။ တစ်ဖက်လူသည် စိတ်ဝိဉာဉ်စုဆောင်းခြင်းအဆင့် ကောင်းကင်လူသားငယ်တစ်ယောက် မဟုတ်သလို စိတ်ဝိဉာဉ်ပေါင်းစီးခြင်းအဆင့် ကောင်းကင်လူသားကြီးလည်း မဟုတ်ပါ။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဆိုလျှင်ပိုတောင် မဖြစ်နိုင်သေးသည်။ သို့ရာတွင် ဒီဗိုင်းဝိဉာဉ်၏ စွမ်းအားနှင့် တူညီသည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။ သို့ပေမယ့် ၎င်းနှင့်လည်း သိသာစွာ ခြားနားနေပါသည်။

"ဒီဗိုင်းဆန္ဒအဆင့်..."

ရွှီယန်က ထူးမခြားနားစွာ ပြောသည်။

ခဲ့လင်းဖင်မှာ ပဟေဠိဖြစ်သွား၏။ ဒီဗိုင်းဆန္ဒအဆင့်ဟူသည်ကို သူသည် အဘယ်ကြောင့် ဘယ်တုန်းကမှ မကြားဖူးရသနည်း။

သူက ဆက်လက်မေးမြန်းခြင်း မပြုနိုင်ခင်တွင် ဒီဗိုင်းဝိဉာဉ်မှာ ပျောက်ကွယ်သွားပြီး လောကအတွင်းမှ လုံးဝချုပ်ငြိမ်းသွားခဲ့သည်။

တစ်ဖက်ရှိ စုလျန်ချန်လည်း မကျေနပ်မှုများစွာဖြင့်အခင်းအကျင်းကြီး အတွင်းတွင် သေဆုံးခဲ့ရသည်။

"သင်၏တပည့်တို့သည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား နှစ်ယောက်တို့ကို သတ်ဖြတ်ခဲ့သည်။ သင်သည် ဒီဗိုင်းဖျက်ဆီးခြင်း၏ တတိယအသွင်ကို ရရှိခဲ့သည်.."

လီရွှမ်က ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် စံအိမ်ဆီသို့ ပြန်လည်ရောက်ရှိသွား၏။ အခင်းအကျင်းအတွင်းတွင် ဖန်းဟောင်၏ မျက်နှာက ဖြူရော်နေပါသည်။ ဒီတိုက်ပွဲတွင် သူသည် ကြီးမားသည့် အကျိုးအမြတ်များကို ရရှိခဲ့၏။ သို့ပေမယ့် ကုန်ကျမှုတို့လည်း များပြားလှသည်။

ထို့အပြင် အခင်းအကျင်းနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဆန်းကြယ်မှုများအပေါ် နားလည်သဘောပေါက်မှုမှာ ပိုမို နက်ရှိုင်းလာခဲ့၏။

လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်သည်နှင့် အခင်းအကျင်းကိရိယာက ပျံသန်းလာကာ အခင်းအကျင်းမှာ ပျောက်ကွယ်သွားခဲ့သည်။

'ငါ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်..'

ဖန်းဟောင်သည် အိမ်မက်မက်နေသည်ဟု ခံစားရ၏။

မကြာသေးခင်က သူသည် အဆင့်နိမ့် လေလွင့်သိုင်းသမားလေးတစ်ယောက်သာ ဖြစ်ပြီး လက်နက်ကိရိယာ ထုလုပ်ခြင်းလမ်းစဉ်ကို အောင်မြင်စွာ လျှောက်လှမ်းရန် အိပ်မက်မက်ခဲ့၏။

သို့ပေမယ့် ယခုအချိန်၌ အခင်းအကျင်းကြီးတစ်ခုကို တည်ဆောက်ကာ စီနီယာ အစ်ကိုအစ်မများနှင့်အတူ မြင့်မားထည်ဝါသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခဲ့၏။

ဘဝသည် အမှန်တကယ်ကို ထူးဆန်းပြီး အံ့သြဖွယ်ကောင်းလှသည်။

တိုက်ပွဲဟာ အဆုံးသတ်ပြီးခဲ့၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ကောင်းကင်လူသားများ၏ သေဆုံးမှုက ယွီကျိုးကို ကြီးမားသည့် ဂယက်ထမှု ဖြစ်စေမှာ သေချာလှသည်။ ထိုကိစ္စကြောင့် အင်အားစုကြီးနှစ်ခုစလုံးကို အကြောက်တရားအား ခံစားရစေမည် ဖြစ်၏။

တပည့်လေးယောက်တို့လည်း စံအိမ်ဆီသို့ ပြန်လာကြသည်။ ဖန်းဟောင်သည် ပြန်ရောက်ပြီးသည်နှင့် အရင်ဆုံး စံအိမ်၏ အခင်းအကျင်းကို မွန်းမံမှု ပြု၏။ စီမံမှုတို့အပြီးတွင် သူတို့သည် အသီးသီးတိုက်ပွဲမှ ရရှိမှုများကို အစာချေရန် သွားရောက် ကျင့်ကြံကြသည်။

မုန့်ချုံမှာ မဖျက်ဆီးနိုင်သည့် ရွှေခန္ဓာ၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိရန် မဝေးကွာတော့ပေ။

စုလင်းရှုံမှာ ဒီဗိုင်းဆန္ဒအဆင့်၏ အသေးစားကျွမ်းကျင်မှုသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ဖန်းဟောင်၏ ခန္ဓာကိုယ်အတွင်းရှိ ချီမန်ကောင်းကင်သင်္ကေတမှာ ပြီးပြည့်စုံလုနီးပါး ရှိနေပြီးဖြစ်၏။

မကြာခင်တွင် သူသည် ချီမန်အခင်းအကျင်းကို တည်ဆောက်ကာ နောက်ထပ် ကောင်းကင်သင်္ကေတ တစ်ခုကို စုစည်းနိုင်မည် ဖြစ်သည်။

ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့ အားလုံးတို့မှာလည်း စိတ်အားထက်သန်စွာ ကြည့်နေကြ၏။ ကြိုးကြိုးစားစားဖြင့် စတင်ကျင့်ကြံကာ ဒီဗိုင်းဆန္ဒအဆင့်သို့ အမြန်ဆုံးချိုးဖျက်နိုင်ရန် မျှော်လင့်ကြသည်။

ကြောင်နီလည်းပဲ တူညီစွာဖြစ်၏။ သူသည် မဟာနတ်ဆိုးဘုရင် ဖြစ်လိုလေသည်။

ခဲ့လင်းဖင်နှင့် စုလျန်ချန်တို့ အသတ်ခံရပြီး ၂ရက်အကြာတွင် သိုင်းသမားအချို့ စံအိမ်အနီး၌ လာရောက်ရှာဖွေကြ၏။ သို့ပေမယ့် သူတို့သည် စံအိမ်အား ရှာတွေ့ခဲ့ခြင်း မရှိပေ။ အခင်းအကျင်းမှာ ပိုမိုကာပင် လျှို့ဝှက်ပြီး ဖန်းဟောင်၏ မွမ်းမံမှုအပြီးတွင် အာရုံခံမိနိုင်ရန် ပိုမိုခက်ခဲလာသည်။

ကျိန်နိုင်ငံမြို့တော်၏ အနီးအနားတွင် သိုင်းသမားများစုစည်းနေပြီး ပတ်ဝန်းကျင်အား မြေလှန်လုမတတ် ရှာဖွေကြသည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှ သိုင်းသမားများဆိုလျှင် အားလုံးနီးပါး ရောက်ရှိလာခဲ့ကြ၏။

၆ရက်မြောက်နေ့တွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်တို့ ဖြတ်သန်းလာကြသည်။

ထို့အပြင် နှစ်ယောက်လုံးသည် အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်ကြပြီး ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှ လာခြင်း ဖြစ်၏။

လီရွှမ်က တိတ်တဆိတ် စူးစမ်းကြည့်ရှု့ပြီးနောက် အလယ်အလတ် စိတ်ဝိဉာဥ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများမှာ မည်သည်မှ ထူးခြားခြင်း မရှိကြောင်းကို နားလည်လိုက်သည်။ လက်တစ်ဝှေ့နှင့် သတ်ဖြတ်နိုင်ဆဲ ရှိ၏။

ယွီကျိုးမှာ လှုပ်ခါနေတော့သည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့မှ အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်ပူးပေါင်းကာ ရှာဖွေမှုပြုခဲ့ပေမယ့် ရွှီယန်နှင့် မုန့်ချုံတို့မှာ မည်သည့် သဲလွန်စမှမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

သူတို့သည် ရန်သူများ မည်သည့်နေရာတွင် ပျောက်ကွယ်သွားသည်ကိုပင် သိရှိနိုင်ခြင်း မရှိပေ။ ဤသည်က အင်အားစုကြီးနှစ်ခုကို အမျက်ဒေါသ ထွက်စေပြီး ဆုကြေးကို ပိုမိုကာပင် မြှင့်တင်လိုက်ကြ၏။

ယွီကျိုးဒေသ တစ်လျှောက်လုံးနီးပါးတွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အားလုံးနီးပါးသည် အရပ်မျက်နှာအားလုံးတို့အား ရှာဖွေနေကြ၏။

သူတို့သည် လေလွင့်သိုင်းသမား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကိုပင် ပါဝင်ရှာဖွေရန် ငှားရမ်းခဲ့ကြသည်။

ကြည့်ရသည်မှာ ရွှီယန်နှင့် မုန့်ချုံတို့ကို ရှာဖွေရန်အတွက် မြေကြီးထဲသို့ သုံးပေတိုင်အောင် တူးယူလိုကြဟန် ရှိသည်။

သို့ရာတွင် လဝက်ကြာပြီးသည့်တိုင်အောင် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့သေးပေ။ ရွှီယန်နှင့်မုန့်ချုံတို့မှာ လေထဲ၌ ပျောက်ကွယ်သွားကြပုံ ပေါ်၏။

All Chapters