← Chapters

မကျေမချမ်းဖြစ်နေသည့် မဟာမိတ်ခေါင်းဆောင်ယွိ၊ ဆက်သွယ်ရေးအဆောင်

Vol. 32 Ch. 470

မကျေမချမ်းဖြစ်နေသည့် မဟာမိတ်ခေါင်းဆောင်ယွိ၊ ဆက်သွယ်ရေးအဆောင်

Vol. 32 Ch. 470

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ကြီးမားသည့် ရှာဖွေမှုက ရွှီယန်နှင့် မုန့်ချုံတို့အား ရှာတွေ့ရန် ကျရှုံးခဲ့သည်။

အဲ့ဒီ့အစား သူတို့သည် ရှည်လျားစွာ ဖုံးကွယ်နေသည့် မျိုးဆက်စုံ မဟာမိတ်အဖွဲ့အား ရှာတွေ့ခဲ့ကြ၏။

"လေလွင့်သိုင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ နောက်ထပ် အင်အားစုတစ်ခုလား.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့သည် လေလွင့်သိုင်းသမားများ၏ လျှို့ဝှက်အဖွဲ့အစည်း ဖြစ်သည့် မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို ရှာတွေ့ချိန်၌ အလွန်ဒေါသထွက်နေကြ၏။

သူတို့သည် ရွှီယန်နှင့် မုန့်ချုံတို့၏ ယခုအချိန်အထိ ပုန်းအောင်းနေနိုင်ခြင်းမှာ ထိုလူများ၏ အကူအညီအထောက်အပံ့ကြောင့် ဖြစ်မည်ဟုပင် သံသယဝင်မိသည်။

မျိုးဆက်စုံ မဟာမိတ်အဖွဲ့ အတွင်းတွင် မဟာမိတ်ခေါင်းဆောင်နှင့် အားလုံးတို့မှာ အလွန် မကျေမချမ်း ဖြစ်နေကြသည်။

ရွှီယန်နှင့် မုန့်ချုံတို့သည် ပုန်းအောင်းရာတွင် အမှန်တကယ်ကို ထူးချွန်ကြ၏။ အရင်းအမြစ်များနှင့် လူစွမ်းအား အားလုံးတို့ကို အသုံးပြုခဲ့လင့်ကစား ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့သည် တစ်ဖက်လူကို ရှာတွေ့နိုင်ခြင်း မရှိခဲ့ပေ။

သို့ရာတွင် စိတ်ပျက်ဖို့ကောင်းလှသည်မှာ ပုန်းကွယ်နေဆဲရှိသည့် မျိုးဆက်စုံ မဟာမိတ်အဖွဲ့ ယခုအချိန်၌ ပေါ်သွားခဲ့ခြင်း ဖြစ်၏။

တစ်ခုတည်းသော ဖြေသာနိုင်သည်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို လေလွင့်သိုင်းသမားများ ဒီအတိုင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး အရင်က အဖွဲ့အစည်းများနှင့် ခြားနားခြင်းမရှိဟု ထင်မှတ်နေခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် ယွီကျိုးရှိ စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများက မျိုးဆက်စုံ မဟာမိတ်အဖွဲ့ကို လုံးဝရှင်းလင်းပစ်ရန် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ကြသည်။

သူတို့သည် မည်သည့် လေလွင့်သိုင်းသမား အဖွဲ့အစည်းကိုမဆို သက်ဆိုင်ရာ ခွန်အားတစ်ခုအထိ ကြီးထွားခွင့်ပြုမည် မဟုတ်ပေ။

မကြာခင်တွင် ယွီကျိုးသိုင်းလောက၌ ပဋိပက္ခများစွာ ဖြစ်ပေါ်လာပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများအကြား တိုက်ပွဲများပင် ပေါ်ပေါက်လာခဲ့သည်။ သို့ရာတွင် ထိုပဋိပက္ခများသည် စံအိမ်ဆီသို့ သက်ရောက်ခြင်း မရှိပါ။ ၎င်းသည် သီးခြားလောက တစ်ခုကဲ့သို့ ရှိနေပြီး အပြင်ဘက်၏ အနှောင့်အယှက်များမှ လွတ်ကင်း၏။

လီရွှမ်မှာ ထိုက်ချန်းစာအုပ်၏ ပဥ္စမမြောက် စာမျက်နှာကို စတင် လေ့လာနေပြီ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ဖော်ပြကာ တပည့်လေးယောက်တို့အား လေ့လာခိုင်းသည်။

ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်၏ အထက်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများကို အခြေခံအဖြစ် အသုံးပြုရမည် ဖြစ်၏။ ဤသည်မှာ သူ၏ တပည့်များအတွက် ဒီဗိုင်းဆန်းကြယ်စွမ်းအားများကို နားလည်သဘောပေါက်နိုင်ရန် အခြေခံ ချမှတ်ပေးခြင်းလည်း ဖြစ်သည်။

'သိုင်းနတ်ဘုရားအရိပ်ရဲ့ အရေအတွက်က ၁သိန်းကို ရောက်တော့မယ်..'

လီရွှမ်သည် သူ၏ သိုင်းနတ်ဘုရားအရိပ် အရေအတွက်မှာ ၁သိန်းသို့ ချိုးဖျက်တော့မည် ဖြစ်ကြောင်းကို ရုတ်တရက် တွေ့လိုက်ရသည်။ သဟွသိုင်းသမားများ၏ အရေအတွက်မှာ တိုးပွားနေပြီး လျှင်မြန်သည့် ဖွံ့ဖြိုးမှုအဆင့်သို့ စစ်မှန်စွာ ဝင်ရောက်လာခဲ့သည်။

နောက်ဆုံးတွင် ရက်အနည်းငယ်ကြာပြီးနောက် သိုင်းနတ်ဘုရားအရိပ် အရေအတွက်မှာ ၁သိန်းကိုကျော်လွန်သွား၏။

"သင်၏ သိုင်းနတ်ဘုရားအရိပ်သည် ၁သိန်းသို့ ကျော်လွန်လာခဲ့သည်။ သင်သည် သိုင်းနတ်ဘုရား အစစ်အမှန်ခန္ဓာကို ရရှိသည်..."

လီရွှမ်မှာ ဝမ်းသာသွားသည်။ သိုင်းနတ်ဘုရားအစစ်အမှန်ခန္ဓာမှာ သိုင်းနတ်ဘုရားအရိပ် ၁သိန်း၏ စုစည်းခြင်းဖြင့် ရရှိလာခြင်း ဖြစ်၏။

ဤသည်မှာ ကိုယ်ပွားတစ်ခု ဖြစ်သည်။ သို့ပေမယ့် ကိုယ်ပွားနှင့် မတူပေ။ သိုင်းနတ်ဘုရား အစစ်အမှန်ခန္ဓာသည် သူ၏ အသိစိတ်နှင့် စစ်မှန်စွာ ဆက်သွယ်နေပြီး ထိန်းချုပ်မှုအောက်၌ လုံးဝရှိနေ၏။

ပိုမိုအရေးကြီးသည်မှာ သိုင်းနတ်ဘုရား အစစ်အမှန်ခန္ဓာတွင် မူလခန္ဓာကိုယ်၏ ခွန်အား၉၀%ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

'အဲ့ဒါက နတ်ဘုရားအရိပ်တွေထက် ပိုပြီးတော့ အများကြီး သန်မာတယ်။ ရန်သူသာ ငါနဲ့ လက်ရည်ချင်းယှဉ်နိုင်မယ်ဆိုရင် ဒီသိုင်းနတ်ဘုရားအစစ်အမှန်ခန္ဓာကို ထုတ်လုပ်လိုက်တာနဲ့ နှစ်ယောက်တစ်ယောက် အခြေအနေကို ရောက်သွားပြီး သေချာပေါက် အနိုင်ရလာမှာ..'

သူ၏ခွန်အားသည် ထပ်မံတိုးတက်လာခဲ့ပြန်၏။ လီရွှမ်၏ စိတ်အခြေအနေမှာ အလွန် ကောင်းမွန်နေပါသည်။

"သင်၏တပည့် မုန့်ချုံသည် မပျက်စီးနိုင်သော ရွှေခန္ဓာ၏ ပထမဆုံး အဆင့်သေးကို ချိုးဖျက်နိုင်ခဲ့သည်။ သင်သည် မဖျက်ဆီးနိုင်သော ရွှေခန္ဓာ ပထမအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်.."

မုန့်ချုံမှာ အဆင့်ချိုးဖျက်ခဲ့၏။ မုန့်ချုံ အဆင့်ချိုးဖျက်ပြီး မကြာမီ စုလင်းရှုံလည်း ဒီဗိုင်းဆန္ဒအဆင့်၏ အသေးစားကျွမ်းကျင်မှုသို့ ချိုးဖျက်သွားခဲ့သည်။

"သင်၏တပည့် စုလင်းရှုံသည် ဒီဗိုင်းဆန္ဒအဆင့်၏ အသေးစားကျွမ်းကျင်မှု အဆင့်သို့ ချိုးဖျက်သွားခဲ့သည်။ သင်၏ ဒန်ဆေးသိုင်းပညာသည် ဒီ‌ဗိုင်းဆန္ဒအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်.."

စွမ်းရည်များ မြင့်တက်လာသည့် ခံစားချက်မှာ အမှန်တကယ်ကို အံ့သြဖို့ကောင်းလှ၏။ လက်ရှိအချိန်၌ သူ၏ တပည့်လေးယောက်တို့ အကြားတွင် ဖန်းဟောင်မှာ အားအနည်းဆုံး ဖြစ်သည်။ သို့ရာတွင် သူပင်လျှင် အဆင့်ချိုးဖျက်ခါနီး၌ ရှိနေ၏။

လီရွှမ်က ဖန်းဟောင်ကိုခေါ်ကာ ညွှန်ကြားချက်အချို့ ပေးသည်။ သူသည် တစ်ဖက်လူအား ဆက်သွယ်ရန်အတွက် ဆက်သွယ်နိုင်သည့် ကိရိယာတစ်ခုကို ဖန်တီးရန်လည်း အကြံပေးလိုက်၏။

လင်းနယ်မြေရှိ ဆက်သွယ်ရေး နည်းလမ်းများမှာ အနည်းငယ် ခေတ်နောက်ကျနေပါသည်။ မိခင်နှင့်ကလေး ပုတီးလုံးမှာ သတင်းအချို့ကို ပို့ပေးနိုင်စွမ်း ရှိပေမယ့် ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းမှာ သမတ်ရိုးကျ နိုင်လွန်းသည်။

သက်ဆိုင်ရာ ပုတီးလုံးတစ်ခု ပျက်စီးခြင်းက သက်ဆိုင်ရာ အချက်အလက်တစ်ခုကို ကိုယ်စားပြုသည်ဟုသာ ဆိုလိုနိုင်၏။

အသေးစိတ်ကျသည့် ဆက်သွယ်မှုအတွက် အထူး စိတ်ဝိဉာဉ်ငှက်များကို အသုံးပြုရပြီး အတွင်းဘက်နယ်မြေရှိ စာပို့ခိုများနှင့်ပင် တူညီနေပါသည်။

သို့ရာတွင် ထိုနည်းလမ်းတွင် ကြားဖြတ်ခြင်း ခံရနိုင်သည့် အန္တရာယ်ရှိ၏။ စိတ်ဝိဉာဉ်ငှက်များမှာ ပျံသန်းမှု အလွန်လျှင်မြန်ပေမယ့် လျှပ်တပြက်အတွင်း ရောက်ရှိနိုင်သည်မဟုတ်ပေ။ အထူးသဖြင့် ဒေသများအကြား သတင်းပို့ရာတွင်ဖြစ်၏။ ရက်ပေါင်းများစွာပင် ကြာတတ်သည်။

ဒေသတစ်ခု အတွင်းတွင်ပင် တောင်နှင့်မြောက်တို့ကို စာပို့မည်ဆိုပါက စိတ်ဝိဉာဉ်ငှက်၏ မြန်နှုန်းမြင့် ပျံသန်းမှုဖြင့် တစ်ရက်တာ ကြာတတ်သည်။ ထို့အပြင် လမ်းတစ်လျှောက်တွင် သတ်ဖြတ်ခံရနိုင်သည်များလည်းရှိ၏။

စိတ်ဝိဉာဉ်ငှက်ကို သားဖောက်သည့် ကုန်ကျစရိတ်မှာလည်း မြင့်မားလှသည်။ ထို့ကြောင့် ဆက်သွယ်ရေးကွန်ယက်တစ်ခုကို တည်ဆောက်ရန်မှာ အရင်းအမြစ်များစွာကို သုံးစွဲရန်လိုအပ်နေ၏။

ဒုတိယတန်းစားနှင့် တတိယတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများတွင် ကျယ်ပြောသည့် ဆက်သွယ်ရေးကွန်ယက် တစ်ခုကို တည်ဆောက်ရန် စွမ်းရည်မရှိပါ။

သူတို့သည် ကိုယ်ပိုင် ပိုင်နက်များအတွင်းတွင်သာ ကွန်ယက်ကို တည်ဆောက်ထားကြ၏။ မိခင်နှင့်ကလေး ပုတီးလုံးကိုတော့ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအနေနှင့် အရေးပေါ် ဆက်သွယ်ရေးအတွက် အသုံးပြုလေ့ ရှိကြသည်။

ဥပမာအားဖြင့် သက်ဆိုင်ရာ ပုတီးလုံးတစ်ခု ကွဲကြေခြင်းက အန္တရာယ်ကျရောက်ခြင်းဟု ရည်ညွှန်းပြီး နောက်ထပ်ပုတီးလုံးတစ်ခု ကွဲကြေခြင်းက အကူအညီခေါ်ခြင်းအချက်ပြမှု... အစရှိသဖြင့် သတ်မှတ်ထားနိုင်သည်။

ယခုအချိန်၌ လက်နက်ကိရိယာ ထုလုပ်ခြင်း၊ အခင်းအကျင်းနှင့် ချိတ်တံဆိပ်တို့ အားလုံးတို့ကို စတင်ခြင်းအဆင့်သို့ ရောက်ရှိပြီးဖြစ်ရာ ဆက်သွယ်ရေးကိရိယာတစ်ခုကို အဘယ်ကြောင့် မဖန်တီးဘဲ နေမည်နည်း။

ထို့ကြောင့် လီရွှမ်က ဖန်းဟောင်ကို ညွှန်ကြားချက်အချို့ပေးကာ သူ့ကို ဆက်သွယ်ရန် သင့်တော်သည့် ပစ္စည်းတစ်ခုအား ဖန်တီးရန် အကြံပေးလိုက်ခြင်း ဖြစ်သည်။

သူတို့အနေနှင့် လင်းနယ်မြေတစ်ခုလုံး၌ လျှပ်တပြက်ဆက်သွယ်နိုင်သည့် ပစ္စည်းအား ဖန်တီးနိုင်ခြင်း မရှိလျှင်တောင် သက်ဆိုင်ရာ အကွာအဝေးတစ်ခု အတွင်းတွင် ဆက်သွယ်နိုင်စွမ်းရှိပါက အဆင်ပြေ၏။

လီရွှမ်ဆီမှ ညွှန်ကြားချက်တို့ကို လက်ခံရရှိပြီးနောက် ဖန်းဟောင်သည် အားမာန်အပြည့်ဖြင့် ဆက်သွယ်ရေးကိရိယာတစ်ခုကို မည်ကဲ့သို့ ဖန်တီးရမည်အား စတင်စဉ်းစားသည်။

ယွီကျိုး၏ ချင်းလင်မြို့ အစွန်းအဖျားတွင် ခေါင်းဆောင်ယွိမှာ လေထဲ၌ မတ်တပ်ရပ်နေပြီး သူ၏နောက်တွင် ယွီကျိုးရှိ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ဘယ်ညာစောင့်ရှောက်သူတို့ ရပ်နေကြသည်။

"မင်းတို့နှစ်ယောက်က လေလွင့်သိုင်းသမားတွေပဲ ဖြစ်ကြတယ်။ အဲ့ဒါကို စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ တော်ဝင်မိသားစုတွေ လက်အောက်မှာ သွားပြီးတော့ အလုပ်အကျွေးပြုချင်တာလား။ အဲ့ဒီ့ကောင်တွေက မင်းတို့ကို သူတို့လူအဖြစ် အစစ်အမှန် သတ်မှတ်ပေးမယ် ထင်နေတာလား.."

‌ခေါင်းတောင်ယွိက လေးနက်သည့် လေသံဖြင့် ပြောသည်။ သူတို့၏ ရှေ့တွင် ယွီကျိုးတွင် ဂုဏ်သတင်းအချို့ရှိသည့် လေလွင့်သိုင်းသမား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်တို့ ရှိနေ၏။

ထိုသူများကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က ခေါ်ယူကာ ရွှီယန်နှင့် မုန့်ချုံတို့အတွက် ကြီးမားသည့် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။ လက်ရှိအချိန်၌ သူတို့သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အပြင်စည်းအကြီးအကဲများ ဖြစ်နေကြပြီ ဖြစ်၏။

မျိုးဆက်စုံ မဟာမိတ်အဖွဲ့အား ရှာတွေ့ပြီးနောက် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက သူတို့နှစ်ဦးကို သစ္စာရှိကြောင်း ပြသနိုင်မည့် အခွင့်အရေးတစ်ခုအား ပေးခဲ့သည်။ အောင်မြင်ပါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ တရားဝင် အကြီးအကဲများ ဖြစ်လာပြီး စိတ်ဝိဉာဉ်ဂိုဏ်း၏ သိုင်းသမားများအဖြစ် ယူဆနိုင်မှာ ဖြစ်၏။

ဤနည်းအားဖြင့် ထိုနှစ်ယောက်တို့သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ သိုင်းသမားများကို လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ခေါင်းဆောင်ယွိက သူတို့ကိုလာရောက်တားဆီး၏။

"လေလွင့်သိုင်းသမားတွေမှာ ဘာအနာဂတ်မှ မရှိဘူး... စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ တော်ဝင်မိသားစုကြီးတွေကမှ မှန်ကန်တဲ့လမ်းစဉ်ပဲ။ ဒါက လင်းနယ်မြေရဲ့ ဖြစ်ရိုးဖြစ်စဉ်ပဲ... အဲ့ဒါကို ပြောင်းလဲဖို့အတွက် စိတ်ကူးယဉ်ပြီး ရူးသွပ်မနေနဲ့..."

လေလွင်သိုင်းသမား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က ပြန်လည်ချေပစွာပြောသည်။

"ဖြစ်နိုင်တာက မင်းလို အတွေးမျိုးနဲ့ကောင်တွေကြောင့်ပဲ ငါတို့ လေလွင့်သိုင်းသမားတွေ ဖိနှိပ့်ခံနေရတာ ဖြစ်လိမ့်မယ်.."

All Chapters