မျက်နှာဖုံးကို ဖယ်လိုက်! လမင်းအောက်က လှို့ဝှက်ဆန်းကြယ်သော အလှပဂေး
Vol. 6 Ch. 52
ဂျိချန်းဖန်၏ စကားများကို ကြားလိုက်ရတော့၊ ဒါက စနောက်ခြင်းလို ဖြစ်နေသည်။
အန်တီ ယို၏ အနက်ရောင် မျက်နှာဖုံးအောက်က ကြယ်များကဲ့သို့ မျက်လုံးများ ဘာမှ ပြောင်းလဲခြင်း မရှိပေ။ ရေကဲ့သို့ တည်ငြိမ်နေသည်။ မည်သည့်အရာကမှ သူမ၏ စိတ်ခံစားမှုများကို မလှုပ်ရှားနိုင်သကဲ့သို့ ဖြစ်နေသည်။
သူမ နှစ်ပေါင်း သုံးရာနီးပါး နေခဲ့ရပြီ။
သူမ အရာများစွာကို တွေ့ကြုံခဲ့ပြီးပြီ။ နတ်ဆိုးဂိုဏ်း ခေါင်းဆောင် ချိုဝမ်ယွီ နှင့်အတူ ကျင်းယွမ်ဂိုဏ်းကို တိုက်ခိုက်ခြင်းကိုပင် တွေ့ကြုံခဲ့ရသည်။
သူမ၏ မျက်နှာဖုံးကို ထိုလူက တစ်ကြိမ် ချွတ်လိုက်သည့် အချိန်မှလွဲ၍
ဒီနေ့အထိ သူမ၏ စိတ်ခံစားမှုများကို ပြင်းထန်စွာ လှုပ်ရှားစေနိုင်သည့် မည်သည့်အရာကိုမှ မတွေ့ကြုံခဲ့ရသေးပေ။
ပိယောင် မျက်မှောင်ကြုတ်မိသည်။
သူမ၏ စက်ဆုပ်ရွံရှာမှု အရိပ်အယောင် ပါဝင်နေသော အကြည့်က ဂျိချန်းဖန်ပေါ်သို့ ကျရောက်သည်။
သူမအတွက် အန်တီ ယိုက မိခင်တစ်ယောက်လို ဖြစ်သည်။ သူမ ငယ်စဉ်ကတည်းက အန်တီ ယိုနဲ့အတူ ကြီးပြင်းလာခဲ့၍ဖြစ်သည်။
အခု တစ်စုံတစ်ယောက်က သူမ၏ မိခင်ကို သူမ၏ မျက်စိရှေ့တွင် စနောက်နေသည်။
ဒေါသထွက်မှာ သေချာသည်။
ပိယောင် ဂျိချန်းဖန်ကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည် “ကျင်းယွမ်ဂိုဏ်းရဲ့ တပည့် စုဆောင်းမှု စံနှုန်းတွေ ဘယ်တုန်းက ဒီလောက် နိမ့်ကျသွားတာလဲ? မင်းလို လူယုတ်မာတွေကိုတောင် လက်ခံသေးတာလား?!”
ပိယောင်၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရင်း ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်ရုံသာ သူသည် သူ၏ လက်တစ်ဖက်ကို ခါးပေါ်ရှိ နဂါးသတ် ဓား ပေါ် တင်လိုက်သည်။ ထို့နောက် အမှောင်ရောင် စင်္ကြံလမ်းထဲမှ တည်ငြိမ်စွာ ထွက်လာသည်။
သူက အန်တီ ယိုနှင့် ပိယောင်တို့မှ မဝေးသော နေရာဆီသို့ ရောက်ရှိလာသည်။
ဂျိချန်းဖန် ဖြည်းဖြည်းချင်း ရပ်လိုက်သည်။ထို့နောက် သူတို့ဘက်ကို ကျောပေးပြီး မတ်တပ်ရပ်နေကာ ကောင်းကင်ကို မော့ကြည့်နေသည်။ သူ၏ ခါးပေါ်ရှိ နဂါးသတ် ဓားက တောက်ပသော အလင်းရောင်ဖြင့် လင်းလက်နေပြီး သူ တည်ငြိမ်စွာ ပြောလိုက်သည်-
“ခင်ဗျားတို့ ဘာကြောင့် ဟေယန် မြို့ကို ရောက်လာတာလဲလို့ မေးလို့ရမလား?!”
ဒါကို ကြားလိုက်ရတော့ ပိယောင် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည် “ဘာလဲ? ဟေယန် မြို့က ခင်ဗျားရဲ့ဟာလား? ကျွန်မက သွားချင်တဲ့အချိန် သွားတယ်။ လာချင်တဲ့အချိန် လာတယ်။ ခင်ဗျားနဲ့ ဘာဆိုင်လဲ?!”
“ဟူး—“
ညလေ ညင်သာစွာ တိုက်ခတ်လာသည်။
ဂျိချန်းဖန် တဲနန်းငယ်ထဲမှာ ရပ်နေသည်။ သူ၏ အဖြူရောင် ဝတ်စုံ လွင့်နေသည်။ သူ တည်ငြိမ်စွာ ပြောလိုက်သည်-
“ဟေယန် မြို့က ကျွန်တော့်ရဲ့ မဟုတ်ပါဘူး။ ခင်ဗျားတို့ သွားချင်တဲ့အချိန် သွားနိုင်တယ်။ လာချင်တဲ့အချိန် လာနိုင်တယ်။ ဘယ်သူကမှ တားမှာ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားတို့ ထွက်သွားချင်ရင်တော့... ဒီလောက် မလွယ်ကူတော့ဘူး။”
“ရှစ်—“
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက်။
ဂျိချန်းဖန်၏ လက်ညှိုး ညင်သာစွာ တွန်းလိုက်သည်။
သူ၏ ခါးပေါ်ရှိ နဂါးသတ် ဓား ချက်ချင်း တစ်ဝက်အထိ ထုတ်လိုက်သည်။ မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားအလင်းရောင်ကို ဖော်ပြလိုက်သည်။
“မမေ့ပါနဲ့။”
“ဟေယန် မြို့က ကျွန်တော့်ရဲ့ ကျင်းယွမ်ဂိုဏ်းရဲ့ နယ်မြေပဲ။”
တည်ငြိမ်သော အသံက ဓားအလင်းရောင်နဲ့အတူ ပါလာသည်။ ချက်ချင်းဆိုသလို ပိယောင်၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်။
ရှန်ချင် နယ်ပယ် ရဲ့ စွမ်းအား။
ဒါက သူမ ခံနိုင်ရည်ရှိတဲ့ အရာ မဟုတ်ဘူး။
“ရှစ်—“
အန်တီ ယို၏ အရပ်ရှည်သော ပုံရိပ် ဝိုးတဝါး ဖြစ်သွားသည်။
သူမ ပိယောင်ရဲ့ ရှေ့မှာ ပေါ်လာပြီး ဂျိချန်းဖန်ရဲ့ ဖိအားကနေ သူမကို ကာကွယ်ပေးလိုက်သည်။
“မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ?”
အန်တီ ယို၏ ရှင်းလင်းပြီး အေးစက်သော အသံက စီးဆင်းနေသော ရေကဲ့သို့ ထွက်ပေါ်လာသည်။ လေထဲမှာ ပျံ့လွင့်ပြီး နက်နဲဆန်းကြယ်သည်။ သူမ၏ မျက်နှာဖုံးအောက်က ကြယ်များကဲ့သို့ မျက်လုံးများက စိုးရိမ်ပူပန်မှု ပြင်းထန်သော အရိပ်အယောင်ဖြင့် လှုပ်ယိမ်းနေသည်။
မတိုက်ခိုက်ဘဲနဲ့တောင် အန်တီ ယိုက ကျင်းယွမ်ဂိုဏ်းမှ ဒီ အဖြူရောင် ဝတ်စုံနဲ့ ကောင်လေးဟာ ထူးထူးခြားခြား အစွမ်းထက်တယ်ဆိုတာ ပြောနိုင်တယ်။ တစ်ယောက်ချင်း တိုက်ခိုက်ရင် သူမ သူ့ကို မယှဉ်နိုင်တာမျိုး ဖြစ်နိုင်သည်။
ဓား ကျင့်ကြံသူ အဖြူရောင် ဝတ်စုံ၊ ထူးခြားသော ခွန်အား...
အန်တီ ယို၏ မျက်လုံးများ စဉ်းစားခန်း ဝင်နေသကဲ့သို့ ဖြစ်နေသည်။
ကျင်းယွမ်ဂိုဏ်းက နောက်ထပ် ဝမ်ကျန့်ယီ နောက်တစ်ယောက်ကို မွေးထုတ်တော့မှာလား?
သူမ၏ နှလုံးသားက သူမ၏ မျက်နှာဖုံးကို ချွတ်ခဲ့ဖူးတဲ့ ထိုလူကို အမှတ်မထင် ပြန်သတိရလိုက်သည်။
သူတို့ကို ကြည့်လိုက်တော့။
ဒီနှစ်ယောက် တကယ်ပဲ ဆင်တူမှု အချို့ ရှိကြသည်။
သူတို့နှစ်ယောက်လုံး စိတ်ဓာတ် ထက်သန်ပြီး အံ့မခန်း မာနကြီးကြတယ်!
ဂျိချန်းဖန် ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မာနကြီးမှုနှင့် ယုံကြည်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ၏ အကြည့်က သူ့ရှေ့က အနက်ရောင် မျက်နှာဖုံးနဲ့ အလှပဂေးကို စွဲမြဲနေပြီး သူ ရယ်မောလိုက်သည်-
“ခင်ဗျားရဲ့ မျက်နှာဖုံးကို ချွတ်လိုက်ပါ။ ပြီးရင် ခင်ဗျား ထွက်သွားဖို့ ခွင့်ပြုပါ့မယ်။”
“မဟုတ်ရင် ခင်ဗျား ဒီည ဟေယန် မြို့က ထွက်သွားနိုင်မှာ မဟုတ်ဘူး။”
နတ်ဆိုးဂိုဏ်းက လူတွေနဲ့ ပတ်သက်ပြီးဂျိချန်းဖန်မှာ အထင်အမြင်ကောင်းမရှိပေ။
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ရပ်တည်ချက်တွေက မတူကြဘူး။ မင်း သူတို့ကို ယဉ်ကျေးရင်တောင် သူတို့ ဂရုစိုက်မှာ မဟုတ်ပါေချ။ ဒါကြောင့် ပိုပြီး ခိုင်မာပြတ်သားတာ ပိုကောင်းသည်။
မျက်နှာဖုံးကို ချွတ်ပြီး မင်းရဲ့ တကယ့် မျက်နှာကို ငါ့ကို မြင်ခွင့်ပေးပါ။
ဒါမှမဟုတ်၊ မထွက်သွားနဲ့။
ဂျိချန်းဖန်က မိမိကိုကိုယ် ယုံကြည်မှုကို ထုတ်ဖော်ပြသလိုက်သည်။ ထိုကဲ့သို့ စကားမျိုး ပြောဖို့အတွက် သူ့မှာ အရည်အချင်းနဲ့ ခွန်အား ရှိသည်။
အန်တီ ယို၏ မျက်နှာ ချက်ချင်း မှောင်မိုက်သွားသည်။ သူမ၏ ရှင်းလင်းပြီး အေးစက်သော အသံက သေစေလိုသော ရည်ရွယ်ချက် အနည်းငယ် သယ်ဆောင်လာပြီး သူမ ပြောလိုက်သည်-
“မင်းက တမင်တကာ ပြဿနာ ရှာနေတာလား?”
“ဟုတ်တယ်!” ဂျိချန်းဖန် တည့်တိုး ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုရင် တိုက်ခိုက်ကြတာပေါ့” အန်တီ ယို တည်ငြိမ်စွာ ပြောလိုက်သည်။
သူမ၏ မျက်နှာဖုံးကို ချွတ်ချင်ခဲ့သော နောက်ဆုံးလူကအခု သေသွားပြီ။
ဟုတ်ပါသည်။ ထိုလူက နောက်ဆုံးတွင် သူမ၏ မျက်နှာဖုံးကို ချွတ်ရာမှာ အောင်မြင်ခဲ့သော်လည်း သူ ကထိုအတွက် ကြီးမားသော နစ်နာကြေးကို ပေးခဲ့ရသည်။
ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည် “မြို့ပြင်မှာ တိုက်ခိုက်ကြမယ်။”
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ ပုံရိပ် ဖျပ်ခနဲ ပျောက်သွားသည်။
သူ ချက်ချင်း တောင်နှင့် ပင်လယ် ဥယျာဉ်မှ ထွက်ခွာသွားသည်။
ဒါကို မြင်လိုက်ရတော့ အန်တီ ယို တုံ့ဆိုင်းခြင်း မရှိပေ။ သူမ လှည့်ပြီး သူ့ကို ချက်ချင်း လိုက်သွားသည်။
“အန်တီ ယို...” ပိယောင် အနည်းငယ် စိုးရိမ်နေသည်။
ခဏတာ တုံ့ဆိုင်းပြီးနောက် သူမ နောက်ဆုံးတွင် လိုက်သွားဖို့ ရွေးချယ်လိုက်သည်။
…
…
ဟေယန် မြို့ပြင်။
အဖြူရောင် ဝတ်စုံနဲ့ ပုံရိပ်တစ်ခု ကျယ်ပြန့်သော မြို့ရိုး ပတ်လည်ရှိ ကျုံးဘေးမှာ ရပ်နေသည်။
ဂျိချန်းဖန်၏ ခါးမှာ မြင့်မြတ်သော ဓားနှစ်ချောင်း ရှိသည်။ သူ မထီမဲ့မြင် မျက်လုံးများဖြင့် နောက်လှည့်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် သိမ်မွေ့သော ယုံကြည်မှု အရိပ်အယောင်တစ်ခု ရှိသည်။
သူ ရှန်ကျင်း နယ်ပယ်သို့ တိုးတက်ခဲ့တာ အတော်လေး ကြာပြီ။
ဒါပေမယ့် သူ သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြသခဲ့ခြင်း မရှိသေးပေ။ ခုနစ် တောင်ထိပ် ပြိုင်ပွဲအတွင်းမှာတောင် သူကသူ၏ ခွန်အားရဲ့ သုံးပုံ သို့မဟုတ် လေးပုံ တစ်ပုံကိုသာ သုံးခဲ့သည်။ ဓားတစ်ချက်တည်းနဲ့ သူတို့ကို မတော်တဆ သတ်မိမှာကို စိုးရိမ်လို့ဖြစ်၏..
ဒီညမှာ သူ အန်တီ ယိုကို တမင်တကာ ရန်စခဲ့သည်။ တကယ်တော့ သူ ဘယ်လောက်က သူအစွမ်းထက်လဲဆိုတာ သိဖို့ သူမကို တိုက်ခိုက်ချင်၍ဖြစ်သည်။
“ရှစ်—“
အနက်ရောင် အရိပ်တစ်ခု ဖျတ်ခနဲ ဖြစ်သွားသည်။
အန်တီ ယို မြို့ပြင်သို့ ရောက်လာပြီးနောက် သူမ တစ်ခဏတာမျှ မတုံ့ဆိုင်းဘဲ ဂျိချန်းဖန်ဆီသို့ ချက်ချင်း တိုက်ခိုက်လိုက်သည်။
ပြတ်သားခြင်း၊ ရက်စက်ခြင်း—ဒါတွေက နတ်ဆိုးဂိုဏ်းရဲ့ ထူးခြားချက်တွေပဲ။
စိတ်နူးညံ့ခြင်းနှင့်တူသော အရာများကို သူမတွင် ဘယ်တော့မှ တွေ့ရမည် မဟုတ်ပေ။
“ဒုန်း—“
ဗာမီလီယံ ဆီလ်း(ချူကျွဲတံဆိပ်) က ပူလောင်သော အရှိန်အဝါကို ထုတ်လွှတ်သည်။
၎င်းသည် အဝေးကနေ ဂျိချန်းဖန်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဒါကို မြင်လိုက်ရတော့။
ဂျိချန်းဖန် တည်ငြိမ်စွာ လက်ဝှေ့ယမ်းလိုက်သည်။
“ဒုန်း!”
ချက်ချင်းဆိုသလို ကြီးမားသော ဓားဆန္ဒ ကောင်းကင်သို့ ထိုးတက်သွားသည်။ တိမ်များဆီသို့ တည့်တည့် ရောက်ရှိသွားသည်!
အပြာနုရောင် ဓားဆန္ဒ အနည်းငယ်က ဗာမီလီယံ ဆီလ်း တံဆိပ်နဲ့ ပြင်းထန်စွာ တိုက်မိပြီး ၎င်းကို တိုက်ရိုက် လွင့်ထွက်သွားစေသည်။
“ဒီအချိန်အထိ ငါက သူ့ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြသဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ” ဂျိချန်းဖန် တည်ငြိမ်စွာ ပြောလိုက်သည်။
“ရှစ်—“
သူ သူ၏ ခါးမှ နဂါးသတ် ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။
ချက်ချင်းဆိုသလို ဓားအလင်းရောင် လျှပ်ခနဲ ဖြစ်သွားသည်။
မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်က အဝေးကနေ အလျင်စလို ရောက်လာနေသော ပိယောင်ကို ချက်ချင်း လက်ဖြင့် ကာကွယ်ရန် မကူညီနိုင်ဘဲ မျက်လုံးများကို မှိတ်ထားလိုက်သည်။
“ဒါက...”
“နဂါးသတ် ဓားလား?!!!”
သူမ ထို မြင့်မြတ်သော ဓားကို မြင်လိုက်သည့်အခိုက်အတန့်မှာ အန်တီ ယို အနည်းငယ် ရပ်တန့်သွားသည်။ သူမ နေရာမှာ အံ့သြတုန်လှုပ်စွာ ရပ်နေပြီး ခဏတာ တိုက်ခိုက်ဖို့ကိုပင် မေ့သွားသည်။
“ရှစ်—“
ဓားအလင်းရောင် လျှပ်ခနဲ ဖြစ်သွားသည်။
အန်တီ ယို စဉ်းစားခန်း ဝင်နေချိန်မှာပဲ။
ဓားချီ တစ်ခုက သူမဆီသို့ ရောက်နှင့်နေပြီ။
“မကောင်းတော့ဘူး!” အန်တီ ယို လျင်မြန်စွာ သတိပြန်ဝင်လာသည်။
ဒါပေမယ့် ထို ဓားချီရဲ့ အမြန်နှုန်းက ရိုးရိုးရှင်းရှင်း အရမ်း မြန်လွန်းတယ်။ သူမ အာရုံပျံ့လွင့်နေတဲ့ အခိုက်အတန့်မှာ ရှောင်ရှားဖို့ အကောင်းဆုံး အချိန်ကို လွဲချော်သွားခဲ့ပြီ။
“ရှစ်—“
ဓားချီက အန်တီ ယို၏ ပါးကို တိုက်ရိုက် ဖြတ်သွားသည်။
သူမကို မထိခိုက်စေခဲ့ပေ။
ဒါပေမယ့်...
သူမရဲ့ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။
ချက်ချင်းဆိုသလို ပြီးပြည့်စုံသော မျက်နှာတစ်ခု ဂျိချန်းဖန်၏ မျက်လုံးများရှေ့မှာ ပေါ်လာသည်။
ထိုလှပသော မျက်နှာက အသေးစိတ် ထွင်းထုထားသော ကျောက်စိမ်းကဲ့သို့ ဖြစ်သည်။ သိမ်မွေ့ပြီး နွေးထွေးသည်။ အသားအရေက နှင်းကဲ့သို့ ဖြူဖွေးပြီး အပြစ်အနာအဆာ ကင်းသည်။ မျက်လုံးများက ဆောင်းဦးရေကဲ့သို့ ကြည်လင်သည်။ တောက်ပပြီး တက်ကြွသည်။ လှုပ်ရှားမှုတိုင်းနှင့် အပြုံးတိုင်းက ခံစားချက် အမျိုးမျိုးကို ဖော်ပြနိုင်သကဲ့သို့ ဖြစ်နေသည်။
အန်တီ ယို လုံးဝ ထိတ်လန့်တုန်လှုပ်သွားသည်။
သူမ လက်ထဲမှာ ဗာမီလီယံ ဆီလ်း တံဆိပ်ကို ကိုင်ထားရင်း သူ့ရှေ့က အဖြူရောင် ဝတ်စုံနဲ့ ကောင်လေးကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူမက အလှပဂေးစစ်စစ်ပဲ!”
ဂျိချန်းဖန် သူ့ရှေ့က အန်တီ ယိုကို ကြည့်လိုက်သည်။ ကျေနပ်သော အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။ ပြီးတော့ သူ သူ၏ လက်ထဲက နဂါးသတ် ဓားကို ဖြည်းဖြည်းချင်း သိမ်းဆည်းလိုက်သည်။ မြေပြင်က အနက်ရောင် မျက်နှာဖုံးကို ကောက်ယူဖို့ လက်လှမ်းလိုက်သည်-
“ဒါကို မှတ်ထား။”
“ဒီနေ့ကစပြီး မင်း ငါ့ရှေ့မှာ ရှိနေရင် မင်းရဲ့ အနက်ရောင် မျက်နှာဖုံးကို ကိုယ့်ဘာသာ ချွတ်ဖို့ မှတ်ထားပါ။ မဟုတ်ရင်...”
“ငါ ကိုယ်တိုင် မင်းကို ချွတ်ပေးလိမ့်မယ်!”
ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်သည်။
သူ သူ၏ လက်ထဲက အနက်ရောင် မျက်နှာဖုံးကို အန်တီ ယိုဆီ ပစ်လိုက်သည်။ ထို့နောက် လှည့်ပြီး မတုံ့ဆိုင်းဘဲ ထွက်ခွာသွားသည်။
အန်တီ ယို စဉ်းစားခန်း ဝင်နေရင်း အနက်ရောင် မျက်နှာဖုံးကို ယူလိုက်သည်။
သူမ ဂျိချန်းဖန်၏ ဆုတ်ခွာသွားသော နောက်ကျောကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ သူမ၏ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေသည်...
နှစ်ပေါင်း သုံးရာ အရင်ကထို မြင်ကွင်းအတိုင်းပဲ ဖြစ်ခဲ့ဖူးသည်။