← Chapters

စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ သွေးနဲ့ ငါ့ရဲ့သိုင်းအခြေခံကို တည်ဆောက်မယ်

Vol. 32 Ch. 476

စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ သွေးနဲ့ ငါ့ရဲ့သိုင်းအခြေခံကို တည်ဆောက်မယ်

Vol. 32 Ch. 476

ဒီအချိန်၌ ယွိကောင်းသည် လှည့်ဖျားခံရခြင်းကို နားလည်လိုက်၏။ ဖန်းဟောင်သည် အစကတည်းက မျိုးဆက်စုံမဟာမိတ်အဖွဲ့ အတွင်းသို့ ဝင်ရောက်လိုလေသည်။ သို့ပေမယ့် မြင့်မားသည့် ရာထူးတစ်ခုကို လိုချင်၏။

ရလဒ်အနေနှင့် သူ၏ စိတ်လှုပ်ရှားလွန်ကဲနေသည့် အချိန်အတွင်းတွင် တစ်ဖက်လူအား မဟာမိတ်ခေါင်းဆောင်ရာထူးကို ပေးဆောင်မိခဲ့လေသည်။

"ဆက်သွယ်ရေးအဆောင်... အဲ့ဒါက စိတ်ဝိဉာဉ်လောကရဲ့ သိုင်းလောက အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲနိုင်တဲ့ မဟာဗျူဟာမြောက် ပစ္စည်းတစ်ခုပဲ။ ဘယ်လိုလုပ်ပြီး ငါက စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ.."

ထိုကိစ္စအတွက် ယွိကောင်းသည် နောင်တရခြင်း မရှိပါ။ ဆက်သွယ်ရေးအဆောင်မှာ သိုင်းလောကအတွက် အမှန်တကယ်ကို ထူးကဲသာလွန်သည့် ပစ္စည်းတစ်ခုဖြစ်သည်။

မည်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ခဏတာစိတ်လှုပ်ရှားမှု အချိန်အတွင်းတွင် သူသည်တစ်ဖက်လူငယ်၏ အခွင့်ကောင်းယူခြင်းကိုခံလိုက်ရသည်။

"ကျု့လျန်က အရမ်းသန်မာတယ်... ငါကသူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ ခွန်အားကလည်း အထင်သေးလို့မရဘူး.."

ယွိကောင်းက နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

"အလျှင်မလိုပါဘူး... ခြေတစ်လှမ်းချင်းစီ စတာပေါ့... အရင်ဆုံး ကျောက်စိတ်နတ်ဘုရားဂိုဏ်းရဲ့ စိတ်ဝိဉာဉ်သတ္တုတွင်းတွေကနေစမယ်.."

ရွှီယန်က ပြုံးကာပြောသည်။

"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ စိတ်ဝိဉာဉ်သတ္တုတွင်းတွေ ဘယ်နေရာမှာရှိလဲ ဆိုတာကို ငါမသိဘူး.."

ယွိကောင်းက နေရခက်စွာပြုံးသည်။

မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် တရားဝင်ထွက်ပေါ်ခြင်း မရှိသေးပေ။ ထို့ကြောင့် ရန်သူများကို သတိဝင်စေကာ စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ရှာတွေ့မှုကို ရှောင်ရှားနိုင်ရန်အတွက် သူတို့သည် အရေးကြီးသည့် နေရာများကို စူးစမ်းစုံစမ်းခြင်း မပြုခဲ့ကြပေ။

"အဲ့ဒီ့အဖြေကို သိတဲ့လူရှိတယ်... ကျွန်တော်တို့ လိုအပ်နေတာက အကိုယွိရဲ့ အကူအညီပဲ.."

ရွှီယန်က ပြုံးကာပြော၏။

လေလွင့်သိုင်းသမားများအပေါ် မှီခိုခြင်းက စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို ရင်ဆိုင်ရန် လုံလောက်ခြင်းမရှိပါ။

မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် အားနည်းခြင်း မရှိပေမယ့် တိတ်တဆိတ်ဖွံ့ဖြိုးကာ ကြီးထွားနေသည့် အဆင့်အတွင်းတွင်သာ ရှိနေသေးသည်။ ရှာတွေ့သွားမည်ကို စိုးရိမ်သဖြင့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအကြောင်း အချက်အလက်အများကြီးကို စုံစမ်းသိရှိထားခြင်းမရှိပါ။

စိတ်ဝိဉာဉ်နယ်မြေတွင် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အကြောင်းကို စစ်မှန်စွာ နားလည်နိုင်သည်မှာ သူတို့အချင်းချင်းသာ ဖြစ်ကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့သည် အုပ်စိုးသူများ ဖြစ်ကြ၏။

ရှန်ဟိုင်ကျိုးမှာ မိသားစုကြီးတစ်ခု၏ အကြီးဆုံးသခင်လေးဖြစ်ပြီး အခြားလူများနှင့် အလွန်ခြားနားလေသည်။

သူသည် တုံးအခြင်းတော့မရှိပါ။ သူ့အနေနှင့် သတင်းအချက်အလက်များကို ထောက်ပံ့ပေးလိုသည်မှာ အကြောင်းပြချက် တစ်ခုရှိနေ၏။

ရွှီယန်နှင့် နက်ရှိုင်းသည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန်ပဲဖြစ်ဖြစ်၊ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းအား အားနည်းအောင်ပြုလုပ်ကာ ရှန်မိသားစုအတွက် လမ်းကြောင်းဖောက်ရန်အတွက်ပဲ ဖြစ်ဖြစ် ပူးပေါင်းလို့ရသည်။

ရင်းနှီးမှုသာ ဆက်လက်တည်ရှိပြီး နှစ်ဖက်လုံးအကျိုးအမြတ်ဖြစ်စေပါက လုံလောက်၏။

အစီအစဉ်အား အသေးစိတ်ဆွေးနွေးမှုအပြီးတွင် ဖန်းဟောင်က အခင်းအကျင်းကိရိယာများနှင့် ဆက်သွယ်ရေးအဆောင်တို့ကို ဆက်လက်ပြုလုပ်သည်။

ထိုအချိန်၌ ရှီအာက ဆေဘာတစ်ချောင်းနှင့် ရောက်ရှိလာခဲ့၏။

"သခင်လေးဖန်း... ဒီဓားကို ကျွန်တော့်အတွက် ပြန်ထုပေးပါလား.."

ယွိကောင်းက နေရာတစ်ခုကိုရှာကာ ထိုင်ပြီး အနားယူရင်း ဒဏ်ရာများကို သွားရောက်ကုသတော့မှာပါ။

သို့ပေမယ့် ရုတ်တရက် အေးခဲသွား၏။ သူသည် လက်ကိုဆန့်ကာ ရှီအာ၏လက်ထဲမှ လွှသွားပုံ ဓားမော့ကြီးကို ဆွဲယူလိုက်သည်။

"ဒါက... ဒါက သွေးစိတ်ဝိဉာဉ် ဆေဘာဓားမလား.."

သူသည် ထိတ်လန့်စွာဖြင့် ရှီအာကို ခေါင်းမော့ကြည့်သည်။ ဖြစ်နိုင်သည်မှာ သွေးနတ်ဆိုးလေလားဟူ၍ ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် အနှိုင်းမဲ့သည့် စီနီယာကို ခေါင်းလှည့်ကြည့်မိ၏။ ထိတ်လန့်စွာ အသံပြုသည်။

"စီနီယာ... ခင်ဗျားက သွေးနတ်ဆိုး အရှင်သခင်လား.."

သူ၏စကားမဆုံးခင်တွင် မုန့်ချုံက ဦးခေါင်းကို လှမ်းကာရိုက်သည်။

"ခင်ဗျားက ကျုပ်ဆရာကို စော်ကားနေတာပဲ... နတ်ဆိုးအရှင်သခင်က ဘာလဲ...သူကကျုပ်တို့ဆရာရဲ့ ဖိနပ်ကိုင်ဖို့တောင် အဆင့်မရှိဘူး.."

ယခုအချိန်၌ ယွိကောင်း၏ ခွန်အားမှာ အများစုတို့ ပြန်လည်ကောင်းမွန်ပြီး ဖြစ်ရာ မုန့်ချုံ၏ ရိုက်ချက်ကို အလွယ်တကူ ရှောင်ရှားနိုင်ပါသည်။

သို့ပေမယ့် ဒီအချိန်၌ သူသည် အလွန်အံ့ဩနေပြီး မုန့်ချုံ၏ လက်ဝါးချက်ကလည်း ထိခိုက်ဒဏ်ရာရရန် ရည်ရွယ်ထားခြင်းမရှိရာ လျှပ်တပြက်အတွင်း ရှောင်ဖယ်မိခြင်းမရှိဘဲ အရိုက်ခံလိုက်ရသည်။

"စီနီယာက သွေးနတ်ဆိုးအရှင်သခင် မဟုတ်ဘူးလား... ဒါဆိုရင် ဒီသွေးစိတ်ဝိဉာဉ်ဆေဘာဓားက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ.."

ယွိကောင်းက အံ့သြစွာပြော၏။

နှောင်းပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ဖြစ်သည့် ယွိကောင်းတစ်ယောက် သွေးစိတ်ဝိဉာဉ်ဆေဘာဓားကြောင့် အလွန်ထိတ်လန့်အံ့ဩနေရာ ရှီအာမှာ မနေနိုင်ဘဲ တံတွေးများကို မျိုချမိသည်။ သူသည် လက်ထဲရှိဓားကို ပူလောင်လာသည်ဟုပင် ခံစားရ၏။

အတွင်းဘက်နယ်မြေတုန်းက ဒီဓားကြောင့် တစ်ဝက်တစ်ပြက်ကောင်းကင်လူသားတစ်ယောက်၏ ရိုက်သတ်ခံရလုနီးပါးဖြစ်ခဲ့သည်။ စိတ်ဝိဉာဉ်နယ်မြေသို့ ရောက်ရှိပြီးနောက်လည်း ဒီဓားသည် နှောင်းပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ဖြစ်သည့် ယွိကောင်း၏အာရုံကို ဆွဲဆောင်နိုင်သည်လား။

ဒီဓားနှင့်သာ စိတ်ဝိဉာဉ်နယ်မြေတွင် လှည့်လည်မိပါက မည်ကဲ့သို့သော အန္တရာယ်မျိုး ပေါ်ပေါက်လာနိုင်မည်နည်း။

"သွေးနတ်ဆိုးအရှင်သခင်ရဲ့ ဆေဘာဓားလား..."

ဖန်းဟောင်လည်း လွှသွားနှင့် ဓားကြီးကို အံ့သြစွာကြည့်သည်။ ရွှီယန်တို့မှာလည်း အံ့သြသွား၏။

နတ်ဆိုးအရှင်သခင်သည် စိတ်ဝိဉာဉ်နယ်မြေတွင် အလွန်မြင့်မားထည်ဝါခဲ့သည်လား။ နတ်ဆိုးအရှင်သခင်၏ သင်္ချိုင်းတွင် သူ၏ဘဝအကြောင်းကို အကြမ်းဖျင်း ဖော်ပြထားပေမယ့် ပုံများမှာ ပုံများသာဖြစ်သည်။

အချိန်များစွာလည်း ကုန်ဆုံးပြီးဖြစ်ရာ ယခုအချိန်အထိ စိတ်ဝိဉာဉ်နယ်မြေတွင် နတ်ဆိုးအရှင်သခင်၏ ဂုဏ်သတင်းတို့ လွှမ်းမိုးနိုင်နေဆဲမှာ စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။

"အကိုယွိ... နတ်ဆိုးအရှင်သခင်နဲ့ ခင်ဗျားနဲ့က ဘယ်လိုပတ်သတ်တာလဲ.."

ရွှီယန်က မနေနိုင်ဘဲ သတိကြီးသွားသည်။ နတ်ဆိုးအရှင်သခင်ကြီးကို မုန့်ချုံက သတ်ဖြတ်ခဲ့ခြင်းဖြစ်၏။

ယွိကောင်းက သွေးစိတ်ဝိဉာဉ်ဓားကို သပ်ရင်းက သက်ပြင်းချသည်။

"ငါ့မှာ နတ်ဆိုးအရှင်သခင်နဲ့ ဘာဆက်သွယ်မှုမှ မရှိပါဘူး။ အခု စိတ်ဝိဉာဉ်နယ်မြေ တစ်ခုလုံးမှာ သူနဲ့ပတ်သက်တဲ့လူ ဘယ်သူမှတောင် ရှိမယ်မထင်ဘူး.."

"ဒါပေမယ့် ဒီဓားကိုမြင်လိုက်ရတာက နာမည်ကျော်ကြားတဲ့ သွေးနတ်ဆိုး အရှင်သခင်ကို ပြန်လည်အမှတ်ရလာစေမိတယ်.."

ဖန်းဟောင်က သိလိုစွာကြည့်သည်။ ဒဏ္ဍာရီဆန်သည့် နတ်ဆိုးအရှင်သခင်၏ သွေးစိတ်ဝိဉာဉ် ဆေဘာဓားသည် ရှီအာ၏လက်ထဲသို့ အဘယ်ကြောင့် ရောက်ရှိနေရသနည်း။

"ကျွန်တော့်အဖေ ပြောဖူးတာတော့ နတ်ဆိုးအရှင်သခင်ကြီးက စစ်မှန်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်တဲ့။ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေကို တုန်လှုပ်စေခဲ့တဲ့ အနှိုင်းမဲ့တဲ့ ရက်စက်သူတစ်ဦးလည်းဖြစ်တယ်။ သူက မရေမတွက်နိုင်တဲ့ လူတွေကို သတ်ဖြတ်ခဲ့ပြီး စိတ်ဝိဉာဉ်နယ်မြေကို သွေးလွှမ်းစေခဲ့ဖူးတယ်.."

မုန့်ချုံက ခေါင်းကိုကုပ်ကာ ပြူးကျယ်သောမျက်လုံးများဖြင့် မေးသည်။

"မင်းတို့အားလုံးပြောနေကြတာ နတ်ဆိုးအရှင်သခင်ကြီးက အရမ်းစွမ်းအားကြီးပြီး စိတ်ဝိဉာဉ်နယ်မြေမှာ ကြောက်ဖို့အရမ်းကောင်းတဲ့ပုံပဲ။ ဒါပေမယ့် ငါကတော့ သူ့ကိုဉာဏ်များပြီး ကောက်ကျစ်သူတစ်ယောက်လို့ပဲ ခံစားရတယ်.."

အရင်တုန်းက နတ်ဆိုးအရှင်သခင်သည် အကြီးအကဲဝူ၏ ခန္ဓာကိုယ်ကိုဝင်ပူးပြီး သူ၏သွေးနှင့်အဆီအနှစ်ကို တက်မက်ခဲ့၏။

ထို့ကြောင့် သူသည် တစ်ဖက်လူ၏ လက်ထဲ၌ သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ အရေးကြီးသည့် အချိန်အခါတွင် ဆေဘာဝိဉာဉ်က နိုးထလာခဲ့ပြီး ဆေဘာဆန္ဒကို နားလည်သဘောပေါက်ကာ နတ်ဆိုးအရှင်သခင်ကြီး၏ အကြွင်းအကျန်ဝိဉာဉ်ကို တစ်ခါတည်းသတ်ဖြတ်နိုင်ခဲ့၏။

ယွိကောင်းက ခဏတာမှင်သက်နေပြီးနောက် အံ့သြစွာမေးသည်။

"နတ်ဆိုးအရှင်သခင်ကြီးကို မင်းတွေ့ဆုံခဲ့တာလား...သူမသေသေးဘူးလား.."

မုန့်ချုံက ပြုံးကာပြော၏။

"နတ်ဆိုးအရှင်သခင်ကြီးကသေပြီး...ငါသတ်လိုက်တာ.."

"ဒုတိယစီနီယာအစ်ကို...မင်းက နတ်ဆိုးအရှင်သခင်ကို သတ်ခဲ့တာလား...သူကအဲ့လောက် အားနည်းတာလား.."

ဖန်းဟောင်မှာ အနည်းငယ်ကြောင်တောင်သွားသည်။ ဒဏ္ဍာရီဆန်သည့် နတ်ဆိုးအရှင်သခင်ကြီးသည် ရက်စက်ကြမ်းကြုတ်ကာ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။

မရေမတွက်နိုင်သည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို သတ်ဖြတ်ခဲ့သည်။ သို့ရာတွင် ထိုလူကို ဒုတိယစီနီယာအစ်ကိုက သတ်ဖြတ်ခဲ့သည်လား။

မုန့်ချုံက ခေါင်းကိုရမ်းကာ ပြော၏။

"အဲ့ဒီ့အချိန်တုန်းက နတ်ဆိုးအရှင်သခင်ကြီးက အကြွင်းအကျန် ဝိဉာဉ်တစ်ခုပဲ ရှိတော့တာ...ပြီးတော့ ငါ့ရဲ့အသွေးအသားခန္ဓာကိုယ်ကို ရယူဖို့ကြံစည်ခဲ့တယ်။ အဲ့ဒါနဲ့ငါလည်း သတ်ပစ်လိုက်တာ.."

သူက သွေးစိတ်ဝိဉာဉ်ဆေဘာကို လက်ညှိုးညွှန်ကာ ပြော၏။

"အဲ့ဒီ့ဆေဘာဓားကိုလည်း သူဝင်ပူးထားတဲ့ လူဆီကနေရခဲ့တာ.."

ယွိကောင်းက သက်ပြင်းချကာ ပြန်ပြောင်းစဉ်းစား၏။

"ဒီတစ်ကြိမ်တော့ နတ်ဆိုးအရှင်သခင်ကြီး ပြန်လည်မြင့်တက်လာဖို့အတွက် လုံးဝကိုကျရှုံးခဲ့တာပေါ့.."

ရွှီယန်က မနေနိုင်ဘဲမေးသည်။

"ငါသိသလောက်ဆိုရင်... နတ်ဆိုးအရှင်သခင်ကြီးက ပြန်လည်မြင့်တက်မှု ၃ကြိမ်တိုင်အောင်ရှိခဲ့တယ်။ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက သူ့ကိုအရမ်းကြောက်ကြတယ်။ စိတ်ဝိဉာဉ်နယ်မြေမှာ သူဘာတွေလုပ်ခဲ့လို့လဲ.."

All Chapters