← Chapters

စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ သွေးနဲ့ ငါ့ရဲ့သိုင်းအခြေခံကို တည်ဆောက်မယ်(၂)

Vol. 32 Ch. 477

စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ သွေးနဲ့ ငါ့ရဲ့သိုင်းအခြေခံကို တည်ဆောက်မယ်(၂)

Vol. 32 Ch. 477

နတ်ဆိုးအရှင်သခင်ကြီး၏ သင်္ချိုင်းတွင် ဖော်ပြထားသည်မှာ တစ်ဖက်လူသည် နိမ့်ကျစွာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံခဲ့ရ၏။

ထို့နောက် ကံဆိုးမှုများစွာကို ကြုံတွေ့ခဲ့ပြီး ချစ်ခြင်းမှ မုန်းတီးခြင်းသို့ ပြောင်းလဲကာ စိတ်ဝိဉာဉ်နယ်မြေတွင် ပုန်ကန်ထကြွမှုတို့ ဖြစ်ပွားခဲ့သည်။

ဤသည်က သူ့ကို စွမ်းအားကြီးပုဂ္ဂိုလ်များစွာ၏ ပစ်မှတ်တစ်ခု ဖြစ်လာစေ၏။ သို့ပေမယ့် ထိုအချက်အလက်များမှာ အကြမ်းဖျင်းနိုင်လှပြီး မှတ်တမ်းတင်မထားသည့် ကိစ္စရပ်များ ရှိနေလောက်မှာပါ။

"နတ်ဆိုးအရှင်သခင်..."

ယွိကောင်းက သွေးစိတ်ဝိဉာဉ်ဓားကို ရှီအာ၏လက်ထဲသို့ ပြန်လည်ပေးပြီးနောက် သက်ပြင်းချသည်။

"နတ်ဆိုးအရှင်သခင်က... အစက မိသားစုကြီးတစ်ခုရဲ့ တရားမဝင် ကလေးတစ်ယောက်ပဲ။ လင်းနယ်မြေရဲ့ တင်းကြပ်တဲ့ အဆင့်အတန်းခွဲခြားမှုတွေအပြင် သူ့ရဲ့ပါရမီကလည်း ထူးချွန်မှုမရှိလို့ အထင်သေးနှိမ့်ချမှုတွေကို ခံခဲ့ရတယ်..."

ရွှီယန်နှင့် အခြားလူများ အားလုံးတို့က သိလိုစွာဖြင့် နားထောင်ကြ၏။ ဖန်းဟောင်လည်း တူညီစွာဖြစ်သည်။ သူတို့သိရှိသည့် နတ်ဆိုးအရှင်သခင်၏ အကြောင်းမှာ နည်းပါးလှပါသည်။

ယွိကောင်းပြောပြသည့် နတ်ဆိုးအရှင်သခင်ကြီးမှာ ရွှီယန် မြင်တွေ့ခဲ့ဖူးသည့် သင်္ချိုင်းအတွင်းတွင် ရေးဆွဲထားသော ရုပ်ပုံများနှင့် ကြီးစွာ ခြားနားနေသည်မဟုတ်ပေ။ သို့ပေမယ့် ယွိကောင်း၏ ရှင်းပြချက်မှာ ပိုမိုအသေးစိတ်ကျ၏။

"ထိပ်တန်းမိသားစုကြီးတစ်ခုက နောက်ဆုံးမှာ နတ်ဆိုးအရှင်သခင်ရဲ့ သွေးအဖြစ် သန့်စင်မှုကို ခံလိုက်ရတယ်... အဲ့ဒါက သူ့ကို ပြိုင်ဘက်ကင်းလာစေခဲ့တယ်..."

ယွိကောင်း၏မျက်နှာက မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။ ပထမတန်းစား မိသားစုတစ်ခုလုံးကို သွေးအဖြစ် သန့်စင်ခဲ့လေသည်။ ဤသည်မှာ မည်မျှကြီးမားလှသည့် စွမ်းအားဖြစ်သနည်း။ မည်မျှပြိုင်ဘက်ကင်းသည့် အရှိန်အဝါဖြစ်သနည်း။

နတ်ဆိုးအရှင်သခင်ကြီးသည် စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းလောကသမိုင်းတွင် ဖယ်ကျဉ်ထားလို့မရသည့် ပုံရိပ်တစ်ခု ဖြစ်သည်။ သူသည် လေလွင့်သိုင်းသမားများအကြားတွင် အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်၏။

"ကံဆိုးစွာပဲ... နတ်ဆိုးအရှင်သခင်ကြီးက သူ့အနီးအနားက ရင်းနှီးတဲ့လူတွေရဲ့ သစ္စာဖေါက်ခြင်းကို ခံခဲ့ရပြီး သေလုနီးပါး ဖြစ်ခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက လူတိုင်းကသူ့ကို သေသွားပြီလို့ ထင်ခဲ့ကြတာပေါ့။ ဒါပေမယ့် နှစ်ပေါင်းတစ်ထောင် ကြာပြီးတဲ့နောက်မှာ နတ်ဆိုးအရှင်သခင်ကြီး ပြန်လည်မြင့်တက်လာခဲ့တယ်။ သူ့ရဲ့ရန်သူအားလုံးကိုလည်း သတ်ဖြတ်ပစ်ခဲ့တယ်..."

"ဒုတိယအကြိမ် ပြန်လည်မြင့်တက်လာခဲ့တဲ့ နတ်ဆိုးအရှင်သခင်ကြီးမှာလည်း ကြီးမားလှတဲ့ နတ်ဆိုးစွမ်းအင်တွေ ပိုင်ဆိုင်ထားတုန်းပဲ။ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုတွေများစွာ သူ့ရဲ့လက်ထဲမှာ ပျက်စီးခဲ့ကြရတယ်။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ပါရမီရှင်တွေကိုတောင်မှ သတ်ဖြတ်ပစ်ခဲ့တယ်.."

"သူက အဲ့ဒီ့ပါရမီရှင်တွေကို ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုပြီး စွမ်းအားကြီးမားလာခဲ့တယ်။ နောက်ပိုင်းမှာ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်တွေကို သတ်ဖြတ်ပြီး ပြိုင်ဘက်ကင်းမှုကို ပြသခဲ့တယ်.."

"ကံဆိုးစွာပဲ... နတ်ဆိုးအရှင်သခင်ကြီးက ဒုတိယအကြိမ် သစ္စာဖေါက်ခြင်း ထပ်ခံခဲ့ရပြီး စွမ်းအားကြီးမားတဲ့ လူတစ်စုရဲ့ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ လူတိုင်းက သူ့ကိုသေပြီလို့ ထင်ထားကြတာ။ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက သူ့ကို နှစ်ပေါင်းတစ်ထောင်ကျော်အောင် စောင့်ကြည့်ခဲ့ကြတယ်။ ဒါပေမယ့် နတ်ဆိုးအရှင်သခင်ကြီးရဲ့ သတင်းက ပြန်မပေါ်လာခဲ့တော့ဘူး.."

"နှစ်ပေါင်းသုံးထောင် ကြာပြီးတဲ့နောက်မှ သူက တတိယအကြိမ် ပြန်လည်မြင့်တက်လာခဲ့တယ်။ သူ့ရဲ့ ပြန်လည်ပေါ်ပေါက်လာမှုနဲ့အတူ ရန်သူတွေအားလုံးကို သွေးအဖြစ် သန့်စင်ခဲ့ပြီး သက်ရှိအားလုံးကိုလည်း စတေးပစ်ခဲ့တယ်... သူကအဲ့ဒီ့အချိန်မှာ စစ်မှန်တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့ပြီ.."

"သွေးနတ်ဆိုးရဲ့ ကပ်ဘေးက အဲ့ဒီ့ကနေစပြီး ပေါ်ပေါက်လာခဲ့တာပဲ။ သူကဘယ်သူ့ကိုမှ အယုံအကြည်မရှိတော့ဘူး။ အုပ်စိုးသူ မိသားစုတွေပဲဖြစ်ဖြစ်၊ စိတ်ဝိဉာဉ်ဂိုဏ်းတွေပဲဖြစ်ဖြစ်၊ လေလွင့်သိုင်းသမားတွေပဲဖြစ်ဖြစ် သူ့ရဲ့မျက်လုံးထဲမှာ အားလုံးက သွေးအစာတွေပဲ... အနှိုင်းမဲ့တဲ့ လမ်းစဉ်အတွက် အရင်းအမြစ်တွေပဲ..."

သွေးနတ်ဆိုးကပ်ဘေး၏ နောက်ဆုံးအခြေအနေတွင် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည့် ယွိကောင်းပင်လျှင် အကြောက်တရားကို ခံစားရ၏။ သူ၏အသံက အနည်းငယ် တုန်ခါလာခဲ့သည်။

"သွေးနတ်ဆိုးကပ်ဘေးက စိတ်ဝိဉာဉ်နယ်မြေရဲ့ သိုင်းသမားအရေအတွက်ကို အပုံ၂၀ပုံ ၁ပုံလောက် လျော့နည်းသွားစေခဲ့တယ်။ ယွီကျိုးက သွေးနတ်ဆိုးထွက်ပြေးခဲ့တဲ့ နောက်ဆုံးလမ်းကြောင်းပဲ။ ဒါကြောင့်မလို့ ဒီနေရာရဲ့ သိုင်းသမား၅ပုံ၁ပုံလောက် သေဆုံးခဲ့ရတယ်.."

ရွှီယန်နှင့် လူအားလုံးတို့မှာ မနေနိုင်ဘဲ အသက်ကိုရှူသွင်းမိကြ၏။ နတ်ဆိုးအရှင်သခင်ကြီးသည် အမှန်တကယ်ကို အနှိုင်းမဲ့လှသည့် ဆိုးရွားသူဖြစ်သည်။

စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများက သူ့ကို အလွန်ကြောက်ရွံ့တာ အံ့ဩစရာမရှိပေ။ မသတ်ဖြတ်ခင်တွင် အတွင်းဘက်နယ်မြေသို့ပင် တွန်းပို့ခဲ့ပြီး လင်းယွီဂိတ်တံခါးကို လုံးဝချိတ်ပိတ်ပစ်ခဲ့၏။ အတွင်းဘက်နယ်မြေနှင့် လုံးဝအဆက်အသွယ် ဖြတ်တောက်လိုက်ခြင်းမှာ သွေးနတ်ဆိုး၏ ပြန်လည်မြင့်တက်လာမည့်လမ်းကြောင်းကို ဖြတ်တောက်ရန်ဖြစ်သည်။

လီရွှမ်မှာ တိတ်တဆိတ် အံ့သြသွားသည်။ ထိုလူသည် စစ်မှန်သည့် ရက်စက်ကြမ်းကြုတ်သူတစ်ဦး ဖြစ်၏။ နှစ်ကြိမ်တိုင်အောင် သစ္စာဖောက်ခြင်းခံခဲ့ရပြီး သူကျင့်ကြံသည့် ကျင့်စဉ်မှာလည်း သွေးဆာသည့်ကျင့်စဉ်တစ်ခုဖြစ်ရာ နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းမှာ အံ့သြစရာမရှိပေ။

"သုံးကြိမ်တိုင်အောင် ကျဆုံးခဲ့ပြီး သုံးကြိမ်တိုင်အောင် မြင့်တက်ခဲ့တယ်... နတ်ဆိုးအရှင်သခင်ကြီးရဲ့ ကံကြမ္မာက တကယ့်ကိုကြီးမားတာပဲ... နောက်ဆုံးအခေါက်မှာတောင်မှ သူ့ရဲ့ ပြန်လည်မြင့်တက်နိုင်မယ့် အခွင့်အရေးကို လုံးဝဖြတ်တောက်နိုင်ခြင်း ရှိခဲ့တာမဟုတ်ဘူး။ ကံဆိုးစွာပဲ မုန့်ချုံကို ပစ်မှတ်ထားမိပြီး သေဆုံးခဲ့ရတာ.."

လီရွှမ်က ခေါင်းကိုရမ်းသည်။ နတ်ဆိုးအရှင်သခင်ကြီးသာ မုန့်ချုံကို ပစ်မှတ်ထားခြင်း မရှိပါက ပြန်လည်မြင့်တက်ရန် အခွင့်အရေးတစ်ခု ရှိနေသေးသည်။

ထို့အပြင် ပြီးခဲ့တုန်းက သင်ခန်းစာသုံးခုနှင့် သူသည် သေချာပေါက် ပိုမိုသတိကြီးကာ ရင်ဆိုင်ရ ပိုမိုခက်ခဲမှာဖြစ်သည်။

"ကောလဟာလတွေအရဆိုရင်... နောက်ဆုံးတိုက်ပွဲမှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ အစွမ်းထက်ဆုံး သိုင်းသမားတွေက ဂိုဏ်းရဲ့လျှို့ဝှက်အခြေခံကို အသုံးပြုပြီး နတ်ဆိုးအရှင်သခင်ကြီးရဲ့ ခွန်အားကို လျော့ကျစေခဲ့တယ်။ ပြီးတော့ ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်တဲ့.."

"နတ်ဆိုးအရှင်သခင် ကပ်ဘေးက ထိခိုက်မှုအရမ်းကို ကြီးမားခဲ့တယ်။ ဒ့ါကြောင့်မလို့ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့တယ်။ အဲ့ဒီ့အကြောင်းကို ဘယ်သူမှ ပါးစပ်မဟရဲကြဘူး။ ဒ့ါကြောင့်မလို့...နတ်ဆိုးအရှင်သခင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေက ဒီအချိန်အထိ တည်ရှိနေတာ ရှားပါးတယ်.."

"အဲ့ဒီ့တုန်းက ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ လူတွေကလွဲပြီး နောက်ကွယ်က အကြောင်းအရာတွေကို ဘယ်သူမှ မသိလောက်ဘူး.."

ယွိကောင်းက သက်ပြင်းချစွာ ပြော၏။

"တစ်ချိန်တုန်းက နတ်ဆိုးအရှင်သခင်ကြီးက ရည်ရွယ်ချက်ကြီးမားပြီး မျှော်လင့်ချက်အိပ်မက်တွေနဲ့ ရှင်သန်သူတစ်ယောက်ပဲ။ လောကကြီးမှာ လေလွင့်သိုင်းသမားတွေအတွက် နေရာတစ်ခုကို ရှာဖွေပေးလိုခဲ့တယ်။ မောက်မာတဲ့ စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေကို ရင်ဆိုင်လိုခဲ့တယ်.."

"ကျွန်တော်တို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို တည်ထောင်တဲ့ ရည်ရွယ်ချက်ကလည်း အဲ့ဒီ့အကြောင်းကြောင့်ပဲ။ ဒါ့ကြောင့်မလို့ နတ်ဆိုးအရှင်သခင်ကြီးရဲ့ အကြောင်းတွေကို ကျွန်တော်က ပိုပြီးတော့ နားလည်နေတာ.."

"နတ်ဆိုးအရှင်သခင်ကြီး စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့စဉ်တုန်းက သူပြောခဲ့တဲ့ စကားတစ်ခုရှိတယ်။ အဲ့ဒီ့စကားက လေလွင့်သိုင်းသမားတွေအကြားမှာ တော်တော်လေးပျံ့နှံ့သွားခဲ့တယ်.."

"အဲ့ဒီ့စကားကြောင့်ပဲ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက နတ်ဆိုးအရှင်သခင်ကြီးရဲ့ အကြောင်းကို လုံးဝပိတ်ပင်ထားပြီး ထုတ်ဖော်ပြောကြားခွင့် မပြုခဲ့ဘူး။ ထုတ်ဖော်ပြောကြားတဲ့ ဘယ်လေလွင့်သိုင်းသမားကိုမဆိုလည်း ချွင်းချက်မရှိဘဲ သတ်ဖြတ်ခဲ့တယ်။ အဲ့ဒီ့အပြင် ကြီးမားတဲ့ ဆုကြေးတွေတောင် ထုတ်ပြန်ခဲ့ကြတယ်.."

"အရင်တုန်းက အဲ့ဒီ့စကားကြောင့် မရေမတွက်နိုင်တဲ့ လေလွင့်သိုင်းသမားတွေ သတ်ဖြတ်ခံခဲ့ရတယ်။ အခုဆိုရင် နတ်ဆိုးအရှင်သခင်ကြီးပြောခဲ့တဲ့ စကားကို ဘယ်လေလွင့်သိုင်းသမားမှ မသိတော့ဘူးထင်တယ်.."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်တို့အုပ်စုသည် ချက်ချင်းပင် သိလိုသွားကြ၏။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို အလွန်ကြောက်ရွံ့ရလောက်အောင် မည်သည့်စကား ဖြစ်သနည်း။

လီရွှမ်မှာလည်း ထူးမခြားနားသည့် အသွင်ဖြင့် ရှိနေပေမယ့် တိတ်တဆိတ် သိလိုနေပါသည်။ နတ်ဆိုးအရှင်သခင်ကြီး၏ စကားသည် လေလွင့်သိုင်းသမားများအား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို ရင်ဆိုင်လိုသည့် သတ္တိတို့ ဖြစ်ပေါ်စေနိုင်သည် ထင်၏။ ထို့ကြောင့်သာ လုံးဝပိတ်ပင်ခဲ့သည်ဟု ခန့်မှန်းရသည်။

"အကိုယွိ... ဘယ်လိုစကားမျိုးမို့လို့ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေကို ဒီလောက်တောင်ကြောက်ရွံ့စေခဲ့တာလဲ.."

ဖန်းဟောင်က သိလိုစွာမေးသည်။

ယွိကောင်း၏ မျက်နှာက လေးနက်သွားပြီး နက်ရှိုင်းသည့်အသံဖြင့် ပြော၏။

"စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့သွေးနဲ့ ငါ့ရဲ့သိုင်းအခြေခံကို တည်ဆောက်မယ်.."

လီရွှမ်မှာ စိတ်ထဲတွင် အသံပြုမိသည်။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ ထိုစကားကို အသဲအသန် ပိတ်ပင်ခဲ့တာ အံ့သြစရာမရှိပေ။ နတ်ဆိုးအရှင်သခင်ကြီးသည် တကယ့်ကို ရဲတင်းလွန်းလှ၏။

"စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့သွေးကို အသုံးပြုပြီး ငါ့ရဲ့သိုင်းအခြေခံကို တည်ဆောက်မယ်... နတ်ဆိုးအရှင်သခင်က တကယ့်ကို ရဲတင်းတဲ့လူတစ်ယောက်ပဲ... သူ့ကိုအားလုံးက ဒီလောက်ကြောက်နေတာ အံ့သြစရာမရှိဘူး.."

ရွှီယန်က အသာပြုံးကာ ပြော၏။ ထိုစကားအတွက် ရွှီယန်နှင့် မုန့်ချုံတို့သည် အများကြီးခံစားရခြင်း မရှိပါ။ သူတို့သည် နတ်ဆိုးအရှင်သခင်ကြီးအား ကြမ်းကြုတ်ကာ တကယ့်ကိုရဲရင့်သည့် ပုဂ္ဂိုလ်တစ်ဦးဟုသာ တွေးမိကြ၏။

သို့ရာတွင် လင်းနယ်မြေတွင် မွေးဖွားပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ဖိနှိပ့်မှုကို နက်ရှိုင်းစွာနားလည်သည့် ဖန်းဟောင်မှာတော့ သွေးများပင်ဆူပွက်လာပြီး နတ်ဆိုးအရှင်သခင်ကြီးကို အလွန် ကြီးစိုးလှသည်ဟု ခံစားရသည်။ သူ၏မျက်လုံးများက တောက်ပလာပြီးပြော၏။

"ကျွန်တော်က ယွီကျိုးရဲ့ မဟာမိတ်အဖွဲ့ခွဲက မဟာမိတ်ခေါင်းဆောင်ဖြစ်ကတည်းက တစ်နေ့မှာ စိတ်ဝိဉာဉ်ဂိုဏ်းတွေကို ယွီကျိုးက စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့အပိုင်ပဲ မဟုတ်ဘူး။ ယွီကျိုးက လူသားအားလုံးနဲ့ သက်ဆိုင်တဲ့အကြောင်းကို ကြေငြာဖော်ထုတ်ပြရမယ်.."

ဒီအချိန်၌ သူသည် ချီမန်သိုင်းပညာ၏ အထွတ်အထိပ်ကို ရှာဖွေမှုအပြင် နောက်ထပ်ရည်ရွယ်ချက်လည်း ရှိလာခဲ့ပြီ ဖြစ်၏။ ယွီကျိုးရှိ မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲကို ဦးဆောင်ကာ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို ရင်ဆိုင်ပြီး လေလွင့်သိုင်းသမားများ အားလုံးအတွက် ကောင်းကင်တစ်ခုကို တိုက်ခိုက်ပေးမည် ဖြစ်သည်။

"ကောင်းပါပြီ... ယွိကောင်းက မဟာမိတ်ခေါင်းဆောင်ကို သေချာပေါက် စိတ်ရောကိုယ်ပါ ကူညီပေးမှာပါ.."

ယွိကောင်းက စိတ်လှုပ်ရှားစွာဖြင့် အားပေးသည်။

"အကိုယွိ... ခင်ဗျားရဲ့ဒဏ်ရာတွေ ပျောက်လုနီးပါးဖြစ်နေပြီ။ ဒီအချိန်က မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို ပြန်ပြီးတော့ တည်ငြိမ်အောင်လုပ်ရမယ့် အချိန်ပဲ။ ညီအစ်ကိုတွေကို အရမ်းကြီး ထိခိုက်စေပြီး စိတ်ပျက်ပြားတာမျိုး မဖြစ်စေနဲ့.."

ဖန်းဟောင်က လေးနက်စွာပြောသည်။

"ဟုတ်ကဲ့ပါ မဟာမိတ်ခေါင်းဆောင်.."

ယွိကောင်းက ခေါင်းငြိမ့်သည်။ ထို့နောက် ချက်ချင်းပင် သူသည် မျက်နှာချိုသွေးသည့် အပြုံးဖြင့် ပြော၏။

"မဟာမိတ်ခေါင်းဆောင်... အဖွဲ့ထဲက ကျွန်တော်တို့ညီအကိုအချို့ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားတာတွေ ရှိလိမ့်မယ်။ အချို့ဒဏ်ရာတွေဆိုရင် အရမ်းကို ပြင်းထန်မှာ။ အဲ့ဒါ..."

ထိုစကားကို ကြားရပြီးနောက် စုလင်းရှုံက မျက်စံလှည့်သည်။ ဒန်ဆေးပုလင်းတစ်ခုကို ပစ်ပေးရင်းက ပြော၏။

"ဒါကိုယူလိုက်..."

"ကျေးဇူးတင်ပါတယ် သခင်မလေးစု.."

ယွိကောင်းမှာ ဝမ်းသာသွားသည်။

"ကျေးဇူးတင်ချင်တယ်ဆိုရင် ဂျူနီယာမောင်လေးကိုပဲ ကျေးဇူးတင်.."

စုလင်းရှုံက လက်ကိုရမ်း၏။

"ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်.."

ယွိကောင်းက ကျေးဇူးတင်စွာ ဦးညွှတ်သည်။

"သွားတော့.."

ဖန်းဟောင်က ယွိကောင်းကို ဆက်သွယ်ရေးအဆောင်တစ်ခုအား ပေးကာပြောသည်။

"ငါမင်းကို အဆောင်ကနေ ဆက်သွယ်လိုက်မယ်... စာကိုစောင့်နေနှင့်.."

"ဟုတ်ကဲ့ပါ.."

ယွိကောင်းက စိတ်လှုပ်ရှားစွာဖြင့် အဆောင်ကို လက်ခံပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားသည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် သူ့ကို စောင့်စားနေဆဲရှိ၏။

"ဂျူနီယာမောင်လေး... မဟာမိတ်ခေါင်းဆောင်အနေနဲ့ နင့်ရဲ့တာဝန်တွေက တကယ့်ကို ကြီးလေးတော့မှာ.."

စုလင်းရှုံက အပြုံးတစ်ခုဖြင့် ပြော၏။

"ကျွန်တော် သင်ယူထားတာတွေကလည်း အသုံးပြုဖို့အတွက် နေရာတစ်ခုလိုအပ်နေတာလေ... ဘာလို့အဲ့ဒါနဲ့ စမ်းမကြည့်မှာလဲ.."

ဖန်းဟောင်၏ အနည်းငယ်ဝတုတ်သည့် မျက်နှာက လေးနက်သွားသည်။

"စီနီယာအစ်မ နင့်ကို အားပေးနေမယ်.."

စုလင်းရှုံက ဝမ်းသာစွာပြော၏။

"ဂျူနီယာညီလေး... မင်းရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ကို ရှာတွေ့တာက ကိစ္စကောင်းတစ်ခုပဲ... လိုအပ်တာရှိရင် တုံ့ဆိုင်းမနေနဲ့။ ငါတို့ကို အချိန်မရွေးခေါ်လိုက်.."

ရွှီယန်က ဖန်းဟောင်၏ ပုခုံးကိုပုတ်ကာ အားပေးသည်။

"ငါရောပဲ..."

မုန့်ချုံလည်း ခေါင်းငြိမ့်၏။

သူတို့သည် သူတို့၏ ဂျူနီယာညီကို အားပေးထောက်ပံ့ပေးသင့်ပေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုအမတို့.."

ဖန်းဟောင်က စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်၏။

လီရွှမ်က သက်ပြင်းချသည်။ တပည့်လေးယောက်တို့အကြားတွင် ရွှီယန်နှင့် မုန့်ချုံတို့သည် လွတ်လပ်သည့်ဘဝကို နှစ်သက်ပြီး အင်အားစုတစ်ခုကို တည်ထောင်ရန် မည်သည့်စိတ်ကူးမှ မရှိကြပေ။ သူတို့၏ ရည်ရွယ်ချက်မှာ သိုင်းပညာ၏ အထွတ်အထိပ်ကို ရှာဖွေရန်သာဖြစ်၏။

စုလင်းရှုံမှာတော့ သူမသည် ချန်ချင်းစံအိမ်ကို တည်ထောင်ခဲ့လေသည်။ သို့ပေမယ့် အရာအားလုံးကို လက်လွှဲထားပြီး စီမံမှုနှင့် ယှဉ်ပြိုင်မှု ကိစ္စများကို နှစ်သက်ခြင်း မရှိပေ။ သူမသည် ဒန်ဆေးသိုင်းပညာအပေါ်တွင်သာ ပိုမိုစိတ်ဝင်စား၏။

ထို့ကြောင့် သူမ၏ရည်ရွယ်ချက်မှာ ဒန်ဆေးသိုင်းပညာ၏ အထွတ်အထိပ်ကို ရှာဖွေရန်ဟု ပိုမိုဆိုနိုင်ပါသည်။

စတုတ္ထမြောက်တပည့် ဖန်းဟောင်မှာ ယှဉ်ပြိုင်အုပ်စိုးလိုသည့် ရည်ရွယ်ချက်ရှိ၏။ သူသည် ကြီးမားသည့် ကိစ္စများကို လုပ်ဆောင်လိုပြီး စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းလောကတစ်ခုလုံးကို ပြောင်းလဲရန် ရည်ရွယ်ချက်ရှိသည်။

ရည်ရွယ်ချက်ရှိခြင်းမှာ ကြိုးစားရန်အတွက် တွန်းအားတစ်ခု ဖြစ်၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို ဝင်ရောက်ပြီးနောက် သူသည် မဟာမိတ်အဖွဲ့အတွင်းရှိ ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရန် လိုအပ်သည်။

ထို့အပြင် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများလည်းရှိရာ အခြေအနေမှာ ပိုမို အန္တရာယ်များမှာ ဖြစ်၏။ သို့ပေမယ့် ဤသည်က သူ၏စွမ်းရည်များကို ပိုမိုလျှင်မြန်စွာ မြင့်တက်စေမည့် အခွင့်အရေးလည်း ရှိသည်။ သူ၏အရှိန်အဟုန်မှာ ပိုမိုကြီးမားလာမှာ ဖြစ်၏။

All Chapters