ဖုန်းယွဲ့ ဘိုးဘေး
Vol. 6 Ch. 56
အစပိုင်းတွင် အဘိုးကြီးနျန် ကြောင်နေသည်။
တစ်ချက်တည်းလား?
ဘယ်လို တစ်ချက်တည်းလဲ?
ဒါပေမယ့် ဂျိချန်းဖန်ရဲ့ နောက်ဆက်တွဲ စကားတွေကို ကြားလိုက်ရတဲ့အခါ သူ့ရဲ့ အမူအရာက ချက်ချင်းမဲ့ရွဲ့သွားသည်။
“မာနကြီးလိုက်တာ!”
အဘိုးကြီးနျန် ၏ မျက်နှာက အတော်လေး ညိုမှိုင်းနေကာတွေးလိုက်၏။
ဒီ ရိုင်းစိုင်းတဲ့ လူငယ်လေးက ဘယ်ကလာတာလဲ?
ကျင်းယွမ်ဂိုဏ်း က တပည့်တွေ အားလုံး အခု ဒီလောက် မာနကြီးနေကြတာလား?
သူ အဘိုးကြီးနျန်ရဲ့အကြောင်းကို မကြားဖူးဘူးလား?!
နတ်ဆိုးဂိုဏ်း သခင်တစ်ဦးအနေနဲ့ အဘိုးကြီး နျန်၏ အကြောင်းက နတ်ဆိုးဂိုဏ်း နယ်ပယ်တစ်ခုလုံးမှာ ထင်ရှားသည်။ သူ နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့တဲ့ ရှန်ကျင်းနယ်ပယ် ကျွမ်းကျင်သူတွေနဲ့ မယှဉ်နိုင်ပေမယ့်၊ သူကို
ယူကျင်း နယ်ပယ်မှာ ရှိတဲ့ ပုရွက်ဆိတ်တစ်ကောင်က သူ့ကို လုံးဝ စော်ကားလို့ မရနိုင်ပါချေ။
မသေမျိုး တာအို ရဲ့ နယ်ပယ် သုံးခု မှာ သူ့ရှေ့က ဂျိချန်းဖန်ဟာ ယူကျင်း နယ်ပယ် ဖြစ်တာ သေချာသည်။ သူလို ရှန်ကျင်းနယ်ပယ်ကျင့်ကြံသူ ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်က ဘယ်လိုလုပ်ပြီး ဒီလောက် ထင်ရာစိုင်းနိုင်တာလဲ?!
“လူငယ်လေး! မင်းရဲ့ မာနအတွက် တန်ဖိုးပေးဆပ်ရလိမ့်မယ်!” ရက်စက်သော အပြုံးတစ်ခု အဘိုးကြီးနျန် ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။
“ဟူး—“
သူက သူ၏ လက်ဖြင့် ရှုပ်ထွေးသော မန္တန်များကို ဖန်တီးလိုက်သည်။
ထို့နောက် သူ ကိုယ့်ဘာသာ တီးတိုးရွတ်ဆိုပြီး မှော်ပစ္စည်း တစ်ခုကို ခေါ်လိုက်သည်။
ဒါက နတ်ဆိုးချီများပြည့်နေသော ဧရာမ မျက်လုံးတစ်လုံး ဖြစ်သည်။
“သွေးနီ နတ်ဆိုး မျက်လုံး”
ဒါက အဘိုးကြီး နျန် နှစ်ပေါင်း သုံးရာ အချိန်ယူပြီး သန့်စင်ခဲ့တဲ့ မှော်ပစ္စည်း ဖြစ်သည်။ ၎င်းက မှော်ပစ္စည်း များအပေါ်တွင် ချုပ် နှောင်ခြင်းစွမ်း ရှိပြီး မကောင်းဆိုးရွားချီ များ ပြည့်နေသည့် သွေးနီရောင် အလင်းကို ထုတ်လွှတ်နိုင်သည်။
သွေးနီရောင် အလင်းနဲ့ ထိမိ သောမည်သည့် မှော်ပစ္စည်းမဆို ၎င်းက မကောင်းဆိုးရွားချီကြောင့် ပျက်စီးသွားပြီး ၎င်းရဲ့ ဝိညာဉ်အလင်း ပျောက်ကွယ်ကာ စွမ်းအား လျော့နည်းသွားမည်ဖြစ်သည်။
“သွား”
အဘိုးကြီး နျန် အော်လိုက်သည်။
ချက်ချင်းဆိုသလို သူ့ရှေ့က သွေးနီ ရောင်နတ်ဆိုး မျက်လုံးက မကောင်းဆိုးရွားချီများ ပြည့် နေသောသွေးနီရောင် အလင်းကို တိုက်ရိုက် ပစ်လွှတ်လိုက်သည်။ ထိုအရာက ဂျိချန်းဖန်ဆီသို့ တည့်တည့် ဦးတည်သွား၏။
“သေလိုက်တော့!” အရိုင်းဆန်သော အပြုံးတစ်ခု အဘိုးကြီး နျန်၏ မျက်နှာပေါ်တွင် ပေါ်လာချေသည်။
ဒါကို မြင်လိုက်ရတော့ ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်ရုံသာရှိ၏။
သွေးနီ နတ်ဆိုး မျက်လုံးက မှော်ပစ္စည်းများစွာကို ချုပ် နှောင်နိုင်သည်လား?
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး!
ချုပ် နှောင်ခံရခြင်းရဲ့ အကြောင်းရင်းကမီးစွမ်းအား မလုံလောက်၍ဖြစ်သည်။
ဓားဆန္ဒ က ပြင်းအားအဆင့်တစ်ခုကို ရောက်တဲ့အခါ အခက်အခဲအားလုံးဟာ အလွယ်လေးသာဖြစ်လာမည်။
“မာနကြီးတာလား”
မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ထိုအရာက အချက်အလက်ကို ပြောနေတာပါ။”
“ဂျိချန်းဖန်က လူသတ်ဖို့အတွက် ဒုတိယဓားချက်ကို ဘယ်တော့မှ မလိုအပ်ပါဘူး!”
ဂျိချန်းဖန်၏ ခန္ဓာကိုယ်အနေအထားက ဖြောင့်တန်းကာ သူ၏ အရှိန်အဝါက ဓားတစ်စင်းကဲ့သို့ ဖြစ် နေသည်။ ရောက်လာနေသော သွေးနီရောင် အလင်းကို ရင်ဆိုင်ရင်း သူ သူ၏ အမှောင် ဆီးနှင်း ဓား(မင်နှင်းဓား ၊ မိုရှုး ဓား) ကို ညင်သာစွာသာ ဆွဲထုတ်လိုက်၏။...
“ဟူး—“
ချက်ချင်းဆိုသလို အလွန်အမင်း မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားအလင်းရောင်က ဂူတစ်ခုလုံးကို လွှမ်းခြုံသွားကာ
တစ်ချိန်တည်းမှာပင် အစွမ်းထက်သော ဓားဆန္ဒ ကပေါက်ကွဲထွက်လာ၏။
ထိုအရာက လူတိုင်းကို ချက်ချင်း လန့်သွားစေသည်။
“ဒုန်း—“
လခြမ်းကွေးကဲ့သို့ ဓားချီ တစ်ခု က အရာအားလုံးကို ဖျက်ဆီးနိုင်သော အစွမ်းကို သယ်ဆောင်လာပြီး မတုံ့ဆိုင်းဘဲ အဘိုးကြီး နျန်ဆီသို့ ရိုက်ခတ်သွားသည်။
“ဒုန်း!”
သွေးနီ နတ်ဆိုး မျက်လုံးကနေ ပစ်ထွက်လာတဲ့ သွေးနီရောင် အလင်းက ဓားချီကြောင့် ဖျက်ဆီးခံလိုက်ရကာ
ကျန်ရှိနေတဲ့ ဓားချီက ရပ်တန့်ဖို့ အရိပ်အယောင် မပြဘဲ အဘိုးကြီး နျန်ဆီသို့ တည့်တည့် ဦးတည်သွားသည်။
“မကောင်းတော့ဘူး!” အဘိုးကြီး နျန် ချက်ချင်း ထိတ်လန့်သွားကာ
သူ၏ မှော်ပစ္စည်းဖြစ်သော သွေးနီ နတ်ဆိုး မျက်လုံးကို အသုံးပြုပြီး ထို တိုက်ခိုက်မှုကို ပိတ်ဆို့ဖို့ အလျင်စလို ကြိုးစားချေ၏။
သို့သော်...
ထို ဓားချီက အလွန်မြန်ကာ သူ မန္တန်ကို ဖန်တီးပြီးကာစ ရှိသေးသည် ဓားချီက သူ့ရှေ့ကို ရောက်နှင့်နေပြီဖြစ်၏။
“ဟစ်—“
ဓားချီက အဘိုးကြီး နျန်၏ လည်ပင်းကို ထိမှန်ကာ
နောက်တစ်ခဏ၌ သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်သည်ခွဲထွက်သွားကာ အဘိုးကြီး နျန် သေဆုံးသွားချေ၏။
ထိုတိုက်ပွဲက အစမှ အဆုံးအထိ စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။
ပတ်ဝန်းကျင်က ကျန်ရှိနေသေးတဲ့ သွေးသန့်စင်ခြင်း ခန်းမ အကြွင်းအကျန်တွေ ချက်ချင်း အကြီးအကျယ် လန့်သွားကြကာအော်လိုက်ကြသည်.
“အဘိုးကြီး နျန် သေသွားပြီလား? မြန်မြန်! ပြေး!”
“အသက်ရှင်ဖို့ ပြေးကြ!!!”
သွေးသန့်စင်ခြင်း ခန်းမ အကြွင်းအကျန်များ အရပ်လေးမျက်နှာကို ပြန့်ကျဲကာထွက် ပြေးသွားကြသည်။
“ဟူး—“
သို့သော် ထိုအချိန်တွင် အပြာနုရောင် ဓားတစ်ချောင်း ဘယ်ကမှန်းမသိ ပေါ်လာသည်။
“ဝတ်ရုံအောက်မှမြွေစိမ်း”ဓားကွက်ဖြင့် ထျန်းယာဓားသည် ထွက်ပြေးသူများကိုခုတ်ပိုင်းလိုက်၏။
လုရွှယ်ချီ ထိုအလောင်းများကို အေးစက်သော အမူအရာဖြင့် ကြည့်နေသည်။ထို့နောက် ဓားကို ကိုင်ထားရင်း သူမ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ လှပသော အမျိုးသမီးတစ်ဦးကို တားဆီးလိုက်၏။
ရှီဟောင်နှင့် ကျန်းရှောင်ဖန်လည်း လျင်မြန်စွာ သတိပြန်ဝင်လာကြကာ
သူတို့ရဲ့ တိုက်ခိုက်မှုများကိုပြုလုပ်လိုက်ကြသည်။ထို့နောက်
ကျန်ရှိနေသေးတဲ့ နတ်ဆိုးဂိုဏ်း အကြွင်းအကျန် အနည်းငယ်ကို အသီးသီး တားဆီးလိုက်ကြသည်။ထိုအခါ ကျန်ရှိနေသေးတဲ့ နတ်ဆိုးဂိုဏ်း အကြွင်းအကျန် အနည်းငယ် က အကြီးအကျယ် လန့်သွားကြသည်။
သူတို့ရဲ့ အကြည့်များက အဝေးဆီသို့ အဆက်မပြတ် ရောက်နေ၏။ ထို့ပြင် ဂျိချန်းဖန်က တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပုံရတာကို မြင်တော့ သူတို့ နောက်ဆုံးမှာ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်...
“လင်ဖုန်း အမြန် ပြေးပေါက် ရှာ!”
လှပသော အမျိုးသမီးက သူမဘေးက လူငယ်ဆီသို့ အော်ပြောလိုက်သည်။ထို့ နောက်တွေးနေလိုက်သည် လူငယ်က လွတ်လပ်သော ကျင့်ကြံသူ ဖုန်းယွဲ့ ၏ တူဖြစ်ပြီး သူ့လက်ထဲမှာ ဖုန်းယွဲ့ ဘိုးဘေးအိုက ပေးထားတဲ့ အသက်ကယ် ဝှက်ဖဲတစ်ခု ရှိသင့်သည်ဟူ၍ဖြစ်၏။
“ဟူး—“
ရှီဟောင်၊ နှင်းအင်မော်တယ်ဓား ကို ကိုင်ထားရင်း သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ချွန်ထက်သော ရေခဲချွန်များကို ဖန်တီးပြီး လင်ဖုန်းဆီသို့ တိုက်ရိုက် ပစ်လိုက်၏။
“ဘန်း!”
လင်ဖုန်း က ရူးသွပ်စွာ ရှီဟောင်ရဲ့ တိုက်ခိုက်မှုတွေကို တားဆီးလိုက်သည်။ ခဏတာ တုံ့ဆိုင်းပြီးနောက် သူ အသက်ကယ် မှော်ပစ္စည်းတစ်ခုကို ပြတ်ပြတ်သားသား ထုတ်ကာ ပြောလိုက်၏—
“တောင်နှင့်မြစ် ယပ်တောင်” အသက်ဝင်စမ်း။
“မင်းတို့ အားလုံး သေလိုက်!” အောင်ပွဲခံသော အသွင်အပြင်တစ်ခု လင် ဖုန်း၏ ဖြူဖျော့သော မျက်နှာပေါ်တွင် ပေါ်လာသည်။
သူ တောင်နှင့် မြစ်များ ယပ်တောင်ကို အသုံးပြုပြီး ရှီဟောင်ကို သတ်ဖို့ ကြိုးစားနေချိန်မှာ...
“ဟူး!”
ဓားအလင်းရောင် ဖျပ်ခနဲ ဖြစ်သွားကာ
ဓားချီတစ်ခု က သူ၏ ညာဘက်လက်မောင်းကို ချက်ချင်း ဖြတ်တောက်လိုက်သည်။
“အား အား အား!!” လင်ဖုန်းက ဆက်တိုက် နာကျင်စွာ အော်ဟစ်လိုက်သည်။
တောင်နှင့် မြစ်များ ယပ်တောင်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဂျိချန်းဖန် ဖြည်းဖြည်းချင်း လျှောက်လာသည်။ မြေပြင်ပေါ်က တောင်နှင့် မြစ်များ ယပ်တောင် ကောက်ယူလိုက်ပြီး ပြောလိုက်သည် “တောင်နှင့် မြစ်များ ယပ်တောင်က ကျဲရှီး တောင်က ဖုန်းယွဲ့ ဘိုးဘေးရဲ့ မှော်ပစ္စည်း ဖြစ်တယ်။ မင်းနဲ့ သူနဲ့ ဘာပတ်သက်မှု ရှိလဲ?”
ဒါကို ကြားလိုက်ရတဲ့အခါ လင်ဖုန်း အစပိုင်းမှာ သူ သေဆုံးပြီလို့ ထင်ခဲ့သည်။
ဒါပေမယ့် ဂျိချန်းဖန် ပြောတာကို ကြားပြီးနောက် သူ ချက်ချင်း ပျော်ရွှင်စွာဖြင့် ပြောလိုက်သည် “ကျွန်တော်က ဖုန်းယွဲ့ ဘိုးဘေးရဲ့ တူပါ။ “
“အိုး? တူလား?”
ဂျိချန်းဖန် သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည် “ဒါဆို ဖုန်းယွဲ့ ဘိုးဘေးလည်း နတ်ဆိုးဂိုဏ်းကို ဝင်သွားပြီလား?”
ဖုန်းယွဲ့ ဘိုးဘေးက ရှန်ကျင်း နယ်ပယ် လွတ်လပ်သော ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။
သူက နတ်ဆိုးဂိုဏ်းနဲ့ရော အထက်လမ်း သိုင်း လောက နှင့်ပါ မနီးစပ်ဘဲ ကြားနေသူအဖြစ် သတ်မှတ်ခံရသူပင်။
ဒါပေမယ့် အခု ကြည့်ရတာ...
သူ နတ်ဆိုးဂိုဏ်းကို ဝင်သွားပုံရတယ်?!
ဒါကို ကြားလိုက်ရတော့ လင်ဖုန်း၏ အမူအရာ တင်းမာသွားသည်။ သူ ဂျိချန်းဖန်ရဲ့ မေးခွန်းကို မဖြေဘဲ စာကြောင်းတစ်ကြောင်းကိုသာ ဆက်တိုက် ရေရွတ်နေသည်-
“ကျွန်တော်က ဖုန်းယွဲ့ ဘိုးဘေးရဲ့ တူပါ။ ခင်ဗျား ကျွန်တော့်ကို သတ်လို့မရဘူး”
ဒါကို မြင်လိုက်ရတော့ ဂျိချန်းဖန် ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
သူ မတုံ့ဆိုင်းဘဲ လက်ညှိုးထိုးလိုက်သည်။
“စွပ်—“
ပြင်းထန်သော ဓားဆန္ဒ ပျံ့နှံ့သွားကာ လင်ဖုန်း၏ နဖူးကို ချက်ချင်း ထိုးဖောက်လိုက်သည်။
“ဖုန်းယွဲ့ ဘိုးဘေးလား? ဒီလူက သေမင်းနဲ့ မကြာခင်တွေ့ရတော့မယ့်သူပါ!” ဂျိချန်းဖန် ခပ်မိုက်မိုက် ပြောလိုက်သည်။
ဒါကို မြင်လိုက်ရတဲ့အခါ လုရွှယ်ချီနဲ့ တိုက်ခိုက်နေတဲ့ လှပသော အမျိုးသမီး စိတ်နှလုံး အေးခဲသွားသည်။
လင်ဖုန်းလည်း သေဆုံးသွားပြီ။
သူမ ကရှင်သန်နိုင်အုံးမှာလား ?
လှပသော အမျိုးသမီး သူမ၏ နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်သည်။ ဂျိချန်းဖန်က ဒီလူလေးယောက်တွင် အစွမ်းအထက်ဆုံးဖြစ်ကြောင်း သူမ မြင်ရသည်။ သူ သူမကို မသတ်သရွေ့...
သူမ မသေနိုင်ပါဘူး!
ဒါကြောင့် လှပသော အမျိုးသမီးက လုရွှယ်ချီကို တစ်ချက်တည်းနဲ့ တွန်းထုတ်လိုက်သည်။ ထို့နောက် ဂျိချန်းဖန်ဆီသို့ တိုက်ရိုက် အလျင်စလို ပြေးသွားသည်။
“ဒုတ်—“
လှပသော အမျိုးသမီး မြေပြင်ပေါ်သို့ နာကျင်စွာ လဲကျသွားသည်။ထို့နောက် သူမ၏ အဝတ်အစားများသည် တစ်ဝက်ခန့်လျှောကျသွားကာ သူမ၏ ပခုံးများ နှင့် လုံးဝန်းဖြူဖွေးသော အသားစိုင် တစ်စိတ်တစ်ပိုင်း ကပေါ် သွား၏ ထို့နောက် သူမ ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်-
“သူရဲကောင်းလေး၊ ဒီ ကျွန်မကို သူတို့က နတ်ဆိုးဂိုဏ်းကို ဝင်ဖို့ အတင်းအကျပ် ခိုင်းတာပါ။ တကယ်တော့ ဒီ ကျွန်မက ဖြောင့်မတ်စွာ အမြဲတမ်း နေထိုင်ချင်ခဲ့တာပါ။ အထူးသဖြင့် သူရဲကောင်းလေးလို သူရဲကောင်းမျိုးကိုပါ...”
နောက်ဆုံး စကားလုံး ‘မျိုး’ မဆုံးသေးခင်မှာပင်
“ဟူး—“
အပြာနုရောင် ဓားတစ်ချောင်းက သူမ၏ နှလုံးကို ထိုးဖောက်သွားခဲ့ပြီ။
လုရွှယ်ချီ၊ အေးစက်သော အမူအရာဖြင့် ဓားကို ဆွဲထုတ်လိုက်သည်။ သူမ၏ အကြည့်က အသက် ယဲ့ယဲ့သာ ကျန်တော့သော အမျိုးသမီးကို အေးစက်စွာ စိုက်ကြည့်နေပြီး စိတ်ထဲမှပြောလိုက်သ၏။
မင်း ဘယ်သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတယ်ဆိုတာ သိရဲ့လား?