← Chapters

ငါ မင်းကို ငါ့ရှေ့မှာ မျက်နှာဖုံး မဝတ်နဲ့လို့ မပြောခဲ့ဘူးလား

Vol. 6 Ch. 57

ငါ မင်းကို ငါ့ရှေ့မှာ မျက်နှာဖုံး မဝတ်နဲ့လို့ မပြောခဲ့ဘူးလား

Vol. 6 Ch. 57

“ငါ—“

လှပသော အမျိုးသမီး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

သူမ၏ မျက်နှာက ထိုခဏမှာ ချက်ချင်း ဖြူဖျော့သွားကာ သူမ ငုံ့ကြည့်လိုက်သည်။ တောက်ပသော အပြာရောင် ဓားတစ်ချောင်းက သူမ၏ ရင်ဘတ်ကို ထိုးဖောက်ထားသည်ကိုသာ မြင်လိုက်ရ၏။

“ဖူးး—“

လှပသော အမျိုးသမီး လတ်ဆတ်သော သွေးတစ်ပွက်ကို အန်ထုတ်လိုက်၏။ထို့နောက်

သူမ၏ လှပသော မျက်နှာက ဖြူဖျော့ကာသူမ၏ ဆံပင်များ ရှုပ်ပွနေပြီး အဝတ်အစားများ ကမောက်ကမ ဖြစ်နေသည်။ သူမ၏ လက်ကို ဂျိချန်းဖန်ဆီသို့ ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ကာ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက် တစ်စွန်းတစ်စ ပေါ်လာ၏။.ထိုအရာက လမ်းမှားရောက်သွားတဲ့ အမျိုးသမီးတစ်ဦးက ဘဝသစ် စတင်ဖို့ လိုချင်နေသလိုမျိုးပါပဲ။

“သူရဲကောင်းလေး၊ ကယ်ပါဦး...”

လှပသော အမျိုးသမီးက နူးညံ့စွာဖြင့် ဂျိချန်းဖန်ကို ကြည့်လိုက်သည်။

“ရှစ်—“

လုရွှယ်ချီ အေးစက်သော အမူအရာဖြင့် တျန်းယာဓား ဆွဲထုတ်လိုက်သည်။ သူမ၏ အကြည့်က မြေပြင်ပေါ် လဲကျနေသော လှပသော အမျိုးသမီးကို အေးစက်စွာ စွဲမြဲနေသည်။ သူမ ဓားကို ကိုင်လျက် ခြေတစ်လှမ်းချင်း လှမ်းလာ၏...

ဒါကို မြင်လိုက်ရတဲ့အခါ ရှီဟောင်နှင့် ကျန်းရှောင်ဖန် အချင်းချင်း ကြည့်လိုက်ကြချေသည်။

ဘာလို့ ဒီလို ခံစားရတာလဲ...

လု ညီမငယ်/အစ်မကြီး၊ စိတ်ဆိုးနေပုံရတယ် မဟုတ်လား?

ဂျိချန်းဖန် အနည်းငယ် ခေါင်းယမ်းလိုက်သည်။

လှပသော အမျိုးသမီး၏ မျှော်လင့်ချက်များ ပြည့်နေသော အကြည့်အောက်မှာ သူ ရှေ့သို့ တိုးလိုက်ကာဓားဆန္ဒ တစ်ခုက သူမ၏ ဦးခေါင်းကို တိုက်ရိုက် ထိုးဖောက်လိုက်သည်။

“အဟွတ် အဟွတ်...”

“ရွှယ်ချီ၊ သူမကို လျစ်လျူရှုလိုက်ပါ။”

ဂျိချန်းဖန် ညင်သာစွာ ချောင်းဆိုးလိုက်သည်။ လုရွှယ်ချီ၏ လက်ထဲက တည်ငြိမ်သော ဓားကို ဓားအိမ်ထဲသို့ ပြန်ဖိလိုက်သည်။ ထို့နောက် ရှီဟောင်နှင့် တခြားသူကို ကြည့်ပြီး ပြောလိုက်သည်-

“အစ်ကိုကြီးရှီဟောင်၊ ရှောင်ဖန်၊ ဒီ နတ်ဆိုး ကိုးကွယ်တဲ့ လူယုတ်မာတွေ က အဓိပ္ပာယ်မရှိတာတွေပဲ ပြောနေတာ၊ စကားတစ်ခွန်းကိုတောင် မယုံရဘူး။”

ဒါကို ကြားလိုက်ရတဲ့အခါ ရှီဟောင်နှင့် တခြားသူ များအချင်းချင်း ကြည့်လိုက်ကြသည်။

သူတို့ အမြန် ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် လုရွှယ်ချီကို သတိထားစွာ ကြည့်လိုက်ကြသည်။ သူမ စိတ်မချမ်းမသာ ဖြစ်ရင် သူတို့ကို ဓားနဲ့ တိုက်ရိုက် ထိုးမှာကို ကြောက်နေကြ၏။

“ဟွန့်။” လုရွှယ်ချီ ညင်သာစွာ နှာမှုတ်လိုက်သည်။

သူမ မြေပြင်ပေါ်က အလောင်းကို တစ်ချက် ကြည့်လိုက်ကာ သူမရှေ့က ဂျိချန်းဖန်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ။

ဒီအချိန်တွင်

ဂူက အလောင်းတွေနဲ့ ပြည့်နေသည်။

သွေးသန့်စင်ခြင်း ခန်းမ ရဲ့ အကြွင်းအကျန်များ အားလုံး အသတ်ခံရပြီး ဖြစ်သည်။

တောခွေး တာအိုဝါဒီ (Wild Dog Daoist eng ကအာ့လိုပါတာပါ) နဲ့ လျူဟောင် နှင့် အဲဒီ သွေးသန့်စင်ခြင်း ခန်းမက လူငယ်လေးနှစ်ယောက်လည်း ရှီဟောင်နဲ့ ကျန်းရှောင်ဖန်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မကြာခင်မှာပဲ အသတ်ခံလိုက်ရသည်။

ထို့ကြောင့် သွေးသန့်စင်ခြင်း ခန်းမကို လုံးဝ ဖျက်ဆီးပြီးပြီလို့ သတ်မှတ်နိုင်ပေသည်။

ကျန်ရှိနေသေးတဲ့ အကြွင်းအကျန်တချို့ ကျန်နေသေးနိုင်တယ်။

ဒါပေမယ့် အဲဒါတွေ ဘာမှ အရေးမကြီးတော့ချေ။

သူတို့က သာမန် လူငယ်လေးတွေပါပဲ၊ ကြီးမားတဲ့ လှိုင်းလုံးတွေ ဖန်တီးနိုင်မှာ မဟုတ်ပါချေ။

“ဂျိ ညီငယ်၊ နောက် ဘာလုပ်သင့်လဲ?” ရှီဟောင် မေးလိုက်၏။

ဂျိချန်းဖန်၏ ပြတ်သားသော သတ်ဖြတ်မှု၊ ဓားတစ်ချက်တည်းနဲ့ နတ်ဆိုး ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်တာကို မြင်ပြီးနောက် ဂိုဏ်းဝင်တာ ငါးနှစ်ပဲ ရှိသေးတဲ့ ဒီ ညီငယ်အပေါ် သူ့ရဲ့ လေးစားမှု ပိုနက်ရှိုင်းလာသည်။

ဒီလို ပါရမီရှင် မျိုးကအနာဂတ်မှာ ကျင်းယွမ်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်လာမှာ သေချာသည်။

သူ၏ နိမ့်ကျမှုကို ရှက်ရွံ့မိ၏

တစ်ချိန်တည်းမှာပင် ရှီဟောင်၏ ပါးနပ်သော စိတ်ဖြင့် အနာဂတ်မှာ အဓိက ပြဿနာက ရှောင်ယီချိုင်နဲ့ ဂျိချန်းဖန်ကြား ပဋိပက္ခတချို့ ရှိလာနိုင်တယ်လို့ သူ မှန်းဆမိသည်...

ဘာပဲဖြစ်ဖြစ် တောင်တစ်ခုမှာ ကျားနှစ်ကောင် ရှိလို့ မရပေ။

ဂျိချန်းဖန်က တကျူး တောင်ထိပ် ရဲ့ တပည့် ဖြစ်နေရင်တောင် ဘာဖြစ်လဲ?

ဒီ ဂျိ ညီငယ်ရဲ့ အနိုင်ယူလိုတဲ့ သဘာဝအရ ရှောင်ယီချိုင် ဂိုဏ်းခေါင်းဆောင် ရာထူးကို ရယူချင်ရင်... ကြားထဲမှာ အခက်အခဲတွေ အများကြီး ရှိနိုင်မှာပင်။

ဂျိချန်းဖန် ဘေးက ချောက်ကမ်းပါး မျက်နှာကို လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် ကျောက်တုံးကြီးတစ်လုံး ရှိနေပြီး စာလုံးကြီး သုံးလုံး ထွင်းထုထားသည်—

“ဝိဉာဏ်တို့၏ ငရဲ”

သူ ခဏ စဉ်းစားပြီး ပြောလိုက်သည် “ဒဏ္ဍာရီအရ “ဝိဉာဏ်တို့၏ ငရဲ”

က သွေးသန့်စင်ခြင်း ခန်းမရဲ့ တားမြစ်နယ်မြေ ဖြစ်ပြီး အဲဒီထဲမှာ သွေးစက် ဂူလို့‌ ဟူ၍ခေါ်၏။။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ရှစ်ရာက နှလုံးနက် အဘိုးအို လျှို့ဝှက် ကျင့်ကြံခဲ့တဲ့ နေရာ ဖြစ်တယ်။”

“အဲဒီမှာ နတ်ဆိုး ဂိုဏ်းသား အကြွင်းအကျန်တွေ ရှိနေနိုင်တယ်။”

“အခု ငါတို့ ဒီ လင်းနို့ သောင်းချီ ရှေးဟောင်း ဂူကို ရောက်လာပြီဆိုတော့ သူတို့အားလုံးကိုပါ ရှင်းပစ်သင့်တယ်။”

ဒါကို ကြားလိုက်ရတဲ့အခါ ရှီဟောင် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည် “ဒါဆို ကျွန်တော်တို့ ထျန်းယင် ဘုန်းကြီးကျောင်းနဲ့ ဖန်းရှန်း ချိုင့်ဝှမ်းက တခြားသူတွေနဲ့ မတွေ့တော့ဘူးလား?”

ဂျိချန်းဖန် စဉ်းစားလိုက်သည် “ဒီမှာ အမှတ်အသားတချို့ ထားခဲ့ကြရအောင်။ သူတို့ မြင်ရင် အားလုံးကို နားလည်သွားလိမ့်မယ်...”

ရှီဟောင် ခေါင်းညိတ်ပြီး ဘာမှ ထပ်မပြောတော့ပေ။

ဘာပဲဖြစ်ဖြစ် ဂျိချန်းဖန် ရှိနေသရွေ့ သူတို့ ဘယ်လို အန္တရာယ်မှ မကြုံတွေ့နိုင်ပေ။

ဒါကြောင့် ဂူထဲမှာ အမှတ်အသားတချို့ ချန်ထားခဲ့ပြီးနောက် သူတို့ အနည်းငယ် ချောက်ကမ်းပါး မျက်နှာကနေ ဓားစီးပြီး သေဆုံးသူ ဝိညာဉ် နက်နဲရာထဲကို တိုက်ရိုက် ဝင်ရောက်သွားကြသည်။

သွေးစက် ဂူထဲက ကောင်းကင် ကျမ်းစာ အတွဲ တစ် ဂျိချန်းဖန် ဒါကို ရဖို့ ဆုံးဖြတ်ထားသည်။

ဘာပဲဖြစ်ဖြစ် အဲဒီအရာက ကျူးရှန်း ကမ္ဘာ တစ်ခုလုံးမှာ အကြီးမားဆုံးသော အခွင့်အရေး ဖြစ်သည်။ ဗုဒ္ဓဘာသာ၊ တာအိုဝါဒ၊ နတ်ဆိုး ကိုးကွယ်မှုတို့ရဲ့ ကျင့်ကြံမှု နည်းပညာများ အားလုံးက ကောင်းကင် ကျမ်းစာကနေ ဆင်းသက်လာခြင်းပင်...

သူ ကောင်းကင် ကျမ်းစာ အတွဲ ငါးခုလုံးကို စုဆောင်းနိုင်လျှင်

ဂျိချန်းဖန် ထာဝရ အသက်ရှင်ခြင်း နည်းလမ်းကို ရှာဖွေနိုင်မယ်လို့ အလွန် ယုံကြည်နေသည်။

…

…

“ဝိဉာဏ်တို့၏ ငရဲ” အောက်ဘက် ခံစားချက်ကင်းမဲ့သော ပင်လယ် ဘေးတွင်

လေပြေလေညင်းကညင်သာစွာ တိုက်ခတ်နေပြီး ခံစားချက်ကင်းမဲ့သော ပင်လယ်ပေါ်မှာ လှိုင်းများ ဖြစ်ပေါ်စေသည်။

ခံစားချက်ကင်းမဲ့သော ပင်လယ်လို့ ခေါ်ပေမယ့် တကယ်တော့ မနက်ရှိုင်းပါချေ။

ဒါဟာ အနားမရှိဘူးလို့ ထင်ရရုံပါပဲ၊ ဒါကြောင့် ‘ပင်လယ်’ လို့ ခေါ်ရခြင်း ဖြစ်သည်။

“ရှစ်—“

ပုံရိပ် လေးခု ခံစားချက်ကင်းမဲ့သော ပင်လယ်ဘေးမှာ ပေါ်လာသည်။

သူတို့ကို ဦးဆောင်သူ လူငယ်လေးဟာ အဖြူရောင် ဝတ်စုံ ဝတ်ထားသည်။ သူ၏ ခါးမှာ မြင့်မြတ်သော ဓားနှစ်လက် ရှိကာ သူ၏ အကြည့်က တည်ငြိမ်၊ ယုံကြည်မှုရှိပြီး ခပ်မိုက်မိုက် ဖြစ်သည်။ သူ၏ မျက်လုံးများတွင် စူးရှသော ဓားဆန္ဒ အရိပ်အယောင်တစ်ခု ထွက်ပေါ်နေ၏။

သူ၏ ဘေးမှာ အေးစက်ပြီး လှပသော မိန်းကလေးငယ်တစ်ဦး ရပ်နေသည်။

မိန်းကလေးငယ် တည်ငြိမ်သော ဓားကို ကိုင်ထားကာသူမ၏ မျက်နှာက နှင်းခဲကဲ့သို့ ဖြစ်သည်။ ဒါပေမယ့် သူမ ရှေ့က လူငယ်လေးကို ကြည့်လိုက်တဲ့အခါ သူမ၏ မျက်လုံးများတွင် နူးညံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

သူတို့ဘေးမှာ တခြား ပုံရိပ် နှစ်ခုလည်း ရှိနေကာ သူတို့က ရှီဟောင်နဲ့ ကျန်းရှောင်ဖန်တို့ ဖြစ်ကြသည်။

“ရှစ်—“

ဖြူဖျော့သော မျက်နှာရှိတဲ့ တစ္ဆေများ ကခံစားချက်ကင်းမဲ့သော ပင်လယ်ပေါ်မှာ ပျံဝဲနေကြသည်။ သူတို့ မသိစိတ်ကနေ သူတို့ လေးယောက်ဆီ ချဉ်းကပ်ချင်ကြသည်။ ဒါပေမယ့် သူတို့ မှော်ပစ္စည်းရဲ့ စွမ်းအားကို ကြောက်ရွံ့ကြပြီး အရမ်း နီးကပ်ဖို့ မဝံ့ရဲကြပေ...

လုရွှယ်ချီ ပတ်ဝန်းကျင်က တစ္ဆေတွေကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာ အနည်းငယ် ဖြူဖျော့နေပြီး သူမ ကြောက်ရွံ့နေပုံ ရချေ၏။

ဂျိချန်းဖန် သူမ၏ စိတ်မချမ်းမသာ ဖြစ်မှုကို သတိထားမိသည်။ သူ နှစ်သိမ့်ပေးသည် “မကြောက်ပါနဲ့၊ ဒါတွေက ရိုးရိုး တစ္ဆေတွေပဲ။ အများဆုံး သူတို့ သာမန်လူတွေကို ကြောက်အောင် လုပ်နိုင်ရုံပဲ၊ သူတို့ ငါတို့ကို မထိခိုက်နိုင်ဘူး...”

ဟုတ်ပါသည်

သူ ထိုသို့ ပြောခဲ့သော်လည်း

သူ နောက်ဆုံးမှာ လျူဟွေ ကြေးမုံ ကို ဆွဲထုတ်လိုက်သည်။

“ရှစ်—“

လျူဟွေ ကြေးမုံက မှိန်ဖျော့သော ရွှေရောင် အလင်းကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်က တစ္ဆေများကို ဖျက်ဆီးလိုက်သည်။

ဒါကို မြင်လိုက်ရတဲ့အခါ လုရွှယ်ချီ သက်ပြင်းတစ်ချက် ချလိုက်ကာ

သူမ သူမရှေ့က အဖြူရောင် ဝတ်စုံနဲ့ ကောင်လေးကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် နူးညံ့မှု အရိပ်အယောင်တစ်ခု ထပ်မံပေါ်လာ၏။

“သတ္တမမြောက် အစ်ကိုကြီး၊ လူတွေ သေပြီးရင် အားလုံး ဒီလို ဖြစ်သွားတာလား?”

ကျန်းရှောင်ဖန် ပတ်ဝန်းကျင်က တစ္ဆေတွေကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် နာကျင်မှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူ ဆိုးရွားတဲ့ တစ်ခုခုကို တွေးမိပုံရသည်။

ဂျိချန်းဖန် ခေတ္တရပ်ပြီး ပြောလိုက်သည် “ဖြစ်နိုင်ပါတယ်?”

သူ၏ အသံ ကျဆင်းသည်နှင့်တစ်ပြိုင်နက်။

ပုံရိပ်အချို့ ရုတ်တရက် ရှေ့မှာ ပေါ်လာသည်။

ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်-

“မင်းတို့ တကယ် စိတ်ဝင်စားစရာ ကောင်းတယ်။ မင်းတို့ ပြောနေတာ ပန်းမျက်ရည်တွေ ဒါမှမဟုတ် တစ္ဆေတွေပဲ။ မင်းတို့ တကယ် ကျင်းယွမ်ဂိုဏ်း တပည့်တွေလား? မင်းတို့ ဘာလို့ အမျိုးသမီးတစ်ဦးလို မပြတ်မသား ဖြစ်နေတာလဲ?!”

ရှေ့ကို ကြည့်လိုက်တော့ အစိမ်းရောင် အရိပ်တစ်ခု လွင့်ပျံနေသည်။

အစိမ်းရောင် ဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးငယ်တစ်ဦး ဂျိချန်းဖန်နှင့် အခြားသူများရှေ့မှာ ပေါ်လာသည်။ သူမ၏ နောက်မှာ မျက်နှာကို အနက်ရောင် မျက်နှာဖုံးနဲ့ ဖုံးအုပ်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ အဝါရောင် ဝတ်စုံ ဝတ်ထားတဲ့ အခြွေအရံများစွာ ရပ်နေကြသည် .

“မင်းလား?!”

ကျန်းရှောင်ဖန် ဒီလူတွေကို မှတ်မိသည်။

ရှီဟောင် တိတ်ဆိတ်စွာ သူ၏ ရေခဲဓား ကို ဆွဲထုတ်လိုက်သည်။

လုရွှယ်ချီလည်း တည်ငြိမ်သော ဓားကို တိတ်ဆိတ်စွာ ဆုပ်ကိုင်လိုက်၏။

“ဝိဉာဏ်သန့်စင် ငရဲ”သည်သွေးသန့်စင်ခြင်း ခန်းမရဲ့ တားမြစ်နယ်မြေ ဖြစ်ပြီး ဒီလူတွေ ရုတ်တရက် ဒီမှာ ပေါ်လာတာ၊ ဒါကြောင့် အဖြေက ရှင်းနေပါပြီ...

သူတို့လည်း နတ်ဆိုး ကျင့်ကြံသူ လူယုတ်မာတွေပါပဲ!

ဂျိချန်းဖန် မျက်နှာကို အနက်ရောင် မျက်နှာဖုံးနဲ့ ဖုံးအုပ်ထားတဲ့ အမျိုးသမီးကို ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်သည်-

“ရက်အနည်းငယ် ကြာသွားပြီ၊ ဒီလောက် မြန်မြန် ပြန်ဆုံမယ်လို့ မမျှော်လင့်ခဲ့ဘူး?”

“မင်းရဲ့ ငါ ပြောခဲ့တာကို မှတ်မိသေးလားလို့ သိချင်တယ်?”

ငါ့ရှေ့မှာ၊ မင်း မျက်နှာဖုံးကို မင်းဘာသာ ချွတ်ဖို့ သတိရပါ။

မဟုတ်ရင်...

ငါ မင်းအတွက် ကိုယ်တိုင် ချွတ်ပေးမယ်!

All Chapters