← Chapters

ရေနက်မြွေ

Vol. 6 Ch. 58

ရေနက်မြွေ

Vol. 6 Ch. 58

ဒီစကားတွေ ပြောလိုက်သည်နှင့်တစ်ပြိုင်နက်၊

ယိုဂျီ ၏ အနက်ရောင် မျက်နှာဖုံးအောက်က ကြယ်များကဲ့သို့ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ နားလည်ရခက်သော်လည်း ရှိနေသော ခံစားချက် အရိပ်အယောင်တစ်ခု ဖျပ်ခနဲ ဖြစ်သွားသည်။

သူမ ပြန်မဖြေပေ။

သူမ၏ အကြည့်က ဂျိချန်းဖန်ကိုသာ မှင်သက်စွာ စိုက်ကြည့်နေသည်။

သူမ၏ အကြည့်အတွင်းမှာ သတ်ဖြတ်လိုသော စိတ်ဆန္ဒ တစ်ခု‌ ပေါ်‌ ပေါက်နေကာ မသိနိုင်သော ခံစားချက်တစ်ခုလည်း ပေါ်ထွက်လာသည်။

ပီယောင်း က ဂျိချန်းဖန်ကို မျက်မှောင်ကြုတ်ကြည့်ပြီး ပြောလိုက်သည် “ရှင် နှာဘူး—!”

သူမ စကား မဆုံးသေး။

ကြီးမားသော ဓားဆန္ဒ တစ်ခုက သူမကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။

နှာဘူးလား

မိန်းကလေး၊ မင်း ကြိုက်တာ စားနိုင်ပေမယ့် ဘာမဆို ပြောလို့ မရဘူး!

ဂျိချန်းဖန်က ရှင်းရှင်းလင်းလင်း သဘောကောင်းသူသာ ဖြစ်သည်!

သူ ဘယ်လိုလုပ် နှာဘူး ဖြစ်နိုင်မှာလဲ?

ဂျိချန်းဖန် ပီယောင်းကို ခပ်မိုက်မိုက် အမူအရာဖြင့် ကြည့်လိုက်သည်။ ချွန်ထက်သော ဓားဆန္ဒက သူမကို ခိုင်မြဲစွာ ချုပ်နှောင်လိုက်သည်။ ချက်ချင်းဆိုသလို သူမ၏ မျက်နှာ ဖြူဖျော့သွားသည်။ သူမ ကြောက်ရွံ့စွာ ယိုဂျီ၏ နောက်မှာ ပုန်းလိုက်သည်...

“ညီငယ်၊ သူတို့ ဘယ်သူတွေလဲ?” ရှီဟောင် က အသံတိုးတိုးဖြင့် မေးလိုက်သည်။

ဒါကို ကြားလိုက်ရတဲ့အခါ လုရွှယ်ချီ နဲ့ ကျန်းရှောင်ဖန် နှစ်စ်ဦးလုံး သူတို့၏ အကြည့်ကို ဖလှယ်လိုက်ကြသည်။

ဂျိချန်းဖန် ပြောလိုက်သည် “အစိမ်းရောင် ဝတ်စုံနဲ့ မိန်းကလေးက နတ်ဆိုး ဂိုဏ်းလေးခုထဲက တစ်ခုဖြစ်တဲ့ တစ္ဆေဘုရင် ဂိုဏ်း ရဲ့ ဂိုဏ်းသခင်မငယ် ဖြစ်တယ်။ အနက်ရောင် ဝတ်စုံနဲ့ အမျိုးသမီးကကော? သူမက တစ္ဆေဘုရင် ဂိုဏ်းရဲ့ ကြီးမြတ်သော သန့်ရှင်းသော တမန်တော် လေးပါး ထဲက တစ်ဦးဖြစ်တဲ့ ဗာမီလီယံငှက် တမန်တော်ဖြစ်တယ်။”

“သူမ လွန်ခဲ့တဲ့ နှစ်သုံးရာက ရှန်ကျင်းအဆင့်ကျွမ်းကျင်သူအဖြစ် နာမည်ကြီးခဲ့တာ!”

ဒီစကားတွေ ပြောလိုက်သည်နှင့်တစ်ပြိုင်နက်

ရှီဟောင်နှင့် ကျန်နှစ်ဦး ချက်ချင်း သူတို့၏ အမူအရာများ ပြောင်းလဲသွားသည်။

လွန်ခဲ့တဲ့ နှစ်သုံးရာက နာမည်ကြီးခဲ့တဲ့ ရှန်ချင် ကျွမ်းကျင်သူလား? ဒါက သူမမှာ တောင်သခင်တစ်ယောက်၏ ခွန်အား ရှိတယ်လို့ ဆိုလိုတာ မဟုတ်လား?!

ခဏတာအတွင်းမှာ လေထုက အနည်းငယ် လေးလံသွားသည်။

ယိုဂျီ၏ ကြယ်များကဲ့သို့ မျက်လုံးများ ဂျိချန်းဖန်ကို စိုက်ကြည့်နေသည်။ သူမ၏ ကြည်လင်ပြီး အေးစက်သော အသံက အေးစက်မှု အရိပ်အယောင်ကို သယ်ဆောင်လာသည်၊ ပြောလိုက်သည် “မင်း... ဒီ သွေးစက် ဂူ အတွက် ဒီကို ရောက်လာတာလား?”

ဒါကို ကြားလိုက်ရတဲ့အခါ ရှီဟောင်နှင့် အခြားသူများ အချင်းချင်း ကြည့်လိုက်ကြသည်။

သူတို့ အားလုံး တစ်ချိန်တည်းမှာ ဂျိချန်းဖန်ကို ကြည့်လိုက်ကြသည်။

သွေးစက် ဂူနှင့် ပတ်သက်ပြီး။

သူတို့ ဂျိချန်းဖန် ပြောတာကို တစ်ကြိမ်သာ ကြားဖူးသည်။

သူတို့ သိတာက အဲဒီနေရာဟာ လွန်ခဲ့တဲ့ နှစ်ရှစ်ရာက မည်းနက်သော နှလုံးသား အဘိုးအို ကျင့်ကြံခဲ့တဲ့ နေရာ ဖြစ်ပြီး တခြား ဘာမှ မသိကြပေ။

ဂျိချန်းဖန် ယိုဂျီကို ခပ်မိုက်မိုက် ကြည့်လိုက်ကာ သူ၏ လေသံ တည်ငြိမ်စွာ ပြောလိုက်သည် “တိုက်ချင်ရင် တိုက်ပေါ့။ ဘာလို့ စကားတွေ အများကြီး ပြောနေတာလဲ?”

ဒီလို ပြောလိုက်ရင်း

သူ အရင်ဆုံး နဂါးကို သတ်ဖြတ်ခြင်း ဓား ကို ဆွဲထုတ်လိုက်သည်။

“ရှစ်—“

ချက်ချင်းဆိုသလို

တောက်ပသော ဓားအလင်းရောင် များသည် ခံစားချက်ကင်းမဲ့သော ပင်လယ် တစ်ခုလုံးကို ချက်ချင်း လင်းလက်သွားစေသည်။

ကွဲပြားခြားနားသော လူများအတွက် ကွဲပြားခြားနားသော ဓားများ လိုအပ်ပေသည်။ ယခုကဲ့သို ယိုဂျီလို အေးစက်တဲ့ အလှပဂေးတစ်ဦးကို ကိုင်တွယ်ဖို့

နဂါးကို သတ်ဖြတ်ခြင်း ဓားက ပိုပြီး သင့်တော်သည်။

“သူမကို ငါ့အတွက် ထားခဲ့နိုင်တယ်၊ မင်းတို့ အားလုံး ကျန်တဲ့သူတွေကို ကိုင်တွယ်နိုင်တယ်။” ဂျိချန်းဖန်က လုရွှယ်ချီနှင့် အခြားသူများကို ညွှန်ကြားလိုက်သည်။

“ဂရုစိုက်ပါ၊” လုရွှယ်ချီ သူမ၏ နှုတ်ခမ်းများကို စေ့လိုက်ပြီး ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ သူမ ငါ့ကို မထိခိုက်‌ စေနိုင်ပါဘူး!” ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်သည်။

ယိုဂျီ၏ မျက်နှာ အေးစက်သွားကာ

သူမ၏ အကြည့်က ဂျိချန်းဖန်နှင့် လုရွှယ်ချီကြား အပြန်အလှန် ရောက်ရှိသွားကာ ဘာအကြောင်းကြောင့်မှန်းမသိ၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ရုတ်တရက် သူမ၏ နှလုံးသားထဲမှာ ပေါ်လာသည်။

သူမ က သူတို့ နှစ်ယောက်လုံးကို သတ်ပစ်ဖို့ စိတ်ထဲ၌ပြင်းပြလာ၏။

“ဟူး—“ ယိုဂျီ ညင်သာစွာ အသက်ရှူထုတ်လိုက်ကာ သူမ၏ နှလုံးသားထဲက ခံစားချက်တွေကို ငြိမ်သက်စေသည်။ ထို့နောက် ဗာမီလီယံဆီလ်းတံဆိပ်ကို ကိုင်ဆောင်ပြီး အေးစက်သော အမူအရာဖြင့် ဂျိချန်းဖန်ဆီသို့ တိုးဝင်သွားသည်။

“ဒုန်း—“

ထိုတံဆိပ်က ပြင်းထန်သော မီးတောက်များကို သယ်ဆောင်လာကာ

၎င်းသည် ချက်ချင်းဆိုသလို ဧရာမ တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဂျိချန်းဖန်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဒါကို မြင်လိုက်ရတဲ့အခါ ဂျိချန်းဖန်၏ အမူအရာ မပြောင်းလဲပေ။

သူ နဂါး သတ်ဖြတ်ခြင်း ဓားကို ကိုင်ဆောင်ပြီး ဓားချက် တစ်ချက်တည်းဖြင့် တိုက်ရိုက် ခုတ်ချလိုက်သည်။

“ရှစ်—“

အစိမ်းရောင် ဖျော့ဖျော့ ဓားဆန္ဒဖြင့် ဖုံးလွှမ်းနေသော ကြီးမားသော ဓားချီ က ၎င်း၏ စွမ်းအားကို ချက်ချင်း အဆများစွာ တိုးမြှင့်လိုက်သည်။

“ဒုန်း!”

ဓားချီက ဗာမီလီယံဆီလ်းတံဆိပ်ကို ထိမှန်သောအခါ

ကြီးမားသော တံဆိပ်ပေါ်က ပြင်းထန်သော မီးတောက်များကို တိုက်ရိုက် ငြှိမ်းသတ်လိုက်သည်။

“ဘန်း—“

ချက်ချင်းဆိုသလို၊

ကြီးမားသော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။

လှိုင်းလုံးများ ခံစားချက်ကင်းမဲ့သော ပင်လယ်ထဲမှာ ချက်ချင်း လှုပ်ခတ်သွား၏။

လုရွှယ်ချီ တျန်းယာ ဓားကို ကိုင်ဆောင်ထားကာ အစိမ်းရောင် ဝတ်စုံနဲ့ မိန်းကလေးငယ်ကို ရင်ဆိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဘာအကြောင်းကြောင့်မှန်းမသိ...

ကကျန်းရှောင်ဖန်ကသူ၏တောင်ဝှေး ကို ကိုင်ဆောင်ပြီး ပထမဆုံး ရှေ့သို့ တိုးဝင်သွားသည်။

ဒါကို မြင်လိုက်ရတဲ့အခါ လုရွှယ်ချီ အနည်းငယ် အံ့အားသင့်သွားသည်။

ဒါပေမယ့် သူမ သိပ် စဉ်းစားမနေတော့ပေ။

ထိုအစား သူမ၏ အကြည့်ကို တစ္ဆေဘုရင် ဂိုဏ်းရဲ့ များပြားလှတဲ့ တပည့်ငယ်များဆီသို့ လှည့်လိုက်သည်။

သူတို့အားလုံးဟာ တစ္ဆေဘုရင် ဂိုဏ်းရဲ့ ထူးချွန် တပည့်တွေ ဖြစ်ကြသည်။

ဒါပေမယ့်...

ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ သူတို့က ဒီလောက်ပါပဲ။

သူတို့ ပိယောင်ရဲ့ အဆင့်ကို မမီနိုင်ပါ‌ ချေ၊ ဒါကြောင့် လုရွှယ်ချီနဲ့ နှိုင်းယှဉ်ဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်ပါ...

“ဒုန်း—“

လုရွှယ်ချီ မတုံ့ဆိုင်းဘဲ ဓားချီတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူမ တစ်ဦးတည်း တစ္ဆေဘုရင် ဂိုဏ်း တပည့် လေးဦးကို ရင်ဆိုင်သည်။

သူမ၏ အစိမ်းရောင် ဖျော့ဖျော့ ဓားဆန္ဒက ဂျိချန်းဖန်ရဲ့ ဓားဆန္ဒနဲ့ အတူတူပါပဲ။

“ဝတ်ရုံထဲကမြွေစိမ်းဓား”

အခြားတစ်ဖက်မှာ၊

ရှီဟောင်လည်း တစ္ဆေဘုရင် ဂိုဏ်း တပည့် လေးဦးကို ရင်ဆိုင်သည်။

သူ၏ ယွီချင် အဆင့် ကိုး ကျင့်ကြံမှုဖြင့် ဒီ လေးယောက်ကို ကိုင်တွယ်ဖို့ လုံလောက်သည်ထက် ပို၏။

“ဒုန်း—“

အမှောင်မီး တောက်များဖုံးလွှမ်း‌ နေသော တောင်ဝှေးက က မှိန်ဖျော့သော အဖြူရောင် အလင်းနဲ့ နူးညံ့တဲ့ ရနံ့ကို ထုတ်လွှတ်နေတဲ့ ပန်းငယ်လေးတစ်ခုနဲ့ တိုက်မိသည်။

“ဝမ်းနည်းဖွယ် ပန်း “

ထိုအရာက ပီယောင်းရဲ့ မှော်ပစ္စည်း ဖြစ်ကာ တစ္ဆေဘုရင် ဝမ် ရန်ဝမ် က သူ၏ ချစ်သမီးအတွက် ကြီးမားသော ကြိုးပမ်းအားထုတ်မှုဖြင့် ကိုယ်တိုင် သန့်စင်ပေးခဲ့သော ထူးခြားတဲ့ ရတနာ ဖြစ်ပြီး တစ်စုံတစ်ဦး၏ ဝိညာဉ်ကို သိမ်းပိုက်နိုင်တဲ့ စွမ်းရည် ရှိသည်။

ဟုတ်ပါသည်

ထို စွမ်းရည်က တောင်ဝှေးရဲ့ ရှေ့မှာ အထူးအဆန်း မဟုတ်ပါချေ။

ဘာပဲဖြစ်ဖြစ် ဝိဉာဏ်ဝါးမြိုတောင်ဝှေး မှာလည်း တစ်စုံတစ်ဦး၏ ဝိညာဉ်ကို သိမ်းပိုက်နိုင်တဲ့ စွမ်းရည် ရှိပြီး ၎င်းရဲ့ စွမ်းအားက ဝမ်းနည်းဖွယ် ပန်းထက် အဆများစွာ ပိုပြီး သန်မာသည်။

“ဘန်း—“

ဝမ်းနည်းဖွယ် ပန်းကို တောင်ဝှေးက တိုက်ရိုက် လွင့်စင်သွား စေ၏။

အစပိုင်း ထိပ်တိုက်ရင်ဆိုင်မှုက ပိယောင်ကို ချက်ချင်း အနိမ့်ပိုင်းသို့ရောက်ရှိသွားစေသည်။

သူမ အံ့အားသင့်စွာ ကျန်းရှောင်ဖန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည် “ရှင် ဘယ်လို မှော်ပစ္စည်းကို သုံးနေတာလဲ? ဒါက ရိုးရိုး မီးကျွမ်းနေတဲ့ တုတ်နဲ့တူတယ်၊ ဒါပေမယ့် ကျွန်မ ရဲ့ ဝမ်းနည်းဖွယ် ပန်းထက် ဘယ်လိုလုပ် ပိုပြီး စွမ်းအားကြီးတာလဲ?!”

“ဟွန့်! မင်းနဲ့ မဆိုင်ဘူး!” ကျန်းရှောင်ဖန် ညင်သာစွာ နှာမှုတ်လိုက်သည်။

သူ ပီယောင်းက နတ်ဆိုး ကျင့်ကြံသူ လူယုတ်မာ ဖြစ်ကြောင်း သိလိုက်တဲ့အချိန်ကစပြီး သူမအပေါ် ကောင်းသော ခံစားချက် မရှိတော့ပါချေ

သူ့ရဲ့ ထင်မြင်ချက်အရ

နတ်ဆိုး ကျင့်ကြံသူလူယုတ်မာတွေက ချောင်းမြောင်တစ်ရွာလုံးကိုသတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ကောင်းပြီ၊ ဒါဆို ငါ ရိုင်းစိုင်းတာကို အပြစ်မတင်နဲ့...” ပီယောင်း၏ မျက်နှာ အေးစက်သွား၏။

တစ္ဆေဘုရင် ဂိုဏ်းရဲ့ ဂိုဏ်းသခင်မငယ် အနေနဲ့ သူမက ငတုံးတစ်ယောက်နဲ့ စကားပြောဖို့ ဆန္ဒရှိတာ သူ့ရဲ့ ကံကောင်းမှု ဖြစ်တယ်။ ရှင်က ဒီ ကံကောင်းမှုကို ခံစားဖို့ ဆန္ဒမရှိဘူးဆိုရင်...

ဒါဆို သွားသေလိုက်တော့!

“ဟူး—“

ဝမ်းနည်းဖွယ် ပန်းက အဖြူရောင် အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

၎င်းသည် မှိန်ဖျော့သော ထူးခြားတဲ့ ရနံ့ကို ထုတ်လွှတ်ပြီး ဝိဉာဏ်ကိုမငြိမ်မသက်ဖြစ်စေ၏။

ဒါကို မြင်လိုက်ရတော့

ကျန်းရှောင်ဖန် တောင်ဝှေးကို တွန်းအားပေးလိုက်သည်။

သူ တိုက်ခိုက်ရေး နည်းပညာတွေအကြောင်း ဘာမှ နားမလည်ပါ‌ ချေ။

သူ ရှေ့သို့ တိုးဖို့ကိုသာ သိသည်။

သူ၏ မှော်ပစ္စည်းက စွမ်းအားကြီးတာ ကံကောင်းလို့ပါပဲ၊ မဟုတ်ရင် ဘယ်လိုလုပ် ဒီလို အလွဲသုံးစားလုပ်တာကို ခံနိုင်မှာလဲ?

…

…

“ရှစ်—“

မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားအလင်းရောင်များ ခံစားချက်ကင်းမဲ့သော ပင်လယ်အတွင်းမှာ အဆက်မပြတ် ထွက်ပေါ်နေကာ

ဂျိချန်းဖန်သည်လည်း သူ၏ တိုက်ခိုက်ရေး စွမ်းအား အပြည့်အဝ ထုတ်လွှတ်လိုက်သည်။

ယိုဂျီကို နေရာမှာပဲ ချက်ချင်း ဖိနှိပ်လိုက်သည်။

ယိုဂျီ၏ အမူအရာက ဒီအခြေအနေကို အနည်းငယ် မနှစ်မြို့ပေ။

အရင်က ဂျိချန်းဖန် သူမကို လွန်ခဲ့တဲ့ နှစ်သုံးရာက နာမည်ကြီးခဲ့တဲ့ ရှန်ချင် ကျွမ်းကျင်သူလို့ ပြောခဲ့တယ်။ ဒါပေမယ့် မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူမ ဖိနှိပ်ခံနေရတယ်...

ယိုဂျီ သူမ၏ နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်သည်။

“ရှစ်—“

ထိုအချိန်တွင် တောက်ပသော ဓားအလင်းရောင် တစ်ခုကဖျတ်ခနဲ ဖြစ်သွား၏။

ဂျိချန်းဖန် သူမ၏ သတိပေါ့လျော့နေမှုကို အခွင့်ကောင်းယူပြီး ဓားချက် တစ်ချက်တည်းဖြင့် သူမ၏ မျက်နှာပေါ်က မျက်နှာဖုံးကို တိုက်ရိုက် လှီးဖြတ်လိုက်သည်။

“ဟားဟားဟားဟား!”

“မင်း ငါ ပြောတာကို မမှတ်မိဘူးဆိုရင် ငါ မင်းကို ပြန်သတိရအောင် ကူညီပေးမယ်။”

ဂျိချန်းဖန် လက်လှမ်းပြီး ပြုတ်ကျလာတဲ့ မျက်နှာဖုံးကို ဖမ်းလိုက်သည်။

သူ သူ၏ ရှေ့က အနက်ရောင် ဝတ်စုံနဲ့ အမျိုးသမီးကို ညင်သာစွာ ပြုံးပြလိုက်သည်။ မျက်နှာဖုံးရဲ့ ဖုံးကွယ်မှု မရှိဘဲ သူမ၏ ပြည့်စုံသော ပုံပန်းသဏ္ဍာန်က သူ့မျက်လုံးများရှေ့မှာ ပေါ်လာသည်...

သူမကို ကြည့်လိုက်တော့ ယိုဂျီ၏ ဖြူစင်သော မျက်နှာက အပြစ်အနာအဆာ ကင်းသည်။ သူမ၏ တောက်ပသော ကြယ်များကဲ့သို့ မျက်လုံးတစ်စုံက တောက်ပစွာ လင်းလက်နေသည်။ သူမ၏ မျက်မှောင်ကြုတ်ခြင်းနှင့် ပြုံးခြင်းတိုင်းက ခံစားချက်များစွာကို ဖော်ပြနိုင်သလိုမျိုး ဖြစ်နေချေသည်။

“ရှင်...” စိတ်ဆိုးမှု အရိပ်အယောင်တစ်ခု ယိုဂျီ၏ မျက်လုံးများတွင် ပေါ်လာသည်။

သူမ ညင်သာစွာ သူမ၏ လက်ကို မြှင့်လိုက်ပြီး သူမ၏ မျက်နှာကို ဖုံးအုပ်လိုက်သည်။ သူမ၏ မျက်လုံးများ ဂျိချန်းဖန်ကို စိုက်ကြည့်နေသည်။ ဒေါသလည်း ထွက်၊ စိတ်လည်း ဆိုးနေသည်။ ဒါပေမယ့် သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်း မရှိပါပေ။

“ဖြောင်း—“

ထိုအချိန်တွင် ရေအသံတစ်ခု ရုတ်တရက် ခံစားချက်ကင်းမဲ့သော ပင်လယ် နက်နဲရာကနေ ပဲ့တင်ထပ်လာသည်။

လူတိုင်း ဒီအသံဆီသို့ ဆွဲဆောင်ခံလိုက်ရကာ သူတို့ တိုက်ခိုက်နေတာကို ရပ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက ခံစားချက်ကင်းမဲ့သော ပင်လယ်၏ နက်ရှိုင်းသော အမှောင်ဆီသို့ သတိထားစွာ ကြည့်နေကြသည်...

“ဖြောင်း—“

ရေလှိုင်းသံ ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် ဧရာမ မီးပုံးကြီး နှစ်ခု ရုတ်တရက် ထိုနေရာတွင် ပေါ်လာသည်။

မဟုတ်ဘူး! ဒါ မဟုတ်ဘူး!

ဒါ ဘယ်လို မီးပုံးတွေလဲ?

ဒါတွေက ရှင်းရှင်းလင်းလင်း မြွေမျက်လုံး တစ်စုံပါပဲ!

ပေဒါဇင်ပေါင်းများ ရှိတဲ့ ရေမြွေနက် တစ်ကောင် လူတိုင်း၏ မျက်လုံးများရှေ့မှာ ပေါ်လာသည်။

ယိုဂျီ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး သူမ အာမေဋိတ် ပြုလိုက်သည် “ရေမြွေနက်လား? ဒီကောင် မသေသေးဘူးလား?!”

အဲဒီတုန်းက ရေနက်မြွေနက်က သူ့ရဲ့ သဘာဝ ရန်သူဖြစ်တဲ့ အဝါရောင် ငှက် နဲ့ တိုက်ခိုက်ခဲ့ကာ လူတိုင်း သူ သေသွားပြီလို့ ထင်ခဲ့ကြသည်။

ဒါပေမယ့် သူတို့ ဘယ်တော့မှ မမျှော်လင့်ခဲ့ပါဘူး...

ဒီကောင် ခံစားချက်ကင်းမဲ့သော ပင်လယ် နက်နဲရာမှာ တကယ်ပဲ ပုန်းနေခဲ့တာလား?!

“ရှီး—“

ရေနက်မြွေနက်က သတိပေး အသံတစ်ခု ထုတ်လွှတ်လိုက်၏။

ယိုဂျီ အမြန် အော်လိုက်သည် “မလှုပ်နဲ့!”

ဒီစကားတွေ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်း မလှုပ်ရဲကြတော့ပေ။

ရှီဟောင်နှင့် အခြားသူများအားလုံး ရေနက်မြွေနက်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ကြွက်သားတစ်ခုတောင် မလှုပ်ရဲကြပေ။

“ရှီး—“

ရေနက်မြွေနက်၏ ရွှေရောင် ဖျော့ဖျော့ မျက်လုံးများက သူ့ရှေ့က လူအုပ်ကို စိုက်ကြည့်နေသည်။ ၎င်းတို့အတွင်းမှာ ကြမ်းတမ်းမှု အရိပ်အယောင်တစ်ခု ပေါ်လာနေသည်။

ဆယ်နှစ်အကြာက အနောက်ပိုင်း ရွံ့ညွန်ကြီး မှာ အဝါရောင် ငှက်နဲ့ တိုက်ခိုက်ခဲ့ကာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်။ထို့ကြောင့် သူ ကုစားဖို့ ခံစားချက်ကင်းမဲ့သော ပင်လယ် နက်ရှိုင်းရာမှာ ပုန်းနေခဲ့တာ။ ဒါပေမယ့် ရုတ်တရက် ဒီလူအနည်းငယ်ကြောင့် နိုးထလာခဲ့သည်...

အခု သူ အရမ်း ဒေါသထွက် နေ၏။

“ရှီး—“

ရေနက်မြွေနက်ကနေ ထွက်လာတဲ့ သတိပေး အသံက ပိုပြီး ကြမ်းတမ်း လာသည်။ သူ ဘယ်အချိန်မဆို တိုက်ခိုက်တော့မယ့် ပုံစံ ဖြစ်နေသည်။

ဒါကို မြင်လိုက်ရတော့ လူတိုင်း၏ အမူအရာများ ချက်ချင်း သတိထားလာကြသည်။

“ဟင်း?” ဂျိချန်းဖန်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွား၏။

သူ ရေနက်မြွေနက်၏ အားနည်းချက် နေရာမှာ မပျောက်သေးတဲ့ နက်ရှိုင်းသော လက်သည်းရာတစ်ခုကို သတိထားမိသည်။ သူ အခုထိ ပြင်းထန်စွာ ဒဏ်ရာရနေတုန်းလား?!

ဒီအတွေးနဲ့အတူ ဓား ကျင့်ကြံသူ တစ်ဦး ရဲ့ ပြတ်သားမှုက သူ့ကို နဂါး သတ်ဖြတ်ခြင်း ဓားကို တင်းတင်း ဆုပ်ကိုင်ဖို့ တွန်းအားပေးလိုက် သည်။

ရေနက်မြွေနက်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ရှန်ကျင်း အထွတ်အထိပ် ဆင့် နဲ့ နှိုင်းယှဉ်နိုင်တယ်။ သူ အခွင့်အရေးကို မဆုပ်ကိုင်ရင် ဂျိချန်းဖန်တောင် သူ့ကို အတင်းအကျပ် ဆုတ်ခွာဖို့ ခက်ခဲလိမ့်မည်...

ထို့ကြောင့် သူ ပြတ်ပြတ်သားသား လုပ်ရမယ်!

ဂျိချန်းဖန် အမူအရာမဲ့စွာ သူ၏ လက်ထဲက နဂါးကို သတ်ဖြတ်ခြင်း ဓားကို မြှင့်လိုက်သည်။ ရေနက်မြွေနက်၏ ခဏတာ မေ့လျော့နေမှုကို အခွင့်ကောင်းယူပြီး သူ တက်သွားပြီး တစ္ဆေသတ်ဖြတ်ခြင်းနတ်ဘုရားဓားချက် ကို ၎င်း၏ အားနည်းချက် နေရာဆီသို့ တိုက်ရိုက် ထုတ်လွှတ်လိုက်သည်...

“ဒုန်း—“

ချက်ချင်းဆိုသလို ပြင်းထန်သော ဓားဆန္ဒ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။

အရာအားလုံးကို လျစ်လျူရှု၊ မတုံ့ဆိုင်းဘဲ ရှေ့ဆက်!

ဘယ်လို နတ်ဆိုး၊ တစ္ဆေ၊ ဒါမှမဟုတ် ဘီလူး အမျိုးအစားပဲ ဖြစ်ပါစေ? မသေမျိုး ၊ နတ်ဆိုး ၊ ဒါမှမဟုတ် ဗုဒ္ဓ ပဲ ဖြစ်ပါစေ?

ငါ ဓားတစ်ချက်တည်းနဲ့ သူတို့ကို သတ်ပစ်မယ်!

ကြည်လင်သော အသံတစ်ခု ခံစားချက်ကင်းမဲ့သော ပင်လယ်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ဂျိချန်းဖန်၊ နဂါးကို သတ်ဖြတ်ခြင်း ဓားကို ကိုင်ဆောင်ပြီး ရေမြွေနက်၏ အားနည်းချက် နေရာကို ဓားချက် တစ်ချက်တည်းဖြင့် မတုံ့ဆိုင်းဘဲ ခုတ်ချလိုက်သည်-

“ကောင်းကင်နှင့် မြေကြီး၏ ဖြောင့်မတ်သော ချီ သည် ထာဝစဉ် တည်မြဲ၏;”

“ငါ နတ်ဘုရားများကို သတ်ရန် မရှာ၊ သို့သော် နတ်ဆိုးနှင့် မိစ္ဆာများကို သာသတ်ရန် ရှာ၏!”

All Chapters