← Chapters

ပိယောင်က နည်းနည်း ထူးဆန်းတယ်လို့ အမြဲ ခံစား‌ နေရတယ်

Vol. 7 Ch. 61

ပိယောင်က နည်းနည်း ထူးဆန်းတယ်လို့ အမြဲ ခံစား‌ နေရတယ်

Vol. 7 Ch. 61

ခံစားချက်မဲ့ ပင်လယ် အနက်ပိုင်းတွင် လှိုင်းများ လှုပ်ခတ်နေသည်။ သရဲ ချီများ လေထဲမှာ ပျံ့လွင့်နေကာ သေးငယ်သော ပိုးကောင်များကဲ့သို့ ရည်ရွယ်ချက်မဲ့စွာ လှည့်ပတ်နေကြသည်...

"ရှစ်—"

ပုံရိပ်အချို့ ဖျပ်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ်သွား၏။

ဂျိချန်းဖန်က အဆုံးမဲ့သကဲ့သိုရှည်လျားသော ခံစားချက်မဲ့ ပင်လယ်ကို ကြည့်လိုက်ကာ သူ မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့ ပင်လယ်တစ်ဝက်ခန့်ရှာပြီးခဲ့ပြီ သို့သော် သွေးစက် ဂူ ကို မပြောနဲ့၊ လူတစ်ယောက်တောင် မတွေ့ခဲ့ချေ။

"ညီလေး ဂျိ ။" ရှီဟောင် လျှောက်လာ ၏။သူ့ မျက်နှာတွင် စိုးရိမ်မှု အရိပ်အယောင်တစ်ခု ရှိ‌ နေသည်။

သူတို့ ကျန်းရှောင်ဖန် ကို ရှာမတွေ့ဘဲ အချိန်အတော်ကြာ ရှာဖွေခဲ့ကြပြီးပါပြီ။

ဖြစ်နိုင်တာက...

သူ အန္တရာယ် ကြီးကြီးမားမာ တွေ့နေတာလား?

လုရွှယ်ချီ ဂျိချန်းဖန် ဘေးမှာ ရပ်‌‌၍ သူမ၏ နှုတ်ခမ်းများကို ညင်သာစွာ စေ့ထားသည်။ ထို့နောက် အတွေးများထဲ နစ်မြုပ်နေလေ၏။

ဂျိချန်းဖန်က တစ်ချက်လှည့် ကြည့်လိုက်သည်။

မလှမ်းမကမ်းတွင် အနက်ရောင်ဝတ် ပုံရိပ်တစ်ခု ရှိနေကာ ထိုသူက အခြားသူ မဟုတ်၊ ယိုဂျီ ဖြစ်သည်။ သူမ ဝေးဝေး မသွားရခြင်းမှာ...

သူမ ဂျိချန်းဖန်နှင့် အခြားသူများ ပိယောင် ကို တွေ့ပြီးနောက် သတ်ပစ်လိုက်မှာကို ကြောက်သောကြောင့် ဖြစ်သည်။

ဒါကြောင့် သူမ အနီးနားမှာ လှည့်ပတ်နေခဲ့ကာ

ဂျိချန်းဖန်နှင့် အခြားသူများ ပိယောင်ကို တွေ့ရင် သူမ ချက်ချင်း သိနိုင်ပြီး သူမကို ကာကွယ်ဖို့ အပြေးအလွှား ထွက်လာနိုင်‌ ပေမည်။

ဂျိချန်းဖန်က သူမ၏ ရည်ရွယ်ချက်ကို သဘာဝအတိုင်း နားလည် ပေသည်။

ထို့ကြောင့် သူ သူမကို အာရုံမစိုက်ပေ။

နှစ်ဖက်စလုံးက နားလည်မှု မရှိဘဲ ၎င်း၏ အနီးအနားမှာ ပိယောင်နှင့် အခြားသူများကို အတူတကွ ရှာဖွေနေကြသည်။

ဂျိချန်းဖန် အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည် "အစ်ကို ရှီ၊ ငါတို့ ခွဲပြီး ရှာကြမလား?"

စကားပြောပြီးနောက် သူ ထပ်‌‌ ပေါင်းပြောလိုက်သည်-

"ဒါပေမယ့် အရမ်း ဝေးဝေး မခွဲသွားပဲ၊ အနီးအနားမှာ လမ်းကြောင်း သုံးခု ခွဲပြီး ရှာဖွေပါ။ တစ်ခုခုနဲ့ တွေ့ရင် အော်ဟစ်ပြီး အချက်ပြလိုက်၊ ငါ ချက်ချင်း လာခဲ့မယ်။"

ဒါကို ကြားလိုက်ရတော့ ရှီဟောင် အနည်းငယ် တုံ့ဆိုင်းသွားသည်။

ဒါပေမယ့် ဂျိချန်းဖန်၏ ကြောက်မက်ဖွယ် ဓား ထိန်းချုပ်မှု အရှိန်ကို သူ တွေးမိလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် မတုံ့ဆိုင်းတော့ဘဲ ခေါင်းညိတ်ပြီး ပြောလိုက်၏-

"ကောင်းပြီ။"

လုရွှယ်ချီလည်း ကန့်ကွက်စရာ မရှိပေ။

သူတို့ သုံးဦး ခေတ္တ ခွဲလိုက်ပြီး လမ်းကြောင်း သုံးခု ကွဲပြားစွာ လျှောက်သွားကြသည်။

ထို မြင်ကွင်းကို မြင်လိုက်ရတော့ နောက်က လိုက်လာတဲ့ ယိုဂျီက သူမ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ သူမ လုံးဝ မတုံ့ဆိုင်းဘဲ ဂျိချန်းဖန်၏ နောက်က လိုက်ဖို့ ချက်ချင်း ရွေးချယ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် ပိယောင်၏ ခွန်အားဖြင့် သူမက လုရွှယ်ချီ ဒါမှမဟုတ် ရှီဟောင်နဲ့ တွေ့ရင်တောင် အန္တရာယ် သိပ် မရှိနိုင် ပေ။ ဂျိချန်းဖန် တစ်ယောက်တည်းသာ မသေချာတာပါ ။. သူက အလွန် သန်မာ ပေသည်။

ဂျိချန်းဖန် သူ့နောက်က ယိုဂျီကို သတိထားမိ သော်လည်း သူ သူမကို အာရုံမစိုက်ပေ။ ထိုအစား သူ တစ်ဦးတည်း မရှာဖွေရသေးသော လမ်းကြောင်းတစ်ခုဆီသို့ လျှောက်သွားသည်။

မကြာခင်မှာပဲ

ဂျိချန်းဖန် ရုတ်တရက် သူ့ပတ်ပတ်လည်မှာ ပြန့်ကျဲနေတဲ့ ကျောက်တုံးများစွာကို တွေ့လိုက်ရသည်။ ပြိုကျနေသော ချောက်ကမ်းပါးတစ်ခုလည်း မလှမ်းမကမ်းမှာ ရှိနေ၏။

"ဟမ်…"

ဂျိချန်းဖန်၏ မျက်လုံးများ တောက်ပလာကာ သူ ထို ချောက်ကမ်းပါးဆီသို့ အမြန် လျှောက်သွားသည်။ ပြန့်ကျဲနေတဲ့ ကျောက်တုံးတွေက ဧရိယာတစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းထားတာကို တွေ့လိုက်ရသည်။

ဂျိချန်းဖန် အနည်းငယ် စဉ်းစားလိုက်ကာ မှိန်ဖျော့သော ဓားဆန္ဒကို ထုတ်လွှတ်ဖို့ ကြိုးစား လိုက်သည်။

ထို့နောက် သူ့ ဓားဆန္ဒကို သုံးပြီး ကျောက်တုံးအောက်က အခြေအနေကို အာရုံခံလိုက်သည်။ မကြာခင်မှာပဲ...

သူ ကျောက်တုံးပုံအောက်မှာ မြှုပ်နှံထားတဲ့ လွတ်နေတဲ့ ဂူတစ်ခုကို တွေ့လိုက်ရ၏။ထိုအတွင်းတွင် မှိန်ဖျော့သော အရှိန်အဝါ နှစ်ခု ရှိနေသည်။

"ဒီဂူ လား?!"

ဂျိချန်းဖန် သက်ပြင်းတစ်ချက် ချလိုက်ကာ သူ ဓားဆန္ဒ အမျှင်များကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။ ထို ဓားဆန္ဒက ဂူပေါက်ဝက ပြန့်ကျဲနေသော ကျောက်တုံးပုံကို ဖုန်မှုန့်အဖြစ် ခုတ်ပိုင်းလိုက်သည်။ နောက်ဆုံးတော့...

သေးငယ်သော ဂူပေါက်ဝတစ်ခု သူ၏ မျက်စိရှေ့မှာ ပေါ်လာသည်။

ဂျိချန်းဖန် အတွင်းကို ကြည့်လိုက်သောအခါ သူ ပထမဆုံး မြင်လိုက်ရတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကျန်းရှောင်ဖန် ဖြစ်သည်။ ထို့နောက် ထောင့်တစ်နေရာမှာ မှင်သက်စွာ ထိုင်နေတဲ့ အစိမ်းရောင်ဝတ် မိန်းကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ အကြည့်က ဂူပေါက်ဝကို စိုက်ကြည့်နေကာသူမ လုံးဝ တုန်လှုပ်သွားပုံရသည်?!

သူမ က အကြောက်လွန် ပြီး အရူးလို ဖြစ်သွားပြီလား ?

ဂျိချန်းဖန် မှင်သက်စွာ စိုက်ကြည့်နေတဲ့ ပိယောင်ကို လျစ်လျူရှုလိုက်သည်။ထို့နောက် သူက သူ့ ဓားအိမ်ကို မြှင့်ပြီး ကျန်းရှောင်ဖန်ကို ညင်သာစွာ တို့လိုက်ပြီး ရယ်မောရင်း ဆူပူလိုက်သည်-

"ရှောင်ဖန်၊ မင်း ဒီလောက်တောင် အိပ်နိုင်တာလား?"

"မင်း သေမှာ မကြောက်ဘူးလား?"

"အားး !" ကျန်းရှောင်ဖန် ရုတ်တရက် နိုးလာသည်။ ရုတ်တရက် ပေါ်လာတဲ့ ဂျိချန်းဖန်ကို မှင်သက်စွာ ကြည့်လိုက်၏။ သူက ခေါင်းကို ကုတ်လိုက်ပြီး ရယ်မောရင်း ပြောလိုက်သည်-

"သတ္တမမြောက် အစ်ကိုကြီး၊ ကျွန်တော် အကို လာကယ်လိမ့်မယ်လို့ ထင်ထားပြီးသားပါ မဟုတ်ဘူးလား?"

ဂျိချန်းဖန် ပြောစရာစကားမဲ့သွားပြီး ခေါင်းကိုခါယမ်းလိုက်မိသည်။ထို့နောက်သူက လက်လှမ်းပြီး ကျန်းရှောင်ဖန်ကို ဂူထဲက ဆွဲထုတ်လိုက်သည်။ ထို့နောက် ဆက်ပြောလိုက်သည် "မင်းရဲ့ အစ်မကြီးလုနဲ့ အစ်ကိုကြီးရှီကို သွားခေါ်လိုက်ဦး။ သူတို့ မင်းကို ရှာနေတုန်းပဲ။"

"ကောင်းပါပြီ။"

ကျန်းရှောင်ဖန် သူ၏ ဝိဉာဏ်ဝါးမြို တောင်ဝှေး ကို ကောက်ယူပြီး ချက်ချင်း ထွက်ခွာသွားသည်။

မထွက်ခွာမီ သူ ဂူထဲက ပိယောင်ကို ပြန်ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်-

"သတ္တမမြောက် အစ်ကိုကြီး၊ သူမက..."

"မကောင်းတဲ့လူ တစ်ယောက် မဟုတ်ပါဘူး။"

ဂျိချန်းဖန် ခေါင်းညိတ်လိုက်သည်။ သို့သော်သူ ဘာမှတော့ မပြောပေ။

သူ ဂူပေါက်ဝမှာဖြောင့်တန်းစွာ ရပ်နေကာ သူ၏ အဖြူရောင် ဝတ်ရုံက လေထဲ၌လွင့်ပျံနေသည်။ သူ၏ လက်တစ်ဖက်က သူ၏ ခါးက မြင့်မြတ်သော ဓားပေါ်မှာ တင်ထားကာ ဂူထဲက သနားစရာ အစိမ်းရောင်ဝတ် မိန်းကလေးငယ်ကို ငုံ့ကြည့်နေသည်။

ခဏတာ တုံ့ဆိုင်းပြီးနောက်

ဂျိချန်းဖန် လက်တစ်ဖက် ဆန့်ထုတ်ပြီး တည်ငြိမ်စွာ ပြောလိုက်၏ "ထွက်လာခဲ့။"

ဒါကို ကြားလိုက်ရတော့ ပိယောင် ချက်ချင်း ထိတ်လန့်သွားသည်။

သူမက သူမရှေ့က အဖြူရောင်ဝတ် လူကို မှင်သက်စွာ ကြည့်လိုက်ပြီး သွယ်လျသော ကျောက်စိမ်းကဲ့သို့ လက်တစ်ဖက်ကို တိတ်ဆိတ်စွာ ဆန့်ထုတ်လိုက်၏။

ဂျိချန်းဖန် သူမ၏ လက်ကို ဆုပ်ကိုင်ပြီး အပြင်သို့ ဆွဲထုတ်လိုက်သည်။

ထို့နောက် သူကဖြေးဖြေးချင်း ပြောလိုက်သည်-

"မင်း သွားနိုင်ပြီ။"

ပိယောင် အံ့အားသင့်စွာ သူ့ကို မော့ကြည့်လိုက်သည်။ သို့သော် အမြန် ခေါင်းငုံ့လိုက်ကာ မကြားတကြား တီးတိုးလေးပြောလိုက်၏။

"ရှင် ၊ ရှင် ကျမကို မသတ်တော့ဘူးလား?"

ဂျိချန်းဖန် ညင်သာစွာ ခေါင်းယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည် "ရှောင်ဖန်က မင်းအတွက် ကြားဝင်ပြောပေးခဲ့ပြီးပြီပဲ၊ ဒါကြောင့် ငါ သဘာဝအတိုင်း မင်းကို မသတ်တော့ပါဘူး..."

"...ကျေးဇူးတင်ပါတယ်" ပိယောင် တိုးညှင်းစွာ ပြောလိုက်သည်။

သူမ အနည်းငယ် စိတ်ရှုပ်ထွေးစွာ သူမ၏ စကတ်အနားစ ကလေးကို လုံး‌ခြေနေမိသည်။ ထို’ကျေးဇူးတင်ပါတယ်” ဟူသောစကား က ဘယ်သူ့အတွက်လဲဆိုတာ မသိပေ။

"မင်း ဘာပြောလိုက်တာလဲ?"

ဂျိချန်းဖန် သူမ ပြောလိုက်တာကို သိပ် မကြားလိုက်ပေ။

ပိယောင် သူမ နှုတ်ခမ်းကို အနည်းငယ် စေ့ပြီး ပြောလိုက်သည် "ကျေးဇူးတင်ပါတယ်... ငါ့ကို နှစ်ကြိမ်တိတိ ကယ်တင်ပေးခဲ့တဲ့အတွက်။"

"ဒါက မတော်တဆပါပဲ။"

ဂျိချန်းဖန် သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။

သူ ပိယောင်ကို ကယ်တင်ခဲ့တဲ့ နှစ်ကြိမ်စလုံးဟာ မတော်တဆသာ ဖြစ်သည်။

ပထမအကြိမ် ရေမြွေနက်ဆီကနေ သူမကို ကယ်တင်ခဲ့တာက သူ ကျန်းရှောင်ဖန်ကို ကယ်တင်ဖို့ လိုအပ်ခဲ့လို့ပါပဲ။ ဒီတစ်ကြိမ် သူမကို ကယ်တင်ခဲ့တာက သွေးစက် ဂူကို ရှာဖို့ လိုအပ်ခဲ့၍ဖြစ်၏..ပိယောင်က အပိုရလာသော အကျိုးအမြတ် သာ ဖြစ်သည်။

ဂျိချန်းဖန် ပိယောင်ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်ကာတွေးလိုက်မိ၏။

ဘာအကြောင်းကြောင့်မှန်းမသိ သူ အခု ပိယောင်က နည်းနည်း ထူးဆန်းနေတယ်လို့ အမြဲလိုလို ခံစား‌ နေရသည်။ အရင်က သူမ သူ့ကို မြင်တဲ့အခါ “တဏှာရူး' လို့ ခေါ်တာ ဒါမှမဟုတ် ရွံရှာတဲ့ အမူအရာ ပြတာပဲ ရှိသည်။

အခု ဘာလို့ ဒီလောက် ယဉ်ကျေးသွားရတာလဲ?

ဒါက အခုထိ တစ္ဆေဘုရင် ဂိုဏ်းရဲ့ ဂိုဏ်းသခင်မငယ် ဖြစ်နေတုန်းပဲလား?

ဂျိချန်းဖန် သိပ် စဉ်းစားမနေတော့ပေ။

သူ မူလ ဇာတ်လမ်းထဲကလိုပဲ ပိယောင်က သွေးစက် ဂူထဲမှာ ကျန်းရှောင်ဖန်နဲ့ စကားတွေ အများကြီး ပြောပြီး ပွင့်ပွင့်လင်းလင်း ဖြစ်သွားတာကြောင့် သူမရဲ့ လက်ရှိ စိတ်ခံစားမှုတွေ နည်းနည်း ထူးဆန်းနေတာလို့ပဲ ယူဆလိုက်သည်။

တကယ်တော့ ဒါက မမှားပါဘူး။

ပိယောင် ကျန်းရှောင်ဖန်နဲ့ စကားတွေ အများကြီး ပြောခဲ့တာ မှန်ပါတယ်။

သို့သော်...

သူတို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ အားလုံးက 'ဂျိချန်းဖန်' အကြောင်းပဲ ဖြစ်ပြီး စကားလုံး အားလုံးနီးပါးက ဂျိချန်းဖန်အကြောင်း ဖြစ်တယ်လို့တောင် ပြောနိုင်၏။

ဂျိချန်းဖန် သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြီး ပြောလိုက်သည် "မြန်မြန် သွားတော့၊ အခု မထွက်ရင် နောက် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။"

ရွှယ်ချီ နောက်မှ ပြန်လာတဲ့အခါ ထွက်သွားဖို့ ဒီလောက် လွယ်ကူတော့မည်မဟုတ်ချေ။

ပိယောင် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ထူးဆန်းသော ခံစားချက်တစ်ခု သူမ၏ မျက်လုံးထဲတွင် ပေါ်လာသည်။ သူမ၏ တောက်ပကြည်လင်သော အကြည့်က ဂျိချန်းဖန်အပေါ် ကျ‌ ရောက်သွားပြီးနောက် သူမ တိတ်တဆိတ် ထွက်ခွာသွားသည်။

ဂျိချန်းဖန် ပိယောင်၏ လုပ်ရပ်လေးများကို သတိမထားမိလိုက်ပေ။

သူ ဂူပေါက်ဝမှာ ရပ်ကာ လုရွှယ်ချီနှင့် အခြားသူများ ရောက်ရှိလာဖို့ စောင့်နေသည်။ သူတို့ ရောက်လာသည်နှင့် ဒီကမ္ဘာမှာ အကြီးမားဆုံးသော အခွင့်အရေးကို ကြည့်ဖို့ သွေးစက် ဂူထဲသို့ ဝင်ဖို့ စီစဉ်နေသည်—

“ ကောင်းကင် ကျမ်းစာ “

"ရှစ်!"

ဓားအလင်းတန်း အချို့ ဖျပ်ခနဲ ဖြစ်သွားကာ

လုရွှယ်ချီက ပထမဆုံး ရောက်လာ၏။

ရှီဟောင်နှင့် ကျန်းရှောင်ဖန်က နောက်ကနေ ကပ်ပါလာသည်။

"ဂျိ အစ်ကို။" လုရွှယ်ချီ ညင်သာစွာ ခေါ်လိုက်သည်။

သူမ၏ အသံက နူးညံ့လှသည်။ သူမ၏ မျက်လုံးထဲတွင် နူးညံ့မှု အရိပ်အယောင်တစ်ခု ရှိ‌ နေကာ သူမ၏ လှပသော မျက်နှာပေါ်က အေးစက်စက်အမူအရာက ပျောက်ကွယ်သွားပြီး လှပသော အပြုံးတစ်ခု အစားထိုးလာသည်။

"အားလုံး ရောက်လာပြီလား?"

"ဝင်ကြစို့။"

ဂျိချန်းဖန် ညင်သာစွာ ပြုံးပြီး

သူတို့ရှေ့က သွေးစက် ဂူကို ညွှန်ပြလိုက်သည်။

ဒါကို ကြားလိုက်ရတော့ ရှီဟောင်နှင့် အခြားသူများအားလုံး ကြည့်လိုက်ကြ၏။

"ဝင်ကြမလား? ညီ‌ေလး ဂျိ ၊ အထဲမှာ...?"

"အထဲမှာ သွေးစက် ဂူပဲ! ဒါက သွေးသန့်စင်ခြင်း ခန်းမ ရဲ့ တားမြစ်နယ်မြေ ဖြစ်လို့ အထဲမှာ ရတနာတချို့ ဝှက်ထားနိုင်တယ်။" ဂျိချန်းဖန် ပြောလိုက်သည်။

"ရတနာ?!"

ဒါကို ကြားလိုက်ရတော့ ရှီဟောင်နှင့် အခြားသူများ၏ မျက်လုံးများ ချက်ချင်း တောက်ပလာကြသည်။

ဒါက နတ်ဆိုး ဂိုဏ်းရဲ့ တားမြစ်နယ်မြေ ဖြစ်ရင်ကော ဘာဖြစ် သေးလဲ?

သူတို့ ဒီနေရာအထိ ရောက်လာပြီဆိုမှတော့ အထဲက ပစ္စည်းတွေက သူတို့ရဲ့ ကြိုးစားမှုအတွက် ဆုလာဘ်တွေ ဖြစ်လာပေလိမ့်မည်။

အထဲမှာ ဘယ်လို ကောင်းတဲ့ ရတနာတွေ ရှိမလဲဆိုတာ သူတို့ သိချင်နေကြ၏။

All Chapters