ရွှေရောင် အနှစ်သာရ မဟာလမ်းစဉ် ၊ ကောင်းကင် ကျမ်းစာ
Vol. 7 Ch. 62
ဂျိချန်းဖန် ကကောင်းကင် ကျမ်းစာ အတွဲ တစ် ကို သူ့ဘာသာ သိမ်းထားဖို့ ရည်ရွယ်ချက် မရှိခဲ့ပါချေ။
ဘာပဲဖြစ်ဖြစ် တောင်ခုနစ်ခု ပြိုင်မှာ ထိပ်ဆုံး လေးနေရာ ရခဲ့သူ အားလုံးကို သူ၏ အနာဂတ် မဟာမိတ်များအဖြစ် သတ်မှတ်နိုင်သည်။
ကျန်းရှောင်ဖန် ကတော့ ပြောစရာ မလိုပါပေ။
လုရွှယ်ချီ က ပိုလို့တောင် ဆိုးသေး၏ သူမက သူ့ လူ ဖြစ်သည်။
ရှီဟောင် ကလည်း လုံရှိုး တောင်ထိပ် ၏ အနာဂတ် ခေါင်းဆောင် ဖြစ်လာမည့်သူ ဖြစ်၍ စောစောစီးစီး ဆွဲဆောင်ထားရမည်။
ထို့ကြောင့် ဒါက ကောင်းကင် ကျမ်းစာ၏ အတွဲတစ် တစ်ခုသာ ဖြစ်သည်။
ဖွက်ထားဖို့ မလိုအပ်ပေ။
ဂျိချန်းဖန် ဒီလောက် သေးသိမ်တဲ့ လူစားမျိုး မဟုတ်ပါချေ။
သူ ကျင်းယွမ် ဂိုဏ်း ခေါင်းဆောင် ရာထူးကို တက်တဲ့အခါ သူ ပိုင်ဆိုင်တဲ့ ဓားပညာနှင့် မှော်ကျင့်စဉ် များကိုလည်း တောင်ခုနစ်ခုလုံးကိုဖြန့်ဝေပေးသွားမည်ဖြစ်၏။ထိုအရာက ကျင်းယွမ် ဂိုဏ်းရဲ့ အခြေခံကို တိုးမြှင့်ပေးလိမ့်မည်...
‘[ရေခဲ နှလုံးသား ဆုဒြာ ကို ဂိုဏ်းခေါင်းဆောင်ဆီကို ပေးဖို့ အခွင့်အရေးတစ်ခု ရှာဖို့ လိုအပ်တယ်။ အဲဒီအခါ ကျူးရှန် ဓားက အသေခံပြီးသုံးရမယ့်အစား အမြဲသုံးနိုင်တဲ့ ပစ္စည်းဖြစ်သွားလိမ့်မယ်”]
ဂျိချန်းဖန် စိတ်ထဲမှာ တွေးလိုက်၏။
ဪ၊ ရှောင်ဖန်လည်း ရေခဲ နှလုံးသား မှော်ပညာ လိုအပ်၏။
သူ၏ ဝိဉာဏ်ဝါးမြိုတောင်ဝှေးက အနည်းငယ် အန္တရာယ် ရှိနေဆဲ ဖြစ်ပြီး ကြိုတင် ကိုင်တွယ်ဖို့ လိုအပ်သည်။
ဟုတ်ပါတယ်၊ အခုတော့ အလျင်စလို မဟုတ်သေးပါပေ။
ကျင်းယွမ် ဂိုဏ်းကို ပြန်ရောက်မှ ဆွေးနွေးကြမည်။
လူလေးယောက် အဖွဲ့ ဂူထဲသို့ ဝင်လာကြသည်။
သူတို့ ဂူ၏ နက်ရှိုင်းရာသို့ ခရီးဆက်ကြရာ ထိုနေရာတွင် ရတနာဘဏ္ဍာတိုက် မရှိ၊ ပိတ်ဆို့နေသော လမ်းဆုံးသာ ရှိသည်။
“ညီေလး ဂျိ၊ ဒီ...” ရှီဟောင် အနည်းငယ် တုန်လှုပ်သွားသည်။
ဒါက လမ်းဆုံး မဟုတ် သေးဘူးလား?
ရတနာတိုက် ဘယ်မှာလဲ?
ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်ပြီး မလှမ်းမကမ်းက ရေကန်ငယ်တစ်ခုကို ညွှန်ပြပြီး ပြောလိုက်သည် “အစ်ကိုကြီး ရှီ၊ ဟိုကို ကြည့်လိုက်။”
ကြည့်လိုက်တော့ ရေကန်ပေါ်တွင် မှိန်ဖျော့သော အနီရောင် အလင်းတစ်ခု သိမ်မွေ့စွာ ပေါ်နေ၏။ ထိုအရာက သွေးစက်များ ဆက်တိုက် တစိမ့်စိမ့် ကျနေသလိုမျိုး ဖြစ်နေသည်။
“အေး?”
ရှီဟောင်၏ မျက်လုံးများ တောက်ပလာကာ
သူ ‘သွေး တစိမ့်စိမ့် ကျခြင်း’ ဆိုတဲ့ စကားလုံးကို တီးတိုး ရေရွတ်လိုက်မိသည်။
သူ ချက်ချင်း အရာအားလုံးကို နားလည်သွား၏။
သူ ဂျိချန်းဖန်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် ဂျိချန်းဖန်က လုပ်ဆောင်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာ မြင်လိုက်ရတော့ သူ တက်ကြွစွာ ထလိုက်ပြီး ရေကန်၏ နက်ရှိုင်းရာကို စူးစမ်းရှာဖွေဖို့ စတင်လိုက်သည်။
“ကလောင်—“
သေချာသည်၊ သူ ရေကန်၏ အောက်ခြေမှာ ခလုတ်များစွာကို တွေ့လိုက်ရသည်။
ညင်သာစွာ နှိပ်လိုက်သည်နှင့် ဂူတစ်ခုလုံး ချက်ချင်း တုန်ခါလာကာ
“ဒုန်းဒုန်း—“
ကျောက်တုံးများ ရွေ့လျားနေသော အသံ ပဲ့တင်ထပ်လာသည်။
ပတ်ပတ်လည်ကို ကြည့်လိုက်တော့ မူလ လမ်းဆုံးနေရာက ရုတ်တရက် လျှို့ဝှက် လမ်းကြောင်းတစ်ခု ပေါ်လာသည်။ ၎င်းသည် ‘ရတနာတိုက်’ ဆီသို့ ဦးတည်နေသည်။
လူအနည်းငယ်၏ မျက်နှာများ ဝမ်းမြောက်မှုဖြင့် တောက်ပလာသည်။
သူတို့ သတိထားစွာ လျှို့ဝှက် လမ်းကြောင်းထဲသို့ လျှောက်သွားကြ၏။
လျှို့ဝှက် လမ်းကြောင်းက အစပိုင်းမှာ ကျဉ်းမြောင်းပေမယ့် ၎င်းက တဖြည်းဖြည်း ကျယ်လာသည်။ ငါးဦး ဒါမှမဟုတ် ခြောက်ဦး ဘေးချင်းယှဉ် လျှောက်သွားဖို့ လုံလောက်သည့်အနေအထားထိ ကျယ်လာ၏။
ဂျိချန်းဖန်နှင့် အခြားသူများ ရှေ့သို့ ဆက်လက် သွားကြသည်။
မကြာမီမှာပင် ရှေ့က လမ်းကြောင်းက လမ်းနှစ်သွယ် ခွဲထွက်သွားသည်။ လမ်းခွဲများ၏ အပေါ်တွင် ကြီးမားသော စကားလုံးများစွာ ရှိသည်—
“ကောင်းကင်နှင့် မြေကြီးက ရက်စက်သည်၊ သတ္တဝါ အားလုံးကို ကောက်ရိုး ပုံစောင့် ခွေးများကဲ့သို့ သဘောထားသည်။”
ဒါကို မြင်လိုက်ရတော့ ရှီဟောင် သက်ပြင်းမချဘဲ မနေနိုင်ပေ၊ ပြောလိုက်သည် “ဘယ်လောက်တောင် ‘ရက်စက်တဲ့ ကောင်းကင်နှင့် မြေကြီး’ လဲ! နတ်ဆိုး ကျင့်ကြံသူ တွေ က ဒီလို နက်နဲတဲ့ ကောင်းကင်နှင့် မြေကြီး၏ အမှန်တရားကို နားလည်နိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့ဘူး?!”
ဂျိချန်းဖန် စိတ်အေးလက်အေး ပြောလိုက်သည် “ကမ္ဘာပေါ်မှာ ဘယ်လောက်တောင် ကြီးမြတ်တဲ့ စွမ်းအားတွေ ရှိသလဲ? တစ်စုံတစ်ဦး ဒီလို အမှန်တရားကို နားလည်တာ ပုံမှန်ပါပဲ။”
ဒီလို ပြောပြီး ဂျိချန်းဖန် မတုံ့ဆိုင်းတော့ပေ။
သူ ‘ကောင်းကင် ကျမ်းစာ အတွဲ တစ်’ လို့ ရေးထိုးထားတဲ့ လမ်းခွဲဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
ရှီဟောင်နှင့် အခြားသူများလည်း နောက်မှအမြန် လိုက်ပါသွားကြ၏။
သူတို့ မျှော်လင့်တကြီး လျှို့ဝှက် အခန်းတစ်ခန်းထဲသို့ ဝင်သွားကြသော်လည်း ကံမကောင်းစွာနဲ့ အတွင်းမှာ ရတနာများ မရှိပေ။
ထို လျှို့ဝှက် အခန်းက ကျင့်ကြံရေး အခန်း ဖြစ်ပုံရပါတယ်! ချောမွေ့သော နံရံတစ်ခုမှလွဲ၍ ဟောင်းနွမ်းနေသော ထိုင်ခုံတစ်ခုသာ ရရှိသည်၊ ဒါ့အပြင် တခြား ဘာမှ မရှိပေ။
“ကြည့်စမ်း!”
“ဒီ နံရံပေါ်မှာ စာလုံးတွေ ရှိတယ်?”
ကျန်းရှောင်ဖန် အော်ဟစ်လိုက်သည်။
ဒါကို ကြားလိုက်ရတော့ ရှီဟောင်နှင့် လုရွှယ်ချီ နှစ်ဦးလုံး ကြည့်လိုက်ကြ၏။
ဂျိချန်းဖန်ကတော့ သူ ဝင်လာတဲ့ အချိန်ကတည်းက သူ့ရဲ့ အကြည့်က ဒီ နံရံပေါ်မှာ စွဲမြဲနေပြီး မထွက်ခွာတော့ပေ။
“ရွှယ်ချီ၊ သေချာ ကြည့်လိုက်ပါ။”
“မင်း မှတ်မိသလောက် မှတ်ထားပါ။ ဒါက ငါတို့ ခရီးစဉ်ရဲ့ အဖိုးအတန်ဆုံး အခွင့်အရေးပဲ!”
ဂျိချန်းဖန် က ညွှန်ကြားလိုက်သည်။
ဒါကို ကြားလိုက်ရတော့ လုရွှယ်ချီ အနည်းငယ် တုန်လှုပ်သွားကာ
သူမ အလေးအနက် ခေါင်းညိတ်လိုက်၏။ထို့နောက် ‘ကောင်းကင် ကျမ်းစာ အတွဲ တစ်’ ကို အသေးစိတ် စိုက်ကြည့်နေသည်။
ကျန်းရှောင်ဖန်နှင့် ရှီဟောင် အချင်းချင်း ကြည့်လိုက်ကြသည်။
ဒီ နံရံပေါ်မှာ ဘာတွေ မှတ်တမ်းတင်ထားလဲဆိုတာ သူတို့ မသိပေမယ့် ဂျိချန်းဖန် ဒီလို ပြောလိုက်တာကြောင့် သူတို့ အချည်းအနှီးအဖြစ်ခံမှာမဟုတ်ပါချေ...
ချက်ချင်းဆိုသလို လေးဦးစလုံး နေရာမှာထိုင်ပြီး ကောင်းကင် ကျမ်းစာ အတွဲ တစ် ကို စိတ်အားထက်သန်စွာ နားလည်ဖို့ ကြိုးစားလိုက်ကြသည်။
‘ကောင်းကင်နှင့် မြေကြီး၏ ဖန်တီးမှု၊ လောက ဖရိုဖရဲဖြစ်ခဲ့သောအချိန်၌ ...’
နက်နဲသော စာလုံးတစ်လုံးပြီးတစ်လုံး ဂျိချန်းဖန်၏ စိတ်ထဲမှာ ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီး၏ နက်နဲသော အမှန်တရားအချို့ သူ၏ စိတ်ထဲမှာ ဖြည်းဖြည်းချင်း ထင်ဟပ်လာသလိုမျိုး သူ၏ တစ်ကိုယ်လုံး တုန်ခါသွားသည်ကို ခံစားလိုက်ရ၏
တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာကာ သူက မဟာတာအိုလမ်းစဉ်ကို နားလည်ခြင်း အခြေအနေသို့ ဝင်ရောက်သွားသည်!
ချက်ချင်းဆိုသလို အသံတစ်ခုက ဂျိချန်းဖန်၏ စိတ်ထဲမှ ပဲ့တင်ထပ်လာသည်...
【သင် ကောင်းကင် ကျမ်းစာ အတွဲ တစ် · အထွေထွေ အခြေခံဥပဒေသများ ကို လေ့လာခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကြားက နက်နဲသော အမှန်တရားများနှင့် ကျင့်ကြံခြင်း လမ်းစဉ်၏ အခက်အခဲကို နားလည်ခဲ့သည်။ သင့်စိတ်ထဲက ထိုးထွင်းသိမြင်မှုများကို ပေါင်းစပ်ပြီး သင်သည် ကောင်းကင်ကျမ်းစာ၏ ပုံစံအသစ်တစ်ခုကို ဖန်တီးခဲ့သည်၊ ၎င်း၏ နာမည်မှာ—ရွှေရောင် အနှစ်သာရ မဟာလမ်းစဉ် !!?】
“ဝုန်းး —“
ဂျိချန်းဖန် သူ့ကိုယ်သူ အထူးခြားဆုံး အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားသည်ကို ခံစားလိုက်ရ၏။သူသည် ဗဟုသုတ သမုဒ္ဒရာထဲသို့ ကျဆင်းသွားသကဲ့သို့ ပတ်ပတ်လည်မှာ ကောင်းကင်နှင့် မြေကြီး၏ နက်နဲသော အမှန်တရား အမျိုးမျိုး ဝန်းရံနေသည်။ထို့နေက် ကြီးကျယ်ခမ်းနားသော လမ်းစဉ်တစ်ခု သူ၏ မျက်လုံးများရှေ့ ပေါ်လာသည်...
သူ ထို ကြီးကျယ်ခမ်းနားသော လမ်းစဉ်ကို ထိတွေ့ ဆုပ်ကိုင်ချင်ခဲ့သည်။သို့သော်... သူ မအောင်မြင်ခဲ့ ချေ။
“အခြေခံ အုတ်မြစ် မလုံလောက်တာလား?”
ဂျိချန်းဖန် ဖြည်းဖြည်းချင်း သူ့မျက်လုံးများ ဖွင့်လိုက်ကာ
ကျင့်ကြံခြင်း လမ်းစဉ်၏ ရှေ့ပြေး ပုံစံတစ်ခုလည်း သူ၏ စိတ်ထဲမှာ ပေါ်လာသည်၊ သို့သော် ကံမကောင်းစွာနဲ့ထိုအရာက မပြည့်စုံသေး ပေ။
ကောင်းကင် ကျမ်းစာ အတွဲတစ်ကို အပြည့်အဝ ပေါ်ထွန်းလာအောင် မလုပ်နိုင်ခဲ့ချေ။
ဒါမှမဟုတ် ဂျိချန်းဖန်၏ စိတ်ထဲက ထိုးထွင်းသိမြင်မှုများက ၎င်းကို အပြည့်အဝ နားလည်ရန် မလုံလောက်ဘူးလို့ ဆိုလိုခြင်းလည်းဖြစ်နိုင်၏။
“ငါ ကောင်းကင် ကျမ်းစာ အားလုံးကို အမြန်ဆုံး ရဖို့ နည်းလမ်း ရှာရမယ်ထင်တယ်။”
ဂျိချန်းဖန် စိတ်ထဲမှာ တွေးလိုက်သည်။
သူ ကောင်းကင် ကျမ်းစာ အတွဲ ငါး ခုလုံးကို စုဆောင်းတဲ့အခါ ‘ရွှေရောင် အနှစ်သာရ မဟာလမ်းစဉ်’ ပေါ်ထွန်းလာမယ့် အချိန် ဖြစ်လိမ့်မည်ဟု သူ ကြိုတင် ခံစားမိသည်။
“ဟူး—“
ဂျိချန်းဖန် ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်၏။
သူ ခေါင်းလှည့်လိုက်တော့ ရှီဟောင်နှင့် အခြားသူများ နိုးနေကြပြီ ဖြစ်သည်။
“ညီလေး ဂျိ၊ ဒီပေါ်မှာ ဘာတွေ တိတိကျကျ မှတ်တမ်းတင်ထားတာလဲ?” ရှီဟောင်၏ အသံက အနည်းငယ် တုန်ယင်နေသည်။
သူ ဒီ ကောင်းကင် ကျမ်းစာ အတွဲကို စိုက်ကြည့်နေခဲ့သည့်အချိန်တွင် ၎င်းအတွင်းမှာ ပါဝင်တဲ့ နက်နဲတဲ့ အမှန်တရားတချို့ သူတို့ရဲ့ ကျင်းယွမ် ဂိုဏ်း၏ ထိုက်ကျိ ရွှမ်းချင် လမ်းစဉ် နဲ့ ထူးဆန်းစွာ တိုက်ဆိုင်နေသည်ကို တွေ့လိုက်ရသည်?!
ဟစ်—
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ?
ဒါ ဘယ်လို လုပ် ဖြစ်လာနိုင်တာလဲ?!
လူတစ်ဦး သိထားရမှာ... ဒီပစ္စည်းက နတ်ဆိုး ဂိုဏ်းကလာတာ!
ဒါ ဘာလို့ သူတို့ရဲ့ ကျင်းယွမ် ဂိုဏ်း၏ အဓိက ကျင့်ကြံခြင်း နည်းစနစ်နဲ့ ဒီလောက်တောင် ဆင်တူနေရတာလဲ?!
လုရွှယ်ချီ သူမ၏ နှုတ်ခမ်းကို အနည်းငယ် စေ့ထားသည်။ သူမ၏ မျက်လုံးများက ဂျိချန်းဖန်ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေ၏။ အဘယ်ကြောင့်ဆိုတာ နားလည်ဖို့ လိုချင်ပုံရသည်။
ကျန်းရှောင်ဖန် သူ၏ ခေါင်းကို ကုတ်လိုက်ကာ
သူ ဒီ ကောင်းကင် ကျမ်းစာ အတွဲကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းက ထိုက်ကျိ ရွှမ်းချင် လမ်းစဉ်နှင့် မဟာ ဗြဟ္မာ ဉာဏ်ပညာ က သိမ်မွေ့စွာပေါင်းစပ် နေကြ၏။
ဒီ... သူ ပြောဖို့ မဝံ့ရဲဘူး၊ မေးဖို့လည်း မဝံ့ရဲပေ။
“ဪ...” ဂျိချန်းဖန် ညင်သာစွာ သက်ပြင်းချလိုက်သည်။ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ သူ့ရှေ့က ကောင်းကင် ကျမ်းစာ အတွဲ တစ် ကို ကြည့်လိုက်ပြီး စိတ်အေးလက်အေး ပြောလိုက်သည်-
“ရှီ အစ်ကိုကြီး၊ ကြားဖူးလား? ကျွန်တော်တို့ရဲ့ ကျင်းယွမ် ဂိုဏ်းရဲ့ ထိုက်ကျိ ရွှမ်ချင်း လမ်းစဉ်ကို ကျွန်တော်တို့ရဲ့ လေးစားရတဲ့ ဘိုးဘေး ဆရာကြီး က အမည်မသိ ရှေးဟောင်း ကျမ်းလိပ်တစ်ခုကနေ နားလည်ခဲ့တာပါ။”
ရှီဟောင်နှင့် အခြားသူများ အနည်းငယ် တုန်လှုပ်သွားကြသည်။
ဂျိချန်းဖန် ဆက်လက် ပြောသည် “ထျန်းရင် ဘုရားကျောင်း ရဲ့ မဟာ ဗြဟ္မာ ဉာဏ်ပညာကိုလည်း သူတို့ရဲ့ ဘိုးဘွား ဆရာကြီးက စာလုံးမပါတဲ့ ကျောက်စိမ်းပြားတစ်ခုကနေ နားလည်ခဲ့တာ။ အဲဒီ စာလုံးမပါတဲ့ ကျောက်စိမ်းပြားမှာ...”
“ရှေးဟောင်း ကျမ်းလိပ်တစ်ခုကိုလည်း မှတ်တမ်းတင်ထားတယ်။”
“နတ်ဆိုး ဂိုဏ်းကလည်း ဒီလိုပါပဲ။”
“ဘာ?!” ဒါကို ကြားလိုက်ရတော့ ရှီဟောင်နှင့် အခြားသူများ ချက်ချင်း အကြီးအကျယ် ထိတ်လန့်သွားကြသည်။
ဂျိချန်းဖန်၏ ပြောဆိုချက်အရ ဗုဒ္ဓဘာသာ၊ တာအိုဘာသာနှင့် နတ်ဆိုး ဂိုဏ်းများ အားလုံး အရင်းအမြစ် တစ်ခုတည်းကနေ လာတာ မဟုတ်ဘူးလား? ဂိုဏ်း သုံးခုလုံး၏ ကျင့်ကြံခြင်း နည်းစနစ်များ အားလုံး က အမည်မသိ ရှေးဟောင်း ကျမ်းလိပ်တစ်ခုကနေ နားလည်ခဲ့တာ...
ဒါ ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းလိုက်သလဲ!
ဒီကိစ္စ ပျံ့နှံ့သွားရင် ကမ္ဘာတစ်ခုလုံးကို လှုပ်ခါသွားစေလိမ့်မည်!
လုရွှယ်ချီ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ ဒီသတင်းကြောင့် သူမလည်း အကြီးအကျယ် ထိတ်လန့်သွားတာ ရှင်းရှင်းလင်းလင်း သိသာ၏။
ဗုဒ္ဓဘာသာ၊ တာအိုဘာသာနှင့် နတ်ဆိုးများ အရင်းအမြစ် တစ်ခုတည်းကနေ လာတာလား?
ဒီ... ရှီဟောင်၏ နှုတ်ခမ်းများ အနည်းငယ် တုန်ယင်နေသည်။ သူ ပြောလိုက်သည် “ဂျိ ညီငယ်၊ ငါတို့ ဒီကိစ္စကို ဂိုဏ်းခေါင်းဆောင် ဆရာကြီး နဲ့ တခြားသူတွေကို ပြောပြသင့်သလား?”
“အကိုရှီ စိတ်ပူစရာ မလိုပါဘူး။” ဂျိချန်းဖန် ညင်သာစွာ ခေါင်းယမ်းလိုက်သည်။ တည်ငြိမ်စွာ ပြောသည်-
“ဒီကိစ္စကို ငါ ကိုယ်တိုင် ဂိုဏ်းခေါင်းဆောင်ကြီးကို တင်ပြပါ့မယ်။”
ဒါကို ကြားလိုက်ရတော့ ရှီဟောင်နှင့် အခြားသူများ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။
ဒီကိစ္စက အရေးကြီးလွန်းတာကြောင့် သူတို့ ပြောဆိုဖို့ မဝံ့ရဲကြပေ။
သူတို့ ဒီကိစ္စကို သူတို့၏ နှလုံးသားထဲမှာ သိုဝှက်ထားဖို့သာ တတ်နိုင်ကြ၏။