← Chapters

ကမ္ဘာပေါ်ရှိ စာလုံးရေ ဆယ်သန်းထဲကမှ 'အချစ်' ဟူသော စာလုံး တစ်လုံးတည်းသာ လူကို အနာကျင်စေဆုံး ဖြစ်စေ၏။

Vol. 7 Ch. 63

ကမ္ဘာပေါ်ရှိ စာလုံးရေ ဆယ်သန်းထဲကမှ 'အချစ်' ဟူသော စာလုံး တစ်လုံးတည်းသာ လူကို အနာကျင်စေဆုံး ဖြစ်စေ၏။

Vol. 7 Ch. 63

လုရွှယ်ချီ နှင့် တခြား နှစ်ဦးစလုံး တိတ်ဆိတ်နေကြသည်။

ဘာပဲဖြစ်ဖြစ်...

ထိုကိစ္စက အရမ်း မယုံနိုင်စရာ ကောင်းလွန်းသည်ပင်။ထိုအရာက

သူတို့၏ လက်ရှိလောကအပေါ် အမြင်ကို လုံးဝ ပြောင်းလဲလုနီးနီး ဖြစ်စေခဲ့သည်။

ဗုဒ္ဓဘာသာ၊ တာအိုဘာသာနှင့် နတ်ဆိုး ကျင့်ကြံခြင်းများ အားလုံး အရင်းအမြစ် တစ်ခုတည်းကနေ လာတာလား?!

ဘယ်သူ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ ထိုကိစ္စသာ ထွက်ပေါ်သွားရင် ကမ္ဘာကြီး ဗရုတ်ဗယက် ဖြစ်သွားမှာ သေချာသည်။

ကျန်းရှောင်ဖန် ပြောဖို့ တုံ့ဆိုင်းနေ၏ သူ ပြောချင်တာ တစ်ခု ရှိသော်လည်း သူ နောက်ဆုံးတော့ မပြောခဲ့ပါချေ။ ဘာလို့လဲဆိုတော့ သူ က လူအချို့ကို ကတိပေးထားလို့ပါပဲ။

သူ သေသည်အထိ မပြောဘဲ နေလို၏။

သူ့ကို အရမ်း ကောင်းကောင်း မွန်မွန် ဆက်ဆံခဲ့တဲ့ သူ၏ သတ္တမမြောက် အစ်ကိုကြီး ဖြစ်ရင်တောင်မှ။သူ ရုတ်တရက် ထုတ်ပြော၍ မရပေ။

ကျန်းရှောင်ဖန်က ထိုကဲ့သို လူစားမျိုးပဲ ဖြစ်သည်။

သူ တစ်ခုခုကို ဆုံးဖြတ်ချက် ချပြီးတာနဲ့ သူ သေသည်အထိ ပြောင်းလဲသွားမှာ မဟုတ်ချေ။

ဂျိချန်းဖန် က ကျန်းရှောင်ဖန်၏ တုံ့ဆိုင်းမှုကို သတိထားမိခဲ့ပေမယ့် သိပ် အာရုံမစိုက်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် သူ ကျန်းရှောင်ဖန် မဟာ ဗြဟ္မာ ဉာဏ်ပညာ ကျင့်စဥ် ကျင့်ကြံနေတဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့ပြီးပြီ...

ကြောက်စရာ ဘာမှ မရှိတော့ပေ။

ဂျိချန်းဖန် သူ့ရှေ့က နံရံကို ကြည့်ဖို့ ခေါင်းလှည့်လိုက်ကာ နံရံပေါ်က ကောင်းကင် ကျမ်းစာ အတွဲတစ် ကို ဂရုတစိုက် မှတ်သားထားခဲ့သည်။

အခု ထွက်ခွာဖို့ အချိန်တန်ပြီဖြစ်၍

"ဝှီး—"

ဂျိချန်းဖန် အမှောင် ဆီးနှင်း ဓား ကို မဆိုင်းမတွ ဆွဲထုတ်လိုက်သည်။

ချက်ချင်းဆိုသလို တောက်ပသော ဓားအလင်းရောင် တစ်ခု ဖျပ်ခနဲ ဖြစ်သွားကာ သူ့ရှေ့က ကောင်းကင် ကျမ်းစာ အတွဲတစ်ကို မှတ်တမ်းတင်ထားသော နံရံ ဓားအလင်းရောင်ဖြင့် ချက်ချင်း ကြေမွသွားသည်။

"ဒုန်းဒုန်း—"

ဂျိချန်းဖန်လည်း သူ၏ လက်ထဲက အမှောင် ဆီးနှင်း ဓား ကို သိမ်းလိုက်ပြီး မဆိုင်းမတွ လှည့်ထွက်သွားသည်။

သူ၏ လုပ်ငန်း ပြီးမြောက်သွား‌ သောအခါ သူ၏ အင်္ကျီလက်များကို ခါလိုက်ပြီး ဝါရင့်သိုင်းသမားတစ်ဦးဟန်ပန် ဟိတ်ဟန်ထုတ်လိုက်၏။

"သွားကြစို့၊ တခြား တစ်ဖက်ကို သွားကြည့်ရအောင်။" ဂျိချန်းဖန် ညင်သာစွာ ပြောလိုက်ကာထွက်ခွာသွားသည် ။ ထိုအခါ

လုရွှယ်ချီ ၊ ရှီဟောင်နှင့် ကျန်းရှောင်ဖန်လည်း လိုက်ပါသွားကြသည်။

သူတို့ ဂျိချန်းဖန် ကောင်းကင် ကျမ်းစာ အတွဲ တစ် ကို ဖျက်ဆီးပစ်လိုက်တဲ့ လုပ်ရပ်ကို မကျေနပ်မှု မရှိကြပါချေ။ နတ်ဆိုး ဂိုဏ်းက ပစ္စည်းကို ဖျက်ဆီးပစ်တာက သေချာပေါက် မှန်ကန်တဲ့ လုပ်ရပ်ပင်ဖြစ်၏။

လူလေးယောက် အဖွဲ့ သူတို့ လာခဲ့တဲ့ လမ်းအတိုင်း ပြန်လာကြသည်။

သူတို့ 'ကောင်းကင်နှင့် မြေကြီးက ရက်စက်သည်၊ သတ္တဝါ အားလုံးကို ကောက်ရိုး‌ စောင့်ခွေးများကဲ့သို့ သဘောထားသည်' လို့ မှတ်တမ်းတင်ထားတဲ့ လမ်းခွဲဆီကို ပြန်ရောက်လာ၏။

တခြား တစ်ဖက်မှာ တကယ်တော့ သိပ် မများပါချေ။

ပျော်ရွှင်ဖွယ် ပေါင်းစည်းခြင်း ခေါင်းလောင်း တစ်ခုမှလွဲ၍ အန္တရာယ်ရှိသော ကျိန်စာ—ချစ်ခြင်းမေတ္တာ၏ စွဲမက်ဖွယ် ကျိန်စာ သာ ရှိသည်။

ဪ၊ ဟုတ်သည်၊ အလောင်းတစ်ခုလည်း ရှိ‌ သေးသည်။

လွန်ခဲ့သော နှစ်ရှစ်ရာက နှလုံးနက်လူအိုကြီး ဖြစ်သည်ပင်။

ဂျိချန်းဖန်နှင့် အခြားသူများ လမ်းကြောင်းကို ဖြတ်လျှောက်လာကြသည်။ မကြာမီမှာပင် သူတို့ ရှေ့မှာ ဧရာမ ကျောက်ရုပ် နှစ်ခုကို တွေ့လိုက်ရသည်။ ၎င်းတို့အောက်တွင် ပုံဆောင်ခဲ ဖြစ်နေသော အလောင်းတစ်ခု ထိုင်လျက် ရှိနေသည်...

"လူတစ်‌ယောက်လား?!"

ရှီဟောင် ချက်ချင်း ထိတ်လန့်သွား၏။

သို့သော် ပိုနီးကပ်စွာ ကြည့်လိုက်သောအခါ

ဒါက သေနေတဲ့ လူတစ်ယောက် ဖြစ်နေသည်။

"မကြောက်ပါနဲ့၊ ဒီလူက လွန်ခဲ့တဲ့ နှစ်ရှစ်ရာက နှလုံးနက်လူအိုကြီး ဖြစ်နိုင်ပါတယ်။" ဂျိချန်းဖန် ညင်သာစွာ ခေါင်းယမ်းလိုက်ကာ

သူ ပုံဆောင်ခဲ ဖြစ်နေသော အလောင်းကို ကျော်ဖြတ်ပြီး လျှောက်သွားသည်။ထို့နောက် လျှို့ဝှက် အခန်းဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်၏။

"ဝှီး—"

အဖွဲ့ လျှို့ဝှက် အခန်းဆီသို့ ရောက်လာသည်။

ဒီ လျှို့ဝှက် အခန်းမှာ မှော် ရတနာများအများကြီး ရှိတယ်ဆိုတာ သူတို့ တွေ့လိုက်ရသည်?!

သို့သော် ကံမကောင်းစွာနဲ့ ဒီ မှော် ရတနာများ ရဲ့ အရည်အသွေးက သိပ် မကောင်းပေ။ နှစ်ပေါင်း ရာချီကြာအောင် တိုက်စားခံရပြီးနောက် သူတို့၏ ဝိညာဉ် ချီ အားလုံးကို ဆုံးရှုံးသွားပြီး သံအပိုင်းအစများ ပုံအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

"ဒီပေါ်မှာ သေတ္တာတစ်ခု ရှိတာလား?"

လုရွှယ်ချီ၏ အကြည့်က ဝေ့ကြည့်လိုက်သည်။ သူမ ဗီရိုပေါ်မှာ တင်ထားတဲ့ သေးငယ်တဲ့ အနက်ရောင် သေတ္တာတစ်ခုကို ချက်ချင်း တွေ့လိုက်ရသည်။

"ဂရုစိုက်ပါ၊ အဆိပ် ရှိနိုင်တယ်။" ဂျိချန်းဖန် သတိပေးလိုက်သည်။

သူ လက်ဝှေ့ယမ်းလိုက်သည်။ ဓားထိန်းချုပ် နည်းစနစ်ကိုပစ္စည်းအပေါ် အသုံးပြုပြီး သေးငယ်တဲ့ သေတ္တာကို ဗီရိုပေါ်ကနေ အောက်ကို ရွှေ့လိုက်သည်။ ထို့နောက် ဓားဆန္ဒ ကို ထုတ်လွှတ်ပြီး အဝေးကနေ သေးငယ်တဲ့ သေတ္တာကို ဖွင့်လိုက်သည်...

"ဝှီး!"

နောက်တစ်ခဏတွင် လျှို့ဝှက် အခန်းထဲမှာ အနက်ရောင် မီးခိုး များထူထပ်စွာ ပေါ်လာသည်။

ဒါက အစွမ်းထက်တဲ့ အဆိပ် ဖြစ်တာ ရှင်းရှင်းလင်းလင်း သိသာ၏ထို့ကြောင့် လုရွှယ်ချီနှင့် အခြားသူများ သူတို့၏ ပါးစပ်နှင့် နှာခေါင်းကို အမြန် ဖုံးအုပ်ပြီး နောက်သို့ ဆုတ်သွားကြသည်။

"ဝှီး—"

ဂျိချန်းဖန် သူ၏ ဝတ်ရုံကို ညင်သာစွာ ဝှေ့ယမ်းလိုက်သောအခါ ချက်ချင်းဆိုသလို ညင်သာသော လေပြေတစ်ခု တိုက်ခတ်သွားသည်။

ဒါက လျှို့ဝှက် အခန်းထဲက အဆိပ်ငွေ့ကို အပြင်ဘက်သို့ပြန့်နှံ့သွားစေသည်။

ပတ်ပတ်လည်ကို ကြည့်လိုက်တော့ သေးငယ်သော ခေါင်းလောင်းတစ်ခုကို သေးငယ်တဲ့ သေတ္တာထဲမှာ ထားထားသည်ကိုသာ တွေ့နိုင်သည်။ ၎င်းပေါ်တွင် မှိန်ဖျော့သော ဝိညာဉ် အလင်းတစ်ခု တောက်ပနေသည်။ ၎င်း၏ အတွင်းနံရံတွင် မှိန်ဖျော့သော ကျောက်စာတချို့ ရေးထိုးထားသည်—

ရွှေရောင် ခေါင်းလောင်း၏ ကြည်လင်သော အသံသည် ဝမ်းနည်းစရာကောင်းသော ပုံပြင်တစ်ပုဒ်ကို ပြောပြနေသကဲ့သို့ ဝမ်းနည်းဖွယ်ကောင်းသည်။

"ဒိန်-လိန်-လိန်~"

သေတ္တာထဲက သေးငယ်သော ခေါင်းလောင်းက ညင်သာစွာ ယိမ်းထိုးကာ ကြည်လင်သော အသံတစ်ခုကို ထုတ်လွှတ်နေသည်။

၎င်းသည် ပတ်ဝန်းကျင်က လူများကို အာရုံခံနိုင်ပုံရသည်?!

ဒီအခိုက်အတန့်မှာ ကျန်းရှောင်ဖန်၏ လက်ထဲမှ တောင်ဝှေး ပေါ်တွင် အနီရောင် တောက်ပသော အလင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်းသည် ပျော်ရွှင်ဖွယ် ပေါင်းစည်းခြင်း ခေါင်းလောင်း ၏ နှုတ်ဆက်ခြင်းကို တုံ့ပြန်နေသလိုမျိုး ဖြစ်သည်။

"ဪ။" ဂျိချန်းဖန် ဒါတွေ အားလုံးကို သတိထားမိသည်။ သူ ညင်သာစွာ သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်စွာ ပြောလိုက်သည်-

" ကမ္ဘာပေါ်ရှိ စာလုံးရေ ဆယ်သန်းထဲကမှ 'အချစ်' ဟူသော စာလုံး တစ်လုံးတည်းသာ လူကို အနာကျင်စေဆုံး ဖြစ်စေ၏။”

ဒီစကားတွေ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရှီဟောင်နှင့် အခြားသူများ တုန်ယင်သွားကြသည်။

လုရွှယ်ချီ ဂျိချန်းဖန်ကို နူးညံ့စွာ ချစ်ခင်သော အမူအရာဖြင့် ကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ဂျိချန်းဖန်၏ ဘေးသို့ ရောက်လာသည်။ သူမ၏ နူးညံ့သော ဆံပင်ကနေ မှိန်ဖျော့သော ရနံ့တစ်ခု ထွက်လာကာပြောလိုက်၏

“ကျွန်မ ရှင်နဲ့ အတူ ရှိနေပါ့မယ်”။

ရှီဟောင် ကလည်းမှင်သက်စွာ ပြောလိုက်သည်- "ဂျိ ညီငယ်၊ ဒီ ခေါင်းလောင်းက..."

ဂျိချန်းဖန် ရှင်းပြသည်- "ဒါက လွန်ခဲ့တဲ့ နှစ်ရှစ်ရာက ရွှေ‌ခေါင်းလောင်းရဲ့မိန်းမပျိုရဲ့ မှော် ရတနာ—ပျော်ရွှင်ဖွယ် ပေါင်းစည်းခြင်း ခေါင်းလောင်း ဖြစ်သင့်တယ်။"

လုရွှယ်ချီ သေတ္တာထဲက သေးငယ်သော ခေါင်းလောင်းကို တောင့်တသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမ ဒီ မှော် ရတနာ ကို လိုချင်နေမိသည်။ ဖြစ်ကောင်းဖြစ်နိုင်တာက သူမ ကမိန်းမတစ်ယောက် ဖြစ်လို့လား?!

ထို့အပြင်...

ဒီကမ္ဘာမှာ သစ္စာရှိသူတွေ မရှားပါဘူး နတ်ဆိုး ဂိုဏ်းမှာတောင် အတူတူပဲ ဖြစ်၏။

သစ္စာရှိသူများက သစ္စာတရားကို အမြဲ နှလုံးသားမရှိသူများအား ပြောပြနေရသည်။

ဂျိချန်းဖန် ပျော်ရွှင်ဖွယ် ပေါင်းစည်းခြင်း ခေါင်းလောင်း ကို ကောက်ယူလိုက်သည်။ သူ လုရွှယ်ချီ၏ တောင့်တသော အကြည့်ကို လျစ်လျူရှုလိုက်ကာသေးငယ်သော ခေါင်းလောင်းကို သူ၏ ခါးမှာ ပေါ့ပေါ့ပါးပါး ချိတ်ဆွဲလိုက်ပြီး ထို့နောက်...

သူ သူ၏ ခါးမှာ ချိတ်ဆွဲထားသော လျှိုဟော်မှန် ကို ဖြုတ်ချလိုက်သည်။ထို့နောက်

"ရွှယ်ချီ၊ ပျော်ရွှင်ဖွယ် ပေါင်းစည်းခြင်း ခေါင်းလောင်း က နည်းနည်း ညံ့တယ်။ မင်း မယူတာ ပိုကောင်းမယ် လျှိုဟော်မှန် ကို အကာအကွယ်အတွက် ယူထားလိုက်ပါ။"

ဂျိချန်းဖန် ညင်သာစွာ ပြောလိုက်သည်။

ဒါကို ကြားလိုက်ရတော့ လုရွှယ်ချီ အနည်းငယ် တုန်လှုပ်သွားကာ သူမ မဆိုင်းမတွ သူမ၏ လက်ကို ပြန်ရုပ်သိမ်းပြီး ခေါင်းယမ်းလိုက်သည်၊ ပြောလိုက်သည် "မယူပါဘူး၊ လျှိုဟော်မှန် က ဂိုဏ်းခေါင်းဆောင် ဆရာကြီးက အကို့ ကို ပေးထားတဲ့ မှော် ရတနာ ပါ။ ဘယ်လိုလုပ် ကျွန်မယူနိုင်မှာလဲ?"

"မင်း ထင်တာ ကို့ရဲ့ လက်ရှိ ကျင့်ကြံမှုက အခုထိ လျှိုဟော်မှန် ကို လိုအပ်နေတုန်းပဲလား?" ဂျိချန်းဖန် ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်၏။

"ဂိုဏ်းခေါင်းဆောင် ကြီးကိစ္စလား? ရတယ်၊ ငါ သူ့ကို သွားရှင်းပြမယ်။"

လုရွှယ်ချီ အခုထိ ငြင်းဆန်နေဆဲပင်။

သူမ လုံးဝ မယူပေ။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့

ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည် "မင်း တကယ် မလိုချင်ဘူးလား? ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းက နောက်ဆုံးတော့ မင်းလက်ထဲ ရောက်လာမှာပဲ။"

လုရွှယ်ချီ သူမ၏ ခေါင်းကို စောင်းလိုက်သည်။

သူ ဘာလို့ ဒီလို ပြောရတာလဲလို့ မေးနေသလိုမျိုး ဖြစ်၏။

ဂျိချန်းဖန် ပြုံးပြီး ပြောလိုက်သည် "ခဏကြာရင် ငါ အစ်မကြီးရွှယ်ယွဲ့ဆီမှာ မင်းကို လက်ထပ်ခွင့် တောင်းဖို့ သွားမယ်။ လျှိုဟော်မှန် က လက်ထပ်လက်ဆောင် ဖြစ်လိမ့်မယ်။ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ယူရလိမ့်မယ်!!"

"အာ?!"

ဒီစကားတွေ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လုရွှယ်ချီ၏ နှလုံးသား ရုတ်တရက် ရှက်ရွံ့မှုဖြင့် ပြည့်သွားသည်။

ဘေးက ရှီဟောင်နှင့် ကျန်းရှောင်ဖန် အချင်းချင်း ကြည့်လိုက်ကြကာ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တိတ်ဆိတ်စွာ လှည့်ပြီး တစ်ယောက်ကိုတစ်ယောက် မှီလိုက်ကြသည်...

"မင်း လိုချင်လား မလိုချင်ဘူးလား?" ဂျိချန်းဖန် ထပ်မေးလိုက်သည်။

လုရွှယ်ချီ ခဏလေးသာ တုံ့ဆိုင်းနေလိုက်၏။

ထို့နောက် သူမ ခေါင်းငုံ့လိုက်သည်။ သူမ၏ မျက်နှာ ရဲနေပြီး လျှိုဟော်မှန်ကို အမြန် ယူလိုက်သည်။ ထို့နောက်သူမ၏ ခါးပေါ်က အထင်ရှားဆုံး နေရာမှာ ချိတ်ဆွဲလိုက်သည်။

ဂျိချန်းဖန် ကျေနပ်စွာ ခေါင်းညိတ်ကာတွေးလိုက်သည်

လျှို‌ဟော်မှန်က သူ့အတွက် အခြေခံအားဖြင့် အသုံးမဝင်တော့ပေ။ ဘာပဲဖြစ်ဖြစ်...

ထိုပစ္စည်းက တိုက်ခိုက်မှု အားလုံးကို ဖယ်ရှားနိုင်တယ်လို့ ပြောကြသည်။

ဒါပေမယ့် အဲဒါက ပြောရုံသက်သက်ပါပဲ။ ရှန်ကျင်း ၏ နောက်ဆုံး အဆင့် ကို ရောက်ပြီးနောက် အခြေခံအားဖြင့် အသုံးမဝင်တော့ပေ။

ဟုတ်ပါတယ်၊ လုရွှယ်ချီအတွက်ကတော့ အံဝင်ခွင်ကျ ဖြစ်သည်။

အနည်းဆုံးတော့ သူမ အချိန်အတော်ကြာ အသုံးပြုဖို့ လုံလောက်လိမ့်မည်။

"ဂျိ ညီ‌‌လေး၊ ဒီမှာ တစ်ခုခု မြင်လား?!"

ရှီဟောင်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် ခေါင်းလှည့်ကြည့်လိုက်၏။

လုရွှယ်ချီ သူမ၏ ပါးများကို ညင်သာစွာ ပုတ်လိုက်ကာ သူမ၏ မျက်နှာ အခုလောက် မနီတော့ဘူးဆိုတာ သေချာအောင် လုပ်ပြီးနောက် လိုက်ပါသွားသည်။

ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ

ရှီဟောင်နှင့် ကျန်းရှောင်ဖန် ရပ်နေကြသည်ကိုသာ တွေ့ရသည်။

သူတို့ရှေ့က နံရံပေါ်မှာ သေးငယ်သော ခလုတ်တစ်ခု ရှိသည်။ ၎င်း၏ အရွယ်အစားက သူတို့ ခုနက ရခဲ့တဲ့ ပျော်ရွှင်ဖွယ် ပေါင်းစည်းခြင်း ခေါင်းလောင်း နဲ့ အတိအကျ နီးပါး တူညီနေခြင်းပင်။

All Chapters