← Chapters

မြေခွေး နတ်ဆိုးတွေ အားလုံး ဒီလောက် ရူးသွပ်ကြတာလား?

Vol. 7 Ch. 65

မြေခွေး နတ်ဆိုးတွေ အားလုံး ဒီလောက် ရူးသွပ်ကြတာလား?

Vol. 7 Ch. 65

“မင်းလား?”

ပိယောင် ကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ ဂျိချန်းဖန် ထိတ်လန့်သွားကာ သူက ယိုဂျီ ကို ကြည့်လိုက်ပြီး မေးလိုက်သည် “မင်း ဒီကို ဘာလုပ်ဖို့ လာတာလဲ?”

“ကျွန်မ...” ပိယောင် သူမ၏ အဝတ်စ ကလေးကို စိုးရိမ်တကြီး ကိုင်နေပြီး ထစ်အစွာ ပြောလိုက်၏ “ကျွန်မ... ကျွန်မ ဒီမှာ နတ်ဆိုးတစ်ကောင် ရှိတယ်လို့ ကြားလို့ လာကြည့်တာပါ။”

“…”

ဂျိချန်းဖန် အံ့အားသင့်စွာ ပိယောင်ကို ကြည့်လိုက်သည်။

ဒါ ဘာလဲ?

နတ်ဆိုးတွေကို ဖယ်ရှားပြီး တာအိုလမ်းစဉ်ကို ကာကွယ်ဖို့ မင်း ဒီကို လာတာလား?!

ကျန်းရှောင်ဖန် က တည်းခိုခန်းမှာ ရှိတယ်၊ မင်း သူ့ကို သွားရှာရမှာ မဟုတ်ဘူးလား?

နတ်ဆိုးတွေကို ဖယ်ရှားပြီး လမ်းစဉ်ကို ကာကွယ်ဖို့ ဒီကို ပြေးလာတာ?

ညီမလေး၊ ဒါက မင်းရဲ့ ‘ရူးသွပ်နေတဲ့ အပျိုစင်” ဂုဏ်ပုဒ်နဲ့ မကိုက်ညီဘူး!

ဂျိချန်းဖန် ပိယောင်ကို အာရုံစိုက်ခြင်းကို ရပ်လိုက်ကာ

သူက သူ၏ အကြည့်ကို ယိုဂျီဆီ လှည့်လိုက်ပြီး စနောက်သလို ပြောလိုက်သည် “မိန်းက‌လေး ငါ မင်းကို တစ်ချိန်က ပြောခဲ့တာကို မေ့သွားတာလား?”

“မင်း...” ယိုဂျီ၏ နှလုံးသား အမျက်ဒေါသဖြင့် တောက်လောင်သွား၏။ သူမ ဂျိချန်းဖန်ကို ပြင်းပြင်းထန်ထန်ရိုက်နှက်ဖို့ ဗာမီလီယံတံဆိပ် ကို ခေါ်ချင်လုနီးပါး ဖြစ်သွားသည်။

သူမသည် အရင်က သူမ၏ ခံစားချက်များကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့သူ ဖြစ်ခဲ့၏

သို့သော် ဘာအကြောင်းကြောင့်မှန်းမသိ၊

ဂျိချန်းဖန်နဲ့ တွေ့ပြီးကတည်းက၊

သူမ အချိန်တိုင်း အကြီးအကျယ် ဒေါသထွက်လာသည်ပင်။

အခုလိုပါပဲ

ဂျိချန်းဖန် သူမကို စနောက်သလို ကြည့်လိုက်ပြီး ပြောလိုက်သည် “မင်း ငါ့ကို တိုက်ဖို့ သေချာလား? မင်းငါ့‌ လောက်အစွမ်းမထက်ပါဘူး ။ ငါတို့ တိုက်ရင် မင်း ရှုံးမှာ သေချာတယ်။ မင်းရဲ့ မျက်နှာဖုံးကို ချွတ်လိုက်တာ ပိုကောင်းမယ်!”

ဒါကို ကြားလိုက်ရတော့ ပီယောင်း တစ်ခုခု ပြောချင်၏။

သို့သော် ဘာအကြောင်းကြောင့်မှန်းမသိ၊ ဂျိချန်းဖန်နဲ့ အဒေါ်ယို စကားပြောနေတာကို ကြည့်ပြီး သူမ နှလုံးသားထဲမှာ ခါးသက်တဲ့ အရသာ ခံစားလိုက်ရသည်။

ငါ ဘာဖြစ်နေတာလဲ?

ပီယောင်း နည်းနည်း စိတ်ရှုပ်ထွေးနေချေ၏။

“ဟူး—“ ယိုဂျီ အသက်ကို ညင်သာစွာ အသက်ရှူထုတ်လိုက်ကာ သူမ၏ နှလုံးသားထဲက ဒေါသကို ထိန်းချုပ်လိုက်သည်။ ဂျိချန်းဖန်ကို စူးစိုက်စွာကြည့်လိုက်ကာ တွေးလိုက်၏။သူမက ဂျိချန်းဖန်းကသူမမျက်နှာကို မြင်ပြီးသား ဖြစ်တာကြောင့် ထပ်မြင်လည်း အရေးမကြီးဘူးလို့ တွေးလိုက်သည်...

ယိုဂျီ စိတ်တိုတိုနဲ့ သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်၏။

သူမ ဘာလုပ်နိုင်မှာလဲ?

သူမ တိုက်ပွဲကို မနိုင်ပါချေ။

ပိယောင်က သူ့ဘေးမှာ ရှိနေတုန်းပါပဲ

တိုက်ပွဲ ဖြစ်ပွားရင် ဘယ်လိုလုပ်မလဲ?

ဒီ လူဆိုးကောင်က မတော်တဆ ပိယောင်ကို ထိခိုက်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ?

“ကောင်းပြီ။” ဂျိချန်းဖန် မျက်နှာဖုံးအောက်က သေသပ်လှပသော မျက်နှာကို ကြည့်လိုက်ကာ သူ ပြုံးပြုံးရွှင်ရွှင် ခေါင်းညိတ်လိုက်သည်။

မဆိုးဘူး၊ မဆိုးဘူး။

ဒီလိုပဲ ဖြစ်ရမယ်။

ပထမဆုံးအကြိမ် သူမ ဆန္ဒအလျောက် သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်တယ်၊

ဒါဆိုရင် အနာဂတ်မှာ ဒုတိယအကြိမ် ရှိလာလိမ့်မယ်။

“ဒါဆို မင်းတို့ နှစ်ယောက် တိတိကျကျ ဘာလုပ်ဖို့ ဒီကို လာတာလဲ?” ဂျိချန်းဖန် မျက်ခုံးပင့်ပြီး မေးလိုက်သည်။

ဒါကို ကြားလိုက်ရတော့ ယိုဂျီ ညင်သာစွာ နှာမှုတ်လိုက်၏။

ဒါကို မြင်လိုက်ရတော့

ဂျိချန်းဖန် ပီယောင်းကို ကြည့်ဖို့ လှည့်လိုက်သည်။

ခဏတာ တုံ့ဆိုင်းပြီးနောက် ပီယောင်း အနည်းငယ် ခါးသီးနေသော လေသံဖြင့် ပြောလိုက်သည် “ကျွန်မ ဒီမှာ နတ်ဆိုးတစ်ကောင် ရှိတယ်လို့ ကြားရုံပဲ ရှိတာ၊ ဒါကြောင့် စူးစမ်းချင်လို့ပါ...”

“ဪ။” ဂျိချန်းဖန် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

သူ ပိယောင်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။ သူ့နှလုံးသားထဲမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။

ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးလိုက်တာ မဟုတ်ဘူးလား?

မင်း ဘာလို့ ဒီလောက်တောင် ခါးသီးနေရတာလဲ?

ဂျိချန်းဖန် ညင်သာစွာ ခေါင်းယမ်းလိုက်သည်။ သူ ပိယောင်နဲ့ ယိုဂျီကို ဆက်ပြီး အာရုံမစိုက်တော့ဘဲ သူ့နောက်က မြူခိုးထနေသော သစ်တောကို ကြည့်လိုက်သည်။

“ရှစ်—“ထို့နောက်

ဂျိချန်းဖန် မဆိုင်းမတွ အတွင်းသို့ ဝင်သွားသည်။

ဒါကို မြင်လိုက်ရတော့ ပိယောင် တုံ့ဆိုင်းသွားပြီး ယိုဂျီကို ကြည့်လိုက်ကာ မေးလိုက်သည် “ယို အဒေါ်၊ ကျွန်မတို့...”

ယိုဂျီ ခဏတာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်၏“မင်း ဝင်သွားချင်ရင် ဝင်လိုက်ပါ။”

သူမ နားလည်သွားခဲ့ပါပြီ။

ဂျိချန်းဖန်က နတ်ဆိုး လမ်းစဉ် အပေါ်မှာ အများကြီးမုန်းတီးနေခြင်းမရှိပါချေ။

သူ ခံစားချက်ကင်းမဲ့သော ပင်လယ်မှာ သူမ ကို အစွမ်းကုန် မတိုက်ခိုက်ခဲ့တာကနေ ထိုအရာကို မြင်နိုင်သည်...

သို့သော် ထိုအတွက်ကြောင့်ပဲ ယိုဂျီ အနည်းငယ် ဆုံးရှုံးသွားသလို ခံစားရ၏။

ဂျိချန်းဖန် ဘာလို့ သူ့ကို မသတ်လိုက်တာလဲ ?

ဖြစ်နိုင်တာက..

ယိုဂျီ သူမ၏ နှုတ်ခမ်းကို ညင်သာစွာစေ့ထားကာတွေးလိုက်၏။

မဖြစ်နိုင်ပါဘူး!

လုံးဝ မဖြစ်နိုင်ဘူး!

တစ်ဖက်လူက ကျင်းယွမ် ဂိုဏ်း၏ ထူးချွန်သော တပည့်တစ်ဦး ဖြစ်သည်။ သူ ဘယ်လိုလုပ် သူမကဲ့သို့ နတ်ဆိုး လမ်းစဉ်က ကျင့်ကြံသူတစ်‌ယောက်ကို စိတ်ဝင်စားမှာပါလဲ?

တခြား ဘာမှ မပြောရင်တောင်မှ

ဂျိချန်းဖန်၏ ဘေးက အေးစက်ပြီး ခပ်လှမ်းလှမ်းက မိန်းကလေးက သူမထက် မနိမ့်သော အလှပိုင်ရှင် ဖြစ်သည်...

ယိုဂျီ တိတ်ဆိတ်စွာ စိတ်ရှုပ်ထွေးနေသော အတွေးအချို့ကို အတင်းအကျပ် ဖျက်ဆီးလိုက်ကာ ပိယောင် နောက်ကနေ သူတို့ရှေ့က မြူခိုးထနေသော သစ်တောထဲသို့ လိုက်ဝင်သွား၏။

“ရှစ်—“

သူတို့ သုံးဦး တစ်ယောက်ပြီးတစ်ယောက် သစ်တောထဲသို့ ဝင်သွားကြသည်။

ပတ်ဝန်းကျင်က မြူခိုးများ ဖြည်းဖြည်းချင်း ပျံ့လွင့်သွားကာ မလှမ်းမကမ်းတွင် အဖြူရောင်ဝတ် ပုံရိပ်တစ်ခု ပေါ်လာသည်။

ချက်ချင်းဆိုသလို နူးညံ့သောအသံ တစ်ခု သစ်တောအတွင်း ပဲ့တင်ထပ်လာသည်—

“ထင်းရှူးတောရိပ် တောင်တန်းဖျားဝယ်

လမင်းသည် ရေခဲသဖွယ် အေးမြစွာ တောက်ပလျက်

လူသားတို့ကား လေမှာလွင့်ပျံသော ဝါဂွမ်းပမာပင်

ပန်းတို့သည်ပင် ဝမ်းနည်းကြေကွဲကာ ငိုရှိုက်ကြ၏။

​ဆယ်စုနှစ်များစွာ ကြာညောင်းစေကာမူ

သို့မဟုတ် နှစ်ပေါင်း သုံးထောင်တိုင်အောင်ပင် ကြာမြင့်စေကာမူ

ခွဲခွာပြီးသည့်နောက်၌ကား

တစ်ဦးကိုတစ်ဦး မမေ့ကြပါစေနဲ့။ “

ထိုအသံက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေကာ ဆွဲငင်နိုင်မှုများပြည့်နေသော အရိပ်အ‌ယောင်တစ်ခုလည်း ရှိသည်။

ဂျိချန်းဖန် ဒါကို အာရုံမစိုက်ပေ သူက တိတ်ဆိတ်စွာ သူ၏ ခါးက ဓားကို ဆုပ်ကိုင်ထားသည်။ မြူခိုးများကို ဖြတ်လျှောက်ပြီး နေရာတစ်ခုသို့ ရောက်လာ၏။

ပတ်ပတ်လည်ကို ကြည့်လိုက်တော့၊

ရှေ့မှာ ရှေးဟောင်း ရေတွင်းတစ်ခု ရှိကာ

ရှေးဟောင်း ရေတွင်းဘေးတွင် အဖြူရောင်ဝတ် အမျိုးသမီးတစ်ဦး ရပ်နေ၏။ သူမ၏ အမူအရာက ဝမ်းနည်းကြေကွဲနေကာသူမ၏ ဘဝ တစ်သက်တာလုံး အလွန် ဝမ်းနည်းဖွယ် ကောင်းနေသကဲ့သို့ ကြည့်ဖို့ပင် မခံမရပ်နိုင်အောင် ဖြစ်စေသည်ပင်။

ဂျိချန်းဖန် သူမကို စကားမပြောဘဲ ကြည့်လိုက်၏။

ပီယောင်းနဲ့ ယိုဂျီ တို့ကလည်း နောက်ကနေ ကပ်ပါလာသည်။

သူတို့ မလှမ်းမကမ်းက အဖြူရောင်ဝတ် အမျိုးသမီးကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။သို့သော် ခဏတာ ခန့်စကားမပြောကြသေးပေ။

“လူငယ် သူရဲကောင်း‌လေး၊ ရှင်... ကျွန်မကို သတ်ဖို့ လာတာလား?”

အဖြူရောင်ဝတ် အမျိုးသမီး၏ အသံက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။

ဂျိချန်းဖန် တည်ငြိမ်စွာ သူ၏ ခါးက ဓားကို ကိုင်ထားသည်။ သူ၏ မျက်လုံးများက သူ့ရှေ့က အဖြူရောင်ဝတ် အမျိုးသမီးကို ကြည့်လိုက်ပြီး ပြောလိုက်သည်-

“မင်း တစ်စုံတစ်ယောက်ကို သတ်ခဲ့လား?”

ဒါကို ကြားလိုက်ရတော့ အဖြူရောင်ဝတ် အမျိုးသမီး၏ မျက်လုံးများ အနည်းငယ်နက်မှောင်သွား၏။

ဒီလူက တကယ်ပဲ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာပဲ။

“ဒါက ကျွန်မကို အပြစ်တင်လို့ မရဘူး၊ အဲဒီလူက အတင်းအကြပ် ဝင်လာဖို့ တောင်းဆိုခဲ့တာကိုပဲ အပြစ်တင်ပါ!”

အဖြူရောင်ဝတ် အမျိုးသမီး၏ လေသံက အနည်းငယ် ဒေါသ သံပါနေသည်။

“ဒါဆို မင်း သူ့ကို သတ်လိုက်တာလား? ဒါ့အပြင် မင်း ကန်ငယ် မြို့ က ရွာသူရွာသားတွေရဲ့ ကြက်ငှက်တွေကို မကြာခဏ ခိုးယူတတ်တယ်လို့ ငါ ကြားတယ်?!”

ဂျိချန်းဖန် မေးလိုက်သည်။

အဖြူရောင်ဝတ် အမျိုးသမီး၏ စကားလုံးများ သူမ၏ လည်ချောင်းထဲမှာ ထစ်ဆို့သွားကာ သူမ၏ မျက်နှာ အနည်းငယ် မှုန်မှိုင်းနေသွား၏။ ထို့‌နောက်သူမ ဂျိချန်းဖန်ကို ကြည့်လိုက်သည်။ ထို့နောက် ပီယောင်းနှင့် ယိုဂျီကို အနည်းငယ် စိုးရိမ်တကြီး ကြည့်လိုက်၏။

အဖြူရောင်ဝတ် အမျိုးသမီး သိမ်မွေ့စွာ သူမ၏ လက်ကောက်ဝတ်ဆီ လက်လှမ်းလိုက်သည်။

ထိုနေရာတွင် အစိမ်းရောင် ကျောက်စိမ်း လက်ကောက်တစ်ခု ရှိသည်။ ကျောက်စိမ်း လက်ကောက်၏ အလယ်ဗဟိုတွင် မှန်ကဲ့သို့ ကြည်လင်သော အနီရောင် ပါးလွှာသော အပိုင်းအစတစ်ခု ရှိသည်။ အလယ်တွင် ရှေးဟောင်း ပုံသဏ္ဍာန် မီးတောက်တိုတမ်(တိုတမ် = တံဆိပ်)တစ်ခု ကို ထွင်းထုထား၏။

ထိုပစ္စည်းက—မီးမှော်ကြေးမုံဖြစ်၏။

ဂျိချန်းဖန် သူမကို ကြည့်လိုက်ပြီး ခပ်မိုက်မိုက် ပြောလိုက်သည် “မင်းကလည်း အရူးတစ်ယောက် ဖြစ်တာကို ထည့်သွင်းစဉ်းစားပြီး ငါက မင်းကို အကြံဉာဏ် တစ်ခု ပေးမယ်...”

“မင်း ငါ့ကို မတိုက်ခိုက်ခင် သေချာ စဉ်းစားတာ အကောင်းဆုံးပဲ။”

“မဟုတ်ရင် ငါ့ရဲ့ ဓား ဓားအိမ်ကနေ ထွက်လာတာနဲ့ သွေးက မလွဲမသွေထွက်ရလိမ့်မယ်...”

ရိုးရိုးသားသား ပြောရလျင် ဂျိချန်းဖန် နားမလည်ခဲ့ပါချေ။

ကျူးရှန်း ကမ္ဘာ မှာ မြေခွေး နတ်ဆိုးတွေ ဘာလို့ ဒီလောက်တောင် ရူးသွပ်နေရတာလဲ?

သူ့ရှေ့က အမြီးသုံးချောင်း မြေခွေးနတ်ဆိုး နည်းတူ မြေခွေးနတ်ဆိုး သွေးသား ပါရှိတဲ့ ပိယောင်ကလည်း ရူးသွပ်သောသူ ဖြစ်သည်။ သူတို့ အားလုံး ‘အချစ်’ အတွက် သေဖို့ ဆန္ဒ ရှိတဲ့ လူတွေပဲ...

ဒါက တော်တော် ကောင်းပါ၏။

မြေခွေးနတ်ဆိုးများ၏ ဘိုးဘေးဖြစ်တဲ့ မြီးကိုးချောင်း ကောင်းကင်ဘုံ မြေခွေး လည်း ဒီလိုပဲလား မသိဘူး!?

ဂျိချန်းဖန် စိတ်ထဲမှာ စဉ်းစားလိုက်၏။

သူ တော်တော် စူးစမ်းချင်သည်။

တစ်ချိန်တည်းမှာပင်၊

ပီယောင်း မလှမ်းမကမ်းက အဖြူရောင်ဝတ် အမျိုးသမီးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

အရူးလား?

သူမက ဘယ်သူလဲ?

သူမ ဘယ်လို ရူးတာလဲ?!

“မင်း...” အဖြူရောင်ဝတ် အမျိုးသမီး တုံ့ဆိုင်းသွားသည်။ ထို့နောက် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြောလိုက်သည် “မင်း ဘာလိုချင်တာလဲ?!”

ဂျိချန်းဖန် ပြောလိုက်သည် “ မင်းလို သေးငယ်တဲ့ နတ်ဆိုးလေးနဲ့ ဆွေးနွေးစရာ ကောင်းတာ ဘာမှ မရှိဘူးလို့ ခံစားရတယ်။ ငါ အတွင်းက လူနဲ့ သွားပြောတာ ပိုကောင်းမယ်။”

စကားပြောဖို့ ပျင်းတယ်၊ နားထောင်ဖို့ ပျင်းတယ်။

ထိုကဲ့သို့ ပြောပြီး၊

ဂျိချန်းဖန်၏ အကြည့်က အဝေးက ဂူတစ်ခုကို ကြည့်လိုက်သည်။

ဂူအတွင်းပိုင်းက လုံးဝမှောင်မိုက်နေကာ အလွန်ပြင်းထန်သောချီဓာတ်များလည်း ထွက်ပေါ်နေ၏ ။

ထိုအသံကို ကြားလိုက်ရ‌ သော အဖြူရောင်ဝတ် အမျိုးသမီး၏ မျက်နှာ ရုတ်တရက် တင်းမာသွားကာ သူမ ဂျိချန်းဖန်ကို သတိကြီးစွာ ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်-

“မင်းက ဖန်ရှန်း တောင်ကြားကလား!?”

သူမ၏ အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူမ၏ လက်ကောက်ဝတ်က မှော်ကြေးမုံ ကို ချက်ချင်း အသုံးပြုရန် ရည်ရွယ်လိုက်သည်။

“အဟွတ် အဟွတ်...”

ဒါပေမယ့် ထိုအချိန်မှာပဲ အလွန် အားနည်းတဲ့ အသံတစ်ခု ဂူအတွင်းကနေ ရုတ်တရက် ထွက်ပေါ်လာသည်-

“ရှောင်ဆန်း၊ သူတို့ကို ဝင်ခွင့်ပြုလိုက်ပါ။”

ဒီစကားတွေကြောင့်၊

ပီယောင်းနဲ့ ယိုဂျီ ချက်ချင်း ထိတ်လန့်သွားကြသည်။

အတွင်းမှာ တကယ်ပဲ လူတစ်ယောက် ရှိနေတာလား?!

သူတို့ ခုနက ဘာမှ သတိမထားမိခဲ့ပါချေ...

All Chapters