လုရွှယ်ချီ: သခင်မ? ကျွန်မလား?
Vol. 7 Ch. 67
"မင်း သဘောတူလိုက်တာလား?"
အမြီးခြောက်ချောင်း မြေခွေး တုန်လှုပ်သွားသည်။
သူ ဂျိချန်းဖန် ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ ဤမျှ လျင်မြန်စွာ သဘောတူလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"သဘာဝအတိုင်းပဲ။"
"ဒါပေမယ့်... မင်းရဲ့ အမေကို ကယ်တင်ဖို့ကတော့ နှစ်အနည်းငယ် စောင့်ရလိမ့်မယ်။"
ဂျိချန်းဖန် ညင်သာစွာ ပြောလိုက်သည်။
သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့် ဖြင့် ဖန်ရှန်း တောင်ကြား ကို ဝင်ရောက်စီးနင်းဖို့လား?
ဒါက သေခြင်းကို ဖိတ်ခေါ်ခြင်းပဲ ဖြစ်လိမ့်မည်!
ဒါပေမယ့်၊ နှစ်အနည်းနည်းငယ်ကြာရင်တော့ မတူနိုင်ပါ ချေ။
"သေချာပါတယ်၊ သေချာပါတယ်၊ သဘောတူတာ ကောင်းပါတယ်။ ကျွန်တော်တို့ ဘယ်အချိန်မဆို သွားလို့ရပါတယ်..."
အမြီးခြောက်ချောင်း မြေခွေး သည် စိတ်လှုပ်ရှားမှုတချို့ဖြင့် ပြောလိုက်သည်။ သူ၏ အကြည့်သည် အမြီးသုံးချောင်း မြေခွေး ဆီ လှည့်သွားပြီး ခဏတာ တုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်-
"သခင်၊ ကျွန်တော်တို့ ဆက်သ ဖို့ ဘာမှ မရှိပါဘူး။ ကျွန်တော်တို့မှာ တန်ဖိုးရှိတဲ့ တစ်ခုတည်းသော ပစ္စည်းက ဒီ မှော်ပစ္စည်းပဲ ရှိပါတယ်။ ကျေးဇူးပြုပြီး ယူလိုက်ပါ..."
အမြီးခြောက်ချောင်း မြေခွေး က သူ၏ မျက်လုံးများဖြင့် အမြီးသုံးချောင်း မြေခွေး ကို အမူအရာပြလိုက်၏။
ဒါကို မြင်လိုက်ရတော့ အမြီးသုံးချောင်း မြေခွေး သည် သူမ၏ လက်ကောက်ဝတ်မှ မီးမှော်ကြေးမုံ ကို မဆိုင်းမတွ
ချွတ်လိုက်ပြီး ဂျိချန်းဖန်အား လေးစားစွာ ပေးအပ်လိုက်သည်။
ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် ခေါင်းညိတ်လိုက်ကာ
သူ ကြေးမုံ ကို ပေါ့ပေါ့ပါးပါး ယူလိုက်သည်။ ထို့နောက် အမြီးခြောက်ချောင်းမြေခွေး ကို ကြည့်လိုက်ပြီး ပြောလိုက်သည်- "မင်းရဲ့ ခန္ဓာကိုယ်ကို ကျုံ့လို့ရလား?"
"ရပါတယ်။" မြီးခြောက်ချောင်း မြေခွေး ခေါင်းညိတ်လိုက်၏။
"ရှစ်—"
သူသည် မှော်စွမ်းအင် အနည်းငယ်ကို ခက်ခဲစွာ စုစည်းနိုင်ခဲ့ပြီး သူ၏ နတ်ဆိုး ခန္ဓာကိုယ်ကို 'ကြောင်' အရွယ်အစားအထိ ဖြည်းဖြည်းချင်း ကျုံ့လိုက်သည်။
"သူ့ကို ချီပြီး ငါ့နောက် လိုက်ခဲ့။"
ဂျိချန်းဖန်သည် အမြီးသုံးချောင်း မြေခွေး ကို ကြည့်လိုက်သည်။ ထို့နောက် သူမကို ဆေးပုလင်း တစ်လုံး ပေးလိုက်ပြီး ပြောလိုက်၏- "ဒီထဲမှာ ဒဏ်ရာ ကုသဆေးလုံး အချို့ ပါဝင်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲက အအေး အဆိပ် ကို သက်သာစေဖို့ ခဏခဏ တစ်လုံးစီ တိုက်လိုက်ပါ..."
"ငါတို့ ကျင်းယွမ် ဂိုဏ်း ကို ပြန်ရောက်ပြီးရင်"
"ငါ သူ့အတွက် အအေး အဆိပ်ကို လုံးဝ ပျောက်အောင် ဖယ်ရှားပေးမယ်။"
"ဟုတ်ကဲ့ပါ၊ သခင်!" အမြီးသုံးချောင်း မြေခွေး သည် ဆေးလုံးများကို ယူလိုက်သည်။ ထို့နောက် အမြီးခြောက်ချောင်း မြေခွေးကို ပွေ့ထားရင်း ဂျိချန်းဖန်အား လေးစားစွာ ဦးညွှတ်လိုက်သည်။
"အင်း၊ သွားကြမယ်။" ဂျိချန်းဖန် ခေါင်းညိတ်လိုက်၏။ထို့နောက် သူ ခေါင်းလှည့်ကာ ကြည့်လိုက်သည်။
ပိယောင် နှင့် ယိုဂျီ တို့ လုံးဝ အံ့အားသင့်နေကြသည်။
"မင်း..."
"မင်း တကယ်ပဲ ကျင်းယွမ် ဂိုဏ်း တပည့်လား?"
ယိုဂျီသည် ဂျိချန်းဖန်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်၏။
သူ၏ လုပ်ရပ်များက အမှန်တရားဖြောင့်မတ်သော ဂိုဏ်းမှ တပည့်နှင့် လုံးဝ မတူပေ...
နတ်ဆိုးများနှင့် ပူးပေါင်းခြင်းလား? ဖန်ရှန်း တောင်ကြားကို ဖျက်ဆီးဖို့ ကြံစည်ခြင်းလား?
ဒီကိစ္စတွေထဲက တစ်ခုခုသာ ပျံ့နှံ့သွားရင် ကမ္ဘာတစ်ဝန်းလုံးမှာ ကြီးမားတဲ့ လှုပ်လှုပ်ရှားရှား ဖြစ်စေလိမ့်မည်ပင်။
ဒါပေမယ့် ဂျိချန်းဖန် ဂရုစိုက်ခဲ့လား?
သူ ဂရုမစိုက်ခဲ့ဘူးဆိုတာ သေချာပါသည်။
ဘာပဲဖြစ်ဖြစ်...
သူသည် သာမန် ယူကျင်းအဆင့် တပည့် မဟုတ်ပေ။
သူသည် ကျင်းယွမ် ဂိုဏ်း၏ ရှန်ကျင်းအဆင့် သူတော်စင်မင်းသား ဖြစ်သည်။ အနာဂတ်တွင် တိုင်ကျင်းအဆင့် သို့ ရောက်ရှိရန် ရည်မှန်းထားပြီး နတ်ဘုရားအဖြစ် တက်လှမ်းရန် မျှော်လင့်ချက် ထားခံရသူ တစ်ဦးဖြစ်၏။
ထို့အပြင် ဖန်ရှန်း တောင်ကြားက လူများက မကောင်းမှုပြုနေသူများသာဖြစ်သည်။
သူတို့ထဲက ဘယ်သူမှ မကောင်းဘူးလို့ပဲ ပြောနိုင်သည်မှာ သေချာသည်ပင်။
ဂျိချန်းဖန် ညင်သာစွာ ခေါင်းယမ်းလိုက်သည်၊ သူ၏ လေသံ ခပ်အေးအေး ဖြစ်သည်- "ငါတို့ ဓား ကျင့်ကြံသူတွေက စိတ်ရှင်းလင်းမှုကို လိုအပ်တယ်။ ငါတို့ လုပ်ချင်တာ လုပ်တယ်။ ဘာကို ကြောက်စရာ ရှိလဲ?"
"ဒီထက် မင်းတို့ နှစ်ယောက်ကတော့..."
"ငါ့ နောက်ဆက်လိုက်နေဦးမှာလား?"
ဒီစကားတွေ ကြားလိုက်ရတော့ တိတ်ဆိတ်နေခဲ့တဲ့ ပိယောင် ချက်ချင်း တုန်လှုပ်သွားပြီး ထစ်အစွာ ပြောလိုက်သည်- "ရှင်၊ ဘာကို ဆိုလိုတာလဲ? ဘယ်သူက ရှင့် နောက်ကို လိုက်နေတာလဲ?"
ဪ၊ ငါ သိတယ်။
မင်း ကျန်းရှောင်ဖန် နောက်ကို လိုက်နေတာ!
ဂျိချန်းဖန် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
အခုချိန်ထိ သူက ပိယောင်နဲ့ ကျန်းရှောင်ဖန်ကြားမှာ တစ်ခုခု ရှိနေသေးတယ်လို့ ထင်နေတုန်းပါပဲ။
ဒါပေမယ့် တကယ်တမ်း...
ကံကြမ္မာက ပြောင်းလဲသွားခဲ့ပါပြီ။
သူ့ရှေ့က အစိမ်းရောင်ဝတ် မိန်းကလေးသည် ပြောင်းလဲသွားခဲ့ပြီ။ သူမသည် ချစ်ခင်တွယ်တာတတ်သော မိန်းကလေး ဖြစ် နေနိုင် သေးသည်၊ ဒါပေမယ့်...
သူမ၏ ချစ်ခင်တွယ်တာမှု သည် ထို ဂျိချန်းဖန်၏ ကယ်တင်ခြင်းခံရမှု နှစ်ကြိမ်ကြောင့် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အမြီးသုံးချောင်း သည် အမြီးခြောက်ချောင်း ကို ကိုင်ထားရင်း ဘေးမှာ ရပ်နေကာ သူမ၏ အကြည့်သည် ဂျိချန်းဖန်နှင့် ပိယောင်ကြားကို အဆက်မပြတ် ဝေ့ကြည့်နေပြီး တစ်ခုခုကို ရှာဖွေတွေ့ရှိလိုက်သည်...
အမြီးသုံးချောင်း ညင်သာစွာ ပြုံးလိုက်သည်။
ပန်းများက ဆန္ဒရှိသော်လည်း စမ်းချောင်းက ဆန္ဒမရှိပေ?(မိန်းကလေးကဆန္ဒရှိသော်လည်း လူငယ်လေးက ဆန္ဒမရှိပေ။(အချစ်ရေးတွင်) )
ဒါပေမယ့် ဂျိချန်းဖန် ကိစ္စနဲ့ ပတ်သက်လာရင် သူမ ဂရုမစိုက်ဘဲ ဘာမှ မပြောရဲပေ။ ထိုနေရာတွင် တိတ်တဆိတ် ရပ်နေပြီး အသံတိတ် ကြည့်ရှုသူအဖြစ် ရှိနေ၏။
"သွားကြမယ်။"
ဂျိချန်းဖန် ထွက်ခွာသွားသောအခါအမြီးသုံးချောင်း မြေခွေးသည် လည်း အမြီးခြောက်ချောင်း မြေခွေးကို ကိုင်ထားရင်း လျင်မြန်စွာ နောက်က လိုက်သွားသည်။
ပိယောင် ပါးစပ်ဖွင့်လိုက်ကာ သူမ ဂျိချန်းဖန် ထွက်သွားသည်ကို ကြည့်နေသည်။ စကားပြောချင်သော်လည်း ချုပ်တည်းလိုက်ပြီး နေလိုက်၏။
ယိုဂျီက ညင်သာစွာ ပြောလိုက်သည်- "ယောင်အာ၊ ငါတို့လည်း သွားသင့်ပြီ။ ဂိုဏ်းခေါင်းဆောင် က လူတွေကို စုစည်းပြီး လီဘို တောင် မှာ ကွေ့နျူ ကို ဖမ်းဆီးဖို့ ပြင်ဆင်နေပြီ..."
"ကောင်းပြီ။" ပီယောင်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
...
...
နောက်တစ်နေ့၊ မနက်စောစော။
တစ်နေကုန် လေ့ကျင့်ပြီးနောက် လုရွှယ်ချီ သည် ဓား ထိန်းချုပ်ရေး နည်းစနစ် ကို အခြေခံအားဖြင့် ကျွမ်းကျင်ခဲ့ပြီဖြစ်၏။
"ကလစ်—"
လုရွှယ်ချီ သူမ၏ တံခါးကို တွန်းဖွင့်လိုက်ကာ
သူမ၏ အကြည့်သည် ပတ်ပတ်လည်ကို ဝေ့ဝှိက်ကြည့်ပြီး တစ်စုံတစ်ဦး၏ ပုံပန်းသဏ္ဍာန်ကို မသိစိတ်ဖြင့် ရှာဖွေနေသော်လည်း လျင်မြန်စွာ သူမ၏ အမူအရာ မှောင်မည်းသွား၏။
သူမ သည် ဂျိချန်းဖန်၏ ဘေးတွင်လှပသော အမျိုးသမီးတစ်ဦး ထိုင်နေသည် ကိုတွေ့လိုက်ရသည်။
"ရှစ်—"
ထျန်းယား ဓား သည် အနည်းငယ် တုန်ခါသွား၏။
လုရွှယ်ချီ မှုန်မှိုင်းသော အမူအရာဖြင့် လျှောက်သွားသောအခါ
"ရွှယ်ချီ ? မင်းရဲ့ ဓား ထိန်းချုပ်ရေး နည်းစနစ် လေ့ကျင့်မှု ဘယ်လိုလဲ?"
ဂျိချန်းဖန်သည် လုရွှယ်ချီ ရောက်ရှိလာသည်ကို သတိပြုမိသည်။ ထို့ကြောင့် သူ ထရပ်ပြီး သူမကို နှုတ်ဆက်သည်။ သို့သော်...
လုရွှယ်ချီက သူ့ကို လျစ်လျူရှုလိုက်သည်။
ထိုအစား သူမသည် သူ့ဘေးက အမြီးသုံးချောင်း မြေခွေး ကို တည့်တည့် စိုက်ကြည့်လိုက်သည်။
"..." အမြီးသုံးချောင်း အနည်းငယ် တုန်လှုပ်သွားသည်။
သူမသည် သူမရှေ့က အလွန် လှပသော၊ ခပ်လှမ်းလှမ်းက မိန်းကလေးကို ကြည့်လိုက်ကာ သူမ၏ အကြည့်သည် မသိစိတ်ဖြင့် ဂျိချန်းဖန်ဆီ လှည့်သွားသည်။
သူမ ဂျိချန်းဖန်၏ မျက်လုံးများထဲက နူးညံ့မှု အရိပ်အမြွက်ကို မြင်သောအခါ အမြီးသုံးချောင်း အားလုံးကို လုံးဝ နားလည်သွားခဲ့၏။
သူမ ထရပ်လိုက်သည်။ အမြီးခြောက်ချောင်း ကို လက်ထဲ ပွေ့ထားရင်း လုရွှယ်ချီ အား လေးစားစွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်-
"ရှောင်ဆန်းက သခင်မ ကို နှုတ်ဆက်ပါတယ်"
"???" လုရွှေချီ၏ အမူအရာ အနည်းငယ် ရပ်တန့်သွားသည်။
သ-သခင်မ၊ ဘာကြီးလဲ?!
သူမ ထိတ်လန့်တကြား ဂျိချန်းဖန်ကို ကြည့်လိုက်သည်။
သူမသည် နောက်ထပ် နတ်ဆိုး ဂိုဏ်းမှ တစ်စုံတစ်ဦးက ဂျိချန်းဖန်ကို မြှူဆွယ်နေသည်ဟု ထင်ခဲ့သည်။ ဒါပေမယ့် အခု ကြည့်လိုက်တော့...
သူမ အလွန်အကျွံ တွေးနေခဲ့ပုံရသည်?
"အစ်ကို ဂျိ၊ ဘာတွေ ဖြစ်နေတာလဲ?" လုရွှယ်ချီ ၏ အသံ အနည်းငယ် တိုးညှင်းနေချေ၏။
ထို့ပြင် သူမ မသိစိတ်ဖြင့် ဂျိချန်းဖန်နှင့် ပိုမို နီးကပ်စွာ နေလိုက်သည်။
ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် ချက်ချင်း မဖြေဘဲ သူ့မျက်လုံးများထဲတွင် စနောက်သော အပြုံးဖြင့် သူမကို ကြည့်လိုက်သည်။
လုရွှယ်ချီ ၏ လှပသော မျက်နှာ အနည်းငယ် နီရဲလာမှသာ သူသည် အမြီးသုံးချောင်း နှင့် အမြီးခြောက်ချောင်း တို့၏ မူလဇာစ်မြစ်ကို ရှင်းပြခဲ့သည်။
သေချာပါ၏ ၊ သူ ဖန်ရှန်း တောင်ကြားနှင့် ပတ်သက်သော အစိတ်အပိုင်းများကို ချန်လှပ်ထားခဲ့သည်။ အမြီးသုံးချောင်း နှင့် အမြီးခြောက်ချောင်း တို့သည် သူ လက်ခံထားသော ဒေသခံ ဝိညာဉ် သားရဲများ ဖြစ်ကြောင်း ရိုးရှင်းစွာ ပြောပြခဲ့သည်။
နောက်ဆုံးတွင် သူသည် အမြီးသုံးချောင်း နှင့် အမြီးခြောက်ချောင်း တို့သည် စုံတွဲ ဖြစ်ကြောင်းကိုလည်း အလေးပေး ပြောခဲ့၏။
"ဪ~"
လုရွှယ်ချီ နှုတ်ခမ်းဆူလိုက်ချေသည်။
သူမ ရှက်ရွံ့မှုတချို့ဖြင့် မြီးသုံးချောင်း ကို ကြည့်လိုက်ကာ
သူမ တောင်းပန်ချင်သော်လည်း ဘယ်လိုလုပ်ရမှန်းမသိပါချေ
သူမ က*ကျွန်မ မနာလို ဖြစ်နေတာပါဆိုပြီး ပြော၍မရပါချေ!*
အမြီးသုံးချောင်း သည် လုရွှယ်ချီ ကို ပြုံးရွှင်စွာ ကြည့်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်- "သခင်မက တကယ် ချစ်စရာကောင်းပါတယ်~"
"ကျွန်မ..." လုရွှယ်ချီ ၏ လှပသော မျက်နှာ အနည်းငယ် နီရဲနေ၏။
'သခင်မ' ဟူသော စကားလုံး တစ်လုံးချင်းစီက သူမကို ဘယ်သူ့ကိုမှ ရင်မဆိုင်တတ်အောင် ဖြစ်စေခဲ့သည်။
ကံကောင်းစွာဖြင့် ချီဟောက် ၊ ကျန်းရှောင်ဖန် နှင့် အခြားသူများက ဒီအချိန်မှာ တံခါးပိတ် ကျင့်ကြံနေကြတုန်းပဲ
ဖြစ်၏။ မဟုတ်လျင်...
သူမ ရှက်လို့ သေသွားနိုင်၏။
ဂျိချန်းဖန်က ချီဟောက်နဲ့ အခြားသူတွေကို မကြာခင် ရှောင်ကျူး တောင်ထွတ် မှာ သူ့ကို လက်ထပ်ခွင့် တောင်းမယ်လို့ အရင်က ပြောဖူးပေမယ့်...
ဒါက ကိစ္စ တစ်ခုပါ။
သခင်မလို့ ခေါ်တာ ဒါက တကယ် ရှက်စရာ ကောင်းလွန်းသည်။
"ကလစ်—"
ထိုအချိန်တွင် ချီဟောက်နှင့် ကျန်းရှောင်ဖန်တို့၏ တံခါးများ တစ်ချိန်တည်း ဖွင့်လာသည်။
သူတို့၏ ပေါ်လာခြင်းသည် လုရွှေချီ၏ ရှက်ရွံ့ နေမှုကို ချက်ချင်း သတိထားလာစေ၏။
"ဟူး—" သူမသည် ဂျိချန်းဖန်နောက်တွင် ပုန်းကွယ်လိုက်ပြီး သူမ၏ ပါးများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထိုမှသာ ဘယ်သူမှ သူမ၏ နီရဲနေသော မျက်နှာကို သတိမထားမိအောင် ရှောင်ရှားနိုင်မည်ဖြစ်၏။
"အစ်ကိုကြီး ချီ၊ ရှောင်ဖန်၊ မင်းတို့ နှစ်ယောက်စလုံး ဓား ထိန်းချုပ်ရေး နည်းစနစ် ကို ကျွမ်းကျင်ပြီလား? ပြဿနာ မရှိရင် ကျိရှီ တောင် ကို တိုက်ရိုက် သွားကြမယ်!"
ဂျိချန်းဖန် မေးလိုက်သည်။
"ကောင်းပြီ..." ချီဟောက်နှင့် ကျန်းရှောင်ဖန် ခေါင်းညိတ်လိုက်ရုံသာ ရှိသေးသည်။
သူတို့၏ အကြည့်များသည် သူတို့ဘေးက အမြီးသုံးချောင်း ထံ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
...
...
Original Author note :
လပြည့် ရှေးဟောင်း ရေတွင်း အကြောင်းကို နောက်မှ ရေးသားပါမည်။ အခုတော့ ကျော်သွားပါပြီး အထက်လမ်းစဉ်နဲ့ နတ်ဆိုးလောက စစ်ပွဲပြီးလျင် ဆယ်နှစ်အတွင်း ဇာတ်ကောင်အားလုံး၏ ပြီးပြည့်စုံသော အဆုံးသတ်ကို ပေးမည်ဖြစ်၏။
နိုင်ဖိန် ၊ ပီယောင်း ၊ ရှောင်ပိုင် ၊ ရှောင်ဟွမ် ….
သူတို့ အားလုံး ဖြည်းဖြည်းချင်း ပေါ်လာကြလိမ့်မည်ဖြစ်၏။