ကျင့်ကြံသူ လောကထဲမှာဗေဒင်ဆရာရှိတာလား
Vol. 7 Ch. 68
“ညီငယ် ဂျိ၊ ဒါက...”
ရှီဟောင် သည် သူ့ရှေ့က မိန်းကလေးကို အံ့သြစွာ ကြည့်လိုက်သည်။ ထို့နောက် သူမဘေးက လုရွှယ်ချီ ကို ကြည့်လိုက်၏။
ညီမလေး လုသည် အေးစက်သော စရိုက်ရှိကာ ပြင်ပက မည်သူ့ကိုမှ လုံးဝ သိလိမ့်မည် မဟုတ်ပေ။
ဒါဆို...
ဒီ မိန်းကလေးက ညီငယ် ဂျိရဲ့ သူငယ်ချင်းလား?
ဟူး— သူမ ခန္ဓာကိုယ်က နေ နတ်ဆိုးချီ ရှိနေတဲ့ ခံစားချက် ဘာလို့ ခံစားနေရတာလဲ?
ကျန်းရှောင်ဖန် သူ့ခေါင်းကို ကုတ်လိုက်ကာ တွေးလိုက်၏
*သတ္တမမြောက် အစ်ကိုကြီးက နာမည်ကြီးလွန်းတယ် မဟုတ်လား?*
အစ်မကျန့်က ဒီလို၊ အစ်မကြီး လုက ဒီလို၊ နတ်ဆိုး ဂိုဏ်းက ထို နတ်ဆိုးမတောင် သတ္တမမြောက် အစ်ကိုကြီးအပေါ် ထူးခြားတဲ့ အတွေးတွေ ရှိနေပြီး အခု နောက်ထပ် နတ်ဆိုးတစ်ယောက် ထပ်တိုးလာပြီလား?
ကျန်းရှောင်ဖန် နားမလည်နိုင်ပါတော့ချေ။
“အဟမ်း။” ဂျိချန်းဖန် ခပ်ပါးပါး ချောင်းဆိုးလိုက်သည်။
သူသည် အမြီးသုံးချောင်း ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရှီဟောင် နှင့် အခြားသူများအား အကျဉ်းချုပ် မိတ်ဆက်ပေးခဲ့သည်။ အမြီးသုံးချောင်း သည် သူ ဖမ်းဆီးထားသော ဝိညာဉ် သားရဲ ဖြစ်ပြီး အနာဂတ်တွင် ကျင်းယွမ် ဂိုဏ်း ၏ တောင်ကို ကာကွယ်သော ဝိညာဉ် သားရဲ ဖြစ်လာမည်ဟု ပြောခဲ့သည်...
ဒါကို ကြားလိုက်ရတော့ ချီဟောက်နှင့် အခြားသူများ ရုတ်တရက် နားလည်သွားကြ၏။
သူတို့သည် အမြီးသုံးချောင်း အား လျင်မြန်စွာ ရိုးရှင်းစွာ ဦးညွှတ်လိုက်ပြီး “မင်္ဂလာပါ၊ ဒါအို မိတ်ဆွေ အမြီးသုံးချောင်း” ဟု ပြောလိုက်ကြသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အမြီးသုံးချောင်း သည် အမြီးခြောက်ချောင်း ကို ထိတ်လန့်စွာ ပွေ့ဖက်ထားရင်း သူတို့၏ ဦးညွှတ်မှုကို ပြန်၍အရိုအသေ ပေးလိုက်သည်။ ဒါဟာ သူမ ပထမဆုံးအကြိမ် ဖြောင့်မတ်သော ဂိုဏ်း တပည့်များနှင့် ထိုကဲ့သို့ သဟဇာတဖြစ်စွာ အတူနေထိုင်ရခြင်း ဖြစ်၏...
သူမ အတိတ်က ကြုံတွေ့ခဲ့ရသော ဖန်ရှန်း တောင်ကြား တပည့်များကမူ သူမတို့ကို မကြာခဏ သတ်ပစ်ဖို့ အော်ဟစ်လေ့ရှိသည်။
“ရပြီ၊ ကျိရှီ တောင်ကို စတင် ထွက်ခွာကြစို့” ဟု ဂျိချန်းဖန် ပြောလိုက်၏။
ဒါကို ကြားလိုက်ရတော့ လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
သူတို့ ကန်ငယ် မြို့ မှ ထွက်ခွာပြီးနောက် လူမနေသော နေရာတစ်ခုကို ရှာဖွေကာ သူတို့၏ မှော်ပစ္စည်းများ ကို ခေါ်ယူကာ ဓား ထိန်းချုပ်ရေး နည်းစနစ် ကို အသုံးပြု၍ ကျိရှီ တောင် ဆီသို့ ဦးတည်ရန် ပြင်ဆင်ကြသည်။
“ရွှယ်ချီ မင်း အမြီးသုံးချောင်း ကို ခေါ်သွား၊ ငါ အမြီးခြောက်ချောင်း ကို ခေါ်သွားမယ်” ဟု ဂျိချန်းဖန် ပြောလိုက်၏။
“ကောင်းပြီ။” လုရွှယ်ချီ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
အမြီးသုံးချောင်း လည်း ကန့်ကွက်စရာ မရှိပေ။
ဓား ထိန်းချုပ်ရေး နည်းစနစ် သည် လူများကို သယ်ဆောင်နိုင်ကာ လူကို ဓားအလင်းရောင်ဖြင့် ဝန်းရုံသာ လိုအပ်သည်။ ထို့နောက် ဓား နှင့် ပေါင်းစပ်ကာ ဓားအလင်းတန်းအဖြစ် ပြောင်းလဲနိုင်သည်။
အမြီးသုံးချောင်းသည် သူမ၏ လက်ထဲက အမြီးခြောက်ချောင်း ကို ဂျိချန်းဖန်အား လွှဲပြောင်းပေးလိုက်ကာ ထိုအတိုင်း စတင် ထွက်ခွာသွားကြ၏။
“ဝှီး—“
ပြာလဲ့သော ကောင်းကင်ယံအထက်တွင်
တောက်ပသော ဓားအလင်းတန်းများ တစ်ခုပြီးတစ်ခု လျှပ်တစ်ပြက် ပျံသန်းသွားကြသည်။
သို့သော် ဓားအလင်းန်း တစ်ခုက အနည်းငယ် ထူးဆန်းနေ၏။
ဂျိချန်းဖန်နှင့် အခြားသူများ၏ ဓားအလင်းများသည် နတ်ဘုရားများ၏ ဖြောင့်မတ်သော အလင်းဓာတ် ချီ များဖြင့် ပြည့်နေသော်လည်း၊ ၎င်းသည် နတ်ဆိုး ဂိုဏ်းကို ကိုယ်စားပြုသော သွေးရောင် အလင်းရောင်အလင်း များဖြင့် ပြည့်နှက်နေသည်...
ဒါက တော်တော် ထူးဆန်းနေသည်။
တောင်ဝှေးတစ်ချောင်းကလည်း ဓား ထိန်းချုပ်ရေး နည်းစနစ် ဖြင့် ပျံသန်းနိုင်ပါသလား?
ထို သွေးရောင် အလင်း ကို ကြည့်လိုက်လျင် မသိသူများက နတ်ဆိုး ဂိုဏ်းမှ ဘိုးဘေးတစ်ဦး တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်ဟု ထင် ပေလိမ့်မည်။
…
…
ရှင်ကျင်းအဆင့်ဖြစ်သည့် လွတ်လပ်သော ကျင့်ကြံသူ တစ်ဦးဖြစ်သော ဖန်းယွဲ့ ဘိုးဘေး သည် ကျင့်ကြံမှု လောက တစ်ခုလုံးတွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံသူများစွာသည် ဤ ‘ဖန်းယွဲ့ ဘိုးဘေး’ ၏ အကာအကွယ်ကို ရယူရန် စိတ်ကူးရှိကြ၏။
အဓိကအချက်က နတ်ဆိုး ဂိုဏ်းများသည် မှော်ပစ္စည်းများ ဖန်တီးရန်နှင့် သူတို့၏ ကျင့်ကြံမှုကို တိုးတက်စေရန်အတွက် သေမျိုး လူသားများကို သတ်ခြင်းဖြင့် မကျေနပ်နိုင်တော့ပေ။ သူတို့သည် အကာအကွယ်မဲ့သော ထို လွတ်လပ်သော ကျင့်ကြံသူများကိုပင် ပစ်မှတ်ထားလာကြသည်...
လွတ်လပ်သော ကျင့်ကြံသူများ၏ စွမ်းအင်သွေး တွင် မှော်စွမ်းအား ပါဝင်ကာ သေမျိုးလူသားများထက် များစွာ ပိုမို အစွမ်းထက်၏။
ဤ လွတ်လပ်သော ကျင့်ကြံသူများသည် အကာအကွယ် ရယူရန်အတွက် ကျိရှီ တောင် အနီးတွင် အခြေချနေထိုင်ခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ
ကျိရှီ တောင် အနီးတွင် မြို့တစ်မြို့ ပေါ်လာသည်။
ကျင့်ကြံသူ ပေါင်းစုံရှိသော နတ်ဘုရားမြို့။
၎င်း၏ အမည်မှာ—ဖန်းယွဲ့ မြို့ “ ဖြစ်၏။
“ဝှီး!”
တောက်ပသော ဓားအလင်းရောင် အများအပြား ဖျပ်ခနဲ ဖြတ်သွားသည်။ထို အခြင်းအရာက ကျင့်ကြံသူများစွာ၏ အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။
ယင်းတွင် အခြား အကြောင်းရင်း မရှိပါ၊ အမှန်တကယ်ကဤ ဓားအလင်းရောင်များ၏ အရှိန်သည် အလွန် မြန်သောကြောင့် ဟူ၍ ဖြစ်၏။
“ဟူး—“
“ဒီလို ဓား ထိန်းချုပ်ရေး နည်းစနစ် အရှိန်လား? ဒါ ဂိုဏ်းတချို့က ရှန်ကျင်း အဆင့် ဘိုးဘေး တစ်ဦးလာတာ ဖြစ်နိုင်မလား?!”
“ရှန်ကျင်း အဆင့် ဘိုးဘေး ၊ ဒီလောက်တောင် အစွမ်းထက်တာ ကြောက်စရာပဲ!”
“မြန်မြန်၊ သွားကြစို့၊ ရှန်ကျင်း အဆင့် ဘိုးဘေးကို အနှောင့်အယှက် မပေးနဲ့၊ မဟုတ်ရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်...”
“မဟုတ်ဘူး၊ ဒါက မမှန်ဘူး!”
ထိုအချိန်တွင် တစ်စုံတစ်ဦးသည် ရုတ်တရက် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသည်။ ထိုသူသည် ကောင်းကင်ကို မြှောက်ညွှန်ပြပြီး ထိတ်လန့်တကြား အမူအရာဖြင့် ပြောလိုက်၏-
“မြန်မြန် ကြည့်!”
“နောက်က သွေးရောင် အလင်းတန်း... နတ်ဆိုး ဂိုဏ်းက ဂိုဏ်းခေါင်းဆောင် အဆင့် ပုဂ္ဂိုလ်တစ်ဦး ပေါ်လာတာ ဖြစ်နိုင်မလား?!”
“ဟူး— ဖြောင့်မတ်တဲ့ ဂိုဏ်းနှင့် နတ်ဆိုး ဂိုဏ်း နှစ်ခုစလုံးက အစွမ်းထက် ပုဂ္ဂိုလ်တွေ မကြာသေးခင်က လွေ့ပေါ်တောင် ကို အလုအယက် သွားနေကြတယ်လို့ ငါ ကြားတယ်။ ဖြစ်နိုင်မလား...”
“လွေ့ပေါ် တောင်မှာ ရတနာ တစ်ခုခု ပေါ်လာတာလား?”
“ဖြစ်နိုင်ချေ အများကြီးရှိတယ်!”
ကျင့်ကြံသူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာတိတ်တဆိတ် ကွဲထွက်သွားကြသည်။
ဒါပေမယ့် သူတို့ရဲ့ နှလုံးသားထဲမှာတော့ လွေ့ပေါ်တောင် ကို သွားပြီး ပါဝင်သင့်၊ မပါဝင်သင့် စဉ်းစားနေကြသည်!
တစ်ကယ်လို့...
သူတို့ ရတနာတစ်ခု ရခဲ့လျင်ရော?!
…
…
“ဝှီး—“
ဓား အလင်းတန်းများ သည် ဖန်းယွဲ့ မြို့ နှင့် မလှမ်းမကမ်းတွင် ရပ်တန့်သွားသည်။
ဂျိချန်းဖန်နှင့် အခြားသူများလည်း ‘ဓား ထိန်းချုပ်ရေး နည်းစနစ်’ သည် အလွန် အထင်ကြီးစရာ ကောင်းသည်ကို သိ၏။
ထို့ကြောင့် သူတို့ ၏ “ မှော်ရတနာများ’ ပေါ်သို့ တက်စီး၍ ဖန်ယွဲ့မြို့ဆီ သွားကြသည်။
လမ်းမှာ ရှီဟောင် သက်ပြင်းချလိုက်သည်- “ညီငယ် ဂျိ နားလည်ခဲ့တဲ့ ‘ဓား ထိန်းချုပ်ရေး နည်းစနစ်’ က တကယ်ကို ကမ္ဘာပေါ်က အံ့ဖွယ်ကျင့်စဥ်တစ်ခုပဲ!”
“ကျွန်တော်တို့ နေ့တစ်ဝက်အတွင်း မိုင်ပေါင်း ထောင်သောင်းချီ ခရီးနှင်လို့ရခဲ့တယ်။”
ကျန်းရှောင်ဖန် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထပ်ခါတလဲလဲ ပြောလိုက်သည်- “ဟုတ်တယ်၊ ဟုတ်တယ်၊ သတ္တမမြောက် အစ်ကိုကြီး သင်ပေးခဲ့တဲ့ ဓား ထိန်းချုပ်ရေး နည်းစနစ် က တကယ် မြန်တယ်။ ခုနက အောက်က လွတ်လပ်တဲ့ ကျင့်ကြံသူတွေက ကျွန်တော်တို့ကို ရှန်ကျင်းအဆင့် ဘိုးဘေးတွေလို့ ပြောတာတောင် ကျွန်တော် ကြားလိုက်ရတယ်...”
ဒီစကားတွေ ထွက်လာတာနဲ့။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ ကျန်းရှောင်ဖန်ရဲ့ တောင်ဝှေးကို သိမ်မွေ့စွာ ကြည့်လိုက်ပြီး တွေးလိုက်ကြသည်-
*ရှန်ကျင်း အဆင့်ဘိုးဘေးလား ? မင်းက နတ်ဆိုး ဂိုဏ်း က ရှန်ကျင်းအဆင့် ဘိုးဘေး နတ်ဆိုးအိုကြီး နဲ့ ပိုတူတယ်။*
လုရွယ်ချီ၏ ကြည်လင်သော မျက်လုံးများက ဂျိချန်းဖန်ကို ကြည့်နေကာ သူမ၏ မျက်လုံးများတွင် ချစ်မြတ်နိုးမှုက ပေါ်လာ၏။ သူမ၏ မျက်လုံးများတွင် ဤ လူငယ် တစ် ယောက်တည်းကိုသာ ထားရှိသကဲ့သို့ ဖြစ်သည်...
ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်သည်။
သူ လုရွှယ်ချီ၏ မျက်လုံးများထဲက နူးညံ့သော အကြည့်ကို သတိပြုမိ၍သူ လှည့်ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးများ ဆုံမိသွားသည်။
အမြီးသုံးချောင်း သည် ထိုမြင်ကွင်းကို မြင်လိုက်ရ သော်လည်း သူမ တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်သည်။ ဘာမှ မပြောရဲပေ။
ထိုအချိန်တွင် ရှီဟောင် ရုတ်တရက် ပြောလိုက်သည်- “ညီငယ် ဂျိ၊ ဒီ ဓား ထိန်းချုပ်ရေး နည်းစနစ် ကို ကျင်းယွမ် ဂိုဏ်း တစ်ခုလုံးကို လက်ဆင့်ကမ်းဖို့ စီစဉ်ထားလား?”
ပြောပြီးနောက် သူ၏ မျက်လုံးများ လင်းလက်လာပြီး ဂျိချန်းဖန်ကို ကြည့်လိုက်၏။
ထိုမေးခွန်းက မေးမြန်းခြင်းသာ ဖြစ်သော်လည်း ၎င်းတွင် အခြား အဓိပ္ပာယ်တစ်ခု ပါဝင်နေသည်။
ညီငယ် ဂျိ၊ မင်း ဂိုဏ်းခေါင်းဆောင် ရာထူးကို ယှဉ်ပြိုင်ဖို့ ဆန္ဒရှိလား?
သူသည် ဂျိချန်းဖန် ၏ ရည်မှန်းချက်ကြီးမားသော အမြင်ကို လက်ခံခဲ့သော်လည်း ဂျိချန်းဖန်၏ သီးခြား အတွေးများကို တစ်ခါမှ ကောင်းကောင်း နားမလည်ခဲ့ပေ။
ထို့ကြောင့် ဤမေးခွန်းကို မေးခြင်း ဖြစ်သည်။
ဒါကို ကြားလိုက်ရတော့ ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်- “ဒီ ဓား ထိန်းချုပ်ရေး နည်းစနစ် အပြင် ငါ ကျွမ်းကျင်ထားတဲ့ ဓား ပညာရပ်တချို့ကိုပါ အနာဂတ်မှာ ကျင်းယွမ် ဂိုဏ်း တစ်ခုလုံးကို လက်ဆင့်ကမ်းပေးမယ်။ ဒါဟာ ငါတို့ ကျင်းယွမ် ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို တိုးမြှင့်ဖို့ပဲ...”
ဒီစကားတွေ ထွက်လာတာနဲ့ရှီဟောင်၏ အမူအရာ ချက်ချင်း လေးနက်သွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်-
“ညီငယ် ဂျိက တကယ်ကို ဖြောင့်မတ်သူပဲ!”
“ကျွန်တော် အစွမ်းကုန် ထောက်ခံပါ့မယ်!”
ဂျိချန်းဖန်၏ ထိုအဖြေကြောင့် သူလည်း စိတ်သက်သာရာ ရသွား၏
ရိုးရိုးသားသား ပြောရလျင် ဂျိချန်းဖန်သည် လုံရှိုး တောင်ထွတ် တပည့် မဟုတ်သော်လည်း...
ဓား ထိန်းချုပ်ရေး နည်းစနစ် ကို ဖော်ထုတ်ပြသပြီး အခြား ထိပ်တန်း ဓား ပညာရပ်များကို ဖော်ထုတ်ပြသပြီးနောက် ကျင်းယွမ် ဂိုဏ်း တစ်ခုလုံးမှာ ဂျိချန်းဖန် ဂိုဏ်းခေါင်းဆောင် ရာထူးကို ရယူခြင်းကို ဘယ်သူက ဆန့်ကျင်နိုင်ဦးမှာလဲ?!
ထုန်းထျန်း တောင်ထွတ် လား?
သူတို့ရဲ့ သဘောထားတွေက အရေးမကြီးပါချေ!
ဂျိချန်းဖန်သည် ကျင်းယွမ် ဂိုဏ်းတစ်ခုလုံးရဲ့ မှီခိုရာဖြစ်လာသော အခါ၊ သူ၏ တကျူး တောင်ထွတ် သည် အဓိက တောင်ထွတ် ဖြစ်လာလိမ့်မည်...
“သတ္တမမြောက် အစ်ကိုကြီး၊ ကျွန်တော်လည်း အကိုကြီးကို ကူညီဖို့ ဆန္ဒရှိပါတယ်!”
ကျန်းရှောင်ဖန် လျင်မြန်စွာ ပြောလိုက်၏။
သူ ချီဟောက်နဲ့ ဂျိချန်းဖန် ဘာတွေ ပြောနေလဲ နားမလည်သော်လည်းထိုအရာက အရေးမကြီးပါချေ။
သတ္တမမြောက် အစ်ကိုကြီးက အကောင်းဆုံးပါပဲ!
လုရွှယ်ချီ၏ မျက်လုံးများ ကမူ အဓိပ္ပာယ်သည် အလွန်ရှင်းလင်းနေ၏။
ရှင် ဘာလုပ်လုပ်။
ကျွန်မ ရှင့်နောက်ကို လိုက်မယ် ဟူ၍ဖြစ်၏။
ဂျိချန်းဖန်သည် ဂိုဏ်းခေါင်းဆောင် ရာထူးကို မဆက်ခံရသေးသော်လည်း၊ သူသည် တောင်ထွတ်အသီးသီးမှ နောက်မျိုးဆက် ခေါင်းဆောင်များ၏ ထောက်ခံမှုကို ရရှိစေခဲ့ပြီး ဖြစ်သည်။
လုံရှိုး တောင်ထွတ်မှ ရှီဟောက်၊ တကျူး တောင်ထွတ်မှ ကျန်းရှောင်ဖန်၊ ရှောင်ကျူး တောင်ထွတ် မှ လုရွှယ်ချီ၊ နှင့် ဖန်းဟွေ တောင်ထွတ်မှ ဇူရှုရှု တို့ဖြစ်၏။
“ကောင်းပြီ၊ ငါတို့ ဖန်းယွဲ့ မြို့ ကို ရောက်ပြီ။”
“ဆင်းပြီး အရင် အနားယူကြစို့၊ ပြီးတော့ သတင်းအချက်အလက်တချို့ စုဆောင်းကြမယ်။”
ဂျိချန်းဖန်သည် ဒီကိစ္စကို ထပ်မံ ဆွေးနွေးခြင်း မပြုတော့ပေ။
ဘာပဲဖြစ်ဖြစ်...
ရှီဟောင် နဲ့ အခြားသူများ မသိခဲ့ကြသည့်အရာတစ်ခုက
တကယ်တမ်းမှာ ဂျိချန်းဖန်က လုံရှိုး တောင်ထွတ် တပည့် ဖြစ်နေပြီဖြစ်ပြီး အနာဂတ် ကျင်းယွမ် ဂိုဏ်းခေါင်းဆောင်က သူပဲ ဖြစ်လိမ့်မည်။ ဒါကို စိုးရိမ်ဖို့ မလိုအက်ပါ ချေ။
သူတို့ ဖန်းယွဲ့ မြို့ ထဲ လမ်းလျှောက် ဝင်သွားကြသောအခါ
ကျင့်ကြံသူများစွာ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။
ဒါပေမယ့် ထို ကျင့်ကြံသူတွေက မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာမှာကို ကြောက်လို့ ရှေ့ဆက်ပြီး အနှောင့်အယှက် မပေးရဲကြပါချေ။
“အိုး ဘုရားသခင် ! ဘယ်လောက်တောင် ကောင်းမွန်တဲ့ လမ်း လျှောက်ဟန်လဲ၊ လူငယ် မိတ်ဆွေလေးတို့!”
“အမှန်တရားဘက်တော်သား ဂိုဏ်းတချို့က ထိပ်တန်း တပည့်တွေလား?!”
ထိုအချိန်တွင်၊ ဂျိချန်းဖန်နှင့် သူ၏ အဖွဲ့နောက်ကွယ်မှ ရွှင်လန်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
သူတို့ လှည့်ကြည့်လိုက်သောအခါဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများဖြင့် သာမန် မျက်နှာရှိသော အဖိုးအို တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် စုတ်ပြဲနေသော တာအို ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝါးလုံးတစ်ချောင်းကို ကိုင်ထားသည်။ ထို ဝါးလုံးပေါ်တွင် အဖြူရောင် အဝတ်စတစ်ခု ချိတ်ဆွဲထားပြီး ၎င်းပေါ်တွင် စာလုံးကြီး လေးလုံး ရေးထားသည်—
“ ဗေဒင် ဟောသည်”