← Chapters

ဓား၊ လာခဲ့

Vol. 8 Ch. 71

ဓား၊ လာခဲ့

Vol. 8 Ch. 71

"မှန်တယ်။"

ဂျိချန်းဖန် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

သူ၏ အကြည့်က သူ့ရှေ့က ဖန်းယွဲ့ ဘိုးဘေး အပေါ် ကျရောက်သွားပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်-

"ခင်ဗျား ဖုံးကွယ်မထားတော့ဖို့ စီစဉ်နေပုံရတယ်"

ဖန်းယွဲ့ ဘိုးဘေးက နတ်ဆိုး ဂိုဏ်း နဲ့ ပူးပေါင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစရာ ဘာမှ မရှိချေ။

ဘာလို့လဲဆိုတော့ ဒီကိစ္စက အမှန်တရား ဖြစ်နေလို့ပါ။

တခြား ဘယ်လို စုံစမ်းလို့ရမည်နည်း

သူ့အိမ်တံခါးဝကို တိုက်ရိုက်သွားပြီး သတ်ပစ်ခြင်းက ပို၍ကောင်းသည်ပင်။

ထိုစကားကို ကြားလိုက်ရတော့ ဘိုးဘေး ဖန်းယွဲ့၏ အမူအရာ မရေမရာ ဖြစ်နေကာတွေးလိုက်၏။သူ က နတ်ဆိုး ဂိုဏ်းကို တကယ်ပဲ ဝင်ခဲ့သည်။

လေလွင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ရှန်ကျင်းအဆင့် သို့ ရောက်ရှိဖို့ တကယ်ကို ခက်ခဲ ချေ၏။အနာဂတ်တွင် ထပ်မံ တိုးတက်လိုလျင် ဂိုဏ်းကြီးများ၏ အမွေအနှစ် ကျင့်စဉ်များကို ကို ရယူရ ပေမည်...

အမွေအနှစ်ကျင့်စဉ်များ မရှိလျှင် သူ ထပ်မံ တိုးတက်နိုင်မည် မဟုတ်ပေ!

သို့သော် အထက်လမ်းဂိုဏ်းကြီးများက ပြင်ပလူများကို လက်မခံသဖြင့် ထို ဂိုဏ်းများ၏ အဓိက တာအို နည်းလမ်းများကို ကျင့်ကြံဖို့ မဖြစ်နိုင်သလောက် ဖြစ်၏။...

အခြား နည်းလမ်း မရှိ၍ သူ နတ်ဆိုး ဂိုဏ်းကိုသာ ဝင်နိုင်ခဲ့သည်။

နတ်ဆိုး ဂိုဏ်းမှ သူ၏ ကျင့်ကြံမှုကို ထပ်မံ တိုးတက်စေမည့် ကျင့်ကြံမှု နည်းလမ်းကိုလည်း ရယူနိုင်ခဲ့သည်။

သို့သော် သူ မမျှော်လင့်ခဲ့သည်က အထက်လမ်း ဂိုဏ်းမှ လူများက ဒီလောက် မြန်မြန် ရောက်လာခြင်းပင်။

"မင်း ဘာလိုချင်လဲ" ဖန်းယွဲ့ ဘိုးဘေး ၏ အမူအရာ မရေမရာ ဖြစ်နေ၏။

"ကျွန်တော်က အလိုဆန္ဒရှိတာ မဟုတ်ပါဘူး။"

ဂျိချန်းဖန် သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ကာ သူ၏ လက်ထဲက တောင်နှင့် မြစ်များ ယပ်တောင်ကို လှုပ်ယမ်းလိုက်ပြီး ပြောလိုက်သည်- "ခင်ဗျား နတ်ဆိုး ဂိုဏ်းကို ဝင်လိုက်တဲ့ အချိန်ကတည်းက ခင်ဗျားနဲ့ ကျွန်တော့်ကြားက အနေအထားက ကံကြမ္မာပဲ ဖြစ်‌ နေခဲ့ပြီ..."

ဂျိချန်းဖန်သည် “အထက်လမ်း နှင့် နတ်ဆိုး” ဟုခေါ်သော ကိစ္စကို ဘယ်တော့မှ မပြောခဲ့ ချေ။ သူသည် ဟန်ဆောင်တတ်သူ မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် သူ့အမြင်အရ...

'ဖြောင့်မှန်ခြင်းနှင့် နတ်ဆိုး' ဟုခေါ်သော ကိစ္စက မတူညီတဲ့ အနေအထားတွေသာ ဖြစ်၏။

ဒီနေ့ သူ ဘိုးဘေးဖန်းယွဲ့ အတွက် လာတာဟာ ရိုးရှင်းစွာပဲ လင်ဖုန်း ကို သူက သတ်ခဲ့ပြီး တောင်နှင့် မြစ် ယပ်တောင်ကို ယူခဲ့၍ ဖြစ်သည်။ထိုအချိန်ကပင် ဖန်းယွဲ့ ဘိုးဘေးနှင့် ဖျကဆီးမရသော ရန်ငြိုးကို ဖြစ်ပေါ်စေခဲ့ပါပြီ...

“အင်း၊ တာအို မိတ်ဆွေ ဖန်းယွဲ့

ခင်ဗျား မသေမချင်း ကျွန်တော့် စိတ်က ငြိမ်သက်မှာ မဟုတ်ဘူး”

ဆိုရိုးစကားအတိုင်းပင် - ပေါင်းပင်များကို လုံးဝရှင်းထုတ်လိုလျှင် အမြစ်ကနေ ဖယ်ရှားရမည်။

ရန်ငြိုး ဖြစ်ပေါ်လာပြီဆိုကတည်းက အန္တရာယ် အားလုံးကို ဖယ်ရှားပစ် တတ်သည်မှာ ဂျိချန်းဖန်၏ အကျင့်ဖြစ်၏။

သူ့ပတ်ဝန်းကျင်တွင် ပုန်းကွယ်နေသော အန္တရာယ် တစ်စုံတစ်ရာ ရှိနေခြင်းကို သူ မကြိုက်ပေ။

ဒါကြောင့် အစကတည်းက ကျန်းရှောင်ဖန် နဲ့ ပြဿနာများကို ဖြေရှင်းခဲ့ပြီး နောက်ဆက်တွဲ ပြဿနာအားလုံးကို ရှောင်ရှားဖို့ အစွမ်းကုန် လုပ်ခဲ့ခြင်းဖြစ်၏။

ဒါကို ကြားလိုက်ရတော့ ဘိုးဘေး ဖန်းယွဲ့၏ အမူအရာ ချက်ချင်း မှောင်မည်းသွားသည်။

ဂျိချန်းဖန်၏ စကားများကို ကြားလိုက်ရသောအခါသူ နားလည်လိုက်ပါပြီ။

ဒီနေ့ဟာ အသက်လု တိုက်ပွဲ ဖြစ်လိမ့်မည်ပင်။

"ဝှီး—"

အစွမ်းထက်သော အရှိန်အဝါတစ်ခုသည် ဖန်းယွဲ့ ဘိုးဘေးထံ မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။သို့သော် သူသည် ရှန်ကျင်း အဆင့်တွင် ရှိသော်လည်း ဂျိချန်းဖန်၏ အမြင်အရ။

သူက အနည်းငယ် အားနည်းနေတုန်းပင်။

သူသည် သရဲဘုရင် ဂိုဏ်း ၏ မဟာ တမန်တော် လေးပါး နှင့် နှိုင်းယှဉ်လို့ မရနိုင်ပေ။ သူသည် ရှန်ကျင်း ၏ ပထမ သို့မဟုတ် ဒုတိယ အလွှာတွင်သာ ရှိနိုင်ပေမည်။

ထိုအရာက လေလွင့် ကျင့်ကြံသူ တစ်ဦး၏ ဝမ်းနည်းဖွယ် ဘဝဖြစ်၏။ နောက်ကြာလာ သောအခါ နောက်ဆက်တွဲ ကျင့်ကြံမှု နည်းလမ်းများ မရှိဘဲ ကျင့်ကြံမှုအဆင့်သည် ထိုနေရာမှာ ရပ်တန့်သွားလိမ့်မည်။

ဂျိချန်းဖန် ခေါင်းကို အနည်းငယ် မော့လိုက်ကာတွေးလိုက်သည်။

သူ၏ နှလုံးသားထဲတွင် သနားခြင်း မရှိပေ။

"ဂျိမ်း—"

ဒီအချိန်တွင်

သွေးနီရောင် အလင်းတန်း တစ်ခုသည် ဖန်းယွဲ့ ဘိုးဘေးထံ မှ ရုတ်တရက် ပေါက်ကွဲထွက်လာကာ သူသည် ကြောက်မက်ဖွယ် သွေး နတ်ဆိုး အဖြစ် ပြောင်းလဲသွားပုံရသည်။ သူ၏ မျက်လုံးများ သည် သွေးကဲ့သိုရဲရဲ နီနေပြီး ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထူထပ်သော နတ်ဆိုး ချီ များဖြင့် ဖုံးလွှမ်းနေ၏...

"တာအို မိတ်ဆွေ ဂျိ ၊ ဒီ ဘိုးဘေးရဲ့ ရဲ့ 'သွေးသန့်စင်ခြင်း မဟာ တာအို’ က အောင်မြင်မှုတချို့ ရရှိနေတာနဲ့ အံကိုက်ပါပဲ၊ ကျေးဇူးပြုပြီး ဒါကို တာအိုမိတ်ဆွေ စမ်းသပ်ကြည့်ပေးပါ "

ဖန်းယွဲ့ ဘိုးဘေး ၏ ပုံရိပ်သည် တာအို ကျင့်ကြံသူတစ်ဦးအဖြစ် မှ သွေးနီရောင် အလင်းရောင်ဖြင့် ဖုံးလွှမ်းနေသော နတ်ဆိုး ကျင့်ကြံသူ အဖြစ် ချက်ချင်း ပြောင်းလဲသွားကာ အရိုင်းဆန်သော ရယ်မောသံများကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် သွေးနီရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ တက်လှမ်းသွားကာ ဖန်းယွဲ့ မြို့ တစ်ခုလုံးကို ဝါးမျိုတော့မည့်အလားဖြစ်သွား၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဖန်းယွဲ့ မြို့ ထဲမှ လေလွင့် ကျင့်ကြံသူများ အားလုံး ချက်ချင်း ထိတ်လန့်သွားသည်။

"ဘိုးဘေးဖန်းယွဲ့ နတ်ဆိုး ဂိုဏ်းကို ဝင်သွားတာလား? ဒါ ဘယ်လို လို့ဖြစ်နိုင်မှာလဲ"

"သူ... သူ သွေးသန့်စင်ရေး ခန်းမ ရဲ့ နတ်ဆိုး ပညာရပ်တွေကို ကျင့်ကြံခဲ့တာလား?"

"သွေးသန့်စင်ရေး ခန်းမ ရဲ့ နတ်ဆိုး ပညာရပ်တွေကို အောင်မြင်စွာကျင့်ကြံနိုင်ဖို့ဆိုရင်သာမန်လူထောင်ပေါင်းများစွာရဲ့ စွမ်းအင်အသက် သွေးဒါမှမဟုတ် ကျင့်ကြံသူ သုံးရာရဲ့ အသက်စွမ်းအင် ကို စုပ်ယူရမယ်လို့ ပြောကြတယ်..."

“ ဒါကြောင့် ဖန်းယွဲ့မြို့မှာ လူတွေပျောက်နေတာဖြစ်နိုင်တယ်”

မကြာသေးခင်က ဖန်းယွဲ့ မြို့ မှာ လေလွင့် ကျင့်ကြံသူများ မကြာခဏ ပျောက်သွားတတ်၏။အရေအတွက်က အများကြီးမဟုတ်ပါ‌၊ရာဂဏန်းလောက်သာဖြစ်၏။

ဒီကိစ္စက မြို့ထဲမှာ အစကတည်းက သိပ် အုတ်အော်သောင်းနင်း မဖြစ်ခဲ့ပါချေ။အဘယ်ကြောင့်ဆိုသော် သူတို့ ထွက်သွားကြတာ ဖြစ်နိုင်တာပဲ မဟုတ်ပါလော

ဒါပေမယ့် အခု ကြည့်လိုက်တော့...

အဲဒီလူတွေ အားလုံး အသတ်ခံခဲ့ရတာ ဖြစ်နိုင်သည်

သူတို့အားလုံး ဘိုးဘေးဖန်းယွဲ့ သတ်တာခံရပြီး စွမ်းအင်စုပ်ယူခံရတာဖြစ်နိုင်၏။

လေ‌လွင့် ကျင့်ကြံသူ တစ်စုသည် ကောင်းကင်ယံက ဖန်းယွဲ့ ဘိုးဘေး ကို ထိတ်လန့်တကြား မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ ထိုအချိန်မှာ... ထူထပ်သော သွေးနီရောင် အလင်းတန်းသည် ဖန်းယွဲ့ မြို့တော် တစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။ မြို့၏အောက်တွင် မဟာအစီအရင်တစ်ခုကိုမြုပ်ထားပုံရသည်။

"မကောင်းတော့ဘူး ဒါက သွေးသန့်စင်ရေး ခန်းမ ရဲ့ သွေးသန့်စင်ခြင်း မဟာအစီအရင် ပဲ!"

"ဒီ လူယုတ်မာ ဖန်းယွဲ့ က ဖန်းယွဲ့ မြို့တော် တစ်ခုလုံးက ကျင့်ကြံသူ အားလုံးကို သန့်စင်ချင်တာလား? သူ ရူးနေတာလား?!"

ကျိုးယိရှန်း ရုတ်တရက် အော်ဟစ်ပြောဆိုလိုက်၏။

သူ၏ အသိပညာဖြင့်ထို မဟာအစီအရင်၏ မူလဇာစ်မြစ်ကို ခွဲခြားသိမြင်ဖို့ ခက်ခဲမည် မဟုတ်ပေ။

သို့သော် သူ အလွန် အံ့အားသင့်နေသည်...

ဖန်းယွဲ့ ‌ ဘိုးဘေး ရဲ့ လုပ်ရပ်များက အလွန် ရက်စက်ကြမ်းကြုတ်တယ်လို့ ပြောနိုင်ပါ၏။

ဖန်းယွဲ့ မြို့တော် တစ်ခုလုံးကို သန့်စင်ခြင်း၊ ပြီးတော့ သူတို့ အားလုံးက ကျင့်ကြံသူတွေ... ဘယ်လောက် ကြီးကျယ်တဲ့ အစီအစဉ်လဲ၊ ဘယ်လောက် သတ္တိရှိလဲ?!

ဖန်းယွဲ့ ဘိုးဘေး အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ။

ဒီနေ့နောက်ပိုင်းတွင် ဖန်းယွဲ့သည် သေချာပေါက် နတ်ဘုရား မြေ တစ်ခုလုံးမှ အလိုရှိစာရင်းတွင်ပါဝင်သွားလိမ့်မည်။

နှစ်ပေါင်း ရာချီ ထိန်းသိမ်းထားခဲ့သော ဂုဏ်သတင်းသည် ဒီနေ့ကစပြီး လုံးဝကျဆင်းသွားမည်ဖြစ်၏။

ဒါကို ကြားလိုက်ရတော့ ပတ်ဝန်းကျင်က လေလွင့် ကျင့်ကြံသူများ ချက်ချင်း ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်လာကာ သူတို့အားလုံး မြို့တံခါးဆီသို့ ပြေးသွားကြပြီး ဖန်းယွဲ့ မြို့ ကနေ ထွက်သွားချင်ကြသည်။

ဒါပေမယ့် ကံမကောင်းစွာပဲ

မဟာ အစီအရင် လုံးဝ အသက်ဝင်သွားပြီဖြစ်၏။

ဝင်၍သာ ရသည်၊ ထွက်၍မရတော့ချေ။

လုရွှယ်ချီနှင့် အခြားသူများလည်း မတတ်နိုင်ကြပေ။ ကောင်းကင်ကို လေးနက်သော အမူအရာများဖြင့် ကြည့်လိုက်ကာ ဂျိချန်းဖန်အပေါ်မှာသာ မျှော်လင့်ချက် ထားနိုင်ခဲ့သည်။

"ဂျိမ်း—"

အရှိန်အဝါ နှစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

ဂျိချန်းဖန်သည် သူ့ရှေ့က ဖန်းယွဲ့ ဘိုးဘေး ကို ငြိမ်သက်စွာ ကြည့်နေသည်။ သူ အောက်က မြင့်မြတ်သော မြို့တော်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်-

"ကိုယ်စွမ်းအားရဖို့အတွက် ကျင့်ကြံသူတွေ အပြည့်ရှိနေတဲ့ မြို့တစ်ခုလုံးကို သန့်စင်မယ်?"

"ခင်ဗျား တကယ် သတ္တိရှိတယ်"

ဒီအစီအစဉ် အောင်မြင်သွားသည်နှင့် ဘိုးဘေးဖန်းယွဲ့ အနာဂတ် ကျင့်ကြံမှု လောကတွင် ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမှာ သေချာသည်။ ဒါပေမယ့် ကံမကောင်းစွာပါပဲ...

"ဒါပေမဲ့ ခင်ဗျား အစီအစဉ်ကို ကျွန်တော် တွေ့သွားတယ်။"

ဂျိချန်းဖန် ညင်သာစွာ ခေါင်းယမ်းလိုက်သည်။

သူ့ကို တွေ့ခဲ့ပြီဆိုကတည်းက အစီအစဉ် အောင်မြင်မှာ မဟုတ်ဘူးလို့ ကံကြမ္မာက ဖန်တီးထားပြီပင်။

"ဟားဟားဟားဟား"

"မာနကြီးလိုက်တာ"

ဖန်းယွဲ့ ထူးဆန်းသော ရယ်မောသံကို ထုတ်လွှတ်လိုက်ကာ သူ့ ဝတ်ရုံထဲမှ သွေးနီရောင် နဖူးစည်းတစ်ခု ကို ဆွဲထုတ်လိုက်သည်။

"ဒါက ဒီဘိုးဘေး က ကျင့်ကြံသူ တစ်ရာကို သန့်စင်ပြီး ဖန်တီးထားတဲ့ ဝိညာဉ် တစ်ရာ နဖူးစည်း ပဲ၊ ကျေးဇူးပြုပြီး ဒါကို တာအိုမိတ်ဆွေ အကြံဉာဏ် ပေးပါ..."

"ဟဲဟဲဟဲ"

ဖန်းယွဲ့ ဘိုးဘေး သည် ထူးဆန်းသော ရယ်မောသံကို ထုတ်လွှတ်နေရင်း သူ၏ လက်ထဲက ဝိညာဉ်တစ်ရာ နဖူးစည်း ကို ညင်သာစွာ မြှောက်လိုက်သည်။

ချက်ချင်းဆိုသလို သရဲတစ္ဆေ ရာပေါင်းများစွာ ထွက်ပေါ်လာကာ

ထူထပ်သော သွေးနီရောင် အလင်းတန်းက ကောင်းကင်ကို လွှမ်းမိုးပြီး မြေကြီးကို ဖုံးအုပ်ကာ ဂျိချန်းဖန်ကို တိုက်ခိုက်လိုက် သည်။

"ဟဟ” ဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်၏။

သူသည် သူ၏ လက်ကို ညင်သာစွာ မြှောက်လိုက်ရုံသာ ရှိသည်။

နောက်တစ်ခဏတွင်

တောက်ပသော ဓားအလင်းတန်း က သူ့ရှေ့က သရဲတစ္ဆေများကို ချက်ချင်း ချေမှုန်းဖျက်ဆီးလိုက်သည်။

"မင်း မှာ ဘယ်လောက်ပဲ နတ်ဆိုး ပညာရပ်တွေ ရှိပါစေ၊ ငါ က ဓားတစ်ချောင်းတည်းနဲ့ ချိုးဖျက်ပစ်မယ်!"

သူ၏ အသံ ဆုံးသည်နှင့်ဂျိချန်းဖန် ရုတ်တရက် ခေါင်းမော့လိုက်၏။

ထက်ရှသော ဓား ဆန္ဒ တစ်ခုသည် သူ၏ မျက်လုံးများမှ ချက်ချင်း ပေါက်ကွဲထွက်လာကာ သူ၏ အရှိန်အဝါ သည် ကောင်းကင်ယံသို့ တက်လှမ်းသွားပြီး ပတ်ဝန်းကျင်မှ သွေးနီရောင် အလင်းတန်းကို တိုက်ရိုက် ချေမှုန်းလိုက်သည်...

ထိုအချိန်တွင် သူသည် ပြိုင်ဘက်ကင်းသော ဓား နတ်ဘုရားအဖြစ် ပြောင်းလဲသွားပုံရသည်၊ ထို့နောက်စကားတစ်ခွန်းပြောလိုက်၏။

"ဓား — လာခဲ့"

ရှင်းလင်းသော အသံသည် ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

နောက်တစ်ခဏတွင် ဓား မြည်သံ နှစ်ခု ထွက်ပေါ်လာကာ

"ဝှီး—"

နဂါးသတ်ဓား နှင့် အမှောင်ဆီးနှင်းဓား တို့ တိမ်တိုက်များဆီသို့ ပျံတက်သွား၏။

ဖန်းယွဲ့ မြို့ တွင် လည်း ရှင်းလင်းသော ဓားသံများ ဆက်တိုက် ထွက်ပေါ်လာကြသည်။

"ခလွမ်—"

လုရွှယ်ချီ၏ လက်ထဲက ထျန်းယား ဓား ပင်အနည်းငယ် တုန်ခါသွားသည်။ထို့နောက် ၎င်းသည် လုရွှယ်ချီ၏ လက်ထဲမှလွတ်မြောက်သွားပြီး ကောင်းကင်ပေါ်သို့တက်သွား၏

ရှီဟောင်၏ လက်ထဲမှ ရေခဲ နတ်ဘုရား ဓား ကလည်း အလားတူ ပြုမူလာကာ ပတ်ဝန်းကျင်မှ လေလွင့် ကျင့်ကြံသူများ ၏ မှော်ဓားများ အားလုံး တုန်ခါသံကို ထုတ်လွှတ်လိုက်ကြသည်

ချက်ချင်းဆိုသလို ဂျိချန်းဖန်၏ ငြိမ်သက်သော အသံသည် ဖန်းယွဲ့ မြို့တော် တစ်ခုလုံးတွင် ပဲ့တင်ထပ်လာသည်—

"ဒီနေ့ ဂျိချန်းဖန်က က ဒီမြို့တစ်ခုလုံးကနေ ဓားခဏ ငှားမယ်၊ ခင်ဗျား ခံယူရဲသလား?!"

All Chapters